← Chapters

အန္တိမအရှင်တစ်ယောက်ကို သတ်ဖြတ်ခြင်း

Vol. 96 Ch. 1337

အန္တိမအရှင်တစ်ယောက်ကို သတ်ဖြတ်ခြင်း

Vol. 96 Ch. 1337

လျှပ်စီးမိုးကြိုးတစ်ခုထိမှန်သွားသလို အသင်္ချေမိုးကြိုးအန္တိမအရှင်က တွေဝေသွားသည်။ အရူးလုပ်ခံရသည့်မြင်ကွင်းကို ဤအကောင်က မှတ်တမ်းယူထားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထို့ပြင် ကော်ပီဆယ်သန်းကို ကောင်းကင်ထိ မြင့်မားလှသော ဈေးနှုန်းဖြင့် ရောင်းချသည်အထိ ဤအကောင်က ရက်စက်လိမ့်မည်ဟု မမျှော်လင့်ထားပေ။

ဒါက သူ့ရဲ့ဂုဏ်သတင်းကို ထိခိုက်အောင် လုပ်ရုံသာမက အကျိုးအမြတ်ပါ ရှာနေတာပဲ…

အထွတ်အထိပ်အလှလေး၏အမူအရာက ပြောင်းလဲသွားသည်။ အသင်္ချေမိုးကြိုးအန္တိမအရှင်၏စိတ်အခြေအနေက ပြောင်းလဲသွားပြီး အားကောင်းသောတိုက်ခိုက်မှုတစ်ခုအား ဖော်ထုတ်လိုက်သည်ကို သူမက အာရုံခံမိသည်။ သူမက အဆင့်ကိုးအင်မော်တယ်ဓားကို ရုတ်ချည်း ထုတ်လိုက်သည်၊ လျှပ်တစ်ပြက်အတွင်း ဖရိုဖရဲဓားကွက်များက အသင်္ချေမိုးကြိုးအန္တိမအရှင်၏လက်တစ်ဖက်ကို ဖြတ်သွား၏။

“သေမင်းလည်မျိုညှစ်…”

“အရိပ်မဲ့…”

“ဆုံးဖြတ်ချက်ကျိန်စာ…”

“…”

ထန်ရှုက အမိန့်ပေးပြီးနောက် ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ဒါဇင်ကျော်က အားကောင်းသောတိုက်ကွက်များကို လျင်မြန်စွာ ဖော်ထုတ်လိုက်ကြသည်။

“ဘယ်လိုတောင်ကောင်းတဲ့အခွင့်အရေးတစ်ခုလဲ…”

အဝေးမှ မီတာတစ်သောင်းအကွာတွင် ရပ်နေသော ထန်ရှုက အဆိပ်ဆေးတစ်လုံးကို တိတ်တဆိတ်ချေမွပြီး မူလဖရိုဖရဲစွမ်းအင်နှင့် ရစ်ပတ်ကာ ပစ်ထုတ်လိုက်သည်။ အရောင်အနံ့မရှိသောအဆိပ်ငွေ့က အသင်္ချေမိုးကြိုးအန္တိမအရှင်ပတ်လည်ရှိဧရိယာကို လျင်မြန်စွာ ဖုံးလွှမ်းသွားခဲ့သည်။

“ငါ့ဆီကနေ ထွက်သွားကြစမ်း…”

အသင်္ချေမိုးကြိုးအန္တိမအရှင်က လျင်မြန်စွာ ပျံသန်းပြီး ပင်လယ်လမ်းဘုရင်နှင့်အထွတ်အထိပ်အုပ်ချုပ်သူတို့ကို ရင်ဆိုင်လိုက်သည်၊ သူ၏မွေးရာပါအင်မော်တယ်ဓားက ကောင်းကင်ကျောက်ပုံနှိပ်သည်၏ဝမ်းဗိုက်ကို ရုတ်ချည်း ထိုးဖောက်သွားသည်။ ကောင်းကင်ကျောက်ပုံနှိပ်သည်က ထွက်ပြေးသွားသောကြောင့် သူ့လက်သီးက မီးလျှံနတ်ဆိုးကြောင်၏ရင်ဘက်ကို ထိမှန်သွား၏။ လျှပ်တစ်ပြက်အတွင်း အရာအားလုံးဖြစ်ပျက်သွားခဲ့ပြီး အသင်္ချေမိုးကြောင်းအန္တိမအရှင်ကြောင့် ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်လေးယောက်က ဒဏ်ရာရသွားခဲ့သည်။

