အကုန်ပျံ့နှံ့ကုန်ပြီ
Vol. 10 Ch. 146
အင်တာနက်ပေါ်တွင်။
"ထူးဆန်းသည့် ပန်ကိတ်၏ အကြောင်းအရာများ"
"ပန်ကိတ်ဖြင့် ဝိတ်ကျရောဂါကို ကုသနိုင်တာမဟုတ်ပဲ ပန်ကိတ်၏ အရသာကို ဝိတ်ကျရောဂါသည်များတောင့် မခံနိုင်ဖြစ်နေကြသည်"
"တစ်နေ့ကို ဆယ်လုံးသာရောင်းချသောပန်ကိတ်။နောင်တွင် လည်း အရေအတွက်ပြောင်းလဲမည်မဟုတ်"
"ပန်ကိတ်က ဝိတ်ကျရောဂါသည် တွေအတွက်မျှော်လင့်ချက် ဖြစ်လာနိုင်မလား"
"မာစတာလင်းဟာ ဝိတ်ကျရောဂါ သည်တွေအတွက် စာနာပြီး ပန်ကိတ်ရောင်းချပေးသင့်သလား"
......
တစ်ခြားတစ်ဖက်မှာလည်း အင်တာနက်ပေါ်မှာ ခေါင်းစဥ်တွေ အမျိုးမျိုးရှိနေကြပါတယ်။
"ဝိုး ငါ ဒီလိုတွေ ဖြစ်သွားလိမ့်မယ်လို့ မထင်မိခဲ့ဘူး"
"ဝိတ်ကျရောဂါသည်တွေ တောင် တောင့်မခံနိုင်ဘူးဆိုတော့ ပန်ကိတ်က ဘယ်လောက်တောင် အရသာရှိနေလို့တုန်းဟ"
"အပေါ်ကကောင်ရေ မာစတာ လင်းရဲ့ ပန်ကိတ်က စောက်ရမ်းအရသာ ရှိတယ်လို့ပဲ ငါပြောနိုင်မယ်။အရသာက မင်းစိတ်ထဲကနေ ခန့်မှန်းကြည့်လို့ရတဲ့ အရာမဟုတ်ဘူး"
"သူ့မှာ ဒီလို စွမ်းဆောင်ရည်တွေရှိရင်လည်း ဝိတ်ကျရောဂါသည်တွေကို ကူညီလေကွာ"
"မင်းလာနောက်နေတာလား၊ သူက ဘာလို့ကူညီရမှာလဲ။ဝိတ်ကျရောဂါသည် အများစုက သူတို့သဘောနဲ့ သူတို့ရွေးချယ်ထားကြတာ။မာစတာ လင်းက ရှင်းရှင်းလင်းလင်း ပြောပြီးသား။သူ့မှာ လက်နှစ်ဖက်ပဲ ပါတယ်တဲ့။သူ့မှာလည်း အကန့်အသတ်ရှိတယ်လေ။ရောဂါသည် ဘယ်နှစ်ယောက်ရှိလဲ မင်းသိလား။သူ ဒီလူတွေအကုန်လုံးကို မင်းက ရောင်းချပေးစေချင်နေတာလား"
"ဟေး ကြင်နာမူဆိုတဲ့ စကားလုံးကို မင်းမသိဘူးလား။သူ လူအနည်းငယ်ကို ကူညီနိုင်ရင် အများကြီးလည်း ကူညီနိုင်မှာပဲ။ကူညီချင်စိတ်ရှိဖို့ပဲ လိုတယ်။သူက တစ်ကိုယ်ကောင်းသမား ဆိုတာ သိသာပါတယ်ကွာ"
"မင်းက သူများစောက်ပြစ်ပြောဖို့ပဲ သိတဲ့ကောင်ပါကွာ။ မင်းစောက်ရမ်း ကြင်နာနေရင် ဘာလို့ ငါ့ကို မကူညီတာလဲ။ငါအခုတစ်လော မွဲနေလို့။မင်းမှာရှိတဲ့ ပိုက်ဆံရဲ့ တစ်ဝက်လောက်ကို ပို့ပေးစမ်းပါ။မပို့ပေးနိုင်ရင် လေမကျယ်နဲ့တော့"
......
