← Chapters

အမှန်တရားက ဒီလိုပဲလေ

Vol. 10 Ch. 148

အမှန်တရားက ဒီလိုပဲလေ

Vol. 10 Ch. 148

နောက်တစ်ရက်။

တိမ်ဖြူလမ်း။

လူလိမ် ထျန်ဟာ နားမလည်နိုင်စွာ ရေရွတ်လိုက်ပါတယ်။

"ဒီနေ့ ဘာဖြစ်နေတာလဲ။လာတန်းစီကြတဲ့ လူတွေက အတော်လေးကို နည်းနေကြတယ်"

လင်းဖန် သဘောတူစွာခေါင်းညိမ့်လိုက်တယ်။

"ဘယ်နတ်ဘုရားကများ ကျွန်တော်ကို ကြည့်ရူစောင့်ရှောက်လိုက်တာလဲ မသိဘူး။ကျုပ်နောက်ဆုံးတော့ နည်းနည်းဖြစ်ဖြစ်နားလို့ ရပြီ"

လူလိမ် ထျန်ဟာ ဒါကိုကြားပြီး လင်းဖန်ကို အပြစ်တင်လိုက်ပါတယ်။

"မင်းက ဘယ်လိုဖြစ်ပြီး ဘာမှမဖြစ်သလိုနေနေရတာလဲ။လူတွေက တစ်ဝက်ကျော်ကျော်လောက်တောင် နည်းသွားတာနော်"

လင်းဖန်လှောင်ရယ်လိုက်သည်။

"ဒါမ​ကောင်းဘူးလား။ကျုပ်က တစ်နေ့ကို ၁၀ လုံးပဲ ရောင်းပေးချင်တာ။ကာစတန်မာ အများကြီး လာပြိီးတန်းစီတာက သူတို့ရဲ့ အချိန်တွေကို ဖြုန်းတီးသလို ဖြစ်နေမှာပေါ့"

လူလိမ်ထျန်ဟာ ဆွံ့အသွားခဲ့ပြီး လင်းဖန်ကို ဘာပြန်ပြောရမလဲ ဆိုတာ မသိတော့ပါဘူး။

အဲ့အချိန်မှာပဲ ဝူယူလန်ဟာ ဖုန်းကို ကိုင်ထားရင်းကနေ ထအော်လိုက်သည်။

"လင်းဖန် အမြန် သတင်းကိုဖတ်ကြည့်ဦး"

"ရှန်ဟိုင်း အဆင့်မြင့် အိုးရှင်း ဟော်တယ် အကြီးအကဲတွေက သူတို့ လဝက်ကြာအောင် စမ်းသပ်စစ်ဆေးမူတွေ လုပ်ပြီးတဲ့နောက်မှာ လင်းဖန် လုပ်တဲ့ ပန်ကိတ်တွေ အတိုင်း ထုတ်လုပ်နိုင်ခဲ့ပြီလို့ ပြောနေတယ်"

လင်းဖန် ဒီသတင်းကို ကြားပေမယ့်လည်း လုံးဝကို စိတ်မပူပါဘူး။သူလုပ်ခဲ့တဲ့ ပန်ကိတ်တွေနဲ့ တူညီအောင် လုပ်နိုင်တဲ့ လူရှိတယ် ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ အရာပါ။

ထပ်ပြောရရင် စွယ်စုံကျမ်းရဲ့ စွမ်းရည်တွေက တစ်စုံတစ်ယောက်လိုက်မမှီနိုင်တဲ့ အကြောင်းအရာတွေ ပါဝင်ပါတယ်။

"ဝိုး ကြည့်ရတာ ဒီနေ့လူနည်းနေတဲ့ အကြောင်းအရင်းက ဒါကြောင့်ဖြစ်မယ်"