သို့သော် သူ့ဒဏ်ရာက ပိုပိုဆိုးလာသောကြောင့် ကျန်လူများ၏တိုက်ခိုက်မှုကိုလည်း အပြည့်အဝ မရှောင်နိုင်ပေ။ သူ၏သေကွင်းသေကွက်များကိုသာ မထိမှန်စေရန် ရှောင်တိမ်းနေရ၏။

“ချိုးဖြတ်စမ်း…”

အနောက်သို့ လွင့်ထွက်သွားရင်း အသင်္ချေမိုးကြိုးအန္တိမအရှင်က အော်လိုက်သည်၊ လွန်းပြန်ယာဉ်သဏ္ဍာန်အင်မော်တယ်အသုံးအဆောင်ပစ္စည်းတစ်ခုက သူ့ပါးစပ်မှ ထွက်လာပြီး ချုပ်နှောင်မှုကိုးခုအစီအရင်ကို တိုက်ခိုက်လိုက်သည်။ စွမ်းအင်များက ပေါက်ကွဲထွက်လျက်ရှိကာ ချုပ်နှောင်မှုကိုးခုအစီအရင်က အသင်္ချေမိုးကြိုးအန္တိမအရှင်၏တိုက်ခိုက်မှုများကို ခဲယဉ်းစွာ တောင့်ခံနေသည်။

“အသင်္ချေကြိုးမျှင်….လောင်ကျွမ်းစမ်း…”

ပကတိမျက်စိဖြင့် မမြင်နိုင်သော ကြိုးချည်မျှင်တစ်ခုက အသင်္ချေမိုးကြိုးအန္တိမအရှင်၏ခြေထောက်ကို ရစ်ပတ်သွားသည်။ အထွတ်အထိပ်အလှလေးက ထိုစကားများကို အော်ပြောပြီးနောက် ကြိုးချည်မျှင်က မီးလျှံများအဖြစ် ပေါက်ကွဲထွက်သွား၏။ ၎င်းက ကြောက်စရာကောင်းသောအင်မော်တယ်အမွေအနှစ်တစ်ခုဖြစ်သည့်နတ်ဆိုးကမ္မအစစ်အမှန်မီးလျှံတစ်ခုဖြစ်ပြီး သူမသတ်ဖြတ်ခဲ့သောရန်သူထောင်ချီမှ နှလုံးသားမီးတောက်ကို စုပ်ယူပြီးနောက် အထွတ်အထိပ်အလှလေးက အောင်မြင်စွာ သန့်စင်နိုင်ခဲ့ခြင်းဖြစ်သည်။

“ချီးပဲ။..”

အသင်္ချေမိုးကြိုးအန္တိမအရှင်က ဒေါသတကြီး အော်လိုက်သည်။ သူက သူ၏မွေးရာပါအင်မော်တယ်ဓားကို ထိန်းချုပ်ကာ မီးလျှံကြိုးကို ဖြတ်တောက်ချင်သည်၊ သို့သော် ကျန်လူများက အဆက်မပြတ် တိုက်ခိုက်နေသောကြောင့် သူ၏မွေးရာပါအင်မော်တယ်ဓားကို ရုတ်သိမ်းရန် အခွင့်အရေးမရှိပေ။ သို့သော် သူက အော်လိုက်စဉ် ရေခဲတွင်းထဲသို့ ကျသွားသလို ရုတ်တရက် ခံစားလိုက်ရပြီး သေရေးရှင်ရေးအန္တရာယ်တစ်ခုက ရောက်လာသည်ဟု မသိစိတ်က ပြောပြနေခဲ့သည်။

