ဒါက နောက်ဆုံးတော့ ပြီးသွားပြီ
Vol. 10 Ch. 147
သက်လတ်ပိုင်း မိန်းမကြီးဟာ တစ်ခြားလူတွေရဲ့ အခြေအနေကို ကြည့်ပြီး ပြန်အော်လိုက်ပါတယ်။
"ငါ ပန်ကိတ်ဝယ်တာ ၊ မဝယ်တာက နင်တို့နဲ့ ဘာမှမဆိုင်ဘူး"
မြို့သူမြို့သားတွေဟာလည်း ဘာမှ ညှိနှိုင်းမနေချင်ကြတော့ပါဘူး။သူတို့ မာစတာ လင်းရဲ့ ပန်ကိတ်ကို အရမ်းနှစ်သက်ကြပါတယ်။တကယ်လို့ တစ်ယောက်ယောက်ကသာ ပြသနာရှာဖို့ ကြိုးစားမယ်ဆိုရင် သူတို့ လုံးဝ လွှတ်ပေးမှာမဟုတ်ပေ။
"ဒါက ငါတို့အလုပ်မဟုတ်လို့ ဘယ်သူ့အလုပ်လဲ။ဝိတ်ကျရောဂါ ရှိတာ မရှိတာက ခင်ဗျားအလုပ်၊ အဲတာနဲ့ပဲ ဒီမှာ လုပ်ချင်တာ လာလုပ်လို့ရမယ် မထင်နဲ့။သူဌေးလေး က ခင်ဗျားတို့ ပြောတာ မနာခံနေနိုင်ဘူး။ခင်ဗျား ပန်ကိတ်တစ်ကယ်လိုချင်တယ် ဆိုရင် တန်းစီ ၊ မဟုတ်ရင်လည်း လစ်လိုက်တော့"
"ခင်ဗျားက ကိုယ့်ကိုကို အထင်ကြီးနေတာပဲ၊တကယ်လို့ ခင်ဗျား သူဌေးလေးကို သာ တောင်းပန်ရင် ဟိုက ကူညီပေးချင် ကူညီပေးဦးမယ်။အခု လိုပုံစံမျိုးကတော့.. ခင်ဗျားရဲ့ ဒေါသတွေကို တစ်နေရာရာကို ယူသွားဖို့ အကြံဥာဏ်ပေးချင်တယ်။ဒီမှာ ဘယ်သူကမှ ပျော်ရွှင်နေကြတာ မဟုတ်ဘူး"
မြို့သူ မြို့သားတွေဟာ သူမကို ဝိုင်းပြီး အပြစ်တင်လိုက်ကြပါတယ်။
သူတို့က အသစ်ရောက်လာတဲ့ လူတွေနဲ့ စာရင် ဒီမှာ ရှိနေတာ အတော်ကြာနေကြပါပြီ။
သူ့သမီး ဝိတ်ကျတာကို မကူညီတာနဲ့ပဲ သူဌေးလေးရဲ့ ဆိုင်ကို ပိတ်ချင်သေးတယိ...
"နင်တို့.....နင်တို့....."
