← Chapters

မာစတာ လင်းရဲ့ ကျဆုံးခန်း

Vol. 10 Ch. 149

မာစတာ လင်းရဲ့ ကျဆုံးခန်း

Vol. 10 Ch. 149

အကြီးအကဲ ကျန်းဟာ သတင်းထောက်တွေကိုကြည့်ပြီးပြုံးလိုက်တယ်။နောက်ဆုံးတော့ သူ့အိပ်မက်ထဲက ပန်ကိတ်ကို ထုတ်ဖော်နိုင်ခဲ့ပါပြီ။

စာဖိုမှူးတွေအတွက် ဒေါ်လာ ဆယ်သိန်းလောက် လုပ်ခ ပေးရတာက ဘာ မှမဟုတ်ဘူးလို့ ပြောလို့ရပါတယ်။

သတင်းထောက် တွေဟာ သူ့အနားကို တဖြည်းဖြည်း ဝန်းရံလာနေကြပါတယ်။

သူတို့ ထဲက တစ်ယောက်ဟာ မေးလိုက်တယ်။

"အကြီးအကဲ ကျန်း, ခင်ဗျား ပန်ကိတ်တွေက မာစတာ လင်းရဲ့ ပန်ကိတ်တွေနဲ့ စာရင် ဘယ်လောက်တောငိ ပိုကောင်းပါသလဲ ခင်ဗျ"

အကြီးအကဲ ကျန်းဟာ သူ့ရဲ့ ဝမ်းသာမူတွေ ကို ဖုံးကွယ် မထားနိုင်တော့ပါဘူး။

"ကျွနိတော် ဒီလို မေးခွနိးမျိုးကို မဖြေပါရစေနဲ့ဗျာ..ကာစတန်မာတွေပဲ ဆုံးဖြတ်ကြပါစေ"

ပန်ကိတ်ကို အားရပါးရ စားနေတဲ့ လူတစ်ယောက်ဟာ ဒါကို ကြားပြီး ဝင်ပြောလိုက်တယ်။

"ကျွန်တော်က တော့ ဒီပန်ကိတ်နှစ်ခုကြားမှာ သိပ်ကွာဟ မူမရှိဘူးလို့မြင်တယိ။ဒါပေမယ့် ရှန်ဟိုင်း အဆင့်မြင့် အိုးရှင်း ဟော်တယ်က ပန်ကိတ်တွေက တကယ်ကို အရသာရှိတယ်"

သတင်းထောက်..

"တကယ်လို့ ခင်ဗျား မာစတာ လင်းရဲ့ ပန်ကိတ်နဲ့ အကြီးအကဲ ကျန်းရဲ့ ပန်ကိတ်ကို ရွေးရမယ်ဆိုရင် ဘယ်ဟာကို ရွေးချယ်မလဲ "

မြို့သားဟာ ပြန်ပြောလိုက်ပါတယ်။

"ဒါပေါ့ ကျုပ် ရှန်ဟိုင်း အဆငိ့မြင့် အိုးရှင်းဟော်တယ်ရဲ့ ပန်ကိတ်ကိုပဲ ရွေးချယ်မှာပေါ့။ဒီမှာက လိုချင်သလောက်ကို ဝယ်ယူလို့ရတယ်လေ။တိမ်ဖြူလမ်းမှာက တစ်နေ့လုံး စောင့်နေရင်တောငိ ပန်ကိတ်တစ်လုံး ရဖို့ဆိုတာ မသေချာဘူး။အဲ့နေရာကို မုန်းလွန်းလို့ ဘယ်တော့မှ ပြန်မသွားတော့ဘူး"

သတင်းထောက်တွေဟာ အရာရာကို မှတ်တမ်းတင်ထားပြီး အကြီးအကဲ ကျန်းကို ဆက်လက်အင်တာဗျူးနေကြပါတယ်။

သတင်းထောက်။

"အကြီးအကဲ ကျန်း , နောက်ဆက်ပြီး ဘာတွေ လုပ်ဆောင်မယ်လို့ စဥ်းစားထားပါသလဲ ခင်ဗျ"

အကြီးအကဲ ကျန်းဟာ ပြုံးလိုက်ပြီး..

