အန္တိမအရှင်တစ်ယောက်ကို သတ်ရန် အစီအစဉ်
Vol. 96 Ch. 1335
ဟင်းလင်းပြင်ပေါ်သို့ ခြေချရင်း အထွတ်အထိပ်အလှလေးက လျင်မြန်စွာ ချဉ်းကပ်လာသည်၊ ထန်ရှုက သူ့လူများနှင့်အတူ ဖုံးကွယ်အစီအရင်မှ ထွက်လာ၏။ သူမက ထန်ရှု၏ချောမောခန့်ညားသောမျက်နှာကို အရင်တစ်ချက်ကြည့်လိုက်သည်၊ ထို့နောက် သူမက အခြားသောပြီးပြည့်စုံခြင်းရွှေအင်မော်တယ်များဘက်သို့ အကြည့်ပြောင်းလိုက်၏။
သူတို့အားလုံးက မရင်းနှီးတဲ့မျက်နှာတွေပဲလား။
အထွတ်အထိပ်အလှလေးက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်၊ ထန်ရှုတို့အဖွဲ့မှ တစ်ကီလိုမီတာအကွာသို့ ရောက်ရှိပြီးနောက် သူမက ခြေလှမ်းကို ရပ်တန့်လိုက်သည်။
စိတ်ထဲ၌ သက်ပြင်းချလျက် ထန်ရှုက နက်ရှိုင်းသောအသံနှင့် ပြောလိုက်၏ “တာအိုအရှင်အစိမ်းရောင်မိုးကောင်းကင်ကလွဲပြီး ကျန်တဲ့သူတွေက ကောင်းကင်ဘုံစံအိမ်ထဲကို ဝင်နေပါ…”
“နားလည်ပါပြီ၊ အရှင်”
လူအုပ်က လက်သီးဆုပ်လျက် ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်သွားကြ၏။ သို့သော် သူမက မထွက်သွားခင် ကြယ်မျက်ရည်က အထွတ်အထိပ်အလှလေးက ထူးဆန်းသောအမူအရာနှင့် တစ်ချက်ကြည့်သွားခဲ့သေး၏၊ သူမ၏နှလုံးသားက မရှင်းလင်းသောခံစားချက်တို့နှင့် ပြည့်နေလေသည်။
ထန်ရှုက အထွတ်အထိပ်အလှလေးကို ကြည့်ပြီး အမူအရာပြလိုက်သည်။ သူမ၏အမူအရာက အပြင်းအထန်ပြောင်းလဲသွားလျှင်ချင်း သူက သက်ပြင်းချလိုက်၏ “ဒီနှစ်တွေမှာ မင်းက တကယ်ခက်ခဲခဲ့မှာပဲ”
အထွတ်အထိပ်အလှလေး၏မျက်လုံးများက ထန်ရှု၏မျက်နှာအသွင်အပြင်ကို သေချာစိုက်ကြည့်သည်။ သူ့မျက်လုံးထဲရှိ ရင်းနှီးကျွမ်းဝင်မှုကို သူမက အလွယ်တကူ မြင်နိုင်လေ၏။
“ရှင်တို့တွေ ဒီမှာနေခဲ့ပြီး ကျွန်မကို စောင့်နေပါ”
အထွတ်အထိပ်အလှလေးက ဘေးသို့ ကြည့်ကာ အမိန့်ပေးပြီးနောက် ထန်ရှုထံ ပျံသန်းသွား၏။ သူမက သူ့ရှေ့သို့ ရောက်သောအခါ ဖုံးကွယ်အစီအရင်တစ်ခုကို ထုတ်ဖော်ပြီး ထန်ရှု၏လက်ကောက်ဝတ်ကို ဆွဲကာ ဝင်သွားသည်။
“ရှင်…ရှင် တကယ်ပဲလား”
နှုတ်ခမ်းက တုန်ယင်လျက် ပုံဆောင်ခဲလိုမျက်ရည်များက အထွတ်အထိပ်အလှလေး၏မျက်လုံးများထဲ၌ ထွက်ပေါ်လာ၏။
