← Chapters

ထောင်ချောက်

Vol. 96 Ch. 1332

ထောင်ချောက်

Vol. 96 Ch. 1332

မြူနွေဉီးပင်လယ်နှင့် ကောင်းကင်ဘုံတောင်အင်မော်တယ်ပိုင်နက်ကို အင်မော်တယ်ပိုင်နက်ဆယ့်သုံးခုဖြင့် ပိုင်းခြားထားပြီး လမ်းတစ်လျှောက်တွင် ကြယ်မျက်ရည်က ထန်ရှုကို ခေါ်ဆောင်လာသည်။ သုံးလကြာပြီးနောက် နောက်ဆုံးတွင် သူတို့က ကောင်းကင်ဘုံတောင်ပိုင်နက်သို့ ရောက်ရှိလာကြ၏။

ကောင်းကင်ဘုံတောင်ပိုင်နက်က အင်မော်တယ်ကမ္ဘာရှိ လူနေကင်းမဲ့သောပိုင်နက်တစ်ခုဖြစ်သည်။ နေဝင်မြို့နှင့်ကြယ်လမြို့တို့ကလွဲပြီး ပိုင်နက်ထဲရှိအခြားနေရာများတွင် သက်ရှိများ မနေထိုင်ကြပေ၊ ကျယ်ပြောသောကြယ်မြစ်က မရေမတွက်နိုင်သောလွင့်မျောလျက်ရှိသည့်ဥက္ကာခဲများနှင့် ပြည့်နေ၏။ ဉက္ကာခဲများက ဂြိုလ်နှင့် တိုက်မိသောကြောင့် ပေါက်ကွဲမှုများက မကြာခဏဖြစ်ပေါ်လေ့ရှိသည်။

ဤပိုင်နက်တွင် ပိုင်နက်သခင်တစ်ယောက်မှ မရှိပေ၊ ၎င်းက ဖရိုဖရဲဇုန်တစ်ခုဖြစ်၏။ ကောင်းကင်ဘုံတောင်အင်မော်တယ်ပိုင်နက်မှ အရင်းအမြစ်များကို စုဆောင်းရန် အလို့ငှာ အခြားအင်မော်တယ်ပိုင်နက်များမှအဖွဲ့များက ဤနေရာတွင် သူတို့၏အခြေစိုက်စခန်းများကို လျို့ဝှက်တည်ဆောက်ထားခဲ့ကြသည်။

နေဝင်မြို့က အနောက်ဘက်ခြမ်းရှိ ဆန်းကြယ်သောတောင်ထိပ်တစ်ခုပေါ်တွင် တည်ရှိပြီး ထူးခြားသောကမ္ဘာဆွဲအားနေရာလပ်တစ်ခုလည်း ရှိနေပေ၏။ ဤနေရာတွင် ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်များပင် သူတို့၏ခွန်အားကို အကန့်အသတ်ထိသာ ထုတ်လွှတ်နိုင်သည်၊ အများဆုံးအင်မော်တယ်အဆင့်မျှသာဖြစ်၏။ ဤအားကောင်းသောဖိနှိပ်မှုများကြောင့် အင်မော်တယ်များက ဤနေရာကို အလွယ်တကူ လာရောက်ရန် ဆန္ဒမရှိကြပေ။

လက်ရှိတွင် တောင်ပေါ်ရှိ ချောက်ကမ်းပါးတစ်ခုပေါ်တွင် နှစ်တစ်ထောင်သက်တမ်းရှိသည့်အနက်ရောင်သံကြိုးများဖြင့် အမျိုးသားသုံးယောက်နှင့်အမျိုးသမီးတစ်ယောက်ကို ချည်နှောင်ထားသည်။ ထိုလူလေးယောက်ပတ်လည်တွင် မိုးကြိုးကိုးခုအစီအရင်တစ်ခုလည်း ရှိပြီး လျှပ်စီးကိုးခုက နေ့တိုင်းကျဆင်းကာ သူတို့လေးယောက်ကို တိုက်ခိုက်လျက်ရှိ၏။

