ထူးဆန်းတဲ့ ပန်ကိတ်တွေက ဆေးတစ်ခွက်လိုပဲ
Vol. 10 Ch. 140
ဒါရိုက်တာကျန်း ဟာ တစ်ခြားလူနာတစ်ယောက်ကို ကုသပေးနေခဲ့တာပါ။
သို့ပေမယ့် အဆောင် ၃ က ကလေးမလေး တစ်ခုခု စားချင်စိတ်ဖြစ်ပေါ်လာပြီ ဆိုတဲ့ အချက်ပေးမူကို ရတဲ့ အချိန်မှာ ချက်ချင်းပြေးထွက်သွားခဲ့ပါတယ်။
သူဟာ လူနာဆောင် ၃ က ကလေးမလေးရဲ့ ရောဂါကို သေချာဂရုတစိုက်လုပ်ဆောင်ပြီး တစ်ခြားနိင်ငံတွေရဲ့ ဒီလို လူနာမျိုးတွေကိုတောင် လေ့လာခဲ့ပါသေးတယိ။
သူ့ရဲ့နောက်ဆုံး ဆုံးဖြတ်ချက်ကတော့ ဒါက ဝိတ်ကျရောဂါ ဆိုတာထက်ကို ပိုတဲ့ ရောဂါတစ်ခုပါပဲ။
ဒီရောဂါဟာ ကင်ဆာနဲ့တောငိ နှိုင်းယှဥ်နိုင်ပြီး တသ်ခါတစ်လေ ကင်ဆာထကိကြောက်ဖို့ကာင်းတယ် လို့တောငိ ပြောလို့ရပါတယ်။
တကယ်လို့ ကင်ဆာကိုသာ အလယ်အလတ်အချိန်မှာ ရှာတွေ့ခဲ့ရင် လူနာဟာ အချိန်တစ်ခု အထိအသက်ရှင်နိုင်ပါသေးတယ်။
သို့ပေမယ့် ဝမ်လီလီက ဒီရောဂါကို သုံးလ အတွင်းမှာ ဖြစ်သွားခဲ့တာပါ။တစ်ခြားလူတွေ ဒီရောဂါ ဖြစ်တယ် ဆိုရင်တောင် အနည်းဆုံးတော့တစ်နှစ် ၊ နှစ်နှစ်လောက်ကြာ တတ်ကြပါတယ်။
သို့ပေမယ့် ဝမ်လီလီဟာ သုံးလ အတွင်းမှာ ဝိတ်အတော်ကို ကျဆင်းသွားခဲ့သည်။အရင်တုန်းက ဒီလို လူနာတွေ ရှိဖူးပေမယ့် ရလာဒ်ကတော့ သူတို့ အကုန်လုံး ခြောက်ကပ်ပြီး သေဆုံးသွားကြရတာ ချည်းပါပဲ။
သေဆုံးနိုင်တဲ့ အခွင့်အရေးက ၁၀၀ ရာခိုင်နှုန်းနီူပါး ရှိတယ်လို့တောငိ ပြောလို့ရပါတယ်။
အခု ဒီလို လူနာက တစ်ခုခုစားချင်နေတဲ့ ပြောတာကြောင့် သူအတော် အံ့သြသွားခဲ့သည်။
ထပ်ပြောရရင် ဒါက ဆေးရုံက အစားအသောက်တောင် မဟုတ်ပါဘူး။
လူနာဆောင် တွင်။
မဒမ် ဝမ်ဟာ အသက်ရူတောင် ရပ်တန့်နေခဲ့ပါတယ်။
လိန်ယွန်ဟာလည်း မျှော်လင့်ချက်တွေ နဲ့ ကြည့်နေခဲ့သည်။
ဒါရိုက်တာကျန်းဟာ လည်း မျက်မှောင်ကျုပ်နေပြီး သူ့ကြည့်ရတာ တစ်ခုခုဖြစ်ပျက်မှာကို သောင့်နေတဲ့ ပုံပါ။
အဲအချိန်မှာ ဘာတွေ ဖြစ်နေလည်း သိသွားကြတဲ့ တစ်ခြား သူနာပြုမလေး တွေဟာ ဝိုင်းလာခဲ့ကြပါတယ်။
သူတို့လည်း ဖြစ်ပျက်တာတွေကို ကိုယ်တိုင်ကြည့်ချင်နေကြပါသည်။
......
