← Chapters

ဘယ်လောက်တောင် သတ္တိရှိလိုက်လဲ

Vol. 10 Ch. 145

ဘယ်လောက်တောင် သတ္တိရှိလိုက်လဲ

Vol. 10 Ch. 145

သတင်းထောက်တွေဟာ ပန်ကိတ်တွေက ဝိတ်ကျရောဂါ သမားတွေကို သက်သာစေလိမ့်မယ်လို့ တစ်ခါမှ မတွေးထားခဲ့မိကြပေ။

ဒီအဖြစ်အပျက်က ဒီကမ္ဘာကြီးထဲမှာ ထူးခြားပြီး ဆန်းကျယ်တဲ့ အရာတွေရှိတယ် ဆိုတာကို သက်သေပြပေးလိုက်သလိုပါပဲ။

မင်းမမြင်ဖူးတာနဲ့ပဲ ဒီမ္ဘာကြီး ထဲမှာ မရှိဘူးလို့ တစ်ထစ်ချ ယုံကြည်ထားလို့ မရသလို မင်းမသိတာနဲ့ပဲ အရင်က မဖြစ်ပျကိခဲ့ဖူးဘူးလို့ တွေးလို့မရပါဘူး။

သတင်းထောက်တွေဟာ လင်းဖန်ကို ဝိုင်းထားကြပြီး အဖြေတစ်ခုခုလိုချင်နေကြပါတယ်။

သူ ဘာပြောရမှာလဲ....

သူ အနည်းငယ် ကြောက်ရွံ့သွားတဲ့ ပုံစံ ပြသင့်သလား....

ဟား ဟား ဟားး

လင်းဖန်က အဲလို လူစားမျိုး မဟုတ်ပါဘူး။

လင်းဖန်ဟာ ပြောလိုက်သည်။

"ခင်ဗျားတို့က မေးခွန်းတွေ အများကြီးမေးထားတာပဲ။ဒါပေမယ့် ဒီမေးခွန်းတွေ အကုန်လုံးကို ဘယ်လိုပြန်ဖြေရမလဲ ကျွန်တော်လဲ မသိဘူး။ကျွန်တော် သိတာတစ်ခုက ကျွန်တော်ရဲ့ ပန်ကိတ်တွေဟာ ကမ္ဘာပေါ်မှာ အရသာ အရှိဆုံး ပန်ကိတ်တွေ ဆိုတာပဲ။ဝိတ်ကျရောဂါ ခံစားနေရတဲ့လူ ကျွန်တော့်ရဲ့ ပန်ကိတ်ကို စားလိုက်တယ် ဆိုတာက ကျွန်တော်ရဲ့ ပန်ကိတ်က အကောင်းဆုံးပဲ ဆိုတာ သက်သေပြလိုက်တာပဲ"

သတင်းထောက်တွေဟာ လင်းဖန်ရဲ့ အဖြေကို ကြားပြီး တီးတိုး စတင်ပြောဆိုလိုက်ကြပါတယ်။သူတို့ဟာ မာစတာ လင်း အံ့သြသွားလိမ့်မယ် ဒါမှမဟုတ် ဝမ်းသာ သွားလိမ့်မယ်လို့ မျှော်လင့်ထားခဲ့တာပါ။

သို့ပေမယ့် မာစတာ လင်း ဒီလောက်ယုံကြည်မူရှိရှိ ပြန်ဖြေလိမ့်မယ်လို့ မထင်ထားခဲ့ကြပါဘူး။

ဒါက တကယ့်ကို သတင်းကြီးပဲ...

လူလိမ်ထျန်တောင်မှ လင်းဖန် ဒီလိုပြန်ဖြေ လိမ့်မယ်လို့ မထင်ထားမိခဲ့ပါဘူး။

ဝူတန်ဟီဟာလည်း အနည်းငယ် အံ့သြသွားခဲ့ပါတယ်။ကြည့်ရတာ လင်းဖန်က ကိစ္စတွေကို ရှုပ်ထွေးအောင် လုပ်ချင်နေတဲ့ ပုံပါပဲ။

သတင်းထောက် တစ်ယောက်ဟာ မေးလိုက်သည်။

"မာစတာ လင်း ၊ ဒီဆိုင်ရဲ့ ပန်ကိတ်ကို ဝိတ်ကျရောဂါခံစားနေရတဲ့ လူတစ်ယောက်တောင် တောင့်မခံနိုင်ဘူးဆိုတာ ကျွန်တော်တို့ မြင်ပြီးကြပြီပေါ့နော်။သူမက ဒီဟာကို လုံးဝတောင့်မခံနိုင်တာတွေ့ရပါတယ်။ဒီပန်ကိတ်ထဲမှာ အထူးနည်းလမ်းတွေများ ပါသေးလားခင်ဗျ"