“သေစမ်း…”

လုပက်ရူပက အသင်္ချေမိုးကြိုးအန္တိမအရှင်၏အရှေ့၌ ရုတ်တရက် ထွက်ပေါ်လာသည်။ သူ့လက်ထဲရှိ ဓားမော့နှစ်လက်က ကတ်ကြေးတစ်ခုအလား အသင်္ချေမိုးကြိုးအန္တိမအရှင်၏လည်ပင်းကို ဖြတ်သွား၏။

ဒီလောက်တောင် လွယ်တာလား။

လွင့်ထွက်သွားပြီးနောက် အထွတ်အထိပ်အင်မော်တယ်အလှလေး၏အင်မော်တယ်ဓားကြောင့် အသင်္ချေမိုးကြိုးအန္တိမအရှင်၏ခေါင်းက ပေါက်ကွဲသွားသည်ကို မယုံကြည်နိုင်စွာ ကြည့်ရင်း လုပက်ရူပက မှင်တက်သွား၏။

“ဟမ်”

လုပက်ရူပက ရုတ်တရက် တုန်လှုပ်သွားပြီး သူ့ခန္ဓာကိုယ်က မီတာတစ်သောင်းသို့ ဆုတ်သွားပြီးနောက် ပြန်လှည့်ကာ ထန်ရှုကို စိုက်ကြည့်လိုက်၏။

ထိုနေရာတွင် အလွန်ပြင်းထန်သောအဆိပ်ချီတစ်ခုကို အာရုံခံမိသည်။

သို့ကြောင့် သူက ပဟေဠိဖြစ်သွား၏။ အသင်္ချေမိုးကြိုးအန္တိမအရှင်ကို အလွယ်တကူ ခေါင်းပြတ်နိုင်ခဲ့သည့်အကြောင်းရင်းက ထိုလူက အရင်ကတည်းက အဆိပ်မိနေခဲ့သောကြောင့်ပင်။

ဖောင်း၊ ရွှမ်း…

အင်မော်တယ်လက်နက်တိုက်ခိုက်မှုများက အသင်္ချေမိုးကြိုးအန္တိမအရှင်၏ခန္ဓာကိုယ်ကို ထိမှန်သွားသည်။ သူ့အင်မော်တယ်စိတ်ဝိညာဉ်က ခန္ဓာကိုယ်မှ ထွက်ကာ အဝေးသို့ ပျံသန်းသွားပြီးနောက် လျှပ်စီးမိုးကြိုးတစ်ခုက ချုပ်နှောင်မှုကိုးခုအစီအရင်ကို ရုတ်တရက် ထိမှန်သွားပြီး မှန်ကွဲသလိုအသံတစ်ခုကို ကြားလိုက်ရ၏။ ထို့နောက် ချုပ်နှောင်မှုကိုးခုအစီအရင်က ပျက်ဆီးသွားပြီး အသင်္ချေမိုးကြိုးအန္တိမအရှင်၏စိတ်ဝိညာဉ်လည်း အပြင်းအထန်ထိခိုက်သွား၏။ ထို့နောက် ၎င်းက အဝေးသို့ ထွက်ပြေး၏။ သို့သော် အလင်းမြားတစ်ခုဖြင့် ထိမှန်သွားလျက် တဖြည်းဖြည်း ပေါက်ကွဲထွက်သွား၏။