ထန်ရှုက စကားတစ်လုံးမှ မပြောဘဲ ခေါင်းညိတ်ပြလိုက်သည်။ သူမ၏ခံစားချက်တို့ ပြင်းပြင်းထန်ထန်လှုပ်ရှားနေသည်ကို သူက ခံစားနိုင်၏။ သူက စိတ်ထဲ၌ သက်ပြင်းထပ်ချလျက် ခါးသီးစွာ ပြောလိုက်၏ “အတိတ်မှာ အရာအားလုံး ဖြစ်ပျက်သွားခဲ့ပြီ၊ ပြောင်းလဲမှုက မြန်ဆန်လွန်းတယ်၊ ဒီနေရာမှာ ဒီလိုအခြေအနေတစ်ခုနဲ့ ငါတို့က ထပ်တွေ့ဆုံခွင့်ရမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ ကျေးဇူးတင်ပါတယ်၊ အလှလေး။ ဒါပေမယ့် ငါ မင်းကို တောင်းပန်တယ်လို့ ပြောဖို့ လိုသေးတာပဲ”
ခံစားချက်ကို ဖိနှိပ်ရန် အကောင်းဆုံးကြိုးစားခဲ့သော်လည်း အထွတ်အထိပ်အလှလေး၏မျက်လုံးများထဲရှိ မျက်ရည်စက်များက စီးကျလာသည်။ သူမက ထန်ရှု၏ရင်ခွင်ထဲသို့ ပြေးကာ သူ့ကို တင်းကျပ်စွာ ပွေ့ဖက်လိုက်၏။ အရင်က သူမက သံသယများ ရှိခဲ့သည်၊ သို့သော် ယခု သူမက သေချာသွားပြီ၊ သူမအရှေ့ရှိလူက သူမနှစ်နှစ်ကာကာချစ်ခဲ့ရသောထန်ရှုပင်။
သူ့အနံ့အသက်များက သူမနှင့် ရင်းနှီးနေသေး၏။
“ကျွန်မ ရှင့်ကို သတိရတယ်”
သူမ၏ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန်တုန်ယင်သွားလျက် မျက်ရည်များက ထန်ရှု၏ပခုံးပေါ်သို့ စီးကျလာ၏။ အဆုံးမရှိသောအတွေးများနှင့်လွမ်းဆွတ်မှုတို့က မျက်ရည်များအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။ ထန်ရှုက လက်ကို မြှောက်ပြီး သူမ၏နောက်ကျောကို ငြင်သာစွာ ပွတ်ပေးလိုက်သည်။
အချိန်အတန်ကြာပြီးနောက် အထွတ်အထိပ်အလှလေးက ငိုတာကို ရပ်တန့်ပြီး ထန်ရှု၏မျက်နှာကို မျက်ရည်မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ဤသူစိမ်းဆန်သော်လည်း ရင်းနှီးသောမျက်နှာကို ဂရုတစိုက်ကြည့်ရင်း သူမက ရေရွတ်လိုက်၏ “အတိတ်မှာတုန်းက ကျွန်မက ဒီမြင်ကွင်းကို အကြိမ်ပေါင်းများစွာ အိပ်မက်မက်ခဲ့တာ၊ နိုးလာတိုင်း အကြိမ်ပေါင်းမရေအတွက်များစွာ ငိုခဲ့ရတယ်။ ရှု၊ ကျွန်မ ရှင့်ကို အရမ်းသတိရတယ်”
“…”
ထန်ရှုက စကားတစ်လုံးမှ မပြောနိုင်ပေ။ သူမအား ဘယ်လိုတုံ့ပြန်မှုမျိုးပေးရမည်ကို သူ မသိပေ။ အထွတ်အထိပ်အလှလေးနှင့်ပတ်သက်၍ အချို့အရာများကို သိရှိထားသော်လည်း သူမက သူ့အတွက် အများကြီးပေးဆပ်ခဲ့သည်မှာ တကယ်အမှန်ပင်။
