ကြီးမားတဲ့ ချိုးဖျက်မှု
Vol. 10 Ch. 141
တိမ်ဖြူလမ်း။
လင်းဖန်ဟာ ဆိုင်ထဲမှာ ထိုင်ပြီး ဖုန်းပြောနေ ခဲ့ပါတယိ။
ဒါက ကျောင်းဖေး ဖြစ်ပြီး သူက လင်းဖန်ကို အလျင်မလိုဖို့နဲ့ အဖွဲ့အစည်းက သူ့ကို အမြဲတမ်းကြိုဆိုနေမှာ ဖြစ်ကြောင်း ပြောချင်နေခဲ့တာပါ။
လင်းဖန် ဒါကို လုံးဝမယုံကြည်ပါဘူး။သူလုပ်ခဲ့တာတွေကိုပြန်ကြည်ရင် အဖွဲ့အစည်းက သူ့ကို ကြိုဆိုဖို့ ဆိုတာ မဖြစ်နိုင်တဲ့အရာပါ။
သူ ဒီအကြောင်းတွေ စိတ်မဝင်စားတော့ ပြောနေလည်း မှ ထူးမှာ မဟုတ်တော့ပါဘူး။သူ စောစော ထွက်လာလေ စောစော အပူကင်းလေ ပါပဲ။
အဲ့က အရှုပ်တွေက သူ့ရဲ့ ငယ်ရွယ်တဲ့ နှလုံးသားကိုတောင် အနာတရ ဖြစ်စေပါတယိ။သူက အသက်ရာကျော် ရှည်ချင်တဲ့ လူတစိယောက်ပါ။
သို့ပေမယ့် ဖုန်းပြောစဥ်အတွင်းတွင် ကျောင်းဖေးဟာ ဒုတိယဥက္ကဌ ဂေါင်နဲ့ ဝမ်ယန်ဂျီ အကြောင်းတွေကို ပြောပြနေခဲ့သည်။
ဒုတိယ ဥက္ကဌ ဂေါင်နဲ့ ဝမ်ယန်ဂျီ တို့ဟာ အထက်ဖဲ့ ရာထူးလျော့ချခြင်းကို ခံခဲ့ကြရပါတယ်။အထက်က လူကြီးတွေဟာ သူတို့ကို ပြင်းထန်တဲ့ အပြစ်ပေးမူတွေ လုပ်နေကြပြီး ဒါတွေက သူ့တို့ကို နိပ်စက်နေသလို ပါပဲ။
ထပ်ပြီး လင်းဖန်ကို အံ့သြစေတာက ဂိတ်ပေါက်ဝမှာ စောင့်နေတဲ့ အကြီးအကဲ နီက အမှန်တော့ အထက်လူကြီးတွေ ခန့်ထားတဲ့ ဥက္ကဌ ပါ။
ဒီလူကြီးက ဖုန်းကွယ်ထားတဲ့ နေရာမှာတော့ အတော်ကို ဆရာကျပါတယိ။သူက ရှန်ဟိုင်း ကိုယ်ခံပညာ အဖွဲ့အစည်းရဲ့ ဂိတ်ပေါက်ဝမှာ တစ်နှစ်ကျော်လောက် ဖုံးကွယ်နေခဲ့တာပါ။
ရှန်ဟိုင်း အဖွဲ့အစည်းက လူတွေ ဘယ်သူမှ သတိမထားမိကြပါဘူး။
သို့ပေမယ့် လင်းဖန် ဒါတွေကို ထပ်မတွေးနေချင်တော့ပေ။
အခုချိန်မှာ သူ့ဘဝက သာယာနေတယ်လို့ ပြောလို့ရပါတယ်။သူ့အလုပ်က တစ်နေ့ကို ပန်ကိတ်ဆယ်လုံးရောင်းပြီး ဝူတန်ဟီ ဗေဒင်ဟောကို စောင့်ကြည့်ပါတယ်။
ဒီကြားထဲ လိုအပ်တာတွေ ရှိရင် သူအကြံဥာဏ် တစ်ချို့ ဝင်ပေးခဲ့သည်။
အဲ့အချိန်မှာပဲ လူနှစ်ယောက်ဟာ ဆိုင်နားကို ကပ်လာခဲ့တာ တွေ့လိုက်ရပါတယ်။
သူတို့ထဲက တစ်ယောက်က ဒီနေ့မနက်က ဆိုင်ကနေ ပန်ကိတ်ဝယ်သွားတဲ့ ပြည့်ပြည့်ဖြိုးဖြိုး မိန်းမလှလေးဖြစ်သည်။
သူမက သူနာပြု ဖြစ်နေမယ်လို့ ဘယ်သူထင်ထားမှာလဲ.....
