ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ကို ချက်ချင်းသတ်ဖြတ်ခြင်း
Vol. 96 Ch. 1338
ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်လေးယောက်၏အရှေ့တွင် အနက်ရောင်စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးက ရုတ်တရက် ကြေမွသွားပြီး ပြာအဖြစ် လေနှင့်အတူ လွင့်ပါသွားသည်။
ချက်ချင်းလျှင်ပင် ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်လေးယောက်၏အမူအရာက အပြင်းအထန်ပြောင်းလဲသွားပြီး မယုံကြည်နိုင်မှုက သူတို့၏မျက်နှာကို ဖုံးလွှမ်းသွား၏။ စိတ်ဝိညာဉ်ကျောက်တုံးပျက်ဆီးသွားသည့်အကြောင်းရင်းကို သူတို့က သိသည်။
“ဆရာ…ဆရာ သေသွားပြီလား”တိုက်ပွဲချပ်ဝတ်နှင့်ဆံနီပြီးပြည့်စုံခြင်းရွှေအင်မော်တယ်က မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်သည်။
အခြားသုံးယောက်က နှုတ်ခမ်းများလှုပ်သွားသော်လည်း ဘာစကားတစ်လုံးမှ မထွက်လာပေ။ သူတို့ဆရာက ဘယ်သူလဲ…အင်မော်တယ်ကမ္ဘာရဲ့အန္တိမအရှင်တစ်ယောက်လေ…
အင်မော်တယ်ကမ္ဘာတစ်ခုလုံးမှာ အန္တိမအရှင်အဆင့်စွမ်းအားရှင်တွေ ဘယ်လောက်ထိရှိလဲ။ တစ်ရာထက် မပိုပါဘူး။ ဒါပေမယ့် အန္တိမအရှင်တစ်ယောက်ဖြစ်တဲ့သူတို့ရဲ့ဆရာက သေသွားတာလား။
အထွတ်အထိပ်အသင်္ချေမှတ်စု၊ ပျံဝဲပိုက်၊ အင်မော်တယ်လက်ချောင်းကိုးခုနှင့်မာယာရှင်ယုတို့အားလုံးက အမူအရာပြောင်းလဲသွားကြ၏။ အသင်္ချေမိုးကြိုးအန္တိမအရှင်ရုတ်တရက်သေဆုံးသွားသည်ကို ကြားပြီး သူတို့လည်း အလားတူ ထိတ်လန့်တုန်လှုပ်ကြသည်။
ရုတ်တရက် အင်မော်တယ်လက်ချောင်းကိုးခုက အော်ရယ်လိုက်သည် “ဟားဟားဟား…အသင်္ချေမိုးကြိုးအန္တိမအရှင်က သေသွားပြီလား။ သူသေသွားတာ ကောင်းတယ်…အရမ်းကောင်းတယ်…မင်းတို့ကောင်တွေလဲ စောင့်နေ…မင်းတို့အလှည့်လဲ ရောက်လာဖို့ မကြာတော့ဘူး”
မာယာရှင်ယုက ပျော်ရွှင်စွာ ရယ်လိုက်သည် “ဟုတ်တယ်…စီနီယာအကိုအင်မော်တယ်လက်ချောင်းကိုးခုပြောတာ မှန်တယ်…ဒီလိုရက်စက်ကြမ်းကြုတ်တဲ့လူတစ်ယောက်သေသွားတာ အရမ်းကောင်းတယ်…ဒင်းတို့သေလေ…ငါတို့တွေ ပိုပျော်ရလေပဲ…”
ဆံနီပြီးပြည့်စုံခြင်းရွှေအင်မော်တယ်က ဒေါသထွက်သွားပုံပေါ်ကာ အေးခဲကြာပွတ်တစ်လက်က သူ့လက်ထဲ၌ ထွက်ပေါ်လာပြီး မာယာရှင်ယုရှိရာသို့ ရိုက်ထည့်လိုက်သည်။
ရွှမ်း…ဖြန်း…
ကြာပွတ်ရိုက်သံများက အဆက်မပြတ် ကြားနေရပြီး ရိုက်ချက်တစ်ခုစီက မာယာရှင်ယု၏အသားနှင့်အရေပြားကို စုတ်ဖြဲသည်။ မာယာရှင်ယု၏ဒဏ်ရာများက ရေခဲများပင် ဖုံးလွှမ်းလာ၏။
