← Chapters

သူတို့ ဘာလိုချငိတာလဲ

Vol. 10 Ch. 150

သူတို့ ဘာလိုချငိတာလဲ

Vol. 10 Ch. 150

နောက်တစ်ရက်။

အင်တာနက်ပေါ်ရှိ ဆွေးနွေးမူများတွင်။

"မင်းတို့ မာစတာ လင်းရဲ့ ဆိုင်ဘယ်လိုပြောင်းလဲ သွားလဲ မြင်ကြတယ်မလား။အရင်တုန်းက ဆိုရင် သူ့စီးပွားရေးက ကောင်းသလား မမေးနဲ့"

"ငါမနေ့က ရောက်သေးတယ်။မာစတာ လင်းရဲ့ ဆိုင်က ခြောက်ကပ်နေတာပဲ။လူဆယ်ယောက်ကလွဲပြီး ဘယ်သူမှ မသွားကြဘူး"

"ရှန်ဟိုင်း အဆင့်မြင့် အိုးရှငိး ဟော်တယ်ရဲ့ ပန်ကိတ်တွေက ဗုံးတွေလိုပဲ။ငါ ဒီဟာကို စားဖို့ ဆွဲဆောင်ခံတေရသလိုပဲ။အဲတာကို ညဘက်မစားရရင် အိပ်မပျော်တော့ဘူး"

"အပေါ်ကကောင်း မင်းဖျားနေတာလား။ပန်ကိတ်ကြောင့်တော့ မဟုတ်ပါဘူးနော်..ဟုတ်တယ်မလား"

"မာစတာ လင်းရဲ့ ပန်ကိတ်တွေက အရမ်းကောင်းတယ်..ဒါပေမယ့် ဆေးစွဲသလို အငမ်းမရတော့ မဖြစ်စေဘူးနော်။သူ့ပန်ကိတ်တွေက အရသာရှိရုံတင်မကဘူး စားလိုက်ရင် ခွန်အားတွေပါ ပြည့်လာတာ"

"မင်းတို့ အတွေးလွန်နေပြီ..ရှန်ဟိုင်း အဆင့်မြင့်အိုးရှင်း ဟော်တယ်က ဟော်တယ်တွေထဲမှတောငိ ထိပ်ပိုင်းမှာရှိတယိ..ဘယ်လိုလုပ်ပြသနာ ရှိနိုင်မှာလဲ။မင်းတို့က သူတိူ့ကို လမ်းဘေး စျေးသည်များ ထင်နေတာလား"

"ဘာပဲ ဖြစ်ဖြစ် လင်းဖန်ရဲ့ စီးပွားရေးကတော့ သွားပြီ၊ သူ့ကို တော်တော် အကျိုးသက်ရောက်စေတာ"

"ငါလက်မခံဘူး ..သူဌေးလေးက တစ်နေ့ ဆယ်လုံးပဲ ရောင်းချင်တာလေ.ကာစတန်မာ နည်းတော့ရောဘာဖြစ်လဲ။ပန်ကိတ် ဆယိလုံး မကုနိတာမှ မဟုတိတာ"

"ဒါက အမှန်ပဲ ..ဒါပေမယ့် လေထုကတော့ အရင်ကလို ပြန်ဖြစ်မှာမဟုတ်တော့ဘူးလေ။ဒါက လည်း ကျဆုံးမူတစိခုပဲ"

.....

ဝိုကိဘိုပေါ်တွင်။

"ဘာပဲဖြစ်ဖြစ် ငါလင်းဖန်ရဲ့ ပန်ကိတ်ကို စားတော့မှာ မဟုတ်ဘူး။ရှန်ဟိုင်း အိုးရှင်းဟော်တယ် က ပန်ကိတ်ပဲ စားတော့မယ်"

"ဒါအမှန်ပဲ ..ထပ်ပြောရရင် သူတို့က တစ်နေ့တစ်နေ့ ပန်ကိတ်အလုံးရေ ကိုတောင် ကန့်သတ်ထားလိုက်သေးတယ်။အခု သူ့ရဲ့ ပန်ကိတ်ကို ဘယ်လိုဆက်ရောင်းဦးမလဲ ငါစောင့်ကြည့်ဦးမယ်"

