← Chapters

စမ်းသပ်ချက် ပြည့်ပြီ

Vol. 10 Ch. 137

စမ်းသပ်ချက် ပြည့်ပြီ

Vol. 10 Ch. 137

"နည်းပြလင်း ဘယ်သွားမလို့လဲ"

ကလေးတွေဟာ မေးလိုက်သည်။

လင်းဖန်ပြုံးပြီး ပြန်ပြောလိုက်သည်။

"မင်းတို့ အရင်ပြန်နှငိ့လိုက်ကြ ငါ့မှာ လုပ်စရာရိသေးတယ်"

ကလေးတွေဟာ အဆင့်မြင့်ကားဆီကို လျောက်သွားလိုက်ကြပြီး မသန်စွမ်း အဖွဲ့အစည်းဆီကို ပြန်သွားခဲ့ကြပါတယ်။

တရုတ်ကိုယ်ခံပညာ အဖွဲ့အစည်းအတွက်တော့ သူတို့ပြန်မသွားဘူးဆိုရင် အကောင်းဆုံးပါပဲ။

လူလိမ် ထျန်ဟာ လမ်းလျောက်လာပြီး ပြောလိုက်ကါတယ်။

"တကယ်မိုက်တယ်၊ ငါတောင်လေးစားမိတယ်"

"ခင်ဗျားလေးစားတာ ခံရဖို့ဆိုတာကတော့ မဖြစ်နိင်တဲ့အရာပဲ"

လင်းဖန်ပြန်ပြောလိုကိသည်။

လူလိမ် ထျန်ဟာ လင်းဖန်ဒီလိုမျိုး စင်မြင့်ပေါ်ကို တက်ပြောရဲ လို့တကယ်လေးစား နေခဲ့တာပါ။

ဝူယူလန်ဟာလည်း လင်းဖန်ကို စိုက်ကြည့်နေခဲ့ပါတယ်။လင်းဖန်ပေါ်မှာ ရှိနေတဲ့ သူမရဲ့ အမြင်တွေကတော့ လုံးဝ ပြောင်းလုံးသွားခဲ့ပါပြီ။ကလေးတွေ ဒီလိုဆက်ဆံခံရလိမ့်မယ်လို့ သူမမျှော်လင့်ထားခဲ့ပါဘူး။

ကျောင်းဖေးဟာ လမ်းလျောက်လာနေခဲ့သည်။သူလည်း တကယ်အံ့သြသွားခဲ့တာပါ။

"နည်းပြလင်း ခင်ဗျားထွက်တော့မှာလား"

လင်းဖန် ခေါင်းညိမ့်ပြီး ပြောလိုက်သည်။

"ဟုတ်တယ် ကျွန်တော် မနေသင့်တော့ဘူး။ဒီအဖွဲ့အစည်းက ကျွန်တော်နဲ့ မသင့်တော်ဘူးဆိုတာကို နားလည်လိုက်ပြီ။ကျွန်တော်ကို နှုတ်ထွက်စာရေးဖို့ ကူညီပေးပါဦး။ကျွန်တော့် ဆုံးဖြတ်ချက်ကို သူတို့ လေးစားကြမှာပါ"

ကျောင်းဖေးဟာ ဘာပြန်ပြောရမလဲ မသိတော့ပေမယ့်လည်း သူ လင်းဖန်ကို တကယ်လေးစားပါတယ်။

လင်းဖန်ဟာ သူ့ထက်ငယ်ရွယ်ပေမယ့်လည်း သူ့မလုပ်ရဲတာတွေကို အကုန်လုပ်ရဲ တဲ့ လူတစ်ယောက်ပါ။ဒါကြောင့် သူဟာ လေးစားမူနဲ့ ထိုကိတန်တဲ့ လူတစ်ယောက်ဖြစ်သည်။

"တစ်ခြား နည်းလမ်း မရှိတော့ဘူးလား"

အဖွဲ့အစည်းက လင်းဖန်ကို ဘာမှ လုပ်လို့မရမှတော့ သူလင်းဖန်ကို အဖွဲ့အစည်းထဲမှာ ဆက်ပြီး ရှိနေစေချင်ပါတယ်။

လင်းဖန် လက်ဝေ့ယမ်းပြီး ပြောလိုကိသည်။

"ဟင်အင် ကျွန်တော် တကယ်သဘောမကျဘူး။ကျွန်တော်က တစ်နေ့တစ်နေ့တောင် လုပ်စရာတွေ အများကြီး ရှိနေတာလေ။အခုလို အမြဲတမ်း အဖွဲ့အစည်းကို လာနေဖို့ အချိန်မရှိဘူး"

အခုအခြေအနေကို လင်းဖန်ရင်ထဲက မနှစ်သက်ဘူးဆိုပေမယ့် အခုတော့ အားလုံးပြီးဆုံးသွားပါပြီ။

