ငါ့ကို ဘာလုပ်စေချင်နေကြတာလဲဟ
Vol. 10 Ch. 144
နောက်တစ်ရက်။
သတင်းစာတိုင်းမှာ အကြောင်းအရာတစ်ခုက စာမျက်နှာ တစ်ဝက်ကို နေရာယူထားခဲ့ပါတယ်။
"ဒါကတကယ်ကြီးလားဟ။ပြင်းထန်တဲ့ ဝိတ်ကျရောဂါသမားတောငိ ကုသလို့ရတာလား"
"ငါကြားတာကတော့ ၊ဒီလိုဝိတ်ကျရောဂါမျိူးက ကင်ဆာရောဂါနဲ့တောငိ သိပ်မကွာဘူးတဲ့။တကယ်တော့ ကင်ဆာရောဂါ ထက်တောင် ပိုပြီးကြောက်ဖို့ ကောင်းပါသေးတယိကွာ"
"ဆေးပညာတွေက ပိုပိုပြီး တိုးတက်လာခဲ့ပြီ။မကြာခင်မှာ မကုနိုင်တဲ့ ရောဂါရှိတော့မှာ မဟုတ်ဘူး"
"ဟေး တစ်ခုခုတော့ အမှန်ဘူးနော်။ဝိတ်ကျရောဂါက ပန်ကိတ်နဲ့ ဘာဆိုင်လို့တုန်းဟ"
"သတင်းထောက်တွေ ဘာတွေ လုပ်နေကြတာလဲ။ဒါက သတင်းအတုဆိုတာ အသိသာကြီးကို။သူတို့ ဒီလိုသတင်းကို ဘာလို့ တင်ကြတာလဲ"
..
လိုင်းပေါ်တွင်။
"မအိမ်လုံး ၊ ဒီ အယ်ဒီတာတွေမှာ ရေးစရာ ဘာမှ မရှိတော့ဘူးလား။ဒါ အကန်းတွေ ရေးထားတာကျနေတာပဲ"
"အယ်ဒီတာ မင်းမှာ ခေါင်းမပါဘူးလား။ပန်ကိတ်တစ်ခုကြောင့်နဲ့ ဝိတ်ကျလူနာက ဘယ်လို ပြန်သက်သာလာနိုင်မှာလဲ"
"အယ်ဒီတာရေ ထွက်လာပါကွာ မင်းကို သေတဲ့ အထိမရိုက်နှက်ပါဘူးလို့ ကတိပေးပါတယ်။မင်း အိုင်ကျူ ကို နည်းနည်းစစ်ဆေးယုံလေးပါ"
"တိတ်ဖြူလမ်းရဲ့ ထူးခြားတဲ့ ပန်ကိတ်လား။ငါဒါကို အရင်က ကြားဖူးနေသလိုပဲ"
"အိုး ချီးပဲ ၊ တိမ်ဖြူလမ်းက မာစတာ လင်းရဲ့ ပန်ကိတ်လား။သူတို့ ကြော်ငြာချင်တယ်ဆိုရင် တောင် ဒီလိုပုံစံနဲ့ ကြော်ငြာစရာ မလိုဘူးလေ"
"မေ့လိုက်တော့ ၊ ခေါင်းမရှိတဲ့ လူတွေပဲ ဒီစကားကို ယုံကြည်လိမ့်မယ်"
.....
