← Chapters

လူတွေကို ကစားရတာ ပျော်စရာ

Vol. 96 Ch. 1336

လူတွေကို ကစားရတာ ပျော်စရာ

Vol. 96 Ch. 1336

အဝေးမှ ပျံသန်းလာပြီးနောက် တာအိုအရှင်အစိမ်းရောင်မိုးကောင်းကင်က လပြည့်ကြယ်မြစ်အထက် လေထဲတွင် ရပ်နေသေးသည်ကို အသင်္ချေမိုးကြိုးအန္တိမအရှင်က သတိမပြုမိပေ။ သူက ရှေ့သို့ တစ်လှမ်းတိုးကာ အစိမ်းရောင်မိုးကောင်းကင်၏အရှေ့၌ တိုက်ရိုက်ထွက်ပေါ်လာသည်။ ထို့နောက် အစိမ်းရောင်မိုးကောင်းကင်၏ပခုံးကို ဆုပ်ကိုင်ကာ စေဘယ်မိစ္ဆာကင်းမြီးကောက်ထွက်ပြေးသွားသောဘက်ကို မေးရန် ပြင်လိုက်သည်။

သို့သော် ဤအချိန်တွင် ပုံရိပ်အချို့ ထွက်ပေါ်လာမှုနှင်အတူ ပတ်ဝန်းကျင်ရှိ လေထုထဲ၌ ရုတ်တရက်ပြောင်းလဲမှုတစ်ခုဖြစ်လာသည်။ အသင်္ချေမိုးကြိုးအန္တိမအရှင်က ထိုပုံရိပ်များထံ အာရုံစိုက်လိုက်စဉ် အေးစက်သောအလင်းတစ်ခုက အစိမ်းရောင်မိုးကောင်းကင်၏မျက်လုံးများထဲ၌ လက်သွားပြီး သူက အဆင့်ရှစ်မီးမောင်းလွန်းပြန်ယာဉ်အသုံးအဆောင်ပစ္စည်းကို သူ့ဆရာ၏ခန္ဓာကိုယ်ထဲသို့ ထိုးသွင်းလိုက်သည်။

ကြီးမားဖျက်ဆီးသောအင်မော်တယ်စွမ်းအားတစ်ခုက အသင်္ချေမိုးကြိုးအန္တိမအရှင်၏ခန္ဓာကိုယ်ထဲသို့ ဒီရေလှိုင်းတစ်ခုပမာ စီးဝင်သွားသောကြောင့် သူက အဝေးသို့ ပျံသန်းသွားလိုက်သည်။

ထို့နောက် ချက်ချင်းလျှင်ပင် သက်တံ့နှင့်တူသောဓားရောင်ခြည်တန်းတစ်ခုက လက်သွားပြီး နေရာလပ်ကို ဆုတ်ဖြဲတော့မည့်အတိုင်း အသင်္ချေမိုးကြိုးအန္တိမအရှင်၏အင်မော်တယ်ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် ခုတ်ပိုင်းချသည်။ ခုတ်ချက်က သူ့ကို ရှောင်တိမ်းရန် အချိန်မပေးပေ။ ဓားရောင်ခြည်တန်းက သူ့ခန္ဓာကိုယ်ကို ခုတ်ပိုင်းပြီးနောက် အခြားအင်မော်တယ်အသုံးအဆောင်ပစ္စည်းများမှ တိုက်ခိုက်မှုများက တရစပ်ရောက်ရှိလာသည်။ သူ၏အင်မော်တယ်ခန္ဓာကိုယ်နှစ်ပိုင်းကို အသင်္ချေမိုးကြိုးအန္တိမအရှင်က ချက်ချင်းပေါင်းစပ်ခဲ့သော်ငြား အင်မော်တယ်အသုံးအဆောင်ပစ္စည်းဆယ်ခုကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒဏ်ရာများ ကျန်ရစ်လျက် ဝတ်ရုံက သွေးတို့ဖြင့် နီရဲနေလေတော့သည်။

“ဘာလို့လဲ…”