သူထွက်ခွာခါနီးအချိန်မှာ နိုင်ငံခြားသားတွေ မေးခွန်းထမေးမယ်လို့လည်း သူမထင်ထားခဲ့ပါဘူး။

အဲ့အချိန်မှာ သူ ပြန်ဖြေရှင်းသင့်လား မဖြေရှင်းသင့်ဘူးလား ဆိုတာ တွေဝေသွားခဲ့ပါသေးတယ်။တကယ်လို့ သူသာ ဘာမှ မရှငိးပြပဲ ထွက်သွားရင် တစ်ခုခု လိူအပ်သွားလိမ့်မယ်လို့ ခံစားရပြီး နောက်ဆုံးမှာ စင်ပေါ်တက်ကာ တစ်ကွက်ပြရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ကျောင်းဖေးကတော့ သူ့ကို အဖွဲ့အစည်းထဲက မထွက်ဖို့ အကောင်းဆုံးကြိုးစားနေခဲ့ပါတယ်။သို့ပေမယ့် သူဆက်နေလို့လည်း သူ့အတွက် ဘာမှ ထူးခြားမှာမဟုတ်ပါဘူး။

အဖွဲ့အစည်းမှာ ဆက်နေပြီး စောက်ရူးတစ်သိုက်နဲ့ ရန်ဖြစ်နေလို့ရော ဘာထူးမှာလဲ....

အဖွဲ့အစည်းမှာ နေ့တိုင်း ဒေါသထွက်နေရတာနဲ့ စာရင် ပန်ကိတ်လေး အေးအေးဆေးဆေး ရောင်းရတာက ပိုပြီး လွတ်လပ်ပါတယ်။

လင်းဖန်ဟာ လက်ဝေ့ ယမ်းကာ ပြောလိုက်သည်။

"အကြီးအကဲ ကျောင်း၊ နောက်မှ ထပ်တွေ့ကြမယ်ဗျာ"

ယင်းနောက် လင်းဖန်ဟာ လူလိမ် ထျန်နဲ့ ကျန်တဲ့ လူတွေကို ခေါ်ကာ ကားဆီ ထွက်သွားခဲ့လိုကိပါသည်။

အခြေအနေက ဒီလို ပြီးဆုံးသွားပါပြီ။အဖွဲ့အစည်းထဲ ဘာဆက်ဖြစ်မလဲ ဆိုတာကတော့ သူ့အလုပ်မဟုတ်တော့သလို သိလည်း မသိချင်တော့ပါဘူး။

ကားထဲတွင်။

လူလိမ် ထျန်ဟာ ရယ်မောပြီး ပြောလိုက်သည်။

"သေချာတွေးကြည့်လိုက် ဒုတိယဥက္ကဌ ဂေါင်က မင်းကို သတ်ချင်နေလောကိပြီ"

လင်းဖန် ပြန်ပြောလိုက်ပါတယ်။

"သူက ကျုပ်ကို ကျော်နိုင်မယ်ထင်နေတာ။ဘာပဲဖြစ်ဖြစ် အခုချိန်မှာ သူစိတ်ကြည်နေမှာ မဟုတ်ဘူး။သူရဲ့ ဒုတိယ ဥက္ကဌ ရာထူးပြုတ်ဖို့က ကံပါလာပြီးသား"

လူလိမ် ထျန်ဟာ ဒါကိုကြားပြီး ကြောင်အသွားကာ ပြောလိုက်သည်။

"ငါ့ကို ရိုးရိုးသားသား ပြောစမ်းပါ။စင်ပေါ်မှာ နောက်ဆုံးအကွက်က ဘယ်လို လုပ်လိုက်တာလဲ"

လင်းဖန်အနည်းငယ် အံ့သြသွားခဲ့ပါတယ်။

"ခင်ဗျား မလုပ်နိုင်ဘူးလား?"

လူလိမ် ထျန်ဟာ ဆွံ့အသွားခဲ့သည်။

"ချီးပဲ မင်းငါ့ကို အတွင်းအားတွေနဲ့ ဆရာကြီးများ ထင်နေတာလား"

လင်းဖန် လည်း ဘယ်လိုရှင်းပြရမှန်းမသိတော့ပါဘူး။

"မေ့လိုက်တော့ နောက်ဆိုရင် ကျုပ်ကိုသာ ဆရာကြီးလို ဆက်ဆံ"

လူလိမ် ထျန်ဟာ ဒါကိုကြားပြီး ဘာမှ ထပ်မပြောနိုင်တော့ပေ။

..........