ဝိုက်ဘိုပေါ်တွင်။
ဆေးရုံကြီး တစ်ခုရဲ့ ပရော်ဖက်ဆာ တစ်ယောက်ဟာ ပြောလိုက်ပါတယ်။
"စောက်ဆန်း ၊ တကယ့် စောက်ဆန်းကြီးပဲ။ငါ ဝိတ်ကျရောဂါနဲ့ ပတ်သက် သုတေသန တွေလုပ်နေတာ နှစ်ပေါင်းသုံးဆယ်ရှိပြီ။ပန်ကိတ်နဲ့ ကုလို့ရတယ် လိုတော့ ဘယ်တုန်းကမှ မကြားခဲ့ဖူးဘူး။ဝိတ်ကျရောဂါရဲ့ အပြည့်အစုံက ကြောက်မက်ဖွယ်ရာ ဝိကျရောဂါတဲ့။ဒါက စိတ်ပညာ ဆိုင်ရာ ရောဂါတစ်မျိုး အဖြစ်သတ်မှတ်ထားတယ်။ဒီလိုရောဂါမျိုး ဆိုတာက ဘဝရဲ့ စိတ်ဖိစီးမူတွေ ၊ ပတ်ဝန်းကျင်အသစ်ရဲ့ ပြသနာတွေ ဒါမှမဟုတ် လူတစ်စုံတစ်ယောက်နဲ့စိတ်ခံစားချက်ဆိုင်ရာ မတော်တဆ အဖြစ်အပျက်တွေကြောင့် ဖြစ်ပေါ်လာခဲ့တာ။ပြင်းထန်တဲ့ ဝိတ်ကျရောဂါ ခံစားနေရတဲ့ လူက ဘာအစားမှ စားနိုင်မှာ မဟုတ်ဘူး။အခု အာရုံစိုက်မူကို လိုချင်တာနဲ့ပဲ သတင်းထောက်တွေက လျောက်ရေးသားနေကြတယ်။ပန်ကိတ်ကြောင့် ပြန်ကောင််းလာတယ် ဆိုတာက ဘယ်လို အဓိပါယ်မှ မရှိဘူး"
ပရော်ဖက်ဆာ လီဟာ ဝိတ်ကျရောဂါကို နှစ်သုံးဆယ်လောက် သုတေသနလုပ် ရှာဖွေခဲ့ပြီး ပြည်တွင်းရော ပြည်ပမှာ ရှိတဲ့ အချက်အလက်တွေကို ပါ သုံးသပ်ခဲ့ပါတယ်။
သူဒီလို အခြေအမြစ်မရှိတဲ့ သတင်းကို မြင်လိုက်တဲ့ အချိန်မှာ ဒေါသ ထွက်မိတာက ပုံမှန်ပါပဲ။
ဒါက လူတွေကို လိမ်ညာနေတာ မဟုတ်ဘူးလား...?
"ပရောဖက်ဆာ လီ ပြောတာ သဘောတူတယ်"
"ဒီနေ့ခေတ် သတင်းထောက်တွေက ကိုယ်ပျင့်တရား မရှိကြတော့ဘူး။သူတို့က ပေါက်ကရတွေပဲ တင်နေကြတာ"
"တကယ်ပန်ကိတ်တွေက ဝိတ်ကျရောဂါကို ပျောက်စေနိင်တာလား။သူတို့ ဘာလို့ အဓိပါတယ်မရှိတာတွေကို ပြောရတာလဲ"
"ပရော်ဖက်ဆာ လီ ဒီနယ်ပယ်မှာ လုပ်နေတာ နှစ်သုံးဆယ်ကြာနေပြီနော်။သူ အချိန်တွေ အကြာကြီး ပေးဆပ်ထားခဲ့တာ။အခု သူတို့က ပန်ကိတ်နဲ့ ကုလို့ရတယ် ပြောနေတယ်။ဒါ ပရော်ဖက်ဆာလီရဲ့ အလုပ်ကို စော်ကားတာ မဟုတ်ဘူးလား"
ပရော်ဖက်ဆာလီဟာ စားရေးလိုက်သည်။
"ထောက်ခံပေးတဲ့အတွကိ အားလုံးကို ကျေးဇူးတင်ပါတယ်။အရာရာတိုင်းက အထောက်အထားနဲ့ ရှိသင့်တယ်လေ။အထောက်အထားမရှိပဲ ကြားတဲ့ ဟာတွေကို မယုံကြပါနဲ့ မဟုတ်ရင် နောက်ဆက်တွဲတွေ ဆိုးရွားနိုင်လို့ပါ"
တိမ်ဖြူလမ်း။
လူလိမ် ထျန်ဟာ ပြောလိုက်သည်။
"အတော်ဆိုးတယ် သတင်းတွေ အင်တာနက်ပေါ်ရောက်နေပြီ"