"ရှန်ဟိုင်း အိုးရှင်းဟော်တယ်က ငါတို့ဝယ်ချင်သလောက် ဝယ်လို့ရတယ်"

"ကောင်းပြီ ငါအခုပဲ ပန်ကိတ်ကို စားချင်လာပြန်ပြီ..သွားဝယ်စား လိုက်ဦးမယ်"

"တောင်ဘက်ခြမ်းက မြို့သားတွေက ငါတို့ ဒီလိူအရသာရှိတဲ့ ပန်ကိတ်တွေစားနေရတော့ မနာလိုတောငိ ဖြစ်မိတယ်လို့ အီးမေး ပို့ထားတယ်"

"မြောက်ဘက်က လူတွေကလည်း မနာလိုဖြစ်မိတယ်ဆိုပြီး ပြောသေးတယ်"

....

မီဒီယာ ပေါ်တွင်။

"ရှန်ဟိုင်း အဆင့်မြင့် အိုးရှင်း ဟောတယ်ရဲ့ ပန်ကိတ်တွေဟာ ဝိတ်ကျရောဂါသည်တွေကို ချဲလန့် ခေါ်ခဲ့သည်။ပြသနာ အနည်းငယ် ရှိပေမယ့်လည်း ရောဂါသည်များ စားချင်နေဆဲဖြစ်.."

"လင်းဖန်ရဲ့ ပန်ကိတ်တွေဟာ ရောဂါသည်တွေအပေါ် အလုပ်ဖြစ်ရုံသာမက ၊ ရှန်ဟိုင်း အိုးရှငိးဟော်တယ်ရဲ့ ပန်ကိတ်ဟာလည်း အလုပ်ဖြစ်နေခဲ့သည်"

...

"လင်းဖန်ရဲ့ ဆိုင်က ခြောက်သွေ့နေပြီ..ဘယ်လောက်ကံဆိုးလိုက်လဲ"

"ဒါက သူ့ဟာသူ ဖန်တီးခဲ့တာလေ..ငါတို့ မြို့သားတွေက အားနာတတ်တဲ့ လူတွေ မဟုတ်ဘူး"

လူတွေဟာ သူတို့ရဲ့ စကားတွေက အင်တာနက်ပေါ်မှာ ဘယ်လောက်အထိပျံ့နှံ့သွားနိုင်တယ် ဆိုတာ မသိကြပါဘူး။

သို့ပေမယ့် အင်တာနက်ဆိုတာက အံ့သြမူတွေနဲ့ ပြည့်နှက်နေခဲ့တာပါ..တစ်ခုခုဖြစ်မယ်ဆိုရင် ဘယ်တော့မှ ကြိုမခန့်မှန်းနိုင်ပါဘူး။

ဝူယူလန်ဟာ သတင်းတွေကို ဖတ်နေပြီး လင်းဖန်ထက်တောင် ပိုဒေါသထွက်နေခဲ့ပါတယ်။

"ဒီလူတွေ ဘာလို့ ဒီလိုတောင်ပြောနိုင်ကြတာလဲ..သူတို့ နောက်ဆကိတွဲတွေကို မသိကြဘူးလား"

လင်းဖန်ဟာ ပြုံးလိုက်ပြီး..

"အခုအခြေအနေက စိတ်ကူးထားတဲ့ အတိုင်းပဲ မဟုတ်ဘူးလား။ထပ်ပြောရရင် ငါတို့က တစ်ခြားလူတွေ ပြောတာကို ဘယ်လိုလုပ်လိုက်ပြီး ထိန်းချုပိလို့ ရမှာလဲ.."