သူမက မီးပင်လယ်ကို ဖြတ်လျက် သူဂရုစိုက်သောလူများကို ကာကွယ်ရန် သူမ၏အသက်ကို စွန့်စားခဲ့သည်။ တိုက်ပွဲထဲတွင် သူမ၏မိသားစုဝင်များနှင့်မိတ်ဆွေများက တစ်ယောက်ပြီးတစ်ယောက် သေခဲ့ရ၏။ သေခြင်းတရားနှင့် အကြိမ်များစွာ နီးကပ်ခဲ့သော်ငြား သူမက နောက်မဆုတ်ခဲ့ပေ။
ယခုတော့ ဤကမ္ဘာပေါ်တွင် သူဂရုစိုက်သောလူတစ်ယောက်ထပ်ရှိသေးသည်ကို ထန်ရှုက အပြည့်အဝသိသွားခဲ့လေပြီ။
အချိန်အတော်ကြာပြီးနောက် မျက်ရည်များက အထွတ်အထိပ်အလှလေး၏ပါးပြင်ပေါ်တွင် တင်ကျန်နေသော်လည်း အပြုံးတစ်ခုက သူမမျက်နှာပေါ်တွင် ထွက်ပေါ်လာလျက် သူမက ငြင်သာစွာ ပြောလိုက်၏ “သူမနဲ့ ရှင် တွေ့ပြီးကတည်းက ရှင့်ရဲ့ပါးကို မထိရတာ ကြာပြီ။ ရှင်က သူမနဲ့ အတူရှိနေတဲ့အတွက် ကျွန်မက ရှင့်ကို ဘယ်တော့မှ မပွေ့ဖက်ခဲ့ဘူး။ ကျွန်မတို့တွေ တာအိုကို ဝင်ရောက်ပြီး အတူတကွာရှိခဲ့တဲ့အဲဒီနေ့ရက်တွေက ကျွန်မဘဝရဲ့အပျော်ဆုံးပါပဲ”
“ငါ တကယ်တောင်းပန်ပါတယ်”ထန်ရှုက အပြစ်ရှိသလို ခံစားမိလေသည်။
အထွတ်အထိပ်အလှလေးက လက်ကို မြှောက်ကာ ထန်ရှု၏ပါးစပ်ကို ပိတ်ပြီး ခေါင်းကို ခါယမ်းလျက် ဆက်ပြောသည် “ကျေးဇူးပြုပြီး ကျွန်မကို မတောင်းပန်ပါနဲ့။ ဒါက ကျွန်မ ဘယ်တော့မှ မကြားချင်တဲ့ စကားတစ်ခွန်းပဲ။ ရှင်က နောင်တရပြီး ကိုယ့်ကိုယ်ကိုယ်ပြောင်းလဲလိုက်ပြီးဆိုတာကို သိပြီးဖြစ်တဲ့အတွက် ကျွန်မက အရမ်းပျော်တယ်”
ငါက နောင်တရပြီး ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲလိုက်တာလား။ ထန်ရှုက ပဟေဠိဖြစ်လျက် မေးလိုက်၏ “မင်းက ဘာကို ဆိုလိုတာလဲ”
အထွတ်အထိပ်အလှလေးက ပြုံးလိုက်သည် “အခု ရှင့်မှာ မိန်းမတစ်ယောက်ထက် ပိုရှိတယ်လို့ မူက ကျွန်မကို ပြောခဲ့တယ်”
ထန်ရှုက ခဏမှင်တက်သွားခဲ့ပြီး ရှက်ရွံ့မှုက မျက်နှာပေါ်တွင် ထွက်ပေါ်လာ၏။ သူက အားတင်းပြုံးလျက် ပြောလိုက်သည် “အစကတည်းက ငါက အင်မော်တယ်ကမ္ဘာရဲ့ဒေသခံတစ်ယောက်မဟုတ်ပါဘူး။ မဟာဧကရာဇ်တန်ချင်း၊ ဇီသာဗျတ်စောင်းနတ်ဆိုးကျိုးယောင်နဲ့သူမတို့က ငါ့ကို လုပ်ကြံခဲ့ပြီးနောက် ငါနဲ့သက်ဆိုင်ခဲ့တဲ့နေရာကို ပြန်ရောက်သွားခဲ့တယ်။ အဲနေရာမှာ ငါ့ရဲ့မိဘတွေ၊ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေရှိတယ်။ ဒါပေမယ့် သူတို့သာမရှိရင် ငါ့ရဲ့စိတ်နတ်ဆိုးကို ဖယ်ရှားဖို့ မဖြစ်နိုင်တဲ့အတွက် သူတို့ကို ငါ တကယ်ကျေးဇူးတင်ရမယ်”