ဝမ်လီလီဟာတော့ ပန်ကိတ်ကို ဆက်လိုက် ရနံ့ခဲ့နေခဲ့သည်
* ရနံ့. *
* ရနံ့. *
ကမ္ဘာပေါ်မှာ အကောင်းဆုံး အစားအသောက်တစ်ခုလိုပဲ သူမဟာ ပန်ကိတ်ကို အပေါ်အောက် ဆက်တိုက် နမ်းရှုံ့နေခဲ့ပါတယ်။
တစ်ခြားလူတွေ မသိတဲ့ အရာက ဝမ်လီလီရဲ့ စိတ်ထဲ မှာ ပုံရိပ်တွေ မျိုးစုံပေါ်နေ တယ် ဆိုတာ ပါပဲ။
သူမရဲ့ ဘေးနားမှာ ပန်းပွင့်လေးတွေဟာ လွှင့်မျောနေကြပြီး ၊ သူမ အခန်းတစ်ခန်းထဲ ရောက်သွားတဲ့ အချိန်မှာ ပန်းပွင့်တွေဟာ ပျောက်ကွယိသွားခဲ့ပါတယ်။
သူမကို အမြဲတန်း လှောင်ပြောင်နေကြတဲ့ အတန်းဖော် များဟာတော့ ထိုင်ခုံတွေမှာ အသီးသီး ထိုင်နေကြပြီး ၊ သူမနဲ့ သူမလက်ထဲမှာ ကိုင်ထားတဲ့ ပန်ကိတ်ကို ဝိုင်းကြည့်နေကြပါတယ်။
"နင်ပန်ကိတ်ကို စားလို့ မရဘူး၊ နင်ပန်ကိတ်ကိုစားရင် တကယ် ပိုလှလာလိမ့်မယ်။မစားနဲ့..မစားနဲ့့...."
အတန်းဖော်တစ်ယောက်ဟာ မနာလိုစွာအော်ဟစ်လိုက်သည်။
ဝမ်လီလီကတော့ ပန်ကိတ်ကို ဆက်ကိုင်ထားခဲ့ပြီး အတန်းဖော်ကို လစ်လျူရူလိုက်ပါတယ်။
"ငါ စာဦးမှာပဲ ။ ငါ ဒီပန်ကိတ်ကို အခုစားတော့မှာ။ ဒီပန်ကိတ်ကို စားပြီး နင်တို့တွေ မနာလိုအောင် လှပလာဦးမှာ ဟားးးဟားးဟားး"
.....
