ကြောက်လန့်စရာ မြင်ကွင်း
Vol. 10 Ch. 143
ဆိုင်ရှေ့တွင်။
လင်းဖန်ဟာ ပန်ကိတ်တွေကို ကျွမ်းကျင်စွာပြုလုပ်နေခဲ့ပါတယ်။သို့ပေမယ့် သူ့စိတ်ထဲမှာ သိနေတာကတော့ ဝိတိကျရောဂါ ကလေးမနဲ့ ထပ်ပြီး ပတ်သက်နေရင် ပြသနာကြီးလာနိုင်တယ် ဆိုတာပါပဲ။
"ပြီးပြီ"
တောက်ပတဲ့ ရွှေရောင်ပန်ကိတ်ကလေးဟာ ထွက်ပေါ်လာခဲ့ပါတယ်။လင်းဖန် ပန်ကိတ်ကို သေချာယူပြီး ပလပ်စတစ်အိပ်ထဲကို ထည့်လိုက်ပါသည်။
ဒီပန်ကိတ် က လူများစွာရဲ့ အသည်းစွဲဖြစ်ပြီး ပန်ကိတ်ရဲ့ အရွယ်အစားကလည်း လူတစ်ယောက်ရဲ့ အစာအိမ်တစ်ခုနဲ့ အရွယ်တူတူလောက်ပါပဲ။
ဒီ ပန်ကိတ်ရဲ့ အရသာကို မေ့ပစ်ဖို့ ဆိုတာကတော့ သူတို့အတွက် ဘယ်လိုမှ မဖြစ်နိုင်တဲ့ အရာကြီးပါ။
မဒမ် ဝမ်ဟာ သူ့ပတ်လည်မှာ ပန်ကိတ်ကိုင်ထားတဲ့ လူတွေကို ကြည့်လိုက်ပါတယ်။သူတို့ရဲ့ အမူအရာတွေက တကယ်ကို ကျေနပ်နေကြတာပါ။
ဘေးပတ်လည်က ဆိုင်ပိုင်ရှငိများဟာလည်း ဒီမြင်ကွင်းတွေကို ရိူးနေခဲ့ပါပြီ။သို့ပေမယ် သူတို့ နေ့တိုင်းမြင်နေရပေမယ့်လည်း မြင်တဲ့ အချိန်တိုင်းမှာ အံ့သြမိနေဆဲပါ။
မဖြစ်နိုင်တာ !!
တကယ် မဖြစ်နိုင်တာ !
ဒီကို ပထမဆုံးရောက်လာတဲ့ လူသစ်တစ်ချို့ဟာလည်း အံ့သြနေကြပါတယ်။သူတို့ဟာ ဖုန်းများစတင်ကာ ရိုက်ကူးလိုက်ပြီး သူငယ်ချင်းတွေကို ပို့နေကြသည်။
သူတို့ အတွက်ကတော့ ပန်ကိတ်စားနေတဲ့ လူတွေဟာ သရဲ ၊ ဘီလူး ဝင်စီးနေကြသလိုပါပဲ။
.....
မဒမ် ဝမ်ဟာ ပန်ကိတ်ရလိုက်တဲ့ အချိန်မှာ လင်းဖန်ကို ကျေးဇူးတင်လိုက်ပြီး လူလိမ် ထျန်ကို အဓိပါယ် ပါပါတစ်ချက်ကြည့်လိုက်ပါတယိ။
တကယ်လို့ လူလိမ် ထျန်ကြောင့်သာ မဟုတ်ရင် သူမ ပန်ကိတ်ရဖို့ ဆိုတာ ဖြစ်နိုင်ခြေနည်းလွန်းမှန်း သူမသိထားပါတယ်။
ယင်းနောက် လူအုပ်ကြီးဟာ တဖြည်းဖြည်း ပြန်ထွက်သွားခဲ့ကြသည်။
လင်းဖန်ဟာ ကုလားထိုင်မှာ ထိုင်လိုက်ပြီး လူလိမ်ထျန်ကို ပြုံးကြည့်ပြီး ပြောလိုက်တယ်။
"လူလိမ် ထျန် , ခင်ဗျားက ဒီလောက်ထိ နှလုံးသား ကြီးမြတ်မှန်း ကျုပ်မသိခဲ့ဘူး။ခင်ဗျား သူမကို စိတ်ဝင်စားနေတာလား"
လူလိမ် ထျန်ဟာ ခေါင်းကို ခါယမ်းလိူက်သည်။