"ကျွနိတော် ရန်ဟီ ဟော်တယ်နဲ့ ပူးပေါင်းပြီး ဝိတ်ကျရောဂါ ခံစားနေရတဲ့ လူနာတွေအတွက် ပန်ကိတ်ကို စမ်းသပ်ဖို့ စီစဥ်ပြီးသွားပါပြီ။သူတို့ စားမလား မစားဘူးလား ဆိုတာကတော့ စောင့်ကြည့်ရပါဦးမယ်"

သတင်းထောက်။

"ဒါကို အောင်မြင်မယ်လို့ ထင်ပါသလား ခင်ဗျ"

အကြီးအကဲ ကျန်းဟာ ယုံကြည်မူရှိရှိခေါင်းညိမ့်ပြီး ပြောလိုက်တယ်။

"ကျွနိတော်ကတော့ အောင်မြင်မယ်လို့ ယုံကြည်တယ်။ဘာလို့လဲ ဆိုတော့ ကျွန်တော်ရဲ့ ပန်ကိတ်တွေက တိမ်ဖြူလမ်းရဲ့ ပန်ကိတ်တွေထက် မနိမ့်ကျလို့ပဲ"

သတင်းထောက်။

"အောင်မြင်သွားရင်တော့ ဒါက ဝိတ်ကျရောဂါသည်တွေအတွက် သတင်းကောင်းဖြစ်သွားပါလိမ်မယ်။အဲဒီတောက်မှာ စျေးကွက်ကို ထိူးဖောက်တော့မှာပါလားခင်ဗျ"

အကြီးအကဲ ကျန်းဟာ အနာဂတ်အတွက် အစီစဥ်တွေကို ချမှတ်ပြီးသားပါ..သူစျေးကွက်ကို မထိုးဖောက်ပဲ ဘယ်နေလိမ့်မလဲ။

"ဒါပေါ့ ဝိတ်ကျရောဂါသည်တွေ စားစားမစားစား ကျွန်တော်က ဒီပန်ကိတ်တွေကို ကျွနိတော်တို့ရဲ့ ကိုယ်ပိုင် တံဆိပ်တစ်ခုပြုလုပ်ပြီး နိုင်ငံတစ်ဝှမ်းလုံးက စူပါမားကပ်တွေကို ဖြန့်ကာ အရသာရှိတဲ့ ပန်ကိတ်ကို အားလုံးစားခွင့်ရအောင် လုပ်ပေးမှာပါ"

သတင်းထောက်တွေဟာ အကြီးအကဲ ကျန်းကို ဂုဏ်ပြုလိုက်ပါတယ်။

"အောင်မြင်ပါစေ"

အကြီးအကဲ ကျန်းဟာ ခေါင်းညိမ့်ပြီး ပြောလိုက်တယ်။

"ကျေးဇူးပါ"

အဲ့အချိန်မှာတော့ စာဖိုမှူးတွေဟာ ဆွံ့အနေကြပါပြီ။

စျေးကွက်ကို ထိုးဖောက်မှာလား...တစ်နိုင်ငံလုံးက စူပါမားကတ်တွေကို ဖြန့်ဝေမယ်ပေါ့...

ကိစ္စအကြီးကြီးတော့ဖြစ်တော့မှာပါ။ယင်းနောက် သူတို့ဟာ တစ်ယောက်မျကိနှာတစ်ယောကိကြည့်ပြီး စိတ်ထဲကနေ တွေးလိုက်ပါတယိ။

ဘယ်လိုဖြစိနိုင်မှာလဲ...

ငါတို့စတွေးတုနိး ပန်ကိတ်တွေကို ကုမ္ပဏီမှာပဲ ရောင်းချမယ်လို့ ထင်ထားခဲ့တာလေ...ဘယ်သူက တစ်နိုင်ငံလုံးကို ဖြန့်မယ်လို့ ထင်ထားမှာလဲ..

တကယ်လို့သာ ဒီကိစ္စရှာတွေ့သွားရင် ငါတို့တော့ စောက်ပြသနာ အကြီးကြီးတက်ပြီ....