သက်လတ်ပိုင်းမိန်းမကြီးဟာ သူမကို ဝိုင်းပြီး အပြစ်တင်နေတာ မြင်တဲ့ အချိန်မှာ ဘာပြန်ပြောရမှန်းတောင် မသိတော့ပါဘူး။ဒါပေါ့ သူမ နောင်တအနည်းငယ် တော့ရမိပါတယိ။
ဒီကာစတန်မာ တွေ ပန်ကိတ်အတွက်နဲ့ ဒီလောက်အထိ တုန့်ပြန်လိမ့်မယ် လို့ သူမ မထင်ထားမိခဲ့ပေ။မသိရင် သူတို့ကို ဆေးတစ်ခုခုကြွေးထားသလိုပါပဲ။
တစ်ခြားနေရာတစ်ခုတွင်တော့။
သက်လတ်ပိုင်း မိန်းမကြီးဟာ ကားဆီကို လျောက်သွားလိုက်ပါတယ်။
"အကြီးအကဲ ကျန်း , ကျွန်မ တစ်ခုရအောင် မစွမ်းဆောင်နိုင်ခဲ့ဘူး"
အကြီးအကဲ ကျန်းဆိုတာ တစ်ခြားလူတော့ မဟုတ်ပါဘူး အဆင့်မြင့် သမုဒ္ဒရာ ဟော်တယ်ရဲ့ အကြီးအကဲပါ။
သူ အစားအသောက်နဲ့ ဆေးဝါးဌာနရဲ့ ပါဝင်ပစ္စည်းအချက်အလက်တွေကို ရပြီးကတည်းက၊ သူဟာ ကုမ္မဏီကို ပြန်ပြီး စာဖိုမှူးတွေ အကုန်လုံးကို ထူးဆန်းတဲ့ ပန်ကိတ်လုပ်ခိုင်းခဲ့ပါတယ်။
စာဖိုမှူးတွေဟာ သူတို့ ပန်ကိတ်လုပ်ရမယ်ဆိုတာ ကြားတဲ့ အချိန်မှာ ဆွံ့အသွားခဲ့ကြပါတယ်။
အကြီးအကဲ ကျန်းက ငါတို့ကို ဘာလို့ ပန်ကိတ်လုပ်ခိုင်းတာလဲ.....
သူတို့အကုန်လုံးက ဂုဏ်သိက္ခာရှိပြီး ချက်ပြုတိချင်းဆိုင်ရာ တက္ကသိုလ်မှာ ဘွဲ့ယူထားကြတဲ့ လူတွေပါ။သူတို့ကို ပန်ကိတ်အပေါ် အာရုံစိုက်ခိုင်းထားတာက သူတို့ရဲ့ အရည်အချင်းနဲ့ ကျွမ်းကျင်မူတွေကို အလေးမထားတာပါပဲ။
သို့ပေမယ့် သူဌေးကျန်းက ပြောတယ်ဆိုမှတော့ သူတို့ ဘာမှ စောဒက မတက်ရဲကြပေ။ရက်အနည်းငယ် ကြာပြီး တဲ့ နောက်မှာ သူတို့ လုပ်ခဲ့တဲ့ ပန်ကိတ်ပေါင်းဟာ အခုတစ်ရာ ကျော်လောက် ရှိသွားခဲ့ပေမယ့်လည်း အကြီးအကဲ ကျန်းလို ချင်တဲ့ အရသာ အတိုင်းတော့ မတူညီခဲ့ပါဘူး။
သူတို့ ဘယ်လို ပန်ကိတ်မျိုးကို လုပ်ပေးမှ အကြီးအကဲ ကျန်းကြိုက်နှစ်သက်မှာလဲ ဆိုတာကို သူတို့ သိချင်စိတ် ပြင်းပြလာခဲ့ပါတယ်။