လိန်ယွန်ဟာ ဆိုင်ကို လက်ညိုးထိုးကာ ပြောလိုက်သည်။
"ဒီဆိုင်ပဲ"
မဒမ် ဝမ်ရဲ့ အမူအရာကတော့ စိုးရိမ်နေခဲ့ပါတယိ။ဆိုင်ထဲက အခြေအနေကို ကြည့်ပြီးနောက်မှာ သူ လူလိမ်ထျန်ရဲ့ လက်ကို ဖမ်းဆွဲလိုက်သည်။
"ဆရာကြီးရှင့် ပန်ကိတ်လေး နည်းနည်းလောက် ရောင်းပေး နိုင်မလား"
လူလိမ် ထျန်ဟာ ကြောင်အသွားပြီး လင်းဖန်ကို လက်ညိုး ထိုးပြလိုက်သည်။
"ကျွန်တော်က ပန်ကိတ်ရောင်းတဲ့ ဘူမဟုတ်ဘူး။ဟိုမှာ..."
မဒမ် ဝမ်ဟာ လင်းဖန် ဆီကို ချက်ချင်းသွားလိုက်ပါတယ်။
"သူဌေး ပန်ကိတ်လေး တစ်ချို့လောက် လုပ်ပေးပါ"
လင်းဖန် အနည်းငယ် ကြောင်သွားပါတယိ။ဘာတွေဖြစ်နေလည်း သူနားမလည်နိုင်တော့ပါဘူး။
"တောင်းပန်ပါတယ်။ကျွန်တော်က တစ်နေ့ကို ပန်ကိတ် ဆယ်လုံးပဲ ရောင်းတာ။ဒီနေ့အတွက်က ရောင်းကုန်သွားပြီ တကယ်လို့ ဝယ်ချင်တယ် ဆိုရင် မနက်မှ လာတန်းစီပါ"
မဒမ် ဝမ်ဟာ ကြောက်လန့်သွားခဲ့ပါတယ်။သူမရဲ့ သမီးလေးက ဒီက ပန်ကိတ်ကို စားဖို့သောင့်နေတာပါ။
"သူဌေး တောင်းပန်ပါတယိ၊ တစ်ခုလောက်ပါပဲ"
လင်းဖန် သူ့ကို ဒီလောက်အထိ တောင်းပန်တဲ့ကာစတန်မာမျိုး အရင်က မတွေဖူးပါဘူး။သို့ပေမယ့် ဒီလိုတောင်းပန်ရုံနဲ့ သူ့စည်းမျဥ်းတွေကို မချိုးဖောက်ချင်ပေ။
"တောင်းပန်ပါတယိ။ ဒါက ဆိုင်ရဲ့ စည်းမျဥ်းပဲလေ။တကယ်လို့ ဝယ်ချင်တယ် ဆိုရင် မနက်ဖြန်မှ ကံလာစမ်းပါ"
လိန်ယွန်ဟာ မနေနိုင်တော့ပဲ ဝင်ပြောလိုက်သည်။
"သူဌေး သူမရဲ့ သမီးက ပြင်းထန်တဲ့ ဝိတ်ကျရောဂါခံစားနေရတာလေ။သူမက အခုဆေးရုံမှာ ဘာမှ မစားဘူး။ဒါပေမယ့် ဒီမနက် ကျွန်မ ဝယ်သွားတဲ့ ပန်ကိတ်ကို ကျတော့ စားတယ်။အခု သူမက ထပ်စားချင်သေးတယ်လို့ ပြောနေတယ်လေ။ကျေးဇူးပြုပြီး ဒီတစ်ကြိမ်ကို ချွတ်ယွင်းချက်အနေနဲ့ လုပ်ပေးလို့မရဘူးလား"
လင်းဖန်ဟာ ဒါကိုကြားပြီး မယုံကြည့်နိုင်ဖြစ်သွားသည်။
ငါ့ ပန်ကိတ်က ဒီလို အစွမ်းလည်း ရှိတာပဲလား...
ပြင်းထန်တဲ့ ဝိတ်ကျရောဂါ ဖြစ်နေတဲ့ လူက ငါ့ပန်ကိတ်ကျတော့ စားတယ်လား....