လင်းဖန် ခေါင်းခါယမ်းလိုက်ပါတယ်။

"ဟင့်အင် ၊ ပန်ကိတ်ထဲမှာ ဘာထူးခြားတဲ့ ဖော်မြူလာမှ မပါဝင်ပါဘူး။ဒါကို သာမန်ပါဝင်ပစ္စည်းတွေနဲ့ပဲ လူပ်ထားတာပါ"

သတင်းထောက်တွေကတော့ သူပြောတာကို မယုံကြည်ကြပါဘူး။

"ပုံမှန်ပါဝငိ ပစ္စည်းတွေဆိုရင် ဘာလို့ အရမ်းအရသာရှိနေရတာလဲ ဗျ"

လင်းဖန် ရယ်မောလိုက်သည်။

"ဘာလို့လဲ ဆိုတော့ ပန်ကိတ်တွေက တစ်ခြားလူလုပ်တာမဟုတ်ပဲ ကျွန်တော် ကိုယ်တိုင်လုပ်ထားလို့ပဲ"

သတင်းထောက်တွေဟာ ဘာပြန်ပြောရမလဲတောင် မသိကြတော့ပါဘူး။

မာစတာ လင်းက ယုံကြည်မူရှိလွန်းနေတယ် လို့သူတို့ ခံစားလိုက်ကြရပါတယ်။သို့ပေမယ့် ဒါက သတငိးတစ်ခုဖြစိပြီး အရာအားလုံးကို မှတ်သားထားပြီးပါပြီ။

အဲ့အချိန်မှာ သတင်းထောက်တစ်ယောက်ဟာ မေးလိုက်သည်။

"မာစတာ လင်း , ဒီနိုင်ငံမှာ ဝိတ်ကျရောဂါသည်တွေ အများကြီးရှိတယ် ဆိုတာ ကျွနိတော်တို့ အကုန်သိထားကြပြီးသားနော်။တကယ်လို့ သူတို့ အကုန် မာစတာ လင်းရဲ့ ပန်ကိတ်ကို စားချင်တယ် ဆိုရင် မာစတာ လင်း စိုးရိမ်စိတ် ဖြစ်မိမှာလား"

လင်းဖန် ရယ်လိုက်ပါတယ်။

"မဖြစ်ပါဘူးဗျာ"

သူသတင်းထောက်ဟာ စိတ်ကြည်နူးသွားခဲ့သည်။

"မာစတာ လင်း , တကယ်လေးစားဖို့ကောင်းတာပဲ။ရောဂါသည် တွေအများကြီးကို ပန်ကိတ်လုပ်ပေးဖို့တောင် မစိုးရိမ်ဖူးဆိုတော့"

သူတို့ မကူညီနိုင်ပေမယ့်လည်း မာစတာ လင်းကို လေးစားမိလိုက်ကြပါတယ်။ကြည့်ရတာ မာစတာ လင်းက ပန်ကိတ်ရောင်းပြီး ချမ်းသာ တော့မယ့် ပုံစံပါပဲ။

လင်းဖန်ရဲ့ ပုံစံကတော့ အံ့သြသွားခဲ့သည်။

"ခင်ဗျားတို့ အတွေးမှားနေကြပြီလို့ ကျွန်တော် ထင်တယ်နော်။ကျွန်တော် မစိုးရိမ်ဖူးလို့ ပြောတာက ကျွန်တော်မှာ စည်းမျဥ်းတွေ ရှိပြီးသားမလို့ပါ။ကျွန်တော်က တစ်နေ့ ဆယ်လုံးပဲ ရောင်းမှာလေ။တစ်ကယ်လို့ တစ်ယောက်ယောက်က စားချင်သေးတယ်ဆိုရင် စာကတ်ပြီး ရေးထားတွေကို နားလည်အောင် လုပ်မှရမယ်"

သတင်းထောက်တွေဟာ ကြောင်အသွားခဲ့ကြပါတယ်။

"မာစတာ လင်း , တစ်နေ့ ဆယ်လုံးက ဒီလောက်များပြားတဲ့ ရောဂါသည်တွေ အတွက်ဘယ်လို လုံလောက်မှာလဲ။ခင်ဗျားရဲ့ ပန်ကိတ်တွေက သူတို့ အတွက် တစ်ခုထဲသော မျှော်လင့်ချက်လေ။ခင်ဗျား သူတို့ကို မကူညီချင်ဘူလား"