ထန်ရှု၏ပုံရိပ်က အသင်္ချေမိုးကြိုးအန္တိမအရှင်၏အကြွင်းအကျန်ဘေးနားတွင် ရုတ်တရက် ထွက်ပေါ်လာ၏။ သူက အသင်္ချေမိုးကြိုးအန္တိမအရှင်၏မွေးရာပါအသုံးအဆောင်ပစ္စည်းကို ဆုပ်ကိုင်ပြီး ကျယ်လောင်စွာ ပြောလိုက်သည် “အန္တိမအရှင်တစ်ယောက်ကို မသတ်နိုင်ဘူးလို့ ဘယ်သူက ပြောခဲ့တာလဲ။ အသင်္ချေမိုးကြိုးအန္တိမအရှင်က မဟာဧကရာဇ်တန်ချင်းရဲ့ဉီးလေးဖြစ်ပေမယ့် နောက်ဆုံးတော့ ငါတို့ရဲ့လက်ထဲမှာ သေသွားခဲ့ရတာမလား။ ဒါပေမယ့် ဒီကိစ္စကို ဖုံးကွယ်ထားရမယ်၊ ဒီနေ့ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို ပေါက်ကြားခွင့် ဘယ်သူ့ကိုမှ ခွင့်မပြုဘူး”

“နားလည်ပါပြီ…”လူတိုင်းက ပြန်ဖြေသည်။

ထန်ရှုက ဝမ်းနည်းသလိုဖြစ်နေသောတာအိုအရှင်အစိမ်းရောင်မိုးကောင်းကင်ဘက်သို့ လှည့်ကာ ပြောလိုက်၏ “မင်း ဝမ်းနည်းနေတာလား။ တကယ်တော့ အသင်္ချေမိုးကြိုးအန္တိမအရှင်က မင်းရဲ့ဆရာပဲလေ”

တာအိုအရှင်အစိမ်းရောင်မိုးကောင်းကင်၏အသားအရောင်က ပြောင်းလဲသွားပြီး သူက ကမန်းကတန်း ခေါင်းခါယမ်းလိုက်သည် “မဟုတ်ဘူး၊ အသင်္ချေမိုးကြိုးအန္တိမအရှင်က သေဖို့ ထိုက်တန်ပါတယ်…”

သူ့အဖြေအပေါ် ကျေနပ်ကြောင်းပြလျက် ထန်ရှုက ခေါင်းညိတ်လိုက်သည် “ကောင်းပြီလေ၊ ဉာဏ်ရှိပြီး အခြေအနေကို နားလည်တာက မင်းက အတော်လေးတော်တယ်လို့ ဆိုလိုတယ်။ ဒါနဲ့ အနီးနားမှာ အခြားအားကောင်းတဲ့အင်မော်တယ်တွေရှိသလား။ ရှိတယ်ဆိုရင် သူတို့ကို တိုက်ခိုက်ပြီး ကြွယ်ဝမှုတွေ ထပ်စုဆောင်းရအောင်”

တာအိုအရှင်အစိမ်းရောင်မိုးကောင်းကင်က ခဏတုံ့ဆိုင်းသွား၏။ သို့သော် သူက အံကြိတ်ကာ ပြောလိုက်သည် “ရှိတယ်။ ငါ့ရဲ့စီနီယာအကိုလေးယောက်က ကောင်းကင်ဘုံအင်မော်တယ်တောင်မှာရှိတယ်၊ သူတို့အားလုံးက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တွေပဲ၊ သူတို့နဲ့အတူ ရွှေအင်မော်တယ်ဆယ်ယောက်လဲ ရှိတယ်။ သူတို့ရဲ့စုစုပေါင်းပိုင်ဆိုင်မှုက ငါ့ရဲ့ဆရာ…အမ်…အသင်္ချေမိုးကြိုးအန္တိမအရှင်ထက် မလျော့ဘူး”

ထန်ရှု၏မျက်လုံးများက လင်းလက်သွားလျက် ပြုံးလိုက်သည် “ဒါ အရမ်းကောင်းတယ်။ အခုပဲ ကောင်းကင်ဘုံတောင်ကို သွားကြတာပေါ့။ အဲကောင်တွေကို သတ်ပြီး သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို လုယူရမယ်။ တာအိုအရှင်အစိမ်းရောင်မိုးကောင်းကင်၊ ငါတို့ရဲ့စစ်ဆင်ရေးက ချောချောမွေ့မွေ့နဲ့ ပြီးဆုံးနိုင်ခဲ့ရင် မင်းက ငါတို့ရမယ့်ကြွယ်ဝမှုရဲ့ဆယ်ပုံတစ်ပုံကို ရမယ်။ မင်းကို နတ်ဘုရားပညာရပ်တစ်ခုတောင် ပေးနိုင်တယ်၊ အန္တိမအဆင့်စွမ်းအားရှင်တွေပဲ ဖန်တီးနိုင်တဲ့ နတ်ဘုရားပညာရပ်တစ်ခုပေါ့”