ဒဏ်ရာဆိုးဝါးစွာ ရရှိပြီးနောက် မုန်းတီးသောအမူအရာတစ်ခုက အသင်္ချေမိုးကြိုးအန္တိမအရှင်၏မျက်နှာပေါ်တွင် ထွက်ပေါ်လာသည်။ သူက အနက်ရောင်အလံဆယ့်သုံးခုကို ထုတ်ကာ သူ့ပတ်လည်တွင် ခံစစ်အကာအကွယ်များအား လျင်မြန်စွာ ခင်းကျင်းပြီးနောက် တာအိုအရှင်အစိမ်းရောင်မိုးကောင်းကင်ကို စိုက်ကြည့်လိုက်သည်။

အပြစ်ရှိသောအမူအရာနှင့်အတူ တာအိုအရှင်အစိမ်းရောင်မိုးကောင်းကင်က အသင်္ချေမိုးကြိုးအန္တိမအရှင်၏မျက်လုံးများကို မကြည့်ရဲပေ။ အကူအညီမဲ့သောမျက်နှာနှင့်အတူ သူက ခါးသီးစွာ ပြော၏ “ကျေးဇူးပြုပြီး တပည့်ကို ခွင့်လွှတ်ပေးပါ၊ ဆရာ။ ငါက ဖိအားပေးခံရတာပါ။ ငါ့အသက်က မဟာထန်ကောင်းကင်ဘုံဧကရာဇ်ရဲ့လက်ထဲမှာ ရှိတယ်၊ ဆရာကို မတိုက်ခိုက်ရင် ငါ သေရလိမ့်မယ်။ ဆရာက တပည့်တွေကို ပင်ပင်ပန်းပန်းနဲ့ ပျိုးထောင်ပေးခဲ့တာက သူတို့ကို ကောင်းကောင်းမွန်မွန်နဲ့ အသက်ရှင်နေထိုင်သွားစေချင်လို့ပဲ မဟုတ်လား။ လက်ရှိဆရာက အကန့်အသတ်ကို ရောက်နေတယ်၊ ဒီတော့ ဆရာ့ရဲ့တပည့်ကိုပဲ အသက်ရှင်ဖို့ မျှော်လင့်ချက်ကို ပေးလိုက်ပါ”

တာအိုအရှင်အစိမ်းရောင်မိုးကောင်းကင်၏စကားများကို ကြားပြီး အသင်္ချေမိုးကြိုးအန္တိမအရှင်က ဒေါသထွက်သွားသည်။ ယခင်ဗုဒ္ဓနှစ်ပါးက ကောင်းကင်ဘက်သို့ တက်သွားပြီးနောက် ဗုဒ္ဓအသစ်က မွေးဖွားလာသကဲ့သို့ပင်။ နက်ရှိုင်းသောနောင်တရမှုတို့က ခါးသီးမှုပင်လယ်တစ်ခုအဖြစ်သို့ ပြောင်းသွားပြီး သူက တာအိုအရှင်အစိမ်းရောင်မိုးကောင်းကင်၏ခန္ဓာကိုယ်ကို အပိုင်းပိုင်းဆုတ်ဖြဲရန် ဆန္ဒပြုလိုက်သည်။

“မင်းရဲ့ဆရာကို လှည့်စားပြီး မင်းရဲ့ဘိုးဘေးကို ဖျက်ဆီးတာ။ မင်းက တကယ်ကို တပည့်ယုတ်တစ်ယောက်ပဲ…”

သိုလှောင်လက်စွပ်မှ ကုသဆေးတစ်လုံးကို ယူကာ မျိုချပြီးနောက် အသင်္ချေမိုးကြိုးအန္တိမအရှင်က ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။ ထို့နောက် ဟာသကင်းမဲ့သောအပြုံးတစ်ခုက သူ့မျက်နှာပေါ်တွင် ထင်ကျန်လာလျက် သူက ကျယ်လောင်စွာ ပြောလိုက်၏ “အန္တိမအရှင်တစ်ယောက်နဲ့ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ဆယ့်လေးယောက်။ ငါ့ကို သတ်ဖို့အတွက်နဲ့ပေါ့။ ကောင်းတယ်၊ အရမ်းကောင်းတယ်”