ကမ္ဘာ့ ဆေးဝါး သိပ္ပံဌာန။
"ဒီအခြေအနေက ဖြစ်နိုင်ပါ့မလား"
"ပြောဖို့တော့ခက်တယ်။ဒါက အစပိုင်းလောက်ပဲ ရှိဦးမယ်ထင်တယ်"
"ငါ ဆေးပညာကို လိုက်စားနေတာ အချိန်အတော်ကြာပြီ၊ ဒါပေမယ့် အရသာရှိတဲ့ ပန်ကိတ်ကြောင့် ဝိတ်ကျလူနာ ပြန်စားချင်စိတ်ဖြစ်လာတဲ့ ဆိုတာက တော့ ပထမဆုံးကြားဖူးတာပဲ"
"ဒီ ပန်ကိတ်မှာ ဘာစွမ်းအင်တွေ ရှိလို့လဲ ဆိုတာတော့ ငါတစ်ခါလောက်စားကြည့်ချင်သေးတယ်"
.........
အောင် မြင်ကျော်ကြားတဲ့ ဆယ်လီ ဝမ်ဘင်ယန်၏ ဝိုက်ဘိုတွင်။
"စွမ်းဆောင်နိုင်စွမ်းကြီးမားလေ ၊ တာဝန်တွေ ပိုရှိလေပဲ။ဝိတ်ကျရောဂါသည်တွေအတွကိ အသံလွင့်ပေးရမယ်။သူတို့ဘက်ကရပ်တည်ပေးရမယ်။သူတို့က တို့ရဲ့ အကူညီကို လိုနေတယိ"
"ဝိုး... ငါ့ရဲ့ နတ်သမီးလေး နောက်ဆုံးတော့ ပို့စ်တင်ပြီ"
"အရမ်းချစ်တယ် နတ်သမီးလေးရေ"
"ငါ့ဖင်ကြီးကို စွမ်းဆောင်နိုင်စွမ်းရှိလေ တာဝန်ပိုရှိလေပါလား။ဘာလို့ ဝိတ်ချနေတာလဲ နင်လဲ ဝိတ်ကျရောဂါသည်ဖြစ်လာလိမ့်မယ်။နင် ဖုံးကွယ်ထားတာနဲ့ ငါတို့ မသိဘူးထင်နေတာလား။နင်က ကိုယ့်ကိုကို ဖန်တီးယူနေတာလေ။ဘာလို့ တစ်ခြားလူက ကူညီပေးရမှာလဲ"
"ငါ့ရဲ့ ဘင်ယန်ကို အပြစ်လာမတင်နဲ့။သူမက မင်းအပြစ်တင်ချင်တိုင်း တင်လို့ရတဲ့ လူမဟုတ်ဘူး"
.....
