← Chapters

အကောင်းမွန်ဆုံး ဝန်ဆောင်မူ

Vol. 10 Ch. 138

အကောင်းမွန်ဆုံး ဝန်ဆောင်မူ

Vol. 10 Ch. 138

လင်းဖန်ဟာ စွယ်စုံကျမ်းရဲ့ အသံနဲ့ ရင်းနှီးနေပြီးသားပါ။စွယ်စုံကျမ်းရဲ့ နောက်တစ်မျက်နှာ ပွင့်တဲ့ အသံကြားတာနဲ့ သူဂျင်းထည့်ခံရပြီမှန်း သိလိုကိပါတယ်။

"တတိယ မြောက်မစ်ရှင်ဟာ ပြည့်မြောက်သွားပါပြီ"

စွယ်စုံအမှတ်ရရှိမူ + 20

"ဒုတိယ မြောက်စာမျက်နှာ ဖွင်လှစ်နိုင်ခဲ့ပြီး ဒါဟာ ပိုင်ရှင်ရဲ့ ရင်းနှီးသူနှင့်ဆက်စပ်မူ ရှိပါသည်"

"ထျန်ဟန်မင် ဟာ ပိုင်ရှင်၏ အရင်းနှီးဆုံး ဘော်ဒါကြီး ဖြစ်သောကြောင့် စတုတ္ထမြောက် စာမျက်နှာကို သူ၏ " သော့ပြင်ခြင်း " ပညာ အဖြစ်သတ်မှတ်လိုက်သည်"

.....

လင်းဖန်ဟာ ရှုံးနိမ့်သွားသလို ခံစားလိုကိရပါတယ်။

သော့ပြင်ဆရာ ဟုတ်လား....

မင်းတို့ နောက်နေတာ မဟုတ်ဘူးဆိုတာ သေချာရဲ့လားကွာ ........

စမ်းသပ်ချက် - ထုံးစံအတိုင်း မာစတာ လင်းဖြစ်လာစေရန်။

ဆုလာဒ် - စွယ်စုံအမှတ် ၂၀ ရရှိမည်ဖြစ်ပြီး ၊ ငါးရွက်မြောက် စာမျက်နှာ တစ်ခုဖွင့်လှစ်နိုင်မည်ဖြစ်သည်။

မှတ်ချက် - ဒါဟာ အသိပညာ အကိုင်းအခွဲဖြစ်သောကြောင့် ၊ အလွန်အမင်းအောင်မြင်ရန် မလိုအပ်ပေ။

လက်ရှိစွယ်စုံ အမှတ် - ၉၈ မှတ်။

.......

လူလိမ် ထျန်ဟာ ရုတ်တရက် ထပြောလိုကိပါတယ်။

"အရမ်းအေးနေသလိုပဲ၊ အပြင်မှာ နေသာနေတာတောငိ ဒီထဲမှာ ဘာလို့ အေးနေတာလဲ မသိဘူး"

ဝူတန်ဟီဟာ မာစတာ လင်း တစ်ခုခု ထူးဆန်းနေတာကို ခံစားမိပါတယ်။သူဟာ မေးလိုက်သည်။

"မာစတာ လင်း ၊ အဆင်ပြေရဲ့လား"

လင်းဖန်ရဲ့ မျက်နှာဟာ ဖြုဖျော့နေပြီး လက်ဝေ့ယမ်းကာ ငြင်သာစွာ ပြောလိုက်ပါတယ်။

"လူလိမ် ထျန်"

လူလိမ် ထျန်ဟာ မေးလိုကိသည်။

"ဘာဖြစ်လို့ လဲ"

"ကျုပ်နဲ့ ပန်းခြံကို လိုက်ခဲ့စမ်းပါ။ ခင်ဗျားနဲ့ ကိုယ်ခံပညာ လေ့ကျင့်ချင်လို့"

လူလိမ် ထျန်ဟာ အံ့သြသွားခဲ့သညိ။

"အိုး မလုပ်နိုင်ဘူး။ငါက နူးညံ့ပြီး အားနည်းတယ်လေ၊ မင်းရဲ့ တိုက်ခိုက်မူတွေကို ဘယ်လိုခံနိုင်မှာလဲ"

လင်းဖန်အကြောက်ဆုံး အရာက စွယ်စုံကျမ်းက လူလိမ် ထျန်ကို ဆက်ပြီး သဘောကျနေမှာကိုပါ။

အဓိက ပြသနာဟာ လူလိမ် ထျန်ဟာ သူ့ဘဝမှာ အလုပ်တွေ ပေါင်းစုံအောင် လျောက်လုပ်ထားပြီး ဒီထဲမှာ သန့်ရှင်းရေး တွေ ၊ စျေးရောင်းတာတွေတောင် ပါပါသေးတယ်။