တာအိုအရှင်အစိမ်းရောင်မိုးကောင်းကင်က လက်ထဲရှိ ခရမ်းရွှေရောင်ဘူးတောင်းထဲရှိ အင်မော်တယ်ဝိုင်ကို အရသာခံကာ သောက်နေရင်း သံကြိုးခတ်ထားသောလူလေးယောက်ကို ပြုံးကာ ကြည့်နေ၏။ သူ့ထံမှ ကီလိုမီတာထောင်အနည်းငယ်တွင် သူ၏ရွှေအင်မော်တယ်နောက်လိုက်များက ဆံရှည်အမြွာညီအကိုသုံးယောက်ကို ဝန်းရံကာ ရိုက်နှက်နေကြသည်။

“အရူးလုပ်နေတာ ရပ်ပြီး သူတို့ကို တန်းသတ်ပစ်လိုက်တော့…”

ထို့နောက် ချက်ချင်းလျှင်ပင် ရွှေအင်မော်တယ်ဆယ်ယောက်က သူတို့၏အင်မော်တယ်လက်နက်အသီးသီးကို ထုတ်လွှတ်လျက် အမြွာညီအကိုသုံးယောက်ကို တစ်ပြိုက်နက်တည်း တိုက်ခိုက်လိုက်ကြ၏။ အမြွာညီအကိုများက ပြင်းထန်သောထိုးနှက်မှုကို ခုခံရင်ဆိုင်ရင်း တစ်ယောက်က ဆန္ဒမရှိစွာ အော်ပြောလိုက်သည် “ဆရာ၊ သင့်တပည့်က အသုံးမကျပါဘူး။ ငါတို့က ဆရာနဲ့ဆရာဉီးလေးတို့ကို မကယ်နိုင်တော့ဘူး။ နောက်ဘဝသာရှိရင် ငါတို့က ဆရာ့ရဲ့တပည့်တွေ ထပ်ဖြစ်ချင်ပါတယ်”

နောက်အခိုက်အတန့်တွင် သူတို့သုံးယောက်က တစ်ပြိုက်နက်တည်း ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲလိုက်ကြသည်။ အားကောင်းသောပေါက်ကွဲမှုက ရွှေအင်မော်တယ်ဆယ်ယောက်အလယ်တွင် ထွက်ပေါ်လာလျက် သူတိုက လွင့်ထွက်သွားကာ သွေးများ အန်လိုက်ကြသည်။ ပေါက်ကွဲမှုနှင့်အနီးဆုံးတွင်ရှိသောလူလေးယောက်ကမူ သေဆုံးသွားခဲ့၏။

“ထန့်ယွင်၊ ထန့်ရှန်း၊ ထန့်လီ…”

နာကျင်သောအမူအရာတစ်ခုက မာယာရှင်ယု၏လှပသောမျက်နှာတွင် ထွက်ပေါ်သွားပြီး မျက်ရည်စီးကြောင်းနှစ်ခုက ပါးပြင်မှ ကျဆင်းလာခဲ့သည်။ သူမက ဘယ်လောက်ပင် ကြိုးကြိုးစားစားရုန်းကန်သော်လည်း သံကြိုးလေးခု၏တုပ်နှောင်မှုမှ မရုန်းထွက်နိုင်ခဲ့ပေ။

တာအိုအရှင်အစိမ်းရောင်မိုးကောင်ကင်က ဒေါသတကြီး ကျိန်ဆဲလိုက်သည် “ဒီလောက်တိုက်ပွဲတွေအများကြီး ဖြတ်သန်းဖူးတောင်မှ အမှတ်မရှိတဲ့အရူးတစ်အုပ်ပဲ။ ဒီလိုကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲတာကို မင်းတို့အားလုံးက မရှောင်နိုင်ကြဘူးလား”