နာကျင်မှုကို တောင့်ခံရင်း မာယာရှင်ယု၏မျက်နှာက တွန့်လိမ်နေသော်လည်း သူမက ပြုံးလျက် အော်ပြောလိုက်၏ “ထပ်လုပ်စမ်း၊ ဆက်ရိုက်စမ်း…နင့်မှာ စွမ်းရည်ရှိရင် ငါ့ကို သတ်လိုက်ပါ…မဟုတ်ရင် အနာဂတ်မှာ ငါက နင့်ကို အပိုင်းပိုင်းဆုတ်ဖြဲရလိမ့်မယ်။ အဲအချိန်ကျရင် နင့်ရဲ့စိတ်ဝိညာဉ်ကို မဖျက်ဆီးဘူး၊ နေ့ရောညရော နောက်ဆုံးထွက်သက်အထိ နှိပ်စက်ပစ်မယ်။ ဟားဟားဟား…”
“ဒီလူကို အဆုံးသတ်ဖို့လား။ ငါ မင်းကို ကူညီပေးရင်ရော ဘယ်လိုလဲ”
အသံတစ်ခုက အဝေးမှ ထွက်ပေါ်လာပြီး ပုံရိပ်တစ်ခုက မီတာတစ်သောင်းအကွာတွင် ထွက်ပေါ်လာသည်။
သတ်ဖြတ်ခြင်းဆန္ဒက မျက်လုံးထဲတွင် လက်လျက် ထန်ရှုက အော်ပြော၏ “ဒီကောင်က ငါ့အတွက်ပဲ၊ မင်းတို့က အခြားသူတွေနဲ့ ရင်ဆိုင်လိုက်။ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်နဲ့ နောက်ဆုံးအကြိမ် ငါ တိုက်ခိုက်ခဲ့တာ အတော်ကြာပြီ၊ ဒီကောင်က ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်တယ်”
“သတ်…”
အထွတ်အထိပ်အလှလေးက အမြန်ဆုံးဖြစ်ပြီး ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်လေးယောက်၏အရှေ့၌ ထွက်ပေါ်လာ၏။ သူမ၏မွေးရာပါအင်မော်တယ်ဓားက သေမင်း၏ကောက်ရိတ်ဓားလိုပင်။ သူမ၏တိုက်ခိုက်မှုများက ထိုရွှေအင်မော်တယ်များကို မရည်ရွယ်သော်လည်း သူမ၏အင်မော်တယ်ဓားမှသက်ရောက်မှုလှိုင်းက အနည်းငယ်ကို သတ်ရန် လုံလောက်ပြီး အချို့က အနောက်သို့ လွင့်ထွက်သွား၏။
“မင်းတို့က ဘယ်သူတွေလဲ…”
ဆံနီပြီးပြည့်စုံခြင်းရွှေအင်မော်တယ်၏မျက်နှာက အကြီးအကျယ် ပြောင်းလဲသွားပြီး ကြောက်ရွံ့သောအကြည့်တစ်ခုက သူ့မျက်နှာပေါ်တွင် သိသာထင်ရှားနေလေသည်။ အထွတ်အထိပ်အလှလေး၏အရှိန်အဝါကို အာရုံခံမိသည့်အခိုက်တွင် သူ့အသားအရောင်က ဖြူရော်သွားလေ၏ “ငါ့ဆရာကို သတ်ခဲ့တာ မင်းလား”
တစ်စက္ကန့်အတွင်း ထန်ရှု၏ပုံရိပ်က ဆံနီပြီးပြည့်စုံခြင်းရွှေအင်မော်တယ်၏အရှေ့၌ ထွက်ပေါ်လာသည်။ ကြယ်မျက်ရည်နှင့်စေဘယ်မိစ္ဆာကင်းမြီးကောက်တို့က သူ့နောက်မှ လိုက်လာသော်လည်း သူ့အား မကာကွယ်ရန် ထန်ရှုက အမိန့်ပေးလိုက်၏။
“အလျင်စလိုမလုပ်ပါနဲ့၊ အရှင်…”
ကြယ်မျက်ရည်က အလွန်စိုးရိမ်သွားသည်။ သူမက ဤမဟာထန်ကောင်းကင်ဘုံဧကရာဇ်အပေါ် နက်ရှိုင်းသောခံစားချက်မရှိပေ၊ သို့သော် ဤလူက သူမကို အကျဉ်းသားပြိုင်ကွင်းမှ ခေါ်လာပြီး နှစ်ငါးထောင်ကြာပြီးနောက် လွတ်လပ်မှုပြန်ပေးရန် ကတိပေးခဲ့သည်။ သူနှင့်အချိန်အချို့ရှိလာပြီးနောက် ဤလူက မဟာဧကရာဇ်တန်ချင်းနှင့်ဇီသာဗျတ်စောင်းကျိုးယောင်တို့အပေါ် အလွန်ရန်လိုသည်ကို သူမက ရှာဖွေတွေ့ရှိခဲ့သည်။
ထို့ကြောင့် သူက မဟာဧကရာဇ်တန်ချင်းနှင့်ဇီသာဗျတ်စောင်းနတ်ဆိုးကျိုးယောင်တို့က အဆက်မပြတ် တိုက်ခိုက်နေလျှင် မြင့်မြတ်ငှက်ဂိုဏ်းအတွက် အကူအညီတစ်ခုခုဖြစ်လာလိမ့်မည်ဟု သူမက တွေးခဲ့သည်။