"ဒါက အဲ့လိုမဟုတ်ဘူး။သူမ ဘယ်လောက် သနားဖို့ကောင်းလဲ ငါမြင်ခဲ့ရတယ်လေ။သူမ သမီးက ဖျားနာနေပြီး သူမယောက်ျားက ထွက်ပြေးသွားပြီ။သူမက ဒီဆိုင်ကို မနက်အစောကြီး ကတည်းက လာပြီးစောင့်နေခဲ့တာ။နှလုံးသားရှိတဲ့ ဘယ်သူမဆို ဒါကိုမြင်ရင် လျစ်လျူရူထားနိုင်မှာ မဟုတ်ဘူး"
ဝူတန်ဟီဟာ ဝင်ပြောလိုက်သည်။
"ဒီပန်ကိတ်က ဝိတ်ကျပြီး အစားမစားချင်တဲ့ လူနာကို အစာစားချင်စိတ်ပြန်ရအောင် လုပ်ပေးနိုင်တယ်လေ။ငါတို့ ဒီကိစ္စကို လေးလေးနက်နက်တွေးသင့်တယ်။မဟုတ်ရင် တကယ်ရှုပ်ထွေးမူကြီးတွေ ဖြစ်လာနိုင်တယ်နော်"
လူလိမ် ထျန်ဟာ ဒါကိုကြားပြီးရယ်မောလိုက်ပါတယ်။
"ဘယ်လို ရှုပ်ထွေးမူမျိုးလဲ ။ဒါက ပန်ကိတ်လေး တစ်လုံးပဲလေ"
ဝူတန်ဟီဟာ ခေါင်းယမ်းလိုက်တယ်။
"သေချာတွေးကြည့် ၊ ဝိတ်ကျရောဂါ ခံစားနေကြရတဲ့ လူနာတွေရဲ့ မိသားစုတွေ ဒီအကြောင်းကို သိသွားခဲ့မယ်ဆိုရင် သူတို့ဘာလုပ်မယ် လို့ မင်းထင်လဲ"
လူလိမ် ထျန်ရဲ့ မျက်လုံးတွေဟာ ကျယ်ပြန့်သွားခဲ့ပါတယိ။
"သူတို့က အပြေးအလွှားလာပြီး ၊ ပန်ကိတ်ရဖို့အတွကိ တိုက်ခိုက်ကြမှာလား"
ဝုတန်ဟီဟာ ဆက်ပြောလိုက်တယ်။
"တကယ်လို့ မီဒီယာတွေသာ ထပ်မံချဲ့ကားပြီး မာစတာ လင်းက ဝိတ်ကျရောဂါကို ကူသနိုင်တယ်လို့ သတင်းတွေ ဖြန့်လိုက်ရင်..ဒါက ပိုပြီး ပြသနာ ကြီးလာပြီ။တစ်နေ့ ပန်ကိတ်ဆယ်လုံးပဲ ရောင်းပေးတာက အဲ့ကျရင် ကျိန်းသေ မေးခွန်းထုတ်စရာ ဖြစ်လာမှာပဲ။တကယ် ဆိုးရွားတာတွေ တောင် ဖြစ်လာနိုင်တယ်"
လင်းဖန်ဟာ တိတ်ဆိတ်စွာ ထိုင်နေခဲ့ပေမယ့် ဝူတန်ဟီ မှန်တယ်ဆိုတာကို သူသိပါတယ်။
"ဒီလောက်ထိ ဆိုးရွားလိမ့်မယ် လို့ ငါမတွေးမိလိုက်ဘူး"
လူလိမ် ထျန်ဟာ ဆက်တွေးရမှတောင် ကြောက်ရွံ့နေခဲ့ပါတယ်။
ဝူတန်ဟီဟာ ခေါင်းကို ခါယမ်းပြီး ရယ်မောလိုက်တယိ။
"ဒီကမ္ဘာပေါ်မှာ လူသားတွေရဲ့ နှလုံးသားလောက် ကြောက်ဖို့ကောင်းတဲ့ အရာဘာမှ မရှိဘူး။တွေးကြည့်ပါဦး မာစတာ လင်းရဲ့ ပန်ကိတ်တွေကို သူတို့ကလေးတွေ စားတယ်ဆိုတာ မိသားစုဝင်တွေ သိသွားရင် သူတို့ မာစတာ လင်းကို တောင်းပန်ကြလိမ့်မယ်"