တာအိုအရှင်အစိမ်းရောင်မိုးကောင်းကင်၏မျက်လုံးများက လင်းလက်သွားလျက် ပြုံးကာ ချက်ချင်းပြန်ဖြေသည် “ကျေးဇူးတင်ပါတယ်၊ သခင်။ အစိမ်းရောင်မိုးကောင်းကင်က အကောင်းဆုံးလုပ်ပါ့မယ်”

ထန်ရှုက ဝမ်းသာစွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ဒင်းပခုံးကို ပုတ်ကာ ပြုံးလျက် ပြော၏ “ဒါဆို လမ်းပြတော့…။ စောစောပြီးရင် ငါတို့တွေ စောစောပြန်နိုင်တာပေါ့…”

****

ကောင်းကင်ဘုံတောင်တွင်။

အထွတ်အထိပ်အသင်္ချေမှတ်စု၊ ပျံဝဲပိုက်၊ အင်မော်တယ်လက်ချောင်းကိုးခုနှင့်မာယာရှင်ယုတို့က အားဖြည့်နေကြသည်။ သူတို့တွင် ကုသဆေးလုံးတစ်လုံးမှ မရှိသော်လည်း သူတို့၏ခွန်အားအရ အနည်းဆုံးနေ့တစ်ဝက်အတွင်း ဒဏ်ရာကို ကုသနိုင်သည်။

“စီနီယာအကိုအသင်္ချေမှတ်စု”

ပျံဝဲပိုက်၏မျက်လုံးများက ရုတ်တရက် ပွင့်လာကာ အော်ခေါ်လိုက်သည်။

အထွတ်အထိပ်အသင်္ချေမှတ်စု၊ အင်မော်တယ်လက်ချောင်းကိုးခုနှင့် မာယာရှင်ယုတို့က တစ်ချိန်တည်း မျက်လုံးဖွင့်ကာ အထွတ်အထိပ်ပျံဝဲပိုက်ကို ကြည့်လိုက်ကြ၏။

“ဘာများလဲ၊ ဂျူနီယာညီလေးပျံဝဲပိုက်”အထွတ်အထိပ်အသင်္ချေမှတ်စုက မေးလိုက်သည်။

ပျံဝဲပိုက်က ပြောသည် “ငါတို့ကို စောင့်ကြပ်နေသောလူတွေရဲ့အရေအတွက်က သတိထားမိလား။ အရေအတွက်က အရင်ကထက် ပိုနည်းနေသလိုပဲ”

အထွတ်အထိပ်အသင်္ချေမှတ်စုက မျက်ခုံးပင့်လျက် ဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်သည် “အစိမ်းရောင်မိုးကောင်းကင်ထွက်သွားပြီးနောက် ငါတို့ကို စောင့်ကြပ်နေတဲ့ငရဲမြစ်လဲ ထွက်သွားတယ်။ မကြာသေးခင်က အသင်္ချေမိုးကြိုးအန္တိမအရှင်ကိုလဲ မတွေ့တော့ဘူး”

အထွတ်အထိပ်ပျံဝဲပိုက်က ခေါင်းညိတ်ကာ ပြောလိုက်သည် “မင်း ပြောတာ မှန်တယ်၊ စီနီယာအကို။ အခု ကောင်းကင်ဘုံတောင်မှာ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်လေးယောက်နဲ့ရွှေအင်မော်တယ်ဆယ်ယောက်ပဲရှိပုံပဲ။ ငါတို့တွေ ဒီသံကြိုးတွေကနေ လွတ်နိုင်မယ်ဆိုရင် ငါတို့ထဲကတချို့က ထွက်ပြေးလွတ်မြောက်နိုင်မယ်”