အနည်းဆုံး သော့ပြင် သော့ပြင်တာက သိပ်မဆိုးဘူးလို့ ပြောလို့ရပါတယ်။

တကယ်လို့ သန့်ရှင်းရေးသာ ဆိုရင် သူစိတ်တိုလွန်းလို့ လူလိမ် ထျန်ကို သတ်မိမှာပါ။

အခုတော့ အရာရာဟာ ဖြစ်ပြီးသွားပြီ ဖြစ်ပြီး မှ ပြန်ပြင်လို့ မရတော့ပေ။

သူ စွယ်စုံကျမ်းကို ဖွင့်ကြည့်လိုက်ပါတယ်။

စွယ်စုံအမှတ် :: 98

စမ်းသပ်ချက် ကတော့ အနည်းငယ် ရှုပ်ထွေးနေသလိုပါပဲ။

ဒါက ကျော်ကြားတဲ့ သော့ပြင်ဆရာ မာစတာ လင်း ဖြစ်ရမှာ ဖြစ်ပြီး သိပ်လွယ်ကူမည့်ပုံ မပေါ်ပေ။

လူလိန် ထျန်ဟာ လင်းဖန်ကို သံသယ ဖြစ်စွာကြည့်လိုက်ပြီး ပြောလိုက်သည်။

"ဘာဖြစ်လို့လဲ ၊ ပြသနာ ရှိလို့လား"

လင်းဖန် ပြန်ဖြေလိုက်သည်။

"ဟုတ်တယ် တော်တော်ဆိုးတဲ့ အရာဖြစ်သွားပြီ"

လူလိမ် ထျန်ဟာပြောလိုက်သည်။

"စိတ်မကောင်းစရာပဲ ၊ ငါဘာမှ မကူညီပေးနိုင်ဘူး"

ဒီအဖြစ်အပျက်ပြီးတဲ့ နောက်မှာ လင်းဖန်ဟာ အနာဂတ်မှာ အတတ်နိုင်ဆုံးရှောင် နေဖို့ ဆုံးဖြတ်လိုက်ပါတယ်။

.............

လင်းဖန် သူတို့ကို စကားပြောနေတဲ့ အချိနိမှာပဲ မြို့သူ မြို့သား တွေဟာ ဆိုရှေ့ကို ရောက်လာခဲ့ကြပါတယ်။

"သူဌေးလေးတို့ကတော့ စောက်ရမ်းမိုက်တယ်ကွာ"

"ဒါပေါ့ သူဌေးလေးက အတော် ဆရာကြီးပဲဟာကို။ငါ ဒီနေ့သတင်းဖတ်ပြီးပြီ။အဲ့လို လူတွေက ကျိန်းသေ ဖော်ထုတ်ခံသင့်တယ်"

မြို့သားတွေဟာ လင်းဖန်ကို ဆက်ပြီး ချီးမြောက်နေကြပါတယ်။သူတို့မှာ ဖုန်းရှိနေသ၍ ဘယ်သတငိးမဆို သိကြမှာပါပဲ။

သူတို့ စင်ပေါ်က လူကို မြင်လိုက်တာနဲ့ ဒါဟာ သူဌေးလေးမှန်း ချက်ချင်း မှတ်မိလိုက်ပါတယ်။

ဒါကြောင့် သူတို့ဟာ သူဌေးလေးဆီကို အစောကြီး ထွက်လာပြီး မြောက်ပင့်နေကြတာပါ။

သူဌေးလေးသာ ပျော်ရွှင်မယ် ဆိုရင် သူတို့ကို ပန်ကိတ်တွေ ပိုရောင်းပေးမှာတောင် ဖြစ်နိုင်ပါတယ်။

လင်းဖန် ပြုံးပြီး ပြောလိုကိသည်။

"ကျေးဇူးပါ အားလုံးပဲ"

လူအုပ်ကြီးဟာ ပြန်ပြောလိုက်သည်။

"သူဌေးလေး ခင်ဗျား ကျုပ်တို့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး။အနာဂတ်မှာသာ ပန်ကိတ်လေးဘာလေး ပိုရောင်းပေးရင်ရော ဘယ်လိုလဲ"

လင်းဖန်ဟာ ဒါကိုကြားတဲ့ အချိန်မှာ ခေါင်းခါယမ်းပြီး ငြင်းလိုက်ပါသည်။

"တစ်နေ့ ပန်ကိတ် ဆယ်လုံးက ပြောင်းလဲလို့ မရလို့ပါဗျာ"