“ဒါဆို…ရှင်က…”အထွတ်အထိပ်အလှလေးက အံ့အားသင့်သွားသည်။
“အဲတုန်းက ငါ့ရဲ့စိတ်ဝိညာဉ်အမျှင်တစ်ခုက ပျံသန်းသွားပြီး အင်မော်တယ်ကမ္ဘာကို ရောက်လာခဲ့တယ်၊ နောက်တော့ မြင့်မြတ်ငှက်ဂိုဏ်းရဲ့သခင်လေးဖြစ်လာတယ်။ အဲကလူတွေက ငါ့ရဲ့မိဘနဲ့ဆွေမျိုးတွေ ဆိုပေမယ့် အခြားကမ္ဘာမှာ ငါ့ရဲ့သွေးချင်းဆက်ဆွေမျိုးတွေနဲ့မိသားစုဝင်တွေရှိတယ်”
အထွတ်အထိပ်အလှလေးက လျှပ်တစ်ပြက်အတွင်း နားလည်ကာ ပြောလိုက်၏ “ရှင်က ဘယ်သူလဲဆိုတာ ကျွန်မ ဂရုမစိုက်ဘူး။ အခုကစပြီး ကျွန်မဖန်းဘုရင်မက ရှင့်ရဲ့အမျိုးသမီးဖြစ်တယ်ဆိုတာ သိဖို့ပဲ လိုတယ်။ အတိတ်မှာတုန်းက ရှင်က သူမနဲ့ ရှိခဲ့တဲ့အတွက် ကျွန်မ စောင့်ထိန်းခဲ့ရတယ်နော်။ အခု သူမက ထွက်သွားပေမယ့် ကျွန်မရဲ့ပြိုင်ဘက်တွေက ရှိနေသေးတာပဲ”
“မင်း…”
ထန်ရှု၏နှုတ်ခမ်းများက လှုပ်ယမ်းသွားသည်၊ သို့သော် အထွတ်အထိပ်အလှလေးက လက်မြှောက်ကာ သူ့ကို စကားမပြောရန် တားလိုက်၏။
ထန်ရှုက နက်နက်ရှိုင်းရှိုင်းစိုက်ကြည့်ရင်း အထွတ်အလှလေးက အလေးအနက်ထားလျက် ပြော၏ “အလှလေးက တစ်သက်မှာ တစ်ယောက်ပဲ ချစ်မယ်။ ရှင့်မှာ မိန်းမတွေ ဘယ်လောက်ပဲ ရှိရှိ ကျွန်မ ဂရုမစိုက်ဘူး။ ရှင့်ရဲ့နှလုံးသားထဲမှာ ကျွန်မရှိနေသေးသရွေ့ ဒါက ကျွန်မအတွက် လုံလောက်တယ်”
ထန်ရှုက သူမလက်ကို ငြင်သာစွာ ဆုပ်ကိုင်လျက် ပြောလိုက်၏ “ဘာလို့ မင်းက ဒါကို ရွေးချယ်ရသေးတာလဲ၊ အလှလေး”
“ကျွန်မ ရှင့်ကို ချစ်တယ်၊ ဒါကြောင့် အဲလိုလုပ်ဖို့ ဆန္ဒရှိတယ်။ ဒါက ကျွန်မရဲ့နှလုံးသားက ဖြစ်စေချင်တဲ့အရာပဲ”အထွတ်အထိပ်အလှလေးက လေးနက်မှုအပြည့်နှင့် ပြောလိုက်သည်။
ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောလိုက်သည် “ငါ မင်းအပေါ် မှားခဲ့တယ်၊ မင်းကို ပြဿနာအများကြီးဖြစ်စေခဲ့တယ်။ ဒီနေရာမှာ ငါကပဲ အပြစ်ရှိတဲ့သူပဲ။ ဒါပေမယ့် မင်းက ငါ့ကို မအော်ထုတ်သရွေ့ မင်းနဲ့အတူ ငါ ရှိချင်တယ်”
“ကျွန်မ လက်ခံတယ်…”
အထွတ်အထိပ်အလှလေးက မျက်ရည်တို့ ပေါက်ကွဲထွက်လာလျက် ထန်ရှုကို ထပ်ဖက်လိုက်၏။