လင်းဖန်ဟာ ပြောလိုက်သည်။

လူလိမ် ထျန်ဟာ အချိန်အခနကြာအောင်တိတ်ဆိတ်နေပြီးမှ ပြောလိုက်ပါတယ်။

"မဖြစ်နိုင်တာ, သူတို့ ထုတ်လုပ်နိင်တယ် ဆိုတာ ငါမယုံကြည်နိုင်ဘူး။ဒါ သတင်းမှားလို့ မင်းထင်လား"

"ဒါအမှန်လား အမှားလား ကျွန်တော်ကတော့ စိတ်မဝင်စားဘူး။ကိုယ့်အလုပ်ကိုပဲ ဂရုစိုက်လိုက်ရအောင် တုန်ကင် တွေ ဝေပေးလိုက်တော့"

လူလိမ် ထျန်ဟာ ခေါင်းညိမ့်လိုက်ပေမယ့်လည်းဒီအကြောင်းကို မတွေးပဲနဲ့ မနေနိုင်ပါဘူး။

သူဒီဟိုတယ် အကြောင်းကို သိထားပြီး အကြီးအကဲ ကျန်းကို တောင် မှတ်မိပါသေးတယ်။

သူက လင်းဖန်နဲ့ ပူးပေါင်းချင်တယ် ဆိုတဲ့ သူဌေးတစ်ယောက်ပါ။ဒီလူ လင်းဖန်ရဲ့ ပန်ကိတ်နဲ့ အရသာတူတဲ့ ပန်ကိတ်ကို ပြုလုပ်နိုင်မယ်လို့ သူမထင်ထားခဲ့ပေ။

အပြင်ဘက်က မြို့သူမြို့သားတွေလည်း ဆွေးနွေးနေကြပါတယ်။

"တစ်ခုခုတော့ မဟုတ်သေးဘူးနော်၊ ဒီနေ့ လူလည်း သိပ်မရှိပါလား"

"ငါကြားတာကတော့ ရှန်ဟိုင်းရဲ့ အဆင့်မြင့် အိုးရှင်း ဟော်တယ်က မာစတာ လင်းရဲ့ ပန်ကိတ်နဲ့ အရသာတူ ပန်ကိတ်ကို ပြုလုပ်နိင်ခဲ့တယ်တဲ့။ဒါကြောင့် လူတိုင်းက အလျင်လိုပြီး အဲ့ကို ပြေးဝယ်ကြတာ"

"မဖြစ်နိုင်တာ မင်းဟာက သေချာလို့လား"

"ငါဘယ်လို သိမှာလဲ။ငါလည်း စားဖူးတာမှ မဟုတ်တာ။ ဒါပေမယ့် သတင်းတွေ ထွက်လာတယ် ဆိုတော့ မှန်ရင်လည်း မှန်နိုင်ပါတယ်"

"ငါကတော့ တစ်ခြားဟာတွေ ဂရုမစိုက်ဘူး။မာစတာ လင်းရဲ့ ပန်ကိတ်ကိုပဲ သဘောကြတာ။သူတို့တွေ သွားချင်သွားကြပါစေ..ငါကတော့ ဒီမှာပဲ နေဦးမှာပဲ"

"ငါရောပဲ။ သူတို့က သိပ်တောင် မစဥ်းစားကြတော့ဘူး။ဒီသတင်းကို ကြားတာနဲ့ ပြေးထွက်သွားကြတာ"

လူလိမ် ထျန်ဟာ တုန်ကင်နံပါတ် တွေကို လိုက်ဝေလိုက်ပါတယ်။လူတွေက တစ်ဝက်ခန့်သာ ရှိပေမယ့် လည်း တစ်ခြားဆိုင်တွေနဲ့ ယှဥ်ရင်တော့လူပိုများနေပါသေးတယ်။

အဲ့အချိန်မှာတော့ လူတွေအများကြီးဟာ ရှန်ဟိုင်း အဆင့်မြင့် သမုဒ္ဒရာ ဟိုတယ်ရဲ့ ရှေ့မှာ အလုပ်ရှုပ်နေကြပါတယ်။

သူတို့ရဲ့ လက်ထဲမှာ ပန်ကိတ်လေးတွေကိုင်ထားပြီး ပျော်ရွှင်နေကြလို့ပါ။

"ဝိုး ဟိုး , ဒါက အတော် အရသာရှိတာပဲ"