"ဝမ်လီလီ တကယ် ပါးစပ်ဖွင့်လိုက်ပြီ"
လိန်ယွန်ဟာရေရွတ်လိုက်သည်။
"ဘယ်လို ဖြစ်နိုင်မှာလဲ"
ဒါရိုင်တာ ကျန်းဟာ မယုံကြည်နိုင်စွာ ဖြစ်နေခဲ့သည်။သူ ဆရာဝန် လုပ်သက် တစ်လျောက်လုံး မှာတောင် ဒီလို အဖြစ်အပျက်မျိုးကို မတွေ့ဖူးပါဘူး။
ဒီလို ရောဂါခံစားရတဲ့ လူနာတွေဟာ စိတ်ပိုင်းဆိုင်ရာ ဆရာဝန်တစ်ယောက်နဲ့ ကုသပြီး ဆေးဝါးတွေပါ ပေါင်းထည့်ပေးမှ အဆင်ပြေမှာပါ။
ဝမ်လီလီဟာ ပါးစပ်ကို ဖွင့်လိုက်ပြီး ၊ ပန်ကိတ်စားဖို့ ထပ်မစောင့်နိုင်သလိုမျိုး နှုတ်ခမ်းကို လျာနဲ့ သပ်လိုက်ပါတယ်။
* ခရက် *
နူးညံ့တဲ့ ပန်ကိတ်ဟာ သူမရဲ့ ပါးစပ်ထဲကို ကို ရောက်သွားခဲ့ပါပြီ။အနံ့နဲ့ အရသာဟာ သူမ ပါးစပ်ထဲမှာ လွမ်းမိုးနေခဲ့ပါတယ်။
ပန်ကိတ်ဟာ သူမ အစာအိမ်ထဲကို ဝင်ရောက်သွားခဲ့ပါတယ်။ဝမ် လီလီဟာ စားတာ ခနရပ်လိုက်ပြီး ခေါင်းကို မော့လိုက်သည်။
သူမရဲ့ မျက်နှာကတော့ သွေးရောင်တွေ ပြန်လွှမ်းလာခဲ့ပါတယ်။သူမဟာ မီးဖိုဘေးမှာ ရောက်နေသလိုပါပဲ။ယင်နောက် သူမဟာ တိမ်တွေပေါ်မှာ လွင့်နေသလို ခံစားလိုက်ရသည်။
"ငါ ကောင်းကင်ပေါ်မှာ ငှက်ကလေးတစ်ကောင်လို ပြန်သန်းနေတာ ခံစားရတယ်။ဘယ်လောက် လှလိုက်လဲ....."
* မျက်ရည် *
ဝမ်လီလီရဲ့ မျက်ရည်ဟာ စတင်ကျလာခဲ့ပြီး ၊ အလင်းရောင်ကိုတောင် ရောင်ပြန်ဟတ်နေခဲ့ပါတယ်။
သူမရဲ့ မျက်ရည်တွေ ၊ ချဲ့ကားတဲ့အမူအရာ ၊ ပိတ်လှီတဲ့ မျက်နှာတွေ ပေါင်းလိုက်တဲ့ အချိန်မှာတော့ သူမရဲ့ ပုံစံဟာ အနည်းငယ်ကြောက်ဖို့ ကောင်းနေခဲ့ပါသည်။
ဒါပေမယ့် ကြည့်နေကြတဲ့ လူတွေကတော့ သူမရဲ့ ပုံစံကို ကြောက်ဖို့ကောင်းတယိလို့ မထင်ကြပါဘူး။ဒါကို ချစ်ဖို့ကောင်တယ်လို့သာ မြင်ကြပြီး သူတို့ရဲ့ မျော်လင့်ချက်တွေ ပြန်လည် အရောင်တောက်ပလာခဲ့သလိုပါပဲ။
ဝမ်လီလီဟာ သူမအရင်က အစားအသောက်တွေ ဘာလို့ စားလို့ မရတာလဲ ဆိုတာ သဘောပေါက်ခဲ့ပါပြီ။
ဘာလို့လဲ ဆိုတော့ သူ့အမေတွေ ကျွေးနေတဲ့ အစားအသောက်တွေက လူစားသောက်သင့်တဲ့ အစားအစာ တွေမဟုတ်ပါဘူး။
ဒီပန်ကိတ်ကမှ လူ စားသင့်တဲ့ အစားအသောက်ပါ......