ရုတ်တရက် သူမ၏အမူအရာက ပြောင်းလဲသွားပြီး သူမ၏အရှိန်အဝါကို လျင်မြန်စွာ ကန့်သတ်လိုက်သည်။ ထို့နောက် သူမက အသံနှိမ့်လျက် ပြောလိုက်၏ “စွမ်းအားရှင်တစ်ယောက်ရဲ့အရှိန်အဝါကို အာရုံခံမိတယ်။ အဲလူက အန္တိမအရှင်တစ်ယောက်ဖြစ်ရမယ်”
အလင်းတစ်ခုက ထန်ရှု၏မျက်လုံးများထဲတွင် လက်သွားပြီး သူက နက်ရှိုင်းသောအသံနှင့် ပြောလိုက်၏ “ငါထင်တာမှန်ရင် အဲလူက အသင်္ချေမိုးကြိုးအန္တိမအရှင်ပဲဖြစ်မယ်။ ဒီနေရာကို မင်း မလာခင် ငါ့ရဲ့ငယ်သားတွေက သူ့တပည့်ငရဲမြစ်အုပ်ချုပ်သူကို သတ်ခဲ့တယ်။ ပြီးတော့ သူ့ရဲ့အခြားတပည့်ဖြစ်တဲ့တာအိုအရှင်အစိမ်းရောင်မိုးကောင်းကင်ကိုလဲ ငါ့ရဲ့ကျွန်အဖြစ် ပြုလုပ်ခဲ့တယ်။ သူ့တပည့်သေသွားတဲ့အတွက် အသင်္ချေမိုးကြိုးအန္တိမအရှင်က ဒီနေရာကို လာခဲ့တာဖြစ်ရမယ်”
အထွတ်အထိပ်အလှလေးက သတ်ဖြတ်ခြင်းဆန္ဒအပြည့်ဖြင့် ပြန်ပြော၏ “ဒါဆို သူက ဒီကို ရောက်နေမှတော့ သူ့ကို ဒီနေရာမှာပဲ ထာဝရနေခိုင်းကြတာပေါ့”
ထန်ရှုက ခေါင်းညိတ်ကာ ပြောလိုက်သည် “မင်းရဲ့ရုပ်ရည်နဲ့ချီအရှိန်အဝါကို ပြောင်းလိုက်ပါ။ ငါ သေချာစုံစမ်းခဲ့ပြီးပြီ၊ ဒီနေရာမှာ အန္တိမအရှင်အနေနဲ့ အင်္ချေမိုးကြိုးအန္တိမအရှင်တစ်ယောက်ပဲ ရှိတယ်။ သူ့ကို ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ခြောက်ယောက်က ကူညီပေးနေတယ်၊ သူတို့ထဲက တစ်ယောက်က သေသွားပြီ၊ နောက်တစ်ယောက်ကလဲ ငါ့ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိတယ်။ လက်ရှိမှာ ငါတို့က အန္တိမအရှင်တစ်ယောက်နဲ့ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်လေးယောက်ကိုပဲ ရင်ဆိုင်ရမယ်”
“ဒါနဲ့ ရှင့်ဘေးနားမှာ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တွေအများကြီးရှိတာကို တွေ့ခဲ့တယ်”အထွတ်အထိပ်အလှလေးက ရုတ်တရက် မေးလိုက်၏ “သူတို့က ဘယ်သူတွေလဲ”
“အန်တီကြယ်မျက်ရည်အပါအဝင် သူတို့အားလုံးကို အကျဉ်းသားပြိုင်ကွင်းကနေ ငါ ဝယ်လာတာ”ထန်ရှုက ပြော၏ “ဒါပေမယ့် ငါ့ရဲ့သရုပ်မှန်ကို သူမကို မပြောရသေးဘူး။ မင်းနဲ့မူကလွဲပြီး နောက်တစ်ယောက်ကို ငါ မပြောနိုင်ဘူး။ မဟုတ်ရင် မဟာဧကရာဇ်တန်ချင်နဲ့ဇီသာဗျတ်စောင်းနတ်ဆိုးကျိုးယောင်တို့သိသွားတာနဲ့ ငါတို့နောက်ကို အဆုံးမရှိလိုက်လာလိမ့်မယ်”