အင်တာနက်ဟာ ဒီလိုပဲ သက်ဝင်လှုပ်ရှား နေခဲ့ပါတယ်။သူတို့ရဲ့ အမြင်တွေကလည်း မတူညီပဲ အမျိုးမျိုး ကွဲပြားနေလို့ပါ။
တစ်ချို့တွေက လက်ခံတဲ့ အချိန်မှာ တစ်ချို့တွေက လက်မခံနိုင်ကြပါဘူး။
ဒါပေါ့ သူတို့အများစုကတော့ လင်းဖန်ကို အပြစ်တင်နေကြပြီး ၊ ပန်ကိတ်နဲ့ ဝိတ်ကျရောဂါသည်တွေကို ကူညီသင့်တယ်လို့ ထင်နေကြပါတယ်။
ဆိုင်ထဲတွင်။
လင်းဖန်ဟာ ဝမ်မင်ယန် ဖုန်းခေါ်လို့ ဖုန်းပြောနေခဲ့တာပါ။
ဝမ်မင်ယန်ဟာ ပြောလိုက်သည်။
"ဒီအခြေအနေက ကိူယ်တွယ်ရခက်ခဲလာပြီနော်။မင်းနည်းနည်း ရှောင်နေချင်လား။ငါမင်းနဲ့အတူတူ နိုင်ငံခြားကို သွားပေးလို့ရတယ်။ဒါဆိုရင် စိတ်ပူမူတွေ မရှိတော့ဘူးပေါ့"
လင်းဖန် ပြနိဖြေလိူက်သည်။
"အေးဆေးပါ အဲလောက်ထိ မလိုပါဘူး။ကျွန်တော်က အကုသိုလ်တွေ လုပ်ထားတာမှ မဟုတ်တာ။သူတို့ ကျွန်တော်ကို ဘာလုပ်နိုင်မှာမလို့လဲ"
ဝမ်မန်ယန်ဟာ တော့ အနည်းငယ် စိတ်ပူနေခဲ့ပါတယ်။လင်းဖန်ရဲ့ ပန်ကိတ်က ဒီလောက် အထိဆန်းကြယ်နေလိမ့်မယ်လို့ သူမထင်ထားခဲ့ပါဘူး
ဒါက တကယ်ကြောက်ဖို့ကောင်းပါတယ်။သူမြင်ရသလောက်ဆိုရင် အခုဖြစ်နေတာတွေက အစပိုင်း အဆင့်သာရှိပါသေးတယ်။
တကယ်လို့ ဝိတ်ကျရောဂါသည်တွေရဲ့ မိသားစုတွေသာ လင်းဖန်ရဲ့ ဆိုင်ရှေ့ကို အပြုံလိုက်ရောက်လာရင်တော့။
"ဒါကပြောဖို့တော့လွယ်တယ်။ဒါပေမယ့် မင်းရဲ့ လုံခြုံမူကိုပဲ သတိပေးလိုက်မယ်။မင်းပန်ကိတ်တွေကလည်း ဘယ်လိုဖြစ်ပြီး ဝိတ်ကျရောဂါသည်ကပါ မရှောငိနိုင်ဖြစ်နေရတာလဲ"
ဝမ်မင်ယန်ဟာ မေးလိုက်သည်။
လင်းဖန် လည်း အခြေအနေက ပြသနာရှိမှန်း သိထားပါတယ်။
"ဘယ်လိုသိမှာလဲ။ဝိတ်ကျရောဂါသည်တွေက စားချင်နေကြတာလေ။ကျုပ်လည်း ဘာမှမတတ်နိင်ဘူး"
ဝမ်မင်ယန်လည်း ဘာမှမပြောနိင်တော့ပေ။
"ဘယ်လောက်တောငိ ပြသနာများလိုက်လဲ။ဂရုစိုက်ဦး"
"အင်း"
....
