ခင်ဗျား သူမကို ရည်းစားစကား ပြောချင်နေတာပဲ ဖြစ်လိမ့်မယ်
Vol. 10 Ch. 142
ဒါရိုက်တာ ကျန်းဟာတော့ ဒီပန်ကိတ်ကို အတော်စိတ်ဝင်စားနေခဲ့ပါပြီ။ဘာတွေ ဖြစ်နေတာလဲ ဆိုတာ သူကျိန်းသေ ဖော်ထုတ်ရပါမယ်။
ပုံမှန်ပန်ကိတ်တစ်ခုက ဘယ်လိုလုပ် ဒီလို အကျိုးသက်ရောက်မှု ရှိနိုင်မှာလဲ......
ဒါရိုက်တာ ကျန်းအတွက်ကတော့ သူ့ရှေ့မှာ ရတနာ သိုက် မြေပုံတစ်ခုရောက်နေသလိုပါပဲ။သူနည်းနည်း ကြိုးစားပြီး ရှာဖွေဖို့ပဲ လိုအပ်ပါတယ်။
ညအချိန်။
ဓာတ်ခွဲခန်းမှာ ရှိနေတဲ့ ဆရာဝန်ဟာ ပြောလိုက်သည်။
"ဒေါက်တာ အထဲမှာ ဘာထူးခြားတဲ့ ပါဝင်ပစ္စည်းတွေမှ မပါဘူး"
ဒါရိုက်တာ ကျန်းဟာ မယုံကြည်နိုင်ဖြစ်သွားခဲ့သည်။
"ကောင်းပြီ ဘာတွေပါလဲ"
ဓာတ်ခွဲခန်း ဆရာဝန်ဟာ တစ်ခုချင်းရွတ်ပြလိုက်ပါတယ်။
"တရုတ်နံနံ ၊ ကြက်သား ၊ ကြက်ဥ ၊ နွေ ကြက်သွန်နီ ၊ ငရုတ်သီး ၊ ဆီ ၊ ဝက်ပေါင်......"
ဘယ်လို ဖြစ်နိုင်မှာလဲ..
ဒါရိုက်တာ ကျန်းဟာ စဥ်းစားရကြပ်သွားခဲ့ပါတယ်။
ဘယ်လို ဖြစ်နိုင်မှာလဲ...
ဒါက ဆေးရုံရှေ့မှာရောင်းနေတဲ့ လမ်းဘေး ဆေးဆိုင်တွေနဲ့ အတူတူပဲလေ..
ဒါဆို ပန်ကိတ်တွေက ဘယ်လိုဖြစ်ပြီး ဒီလို အကျိုးသက်ရောက်မူ ဖြစ်နေတာလဲ...
ဆေးရုံမှာလည်း သတင်းတွေ ပျံ့နှံ့နေခဲ့ပါတယ်။
ဒါက ဒေါက်တာပဲဖြစ်ဖြစ် ၊ သူနာပြုပဲ ဖြစ်ဖြစ် ပြသနာ မရှိပါဘူး။လူတိုင်း လူနာဆောင် ၃ က ကလေးမလေး အကြောင်းကို သိကြပါတယ်။
သူမဟာ နောက်ဆုံးတော့ ပန်ကိတ် စားပါပြီ ၊ ဒါက ပန်ကိတ်တစ်ခုတည်းပဲ ဆိုပေမယ့် ဆေးပညာ သမိုင်းမှာတော့ အတော်ထူးခြားတယ်လို့ ပြောလို့ရပါတယ်။
အဆောက်အဦးတစ်ခုတွင်။
လင်းဖန်ဟာ တံခါးအပြင်ဘက်မှာ ရပ်နေခဲ့ပါတယ်။သူဟာ သော့ကို ဖွင့်ပြီး တံခါးကို ဖွင့်ဖို့ လုပ်လိုကိတဲ့ အချိန်မှာပဲ သူ့ရဲ့ ကျွမ်းကျငိမူတွေကို စမ်းသပ်သင့်တယ်လို့ တွေးမိလိုက်ပါသည်။
သူဘေးပတ်လည်ကို ကြည့်လိုက်ပေမယ့်လည်း ဘယ်သူမှ မတွေ့ပါဘူး။ယင်းနောက် သူ သော့ဖွင့်ကာ အထဲကို ဝင်ပြီး တစ်ခုခုကို ရှာဖွေလိုက်ပါတယ်။
သူ အိမ်ထဲက ဝိုင်ယာကြိုး နှစ်ချောင်းကို ယူလာကာ အပြင်ကို ပြန်ထွက်ပြီး သော့ပြန်ခတ်လိူက်ပါတယ်။