လူအုပ်ကြီးဟာ ဒါကို ကြားပြီး အသံကွဲသလို ခံစားလိုက်ကြရပါတယ်။

သူဌေးလေး ပန်ကိတ်ပိုရောင်း ပေးမယ်လို့ သူတို့မျှော်လင့် ထားခဲ့တာပါ။သူတို့မှာ နေ့တိုင်းတန်းစီရတာကိုတောင် အသားကျနေကြပါပြီ။

အနည်းဆုံးတော့ သူတို့တစ်နေ့မှာ ပန်ကိတ်ရဲ့ အရသာကို ခံစားရမယ် ဆိုတဲ့ မျှော်လင့်ချက်ရှိပါသေးတယ်။

ဝူယူလန်ဟာ တုန်ကင် နံပါတ် တွေကို အလျင်အမြန်ဝေပြီး တဲ့နောက်မှာ လင်းဖန်ဟာ ပေါက်မဲ နံပါတ် တွေကို ကြေညာလိုက်ပါတယ်။

အရွေးခံရတဲ့ လူတွေဟာ စိတ်လှုပ်ရှားနေကြပြီးတော့ အရွေးမခံရတဲ့ လူတွေဟာ စိတ်ပျက်နေကြသည်။

သို့ပေမယ့် သူတို့ဟာ သူဌေးလေးရဲ့ စည်းမျဥ်းတွေနဲ့ ရင်းနှီးပြီးသား ဖြစ်တာကြောင့် သိပ်ပြီးတော့ တုန့်ပြန်မူ မကြီးကြပါဘူး။

သူတို့ ဒီနေ့ အရွေးမခံရရင် နောက်တစ်ရက် လာပြီး ကံစမ်းကြည့်ဖို့သာ တတ်နိုင်ကြပါတယ်။

"နံပါတ် ၉၇"

!ကျွန်မ ...ကျွန်မ"

အနည်းငယ် ပြည့်ဖြိုးတဲ့ မိန်းကလေးတစိဦးဟာ ဆိုင်ရှေ့ကို ​ထွက်လာခဲ့ပါတယ်။

" ဒီက ပန်ကိတ်ကောင်းတယ်ဆိုလို့ ကံစမ်းကြည့်ရအောင် ဒီနေ့ခဲ့တာလေ။တကယ် အရွေးခံရတာပဲ"

မိန်းကလေးဟာာ ရယ်မောကာ ပြောလိုက်သည်။

လင်းဖန်ခေါင်းမော့ပြီး ပြုံးပြလိုက်ပါတယ်။

"ဟုတ်တယ် ၊ ခင်ဗျားအတော်ကံကောင်းတယ်။ဒီထဲမှာ အချိန်အကြာကြီး တန်းစီနေကြတဲ့ လူတွေတောင် ရှိတယ်"

ဒီမိန်းကလေးဟာ အစားအသောက်ကောင်းတွေ စားရတာကို အတော်နှစ်သက်ပါတယ်။သူမဟာ

ဒီပန်ကိတ်ကို အစားအသောက် မဂ္ဂဇင်းစာအုပ်မှာ ကြောညာထားတာကို တွေ့ခဲ့တာပါ။

ဒါကြောင့် သူမ မနက်အစောထဲက တန်းစီဖို့ထွက်လာခဲ့ခြင်းဖြစ်ပြီး အရွေးခံရလောက်အောင် ကံကောင်းနေလိမ့်မယ် လို့ မထင်ထားခဲ့ပေ။

အချိန်ခနလေး အတွင်းမှာပဲ ပထမဆုံးပန်ကိတ်ဟာ အဆင်သင့်ဖြစ်သွားခဲ့ပါပြီ။သူမဟာ ပန်ကိတ်ကို တစ်ကိုက် စားလိုက်ချင်ပေမယ့်လည်း သူမရဲ့ နာရီကို ကြည့်ကာ အော်ဟစ်လိုက်သည်။

"နောက်ကျနေပြီ ..ငါအလုပ်တော့ နောက်ကျတော့မှာပဲ"

သူမဟာ အလျင်အမြန် ပြေးထွက်သွားခဲ့သည်။

လင်းဖန်ဟာ ခေါင်းခါယမ်းပြီး ရယ်မောလိုက်ပါတယ်။ယင်းနောက် သူပန်ကိတ်များ ဆက်လုပ်နေခဲ့သည်။