ကြယ်မျက်ရည်နှင့်စေဘယ်မိစ္ဆာကင်းမြီးကောက်တို့၏ကာကွယ်မှုနှင့်အတူ လေထဲတွင် ရပ်နေရင်း ထန်ရှုက နှာခေါင်းရှုံ့လိုက်သည် “ခင်ဗျားက အသင်္ချေမိုးကြိုးအန္တိမအရှင်လား။ ခင်ဗျား သိလား၊ ကျုပ်တို့က ခင်ဗျားကို စိတ်မဝင်စားပါဘူး၊ ခင်ဗျားရဲ့ပိုင်ဆိုင်မှုကိုပဲ စိတ်ဝင်စားတယ်။ ခင်ဗျားရဲ့သိုလှောင်လက်စွပ်ကို ထုတ်ပြီး ခင်ဗျားရဲ့ရတနာတွေအားလုံးကို ကျုပ်ကို လွှဲပေးလိုက်ပါ။ ကျုပ်က ခင်ဗျားရဲ့အသက်ကို ချမ်းသာပေးနိုင်တယ်၊ မဟုတ်ရင် နောက်နှစ်ရဲ့ဒီလိုနေ့က ခင်ဗျားရဲ့နှစ်ပတ်လည်နေ့ဖြစ်သွားလိမ့်မယ်”

အသင်္ချေမိုးကြိုးအန္တိမအရှင်အတွက် ကမ္ဘာပေါ်တွင် မယုံကြည်နိုင်စရာအကောင်းဆုံးအရာကို ကြားလိုက်ရသလိုပင်။ သူ့ကိုယ်သူ လျင်မြန်စွာ ကုသရင်း သူက မယုံကြည်နိုင်သောမျက်နှာနှင့် မေးလိုက်၏ “မင်းဆိုလိုတာက ငါ့ရဲ့ပိုင်ဆိုင်မှုတွေကို လုယူဖို့အတွက်နဲ့ ဒီနေရာမှာ ထောင်ချောက်တစ်ခုကို ဆင်ခဲ့တာလား”

ထန်ရှုက မျက်လုံးလိမ့်လျက် ဆိုလိုက်သည် “ဟမ့်၊ ခင်ဗျားရဲ့ပိုင်ဆိုင်မှုကို လုယက်ဖို့အတွက် မဟုတ်ရင် ခင်ဗျားက ချောမောခန့်ညားလွန်းလို့ ကျုပ်တို့က ခင်ဗျားကို ကြွေသွားတယ်လို့ ထင်နေတာလား”

အသင်္ချေမိုးကြိုးအန္တိမအရှင်က တုန်လှုပ်သွားလျက် ထူးဆန်းသောခံစားချက်တစ်ခုက သူ့ထံ ဖြစ်ပေါ်လာသည်။

ဒါတွေအားလုံးက ငါ့ရဲ့ကြွယ်ဝမှုအတွက်လား။ တကယ်ပဲလား။

သူ့ရဲ့ပိုင်ဆိုင်မှုအတွက်ပဲဆိုရင် ဒီအကောင်တွေက သူ့ကို ဒီလောက်ထိ ထိခိုက်အောင် လုပ်ဖို့လိုလို့လား။ သူကသာ လုံလုံလောက်မသန်မာရင် သူတို့က သူ့ကို သတ်သွားလောက်ပြီ။ ဒီလိုဆိုပေမယ့် သူက ဒဏ်ရာအပြင်းအထန်ရထားတယ်၊ ဒဏ်ရာတွေက ပိုပိုမဆိုးလာခင် ဘေးကင်းတဲ့နေရာတစ်ခုကို ရှာပြီး ကုသရမယ်။

“မင်းတို့ကောင်တွေက ဒီနေရာမှာ အစီအရင်တစ်ခုကို ကြိုတင်ခင်းကျင်းခဲ့တာလား”အသင်္ချေမိုးကြိုးအန္တိမအရှင်က အေးစက်စွာ မေးလိုက်သည်။

ထန်ရှုက သူ့ကို လက်မထောင်ပြလျက် ချီးကျူးလိုက်သည် “ဝိုး၊ ခင်ဗျားက အန္တိမအရှင်တစ်ယောက်ဖြစ်ဖို့ ထိုက်တန်တာပဲ။ ခင်ဗျားက ကျုပ်တို့ခင်းကျင်းထားတဲ့အစီအရင်ကိုတောင် မြင်နိုင်တာပဲ။ ခင်ဗျားပြောတာ မှန်တယ်။ ဒီအစီအရင်ဆယ့်ရှစ်ခုက သေးငယ်တဲ့အစီအရင်တွေသာဖြစ်ပြီး ခင်ဗျားလို အန္တိမအဆင့်စွမ်းအားရှင်တစ်ယောက်ကို မခြိမ်းခြောက်နိုင်ပါဘူး၊ ဟီးဟီးဟီး…”