သူဟာ ဝိုင်ယာကြိုးကို သော့ပေါက်ထဲ စတင်ထိုးထည့်လိုက်သည်။ရုတ်တရက် သူ့တစ်ကိုယ်ထဲကို သော့ဝိဇ္ဇာ တစ်ယောက်က ဝင်ပြီး ပိုင်ဆိုင်သွားသလိုပါပဲ။
အချိန်ခနလေး အတွင်မှာတင် အသံတစ်ခုဟာ မြည်ပြီး သော့ပွင့်သွားခဲ့သည်။
အိုး ချီးပဲ ပွင့်သွားပြီဟ...
"ဒီတံခါးက တကယ် အသုံးမကျတာပဲ။ငါ ဒါကို ဖွင့်ဖို့ သုံးစက္ကန့်လောက်ပဲ ကြာတယ်။မသိရင် သော့နဲ့ ဖွင့်ဝင်တာ ကြနေတာပဲ"
လင်းဖန် သူ့တံခါးက ဒီလောကိဖွင့်ရလွယ်ကူနေလိမ့်မယ်လို့ မထင်ထားမိခဲ့ပေ။တကယ်လို့ သူခိုးတွေသာ တားဂတ်ထားရင် အေးဆေးအထဲဝင်လို့ရပါတယ်။
သို့ပေမယ့် သူဒါကို စိတ်ထဲမထားပေ။သူ့အိမ်ထဲမှာက တန်ဖိုးကြီးတာ ဘာမှမရှိပါဘူး။တစ်စုံတစ်ယောက်က အရည်အချင်းရှိလို့ ခိုးမယ် ဆိုရင်လည်း ခိုးကြပါစေ။
နောက်တစ်ရက်။
မနက် ငါးနာရီ အချိန်။
အဲ့အချိန်မှာတော့ လမ်းပေါ်မှာ ညဘက် အချိန်ပို ဆင်းပြီး ပြန်လာတဲ့ လူတွေ လမ်းသန့်ရှင်းရေး လုပ်တဲ့ လူတွေနဲ့ ပြည့်နေခဲ့ပါတယ်။
သို့ပေမယ့် ဆိုင်ရှေ့မှာ ဘာမှမလုပ်ပဲ ရပ်နေတဲ့ လူ တစ်ယောက်ဟာ ထူးဆန်းစွာ ရှိနေခဲ့သည်။
မနေ့ညက မိုးသည်းထန်စွာရွာထားတဲ့ အတွက် ဒီနေ့ မနက်မှာ ထူးထူးခြားခြား အအေးပိုနေခဲ့ပါတယ်။
သို့ပေမယ့် မာစတာ လင်းရဲ့ ဆိုင်ရှေ့မှာ ရပ်နေတဲ့ မိန်းကလေးဟာတော့ အအေးဒဏ်ကို အံတုရင်း ရပ်စောင့်နေတာ သိသာထင်ရှားလှပေသည်။
လမ်းသန်းရှင်းရေးသမားတွေက တော့ အလုပ်ရှုပ်နေကြပါတယ်။သူတို့ဟာ တိမ်ဖြူလမ်းမှာ ကျော်ကြားတဲ့ ဆိုင်တစ်ဆိုင်ရှိတာ ကို သိကြပြီး ရလာဒ်အနေနဲ့ သူတို့ သိမ်းစရာ အမှိုက်တွေ များစွာ ကျန်နေခဲ့တာပါပဲ။
သန့်ရှင်းသမားတွေ ကားဟာ မာစတာ လင်းရဲ့ ဆိုင်ရှေ့ကို အဖြတ်မှာတော့ ဆိုင်ရှေ့မှာ ရပ်စောင့်နေတဲ့ အမျိုးသမီး တစ်ဦးကို တွေ့လိုက်ကြသည်။
"ဒီဆိုင်က မတက် ၈ နာရီမှ ဖွင့်တာ ၊ ခင်ဗျားလာတာ အရမ်းစောနေတယ်။ဆိုင်ဖွင့်ဖို့ နောက်သုံးနာရီတောင် ကျန်သေးတယ်"
မဒမ် ဝမ်ဟာ ခေါင်းခါယမ်းလိုက်သည်။
"ဒါမစောပါဘူး ၊ မစောပါဘူး ကျွန်မသာနောက်ကျရင် အချိန်မှီ တန်းစီနိုင်မှာ မဟုတ်ဘူး"
သန့်ရှင်းရေး သမားတွေကတော့ နားမလည်နိုင်တော့ပါဘူး။
ဒီအမျိုးသမီး ဘာဖြစ်နေတာလဲ.....