"တကယ်လို့ သူတို့ကို တန်းစီခိုင်းမယ် ဆိုရင် သူတို့ ကျိန်းသေ မပျော်မရွင်ဖြစ်လာကြမှာပဲ။တကယ်လို့ သူတို့က ပန်ကိတ်ဝယ်ဖို့ အခွင့်အရေးမရရင် တိုက်ခိုက်ဖို့ ကြိုးစားကြလိမ်မယ်။ဒါဆို ပြသနာက လိုင်းပေါ်ကို ရောက်သွားပြီး မီဒီယာတွေက ချဲ့ကားကြမှာပဲ။ဒီလို ကိုယ်ကျင့်တရားဦးစားပေးတဲ့ ခေတ်ကြီးမှာ လူတွေကလည်း အဆုံးမရှိ တိုက်ခိုက်ကြမှာ ကျိန်းသေတယ်။ဒါက ကြောက့်ဖို့ကောင်းတယ်လို့ မထင်ဘူးလား"
"တကယ်လို့ ပြသနာကသာ အဆင့်တစ်ခုထိရောက်သွားရင် ဘယ်အရာကမှ ဖြေရှင်းလို့ ရတော့မှာ မဟုတ်ဘူး။ဒါဆိုရင် ဒီကိစ္စတွေရဲ့ အဝေးကို ထွက်ပြေးဖို့ပဲ တတ်နိုင်တော့မယ်။တစ်ခါတစ်လေ အရမ်းကြင်နာ တတ်တာကလဲ အနာဂတ်မှာ ပြသနာ တွေကိုပဲ ဖြစ်ပေါ်လာစေတယ်။ တရုတ်နိုင်ငံ တစ်ခုထဲမှာတင် ရောဂါသည် ဘယ်လောက်များများရှိမယ် ထင်လဲ။တကယ်လို့ သူတို့ကို သနားပြီး သဘောတူလိုက် မိရင် မာစတာ လင်းက မောပန်းပြီး သေသွားနိုင်တယ်လေ။ဒါဆို လူတွေက သူ့ကို လူကောင်းလေး တစ်ယောက်လို့ ပြောလိမ့်မယ်။ဒါပေမဲ့ ဘာလေးစားမူတွေ ၊ ဆုတံဆိပ်တွေကို မှပေးမှာတော့မဟုတ်ဘူး။ဘာလို့ လဲဆိုတော့ သူတို့အတွက် မာစတာ လင်းက ပန်ကိတ်ရောင်းတဲ့ ပန်ကိတ်သမားလေး တစ်ယောက်အဆင့်ပဲလေ"
လူလိမ် ထျန်ဟာ ဒါကိုကြားတဲ့ အချိန်မှာ အလင်းပွင့်သွားခဲ့ပါတယ်။
"ဒါတကယ်ကြောက်ဖို့ကောင်းတယ်။တကယ်လို့ ရောဂါအတွက် လူတစ်သောင်းလောက်ပဲ လာတယ်ဆိုရင်တောင် သူက တစ်နေ့ကို ပန်ကိတ်တစ်သောင်းလုပ်ပေးရမှာလား။ဒါက သူ့ကို သတ်နေသလိုပဲလေ"
လင်းဖန်ဟာ ရယ်မောလိုက်ပါတယ်။
"ကောင်းပြီ ဒီမကြောင်းကို မတွေးပဲ နေကြရအောင်။ကျုပ်တို့ အခုကစပြီး စည်းမျဥ်းအတိုင်းပဲ လုပ်ကြရအောင်။တစ်နေ့ကို ဆယ်လုံးပဲ။ဘယ်လို လူမျိုးပဲ ဖြစ်ဖြစ် ကိစ္စမရှိဘူး။ကျုပ်က ကမ္ဘာကြီးရဲ့ ကယ်တင်ရှင်မှ မဟုတိတာ"
လူလိမ်ထျန်ဟာ သဘောတူစွာ ခေါင်းညိမ့်လိုက်ပါသည်။တစ်ချိန်တည်းမှာပဲ သူ အနည်းငယ်တော့ သံသယ ရှိနေခဲ့ပါတယ်။
ဒီပန်ကိိတ် တွေက ဘာလို့ အဲ့လို ထူးခြားနေတာလဲ....?