"ဒါက မာစတာ လင်းရဲ့ ပန်ကိတ်လောက် မကောင်းပေမယ့်လည်း အရသာက အတော်ကောင်းတယိ"

"ဒီပန်ကိတ်က သူဌေးလေးရဲ့ ပန်ကိတ်ပြီး ရင်တော့ နံပါတ် ၂ ပဲ"

"ငါက မာစတာ လင်းရဲ့ ပန်ကိတ်ကို မစားဖူးတော့ အရသာ ဘယ်လိုရှိလဲမသိဘူး။ဒါပေမယ့် အခု အဆင့်မြင့် သမုဒ္ဒရာ ဟိုတယ် ရဲ့ ပန်ကိတ်ကို စားရတာတော့ ကမ္ဘာ့အကောင်းဆုံးပဲ"

"ဒါပေမယ့် ဒီပန်ကိတ်တွေက တစ်ခုခုလိုနေသလိုပဲ။အရာသာ မပြည့်စုံဘူးလို့ ခံစားနေရတယ်"

လင်းဖန်ရဲ့ ဆိုင်ရှေ့မှာ တန်းစီနေကြတဲ့ လူများဟာ သူတို့ဘေးနားကနေ ပန်ကိတ်လေးကိုင်ပြီးဖြတ်သွားနေကြတဲ့ လူတွေကို ကြည့်ကာ မေးလိုက်ကြပါတယိ။

"ရှန်ဟိုင်း အဆင့်မြင့် အိုးရှင်း ဟိုတယ်က ပန်ကိတ်တွေက တကယ်ကောင်းလား"

ဖြတ်သွားတဲ့ လူများဟာ မှတ်ချက်ပြန်ပေးလိုက်ကြသည်။

"ဒါပေါ့ အရမ်းကောင်းတယ်။ဒါက မာစတာ လင်းရဲ့ ပန်ကိတ်တွေနဲ့ ယှဥ်ရင်တော့ ရှုံးနိမ့်မှာပေါ့။မာစတာ လင်းရဲ့ ပန်ကိတ်တွေက စားလိုက်ရင် အရသာ ဘယ်လိုရှိလဲ ဆိုတာ လုံးဝပြောပြလို့ မရဘူး။ဒါပေမယ့် ဒီပန်ကိတ်တွေက အတော် အရသာရှိတယ် ဆိုတာ ပြောလို့ရတယ်"

လင်းဖန်ရဲ့ ပန်ကိတ်ကို သစ္စာရှိရှိ အားပေးကြတဲ့ လူများဟာ ပြန်ငြင်းခုန်လိုက်ကြပါတယ်။

"မဖြစ်နိုင်တာ၊ မာစတာ လင်းရဲ့ ပန်ကိတ်တွေက ကမ္ဘာပေါ်မှာ နံပါတ် တစ်ပဲ။အဲ့က ပန်ကိတ်တွေက ဘယ်လိုယှဥ်နိုင်မှာလဲ"

"အဲလိုလဲ မဟုတ်သေးဘူးလေ။သူဌေးလေးလုပ်နိုင်မှတော့ တစ်ခြားလူတွေလည်း လုပ်နိုင်မှာပေါ့"

"ပြောချင်တာပြော ငါကတော့ မယုံဘူး။သူဌေးလေးရဲ့ ပန်ကိတ်တွေကိုပဲ စောင့်နေမယ်"

လင်းဖန်ကတော့ ဒီလိုအဖြစ်အပျက်တွေကို ဂရုစိုက်မနေချင်တော့ပါဘူး။စွယ်စုံကျမ်းရဲ့ ပန်ကိတ် လုပ်နည်းကို ယှဥ်ပြိုင်ချင်ရင်တော့ ဒါဟာ ဟာသတစ်လိုပဲ ဖြစ်နေပါလိမ့်မယ်။