လင်းဖန် သူ့ဖုန်းကို ကြည့်လိုက်ပါတယ်။
"သိပ်တော့ မဆိုးသေးပါဘူး။လူအများစုက မယုံကြည်ကြဘူးလေ။ငါတို့ ဒီပြသနာကို အဆုံးသတ်နိုင်မှရမယ်"
လူလိမ် ထျန်။
"မင်း ဝိုက်ဘိူက လူတွေက မင်းကို မေးနေကြတယ်နော်"
လင်းဖန် အကူညီမဲ့စွာပဲ ခေါင်းကို ခါယမ်းလိုက်ပါတယ်။
"သူတို့ကို ဂရုမစိုက်နဲ့ ၊အနည်းဆုံးတော့ သူတို့အများစုက မယုံကြည်ကြဘူးလေ။မဟုတ်ရင် အကုန်ဆိုးရွားသွားလိမ့်မယ်။ဒါက ရူးသွပ်စရာပဲ"
ဝူယူလန်ဟာ သူမ ဖုန်းကို ကြည့်နေခဲ့ပါတယ်။သူမသာ ဒီကိစ္စတွေကို မျက်လုံးနဲ့ မြင်ရတာ မဟုတ်ရင် ယုံကြည်နိုင်မှာ မဟုတ်ပါဘူး။
သူပေမယ့် အမှန်တရားက သူမရှေ့မှာပါ။သူမ ယုံကြည်မှ ရပါမယ်။အရင်တုန်းက သူမသာ ဆိုရင် လစ်လိုက်လိုပဲ ပြောပြီး စိတ်ထဲထားမှာမဟုတ်ပေ။
ဒီလို စောက်ကျိုးနဲသတင်းကို ဘယ်သူက ယုံကြည်မှာလဲ....
အခုဟာက သူမမျက်လုံးနှစ်လုံးနဲ့ မြင်နေရတာ ဆိုတော့ သူမယုံကြည်ရပါတော့မယ်။
.......
အင်တာနက်ပေါ်တွင်တော့။
လူတိုင်းဟာ ဒီအကြောင်းကို ဆွေးနွေးနေကြပေမယ့်လည်း လူအများစုဟာ ပုံမှန်မဟုတ်ဘူး ဆိုပြီး မယုံကြည်ကြပါဘူး။
တကယ်လို့ ဝိတ်ကျရောဂါ သမားတွေ ပန်ကိတ်ကို စားတယ်ဆိုရင် ဆေးရုံတွေဆိုတာ လိုအပ်တော့မည် မဟုတ်ပေ။
အဲ့အချိန်မှာပဲ ဗီိဒီယို တစ်ခုဟာ အင်တာနက်ပေါ်တက်လာခဲ့ပါတယ်။
ဗီိဒီယိုထဲမှာတော့။
"သမီး ဒါတွေကို မစားချင်ဘူး ပန်ကိတ်ပဲ စားချင်တာ"
* အော့ *
"ပန်ကိတ်ပဲ စားချင်တယ်"
ဗီဒီယို ထဲမှာ သတင်းထောက်တွေလည်း ရှိနေကြပါတယ်။ဝမ်လီလီ ဟာ ပန်ကိတ်နဲ့ရောထားတဲ့ ထမင်းကို စားပြီးတဲ့နောက်မှာ အသီးအရွက်စားဖို့ကြိုးစားပေမယ့်လည်း ပါးစပ်ထဲဝင်ရုံသာရှိပြီး မစားနိုင်ပဲ ပြန်အန်ထုတ်ပါသည်။
အဆုံးမှာတော့ သူတို့ ပန်ကိတ်နဲ့ ထမင်းနဲ့ ရောေကျွးဖို့သာ တတ်နိုင်ပါတော့တယိ။သူမ အစာစားဖို့ဆို ဒါက တစ်ခုတည်းသော နာ်းလမ်းပါပဲ။
ဗီဒီယို ထဲမှာ ဝမ်လီလီဟာ ပိန်လိုက်တာမှ သစ်သားချောင်း တစ်ချောင်းနဲ့တောငိ တူနေခဲ့ပါပြီ။
ဒါက တကယ်အံ့သြစရာဖြစ်ပြီး ဒီ ဗီဒီယိုကို ကြည့်ကြတဲ့ လူတွေဟာ လည်းမျက်လုံးတွေ ကျယ်သွားခဲ့သည်။
ဒီကိစ္စကို ဘာအထောက်အထား ဓာတ်ပုံမှ မရှိလို့ အလကား စောက်တစ်လွဲလို့ ပြောနေကြတာလေ...