“မဟုတ်ဘူး”အထွတ်အထိပ်အသင်္ချေမှတ်စုက ခေါင်းခ်ယမ်းကာ ပြောလိုက်သည် “ပထမ၊ ငါတို့က ဒဏ်ရာအပြင်းအထန်မရထားဘူးဆိုရင်တောင် ငါတို့က အသင်္ချေမိုးကြိုးအန္တိမအရှင်ရဲ့ချိတ်ပိတ်စည်းအောက်မှာ ရှိနေသေးတယ်”

“ငါတို့တွေကို တစ်ယောက်နဲ့တစ်ယောက် နီးနီးကပ်ကပ်ချည်ထားတာ တော်တော်ဆိုးတယ်၊ မဟုတ်ရင် ငါ့ရဲ့အင်မော်တယ်စိတ်ဝိညာဉ်ကို ဖောက်ခွဲလိုက်လို့ရတယ်”အထွတ်အထိပ်ပျံဝဲပိုက်က ဒေါသထွက်နေလေသည် “ငါ့ရဲ့သံကြိုးတွေအပြင် မင်းတို့ထဲကတစ်ယောက်ရဲ့သံကြိုးကိုပါ ဖျက်ဆီးနိုင်မှာ သေချာတယ်”

“မင်း ပြောတာမှန်ပေမယ့် ငါတို့ရဲ့လက်ရှိဒဏ်ရာတွေအရ မင်းရဲ့အင်မော်တယ်စိတ်ဝိညာဉ်ပေါက်ကွဲမှုကို တစ်ယောက်မှ မရင်ဆိုင်နိုင်ဘူး”အထွတ်အထိပ်အသင်္ချေမှတ်စုက ခေါင်းညိတ်ကာ ပြောလိုက်သည်။

ဤအထိ ပြောပြီးနောက် အထွတ်အထိပ်အသင်္ချေမှတ်စု၏အမူအရာက ရုတ်တရက် ပြောင်းလဲသွားကာ ကမန်းကတန်း မေးလိုက်သည် “ဂျူနီယာညီလေးပျံဝဲပိုက်၊ မင်းခန္ဓာကိုယ်ပေါ်က ချိတ်ပိတ်စည်းက…”

အထွတ်အထိပ်ပျံဝဲပိုက်က တိတ်တဆိတ် ခေါင်းညိတ်လျက် ပြောသည် “မှန်တယ်၊ လျှပ်စီးမိုးကြိုးတွေကို အသုံးပြုပြီး ငါ့ခန္ဓာကိုယ်က ချိတ်ပိတ်စည်းကို ဖျက်ဆီးနေတယ်။ ငါ့ရဲ့အင်မော်တယ်စိတ်ဝိညာဉ်ဖောက်ခွဲတာကို နှောင့်ယှက်မယ့် ဘာတစ်ခုမှ မရှိဘူး”

အေးစက်သောအလင်းတစ်ခုက အထွတ်အထိပ်အသင်္ချေမှတ်စု၏မျက်လုံးများထဲတွင် လက်သွားပြီး သူက နက်ရှိုင်းသောအသံနှင့် ပြောလိုက်၏ “ပျံဝဲပိုက်၊ ဆရာသင်ပေးခဲ့တဲ့စိတ်ဝိညာဉ်ဖြတ်ပြန်ခြင်းပညာရပ်ကို မင်း မှတ်မိသေးလား”

“အာ၊ ငါ မှတ်မိတယ်…”အထွတ်အထိပ်ပျံဝဲပိုက်၏မျက်လုံးများက တေက်ပသွားလျက် စိတ်လှုပ်ရှားစွာ ပြောလိုက်၏ “ဒီစိတ်ဝိညာဉ်ဖြတ်ပြန်ခြင်းနတ်ဘုရားပညာရပ်ကို ငါ လေ့ကျင့်ထားတယ်။ အဲဒီပြီးပြည့်စုံခြင်းရွှေအင်မော်တယ်လေးယောက်က ဒီနေရာမှာ မရှိရင် ဒီနတ်ဘုရားပညာရပ်ကို သုံးပြီး အဲဒီသံကြိုးတွေကို ဖြတ်နိုင်မှာ သေချာတယ်”