ဒီဆိုင်က ပန်ကိတ်က အရမ်းအရသာရှိရင်တောင် မနက်မိုးမလင်းခင်ကြီး လာတန်းစီဖို့ မလိုဘူးလေ။
အခုချိန်ကအရမ်းအေးပြီး ၊ သူမဟာ ကိုယ်ကို့ကို အပြစ်ပေးနေတာနဲ့ တူနေပါတယိ။
သူမ ရူးနေပြီ..
မနက် ၇ နာရီ။
လူလိမ် ထျန်ဟာ ဆိုင်ကို သီချင်းလေး ညဥ်းရင်း ထွက်လာခဲ့ပါတယ်။သူ ဖြတ်သန်းနေရတဲ့ နေ့ရက်တွေက သာသာယာယာ ပါပဲ။
ယင်းနောက်တွင် သူဟာ ဆိုင်ရှေ့မှာ တစ်ယောက်ယောက်ကို တွေ့လိုက်ရသည်။
သူသံသယ ဖြစ်သွားခဲ့ပါတယ်။
"မိန်းကလေး ဘာလုပ်နေတာလဲ"
လူလိမ် ထျန်ဟာ သူမနားကပ်ကာ မေးလိုက်သည်။
မဒမ် ဝမ်ရဲ့ ခေါင်းမော့လိုက်တဲ့ အချိနိမှာ လူလိမ် ထျန်ဟာ အံ့သြသွားခဲ့ပါတယ်။
"မင်း မနေ့က လာတဲ့တစ်ယောက်မလား"
"ဟုတ်တယ် ကျွန်မ ဒီနေ့မနက်အစောကြီး တန်းစီဖို့ ရောက်နေတာ။ကျွန်မ ပန်ကိတ်ဝယ်ရမယ့် အခွင့်အရေးကို လိုချင်လို့"
လူလိမ် ထျန်ဟာ ဒီအမျိုးသမီး အေးလွန်းလို့ တုန်ရီနေတာကို တွေ့လိုက်ရပါတယ်။သူ အလျင်အမြန်ပြောလိုက်သည်။
"ဒီမှာ မနေနဲ့ ၊မင်း ခန္တာကိုယ်နွေးသွားအောင် ဆိုင်ပေါ်လာပြီး ရေနွေး ပူပူလေးသောက်လိုက်ဦး။ဆိုင်က ၈ နာရီမှ ဖွင့်မှာ။မင်း ပန်ကိတ်ရဖို့ဆို အကြာကြီး စောင့်နေရလိမ့်မယ်"
တစ်စုံတစ်ယောက်က ဒီလောက် အစောကြီး လာပြီး တန်းစီလိမ့်မယ် လို့ မထင်ထားခဲ့ပါဘူး။ပြီးတော့ သူမပုံစံကို ကြည့်ရတာ ဒီနေရာမှာ ရှိနေတာ အတော်ကြာလောက်ပါပြီ။
ဆိုင်ထဲတွင်။
"ဒီရေနွေးလေး သောက်လိုက်ဦး ဒါက မင်းရဲ့ ကိုယ်ကို နွေးထွေးစေလိမ့်မယ်"
လူလိမ် ထျန်ဟာ ရေနွေးတစ်ခွက်ကို ယူလာပြီးပြောလိုက်သည်။
မဒမ် ဝမ်ဟာ ကျေးဇူးတင်စွာ ခေါင်းညိမ့်လိုက်သည်။
"ကျေးဇူးပါ"