ဒါရိုက်တာ ကျန်း ဟာပြောလိုက်သည်။
"အမြန်ပြန်ယူလိုက်၊ သူမဆက်စားလို့ မရဘူး။ပန်ကိတ်တွေက မာလွန်းတယိ။သူမရဲ့ အစာအိမ်က အခုချိန်မှာ နူးညံ့နေပြီး အစာမခြေနိင်သေးဘူး"
လိန်ယွန်ဟာ ရှေ့ကို တက်ပြီး ပန်ကိတ်ကို ပြန်ယူလိုက်ချင်ပေမယ့်လည်း ဝမ်လီလီဟာ မြဲအောင် ကိုင်ထားပါတယ်။
"ဒါက သမီးဟာ ၊ ဘယ်သူမှ ယူသွားလို့မရဘူး"
လိန်ယွန်ဟာ အေးခဲသွားပြီး ဘာလုပ်ရမလဲ မသိဘူး ဖြစ်သွားခဲ့ပါတယ်။
ဝမ်လီလီဟာ ခေါင်းကို ငုံ့ပြီး ပန်ကိတ်ကို ကိုင်ကာ တစ်ချက် တသ်ဖက်လှည့်သွားခဲ့သည်။
အဲ့အချိန်မှာပဲ ပန်ကိတ်ရဲ့ အပေါ်ယံ အလွှာ အနည်းငယ်ဟာ အရည်ပျော်သွားခဲ့ပါတယ်။
လိန်ယွန်ဟာ ဒါကိမြင်ပြီး ပြောလိုက်သည်။
"ဒါရိုက်တာကျန်း ဒီပန်ကိတ်က အတော် နူးညံ့တယ်ထင်တယ်နော်။သူမဖြည်းဖြည်းလေး လှည့်တာတောင် အပေါ်ယံ အလွှာက အရည်ပျောိသွားတယ်။သူမ ဒါကိုစားလည်း အဆင်ပြေမယ်
လို့ ထင်တာပဲ"
မဒမ် ဝမ်ကတော့ မျက်ရည်တွေ ထိန်းချုပ်လို့ မရနိုင်အောင် ကျနေခဲ့ပါပြီ။
"သူမ စားပါစေ။သူမ ဒီလိုစားတာ မမြင်ရတာ ဘယ်လောက်တောငိ ကြာနေပြီလဲ"
လိန်ယွန်ဟာလည်း ဝမ်လီလီ ပျော်ရွှင်စွာစားနေတာကို ကြည့်ပြီး တံတွေး မျိုချလိုက်ပါတယ်။ဒီပန်ကိတ်ကို သူမစားချင်လို့ ဝယ်ခဲ့တာ ဖြစ်ပြီး ဝမ်လီလီ စားနေတာမြင်တော့ သူမလည်း စားချင်မိပါတယ်။
"ဒါရိုက်တာ ကျန်း ၊ ဒါက ဘာအခြေအနေလဲ"
မဒမ် ဝမ်ဟာ မေးလိုက်သည်။
ဒါရိုက်တာ ကျန်းဟာ အချိန်ခနလောက် စဥ်းစားပြီးမှ ပြန်ပြောလိုကိသည်။
"ကျွန်တော်ကတော့ အရင်ကုသမူတွေက ခုမှ အကျိုးသက်ရောက်တယ်လို့ ထင်တာပဲ။ဒီနေ့ ဘာတွေ ထူးခြားတာ လုပ်သေးလဲ"
"ဟင်အင် ဘာမှ မလုပ်မိဘူး"
ဒါရိုက်တာ ကျန်းလည်းသိပ်တော့ မသေချာပါဘူး။သူ အရင်ကုသခဲ့တာတွေ အခုမှ အစွမ်းပြလာတာလို့ အတည်မပြုရဲပေမယ့်လည်း ဆေးပညာနဲ့ သိပ္ပံ ပညာကို ယုံကြည်ပါတယိ။