“ဒီကိစ္စနဲ့ ပတ်သက်ပြီး မူက ကျွန်မကို ပြောပြီးပါပြီ”အထွတ်အထိပ်အလှလေးက ခေါင်းညိတ်ကာ ပြောလိုက်သည် “စိတ်ချပါ။ ကျွန်မကလွဲပြီး တစ်ယောက်မှ မသိစေရဘူး”
ထန်ရှုက ခေါင်းညိတ်ပြလိုက်သည်၊ ထို့နောက် သူမကို ဖုံးကွယ်အစီအရင်မှ ဆွဲခေါ်လာပြီး သူမ၏ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်နောက်လိုက်လေးယောက်ဘေး၌ ထွက်ပေါ်လာသည်။
“ဘာဖြစ်ခဲ့တာလဲ၊ အစိမ်းရောင်မိုးကောင်းကင်။ မင်းရဲ့စီနီယာအကိုငရဲမြစ်အုပ်ချုပ်သူရဲ့အသက်တိုကင်က ပျက်ဆီးသွားတယ်၊ သူ့ရဲ့စိတ်ဝိညာဉ်က ပျောက်ကွယ်သွားပြီလို့ ဆိုလိုတာပဲ။ ငါ့ကို ရှင်းပြပါ”အသင်္ချေမိုးကြိုးအန္တိမအရှင်က တစ်ယောက်တည်းသာ ဖြစ်၏၊ သို့သော် ပြင်းထန်သောအလင်းတစ်ခုက သူ့မျက်လုံးများထဲတွင် လက်ကာ မေးမြန်းလိုက်သည်။
သူ့ဆရာနှင့် မျက်နှာချင်းဆိုင်နေရချိန်တွင် တာအိုအရှင်အစိမ်းရောင်မိုးကောင်းကင်က ထိတ်လန့်နေသော်လည်း အမှန်တရားကို မပြောရဲပေ။ သူက သူ့ဆရာကို ဘယ်လောက်ပင် လေးစားသော်ငြား သူ့အသက်ကို ထန်ရှုက ထိန်းချုပ်ထားသည်။ သူက မသေချင်ပေ၊ သူ့ဆရာကို သတ်ရန်အတွက် ဘာမဆိုလုပ်ရန် ဆန္ဒရှိ၏။
“ဆရာ၊ စီနီယာအကိုငရဲမြစ်က စေဘယ်မိစ္ဆာကင်းမြီးကောက်လို့ခေါ်တဲ့ရန်သူတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ အဲလူက ကြောက်စရာကောင်းလှအောင် သန်မာပြီး အန္တိမအရှင်အဆင့်နဲ့ ဆံချည်တစ်မျှင်လောက်ပဲ လိုတော့တယ်။ ဒီနေရာကို ငါ ရောက်ရှိတဲ့အချိန်မှာ စီနီယာအကိုက သေနေပြီ၊ သူ့ကို စေဘယ်မိစ္ဆာကင်းမြီးကောက်က သတ်လိုက်တဲ့အချိန်မှာ ငါက ကယ်ဆယ်ဖို့ နောက်ကျသွားပြီ”အစိမ်းရောင်မိုးကောင်းကင်က ကမန်းကတန်း ရှင်းပြလိုက်သည်။
“စေဘယ်မိစ္ဆာကင်းမြီးကောက်လား”
သန်မာသောသတ်ဖြတ်ခြင်းဆန္ဒတစ်ခုက အသင်္ချေမိုးကြိုးအန္တိမအရှင်မှ ပေါက်ကွဲထွက်လာသည်။ သူ့တပည့်နှင့်စေဘယ်မိစ္ဆာကင်းမြီးကောက်ကြားတွင် ရန်ငြိုးရှိသည်ကို သူက သိ၏။ စေဘယ်မိစ္ဆာကင်းမြီးကောက်က ထွက်ပြေးတာ မမြန်လွန်းခဲ့လျှင် သူ့တပည့်အတွက် ဤအန္တရာယ်ကို သူက ဖယ်ရှားပေးခဲ့သည်မှာ ကြာချေပြီ။ ထို့နောက် သူက ဖြူဖတ်ဖြူရော်ဖြစ်နေသောတာအိုအရင်အစိမ်းရောင်မိုးကောင်းကင်ကို ကြည့်ကာ နက်ရှိုင်းသောအသံနှင့် မေးလိုက်၏ “ဒါဆို အဲဒီကင်းမြီးကောက်က ဘယ်နေရာကို ထွက်သွားတာလဲ။ ဘာလို့ သူမက မင်းကို လွှတ်ပေးခဲ့တာလဲ”