လင်းဖန်ဟာ ဒီမေးခွန်းက အစကတည်းက စဥ်းစားထားတာ ဖြစ်ပြီး အဖြေက သူ့မှာ ရှိပြီးသားပါ။

သူဟာ ရောဂါသည်တွေ ၊ နာကျင်ခံစားနေရတဲ့ လူတွေကို ကူညီပေးဖို့ ကမ္ဘာပေါ်ကို ဆင်းလာတဲ့ နတ်ဘုရား တစ်ပါး မဟုတ်ပါဘူး။

ဒီလို မှော်ဆန်တဲ့ စွမ်းရည် တွေမရှိပဲနဲ့ ဝိတ်ကျရောဂါသည်တွေကို ပန်ကိတ်လုပ်ပေးချင်တယ်ဆိုရင် သူ့ရဲ့ ကိုယ်ပိုင်ခွန်အားတွေကို အသုံးပြုရပါလိမ့်မယ်။

သူ ခွန်အားတွေကို သုံးပြီး ဘယ်လောက်ကြာကြာပန်ကိတ်လုပ်ပေးနိုင်မှာလဲ.....

ထပ်ပြောရရင် ပန်ကိတ်စားလိုက်တဲ့ ရောဂါသည်တွေက တစ်ခါတည်းကောင်းသွားကြမှာလည်း မဟုတ်ပါဘူး။

သူတို့သာ ပန်ကိတ်စားမိသွားရင် ရပ်တန့်ချင်ရင်တောင် တောင့်ခံနိုင်ကြတော့မှာ မဟုတ်ပေ။

ဒါပေါ့ သူပြောလိုက်တဲ့စကားတွေကို သတင်းထောက်တွေ အင်တာနက်ပေါ်တင်လိုက်တဲ့အချိန်ကြရင် ပြသနာဖြစ်လာနိုင်ပါတယ်။

ဒါတွေက သူလိုက်ပြီး တားဆီးနိုင်တဲ့ အရာတွေ မဟုတ်ပါဘူး။သူလုပ်နိုင်တာကတော့ သူစိတ်ထဲရှိနေတဲ့ အရာတွေ ၊ အတွေးတွေကို တစ်ခါတည်းရှင်းရှင်းလင်းလင်းပြောထားဖို့ပါ။

အပြစ်တင်ခံရတော့ရော ဘာဖြစ်လဲ......

ဒါက သူ့အသားပဲ့ပါသွားတဲ့ အရာမဟုတ်ပေ။

လင်းဖန် သတင်းထောက် ကိုကြည့်လိုက်သည်။

"ကျုပ်က လူလေ နတ်ဘုရားမှမဟုတ်တာ။ကျုပ်မှာ လက်နှစ်ဖက်ပဲပါတာ။သူတို့ အကုန်လုံးအတွက်ပန်ကိတ်လုပ်ပေးဖို့ ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ဘူး။သူတို့က ပန်ကိတ်ကို ကြိုက်တယ်ဆိုရင်တောင် ဒါက သူတို့ ရောဂါ ပျောက်သွားတယ်လို့ ဆိုလိုတာမဟုတ်ဘူးလေ။ဒါကြောင့် ကျွန်တော် တစ်နေ့ကို ပန်ကိတ် ဆယ်ခုပဲ လုပ်မယ်။ ဘာမှ မပြောင်းလဲဘူး...."

သတင်းထောက်တွေဟာ ဒီအကြောင်းအရာတွေကို မှတ်တမ်းတင် နေခဲ့ကြပါတယ်။ဒီလောက်အများကြီး မေးပြီးတဲ့နောက်မှာ သူတို့ မှာ သတင်းတွေ အများကြီး ရနေပြီးပါပြီ။သူတို့ပြန်သွားတဲ့ အချိန်ကြရင် သတင်းခေါင်းစဥ်တွေ ထုတ်နုတ်ရုံပါပဲ။

ပတ်ဝန်းကျင်မှ ဆိုင်ပိုင်ရှင်များဟာတော့။

"မာစတာ လင်းက အဆန်းကြီးနော်။သူ့ပန်ကိတ်တွေက ဝိတ်ကျရောဂါဖြစ်နေတဲ့ လူတွေကိုတောင် စားချင်စိတ်ပြန်ဖြစ်စေတယ်"

"တကယ်လို့ ငါသာ မာစတာ လင်းဆိုရင် အဆက်မပြတ်ရောင်းပြီး ပိုက်ဆံတွေ ဆက်တိုက်ဝငိလာ အောင်လုပ်ပစ်မှာ"