လူလိမ် ထျန်ဟာ ဒီအမျိုးသမီးရဲ့ သမီးဟာ ဝိတ်ကျရောဂါ ခံစားနေတယ် ဆိုတာကို သိထားပြီး သူမအခုလို ပြုမူတာကို နားလည်ပေးလို့ရပါတယ်။
သို့ပေမယ့် သူမအစောကြီး လာတန်းစီတိုင်း ပန်ကိတ်ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ဒါက ကံတရားနဲ့ ရွေးတာပါ။
"မိန်းကလေး ကလေးရဲ့ အဖေက ဘယ်ကို ရောက်သွားတာလဲ"
လူလိမ် ထျန်ဟာ မိန်းကလေးရဲ့ အခြေအနေကို သိရဖို့ စကားအနည်းငယ် ပြောဖို့ ဆုံးဖြတ်လိုက်သည်။
"ကျွန်မတို့ ကလေး ရောဂါ စဖြစ်ကတည်းက ၊ ဆေးဖိုးတွေ ပေးရမှာကြောက်ပြီး ထွက်ပြေးသွားတာ"
မဒမ် ဝမ်ဟာ ပြောလိုက်သည်။
"ဘယ်လောက် ယောက်ျားမပီသလိုက်လဲ"
လူလိမ် ထျန်ဟာ ဒီလို တာဝန်မယူတတ်တဲ့လူမျိုးကို အမုန်းဆုံးပါပဲ။
"မိန်းကလေး နောက်တစ်ခါဆိုရင် အစောကြီး တန်းစီဖို့မလိုဘူး"
မဒမ် ဝမ်ဟာ ခေါင်းခါယမ်းလိုက်ပါတယ်။
"ဟင်အင် တကယ်လို့ နောက်ကျရင် ပန်ကိတ်ဘယ်ရပါတော့မလဲ"
လူလိမ် ထျန် ခေါင်းခါယမ်းလိုက်သည်။
"ဒါက အစောလာတာနဲ့ နောက်ကျပြီး လာတာ ဆိုင်တာ မဟုတ်ဘူး။ဒီ ပန်ကိတ် ဆယိလုံးက ကံတရား အတိုင်းရွေးချယ်တာ။နံပါတ် တွေကို အရင်ရွေးပြီးမှ ပေါက်မဲနံပါတ် တွေထပ်ရွေးချယ်တာ။တကယ်လို့ မင်းရဲ့ နံပါတ်သာ အရွေးမခံရရင် အစောကြီးလာလည်း ပန်ကိတ် ရဖို့ဆိုတာ မဖြစ်နိင်ဘူးလေ"
"အာ .."
မဒမ် ဝမ်ရဲ့ ပါးစပ်ဟာ ကျယ်သွားခဲ့သည်။သူမ ဒါကို လုံးဝ မသိထားခဲ့ပါဘူး။သူမ စတင်စိုးရိမ် လာပြီး ဘာလုပ်ရမလဲ ဆိုတာ မသိတော့ပေ။
လူလိန် ထျန်ဟာပြောလိုက်သည်။
"စိတ်မပူပါနဲ့ မိန်းကလေး ၊ ဒီနံပါတ်ကို ယူထားလိုက်"
သူဟာ နံပါတ် တစ်ခုကို ယူပြီး အမျိူးသမီးရဲ့ လက်ထဲကို ကမ်းပေးလိုက်ပါတယ်။
"မှတ်ထားနော် နံပါတ် ၉၉ ။ အမှားမလုပ်မိစေနဲ့ တစ်ခြားလူနဲ့လည်း မလဲနဲ့"
"အစ်ကိုကြီး ဒါက.."