အခုတက်လာတာက ဓာတ်ပုံတောငိ မဟုတ်ပါဘူး။ဒါက ဗီဒီယို တစ်ပုဒ်ပါ။
"ပရော်ဖက်ဆာလီ ရေ ဘယ်လိုတွေ ဖြစ်ကုန်တာလဲ။အခု ဗီဒီယိုပါ တက်လာတော့ ကျွန်တော်တို့ ရှုပ်ထွေးနေကြပြီ"
"ခင်ဗျား ဘယ်မှာလဲ။ ပရော်ဖက်ဆာ လီရေ...."
"ပရော်ဖက်ဆာလီ တစ်ခုခုထွက်ပြောပါဦး။တကယ်သိချင် လို့ပါဗျာ"
လူတွေဟာ ပရော်ဖက်ဆာလီ ရဲ့ ဝိုက်ဘိုမှာ တစ်ခုခု သိရတော့မယ် အထင်နဲ့ မှတ်ချက်တွေ ရေးနေကြပါတယ်။
သို့ပေမယ့် ပရော်ဖက်ဆာလီ ကတော့၊ မီဒီယာတွေကို ဘယ်ဆေးရုံလဲ ဆိုတာတောင် မေးပြီးပါပြီ။
သူ တကယ်အဲ့ဆေးရုံကို သွားပြီး ကြည့်ချင်နေခဲ့တာပါ။
ဗီဒီယို ထွက်လာတဲ့အချိန်မှာ သူလည်း ကြည့်ခဲ့ပါတယ်။ကြည့်ပြီးတဲ့ နောက်မှာ သူဘာစကားမှ မပြောနိုင်တော့ပါဘူး။သူ အရင်တင်ထားတဲ့ ပို့စ့်ကို တိတ်တဆိတ် ဖယ်ရှားလိုက်ပါတယ်။
ထပ်ပြောရရင် ဗီဒီယိုမှာ ဘာဖြတ်ညှပ်ကပ်လုပ်ထားတာပါ ရှိမနေခဲ့ပါဘူး။
ဒါက သူ့နယ်ပယ်တစ်ခုဖြစ်ပြီး ၊ တကယ်လို့ သူသာ အဲ့ဆေးရုံကို သွားပြီး ရှင်လင်းအောင် အတည်မပြုနိုင်ရင် စားဝင် အိပ်ပျော်နိုင်မှာ မဟုတ်ပေ။
နေ့လည်ဘက်တွင်။
လင်းဖန်ဟာ ထိုင်ခုံမှာ လှဲလျောင်းပြီး အနားယူနေခဲ့ပါတယ်။ရုတ်တရက် လူလိမ် ထျန်ရဲ့ အသံကျယ်ကြီးကို ကြားတဲ့အချိန်မှာ ထခုန်လိုက်မိသည်။
"ဆိုးပြီး တကယ်ဆိုးရွားပြီ"
လူလိမ် ထျန်ဟာ ဆိုင်ဝင်ပေါက်မှာ မတ်တတ်ရပ်ရင်း ဆေးလိပ်ကလေး မီးညှိပြီး သောက်နေခဲ့တာပါ။
သို့ပေမယ့် ရုတ်တရက် သတင်းထောက်တွေ အများကြီးဟာ သူနဲ့ မလှမ်းမကမ်းမှာ လာနေကြတာကို တွေ့လိူက်ရပါတယ်။
ဒါကြောင့် သူဟာ စီးကရက်ကို မြေကြီးပေါ်ပစ်ချပြီး အော်လိုက်ခြင်း ဖြစ်သည်။
လင်းဖန် မေးလိုက်တယ်။
"ဘာတွေ ဖြစ်နေတာလဲ"
လူလိမ် ထျန်ဟာပြန်ဖြေလိုက်သည်။
"သတင်းထောက်တွေ.. သတင်းထောက်တွေ ရောက်နေကြပြီဟ..."