သူတို့ရဲ့ ပန်ကိတ်တွေက ဆိုးရွားနေခဲ့တာတော့ ကျိန်းသေ မဟုတ်ပါဘူး။ပန်ကိတ်တွေဟာ အရမ်းအရသာ ရှိပေမယ့်လည်း အကြီးအကဲ ကျန်းက တော့ တစ်ကိုက်သာ ကိုက်ပြီး ငြင်းပယ်ပစ်ခဲ့ပါတယိ။
သူတို့ဟာ အကြီးအကဲ ကျန်း အတွက် အလုပ်လုပ်ပေးနေကြရတယ် ဆိုပေမယ့်လည်း ၊ တစ်နေ့တစ်နေ့ ပန်ကိတ်ပဲ လုပ်နေရတာကို အစာမကြေ ဖြစ်လာကြပါတယ်။
သူတို့ ဘယ်လောက်ပဲ ကြိုးစားလုပ်ကြပါစေ၊ အကြီးအကဲ ကျန်းကတော့ မပျော်မရွှင်ဖြစ်နေဆဲပါ။သူတို့အပေါ် အကြီးအကဲ ကျန်း လေးစားမူမရှိတာကို ပြန်တွေးမိတိုင်း သူတို့ ဒေါသထွက်နေကြသည်။
အဆင့်မြင့် အိုးရှင်း ဟိုတယ်ရဲ့ မီးဖိုခန်းထဲမှာတော့ စားဖိုမှူးတွေဟာ တစ်ယောက်ို ပန်ကိတ်တစ်လုံးစီ ပြင်ဆင်နေကြပါတယ်။
စားဖို့မှူးတစ်ယောက်ဟာ နောက်ဆုံးမှာ သည်းမခံနိုင်တော့ပဲ ထပြောလိုက်သည်။
"ဒီ အကြီးအကဲ ကျန်းက ငါတို့ဆီက ဘာလိုချင်နေတာလဲ။ငါတို့ကို အလကားနေရင်း ပန်ကိတ်လုပ်ခိုင်းထားတယ်။ငါတို့ကို ပါဝင်ပစ္စည်းကျတော့ ဒါပဲ ထပ်တစ်လဲလဲ ပေးပြီး ဘယ်လို ပြောင်းလဲ မူကြီးတွေ လိုချင်နေတာလဲ"
ခပ်ဝဝ စာဖိုမှူးတစ်ယောက်ဟာ ပြောလိုက်ပါတယိ။
"ငါကြားတာကတော့ လမ်းဘေးမှာရောင်းနေတဲ့ ပန်ကိတ်သည် က အတော်ထူးခြားနေတယ်တဲ့။ကြည့်ရတာ အကြီးအကဲ ကျန်းက အဲ့က ပန်ကိတ်ကို စားပြီးသွားပြီထင်တယိ။ဒါကြောင့် ပဲ ငါတို့ကို ထပ်တလဲလဲ ပြန်လုပ်ခိုင်းနေတာ"
"ပန်ကိက်က ဘယ်လောက်အရ သာရှိမှာ မို့လို့လဲ
။ဒါနဲ့တင် ရက််လောက်ရှိနေပြီလဲ ငါပန်ကိတ်ကို ဆက်မလုပ်နိုင်တော့ဘူး။မင်းတို့ လုပ်နိင်ရင်ဆက်လုပ်ကြ၊ ငါကတော့ အလုပ်ထွက်တော့မယ်"
ခေါင်းဆောင် စားဖို့မှူးဟာ မသာမယာနဲ့ ပြောလိုက်ပါတယ်။
တစ်ခြားစာဖိုမှူးတွေဟာလည်း မသာမယာဖြစ်နေကြပြီး ဘာပြန်ပြောရမှန်းတောင် မသိကြတော့ပါဘူး။
အကြီးအကဲ ကျန်းဟာ သူလိုချင်တဲ့ ပန်ကိတ်အရသာမဟုတ်တာနဲ့ လွင့်ပစ်ခိုင်းတာဖြစ်ပြီး ပန်ကိတ်ဘယ်လောက်များများ လွင့်ပစ်ပြီးပြီလဲတောငိ မရေတွက်နိုင်တော့ပေ။