သူ ပြင်းထန်တဲ့ ဝိတ်ကျရောဂါ ဖြစ်နေတဲ့ လူကို မမြင်ဖူးပေမယ့်လည်း ၊ သာမန် ဝိတ်ကျရောဂါ သည်တွေ အကြောင်းတော့ ကြားဖူးပါသေးတယိ။
ဒီလို လူနာတွေက ဘာအစားအစာမှကို မစားကြပါဘူး။သူတို့ ပါးစပ်ထဲကို အတင်းကြိုးစားပြီးတည့်ရင်တောင် ပြန်အန်ထုတ်ကြတာပါ။
လူလိမ် ထျန်နဲ့ ကျန်တဲ့ လူတွေဟာလည်း လင်းဖန်ကို မျက်တောင် မခတ်ပဲ ကြည့်နေကြသည်။ဒီပန်ကိတ်တွေ မှာ ဒီလောက်ထိ စွမ်းဆောငိရည် ရှိလိမ့် မယ်လို့ မထင်ထားခဲ့ကြပေ။
တကယ်လို့ လူတွေ သိသွားကြရင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြမှာပါ။
မဒမ် ဝမ်ဟာ မျက်ရည်ကျလုနီး နေပါပြီ။သူမ သမီးလေး စတင်ခံစားရကတည်းက သူမ ခံစားချက်တွေကို ထိန်းချုပ်ထားရတာ လ အနည်းငယ် ရှိပါတော့မယ်။
အခု မျှော်လင့်ချက်တစ်ခု ရှိလာပြီ ဖြစ်ကာ သူမ လက်မလွှတ်ချင်ပေ။
"သူဌေး တောင်းပန်ပါတယ်"
"ဒီလို မလုပ်ပါနဲ့"
လင်းဖန် အလျင်အမြန် ထူလိုက်ပြီး နံရံပေါ်က ကပ်ထားတဲ့ စာရွက်ကို ထိုးပြလိုက်သည်။
"ခင်ဗျားတို့ နှစ်ယောက် ဟိုစာရွက်ကို မြင်တယ်မလား။အဲတာကို ဖတ်ပြီး နားလည်လား ကြည့်ကြည့်။ခင်ဗျားတို့ နှစ်ယောက် ကျော်ဖြတ်နိုင်မယ်လို့ ကျုပ်ယုံကြည်တယ်"
မဒမ် ဝမ် နဲ့ လိန်ယွန်ဟာ လင်းဖန်ပြောတာကို နားမလည်ပေမယ့် လည်း နံရံက စာရွက်ကို သွားဖတ်ကြည့်လိုက်သည်။
ဒီမှာ စွယ်စုံကျမ်းရဲ့ အချက်အလက်တွေကို ရေးထားတာပါ။လင်းဖန်ရဲ့ စည်းမျဥ်းကတော့ ဒါကို နားလည်တဲ့ ဘယ်သူမဆို ပန်ကိတ်ရကြပါလိမ်မယ်။
လိန်ယွန်ဟာ အစားအသောက် နှစ်သက်ပေမယ့်လည်း ဒီလို အရည်အချင်းမရှိပေ။
မဒမ် ဝမ်ကတော့ အတော်ကို လေးနက်ပါတယ်။သူမဟာ စကားလုံး တစ်လုံးချင်းစီ တိုင်းကိုညသေချာနားလည်အောင် ဖတ်နေခဲ့သည်။
စွယ်စုံ အမှတ် + 1
လင်းဖန်ရဲ့ ခေါင်းထဲမှာ အချက်ပေးသံမြည်လာခဲ့ပါတယ်။သူ့ စွယ်စုံအမှတ်ဟာ တက်သွားခဲ့သည်။
"ကောင်းပြီ အောင်သွားပြီ"
အခုချိန်ထိ စွယ်စုံကျမ်းက ဘယ်အရာပေါ်မူတည်ပြီး အမှတ်တိုးလည်း သူကိုယ်တိုင်မသိသေးပါဘူး။