"ကြည့်ရတာ ဆေးစွမ်းပြလာတာ ထင်တယ်။ဒါစားပြီးရင် သူမကို တစ်ခြားဟာတွေ စားကြည့်ခိုင်းလိုက်ဦး။သူမ စားတယ် ဆိုရင်တော့ ဒါ သက်သာလာတာပဲ"
မဒမ် ဝမ်ဟာ သူ့ရဲ့ စကားတွေကို ကြားတဲ့ အချိန်မှာ ဝမ်းသာ သွားခဲ့သည်။
"ဒါရိုက်တာ ကျန်း ကျွန်မသမီးလေး ၊ သက်သာလာပြီလို့ ပြောလိုက်တာလား"
ဒါရိုက်တာ ကျန်းဟာ ခေါင်းညိမ့်ပြီး ပြောလိုက်သည်။
"အဲလိုထင်တာပဲ ၊ ဒါပေမယ့် အတည်ပြုဖို့အ တွက်တော့ စမ်းသပ်ကြည့်ရဦးမယ်လေ"
ဝမ်လီလီဟာ ပန်ကိတ်စားပြီး ချဲ့ကားတဲ့ အမူအရာဖြစ်နေခဲ့ပါတယ်။သူမကြည့်ရတာတော့ စိတ်ဝိဥာဥ်တွေ ပြန်ရောက်လာသလိုပါပဲ။
ဝမ်လီလီဟာ ပလပ်စတစ်အိတ်ကိုတောင် လျာနဲ့ယက်နေပြီး အကတ်အသတ်တွေတောငိ မချန်ချင်တဲ့ ပုံပါပဲ။
"စားချင်နေသေးတယ်"
ဝမ်လီီလီဟာ အော်လိုကိသည်။
ဒါရိုက်တာ ကျန်းဟာ အသီးအရွက် ခွက်ကို ယူလိုက်ပြီးတော့ ပြောလိုက်သည်။
"ဒါလေး စားကြည့်ပါလား"
"အသီးအရွက်မစားဘူး၊ ပန်ကိတ်ပဲစားမယ်"
"ဒါလေးနည်းနည်းစားလိုက် အဲတာဆိုရင် ပန်ကိတ်ကျွေးမယ်လေ"
ဒါရိုက်တာ ကျန်းဟာ တိုးတက်မူသေချာအောင် လုပ်နေခဲ့ပါတယ်။
ဝမ်လီလီဟာ အဟီးအရွက်အနည်းငယ် ကို ပါးစပ်ထဲ ထည့်လိုက်ပေမယ့်လည်း မမျိုချပါဘူး။
*အော့ *
သူမ ပါးစပ်ထဲရောက်တာ ခနလေးပဲ ရှိသေးပေမယ့်လည်း ပြန်အန်ထုတ်ပြီးပါပြီ။
ဒါရိုက်တာ ကျန်းအတွက်ကတော့ ဒီကိစ္စက ပဟေဌိ ဖြစ်စရာပါပဲ။
ဒါဘယ်လို ဖြစ်နိုင်မှာလဲ....
ခုနကတောင် ပန်ကိတ်ကို အားရပါးရစားနေသေးတယ်. အသီးအရွက်ကျမှ ဘာဖြစ်လို့လဲ..
ဝမ်လီလီဟာ အိပ်ယာကို ရိုက်နှက်ကာ အော်ဟစ်လိုက်သည်။
"သမီး ပန်ကိတ်ပဲ စားချင်တယ် ၊ ပန်ကိတ်ပဲ စားချင်တာ။အသီးအရွက်တွေ မစားချင်ဘူး.."