မသိရင် သူက စာဖိုမှူးတွေကို အလုပ်ဖြုတိချင်လို့ ဖိအားတွေ အများကြီး ပေးထားတဲ့ အတိုင်းပါပဲ။
"ဒီကို လာကြ ၊ ငါ့မှာ အကြံဥာဏ်တစ်ခုရှိတယ်"
ခပ်ပိန်ပိန် စာဖို့မှူးတစ်ယောက်ဟာ ပြောလိုက်တယ်။
တစ်ခြား စာဖို့ မှူးတွေဟာ သူ့အနားကို ဝိုင်းလာကြပါတယ်။
အချိန်အနည်းငယ် ဆွေးနွေးပြီးနောက်တွင်။
"မဖြစ်နိုင်တာ၊ ဒါကမဟုတ်သေးဘူးနော်။တကယ်လို့ ဒီသတင်းသာ ပျံ့နှံ့သွားရင် ပြသနာ တက်လိမ့်မယ်"
"ပြသနာ မရှိပါဘူး ငါတို့က နည်းနည်းပဲ ထည့်မှာလေ။သေချာရောင်းကောင်းနေတဲ့ ဆိုင်တွေကိုကြည့်လိုက် သူတို့အများစုက ထည့်ထားကြတာချည်းပဲ။ပြီးတော့ ဒါက ကျန်းမာရေးကိုလည်း အများကြီး မထိခိုက်စေဘူးလေ"
"ဒီလိုဆိုရင် တောငိ ငါတို့မလုပ်သင့်ဘူးနော်။မတော်လို့ ပေါက်ကြားသွားရင် ဘယ်လိုလုပ်မလဲ"
"အလုပ်မဖြစ်ဘူး ..အလုပ်မဖြစ်ဘူး ပြောနေ..တစ်ယောက်ယောက်က ချွန်လိုက်ရင် ငါတို့အလုပ်မပြုတိနိုင်ဘူးလို့ ဘယ်သူပြောနိုင်လဲ။အကြီးအကဲ ကျန်းရဲ့ အလျင်လိုတဲ့ ပုံစံတဲ့ သူလိုချင်တဲ့ အရသာကို အချိန်မှီရဖို့က ဘယ်လိုမှ မဖြစ်နိင်ဘူး။ငါ့ကို ယုံကြည်လိုက် ငါအရင်ကလုပ်ဖူးတယ်။ပမာဏ သေးသေးလောက်နဲ့တင် ဖြတ်ကျော်နိုင်မယ်ဆိုတာ ငါယုံကြည်တယ်"
"ကောင်းပြီလေ .. မင်းအကြံဥာဏ်ကို လက်ခံလိုကိမယ်။ နည်းနည်းလောက် ရောကြတာပေါ့။ငါလည်း ဒီပန်ကိတ်တွေ ထပ်မလုပ်ချင်တော့ဘူး။တကယ်လို့ ပန်ကိတ်တွေသာ ဆက်လုပ်နေရရင် စိတ်မထိန်းနိုင်ပဲ ပေါက်ကွဲမိလိမ့်မယ်။ပြီးတော့ တစ်ခုခုမှားသွားရင်တောင် ငါတို့အလုပ်မဟုတ်ဘူးလေ။ငါတို့ ဘာမှမသိချင်ယောက် ဟန်ဆောင်နေရင် အဆင်ပြေသွားလိမ်မယ်"
အဲ့အချိန်မှာပဲ စားဖိုမှူး အုပ်စုကြီးဟာ သူတို့အပေါ် အကြီးအကဲကျန်း ပေးထားတဲ့ ဖိအားကြီး လျော့သွားသလို ခံစားလိုက်ရပါတယ်။သူတို့က ပရိုကျကျ လုပ်နေတဲ့ လူတွေပါ။
ဘယ်သူက အထူးပါဝင် ပစ္စည်းကို မသိပဲနေမှာလဲ....