သို့ပေမယ့် ရှန်ိဟိုင်း အဆင့်မြင့် အိုးရှင်းဟော်တယ်က ဒီလို နီးစပ်တဲ့ အထိတောင် လုပ်နိုင်တယ်ဆိုတော့ သူတို့ကျော်ကြားဖို့ ထိုက်တန်တယ်လို့ ပြောလို့ရပါတယိ။

နံပါတ်တွေဟာ ရွေးချယ်ပြီးသွားပြီး နံပါတ် မရွေးချယ်ခံရတဲ့ လူတွေဟာတော့ စိတ်ပျက်နေကြပါတယ်။

"မေ့လိုက်တော့ ငါယီးမှ ဒီကို ထပ်မလာတော့ဘူး။အိုးရှင်း ဟော်တယ်ကိုပဲ သွားတော့မယ်။လူတိုင်းက ကောင်းတယိ ပြောနေမှတော့ ဒီက ပန်ကိတ်နဲ့ သိပ်မကွာခြားလောက်ဘူး"

"ငါရောပဲ ဒီကို လုံးဝပြန်မလာတော့ဘူး။ဒီကို တစ်နေ့တစ်နေ့ ပင်ပင်ပန်းပန်းလာ ၊ တန်းစီ ၊ အဆုံးသတ်ကြတော့ ဘာပန်ကိတ်မှ မရ"

"သွားကြမယ် ကောင်လေးတို့ ၊ တစ်နေ့ကို ဆယ်လုံးတဲ့ စောက်ရူး တစ်ယောက်ထဲရောင်းပြီး ကျန်နေလိုက်တော့။သူ့စီးပွားရေး ထပ်ပြီး ကောင်းနိုင်ဦးမလား စောင့်ကြည့်ကြရအောင်"

မြို့သူမြို့သားတွေဟာ အော်ဟစ်လိုက်သည်။

"ဒါက မာစတာ လင်းအပေါ် ရက်စက်နေသလိူပဲနော်"

"မင်းတို့မှာ အသိတရား မရှိကြဘူးလား။သူဌေးလေး က ပန်ကိတ်မရောင်းတော့ဘူးဆိုတုန်းက ငါတို့ အသည်းအသန်လာပြီး တောင်းပန်ကြရတာလေ။အခု နေရာအသစ်ပေါ်လာပြီ ဆိုတော့ မင်းတို့က သူဌေးလေးကို စွန့်ပစ်သွားကြတော့မယ်ပေါ့။သွား..သွား.. ပြီးရင် ဘယ်တော့မှ ပြန်မလာကြနဲ့တော့။သစ္စာရှိတယ် ဆိုတဲ့ လူတွေ နေခဲ့ကြ။ငါကတော့ မသွားဘူး"

"ငါရောပဲ"

ဆယ်ကျော်သက် ကောင်လေးတစိယောက်ဟာ လည်း အော်ပြောလိုက်ပါတယ်။

"ဒါဆိုလည်း မင်းတို့ဟာ မင်းတို့ ဆက်တန်းစီကြ။သမုဒ္ဒရာ ဟော်တယ်က ပန်ကိတ်တွေကလည်း အရမ်းအရသာ ရှိတယ်။ဒါက သူဌေးလေး ပန်ကိတ်နဲ့ တောင် သိပ်မကွာဘူး"

တစ်ချို့လူတွေဟာ ဆိုရင် ဖုန်းတွေထုတ်ပြီးတောင် ဗီဒီယိုတွေရိုက်နေကြပါတယ်။ယင်းနောက် သူတို့ဟာ ချက်ချင်းအင်တာနက်ပေါ်တင်လိုက်ကြသည်။

"မာစတာ လင်း ဆိုင်ရဲ့ ပန်ကိတ်တွေဟာ ရှန်ဟိုင်း သမုဒ္ဒရာ ဟော်တယ် ပန်ကိတ်တွေရဲ့ တိုက်ခိုက်မူကို ခံရပြီး တဖြည်းဖြည်း ဆိုးရွားလာခဲ့တယ်"