ဆဲဆိုပြီးနောက် သူက မာယာရှင်ယုဘက်သို့ လှည့်လိုက်သည်။ ခပ်ဖျော့ဖျော့အပြုံးတစ်ခုက သူ၏ချောမောခန့်ညားသောမျက်နှာတွင် ထွက်ပေါ်လာကာ သူက ပြောလိုက်၏ “ဒါနဲ့ မာယာရှင်ယု၊ မင်းက သူတို့သုံးယောက်ကို မြေတောင်မြှောက်ပေးခဲ့တာမလား။ သူတို့ကို သင်ကြားပေးဖို့ မင်းက အကောင်းဆုံးကြိုးစားခဲ့မှာ သေချာတယ်၊ ဒါကြောင့် သူတို့က ပိုပိုပြီး အားကောင်းလာနေတယ်။ အခုတော့ သူတို့တွေ သေသွားတာ ဆိုးလွန်းပါတယ်…မင်းက အရမ်းဝမ်းနည်းနေမှာပေါ့…ဟုတ်လား”

မာယာရှင်ယုက တာအိုအရှင်အစိမ်းရောင်မိုးကောင်းကင်ကို စိုက်ကြည့်ရင်း ဒေါသတကြီး အော်ပြောလိုက်သည် “အစိမ်းရောင်မိုးကောင်းကင်၊ အဲတုန်းက ငါ နင့်ကို ရိုက်နှက်ဆုံးမခဲ့တယ်မလား။ နင့်ရဲ့ဆရာကသာ နင့်ကို ကယ်ဖို့ ရတနာတွေအများကြီး မသုံးခဲ့ရင် နင့်ရဲ့အလောင်းက အင်မော်တယ်သားရဲတွေရဲ့အစာဖြစ်သွားတာ ကြာပြီ…”

တာအိုအရှင်အစိမ်းရောင်မိုးကောင်းကင်၏အမူအရာက ခက်ထန်သွားလျက် သတ်ဖြတ်လိုစိတ်ကို ချက်ချင်း ထုတ်ဖော်ကာ အော်ပြောလိုက်၏ “လီးပဲ၊ နင့်ကို မသတ်ဖို့ ဆရာကသာ မတားမြစ်ခဲ့ရင် ငါက နင့်ကို ရုပ်သေးကျွန်အဖြစ် သန့််စင်ခဲ့တာ ကြာပြီ။ နင်တို့ကို ကယ်ဖို့ လာတဲ့လူတွေကို သတ်ပြီးတဲ့အထိ စောင့်နေစမ်းပါ…။ ငါကိုယ်တိုင် နင့်ကို ရုပ်သေးကျွန်အဖြစ် သန့်စင်ပစ်မယ်…”

မာယာရှင်ယုက လက်သီးတင်းကြပ်စွာ ဆုပ်လိုက်သည်။ အကြည့်များက သတ်ဖြတ်နိုင်သည်ဆိုလျှင် သူမက တာအိုအရှင်အစိမ်းရောင်မိုးကောင်ကို အကြိမ်ပေါင်းများစွာ သတ်ဖြတ်ခဲ့လောက်ချေပြီ။

ထို့နောက် တာအိုအရှင်အစိမ်းရောင်မိုးကောင်းကင်က သိုလှောင်လက်စွပ်ထဲရှိ ခရမ်းရွှေရောင်ဘူးတောင်းကို ပစ်ထုတ်လိုက်သည်။ သူက လက်ခုပ်တီးလိုက်ပြီး ရွှေရောင်အင်မော်တယ်နှစ်ယောက်က ရောက်လာသည်၊ သူက ပြုံးလျက် အမိန့်ပေးလိုက်၏ “အနားယူဖို့ နေဝင်မြို့ကို ငါ သွားပြီလို့ ကျန်တဲ့လူတွေကို အသိပေးလိုက်ပါ။ ဒီနေရာကို ဂရုစိုက်ဖို့နဲ့ သန်မာတဲ့ရန်သူတွေ မရောက်လာဘဲနဲ့ ငါ့ကို အလွယ်တကူ အသိမပေးဖို့ သူတို့ကို ပြောလိုက်ပါ”