ထန်ရှု၏ဆိုးဝါးသောရည်ရွယ်ချက်ကို မြင်ပြီး အသင်္ချေမိုးကြိုးအန္တိမအရှင်က သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။ သူက ဆိုးဆိုးဝါးဝါးမထိခိုက်ထားလျှင်ပင် ထိုလူများကို အနိုင်ယူနိုင်မည်မဟုတ်သည်ကို သူက သိသည်။ သို့သော် ယခုက သူက ဒဏ်ရာပြင်းပြင်းထန်ထန်ပင် ရထားသေး၏။ အမာကို အမာဖြင့် ရင်ဆိုင်လိုက်လျှင် သူက အရင်ဆုံးသေသွားရလိမ့်မည်။

ထို့ကြောင့် သူက ထန်ရှုကို အေးစက်စွာ စိုက်ကြည့်လျက် မေးလိုက်သည် “မင်းက…ဒီနေရာမှာ အမိန့်ပေးတဲ့သူလား”

“ဟုတ်တယ်”ထန်ရှုက ခေါင်းညိတ်ပြကာ ပြုံးလျက် ပြောလိုက်သည် “ဒီနေရာမှာ ကျုပ်က ဆုံးဖြတ်သူပဲ”

သက်ပြင်းတစ်ချက်ရှိုက်ပြီးနောက် အသင်္ချေမိုးကြိုးအန္တိမအရှင်က သိုလှောင်လက်စွပ်ကို ယူကာ ထန်ရှုထံ ပစ်ပေးပြီး ပြောလိုက်၏ “အဲထဲမှာ ငါ့ရဲ့ပိုင်ဆိုင်မှုတွေအားလုံးပါတယ်။ အခု မင်း ငါ့ကို သွားခွင့်ပြုလို့ရပြီလား”

ထန်ရှုက သိုလှောင်လက်စွပ်ကို ယူလိုက်သည်၊ အသင်္ချေမိုးကြိုးအန္တိမအရှင်က အမှတ်အသားကို ပယ်ဖျက်ထားပြီဖြစ်သည်ကို သတိပြုမိသည်။ သူက အထဲရှိ ပစ္စည်းကို စစ်ဆေးရန် စိတ်ဝိညာဉ်အာရုံကို ချက်ချင်း ထုတ်လွှတ်လိုက်သည်၊ ပြီးနောက် သူ့မျက်လုံးများက ချက်ချင်း တောက်ပသွား၏။ ဤလက်စွပ်အထဲရှိ ကြွယ်ဝမှုက ယခင်က သူရရှိခဲ့သမျှအရာအားလုံးထက် ပိုများသည်။

ထို့နောက် ထန်ရှုက သိုလှောင်လက်စွပ်ကို သိမ်းပြီး ပြုံးဖြဲဖြဲလုပ်လိုက်သည် “ခင်ဗျားရဲ့ပိုင်ဆိုင်မှုတွေအားလုံးကို ကျုပ်ဆီ လွှဲပေးဖို့ ပြောခဲ့တယ်မလား။ မဟုတ်ရင် ခင်ဗျားက ဒီနေရာမှာပဲ အပြီးတိုင် ပျောက်ကွယ်သွားရလိမ့်မယ်”

“ငါပိုင်ဆိုင်သမျှအားလုံးက အဲဒီလက်စွပ်ထဲမှာပဲ”အသင်္ချေမိုးကြိုးအန္တိအရှင်က ဒေါသထွက်စွာ အော်လိုက်သည်။