ဖုန်းချပြီးနောက်တွင်။
လူလိမ်ထျန်ဟာ သတင်းဖတ်နေရင် ပြောလိုက်တယ်။
"လိုင်းပေါ်မှာကတော့ အပြစ်တင်တဲ့ ဆရာကြီးတွေချည်းပဲ။သူတို့အကုန်လုံးက မင်းကို အပြစ်တင်နေကြတာ"
လင်းဖန် ဒါကိုကြားပြီး ဖုန်းကိုဖွင့်ကာ ကြည့်လိုက်ပါတယ်။
သူဝိုက်ဘို မှာ အမှန်တကယ်ပဲ လူတွေ စည်ကားလို့ပါ။
ဒီတစ်ကြိမ်တိုက်ခိုက်မူမှာ ဆောင်းဦးဓားဟာ တစ်ယောက်တည်း အထီးကျန်မနေတော့ပါဘူး။သူ့နဲ့ စိတ်တူကိုယ်တူလူတွေ သူ့နားမှာ အများကြီး ရှိနေခဲ့ပါပြီ။
ဆောင်းဦးဓား :
"ဒီစကားက လူတစ်ယောက်ပြောသင့်တဲ့ စကားတောင် မဟုတ်ဘူး။သူတို့တစ်ခြားလူတွေကို ကူညီနိုင်ရဲ့ သားနဲ့ ဘာလို့ မကူညီတာလဲ။တကယ်လို့ ငါသာ ဒီလို စွမ်းဆောင်နိုင်စွမ်းရှိရင် မောပန်းတဲ့အထိ ပျော်ပျော်ကြီး ကူညီပစ်လိုက်ဦမယ်။ငါ,ဆောင်းဦးဓားက ဒီလို အရည်အချင်းတွေ မရှိပေမယ့်လည်း ကြင်နာတဲ့ နှလုံးသားတော့ ရှိသေးတယ်"
ဆောင်းဦးဓားဟာ ဒီအခွင့်အရေးကို တင်းကြပ်စွာ ဖမ်းဆုပ်ထားပြီး၊ လွှတ်ပေးဖို့ မဖြစ်နိုင်တော့ပါဘူး။
ငှားရမ်းထားသည့် အိမ်လေးထဲတွင်။
ဆောင်းဦးဓားဟာ သဘောကျစွာရယ်မောနေခဲ့ပြီး ၊ သူ့ရဲ့ ဝတုတ်ခန္တာကိုယ်ကြီးတောငိ ဂျယ်လီလိုအပေါ်အောက် ခုန်နေခဲ့ပါတယ်။
ခံစားလို့ ကောင်းတယ်....
တကယ်ခံစားလို့ ကောင်းတယ်.....
ဒီအခြေအနေက သူလိုချင်နေတဲ့ အခြေအနေနဲ့ ကွက်တိပါပဲ။သို့ပေမယ့် ဆောင်းဦးဓားကို မနာလိုဖြစ်စေတာက ဒီလူလိမ်က အရာအားလုံးကို ကျွမ်းကျင်နေခဲ့တာပါ။
သူ့ကိုယ်သူ ဒီလူလိမ်နဲ့ နှိုင်းယှဥ်လိုက်တိုင်း အမှိုက်တစ်လို ခံစားလိုက်ရပါတယ်။
ဘယ်လောက် ဒေါသထွက်ဖို့ကောင်းလဲ.....
သို့ပေမယ့် ဆောင်းဦးဓားဟာ ယုံကြည်မူရှိပါသေးတယ်။ဒါက ပြသနာမရှိပါဘူး။အခု ဒီလူလိမ်က လူအများကြီးရဲ့ တားဂတ်ထား တိုက်ခိုက်မူကို ခံနေကြရပြီး၊ လူအမုန်းအများဆုံးဆုတောငိ ရပါတော့မယ်။
ဖတ်တီးချစ်တဲ့ အသားလုံးလေ :: =မီးတောက်စစ်ပွဲအင်ပါယာရေ ..ငါတို့ မင်းရဲ့စကားလုံးတွေကြောင့်ပြောင်းလဲ မှာမဟုတ်ဘူး။ငါတို့က မာစတာလင်းနဲ့ပဲ အမြဲတမ်းရပ်တည်မှာ"
သစ်ပင်အောက်မှာ ကြက်ဥလေးတွေကောက်နေမယ် :: ဒါအမှန်ပဲ.သူတို့ ဘာလုပ်နိုင်မှာမလို့လဲ။ဒီပန်ကိတ်က ငါတို့ဟာတွေ သူတို့ဟာ မဟုတ်ဘူး။မာစတာ လင်းက သူတို့အမိန့်ကို နာခံပြီး နေ့တိုင်း ပန်ကိတ်လုပ်ပေးစရာ အကြောင်းမရှိဘူး။သူတို့ကို ကုသဖို့ ဆရာဝန်မရှိလို့လား။
....