“အမိန့်အတိုင်းပါ၊ ဆရာ”ရွှေအင်မော်တယ်နှစ်ယောက်က ရိုသေလေးစားစွာ ပြန်ဖြေသည်။

တာအိုအရှင်အစိမ်းရောင်မိုးကောင်းကင်က မာယာရှင်ယုကို တစ်ချက်ထပ်ကြည့်ပြီးနောက် ကြုံးဝါးလိုက်၏ “ကောင်းပြီလေ၊ မင်းကို ကျွန်ရုပ်သေးလုပ်ဖို့အတွက် ပစ္စည်းတွေကို စုဆောင်းဖို့ နေဝင်မြို့ကို ငါ သွားတော့မယ်”

ထိုသို့ပြောပြီးနောက် သူက ရယ်လျက် နေဝင်မြို့သို့ ပျံသန်းသွား၏။

တည်ငြိမ်သောအထွတ်အထိပ်အသင်္ချေမှတ်စုက မာယာရှင်ယုကို နက်ရှိုင်းစွာ ကြည့်ပြီးနောက် ပြောလိုက်၏ “ဂျူနီယာညီမလေးယု၊ ရှေးခတ်ကတည်းက အဆိုးက အကောင်းကို မဖယ်ရှားနိုင်ခဲ့ပါဘူး။ မြင့်မြတ်ငှက်ဂိုဏ်းက အင်မော်တယ်ကမ္ဘာမှာ တည်ရှိလာတာ နှစ်သိန်းချီရှိပြီ၊ ငါတို့ဂိုဏ်းရဲ့အခြေခံအုတ်မြစ်က အရမ်းနက်ရှိုင်းတယ်၊ ငါတို့တွေ စိတ်ကူးယဉ်နိုင်တဲ့အရာမျိုးမဟုတ်ဘူး။ ငါတို့ဂိုဏ်းရဲ့ကျွမ်းကျင်သူတွေက ငါတို့ကို လာကယ်မယ်လို့ ငါ ယုံကြည်တယ်။ ဒီဒုက္ခကနေ ငါတို့တွေ လွတ်မြောက်မယ့်နေ့ကို စောင့်နေပါ၊ ဒီရန်သူတွေကို ငါတို့တွေ သတ်ဖြတ်ရမယ့်နေ့ရက်က ရှိလာပါလိမ့်မယ်”

မာယာရှင်ယုက နာကျင်သောအမူအရာဖြင့် ခေါးခါယမ်းလျက် ဘာမှထပ်မပြောတော့ပေ။

သူမက စိတ်ပျက်အားငယ်မှုတို့ အတိဖြစ်နေသည်။ ဤအချိန်တိုအတွင်း သူတို့လေးယောက်ကို ထောင်ချောက်အဖြစ် အသုံးပြုခဲ့သောကြောင့် အနည်းဆုံးလူတစ်ထောင် သေသွားခဲ့ပြီ။ ထိုလူတစ်ထောင်၏တစ်ဝက်ကျော်က သူတို့ဂရုစိုက်သောလူများဖြစ်ကြသည်။ ဤအတိုင်းသာ ဆက်သွားမယ်ဆိုလျှင် ရာစုနှစ်တစ်ခုပင် မပြည့်ခင် သူတို့ချစ်ရသောသူများအားလုံးက ပျောက်ကွယ်သွားရပေလိမ့်မည်။