“ခင်ဗျားက ငတုံးလား”ထန်ရှုက နှာခေါင်းရှုံ့လိုက်သည် “ခင်ဗျားဘေးနားက အလံတစ်စုံက ထိပ်တန်းအဆင့်အင်မော်တယ်အသုံးအဆောင်ပစ္စည်းတစ်ခုဆိုတာ သေချာတယ်၊ ကျုပ်ပြောတာ ဟုတ်လား။ အဲဒါက အဆင့်ကိုးခံစစ်အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်ပြီး တန်ဖိုးက ကောင်းကင်ထိ မြင့်မားတယ်။ ပြီးရင် ခင်ဗျားရဲ့မွေးရာပါအသုံးအဆောင်ပစ္စည်းကိုပါ ယူပြီး ကျုပ်ကို ပေးပါ”

“အိပ်မက်မက်နေ…”

အသင်္ချေမိုးကြိုးအန္တိမအရှင်က ဒေါသထွက်သွားသည်။ အန္တိမအရှင်တစ်ယောက်နှင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ဒါဇင်သာ ရှိမနေလျှင် သူက ဤအကောင်ကို သေအောင် ရိုက်နှက်ရန် လှုပ်ရှားခဲ့လောက်ပြီ။

“ဟမ်၊ ခင်ဗျားရဲ့လက်စွပ်ထဲကပိုင်ဆိုင်မှုတွေက အများကြီးဖြစ်ပေမယ့် ဒီနေရာမှာ အန္တိမအရှင်တစ်ယောက်ကို လုယက်ဖို့ ကျုပ်တို့က အကွက်ချထားတယ်၊ ဒါကြောင့် ကျုပ်တို့မှာ မူဝါဒသုံးခုရှိတယ်။ အဲဒီသုံးခုက ဘာလဲဆိုတာ ခင်ဗျား သိချင်လား။ သူတို့က အားလုံးကို သတ်၊ အားလုံးကို မီးရှို့၊ အားလုံးကို လုယက်တို့ပဲ။ ဒါကြောင့် ခင်ဗျားရဲ့ဖင်ကို မြန်မြန်လှုပ်ပြီး အဲဒီအလံတစ်စုံနဲ့ ခင်ဗျားရဲ့မွေးရာပါအသုံးအဆောင်ပစ္စည်းကို ပေးလိုက်။ မဟုတ်ရင် ခင်ဗျားကို သတ်ဖို့ ကျုပ် အမိန့်ပေးရလိမ့်မယ်…”

ထန်ရှု၏တောင်းဆိုချက်ကြောင့် အသင်္ချေမိုးကြိုးအန္တိမအရှင်က ဒေါသထွက်လွန်းသဖြင့် အော်ပြောလိုက်၏ “ငါ့ကို အရူးတစ်ယောက်လို့ မင်း ထင်နေတာလား။ အလံတွေနဲ့ငါ့ရဲ့မွေးရာပါအသုံးအဆောင်ပစ္စည်းကို ပေးလိုက်တာနဲ့ မင်းက ငါ့ကို တိုက်ခိုက်မယ်ဆိုတာ သေချာတယ်”

ထန်ရှုက ခေါင်းခါယမ်းကာ ပြောလိုက်၏ “ခင်ဗျား သိလား၊ အန္တိမအရှင်တစ်ယောက်ကို သတ်ဖို့ဆိုရင် ကျုပ်တို့က အများကြီးပေးဆပ်ရအုံးမယ်။ ချမ်းသာဖို့အတွက်နဲ့ ကျုပ်ရဲ့လူတွေကို အဆုံးရှုံးခံရလောက်အောင် ကျုပ် မတုံးဘူး။ ဒါကြောင့် အဲဒီအလံတစ်စုံနဲ့ခင်ဗျားရဲ့မွေးရာပါအသုံးအဆောင်ပစ္စည်းကို ပေးတာနဲ့ ခင်ဗျားရဲ့အသက်ကို ချမ်းသာပေးမယ်လို့ ကျုပ် အာမခံတယ်။ ဘာပဲပြောပြော၊ ခင်ဗျားက ကျုပ်တို့ကို မမှတ်မိနိုင်ဘူးလေ”

ယခုမှ ဤလူများက ရုပ်ဖျက်ထားသည်ကို အသင်္ချေမိုးကြိုးအန္တိမအရှင်က သဘောပေါက်သွားသည်။ သူတို့၏ချီအရှိန်အဝါကိုပင် ပြောင်းလဲထားခဲ့သည်။