ခန်းမကြီး၏ အပြင်ဘက်တွင်။

ဝမ်ယန်ဂျီဟာ ဒေါသထွက်နေခဲ့ပါတယ်။သူလင်းဖန်ကို သတ်ချင်နေပေမယ့်လည်း သူအပြင်ကို ထွက်လာတဲ့ အချိန်မှာ ဘယ်သူမှ မရှိတော့ပါဘူး။

ဝမ်ယန်ဂျီဟာ သု့စိတ်ဓာတ်တွေ အောက်ဆုံးထိ ကျဆင်းနေတာ ခံစားနေရပါတယ်။အရာရာတိုင်းက သူ စီစဥ်စားတဲ့ အတိုင်း ဖြစ်မလာခဲ့ပေ။

အစက မီဒီယာ တွေကို အကျယ်မချဲ့ကြအောင် တားဆီးနိင်ရင် သူ့မှာ ရှငိသန်နိုင်မယ့် အခွင့်အရေး ရှိဥိးမယ်လို့ ထင်ခဲ့တာပါ။

သို့ပေမယ့် အခုချိန်ဘယ်လို ဖြေရှင်းရမှန် မသိတော့ပါဘူး။

ဒီငနဲက စင်ပေါ်မှာ တောငိ တက်ပြီး​ဖော်ထုတ်လိုက်ပါသေးတယ်။အထက်ကလူတွေ ချက်ချင်းသိသွားမှာဖြစ်ပြီး သူတို့က ပုံမှန်အတိုင်း လွှတ်ပေးမှာ မဟုတ်ပါဘူး။

သူနောက်ဆုံးတော့ ဘာလို့ လင်းဖန် စင်ပေါ်ကိုတက်ပြီး အမှန်တရားကို ပြောလဲဆိုတာ နားလည်လိုက်ပါပြီ။ဒီငနဲက ဒီနေ့ကို စောင့်နေတာတောငိ ဖြစ်နိုင်ပါတယ်။

သူဟာ အဖွဲ့အစည်းက လူတွေကို တစ်ချက်ထဲနဲ့ ရိုက်ချချင်ပြီး ဘာအခွင့်အရေးမှ မပေးချင်ခဲ့တာပါ။

ကလင် ကလင်

ဝမ်ယန်ဂျီ ဖုန်း လားလို့ ကြည့်လိုက်တဲ့ အချိန်မှာ ဒုတိယ ဥက္ကဌ ဂေါင် ခေါ်တာ တွေ့လိုက်ရပါတယ်။

ဂေါင်ချန်းဟာ ပြောလိုက်သည်။

"မအေလိုး မင်း စင်နောက်ကို အခုလာခဲ့။ငါမင်းကို အဲ့က စောင့်နေမယ်"

ဝမ်ယန်ဂျီဟာ ဆွံ့အသွားခဲ့သည်။

.....

နောက်တစ်ရက်မှာတော့ မီဒီယာဟာ သတင်းတွေ ဖြန့်လိုက်ပါပြီ။

"အံ့သြစရာသတင်း ၊ ငါတို့က မျှမျှတတ ဆက်ဆံပေးဖို့ပဲ လိုတယ်။သနားဖို့ မလိုဘူး"

"မသန်စွမ်း ကလေးငယ် တစ်သိုက်ဟာ အမျှမတ ဆက်ဆံခံခဲ့ရသည်။"

"နည်းပြလင်းဟာ ကလေးငယ်တွေ အတွက် အမှန်တရားကို ရှေ့ထွက်ပြောပေးခဲ့သည်"

"စစ်မှန်တဲ့ မာစတာရဲ့ သရုပ်ပြကွက်။တကွက်ထဲနဲ့ တုန်လှုပ်စေခြင်း"

"နိုင်ငံခြားသားတွေဟာ ကွန်ဖူး ကွန်ဖူး လို့အော်ပြီး ကြောင်အနေကြသည်"

....

လိုင်းပေါ်တွငိ။

"ဘယ်လောက်အံ့သြဖို့ကောင်းလဲ၊ ဒါမှ အစစ်အမှန်စွမ်းရည်လို့ခေါ်တာ"

"မိုက်တယ် တကယ်မိုက်တယ် ဒါကလူတွေကို သဘောကျစေလိမ့်မယ်"

"ချီး ငါဒီလူကို ချစ်မိနေပြီကွာ။တကယ် စိတ်လှုပ်ရှားစရာပဲ"

"ဒါက သရုပ်ပြပွဲ ဆိုပေမယ့်လည်း ငါတကယ် ငိုမိတယ်။ကလေးတွေ ပြုံးနေတဲ့အပြုံးက ကမ္ဘာပေါ်မှာ အလှဆုံးအပြုံးပဲ"

"ဒီလူသာ မရှိရင် ကလေးတွေ အမျှမတ ဆက်ဆံခံရတာ ငါတို့ သိမှာတောင် မဟုတ်ဘူး"