****

နေဝင်မြို့။

လက်ဖက်ရည်ဆိုင်ထဲတွင် တိတ်ဆိတ်စွာ ထိုင်လျက် ထန်ရှုက လမ်းပေါ်ရှိလူများကို စိုက်ကြည့်နေသည်။ သူက အရှိန်အဝါကို လုံးဝကန့်သတ်ထားခဲ့ပြီး လက်ဖက်ရည်သောက်နေသောသာမန်အင်မော်တယ်တစ်ယောက်နှင့် တူ၏။ ကြယ်မျက်ရည်က သူ့ရှေ့တွင် ထိုင်လျက် ခွက်ထဲရှိ လက်ဖက်ရည်ကို စိုက်ကြည့်နေလေသည်။

ဝှစ်…

ပင်လယ်လမ်းဘုရင်က ထန်ရှုဘေးနားတွင် ရုတ်တရက် ထွက်ပေါ်လာသည်။ သူက အသံပို့လျက် တင်ပြလိုက်၏ “သခင်၊ ငါတို့တွေ စုံစမ်းပြီးပြီ၊ ဇီသာဗျတ်စောင်းနတ်ဆိုးကျိုးယောင်ရဲ့ဆရာဉီးလေးအသင်္ချေမိုးကြိုးအန္တိမအရှင်က ကောင်းကင်ဘုံတောင်ကို စောင့်ကြပ်နေတယ်။ ဒါ့အပြင် အဲနေရာမှာ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ဆယ့်နှစ်ယောက်နဲ့ရွှေအင်မော်တယ်သုံးဆယ်ကျော်ရှိတယ်လို့ အပြင်မှာ ပြောနေကြတယ်။ ဒါ့အပြင် သတင်းကောင်းအချို့ကိုလဲ ငါ ယူလာခဲ့တယ်”

ထန်ရှု၏အမူအရာက ပြောင်းလဲသွားလျက် မေးလိုက်၏ “ဘာသတင်းကောင်းလဲ”

“အသင်္ချေမိုးကြိုးအန္တိမအရှင်ရဲ့တပည့်တာအိုအရှင်အစိမ်းရောင်မိုးကောင်ကင်က နေဝင်မြို့ကို လွန်ခဲ့တဲ့နှစ်ရက်က ရောက်လာပြီး အင်မော်တယ်ပြည့်တန်ဆာအချို့နဲ့ ပျော်ပါးဖို့အတွက် ရွှေရနံ့မျှော်စင်မှာ ရှိနေတယ်”ပင်လယ်လမ်းဘုရင်က အသံပို့လျက် ပြန်ဖြေ၏။

အေးစက်မှုက ထန်ရှု၏မျက်လုံးများထဲတွင် တောက်ပသွား၏။ အတိတ်တွင် သူက ဤတာအိုအရှင်အစိမ်းရောင်မိုးကောင်ကင်နှင့် တွေ့ဆုံခဲ့သည်။ သို့သော် ထိုအချိန်က ဤအကောင်က အညတြသာဖြစ်ပြီး သူ့ဆရာနှင့်အတူ သူ့ထံသို့ လာလည်ခဲ့သည်။ သို့သော် ယခု အတိတ်မှ ပိုးမွှားလေးက သူ့တပည့်များကို နှိပ်စက်ညှင်းပန်းခဲ့သည့်ခွေးတစ်ကောင်အဖြစ်သို့ ပြောင်းလဲနေခဲ့ချေပြီ။

“သူ့ကို ရှင်းလိုက်”ထန်ရှုက လက်သီးဆုပ်လျက် အမိန့်ပေးလိုက်သည်။

အမိန့်ကို ကြားသောအခါ ပင်လယ်လမ်းဘုရင်က ခေါင်းညိတ်လိုက်သည် “ဒါနဲ့ ပတ်သက်ပြီး ငါ့ကို ကူညီဖို့ အထွတ်အထိပ်အုပ်ချုပ်သူကို လိုအပ်တယ်”