“မင်းတို့က အတိအကျဘယ်သူတွေလဲ”အသင်္ချေမိုးကြိုးက နက်ရှိုင်းသောအသံနှင့်‌ မေးလိုက်၏။

ထန်ရှုက နှာခေါင်းရှုံ့ကာ ပြောသည် “တစ်ယောက်ယောက်က အသက်ကြီးလာလေလေ၊ ပိုရင့်ကျက်လာလေလို့ ပြောကြတယ်။ ဒါပေမယ့် ဘာလို့ ခင်ဗျားက အဲလိုမဟုတ်ရတာလဲ။ ကျုပ်တို့ရဲ့သရုပ်မှန်ကို ပြောပြလိုက်ရင် ခင်ဗျားကို နှုတ်ပိတ်ရတော့မယ်မဟုတ်လား”

အသင်္ချေမိုးကြိုးအန္တိမအရှင်က မှင်တက်သွားကာ တုံးလွန်းသည့်အတွက် သူ့ကိုယ်သူ ဆဲလိုက်သည်။ ထို့နောက် သူက ပြော၏ “ဒီအလံတစ်စုံကိုတော့ ပေးမယ်၊ ဒါပေမယ့် ငါ့ရဲ့မွေးရာပါအသုံးအဆောင်ပစ္စည်းကို ပေးဖို့က မဖြစ်နိုင်ဘူး။ မင်း လိုချင်ရင် အခုပဲ အလံတွေ ပေးမယ်။ မဟုတ်ရင် ဒီနေ့ငါသေရရင်တောင် မင်းကိုပါ ငါနဲ့အတူ ငရဲကို ခေါ်သွားမယ်…”

“အပေးအယူဖြစ်တယ်”ထန်ရှုက ဝမ်းသာစွာ ခေါင်းညိတ်လျက် အနည်းငယ် ပြုံးလိုက်၏။

အသင်္ချေမိုးကြိုးအန္တိမအရှင်က အလံများကို ထန်ရှုထံ ပစ်ပေးလိုက်၏။ ထို့နောက် သူက လေးလံသောအသံနှင့်‌ ပြော၏ “အခု အစီအရင်ကို ဖယ်ပြီး ငါ့ကို သွားခွင့်ပေးတော့…”

ထန်ရှုက အလံများကို ယူကာ ခဏကစားပြီးနောက် ရယ်လိုက်သည်။ “ဟီးဟီး…မင်းတို့ကောင်တွေက ငါ့ကို ဘာကြည့်နေတာလဲ။ ငါ ပြောခဲ့တာကို မင်းတို့ကောင်တွေ မကြားဖူးလား။ အစီအရင်ကို ဖွင့်ပြီး သူ့ကို သွားခွင့်ပြုလိုက်တော့…”

ဤသည်ကို ကြားပြီးနောက် အသင်္ချေမိုးကြိုးအန္တိမအရှင်က စိတ်သက်သာရာရသွားသည်။ အသက်ရှင်နေသေးသရွေ့ လက်စားပြန်ချေရန် အခွင့်အရေးရှိလာလိမ့်မည်။

သို့သော် မိနစ်အနည်းငယ်စောင့်ပြီးနောက် အန္တိမအရှင်အဆင့်စွမ်းအားရှင်နှင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ဒါဇင်က လုံးဝမလှုပ်ရှားသည်ကို မြင်ပြီး သူက ထိတ်လန့်တုန်လှုပ်သွားသည်။ သူတို့၏သတ်ဖြတ်ခြင်းအရှိန်အဝါကပင် ယခင်ကထက် အနည်းငယ်ပိုပြင်းထန်လာ၏။

“ဘာဖြစ်နေတာလဲ။ မင်းတို့လိုချင်တာကို ငါ ပေးပြီးပြီလေ…ဘာလို့ အစီအရင်ကို ဖယ်ရှားပြီး ငါ့ကို သွားခွင့်မပေးသေးတာလဲ”အသင်္ချေမိုးကြိုးအန္တိမအရှင်က ဒေါသတကြီး အော်ပြောလိုက်သည်။