"ဒေါက်တာ အဆင်ပြေပါတယ်။ကျွန်မ ပန်ကိတ်အခုပဲ သွားဝယ်လိုက်မယ်"
မဒမ် ဝမ်ဟာ တွေဝေခြင်းမရှိပဲ ထွက်သွားခဲ့ပါတယ်။ဒီချိန်ဆို ဆေးရုံးရဲ့ ဝင်ပေါက်နားမှာ ပန်ကိတ်သည် တွေမှ ပေါလို့ပါပဲ။
လိန်ယွန်ဟာ တစ်ခုခုပြောလိုက် ချင်ပေမယ့်လည်း မဒမ် ဝမ်က ကျည်ဆန်ထက်တောင် မြန်နေခဲ့ပါတယ်။
ခနအကြာမှာ မဒမ် ဝမ်ဟာ ပန်ကိတ်တွေနဲ့ အတူပြန်ရောက်လာခဲ့ပါသည်။
"လီလီ ပန်ကိတ်တွေ ရလာပြီ စားကြည့်ဦး"
ဝမ်လီလီ ရဲ့ မျက်လုံးတွေဟာ ပန်ကိတ်ကို မြင်တဲ့ အချိန်မှာ စိတ်လှုပ်ရှားပြီး အရောင်တောက်လာခဲ့ပါတယ်။ယင်းနောက် သူမဟာ အလျင်အမြန်ဆွဲယူပြီး ကိုက်လိုက်သည်။
* အော့ *
"ဘာဖြစ်လို့လဲ ဘာဖြစ်လို့လဲ သမီးလေး"
မဒမ် ဝမ်ဟာ အံ့သြသွားပြီး မေးလိုက်ပါတယိ။
ဝမ်လီလီဟာ အော်လိုက်သည်။
"ဒီ အရသာ မဟုတ်ဘူး။ခုနက စားတဲ့ပန်ကိတ်ကိုပဲ စားချင်တာ"
ဒါရိုက်တာ ကျန်းဟာ အတွေ့အကြုံတွေ အများကြီး ရှိပေမယ့်လည်း ဒီလို အဖြစ်မျိုးကိုတော့ မကြုံဖူးပေ။
ဘာတုန်းဟ...
ဒီလိုအရာကို ရှင်းပြဖို့ ဘာအထောက်အထားတွေ ရှိလဲ.....
ဒါက ပန်ကိတ်ပဲလေ။သူမက အခုဟာကို ငြင်းပြီး ဘာလို့ ခုနက ဟာမှလဲ..
လိန်ယွန်ဟာ ပြောလိုက်သည်။
"ခုနက ပန်ကိတ်က တိမ်ဖြူလမ်းကနေ ဝယ်ခဲ့တာ။အဲ့ကပန်ကိတ်က အရမ်းအရသာ ရှိတယ်ပြောလို့ အလုပ်မလာခင် ဝယ်ခဲ့တာလေ"
မဒမ် ဝမ်ဟာ ဒါကိုကြားပြီး အမြန်ပြောလိုက်သည်။
"ဒါဆို အဲ့ကို အခုသွားရအောင်"
"မဒမ် ခနလေး၊ အဲ့က ပန်ကိတ်တွေက ဝယ်ဖို့ မလွယ်ဘူး။အဲ့မှာက တစ်နေ့ကို ပန်ကိတ် ဆယ်လုံး ပဲရောင်းတာ။ပြီးတော့ ပန်ကိတ်ဝယ်ဖို့ အတွက်ဆို နံပါတ် ကံထူးဖို့လည်း လိုသေးတယ်။
လိန်ယွန်ဟာ ရှင်းပြလိုကိသည်။
မဒမ် ဝမ်ဟာ ခေါင်းခါယမ်းပြီး ပြန်ပြောလိုက်ပါတယ်။
"ဟင်အင် ဘယ်လောက်ပဲ ခက်ခက် ရအောင် ဝယ်ရမယ်။လီလီ အဆင်ပြေတယိ အမေရအောင် ယူခဲ့မယ်နော်"
လိန်ယွန်ဟာ အချိန်အတော်ကြာ တွေးပြီးပြောလိုက်ပါတယ်။
"မဒမ် ကျွန်မပါ လိုက်ခဲမယ်"
မဒမ် ဝမ်ဟာ ဝမ်းသာသွားပြီး ပြောလိုက်သည်။
"ကျေးဇူးပါ ကျေးဇူးပါ.."