"ဟေး နင် မာစတာလင်း မဟုတ်တာတော်သေးတယ်။မဟုတ်ရင် တရားမဝင် စျေးကွက်တွေတောင် ဖြစ်လာမှာ။ပြီးတော့ ပန်ကိတ်တစ်လုံး ဘယ်လောက် စျေးတင်မလဲ ဘယ်သူသိနိုင်မလဲ"

"ငါထင်တယ် မာစတာ လင်းရဲ့ ပန်ကိတ်တွေက စျေးမိုးထိုးသွားတော့မှာ"

"တကယ်ကြောက်ဖို့ကောင်းတာက ပန်ကိတ်က ပိုတန်ဖိုးရှိလာတာပဲ။မနက်ဖြန် ငါသွားတန်စီပြီး အရွေးခံရရင် စျေးကြီးကြီးနဲ့ ပြန်ရောင်းရမယ်"

"ငါလည်း အဲလို တွေးထားတာပဲ"

.....

လင်းဖန်ဟာ အချိန်ကျပြီ ဆိုတာ သတိထားမိလိုက်ပြီး ပါးစပ်ဟကာ ကြေညာလိုက်ပါတယ်။

"ချစ်လှစွာသော သတင်းထောက်ကြီးတို့ ၊ တကယ်လို့ မေးစရာ မရှိတော့ရင်လည်း သွားကြပါတော့။ကျုပ်မှာ အလုပ်ရှိသေးတယ်"

"မာစတာ လင်း , နောက်ဆုံးတစ်ခုလောက် နောက်ဆုံးတစ်ခုလောက်"

သတင်းထောက်တွေထဲက တစ်ယောက်ဟာ အော်လိုက်ပါတယ်။

"မေးပါ"

မိန်းကလေး သတင်းထောက်ဟာ မေးလိုက်သည်။

"မာစတာလင်း , ရှငိ တကိုယ်ကောင်း ဆန်တယ်လို့များ မခံစားရဘူးလား။ရှင့်ရဲ့ ပန်ကိတ်တွေမှာ ထူးခြားတဲ့ အကျိုးသက်ရောက်မူတွေ ရှိတာတောငိ ဘာလို့ အကူညီ ချင်ရတာလဲ"

လင်းဖန် ဒီမေးခွန်းကို ကြားလိုက်ပြီး အချိန်အတော်ကြာ စဥ်းစားကာ ​ပြန်ဖြေလိုက်ပါတယ်။

"တကယ်လို့ ကမ္ဘာပေါ်မှာ ရုပ်အဆိုးဆုံး လူတစ်ယောက်က တိုက်ပေါ်ကနေ ခုန်ချဖို့ လုပ်နေရင် ခင်ဗျား သူ့ကို သွားကယ်မှာလား"

မိန်းကလေး သတင်းထောက်ဟာ နားမလည်ပေမယ့်လည်း ခေါင်းညိမ့်လိုက်သည်။

"ကယ်မှာပေါ့"

"သူ့ကို ကယ်ဖို့ တစ်ခုထဲသော နည်းက ခင်ဗျားသူ့ကို လက်ထပ်မှရမယ် ဆိုရင်ရော။ကယ်ဦးမှာလား.."

မိန်းကလေး သတင်းထောက်ဟာ ကြောင်အသွားခဲ့သည်။အချိန်အတော်ကြာမှ သူမပြန်ဖြေလိုက်ပါတယ်။

"မာစတာ လင်း ဒီနှစ်ခုက မတူညီတဲ့ ကိစ္စပဲလေ။ကျွန်မက သူ့ကို သိလည်းမသိဘူး ၊ ချစ်လည်းမချစ်ဘူးလည်း ဘာလို့ ဒီလိုအလုပ်ကို လုပ်ရမှာလဲ"

လင်းဖန်ဟာ ပြောလိုက်သည်။

"ကြည့်.. ခင်ဗျားက တစ်ကိုယ်ကောင်းဆန်တာပဲ။ဘာလို့လဲဆိုတော့ ခင်ဗျားသူ့ကို မသိဘူး ၊ ချစ်လည်း မချစ်ဘူးဆိုတော့ သူ့ကို မကူညီချင်တော့ဘူးလေ။ခုနကပြောသလိုပဲ ကျွနိတော် သူတို့ကို မကယ်ချင်တာမဟုတ်ဘူး ကျုပ်မှာ လက်နှစ်ဖက်ထဲပါတယိ။အနားယူဖို့ လိုသေးတယ်။မနက်ကနေ ညနေအထိ မနားပဲ တရစပ် ပန်ကိတ်ရောင်း နိုင်မှာမဟုတ်ဘူး။ကျုပ်က ကိုယ့်ဘဝနဲ့ကို နေတာ။လူသားတွေက တစ်ကိုယ်ကောင်းဆန်ကြတာပဲလေ။တစ်စုံတစ်ယောက်ကို အပြစ်တင်ပြီး ကိုယ့်ကိုကို ကြီးမြတ်ချင်ယောင် မဆောင်နဲ့။စကားပုံ တစ်ခုတောင် ရှိသေးတယ်လေ ' မင်းထိုင်လိုက်တဲ့အချိန်မှာ မင်းတင်ပါးက မနာပါဘူးလို့ မပြောနဲ့' ဆိုတာ"