မဒမ် ဝမ် ဟာဆွံအသွားခဲ့သည်။
လူလိမ် ထျန်ဟာ လက်ဝေ့ယမ်းလိုက်ပါတယ်။
"မိန်းကလေး လောကဝတ်တွေ ပြောနေဖို့ မလိုပါဘူး။ဒါ ငါလုပ်ပေးနိုင်တဲ့ အရာပဲလေ။ကလေးနေကောင်းဖို့အတွက်ကတော့ မင်းပဲ ကြိုးစားရမှာ"
မဒမ် ဝမ်ဟာ ခေါင်းညိမ့်လိုက်ပေမယ့်လည်း သူမ စိတ်ထဲမှာ လမ်းပျောက်နေခဲ့ပါပြီ။ဒီကို ပန်ကိတ်တွေ လာဝယ်တာက လွဲပြီး သူမဘာမှ ထပ်မလုပ်တတ်တော့ပါဘူး။
မနက် ၉ နာရီ တိမ်ဖြူလမ်း။
လူတန်းကြီးဟာ မာစတာ လင်းရဲ့ ဆိုင်ရှေ့မှာ ပြည့်နေခဲ့ပါပြီ။သူတို့ဟာ ပန်ကိတ်အတွက် တန်းစီနေကြတာဖြစ်ပြီး မသိရင် ကြိုတင်စီစဥ်ထား ကြတဲ့ အတိုင်းပါပဲ။
လင်းဖန် မနေ့ည က အတော်ကြာအောင်လေ့လာခဲ့ပေမယ့်လည်း ပန်ကိတ်နဲ့ ဘာသက်ပြီး ဘာထူးခြားမူမှ ထပ်မသိခဲ့ပေ။
ဒါက သဘာဝ လွန်နေတဲ့ အရာပါ....
လင်းဖန် ပြောလိုက်သည်။
"အားလုံးပဲ မနက်ခင်းပါ"
လူအုပ်ကြီးဟာ ပြန်နှုတ်ဆက်လိုက်ကြပါတယ်။
"စောနေတယ်နော် သူဌေးလေး"
"သူဌေးလေး မင်းကတော့ အမြဲတက်ကြွနေတာပဲ"
လင်းဖန် ဒါကို ကြားပြီး ရယ်မောလိုက်သည်။
"ခင်ဗျား ကျွန်တော်ကို မြောက်နေတာပဲ။ဒါပေမယ့် ဘာ အထူးအခွင့်အရေးမှ ရှိမှာမဟုတ်ဘူးနော်"
"ဟားဟား ငါက အမှန်အတိုင်းပြောတာပါ။မြန်မြန်လေး နံပါတ် ရွေးပေးပါ သူဌေးလေး။ငါ ဒီနေ့ ဆုတောငိးလာတာ ကျိန်းသေ အရွေးခံရလိမ့်မယ်"
ဝူယူလန်ဟာ နံပါတ် တွေကို စတင်ဝေဖို့ လူပ်လိုက်တဲ့ အချိန်မှာပဲ လူလိမ် ထျန်ရဲ့ တားဆီးမူကို ခံလိုက်ရပါတယ်။
"ယူလန် မင်းနေ့တိုင်း နံပါတ်တွေ ဝေပေးနေတာလေ။ငါလည်း အပျင်းပြေ တစ်ခါတစ်လေလောက် ဝေပါရစေ"
မဒမ် ဝမ်ဟာ လူအုပ်ထဲမှာ တန်းစီနေပြီး လူလိမ် ထျန်ဟာ သူမကို နံပါတ် ဝေချင်ယောင်ဆောင်လိုက်ပါတယ်။ယင်းနောက် သူဟာ နောက်ကလူတွေကို ဆက်ဝေလိုက်သည်။
နံပါတ် ကြေညာ တဲ့အလုပ်ကတော့ လင်းဖန် နေ့တိုင်းလုပ်နေရတဲ့ ပျင်းစရာ အလုပ်ပါ။
လင်းဖန်ဟာ လဘက်ရည်ခွက်ကို ကိုင်ထားရင်း ပျင်းရိစွာ နံပါတ် တစ်ခုခြင်း အော်နေခဲ့သည်။
"နံပါတ် ၁ "
"နံပါတ် ၁၃ "
...