သူ တန်စီးနေကြတဲ့ လူတွေကို တစ်ချက်ကြည့်လိုက်ပါတယ်။တန်းစီတဲ့ လူပမာဏ ကတိုးတိုးလာခဲ့ပေမယ့်လည်း တစ်နေ့ဆယ်လုံး ပမာဏကတော့ ပုံမှန်အတိုင်းပါပဲ။

လင်းဖန် သူတို့ ပန်ကိတ်ကို စားပြီး ဖြစ်လာတဲ့ အမူအရာတွေကို ကြည့်ရတာ တကယ် ဂုဏ်ယူမိပါတယ်။

မနက် ၁၀ နာရီ။

လင်းဖန် ကုလားထိုင်ပေါ်မှာ ဘာမှလုပ်စရာ မရှိပဲ ဇိမ်ကျကျ ထိုင်နေခဲ့သည်။အဖွဲ့အစည်းနဲ့ ကိစ္စကလည်း ပြီးပြတ်သွားပြီ ဖြစ်ပြီး သူထပ်သွားစရာ မလိုတော့ပေ။

အဲ့မှာ ဘာတွေဖြစ်နေသလဲ ဆိုတာကတော့ သူမသိသလို ၊ သိလည်းမသိချင်တော့ပါဘူး။ဒါဟာ သူနဲ့ ဘာမှ မဆိုင်တဲ့ ကိစ္စဖြစ်သည်။

"သူဌေးလေး"

လင်းဖန် အသံလာရာကို ကြည့်လိုက်ပြီး ရယ်မောလိုက်ပါတယ်။

"ခေါင်းဆောင်လီ ဘယ်လေတိုက်လို့ ရောက်လာတာလဲ။ခင်ဗျားကို မတွေ့ရတာတောင် အတော်ကြာနေပြီ"

လီရှောင်ရှမ်းဟာ ဒီရက်ပိုင်း အတော်ကို အလုပ်ရှုပ်နေခဲ့တာပါ။

အဖွဲ့တစ်ခုရဲ့ ခေါင်းဆောင် တစ်ယောက်အနေနဲ့ ရှန်ဟိုင်းတစ်ခုလုံး လုံခြုံဖို့က သူ့မှာ တာဝန်ရှိပါတယ်။

ရှန်ဟိုင်းရဲ့ အိမ်ယာတွေနဲ့ ပတ်ဝန်းကျင်ဟာ ငြိမ်းချမ်းပြီး ၊ လုံခြုံနေတာ သိကြပေမယ့်လည်း၊ ဒီနောက်ကွယ်မှာ ခေါင်းဆောင်လီ လိုလူမျိုးတွေ ဘယ်လောက် အလုပ်ကြိုးစားပေး နေလည်း သတိမထား မိကြပါဘူး။

"ဟေး ငါက အလုပ်နားတယ်ဆိုတာ ရှားတယ်လေ။ဒါကြောင့် ဒီဘက်ကို တစ်ချက်လာလည်ဖို့ ဆုံးဖြတ်လိုက်တာ"

လီရှောင်ရှမ်းဟာ ပြုံးပြီးပြောလိုက်သည်။

လင်းဖန်ဟာ လှည်းဆီ လျောက်သွားလိုက်ပြီး လီရှောင်ရှမ်း အတွက် ပန်ကျတ်တစ်ခု လုပ်ပေးလိုက်ပါတယ်။

လီရှောင်ရှမ်းဟာ ကြောင်အသွားပေမယ့်လည်း ပြုံးပြီး ပြောလိုက်သည်။

"သူဌေးလေး ငါမင်းရဲ့ စည်းမျဥ်းတွေကို သိပါတယ်။ငါ့အတွက်နဲ့ စည်းမျဥ်းတွေ ဖျက်စရာ မလိုဘူးလေ"

လင်းဖန် ပြုံးပြီးပြောလိုက်သည်။

"ဟုတ်တယ် ခင်ဗျားကို အိမ်မှာ ဧည့်ခံသလို ဧည့်ခံတာပါ။ခင်ဗျားက ကျုပ်တို့ အားလုံးအတွက် ခက်ခက်ခဲခဲ အလုပ်လုပ်ပေးနေတာကို"

လီရှောင်ရှမ်းဟာ ပန်ကိတ်မစားရတာ အချိန်အတော်ကြာပြီး ဖြစ်တဲ့ အတွက် ငြင်းမနေတော့ပေ။

"ဒါဆိုလည်း စားပြီနော်။ သူဌေးလေး မင်းမသိသေးဘူး....."