နေ့လည်ဘက်။

ရန်ဟီ ဆေးရုံတွင်။

အကြီးအကဲ ကျန်းနဲ့ သူ့လူတွေဟာ ပန်ကိတ်ကို ယူပြီး ဆေးရုံကိုရောက်လာခဲ့ကြပါတယ်။

လူနာဆောင် ၃ ရဲ့ ဝိတ်ကျရောဂါ ဖြစ်နေတဲ့ မိန်းကလေးကတော့ သူတို့ရဲ့ အစမ်းသပ်ခံလေးပါပဲ။

သတင်းထောက်တွေဟာလည်း သေချာပြင်ဆင်ထားကြပြီး တစ်စက္ကန့် လေးတောငိ အလွတ်မခံနိုင်ကြပါဘူး။

ဒါရိုက်တာ ကျန်းပါ အတူပါလာပြီး ဘာမှ ဝင်မစွတ်ဖက်ပါဘူး။

ဘာတွေဖြစ်နေတာလဲ..ဝိတ်ကျရောဂါသည်တွေက ဘယ်တုန်းက ဘယ်ကိတိကို ကြိုက်သွားကြတာလဲ...

တကယ်လို့ ဝိတ်ကျရောဂါ သည်တွေသာ ပန်ကိတ်ကို စားရင် ဆေးရုံးတွေကို ဘာလို့ လိုဦးမှာလဲ...? အထုတိတွေ သိမ်းပြီးပဲ အိမ်ပြန်တော့မှာပေါ့..

ပူပူနွေးနွေး ပန်ကိတ်လေးကို ထုတ်လိုက်ပါတယ်။

အကြီးအကဲ ကျန်ဟာလည်း ဘေးနားမှာ မျှော်လင့်ချကိတွေ အပြည့်နဲ့ စောင့်နေလို့ပါ။တကယ်လို့ သာအောင်မြင်သွားရင် သတင်းထောက်တွေရော ၊ သူရော ပျော်လွန်းလို့ ထခုန်မိပါလိမ့်မယ်။

တကယ်လို့ ဒီပန်ကိတ်ကို သာ ဝိတ်ကျရောဂါသည်တွေ စားလို့ရခဲ့ရင် နောက်ဆက်တွဲ ကတော့ နည်းနည်း ရှုပ်ထွေးသွားနိုင်ပါတယ်။

ဝမ်လီလီဟာ ပန်ကိတ်ကို တစ်ကိုက်ကိုက်ပြီး ဝါးလိုက်တယ်။

"ငါလုပ်နိုင်ပြီလား"

အကြီးအကဲကျန်းဟာ မျှော်လင့်ချက်တွေ အပြည့်နဲ့ပါ။

* အော့ *

ဝမ်လီလီဟာ မထိန်းချုပ်နိုင်စွာပဲ ပန်ကိတ်ကို ပြန်အန်ထုတ်လိုက်ပါတယ်။

အကြီးအကဲ ကျန်းဟာ ဒါကို မြင်ကာ စိတ်ပျက်စွာဖြင့်..

"တကယ်မအောင်မြင်ဘူးလား"

သတင်းထောက်တွေလည်း ဒါဟာ ရှုံးနိမ့်သွားပြီးမှန်းနားလည် လိုက်ကြပါတယိ။

ဝမ်မူဟာ ကြည့်လိုက်ပြီး ပန်ကိတ်ကို ပြန်ယူဖို့ လူပ်လိုက်ပေမယ့်လည်း..ဝမ်လီလီကတော့ ပန်ကိတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ထားဆဲပါ။

"သမီး ဒါကို စားချင်တယိ"

ဝမ်လီလီဟာ ပြန်အန်ထုတ်ပေမယ့်လည်း ပန်ကိတ်ကို ဆက်ပြီး စားချင်နေပါသေးတယ်။သူမ နောက်တစ်ကိုက် ထပ်ကိုက်လိုကိပေမယ့်လည်း ပြန်အန်ထုတ်ရ တာပါပဲ။

အကြီးအကဲ ကျန်း ဟာ ဒါကိုမြင်ပြီး စိတ်သက်သာရာ ရသွားပါတယ်..ဒါက အလုံးစုံ ကျဆုံးတယ်လို့ မဆိုလိုသေးပါဘူး..မျှော်လင့်ချက်ရှိပါသေးတယိ။

* အော့ *

....