သတင်းထောက်ဟာ ဆွံ့အသွားခဲ့သည်။သူမ ဘာမှ ထပ်မမေးတော့ ပေမယ့်လည်း အရာရာတိုင်းကို မှတ်တမ်းတင်ထားပါတယ်။

သတင်းထောက်တွေ ထွက်သွားပြီးနောက်တွင်။

လင်းဖန် သက်ပြင်းချလိုက်ပါတယ်။သူတို့သာ မေးခွန်းတွေ ထပ်ပြီးမေးနေရင် သူတောင့်ခံနိုင်ဖို့ မကျိန်းသေပါဘူး။

သူတို့ရဲ့ မေးခွန်းတွေက အတော်အန္တရာယ်များပြီး ၊ သူတို့ဘယ်လို သတင်းလုပ်ရေးကြမယ်ဆိုတာလဲ မသိပေ။

ဒါပေမယ့် ဘာပဲဖြစ်ဖြစ်သူ ပွင့်ပွင့်လင်းလင်း ပြန်​ဖြေဖို့ လိုအပ်ပါတယ်။ဒါက ဖုံးကွယ်ထားတာထက် ပိုကောင်းတဲ့ အရာပါ။

လူလိမ် ထျန်ဟာ သူ့ဆီကို လျောကိလာခဲ့သည်။

"ငါဘာပြောရမလဲတောင် မသိတော့ဘူး။ကမ္ဘာ့အကောင်းဆုံး ပန်ကိတ်ဆိုတာက နည်းနည်းမများလွန်းဘူးလား"

လင်းဖန် ရယ်လိုက်သည်။

"များတာလား ။မဟုတ်ဘူး ကျုပ်က အမှန်အတိုင်းပြောလိုက်တာ"

ဝူတန်ဟီဟာ ခေါင်းညိမ့်လိုက်ပါတယ်။

"တစ်ခါတစ်လေကျတော့ ပွင့်ပွင်လင်းလင်းပြောတာက ၊ ပါးနပ်စွာ ပြောတာထက်ပိုကောင်းတယ်"

လင်းဖန် ခေါင်းညိမ့်လိုက်သည်။

"ဟုတ်တယ် ဒါလည်း ကျွန်တော်တွေးထားတာပဲ။တစ်ကယ်လို့ ကျွန်တော်သာ ရောဂါသည်တစ်ယောက်ကို ပန်ကိတ်ပေးလိုက်မိပြီး တစ်ခြားတစ်ယောက်ကို မပေးရင် ပြသနာတွေ ကြီးလာနိုင်တယ်"

ဝူယူလန်ဟာ ဝင်ပြောလိုက်သည်။

"မနက်ဖြန်သတင်းတွေကတော့ တော်တော် ကြမ်းတမ်းနိုင်တယ်"

တစ်ခြားဆိုင်ပိုင်ရှင်တွေဟာလည်း လင်းဖန်ကို အားကျနေကြပါတယ်။သူတို့ဟာ လင်းဖန်ကို မေးခွန်းတွေ မေးနေကြသည်။

ဒီဆိုင်ပိုင်ရှင်တွေ အတွက်ကတော့ လင်းဖန် ဘာမကျေနပ်မူမှ ထုတ်ဖော်မ​ပြပါဘူး။သူ အပြုံးလေးနဲ့ပဲ မေးခွန်းအားလုံးကို ပြန်ဖြေလိုက်ပါတယ်။

ဆယ်လုံးဆိုတာက ဆယ်လုံးပဲ ရောင်းနိုင်မယ်လို့ ဆိုလိုတာပါ။ ယေရှုခရစ်တော် ဆင်းလာရင်တောငိ ပြောင်းလဲပြီး ရောင်းချပေးမှာ မဟုတ်ပါဘူး။

နောက်တစ်ရက်တွင်။

သတင်းတွေဟာ ပေါ်ထွက်လာပြီး အင်တာနက်ပေါ်မှာ ဆူပူလာခဲ့ပါပြီ။

All Chapters