လင်းဖန် အနည်းငယ် ကြောင်အသွားပြီး ခနနေမှ အသိပြန်ဝင်လာခဲ့ပါတယ်။
"အိုး ချီးပဲ...."
သူ တစ်ခုခုလုပ်ဖို့ ပြင်လိုက်တဲ့ အချိန်မှာတော့ သူ့ဆိုင်ပေါက်ဝဟာ ပိတ်ဆို့ခံလိုက်ရပါပြီ။
"ဒီနေရာပဲ ..သူက မာစတာ လင်းလေ"
"ဒီက ပန်ကိတ်က ဝိတ်ကျ လူနာကိုတောငိ စားချင်စိတ်ဖြစ်စေတယ်"
"မာစတာ လင်းရေး ခင်ဗျားရဲ့ ပန်ကိတ်က ဝိကျရောဂါသည်ကိုတောငိ ပျောက်ကင်းစေတယ်နော်။ပန်ကိတ်နောက်ကွယ်က လျို့ဝှပ်ချက်လေးကို အလင်းပြပေးပါလား"
"မာစတာ လင်း နည်းနည်းလောက်ပြောပေးပါဦး"
.......
သတင်းထောက်တွေဟာ လင်းဖန်ရဲ့ ဆိုင်ကို ပိတ်ဆို့ ထားကြပါတယ်။ဘာပဲ ဖြစ်ဖြစ် သူတို့ ဒီကိစ္စကို ဖော်ထုတ်ရမှာပါ။
သူတို့သာ အမှန်တရားကို ရှာနိုင်ရင် နောက်ထပ် သတင်းထူး တစ်ခုပါပဲ။
လင်းဖန်ဟာ နှလုံးခုန်မြန်နေပြီး မျက်မှောင်ကျုတ်လိုက်ပါတယ်။
"အားလုံးပဲ မတိုးကြနဲ့လေ။အပြင်မှာပြောမယ် ၊ ဒီမှာက အရမ်းပူတယ်"
"မာစတာ လင်း တစ်ခုခုပြောပါ ပန်ကိတ်က ဘာလို့ ဒီလို အကျိုးသက်ရောက်မူရှိနေရတာလဲ"
"မာစတာ လင်း ကျွန်တော်ကို မှတ်မိလား။အရင်တုနး်က သတင်းလာမေးဖူးတယ်လေ။ခင်ဗျား ပန်ကိတ်တွေက အရမ်းအစွမ်းထက်ပြီး ဝိတ်ကျရောဂါသည်ကိုတောင် သက်သာစေတယ်။ဒါကို မာစတာ လင်း ဘယ်လို မြင်လဲ"
သတင်းထောက်တွေဟာ မာစတာ လင်းရဲ့ အမြင်ကို မသိရမချင်းနေရာက ရွေ့မယ့်ပုံ မရှိကြပါဘူး။
လင်းဖန်ဟာ အကူညီမဲ့သွားခဲ့ပါသည်။
ငါက မင်းတို့စိတ်ကျေနပ်အောင် ဘာပြောပေးရမှာလဲကွာ....