ရုပ်ဖျက်ထားသည့်အထွတ်အထိပ်အလှလေးက အရူးတစ်ယောက်ကို ကြည့်နေရသည့်အလား သူ့ကို ကြည့်လိုက်၏။ သူမက ခေါင်းခါယမ်းကာ သက်ပြင်းချလိုက်သည် “အသင်္ချေမိုးကြိုးအန္တိမအရှင်က ဉာဏ်ရှိတဲ့စွမ်းအားရှင်တစ်ယောက်ဖြစ်မယ်လို့ ထင်ထားတာ၊ ဒါပေမယ့် ဒီလောက်ထိ တုံးနေမယ်လို့တော့ တကယ်ကို မမျှော်လင့်ခဲ့တာပဲ။ ဒီအမျိုးသမီးက အန္တိမအရှင်တစ်ယောက်ပဲ၊ ဒါဆို ရွှေအင်မော်တယ်အဆင့်တောင် မရောက်သေးတဲ့ လူတစ်ယောက်ရဲ့စကားကို ဘာလို့ နားထောင်ရမှာလဲ။ သူက ရှင့်ကို ကတိပေးခဲ့တယ်၊ အဲဒါ သူ့ကိစ္စပဲ။ သူက အားနည်းတဲ့အတွက် ရှင့်ကို မတိုက်ခိုက်ချင်ဘူး။ ဒါပေမယ့် ကျွန်မတို့က ရှင့်ကို ထွက်သွားခွင့်ပြုရမှာလား။ ရှင်က ရှင့်ရဲ့မွေးရာပါအသုံးအဆောင်ပစ္စည်းကို လွှဲပေးမယ်ဆိုရင်တော့ တစ်မျိုးပေါ့”

ဘာ…

ချိုချဉ်အရသာတစ်ခုက လည်ချောင်းထဲသို့ ထိုးဖောက်လာပြီး အသင်္ချေမိုးကြိုးအန္တိမအရှင်က သွေးတစ်ပွက်အန်လိုက်သည်။ လက်ရှိအချိန်တွင် တစ်ဖက်လူက သူ့ကို ကစားနေခဲ့သည်ကို သူက နားလည်သွား၏။

ဘာလို့ သူတို့က သူ့ရဲ့ပိုင်ဆိုင်မှုကိုပဲ လုယက်ချင်ပြီး သူ့ကို မသတ်ရတာလဲ။ ဒါက လုံးဝကို အဓိပ္ပါယ်မရှိတာပဲ…

သတ်ဖြတ်ခြင်းဆန္ဒက သူ့တစ်ကိုယ်လုံးလိမ့်တက်လာသည်။ သူက သူ၏မွေးရာပါအင်မော်တယ်ဓားကို ထုတ်ယမ်းရင်း ကျယ်လောင်စွာ အော်ပြော၏ “ဘယ်လိုတောင် အရှက်မရှိတဲ့လူတွေလဲ…မင်းတို့က မင်းတို့ရဲ့စကားကို ပြန်ရုပ်သိမ်းတာပေါ့လေ။ ဒါဆိုလဲ မင်းတို့အားလုံးကို ငါနဲ့အတူ ငရဲကို အပါခေါ်သွားမယ်။ လာကြစမ်း…”

“ဟားဟားဟား…”

ထန်ရှုက ကျယ်လောင်စွာ ရယ်လျက် ပြောလိုက်သည် “အာ၊ ဒါက တကယ်ကို စိတ်လှုပ်ရှားစရာပဲ မဟုတ်လား။ ဂုဏ်သိက္ခာကြီးမားတဲ့အန္တိမအရှင်တစ်ယောက်က ခေါင်းမပါတဲ့လူတစ်ယောက်လို အညတြတစ်ယောက်ရဲ့ကစားတာကို ခံခဲ့ရတယ်။ ဒါက တကယ်ကို စိတ်ဝင်စားစရာကောင်းတယ်၊ ဟုတ်တယ်မလား။ ဒါနဲ့ ဒီနေရာက မြင်ကွင်းတွေအားလုံးကို နာနိအလင်းအင်မော်တယ်မှန်ရကော်ဒါနဲ့ ကျုပ်က မှတ်တမ်းတင်ထားတယ်။ အဲဒါကို ဆယ်သန်းလောက် ကော်ပီကူးပြီး ရောင်းလိုက်မယ်ဆိုရင် ကောင်းကင်ထိ မြင့်မားတဲ့ ဈေးနှုန်းတစ်ခုကို ရမှာ သေချာတယ်၊ ဟုတ်တယ်မလား”

All Chapters