အကြိမ်အနည်းငယ် ဖြစ်ပြီးနောက်မှာ အကြီးအကဲကျန်းဟာ အနည်းငယ် စိတ်လှုပ်ရှားလာပြီး ..

"ကြည့်ရတာ လျို့ဝှက်ပါဝငိပစ္စည်းက လုံလောက်တဲ့ အဆင့်အထိမရှိသေးဘူး ထင်တယ်။အောင်မြင်ဖို့ဆိုရင်..ကျုပ်တို့ ဖော်စပ်နည်းကို နည်းနည်းပြန်ပြင်ဖို့လိုသေးတယ်"

သတင်းထောက်တွေဟာလည်း ဒါကို မြင်ပြီး ခေါင်းညိမ့်လိုက်ကြပါတယ်။ဒါက ပြသနာကြီးမဟုတ်ပါဘူး ..အခုတောင် တော်တော်တိုးတက်နေပြီလို့ ပြောလို့ရပါပြီ။

ဒါရိုက်တာ ကျန်းလည်း ဘာတွေဖြစ်နေလည်း နားမလည်နိုင်တော့ပေ။

ဒါက သိပ္ပံနည်းမကျဘူး..ဒါက လုံးဝကို သိပ္ပံနည်းလမ်း မကျဘူး..

"ဖြစ်နိုင်မယ် ဆိုရင် ကျန်နေတဲ ပန်ကိတ်ကို ကျွန်တော်ကို ပေးပါလား။ကျွနိတော် တစ်ချက်လောက် ကြည့်ချင်လို့"

ဒါရိုက်တာ ကျန်းဟာ ပန်ကိတ်ရဲ့ အရသာကို မြည်းကြည့်ချင်နေခဲ့ပါတယ်။သူ ဖြေရှင်းချက် မရဘူးဆိုရင် နေသာထိုင်သာ ရှိမှာ မဟုတ်ပါဘူး။

အကြီးအကဲ ကျန်း အတွကိလည်း ဒါက ပြသနာမရှိပါဘူး..သို့ပေမယ့် သူ ဘာမှမပြောရသေးခင်မှာပဲ သူ့စာဖိုမှူးတစိယောက်ဟာ ဝင်ပြောလိုက်တယ်။

"ကျွန်တော်တို့ရဲ့ ဖော်မြူလာက စမ်းသပ်ဆဲ ဆိုတော့ ပေးလို့မရသေးလို့ပါခင်ဗျ။ကျွန်တော်တို့ ပြန်ပြုပြင်ပြီး ၊ ပန်ကိတ်လုပ်ပြီးသွားရင် ဆေးရုံကို တစ်ခုပို့ပေးပါမယ်"

ဒါရိုက်တာ ကျန်းဟာ ခေါင်းညိမ့်လိုက်ပေမယ့်လည်း...လာပေးမယ့် ပန်ကိတ်ကို သိပ်ဂရုမစိုက်နေတော့ပါဘူး။

တစ်ခြားလူတွေ ထွက်ခွာသွားပြီးတဲ့နောက်မှာ ဒါရိုက်တာ ကျန်းလည်း ထွက်ခွာသွားမလို့ပါပဲ..သို့ပေမယ့် သူတစိခုခုကို သတိရပြီး လိန်ယွန်ကို ပြောလိုက်တယ်။

"ခုနက ပြန်အန်ထုတ်တဲ့ ပန်ကိတ်ကို ယူပြီး ဓာတ်ခွဲခန်းကို ပို့လိုက်"

လိန်ယွန်ဟာ ခေါင်းညိမ့်ပြီး ပြန်ပြောလိုက်ပါတယ်။

"နားလည်ပါပြီ ဒါရိုက်တာ"

......

ညဘက်။

သေးငယ်တဲ့ အိမ်တစ်အိမ်တွင်။

စုံတွဲတစ်တွဲ ဟာအတူတူအိပ်နေရင်း ရုတ်တရက် လန့်နိုးသွားခဲ့ပါတယ်။

မိန်းမဟာ ပြောလိုက်တယ်.