မဒမ် ဝမ်ဟာကြောက်ရွံ့စွာ ရပ်နေခဲ့သည်။သူမရဲ့ နံပါတ်ကို အခုထိ မခေါ်သေးပါဘူး။
သူမ သမီးလေးက ဆေးရုံမှာစောင့်နေတာ ဖြစ်ပြီး တစ်ကယ်လို့ ပန်ကိတ်ဝယ်ခွင့်သာ မရရင်သူမ ဘာလုပ်ရမလဲ မသိတော့ပေ။
တစ်ခြား လူတွေကတော့ အရွေးခံရရင် ပျော်နေကြပြီး ၊ အရွေးမခံရရင် စိတ်ပျက်နေကြပါတယ်။
လင်းဖန် နောက်ဆုံးပါတ် အော်ခါနီး အချိန်မှာတော့ လူလိမ် ထျန်ဟာ အမြန်ထွက်လာခဲ့သည်။
"ဒီနေ့အတွက် နောက်ဆုံး နံပါတ် ကို ငါကြေညာပါရစေ။အပျော်ပေါ့"
"ကောင်းပြီလေ, ခင်ဗျားလုပ်လိုက်။ခင်ဗျားကို စိတ်ကျေနပ်ခွင့်ပေးလိုက်မယ်"
လူလိမ် ထျန်ဟာ လည်ချောင်းရှင်းပြီး အသံကိုမြင့်ကာ အော်လိုက်ပါတယ်။
"နောက်ဆုံးနံပါတ်က ၉၉ "
မဒမ် ဝမ်ဟာ သူမရဲ့ နံပါတ် အရွေးခံရတဲ့ အချိန်မှာ ခံစားသွားရပြီး မျကိရည်တောင် ကျလုဆဲဆဲ ဖြစ်သွားခဲ့ပါတယ်။
အဲအချိန်မှာတော့ လင်းဖန် နံပါတ် ၉၉ ပိုင်ရှင်ကို လှမ်းရှိုးလိုက်သည်။
ဒါမနေ့က လာတဲ့ အမျိုးသမီး မဟုတ်ဘူးလား...
သူမအမူအရာကို ကြည့်ရတာတော့ ရွေးခံရလို့ အတော် စိတ်သက်သာရာရသွားတဲ့ပုံပါပဲ။
ယင်းနောက် လင်းဖန် လူလိမ်ထျန်ကို တစ်ချက် ပြန်ကြည့်ကာ မျက်တောင် ပုတ်ခတ် ပုတ်ခတ် အကြိမ် အနည်းငယ်လုပ်လိုက်သည်။
ဟုတ်တာပေါ့ သူ ဒီအကွက်ကို မမြင်နိုင်လောကိတဲ့အထိ မတုံးအသေးပါဘူး။
လူလိမ် ထျန်ဟာ လင်းဖန်ရဲ့ အကြည့်ကို မြင်ကာ ရှကိကိုး ရှက်ကန်းဖြစ်သွားခဲ့သည်။
လင်းဖန် စိတ်ထဲမှာတော့ ရယ်မောနေခဲ့တာပါ။သူဟာ မတတ်နိုင်စွာခေါင်းကိုသာ ယမ်းလိုက်ပါတာ။လူလိမ်ထျန်မှာ ဒီလို ကြီးမြတ်တဲ့ နှလုံးသား ရှိလိမ့်မယ် လို့ သူ မထင်ထားခဲ့ပါဘူး။
ခင်ဗျား သူမကို ရည်းစားစကား ပြောဖို့ ကြိုးစားနေတာပဲ ဖြစ်လိမ့်မယ်....