ဓာတ်ပုံတွေဟာ အင်တာနက်ပေါ်ကို တက်သွားခဲ့ပြီး အရင်ကနဲ့ အခုအနေအထားကို ယှဥ်ကြည့်ရင် အတော် သက်သာလှပါတယ်။

"ငါ သိချင်တာက မာစတာ လင်းက ဘာလို့ တစ်နေ့ဆယ်လုံးပဲ ရောင်းတာလဲ။ဒါက အချိန်အကြာကြီး တန်းစီပြီး ဘာမှ မရတဲ့ လူတွေကို စိတ်ဆိုးစေတယ်လေ။ဖိတ်ကျသွားတဲ့ နို့အတွက်ကတော့ ငိုနေလို့လည်း ထူးတော့မှာမဟုတ်ဘူး"

"ဒါက ပန်ကိတ်တစ်ခုပဲလေ။သူလို အရသာမျိုး တစ်ခြားလူတွေ လိုက်မလုပ်နိုင်တော့ဘူးလို့ တွေးနေတာလား မသိဘူး။ရှန်ဟိုင်း အဆင့်မြင့် အိုးရှင်း ဟော်တယ်က ပန်ကိတ်တွေက တကယ်အရသာ ရှိလွန်းတယ်။အိုး.. ပြောနေရင်းနဲ့ ငါအဲဒီက ပန်ကိတ်ကို စားချင်လာပြန်ပြီ။အခုသွားတော့မယ်။ငါနည်းနည်းလောက် မစားရရင် အဆင်ပြေမှာ မဟုတိဘူး"

"တကယ်လို့ မာစတာ လင်းရဲ့ ပန်ကိတ်တွေကို သာစောင့်နေရရင် ဝိတ်ကျရောဂါ လူနာတွေ ဘယ်လောက်တောင် သေ​ကျေကြမလဲ မသိဘူး"

"ငါလည်း မသိဘူးလေ။အခုတော့ ရှန်ဟိုင်း အဆင့်မြင့် အိုးရှင်း ဟော်တယ် မှာ သတငိးထောက်တွေ အများကြီး ရောက်နေကြပြီ"

ရှန်ဟိုင်း အဆင့်မြင့် အိုးရှင်း ဟော်တယ် ရှေ့တွင်။

လူတွေအများကြီးဟာ အတန်းလိုက်တန်းစီနေကြပါတယ်။ပန်ကိတ် ပူပူနွေးနွေးတွေဟာလည်း မိီးဖိုချောငိကနေ အဆက်အပြတ်ယူလာနေလို့ပါ။

တစ်ခါလာရင် ပန်ကိတ် ၃၀ လောက်ရှိပြီး စျေးနှုန်းကလည်း လင်းဖန်ထက် စျေးနည်းပါတယ်။

အကြီးအကဲ ကျန်းဟာ ဘေးနားမှာ ရပ်ပြီး ကာစတန်မာတွေကို ကြည့်နေခဲ့သည်။သူဟာ အလွန်ဂုဏ်ယူပြီး ၊ ကျေနပ်နေခဲ့မိပါတယိ။

ဒါတွေက သူတို့ ဟော်တယ် ဝန်ထမ်းတွေရဲ့ အလုပ်ကြိုးစားမူကြောင့်ပါ။

သူဒီပန်ကိတ်တွေကို ကမ္ဘာ့အဆင့်မှီစျေးကွက်အထိ တင်ပို့ဖို့ ဆုံးဖြတ် ပြီးထားပါပြီး။

ဒါပေမယ့် ဒီ ပန်ကိတ်မှာ စောက်ကျိုးနဲ့ စေမယ့် အထူးပါဝင်ပစ္စည်းတစ်ခု ရှိနေတယ် ဆိုတာကိုတော့ သူမသိထားမိခဲ့ပါဘူး။

တကယ်လို့ သူသိခဲ့ရင် ဘယ်လို တုန့်ပြန်မလဲ ဆိုတာကတော့......

All Chapters