ထန်ရှုက ခေါင်းညိတ်ပြီး အထွတ်အထိပ်အုပ်ချုပ်သူနှင့်စေဘယ်မိစ္ဆာကင်းမြီးကောက်တို့ကို ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းမှ ထုတ်ကာ ပြောလိုက်၏ “မင်းတို့နှစ်ယောက်က ပင်လယ်လမ်းဘုရင်ရဲ့အမိန့်ကို ယာယီလိုက်နာပြီး တာအိုအရှင်အစိမ်းရောင်မိုးကောင်းကင်ကို သုတ်သင်ရမယ်။ ငါတို့မှာ အချိန်သိပ်မရှိဘူး၊ လဝက်လောက်ဆို အဆင်ပြေလား”

“ဒါက ပြဿနာမရှိပါဘူး”ပင်လယ်လမ်းဘုရင်က ပြောလိုက်သည်။

ထန်ရှုက လက်ဝှေ့ယမ်းလျက် ပြောလိုက်၏ “ဒါဆို သွားကြတော့။ လပြည့်ကြယ်မြစ်ထဲမှာ ငါ မင်းတို့ကို စောင့်နေမယ်”

ထို့နောက် ထန်ရှုက ကြယ်မျက်ရည်နှင့်အတူ နေဝင်မြို့၏အရှေ့ဘက်ပိုင်းသို့ ဉီးတည်လျက် လပြည့်ကြယ်မြစ်ဆီ ထွက်လာခဲ့သည်။ သူတို့က ပိုင်နက်သို့ ရောက်ရှိလာပြီးနောက် ထန်ရှုက ပတ်ဝန်းကျင်ကို လေ့လာလိုက်ပြီး ချုပ်နှောင်မှုကိုးခုအစီအရင်ကို ခင်းကျင်းလိုက်သည်။

ပြီးဆုံးပြီးနောက် သူက တင်ပျဉ်ခွေထိုင်လျက် ကြယ်မျက်ရည်နှင့်အတူ စောင့်နေလိုက်သည်။

****

ရွှေရနံ့မျှော်စင်တွင်။

အလှလေးနှစ်ယောက်က ဘယ်နှင့်ညာတွင် နေရာယူလျက် တာအိုအရှင်အစိမ်းရောင်မိုးကောင်ကင်က အင်မော်တယ်ပြည့်တန်ဆာတစ်ဖွဲ့၏ဝန်ဆောင်မှုကို နှစ်သက်ခံစားနေပေသည်။ ယင်စွမ်းအင်စီးကြောင်းများကို အင်မော်တယ်ပြည့်တန်ဆာအဖွဲ့မှ အဆက်မပြတ် ထုတ်ယူလျက် သူက တိတ်တဆိတ်စုပ်ယူနေသည်ကို ဘယ်သူမှ သတိမပြုမိကြပေ။

၎င်းက ကျယ်ပြန့်ယင်နတ်ဆိုးပညာရပ်ဖြစ်ပြီး အင်မော်တယ်ကမ္ဘာရှိမိစ္ဆာတစ်ယောက်က ဖန်တီးထားသော ကြောက်စရာကောင်းသည့်နတ်ဆိုးပညာရပ်တစ်ခုဖြစ်သည်။ အမျိုးသမီးများ၏ယင်အဆီအနှစ်ကို ခိုးယူသန့်စင်ကာ သူ၏ကျင့်ကြံခြင်းကို တိုးမြှင့်စေခြင်းဖြစ်သည်။

အပေါ်ယံတွင် တာအိုအရှင်အစိမ်းရောင်မိုးကောင်းကင်က ဖြောင့်မတ်မှန်ကန်သောအင်မော်တယ်တစ်ယောက်ဖြစ်ပုံပေါ်သော်လည်း ကျယ်ပြန့်ယင်နတ်ဆိုးပညာရပ်ကို လျှို့ဝှက်ကျင့်ကြံနေခြင်းဖြစ်သည်။ သူ့ကြောင့် အမျိုးသမီးမရေမတွက်များစွာက ကံဆိုးခဲ့ကြရ၏။