သူ အကြိမ်များစွာ စောင့်ကြည့်ပြီးပါပြီ။တစ်ချို့လူတွေက အချက်အပြုတ်အတော် ဝါသနာပါ ပြီးကျွမ်းကျင်ပေမယ့်လည်း စွယ်စုံအမှတ်တိုးအောင် မစွမ်းဆောင် နိုင်ကြပေ။
တစ်ချို့ လူတွေက အချက်မပြုတ် မသိကြပေမယ့် တစ်ခေါက် ဖတ်တာနဲ့ စွယ်စုံအမှတ်တက်တာတွေလည်း ရှိပါသေးတယိ။
သို့ပေမယ့် စွယ်စုံကျမ်း ဘယ်လို့ အလုပ်လုပ် သူသိပ်ပြီး ဂရုမစိုက်ပါဘူး။စွယ်စုံ အမှတ် တက်တယ်ဆိုရင်ပဲ အဆင်ပြေပါပြီ။
"အခု ပန်ကိတ် ဝယ်လို့ရပြီလား"
မဒမ် ဝမ်ဟာ စိတ်လှုပ်ရှားစွာမေးလိုက်သည်။
"အင်း"
လင်းဖန် လှည်းဆီ လျောက်သွားလိုက်ပြီး အုပ်ထားတဲ့ အဖုံးကို ဆွဲဖွင့်လိုက်ပါတယ်။သူ မီးသွေး အနည်းငယ်ကို အရင်ထည့်လိုက်သည်။
ယင်းနောက် သူမီးမွှေးပြီး ၊ ဆီနဲ့ ပါဝင်ပစ္စည်းတွေကို စတင်လုပ်ဆောင်လိုက်ပါတယ်။
သူ့လှုပ်ရှားမူတွေဟာ မြန်ဆန်ပြီး တုန့်ဆိုင်းခြင်းမရှိပေ။ခနအကြာမှာ ပန်ကိတ်ဟာ စတင်ပုံပေါ်လာခဲ့ပါတယိ။
အပြင်ဘက်ရွှေရောင် အလွှာဟာ မျက်လုံးကို အတော် ဖမ်းစားနိုင်နေခဲ့သည်။ဒါက သဘာဝလွန်တဲ့ အရာမျိုးပါ။
ရနံ့ဟာ ပျံ့နှံ့လာပြီး လေထုတစ်ခုလုံးကို လွမ်းခြုံသွားခဲ့ပါတယ်။
လိန်ယွန်ဟာ ပန်ကိတ်ရနံ့ကို ရပြီး တံတွေးမျိုကြလိုက်သည်။သို့ပေမယ့် ဒါသူမအတွက်မဟုတိဘူး ဆိုတာ သိထားပါတယ်။
"ပြီးသွားပြီ။ကျွန်တော်တို့ ဆိုင်က ပုံမှန်ကိုဘတစိနေ့ ဆယ်ခုပဲ ရောင်းတာ"
မဒမ် ဝမ်ဟာ ပန်ကိတ်ကို ကလေးလေးလို တယုတယ ကိုင်လိုက်ပါတယ်။
"ဘယ်လောက်လဲ"
လင်းဖန် ပြန်ဖြေလိုက်သည်။
"ငါးဆယ်"
ငွေရှင်းပြီးတာနဲ့ မဒမ်ဝမ်နဲ့ လိန်ယွန်တို့ဟာ ကားဆီသွားပြီး ဆေးရုံကို ပြန်ထွက်သွားခဲ့ပါတယ်။
လူလိမ် ထျန်ဟာ လျောကိလာပြီး ပြောလိုက်သည်။
"ချီးပဲ တကယ်မိုက်တယ်။ဒီပန်ကိတ်ကို ပြင်းထန်တဲ့ ဝိတ်ကျရောဂါ သမားတောင် စားတယ်လား။သူတို့ အရသာ ဘယ်လိုနေမလဲ"
လင်းဖန် ပုခုံး တွန့်လိုက်သည်။
ဘယ်သူသိမှာလဲ....