ရန်ဟီ ဆေးရုံတွင်တော့။
မဒမ် ဝမ်ဟာ ပန်ကိတ်ကလေးကို ဝယ်လာခဲ့ပြီး သူမ သမီးလေးကို ကျွေးတော့မိလို့ပါပဲ။သိုပေမယ့် ဒါရိုက်တာကျန်းက ပန်ကိတ်ကို ထမင်းနဲ့ရောပြီး အလုပ်ဖြစ်မဖြစ် အစမ်းကျွေးကြည့်ဖို့ အကြံဥာဏ်ပေးခဲ့ပါတယ်။
ပုံမှန်ဆိုရင်တော့ သူမ ဒါရိုက်တာ ကျန်းကို ယုံကြည်မှာပါ။သို့ပေမယ့် လက်ရှိအခြေအနေအရတော့ သူမ ပန်ကိတ် တစ်ခြမ်းကို သာ ထမင်းနဲ့ အစမ်းရောကြည့်လိုက်ပါတယ်။
အဆုံးမှာတော့ ရလာဒ်က သူမကို ကျေနပ်စေတဲ့အရာပါ။ဒါက တကယ်ကို အလုပ်ဖြစ်ပါတယ်။
သူမ ပန််ကိတ်ကို ထမင်းနဲ့ ရောလိုက်ပေမယ့်လည်း လီလီက အကုန်စားခဲ့ပါသည်။
ဒါရိုက်တာ ကျန်းဟာ ခေါင်းငြိမ့်လိုက်ပြီး ပြောလိုက်တယ်။
"ဒါက အစကောင်းပဲ။ဒီတိုင်းသာ ဆက်သွားရင် တကယ့်တိုးတက်မူတွေ ရှိလာလိမ့်မယ်"
ဒါရိုက်တာ ကျန်းဟာ အခုချိန်မှာ ဒီပန်ကိတ်တွေကို အတော်စိတ်ဝင်စားနေတဲ့ လူတစ်ယောက်ပါ။သူ အင်တာနက်ပေါ်မှာ ရှာဖွေလိုက်တဲ့ အချိန်မှာတော့ ပန်ကိတ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ အများကြီးကျလာခဲ့ပါတယိ။
မာစတာ လင်း ?
ဒါရိုက်ကျန်းဟာ မာစတာ လင်းနဲ့ ပတ်သက်ပြီး ပိုပို့ပြီး သံသယ ဖြစ်လာခဲ့ပါသညိ။
ဒေါက် ဒေါက်
"ဝင်လာခဲ့"
ဒါရိုက်တာ ကျန်းပြောလိုက်သည်။
"ဒါရိုက်တာကျန်း လူနာ အဆောင် ၃ မှာ သတင်းထောက်တွေ အများကြီး ရောက်နေတယ်"
လိန်ယွန်ဟာ ပြောလိုက်သည်။
ဒါရိုက်တာ ကျန်းဟာ ကြောင်အသွားခဲ့ပါတယ်။
"ဘာလဲဟ ။ သူတို့က ဘာလို့ ရောက်နေကြတာလဲ"
လိန်ယွန်ဟာ ခေါင်းကို ခါယမ်းလိုက်သည်။
"တစ်စုံတစ်ယောက်က ပြင်းထန်တဲ့ ဝိတ်ကျရောဂါသည်က အစားပြန်စားနေ့ပြီ ဆိုတာ အသိပေးလိုက်လို့ ဖြစ်မယ်"
ဒါရိုက်တာ ကျန်းဟာ မျက်မှောင်ကျုတ်လိုက်ပါတယ်။
"ငါသွားကြည့်လိုက်မယ်"
လူနာဆောင်တွင်။
ဒီလူနာဆောင်မှာတော့ သတင်းထောက်တွေ ပြည့်နေခဲ့ပါပြီ။သူတို့ရဲ့ ကင်မရာတွေက အလင်းပြန်မူ တွေဆိုရင် မျက်လုံးတောငိ မဖွင့်နိုင်လောက်အောင်ပါပဲ။
သို့ပေမယ့် ဝမ်လီလီကတော့ သူးဘေးနားမှာ ရှိနေတဲ့ သတင်းထောက်တွေကို လုံးဝ ဂရုစိုက်တဲ့ပုံ မပေါ်ပါဘူး။သူမ ဂရုစိုက်တာဆိုလို့ သူမလက်ထဲမှာ ကိုင်ထားတဲ့ ခွက်ကိုပါ။
သတင်းထောက်တစိယောက်ဟာ မေးလိုက်သည်။
"အန်တီ သမီးက ဝိတ်ကျရောဂါ ခံစားနေရတာ။သူမကို ဘယ်လိုအရာက စားသုံးချင်စိတ်ပြန်ဖြစ်စေခဲ့တာလဲ ခင်ဗျ"