ဘမ်း…

ကျယ်လောင်သောအသံတစ်ခုက တာအိုအရှင်အစိမ်းရောင်မိုးကောင်းကင်၏နားထဲသို့ ဖြတ်သန်းလာခဲ့သည်။

သူ့မျက်လုံးများက အသံရင်းမြစ်ဆီသို့‌ ရွေ့လျားသွား၏၊ တောင့်တင်းသန်မာသောလူတစ်ယောက်က ပြည့်တာဆာအိမ်ပိုင်ရှင်ကို ဆွဲခေါ်လျက် ပျံသန်းလာသည်ကို မြင်လိုက်၏။ ထိုလူဘေးနားရှိ အလှလေးက ပြည့်တန်ဆာအိမ်ပိုင်ရှင်ကို ကန်ကျောက်လိုက်သည်ကိုလည်း မြင်လိုက်ရသည်။

“ဘယ်လိုတောင် အောက်တန်းကျတဲ့ခွေးမတွေလဲ…”

“ဒီနေရာက နင်တို့အားလုံးက လိမ်လည်လှည့်စားတဲ့ဟာတွေပဲ။ နင်တို့လို ခွေးမတွေကို ကြိုက်တဲ့အကောင်တွေအားလုံးက မျက်စိကန်းနေတဲ့အရူးတွေပဲ…”

စေဘယ်မိစ္ဆာကင်းမြီးကောင်က ပတ်ဝန်းကျင်ရှိ လူတိုင်းကို အထင်သေးစွာ တစ်ချက်ကြည့်ပြီးနောက် ပြောလိုက်၏ “ငါ့လူက စူပါကျွမ်းကျင်သူတစ်ယောက်၊ အင်မော်တယ်ကမ္ဘာရဲ့ပြိုင်ဘက်ကင်းပြီးပြည့်စုံခြင်းရွှေရောင်အင်မော်တယ်တစ်ယောက်ပဲ။ ဒီနေရာမှာ အင်မော်တယ်ပြည့်တန်ဆာတွေ မရှိတော့ဘူးဆိုရင် နင်တို့အားလုံးကို ဒီနေရာနဲ့အတူ မီးလောင်တိုက်သွင်းမှာကို နင်တို့တွေ မြင်စေရလိမ့်မယ်”

“ဘယ်က ခွေးရူးမတစ်ကောင်လဲ…”

ရက်စက်တင်းမာသောအသံတစ်ခုက သီးသန့်ခန်းတစ်ခုထဲမှ ထွက်ပေါ်လာသည်။ ထို့နောက် ပိန်ပါးသောလူတစ်ယောက်က ထွက်ပေါ်လာပြီး သူ့မျက်လုံးများက စေဘယ်မိစ္ဆာကင်းမြီးကောက်ဆီ ရိုက်ခတ်သွားလျက် ထူးဆန်းစွာ ပြုံးကာ ပြောလိုက်၏။

ပင်လယ်လမ်းဘုရင်က မျက်မှောင်ကြုတ်လျက် ထိုအကောင်ကို ရိုက်နှက်လိုက်သည်။ ထို့နောက် သူက မကျေမနပ်ဖြစ်လျက် ခေါင်းခါယမ်းလိုက်၏ “ဟမ့်၊ ဘယ်လိုတောင် စိတ်ပျက်စရာလဲ။ ဒီနေရာက အမျိုးသမီးတွေက ဆိုးလွန်းတယ်။ လောင်းကစားဖို့အတွက် ကာဆီနိုရုံကို သွားတာကို ပိုကောင်းအုံးမယ်”

စေဘယ်မိစ္ဆာကင်းမြီးကောက်က ပြုံးလျက် ပြောလိုက်၏ “နတ်ဆိုးနဂါးလိုဏ်ဂူကနေ သလင်းကျောက်အဆီအနှစ်တွေအများကြီးရခဲ့တာတောင်မှ လောင်းကစားလုပ်ချင်သေးသလား၊ မာစတာ”

All Chapters