"ယောက်ျား ဘာဖြစ်တာလဲ။ ရှင်လန့်လန့် နိုးနေတာ လေးကြိမ်ရှိပြီနော်"

ယောက်ျားဟာ ပြန်ပြောလိုက်တယ်။

"ငါလည်းမသိဘူး..အဲ့ပန်ကိတ်ကို ပြင်းပြင်းထန်ထန်စား ချင်စိတ်တွေ ဖြစ်နေတယ်။ငါ မစားရဘူးဆိုရင် ..ပါးစပ်တွေ အရမ်းခြောက်ကပ်နေသလိုပဲ"

မိန်းမဟာ ပြုံးပြီး ပြန်ပြောလိုက်ပါတယ်။

"ရှင်က အတော်လောဘ ကြီးတာပဲ! ရှင် ညနေကတင် ပန်ကိတ် ငါးလုံးစားထားပြီး ညစာတောင် မစားဘူးလေ"

ယောက်ျားဟာ ပြောလိုက်တယ်။

"ဟားဟား မင်းပန်ကိတ် အရသာ မသိသေးလို့ပါ။သူတို့က မာစတာ လင်းရဲ့ ပန်ိကိတ်ကို တောင် ယှဥ်လို့ရတယ် "

....

တစ်ခြား အိမ်တစ်ခုတွင်။

"ချွေးမလေး ဘာလို့ ညဘက်ကြီး ပန်ကိတ်တွေ စားနေတာလဲ.."

"သမီး တကယ်စားချင်လို့ .. ဗိုက်ဆာ နေတာ"

"ကောင်းပြီ စားပြီးရင် စောစောအိပ်နော်..မနက်ဖြန် အလုပ်သွားရဦးမှာ.."

...

ပန်ပိတ်စားထားတဲ့ မိသားစု တိုင်း..မိသားစုတိုင်းဟာ အိပ်ဖို့ခက်ခဲပြီး. ပန်ကိတ်စာချင်စိတ် ပြင်းပြနေကြပါတယ်။

နောက်တစ်ရက်။

တိမ်ဖြူလမ်း။

ဒီနေ့အတွက် ကာစတန်မာတွေဟာ မနေ့ကထက်တောငိ နည်းပြီးတော့ ၊ မနေ့က လူတွေထက် တစ်ဝက်ပဲ ရှိတယ်လို့တောငိ ပြောလို့ရပါတယ်။

လူတိုင်းဟာ ရှန်ဟိုင်း အဆင့်မြင့် အိုးရှငိးဟော်တယ်ကိုသာ သွားကြပြီး..ဒီနေရာကသာ သူတို့စိတ်တိုင်းကျ ဆယိလုံး အလုံးနှစိဆယ် ဝယ်လို့ ရတဲ့နေရာပါ။

ရှန်ဟိုင်း အဆင့်မြင့် အိုးရှင်း ဟော်တယ်ရှေ့ကို ရောက်သွားတဲ့ အချိန်မှာ မြို့သားတွေဟာ တံတွေးတွေ မြိုချနေပြီး သူတို့ကို သူတို့ မထိန်းချုပ်နိုင်ကြတော့ပါဘူး။

ပန်ကိတ်ကို စားပြီးမှသာ သူတို့ နည်းနည်း သက်သာရာရသွားခဲ့ကြပါတယိ။

အကြီးအကဲ ကျန်းဟာ လူအုပ်ကြီးကို ကြည့်ပြီးဂုဏ်ယူနေခဲ့ပါတယ်။ဒီပန်ကိတ်တွေကို သူကိုယ်တိုင် ဖန်တီးထားတာဖြစ်ပြီး မာစတာ လင်းရဲ့ ပန်ကိတ်တွေကတောင် မရိုက်ချနိုင်ပါဘူး။

သူအစက ထင်ထားတာက ဒီကိစ္စတွေ အပြီးမှာ မာစတာ လင်းက တစ်နေ့ဆယ်လုံးရောင်းတာကို ပြောင်းလဲမယ်လို့ပါ..ဒါပေမယ့် သူက လုံးဝ မပြောင်းလဲပေ။

"မာစတာ လင်းရဲ့ ပန်ကိတ်တွေက မပြောင်းလဲဘူးနော်။မေ့လိုက်တော့ ငါတော့အဲ့ကို ဘယ်တော့မှ ပြန်မသွားတော့ဘူး"