စွယ်စုံကျမ်းက သူ့ကို အရသာရှိတဲ့ ပန်ကိတ်ပဲ ဖန်တီးခွင့်ပေးမယ်လို့ ထင်ထားတာပါ။ဒီလောက်ထိအရသာ ရှိလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။
ဆေးရုံတွင်။
မဒမ် ဝမ်ဟာ ကားပေါ်မှ ဆငိးလိုက်သည်။ယင်းနောက်သူမ ဆေးရုံထဲကို အလျင်အမြနိဝင်သွားပြီး မသိရင် သူမ စက္ကန့်ပိုင်းနောက်ကျတာနဲ့ သူမသမီးလေး သေသွားမယ့် ပုံစံ ဖြစ်နေခဲ့ပါတယ်။
ကမ္ဘာပေါ်မှာ ဒီလို အပြုအမူကို မိခင်တွေကလွှဲပြီး ဘယ်သူမှ နားလည်နိုင်မှာ မဟုတ်ပါဘူး။
လူနာဆောင်တွင်။
"ပန်ကိတ်စားချင်ပါတယ်ဆို ဘာလို့ ရောက်မလာသေးတာလဲ"
ဝမ်လီလီဟာ ကုတင်ပေါ်မှာရှိနေခဲ့သည်။သူမ ခုနက ပန်ကိတ်စားပြီးတာနဲ့ ခွန်အားတွေ ပိုပြည့်လာခဲ့ပြီး ငိုကြွေးနေခဲ့ပါတယ်။
ဒါရိုက်တာ ကျန်း ဟာဘာတွေဖြစ်နေလဲ အခုထိနားမလည်သေးပေ။
ဘာကိတ်တွေက ဘာကွဲပြားလို့လဲ...
ဒီကလေးမလေးက ဘာမှ မစားပေမယ့် ပန်ကိတ်ကိုတော့ စားပါတယ်။ထပ်ပြောရရင် သူမက ခုနက ပန်ကိတ်မျိုးကိုပဲ စားချင်နေတာပါ။
ပန်ကိတ်ဆိုတဲ့ အရာက ဆီတွေ များပါတယ်။ဒီလို လူနာတွေက အဲလို အစားအသောကိတွေဆိုရင် ဝေးဝေး ရှောငိကြစမြဲပါ။ဆီနံ့ရရင်ကို သူတို့ဟာ အော့အန်တတ်ကြသည်။
"လီလီ အမေလာပြီ"
,
မဒမ်လီဟာ အထဲကို အမြန်ဝင်လာပြီး ပန်ကိတ်ကို အိပ်ထဲက ထုတ်လိုက်ပါတယ်။
ဒါရိုက်တာ ကျန်းဟာ သူမကို အလျင်အမြန်တားလိုက်သည်။
"ဒီကို နည်းနည်းလောက် ပြကြည့်ပါလား"
ဒါရိုက်တာ ဝမ်က တောင်းတာကြောင့် မဒမ်ဝမ်ဟာ မငြင်းပဲ ပေးလိုက်သည်။
တစ်ဖက်မှာ ဝမ်လီလီကတော့ အလျင်လိုနေခဲ့ပါတယ်။
သူမလက်ထဲပန်ကိတ်ရောက်တာနဲ့ အားရပါးရကိုက်ပြီးစားလိုက်ပါတယ်။မသိရင် စက္ကန်အနည်းငယ် အတွင်း ပန်ကိတ်ပျောက်သွားတော့မယ့် အတိုင်းပါပဲ။
မဒမ် ဝမ်ဟာ သူသမီးလေး စားနေတာ မြင်တဲ့အချိန်မှာ မျက်နှာမှာ မပြုံးတစ်ခုပေါ်လာပြီး မျက်လုံးတွေ နီရဲ သွားခဲ့ပါတယ်။ဒါက တကယ်ထိုက်တန်တာပါ။
ဒါရိုက်တာ ကျန်းဟာ သူ့လက်ထဲက လက်မအရွယ်ပန်ကိတ်က စိုက်ကြည့်လိုက်သည်။သူ မျက်မှောင်ကျုတ်ပြီး အနည်းငယ် စားကြည့်လိုက်ပါတယ်။
ရုတ်တရက်
သူဟာ ကြောင်အသွားပြီး သူ့ရဲ့ မျက်လုံးဟာတော့ နွားသိုး တစ်ကောင်လို ပြူးကျယ်သွားခဲ့ပါတယ်။
သူနောက်ထပ် ထပ်စားချင်ပေမယ့်လည်း တောင့်ခံလိုက်သည်။သူ ဒီပန်ကိတ်ကို စမ်းသပ်ရဦးမှာပါ။
ပန်ကိတ်ထဲမှာ ဘာတွေ ထည့်ထားတာလဲ....
အပြင်းအထန် ဝိတ်ကျရောဂါ ခံစားနေရတဲ့ လူကိုတောင် စားချင်စိတ် ဖြစ်ပေါ်စေတယ်လား....
သူသာ ဒီနောက်ကွယ်က လျို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ရင် ဝိတ်ကျရောဂါ ခံစားနေရတဲ့ လူတွေအတွက်တော့ ကြီးမားတဲ့အောင်မြင်မူကြီးပါပဲ။