သတင်းထောက်တွေက သတင်း အသစ်တွေကို လိုချင်နေကြတာပါ။သူတို့ ဒီမိန်းကလေး ဝိတ်ကျရောဂါ ခံစားရတဲ့ အကြောင်းကို လွန်ခဲ့တဲ့လအနည်းငယ်က သတင်းရေးခဲ့ပြီး တုန့်ပြန်မူ ရလာဒ်က ကျေနပ်စရာပါပဲ။
ကြည့်ရူသူတွေဟာ သူမကို သနားနေကြပြီး သူမကို ပြန်မသက်သာနိုင်တော့ဘူးလို့တောင် ထင်ထားကြပါသေးတယ်။
သူတို့အားလုံး ဒီမိန်းကလေး သေသွားရင် နောက်ထပ် သတင်းတစ်ပုဒ်ရေးဖို့စောင့်နေကြတာပါ။ဒါဆိုရင် သူတို့ ပရိသတ်တွေ ရဲ့တုန့်ပြန်မူကို ထပ်ရကြပါလိမ်မယ်။
သို့ပေမယ့် ဒီရောဂါသည် မိန်းကလေး ပြန်စားလိမ့်မယ်လို့ သူတို့အားလုံး မထင်ထားခဲ့ကြပါဘူး။
သူတို့က ဒေါက်တာတွေမဟုတ်ကြပေမယ့်လည်း အတွေ့အကြုံရှိ ဝါရင့်သတင်းထောက်တွေ ုဖစ်ကြပြီး ဒီလိုရောဂါ ဘယ်လောက် ကြောက်ဖို့ကောင်းလဲ သိကြပါတယ်။
တစ်ခုတည်းသော ဖြစ်နိုင်ခြေက သေတာကို ထိုင်စောင့်နေဖို့ပါပဲ။
မဒမ် ဝမ်ဟာ ပြောလိုက်သည်။
"ပန်ကိတ် ...ဒါက ပန်ိကိတ်ကြောင့်ပဲ"
သတင်းထာက်တွေဟာ ကြောင်အသွားခဲ့ကြသည်။
ဝိတ်ကျရောဂါသည် အစာပြန်စားတာက ပန်ကိတ်ကြောင့်လား....
သူတို့ မယုံကြည်နိုင်ကြပေ။
သတင်းထောက်တစ်ယောက်ဟာ မေးလိုက်သည်။
"ပုံမှန် ပန်ကိတ်လားဗျ"
မဒမ် ဝမ်ဟာ ခေါင်းယမ်းလိုက်ပါတယ်။
"တိမ်ဖြူလမ်းက ပန်ကိတ်ပဲ။တကယ်လို့ တစ်ခြားပန်ကိတ်တွေဆိုရင် ကျွန်မ သမီးလေးသေသွားမှာကို စောင့်ကြည့်ဖို့ပဲ တတ်နိုင်တော့တယ်"
ဝမ်လီလီဟာ အော်လိုက်သည်။
"အမေ ထပ်စားချင်သေးတယ်"
"ကောင်းပြီ ကောင်းပြီ"
မဒမ် ဝမ်ဟာ ပန်ကိတ်နဲ့ရောထားတဲ့ ထမင်းနဲနဲ ဖြည့်ပေးလိုက်ပါတယ်။
""များများစား ဒါမှ ပြန်ပြီး ကျန်းမာလာမှာ"
သတင်းထောက်နေဟာတော့ သိတ်ရှုပ်နေကြပါသည်။
တိမ်ဖြူလမ်းက ပန်ကိတ်တွေလား ...
အဲ့အချိန်မှာပဲ ဒါရိုက်တာ ကျန်းဟာ ရောက်ရှိလာခဲ့သည်။
"ချစ်လှစွာသော သတင်းထောက်တို့ အပြင်ထွက်ပေးကြပါလား။ဒါက ဆေးရုံလေ။ကျေးဇူးပြုပြီး လူနားကို လေဝင်လေထွက်ကောင်းအောင် ထားပြီး တိတ်ဆိတ်ပေးကြပါ"
သို့ပေမယ့် သတင်းထောက်တွေဟာ ဒီအခွင့်အရေးကို လက်မလွှတ်ချင်ကြပါဘူး။
"ဒါရိုက်တာ ကျန်း သူမ ဘယ်လိုဖြစ်ပြီး အစာစားလဲ ပြောပေးနိုင်မလား"
"ဒါက ပန်ကိတ်တွေကို ကျေးဇူးတင်ရမှာလား၊ ဆေးရုံရဲ့ ကုသမူတွေကို ကျေးဇူးတင်ရမှာလားခင်ဗျ"
"ဒါရိုက်တာ ကျန်း နည်းနည်းလောက်တော့ ပြောပေးပါ"
ဒါရိုက်တာ ကျန်းကို သတင်းထောက်တွေ အများကြီး ဝိုင်းထားခဲ့ပါတယ်။
ဒီလိုမေးခွန်းတွေကို သူဘယ်လို ပြန်ဖြေရမလဲတောင် မသိတော့ပါဘူး....