ဒါက အစားအသောက်တွေရဲ့ နောက်ဆုံး ဝှက်ဖဲကြီး လို့တောင် ပြောလို့ရပါတယ်။ပတ်ဝန်းကျင်ကို လျောက်ကြည့်လိုက်ရင် ရောင်းကောင်းနေတဲ့ ဆိုင်အများစုက ဒီအရာကို သုံးကြပါတယ်။
ဆိုင် ၁၀ ဆိုင်ကို ကြည့်ရင် ၂ ဆိုင်ကတော့ ကျိန်းသေပါပဲ။
ပထမဆုံးတစ်ကိုက် ကိုက်လိုက်တာနဲ့ တင်တစ်သက်လုံးမမေ့စေတဲ့ အရသာကို ခံစားသွားရမှာပါ။
"ဒါဆို ငါတို့ ဘယ်နားမှရောမှာလဲ"
"ဒါကို ဂျုံမှုန့် နဲ့ ဆော့ နေရာမှာ နည်းနည်းစီ ရောကြမယ်။တကယ်လို့ အကြီးအကဲကျန်းက ဆော့ရဲ့ ပါဝင်ပစ္စည်းတွေ သိချင်ရင် ငါတို့အချိန်ဆွဲထားပြီး ၊ အချိန်တစ်ခုအထိ မပေးပဲ ထားကြမယ်လေ"
"ကောင်းပြီ"
.....
တိမ်ဖြူလမ်းတွင်။
လင်းဖန်ဟာ ပန်ကိတ်လှည်းရှေ့မှာ ရပ်နေခဲ့ပြီး လူတွေကို ကြည့်လိုက်ပါတယ်။ဒီကိစ္စပြီးဆုံးဖို့က လိုပါသေးတယ်။သို့ပေမယ့် သူ ချောချောမွေ့မွေ့ကျော်လွားနိုင်ဖို့ အကောင်းမွန်ဆုံးကြိုးစားမှာပါ။
"ဒီနေ့ အတွက် ပန်ကိတ် ၁၀ လုံးရပါပြီ "
သူမ အတွက် ပန်ကိတ်မရဘူးဆိုတာ သိလိုက်တဲ့ ဝမ်မူဟာ မျက်နှာမကောင်းတော့ပေ။
ပန်ကိတ်တွေ ကိုယ်စီကိုင်ထားတဲ့ လူတွေကို ကြည့်ပြီး သူမ ပန်ကိတ်ကို သူတို့ဆီက တိုက်ရိုက် ဝာ်သင့်တယိလို့ တွေးမိလိုက်ပါတယ်။
သို့ပေမယ့် လူတွေဟာ ဒီလိုကိစ္စတွေကို သိထားကြပြီး ပန်ကိတ်စျေးကို မတရား မြင့်ထားကြကာ သူမ မတတ်နိုင်ဘူးဆိုတာ နားလည်လိုက်ပါတယိ။
သူမ စိတ်ပျက်သွားခဲ့သည်။
"သူဌေး ပလစ်စတစ်အိပ် တစ်လုံးလောက်ရနိုင်လား"
ဆယ်ကျော်သက် ကျောင်းသားလေးတစ်ယောက်ဟာ လင်းဖန်ကို လှမ်းပြောလိုက်ပါတယိ။
လင်းဖန် ဒီကလေး ဘာအတွက်မေးတာလဲ မသိပေမယ့် ပလစ်စတစ်အိပ်တစ်လုံးကို ယူကာ ပေးလိုက်သည်။
ဆယ်ကျော်သက် ကောင်လေးဟာ သူ့ပန်ကိတ်ကို တစ်ခြမ်းခြမ်းပြီး ဝမ်မူကို ကမ်းပေးလိုက်ပါတယ်။
"ဒီမှာ ယူလိုက်ပါ"
ဝမ်မူဟာ ပန်ကိတ် အိပ်ကို ယူလိုက်ပြီး ဆယ်ကျော်သက်ကောင်လေး ရဲ့ အပြုအမူကို ကြောင်အသွားခဲ့ပါတယ်။
ကောင်းလေးဟာ ပြုံးပြီး ပြောလိုက်သည်။
"တာ့တာ အန်တီ"