ဝူတန်ဟီဟာ ခေါင်းညိမ့်ပြီး ပြောလိုက်တယ်။

"ဒါက လူ့သဘာဝပဲ...တကယ်လို့ သူတို့မှာ ရွေးချယ်စရာ တစ်ခုပဲ ရှိရင် ဘာပံဖြစ်ဖြစ် သူတို့ ကျေကျေ နပ်နပ်ကြီး လက်ခံကြမှာ။ဒါပေမယ့် သူတို့မှာ နှိုင်းယှဥ်စရာ ရှိလာပြီ ဆိုရင်တော့..သူတို့က မင်းအပြစ်တွေကို ရှာဖွေဖို့ ကြိုးစားလာလိမ့်မယ်။ယူလန်.. စိတ်ကို တည်ငြိမ်အောင်ထား"

လူလိမ်ထျန်ဟာ ခေါင်းခါယမ်းပြီး ပြောလိုက်ပါတယ်။

"မင်းတို့နှစ်ယောက်က အရမ်းတည်ငြိမ်လွန်းတာပဲ။ငါ့ရဲ့ ခံစားချက်ကလည်း ဝူယူလန် လိုပဲ ထပ်ပြီး သည်းမခံနိုင်တော့ဘူး။ဒီကောင်တွေက ကျေးဇူးတရား ဆိုတာ မသိကြဘူး"

လင်းဖန် ဒါကို ကြားပြီး ရယ်မောလိုကိတယိ။

"တော်လောက်ပြီ..အပြင်မှာ တန်းစီတဲ့ လူတွေရောက်နေပြီလေ.တုန်ကင်တွေ ဝေပေးလိုက်ပါဦး။အခု ကာစတန်မာတွေ လျော့ကျလာပြီ ဆိုတော့.. ကျန်နေတဲ့ ကာစတန်မာတွေက ဝမ်းသာနေလောက်တယ်။ခင်ဗျား မယုံဘူးဆိုရင် သူတို့ကို မေးကြည့်ပေါ့.."

လင်းဖန်ရဲ့ စကားတွေကို အပြင်ဘက်က လူတွေဟာ ကြားလိုက်ပြီး.. တစ်ယောက်တစ်ခွန်း ဝိုင်းပြောလိုက်ကြပါတယိ။

"ဒါပေါ့ ကျုပ်တို့ မပျော်ပဲ ဘယ်နေပါ့မလဲ..အခုဆိုရင် ပြိုင်ဘက်တွေ မရှိတော့ဘူးဆိုတော့ ကျုပ်တို့ နေ့တိုင်း ပန်ကိတ်စားကြရတယ်။ဘဝက သာသာယာယာပဲ.."

"ငါတော့ ဒီလူတွေကို နားမလည်နိုင်ဘူး..ဒီလို အရသာရှိတဲ့ ပန်ကိတ်တွေ စားနေရတာတောငိ ထွက်သွားကြသေးတယ်"

"ဟုတိတယ်..ငါ အသိမှတ်ပြုတဲ့ ပန်ကိတ်က သူဌေးလေးရဲ့ ပန်ကိတ်ပဲ..ရှန်ဟိုင်း အိူးရှင်း ဟော်တယ်ရဲ့ ပန်ကိတ် မဟုတ်ဘူး"

"ဒီကောင်တွေ ထွက်သွားတာ အကောင်းဆုံးပဲ"

ကျန်နေတဲ့ လူတွေဟာ အမှနိတကယ် ပျော်ရွှင်နေကြတာပါ..သို့ပေမယ့် သူတို့ ရှန်ဟိုင်း အိုးရှင်းဟော်တယ် ဘက်ကို လျောက်ကြည့်လိုက်တဲ့ အချိန်မှာ တွေ့ရတဲ့ လူအုပ်ကြီးက ကြောက်စရာပါပဲ။

သူတို့ စိတ်ထဲ သိပ်အဆင်မပြေဖြစ်ပေမယ့် သူဌေးလေးရဲ့ ပန်ကိတ်ကိုသာ သစ္စာရှိဖို့ ရွေးချယ်ခဲ့ကြပါတယ်။

လင်းဖန်ဟာလည်း အကြီးအကဲ ကျန်း ပန်ကိတ်တွေကို ဘယ်လိုလုပ်လိုကိလဲ ဆိုတာတောငိ သံသယ ဖြစ်လာမိခဲ့ပါတယိ။

တစ်စုံတစ်ယောက်မှာ စွယ်စုံကျမ်းကိုတောင် ယှဥ်နိုင်လောက်တဲ့ အသိပညာ ဗဟုသုတ တွေရှိနေလိမ့်မယ်လို့ သူမယုံကြည်ပါဘူး။