ဝိုက်ဘိုပေါ်မှာ လူတွေ ငြင်းခုန်နေကြချိိန်မှာတော့ တိမ်ဖြူလမ်းမှာ လူတွေ ရောက်နေခဲ့ကြပါပြီ။
လင်းဖန်ဟာ ဆိုင်ထဲမှာ ထိုင်ပြီး အခြေအနေတွေကို ကြည့်နေခဲ့ပါတယ်။
ဝူယူလန်ဟာ ခါတိုင်း လုပ်နေကြအလုပ်ကို သူမတစ်ယောက်ထဲ မနိုင်တော့ပေ။ဒါကြောင့် လူလိမ် ထျန်ပါ အောက်ဆင်းပြီး လူအုပ်ကို ထိန်းပေးနေရပါတယ်။
လူလိမ် ထျန်ဟာ ခုန်စွ ခုန်စွ ဖြစ်နေတဲ့ လူတွေကို ကြည့်ကာ ပြောလိုက်သည်။
"ကျေးဇူးပြုပြီး တန်းစီကြပါ။ကြားဖြတ်တာတွေကို ခွင့်မပြုပါဘူး"
သက်လတ်ပိုင်း မိန်းမကြီးဟာ ခေါင်းမော့လာခဲ့ပါတယ်။
"ငါ့သမီးလေးက ဝိတ်ကျရောဂါ ခံစားနေရတာ။ဒီက ပန်ကိတ်က ဝိတ်ကျရောဂါရတဲ့ လူတွေကို ပြန်စားချင်စိတ်ဖြစ်စေတယ်ဆိုတာ ကြားမိလို့။အဲတာ ငါ့ကို ပန်ကိတ် ငါးခုလောက်ပေးပါ"
"မြန်မြန်လေး"
လူလိမ်ထျန်ဟာ ခေါင်းခါယမ်းလိုက်ပါတယ်။သူ ဒီလို ဖြစ်လာမယ် ဆိုတာ သိထားပြီးသားပါ။
"တောင်းပန်ပါတယ်၊ ခင်ဗျား နံပါတ် အတွက် တန်းစီဖို့လိုလိမ်မယ်။ကျွန်တော်တို့က တစ်ရက်ကို ဆယ်လုံးပဲ ရောင်းတာ"
မိန်းမကြီးဟာ ဒါကို ကြားလိုက်တဲ့ အချိန်မှာ ဒေါသထွက်သွားခဲ့သည်။
"နင်ဘာပြောတာလဲ။ကာစတန်မာကို မရောင်းတဲ့ ဆိုင်ဆိုတာ ရှိလို့လား။ငါ့ သမီး ဝိတ်ကျရောဂါ ဖြစ်နေတယ်ဆိုတာ မကြားဘူးလား။နင်က ငါ့သမီးကို သေစေချင်နေတာလား"
"ဒါက အကြောင်းကျိူး မဆီလျော်တာပဲ။ကျုပ်တို့ ပန်ကိတ်က ဝိတ်ကျရောဂါ ပျောက်ဆေးမဟုတ်ဘူး။ကျေးဇူးပြုပြီး တတွတ်တွတ်လာပြောနေတာ ရပ်လိုက်ပါတော့"
လူလိမ် ထျန်ဟာ ဒီမိန်းမကြီး ကို လျစ်လျူရှုလိုက်ပြီး နံပါတ် တွေကို စတင်ဝေပေးဖို့လုပ်လိုက်ပါတယ်။
ယင်းနောက် မိန်းမကြီးဟာ လူလိမ် ထျန်ရဲ့ လက်ကို ဖမ်းဆုပ်လိုက်သည်။
"ဒါက ငါ့သမီးရောဂါ ပျောက်မှာလား မပျောက်ဘူးလား ငါဂရုမစိုက်ဘူး။ဒီနေ့ နင်တို့ ငါ့ကို ပန်ကိတ်ငါးခု ပေးကိုပေးရမယ်။နင်တို့မှာ အကြင်နာတရား မရှိကြဘူးလား။ငါ့ကို ပန်ကိတ်ငါးခု ပေးလိုက်တော့ ဘာဖြစ်မှာ မို့လို့လဲ ဒါက ဆယ်မိနစ်လောက်ပဲ ကြာတယိ"