အထွတ်အထိပ်အသင်္ချေမှတ်စုက ခဏစဉ်းစားပြီးနောက် ပြောသည် “ဒီအတိုင်းထိုင်နေမယ့်အစား ငါတို့ရဲ့အသက်ရှင်မှုအတွက် တိုက်ခိုက်တာ အများကြီးပိုကောင်းတယ်။ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်နှစ်ယောက်နဲ့အသင်္ချေမိုးကြိုးအန္တိမအရှင်တို့က သုံးရက်အတွင်း ပြန်မရောက်လာရင် စိတ်ဝိညာဉ်ဖြတ်ပြန်ခြင်းပညာရပ်နဲ့ မင်းရဲ့သံကြိုးတွေကို အရင် ဖြတ်ပါ။ မှတ်ထားပါ၊ ငါတို့ကို ကူညီဖို့ မစဉ်းစားနဲ့၊ အောင်မြင်တာနဲ့ ချက်ချင်း ထွက်ပြေးပါ”

“မဟုတ်ဘူး…”အထွတ်အထိပ်ပျံဝဲပိုက်က ကမန်းကတန်းပြောသည် “မင်းတိုအားလုံးကို ချန်ထားပြီး ငါတစ်ယောက်တည်း မထွက်ပြေးနိုင်ဘူး၊ စီနီယာအကိုအသင်္ချေမှတ်စု။ ငါတို့ညီအကိုမောင်နှမတွေ အတူတူထွက်သွားကြမယ်”

“မင်း တကယ် တုံးတာပဲ”အထွတ်အထိပ်အသင်္ချေမှတ်စုက နက်ရှိုင်းသောအသံနှင့် ပြောလိုက်သ်ည “မင်းက ဒီနေရာမှာ နေရင် ငါတို့နဲ့အတူ သင်္ဂြိုလ်ခံရလိမ့်မယ်။ မင်း လွတ်မြောက်အောင် လုပ်ပြီး နောက်မှ ငါတို့ကို ပြန်လာကယ်ပေါ့။ မင်းက ငါတို့ထဲမှာ ဉာဏ်အကောင်းဆုံးပဲ၊ မင်းက ငါတို့ကို ကယ်နိုင်မယ်ဆိုတာ သေချာတယ်”

“မင်းရဲ့အတွေးကို ငါ နားလည်ပါတယ်၊ စီနီယာအကို”အထွတ်အထိပ်ပျံဝဲပိုက်က ခေါင်းခါယမ်းလျက် ခါးသီးစွာ ပြောသည် “ငါတို့လေးယောက်က အသက်ရှင်နေသေးတယ်ဆိုတာ တကယ်ကံကောင်းပါတယ်။ ဒါပေမယ့် မင်းတို့ကို ဘယ်တော့မှ မချန်ထားဘူး။ ငါ့ရဲ့သံကြိုးတွေကို ဖြတ်ပြီးတာနဲ့ မင်းတို့ရဲ့သံကြိုးတွေကိုပါ ဖြတ်မယ်။ ပြီးရင် အဲဒီပြီးပြည့်စုံခြင်းရွှေအင်မော်တယ်လေးယောက်ဆီ သွားပြီး ငါ့ရဲ့အင်မော်တယ်စိတ်ဝိညာဉ်ကို ဖောက်ခွဲပစ်မယ်”

ရုတ်တရက် ပုံရိပ်လေးခုက ထွက်ပေါ်လာသည်။ သူတို့ကို စောင့်ကြပ်နေသည့် ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်လေးယောက်ဖြစ်ပြီး ရွှေအင်မော်တယ်ဆယ်ယောက်တို့ကလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာကြ၏။

All Chapters