စွယ်စုံကျမ်းဟာ လူတွေရဲ့ နှလုံးသားကို ဖမ်းယူပြီး သူတို့ကို ကျေနပ်မူနဲ့ ပျော်ရွှင်မူပေးနိုင်တဲ့ ပန်ကိတ်တွေကို ဖန်တီးပေးထားတာပါ။

အခုတော့ ရှန်ဟိုင်း အိုးရှင်းဟောတယ်ရဲ့ ပန်ကိတိတွေဟာလည်း အရမ်းအရသာရှိနေပြီး လူတွေ အားလုံးကို အငမ်းမရဖြစ်နေစေခဲ့ပါတယိ။

ဒါကို ထပ်တွေးနေလို့ရော ဘာထူးမှာလဲ..ဒါက တစ်ခြား လူတစ်ယောက်ရဲ့ အလုပ်ပဲ..ငါနဲ့ဘာမှမဆိုင်ဘူး...

ဆေးရုံတွင်။

ဒါရိုက်တာ ကျန်းဟာ စစ်ဆေးချက် အဖြေစာရွက်ကို လက်ထဲမှာ ကိုင်ထားပြီး ဒေါသကို မထိန်းချုပ်နိုင်တော့ပေ။

လူမဆန်တဲ့ကောင်...

သူ ဒီပန်ကိတ်နဲ့ ပတ်သက်ပြီး သူ့ဦးခေါင်းနှောက်ကို အလွန်အကျွံ အသုံးပြုနေပေမယ့်လည်း..ရှန်ဟိုင်း အိုးရှင်းဟော်တယ်က ပန်ကိတ်ထဲမှာ ဒီလို အရာကို ထည့်ထားရဲပါတယိ။

- ပါပါဗာရင်း [ ကြွက်သားတွေကို သက်သောင့်သက်သာ ဖြစ်စေသည့် ဆေးတစ်မျိုး ]

- မော်ဖင်း [ နာကျင်မူသက်သာစေရန် ဘိန်းမှ ထုတ်လုပ်ထားသည့် ဆေး ]

- ကိုဒင်း [ အကိုက်ခဲ ပျောက်ဆေး တစ်မျိုး ]

- နီကိုဒင်း [ ဆေးရွက်ကြီးတွင်ပါဝင်သည့် အန္တရာယ် ဖြစ်စေနိုင်သည့် ဓာတ်တစ်မျိုး ]

- သီဗိန်း [ ဓာတု ဒြပ်ပေါင်းတစ်ခု ]

ဒါရိုက်တာ ကျန်း ဒေါသထွက်နေတာက ဒီလိုအရာတွေက လူတွေကို သေစေနိုင်လို့ပါ။

သူသာ ဝမ်လီလီ ထွေးထုတ်လိုက်တဲ့ ပန်ကိတ်ကို မစမ်းသပ်ရင် ပန်ကိတ်မှာ ဒီလိုအရာတွေ ပါနေမယ် ဆိုတာကို တွေးမိမှာတောငိ မဟုတ်ပါဘူး။

ထပ်ပြောရရင် သူတို့က ကြယ်ငါးပွင့် ဟော်တယ်ဖြစ်ပြီး ဒီလို အလုပ်မျိုးက ကိုယ့်သေတွင်းကို တူးတာပါ။

အဲအချိန်မှာပဲ ရှန်ဟိုင်း အဆင့်မြင့် အိုးရှင်းဟော်တယ်ရဲ့ ပန်ကိတ်တွေက ဘာလို့ ငမ်းငမ်းတက် စားပြီးရင်း စားချင်ဖြစ်နေရလည်း ဆို နားလည်လိုက်ပါတယ်။

ဟိုတယိဟာ ပန်ကိတ်ထဲမှာ ဆေးတစ်မျိုးကို ရောထားတာ ဖြစ်ပြီး..လူတွေက ပန်ကိတ်ရဲ့ အရသာ ကို စွဲလမ်းကြိုက်နှစ်သက်နေကြတာ မဟုတ်ပါဘူး..ဒါပေမဲ့ ဆေးကိုပါ။

အရင်တစ်ခေါက် မာစတာ လင်းဆိုင်က ပန်ကိတ်တွေကတော့ ဘာပြသနာမှ ရှိမနေခဲ့ပါဘူး။ဒါပေမယ့် အခုပန်ကိတ်တွေကတော့ အန္တရာယ်ရှိတဲ့ မူးယစ်ဆေးဝါးပါ။

ယင်းနောက် တွင် ဒါရိုကိတာ ကျန်းဟာ အလျင်အမြန် ဖုန်းထုတ်ကာ ဆက်လိုက်ပါတယ်။

......