ယင်းနောက် သူဟာ လှည့်ထွက်သွားခဲ့သည်။
လင်းဖန်ဟာ ဒါကိုမြင်ပြီး ပြုံလိုက်မိပါတယ်။ဘဝမှာတကယ် မဖြစ်နိုင်တာတွေ မရှိပါဘူး။ကမ္ဘာကြီးထဲမှာ ဒုက္ခရောက်နေတဲ့ လူတွေကို ကူညီတတ်တဲ့ လူတွေလည်း ရှိပါသေးတယ်။
လင်းဖန် တစ်နေ့ ပန်ကိတ် ဆယ်လုံးပဲ ရောင်းတယ် ဆိုတာကလည်း ကသောင်းကနင်း အခြေအနေတွေကို မထိန်းချုပ်နိုင်လို့ပါ။
ဝူတန်ဟီဟာ လင်းဖန်ရဲ့ ဘေးမှာ ဘယ်ချိန်ပေါ်လာမှန်းမသိပဲ ပြောလိုက်တယ်။
"တကယ်လို့ ဒီကလေးသာ သူခိုးခိုးခံရတဲ့ အခြေအနေကြုံတွေ့ ရရင် ကျိန်းသေ သေဆုံးလိမ့်မယ်"
လင်းဖန် ဒါကို ကြားပြီး ရယ်မောလိုက်ပါတယ်။
"ဒါဆိုရင်တောင် သူနောက်ဘဝမှာ ကောင်းရာဘုံကို ရောက်ဦးမှာပဲ။ဒီကလေးရဲ့နှလုံးသားထဲက ထွက်လာတဲ့ ကြင်နာမူတွေကို မြင်နေရတယ်။လူတိုင်းမှာ အခြေအနေနှစ်မျိုးပဲရှိတယ်။ကြင်နာမူကနေ ကြင်နာမူကို တိုးပွားစေနိုင်ပြီး။ဆိုးရွားတဲ့ စိတ်တွေကြတော့ ပျံ့နှံ့တာလွယ်ကူတယ်။ဒါက နတ်ဘုရားရဲ့ သံသရာပဲ"
လူလိမ် ထျန်ဟာ ခေါင်းခါယမ်းပြီး ပြောလိုက်သည်။
"မင်းတို့ ဒီအကြောင်းတွေပြောဖို့ စဥ်းစားနိင်သေးတယ်လား။လက်ရှိအခြေအနေကိုပဲ တွေးပူသင့်တယ်နော်"
လင်းဖန် ရယ်မောလိုက်ပါတယ်။
"အကုန်အဆင်ပြေပါတယ်။အခုဖြစ်ပျက်နေတာတွေက ဘယ်အရာမှ မတည်မြဲဘူး။ကျုပ်တို့က အမှန်အတိုင်းသာ လုပ်ဖို့လိုပြီး နက်နက်နဲနဲ လိုကိတွေးမနေသကိ့ဘူးလေ"
...
ကားထဲတွင်။
"အကြီးအကဲ ကျန်း ပန်ကိတ်က အဆင်သင့်ဖြစ်နေပြီ။ဟိုတယ်ကို အမြန်ပြန်လာပြီး တစ်ချက်ကြည့်ကြည့်ပါဦး"
အကြီးအကဲ ကျန်းဟာ သူ့မှာ စာဖိုမှူးတွေ အများကြီး ရှိပြီး တစ်ယောက်မှ လင်းဖန်ရဲ့ ပန်ကိတ်နဲ့တူညီတဲ့ ပန်ကိတ်မျိုး မလုပ်နိုင်လို့ ပြသနာတက်နေခဲ့တာပါ။
"ကောင်းပြီ ကောင်းပြီ ငါအခုလာခဲ့မယ်"
ဒါကိုကြားပြီးနောက်မှာ အကြီးအကဲ ကျန်းဟာ ပြသနာတွေ ပျောက်သွားသလို ခံစားရပြီး ဟိုတယ်ပြန်ကာ မြည်းကြည့်ဖို့ မစောင့်နိုင်တော့ပါဘူး။
တကယ်လို့ သူတို့သာ ဒီလို ပန်ကိတ်မျိုးကို လုပ်နိုင်ခဲ့ရင် သူတော့ ဒီထက်မက ချမ်းသာပါပြီ။