"ငါရောပဲ..ဒီက ပန်ကိတ်တွေက တကယ်ကို မဆိုးဘူး။မနေ့က ငါမအိပ်ခင်နှစ်ခုတောငိ စားလိုက်သေးတယ်"

"မင်းက နှစ်ခုပဲလား ၊ ငါက သုံးခုတောင် စားလိုက်တာ"

"အရမ်းမိုက်တယ်"

အကြီးအကဲ ကျန်းဟာ ဒီမှတ်ချက်တွေကို ကြားပြီး သဘောတွေ ကြနေခဲ့ပါတယ်။

သို့ပေမယ့် ဒါတွေကို ကြားတဲ့ စာဖိုမှူးတွေက တော့ မသက်မသာ ဖြစ်နေကြပါတယိ။သူတို့ဟာ စိုးရိမ်တဲ့ အကြည့်ချင်းဖလှယ်လိုက်ကြပြီးပါဝင်ပစ္စည်း ကို ထည့်တာ နည်းနည်းများသွားပြီဆိုတာ မပြောပဲ သိနေရမယ့် အရာပါ။

လူတွေ ပန်ကိတ်စားချင်တဲ့ အချိန်က မြန်လွနိးနေပြီး နောက်တစ်ခါကျရင် လျော့ထည့်ဖို့သာ တတ်နိုင်ပါတော့တယ်။

တိမ်ဖြူလမ်း။

"သူဌေးလေး မြန်မြန်လုပ်ပါ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပြီ"

"ဟုတိတယ် ဒီနေ့ ငါတို့အတော်ကံကောင်းနေတယ်။လူတိုင်းက ရှန်ဟိုင်း အဆင့်မြင့် ဟော်တယ်ကို သွားနေပြတာ သူတို့တွေ ဒီကို ဘယ်တော့မှ ပြန်မလာဖို့မျှော်လင့်တယ်"

"အိုး ဒီနေ့ လူဆယ်ယောက် ကွက်တိပဲ ဆိုတော့ အညီအမျှ ခွဲယူလို့တောင်ရတယ်"

လူလိမ် ထျန်ဟာ လင်းဖန် စိတ်ပူတဲ့ပုံ လုံးဝမပေါက်ပဲ အေးဆေးဖြစ်နေတာကိုမြင်ပြီး ပြောလိုက်ပါတယ်။

"မင်းဘာလို့ နည်းလမ်းတစ်ခုခု မစဥ်းစားတာလဲ..ငါတို့မှာ ဒီနေ့ လူဆယ်ယောက်ပဲ ရှိတယ်"

"အိုး ကွက်တိပဲပေါ့"

လင်းဖန်ပြောပြီးပြောလိုက်တယ်။သူကြည့်ရတာ ဘာမှ အကျိုးအသက်ရောက်တဲ့ ပုံပါပဲ။

သူ့ရဲ့ အစီစဥ်က တစ်နေ့ ပန်ကိတ် ဆယ်လုံးရောင်းဖို့ ဖြစ်ပြီး အခု လူဆယ်ယောက်ရှိတယိဆိုတာ ဘာပြသနာ မှမရှိပါဘူး။

လူလိမ်ထျန်ဟာ ပြောစရာ စကားဆွံ့အသွားခဲ့ပါတယ်။လူတစ်ယောက်က သူ့ရဲ့ အောင်မြင်မူတွေဆုံးရှုံးသွားရရင် ဒီလိုဖြစ်မနေသင့်ပါဘူး။

ပတ်ဝန်းကျင် ဆိုင်တွေက သူဌေးတွေဟာလည်း လင်းဖန်ရဲ့ ဆုံးဖြတ်ချက်ကို ကြည့်ကာ ခေါင်းခါယမ်းလိုက်ကြပါတယ်။သူတို့ နောက်ဆုံးတော့ မာစတာ လင်းရဲ့ ကျဆုံးခန်း ကိုကိုယ်တိုင်မြင်နေကြရပါပြီ။

လင်းဖန်ကတော့ သူအစီစဥ်တွေကို ပြောင်းလဲမဲ့ပုံမပေါ်ပါဘူး။

All Chapters