တိမ်ဖြူလမ်းတွင်။

လင်းဖန်ဟာ ပန်ကိတ်ဆယ်လုံး ရောင်းပြီးတဲ့ အချိန်မှာ အနားယူနေခဲ့ပါတယ်။ဒီနေ့ တွေဟာအတော်သက်သောင့် သက်သာရှိပြီး လေထူကလည်း လတ်ဆက်နေလို့ပါ။

သို့ပေမယ့် သိပ်မကြာခင်မှာ ပဲ တံခါးဝ မှာဆေးလိပ် သောက်နေတဲ့ လူလိမ် ထျန်ဟာ ထအော်လိုက်ပြန်ပါတယ်။

"အိုးမိုင်... သတင်းထောက်တွေ ရောက်လာကြပြန်ပြီ.."

လင်းဖန်ဟာ ကြောင်အသွားခဲ့တယ်..သတင်းထောက်တွေရှေ့ရှေ့မှာတော့ အကြီးအကဲ ကျန်းဟာ ဦးဆောင်နေလို့ပါ...

"ခင်ဗျားက ဘာလာလုပ်တာလဲ..."

အကြီးအကဲ ကျန်း သတင်းထောက်တွေနဲ့ အတူဘာလို့ လာတာလဲ ဆိုတာ လင်းဖန်တကယ် နားမလည်နိုင်တော့ပါဘူး။

ပတ်ဝန်ကျငိ ဆိုင်က သူဌေးတွေဟာလည်း စုဝေးလာကြပါတယ်.သူတို့ သူဌေးလေးရဲ့ အခြေအနေကို သိထားကြပြီး စိုးရိမ်တယ် ဆိုတာက ပုံမှန်ပါပဲ။

လင်းဖန်ရဲ့ အလုပ်က ဒီရက်ပိုင်းမှာ သိပ်အခြေအနေ မကောင်းပါဘူး။သူတို့ရဲ့ စိတ်ထဲမှာတော့ လင်းဖန် အဆင်ပြေဖို့ကို တိတ်တဆိတ်ဆုတောငိး ပေးနေကြတာပါ။

သူဌေးကျန်းဟာ သူ့ရှေ့က ကျေနပ်တဲ့ ကာစတန်မာ တွေရှေ့မှာ မတ်တပ်ရပ်လိုက်ပါတယ်။

"လင်းဖန် ငါတို့ပြန်တွေ့ ပြန်ပြီ"

သူဌေးကျန်းရဲ့ လေသံကတော့ ကျေနပ်နေတဲ့ ပုံပါပဲ။

လင်းဖန် ခေါင်းညိမ့်လိုက်တယ်..ဒါပေမဲ့ သူဌေးကျန်း ဘာလို့ ဒီရောက်လာတာလဲ ဆိုတာတော့ သူနားမလည်နိုင်ပါဘူး။

သူဌေး ကျန်းက ငါ့ကို စော်ကားဖို့လာတာ ဖြစ်နိုင်မလား..မဖြစ်နိုင်တာ ဒီလို ဒီလောက် မရူးလောကိပါဘူး...

သူဌေးကျန်းဟာ ရယ်မောပြီး လင်းဖန်ကို တီးတိုး ပြောလိုက်ပါတယ်။

"လင်းဖန် စိတ်မကောင်းပါဘူး..ငါမင်းရဲ့ ကာစတန်မာတွေကို မတော်တဆ ခိုးယူခဲ့မိတယ် "

လင်းဖန်ဟာ ဒါကို ကြားပြီး ဆွံ့အကာ ဘာမှ ပြန်မပြောနိုင်တော့ပေ။

"..........."

All Chapters