"နောက်ဆုံးတစ်ကွက်ပဲ ကြိုကိတယ်ကွာ ၊ စကားလုံးတွေနဲ့တောငိ ပြောလို့မရဘူး"

"တစ်ခြားဟာ တွေကို မပြောနဲ့ ဒီလူက လေးစားမူနဲ့ ထိုက်တန်တယ်"

"ကလေးတွေနဲ့ ဘာမှမတော်စပ်ပဲနဲ့တောင် သူစင်ပေါ်မှာ တက်ပြောပေးခဲ့တယ်နော်။တကယ်လေးစားဖို့ ကောင်းတဲ့လူ"

မနေက ပြပွဲက လူတွေအများကြီး ထောက်ခံရလောက်အောင် မကြီးကျယ်ပါဘူး။အကြီးမားဆုံးအနေနဲ့ ဆို သတင်းဌာန အသေးလေးတွေက ဖော်ပြယုံလောကိပါပဲ။

သို့ပေမယ့် လင်းဖန်ရဲ့ အပြုအမူကြောင့် အင်တာနက်ပေါ်မှာ ပလူပျံသွားခဲ့ပြီး လူတိုင်း ဆွေးနွေးတဲ့ အဆငိ့ကို ရောက်သွားခဲ့ပါတယ်။

ဆွေးနွေးမူတိုင်းမှာ မသန်စွမ်းအဖွဲ့အစည်းနဲ့ ကိုယ်ခံပညာအဖွဲ့အစည်းကတော့ မပါမဖြစ်ပါ။

မသန်စွမ်းအဖွဲ့အစည်းဟာလည်း အမြင်ကျယ်သွားခဲ့ပါပြီ။သူတို့ ကလေးတွေကို ကိုယ်ခံပညာအဖွဲ့အစည်းက မမျှမတ ဆက်ဆံခဲ့ကြတာပါ။

ပြည်သူတွေဟာလည်း ကိုယ်ခံပညာ အဖွဲ့အစည်းကို အပြသ်တင်ပြီး တရားမျှတမူကို ရှာဖွေနေချင်ကြပါသည်။

ထပ်ပြောရရင် သူတို့က ကလေးတွေပဲ ရှိသေးပြီးတော့ ကာကွယ်မူကို အပြည့်အဝ ထိုက်တန်ကြပါတယ်။

........

တိမ်ဖြူလမ်း မာစတာ လင်း၏ ဆိုင်လေးတွင်။

"လူလိမ် ထျန်, ကျေးဇူးပြုပြီး အပြင်လေးဘာလေး လမ်းလျောက်ထွက်ပါလား။ ကျွန်တော် ပြန်မလာနဲ့ မပြောမချင်း ပြန်မလာနဲ့"

လင်းဖန်ဟာ တကယ်ကြောက်ရွံ့နေခဲ့ပါတယ်။စွယ်စုံကျမ်းက သူ့ဘဝကို နောက်ထပ်ခက်ခဲအောင် လုပ်တော့မယ့် ပုံပါပဲ။

စွမ်စုံကျမ်းရဲ့ တတိမြောက်မြောက် မစ်ရှင်ဟာ ပြည့်သွားပြီ ဖြစ်ပြီး နောက်မစ်ရှင် တစ်ခုကို ဖွင့်ပေးပါတော့မယ်။

လင်းဖန်ဟာ နှလုံးခုန်မြန်နေခဲ့သည်။အထူးသဖြင့် အခုချိန်မှာ လူလိမ် ထျန်က သူ့မျက်စိရှေ့မှာ ရှိနေတာပါ။

တကယ်လို့ နောက်စာမျက်နှာ တစ်ခုကသာ လူ လိမ် ထျန်နဲ့ ဆက်စပ်နေရင် သူ ဒီပရက်ရှင် ဝင်တော့မှာ ကျိန်းသေပါတယ်။

လူလိမ် ထျန်ဟာ ကြောင်အသွားပြီး အပြစ်ကင်းစင်စွာမေးလိုက်သည်။

"ဘာဖြစ်လို့လဲ ၊ ငါက ဘာလို့အပြင်ကို သွားရမှာလဲ"

လင်းဖန် စိတ်လှုပ်ရှားစွာ အမြန်ပြောလိုက်သည်။

"အရင်ဆုံး အပြင်ကို သာ အမြန်ထွကိလိုက်စမ်းပါ"

လူလိမ် ထျန်ဟာ စိတ်ရှုပ်ထွေးသွားခဲ့ပါတယ်။

"ငါကို သေချာရှင်းပြဦးလေ၊ မဟုတ်ရင် အပြင်မှာ ငါဘာလုပ်နေရမှာတုန်း"

....

နောက်ကျသွားပြီ..........

All Chapters