လူလိမ်ထျန်ဟာ လက်ကို ပုတ်ထုတ်လိုက်ပါတယ်။ဒီမိန်းမကြီးက တကယ်ကို အကြောင်းကျိူး မဆီလျော်တာပါ။သူဟာ ရှေ့ကို လက်ညိုးညွှန်ပြပြီး ပြောလိုက်သည်။
"သူမကိုကြည့် ၊ သူမသမီးလည်း ဝိတ်ကျရောဂါဖြစ်နေတာ ဒါပေမယ့် သူမ တန်းစီနေတုန်းပဲ။ခင်ဗျားကြမှ ဘာထဖြစ်တာလဲ"
"ငါ ဘာမှဂရုမစိုက်ဘူး ၊ နင်တို့ငါ့ကို ပန်ကိတ်မပေးရင် ငါဒီဆိုင်ကို ဖျက်ဆီးပစ်မယ်"
မိန်းမကြီးဟာ စိတ်ဆုံးဖြတ်ထားသည့်ပုံဖြင့်ပြောလိုက်ပါသည်။
လူလိမ် ထျန် ပါးစပ်မဟရသေးခင်မှာပဲ တန်းစီနေတဲ့ လူတွေဟာ ကြားဝင်ပြောလိုက်ကြပါတယ်။
"ခင်ဗျား လုပ်ရဲလား..."
"ခင်ဗျား မာစတာ လင်းရဲ့ ဆိုင်ကို တစ်ခုခုလုပ်ရဲရင် အသက်ရှင်လျက် အရေခွံစုပ်ပစ်မယ်"
"မာစတာ လင်းက ဘာအမှားမှ မလုပ်ထားဘူး။ဒီပန်ကိတ်က ဝိတ်ကျရောဂါကို မပျောက်ကင်းစေနိုင်ဘူးလို့ သူမပြောခဲ့ဘူးလား။ဒါတောင် ခင်ဗျားက ဝိတ်ကျရောဂါကို အကြောင်းရင်း တစ်ခုအဖြစ် သုံးချင်နေသေးတယ်။မာစတာ လင်းက ခင်ဗျားကို ဘာအကြွေးမှ မတင်ထားဘူး။ပြီးတော့ ခင်ဗျား သမီး ဝိတ်ကျရောဂါဖြစ်လာတာကလဲ မာစတာ လင်းကြောင့်မဟုတ်ဘူး။ကျုပ်အရင်က တွေ့ဖူးတယ်။ဒီလူနာအများစုက သူတို့ဟာ သူတို့ ပိန်ချင်လို့ မစားမသောက်ပဲ နေကြတာ။သူတို့လုပ်လို့ သူတို့ ဖြစ်တာကို တစ်ခြားလူကို အပြစ်မတငိနဲ့"
"ဟုတ်တယ် ငါလည်း ဒါပဲပြောချင်နေတာ"
သူတို့ ထပ်ပြီးသည့်မခံနိုင်ကြတော့ပါဘူး။
ဘယ်လိုလူတွေလဲ....
သူတို့က နေ့တိုင်း ဒီမှာ အဆင်ပြေပြေ လာတန်းစီကြပေမယ့် နောက်ရောက်လာတဲ့ လူတွေက ပြသနာ ရှာချင်နေကြပါတယ်။
ဝိတ်ကျရောဂါ ဖြစ်တော့ရော ဘာဖြစ်လဲ၊ဒီပန်ကိတ်တွေက ဝိတ်ကျရောဂါ ပျောက်ဆေးမှမဟူတ်တာ။
ပန်ကိတ်က အရသာရှိလွန်းလို့သာ သူတို့ စားချင်ကြတာပဲလေ။မာစတာ လင်းက သူတို့စားချင်တာနဲ့ပဲ စည်းမျဥ်းတွေကို ချိုးဖောက်ပြီး သူတို့အတွက်လုပ်ပေးရမှလား။
ဘယ်လို ဟာသလဲ ....