တာအိုအရှင်အစိမ်းရောင်မိုးကောင်းကင်က ကမန်းကတန်း ပြန်ဖြေသည် “စီနီယာအကိုကို သတ်ပြီးနောက် သူမလဲ တော်တော်ထိခိုက်ထားပုံပဲ၊ ဆရာ။ စီနီယာအကိုငရဲမြစ်အတွက် ငါ လက်စားချေပေးချင်ခဲ့ပေမယ့် သူမက တစ်ခါတည်း ထွက်ပြေးသွားခဲ့တယ်။ သူမရဲ့အရှိန်က မြန်လွန်းတယ်၊ ငါ လိုက်မမီနိုင်ဘူး၊ ဒါကြောင့် သူမကို လိုက်ရှာဖို့အတွက် ငါ့ကို ကူညီဖို့ ကျန်တဲ့ညီအကိုတွေဆီ စာပို့ခဲ့တာပါ”
“အဲလိုလား”
အေးစက်သောအလင်းတစ်ခုက အသင်္ချေမိုးကြိုးအန္တိမအရှင်၏မျက်လုံးများထဲတွင် လက်သွားသည်။ သူ့လက်က လျင်မြန်စွာ လှုပ်ရှားသွားပြီး တာအိုအရှင်အစိမ်းရောင်မိုးကောင်းကင်ကို မီတာတစ်ရာအထိ ရိုက်ထုတ်လိုက်သည်။ ထို့နောက် သူက အေးစက်စွာ ပြောလိုက်၏ “မင်းက ငါ့တပည့်ဆိုပေမယ့် ငါ့ကို လိမ်တဲ့အတွက် မင်းရဲ့ကံကြမ္မာက ဘာဖြစ်မလဲဆိုတာ ရှင်းရှင်းလင်းလင်းသိမှာပါ”
တာအိုအရှင်အစိမ်းရာင်မိုးကောင်းကင်က ထပ်ပျံလာလျက် ပြန်ဖြေသည် “ဒီတပည့်ပြောခဲ့သမျှအရာအားလုံးက အမှန်ပါပဲ၊ ဆရာ။ စီနီယာအကိုဆီ ပို့ခဲ့တဲ့စာထဲမှာ အားကောင်းတဲ့အသုံးအဆောင်ပစ္စည်းတစ်ခုရှိတဲ့ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ရှိတယ်လို့ ငါ ပြောခဲ့တယ်။ သူ့အကူအညီကို လိုအပ်တဲ့အတွက်ကြောင့် သူမလာမှာကို စိုးရိမ်တဲ့အတွက် သူ့ကို ပို့လိုက်တဲ့စာထဲမှာ ငါ လိမ်ခဲ့တာပါ။ ဆရာက ငါ့ကို မယုံကြည်ရင် စေဘယ်မိစ္ဆာကင်းမြီးကောက်ထွက်ပြေးသွားတဲ့ဉီးတည်ဘက်ကို ငါ ပြနိုင်ပါတယ်”
“ဟမ့်၊ သူမကို လိုက်ရမှာလား”အသင်္ချေမိုးကြိုးအန္တိမအရှင်က ခေါင်းညိတ်လိုက်သည် “ကြာသွားပြီ။ သူမကို လိုက်ဖို့ ငါတို့က ဘယ်ဘက်ကို သွားရမှာလဲ။ သူမက ဘယ်နေရာကို ပျံသန်းသွားသလဲဆိုတာ မင်းတောင် သိလို့လား”
“ငါ သိပါတယ်၊ ဆရာ”တာအိုအရှင်အစိမ်းရောင်မိုးကောင်းကင်က ကမန်းကတန်း ပြော၏ “သူမရဲ့ကိုယ်ပေါ်မှာ စိတ်ဝိညာဉ်အမဲလိုက်အမှုန့််ကို ငါ တိတ်တဆိတ် လောင်းချခဲ့တယ်”