လီရှောင်ရှမ်းဟာ ပန်ကိတ်ကို ကိုက်လိုက်တဲ့အချိန်မှာ ပြောမယ့် စကားကို ရပ်တန့်လိုက်ပါတယ်။

ရုတ်တရက် သူဟာ မျက်လုံးမှတ်ကာ မျက်နှာ အမူအရာ ပြောင်းလဲသွားခဲ့သည်။

လင်းဖန်ဒါကို မြင်ပြီး ပြုံးလိုကိပါတယ်။ခေါင်းဆောငိလီက ပန်ကိတ်ရဲ့ အရသာမှာ နစ်မျောသးခဲ့ပါပြီ။

အသန်မာဆုံးလူဆိုရင်တောင် ဒီပန်ကိတ်ရဲ့ အောက်ကနေ လွှတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။

"သူဌေးလေး တောင်းပန်ပါတယ်။မင်းအတွက် ဟာသဖြစ်စေမိပြီ။ဒီလို ရှက်စရာ အမူအရာကို ငါပန်ကိတ်စားတိုင်း မထိန်းချုပ်နိုင်ဘူး"

လီရှောင်ရှမ်းဟာ ပြောလိုက်သည်။

လင်းဖန် ပြုံးလိုက်ပါတယ်။

"ခေါင်းဆောငိလီ ခင်ဗျားက ဘာတွေ အလုပ်ရှုပ်နေတာလဲ"

"အင်း..မပြောပါနဲ့တော့။လွန်ခဲ့တဲ့ ရက်အနည်းငယ်က တစ်စုံတစ်ယောက်က သတ်သေဖို့ ကြိုးစားပေမယ့် ငါတို့ အချိန်မီ ကယ်နိုင်ခဲ့တယ်လေ။ငါတို့ စစ်ဆေးကြည့်လိုက်တဲ့ အချိန်မှာ ဒီလူ အင်တာနက် အီးမေးကနေ့ ပိုက်ဆံတွေ လိမ်ခံရတာ တွေ့လိုက်ရတယ်။ငါတို့ တရားခံကို လိုက်ရှာနေတုန်းပဲ။ဒါက ရက်အနည်းငယ်တောင် ကြာသွားပေမယ့် ဘာသဲလွန်စ မှမရသေးဘူး"

လီရှောင်ရှမ်း ဟာပြောလိုက်သည်။

အွန်လိုင်းက တဆင့် လိမ်ညာတဲ့ ပြသနာတွေက ဖြေရှင်းရ ခက်ခဲပါတယ်။တရားခံကို ဖမ်းမိရင်တောင် ဒါကံကောင်းတာလို့ ပြောလို့ရပါတယ်။

"အိုး ဒီလူလိမ် တွေက အတော်ဆိုးဝါးတာ။ခေါင်းတောင်လီ ခင်ဗျား စီချွမ် ကို တစ်ချက်သွားကြည့်လိုက်ပါလား။တစ်ခုခုရှာတွေ့တာ ဖြစ်နိုင်တယ်နော်"

လင်းဖန် ပြောလိုက်သည်။

"ဘယ်လိုလုပ်...."

လီရှောင်ရှန်ဟာ စကားမဆုံးခင်မှာပဲ လင်းဖန်ရဲ့ စွမ်းဆောင် နိုင်စွမ်းတွေကို ပြန်တွေးမိလိုက်ကါတယ်။

ယင်းနောက် သူဟာ သံသယဖြစ်စွာ ပြောလိုက်သည်။

"သူဌေးလေး , မင်း စီချွမ် လို့ ပြောလိုက်တာလား"

လင်းဖန် ပြုံးပြီး ခေါင်းညိမ့်လိုက်သည်။

လီရှောင်ရှမ်းဟာ ပန်ကိတ်ကို အလျင်အမြန်ထိုးထည့်လိုက်ပြီး ထွက်သွားဖို့ ပြင်လိုက်ပါတယ်။

"သူဌေးလေး, ဒါသာ အမှန်ဆိုရင် မင်းတော့ အကြီးကြီး ဂုဏ်ဆောင်လိုက်ပြန်ပြီ"

လင်းဖန် လက်သာ ဝေ့ယမ်းလိုက်ပါတယ်။သူဒီကိစ္စကို အဲလောက်ထိ မတွေးထားပါဘူး။

ငြိမ်းချမ်းတဲ့ လူနေမူဘဝ ကူညီ ဖန်တီးပေးဖို့ပဲ သူလိုလားတာပါ။

အဲ့အချိန် ရှန်ဟိုင်းရဲ့ ရန်ဟီ အထူးကု ဆေးရုံမှာတော့......

All Chapters