သို့သော် သူ၏ခွန်အားကို ဘယ်တော့မှ မပြသခဲ့သော၊ အရှိန်အဝါက မြေအင်မော်တယ်တစ်ယောက်နှင့်သာယှဉ်နိုင်သည့် ထန်ရှုက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်နှင့် ထိပ်တိုက်ရင်ဆိုင်လိမ့်မည်ဟု သူမက မမျှော်လင့်ထားခဲ့ပေ။
ထန်ရှုက သူ့ကို တိုက်ခိုက်သည်ကို မြင်သောအခါ ဆံနီပြီးပြည့်စုံခြင်းရွှေအင်မော်တယ်က အထင်သေးစွာ ကြည့်လိုက်သည်။ ဤနေရာရှိ ဒီရေအား မပြောင်းလဲနိုင်သည်ကို သိသည့်အတွက် သူက တိုက်ခိုက်ရန် ဆန္ဒမရှိပေ။ ထန်ရှုက သူ့ထံ လာချိန်တွင် သူက ကြာပွတ်ဖြင့် ရိုက်လိုက်ပြီး ထွက်ပြေးရန် စီစဉ်လိုက်၏။ ဤအချိန်တွင် သူ့အာရုံအများစုက ထန်ရှုနောက်မီတာတစ်ရာအကွာရှိ ကြယ်မျက်ရည်နှင့်စေဘယ်မိစ္ဆာကင်းမြီးကောက်တို့ထံတွင်သာ အာရုံစိုက်ထားသည်။
“ဝါးမျိုစမ်း…”
အေးစက်သောအလင်းတစ်ခုက ထန်ရှု၏မျက်လုံးများထဲ၌ လက်သွားသည်။ ကြောက်စရာကောင်းသောစုပ်အားတစ်ခုက သူ့ထံမှ ထွက်ပေါ်လာပြီး တစ်ကီလိုမီတာပတ်လည်အတွင်းရှိလူတိုင်းက မထိန်းချုပ်နိုင်လောက်အောင် တုန်ယင်သွားကြ၏။
သူ့ခန္ဓာကိုယ်က ထန်ရှုဆီသို့ အနည်းငယ်ရှေ့တိုးသွားပြီး ထန်ရှုထံ ပြေးသွားသော ကြာပွတ်က ချက်ချင်း ဉီးတည်ဘက်ပြောင်းသွားသည်ကို မြင်ပြီး ဆံနီပြီးပြည့်စုံခြင်းရွှေအင်မော်တယ်က မှင်တက်သွား၏။
“ထွက်သွားစမ်း…”
သူက ကြာပွတ်ကို ထပ်ဝှေ့ယမ်းလိုက်သည်။
“ပေါင်းစပ်ခြင်း…”
ထန်ရှု၏ခန္ဓာကိုယ်က အရိပ်ရှစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး ဆံနီပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ကို ဝိုင်းလိုက်သည်။ ဆံနီက အနည်းငယ်မျက်မှောင်ကြုတ်ရင်း သူ့ခန္ဓာကိုယ်က ရုတ်တရက် တုန်လှုပ်သွားသည်။ သူ့ကြာပွတ်က ထန်ရှု၏ပုံရိပ်များကို ဖြတ်သန်းသွားသော်လည်း ဘာတစ်ခုမှ ထိမှန်ပုံမရသည်ကို မြင်ပြီး သူက တုန်လှုပ်သွား၏။
ဘမ်း…
ဆံနီပြီးပြည့်စုံခြင်းရွှေအင်မော်တယ်က ရုတ်တရက် ငုံ့ကြည့်လိုက်သည်၊ လက်ဝါးတစ်ဖက်က သူ့ဘယ်ဘက်ရင်ဘက်ကို ထိုးဖောက်သွားသည်ကို မြင်ပြီး ကြောက်ရွံ့မှုက သူ့ထံတွင် မွေးဖွားလာ၏။
နောက်အခိုက်အတန့်တွင် နာကျင်မှုက သူ့တစ်ကိုယ်လုံး လွှမ်းခြုံသွားတော့၏။
ရူးသွပ်မှုက ထန်ရှု၏မျက်လုံးများထဲတွင် လင်းလက်သွား၏။ သူ့ထံမှ ထွက်ပေါ်နေသော ဝါးမျိုခြင်းစွမ်းအားက ဆံနီပြီးပြည့်စုံခြင်းရွှေအင်မော်တယ်၏ခန္ဓာကိုယ်ကို ထိန်းချုပ်ထားသော သံလိုက်တစ်ခုလိုပင်။ သူ၏သွေးစက်၊ အသက်အား၊ စွမ်းအင်နှင့် အင်မော်တယ်စွမ်းအားနှင့် ချီစွမ်းအင်တို့ကို ထန်ရှုက ထုတ်ယူခဲ့၏။
တစ်စက္ကန့်သာ ကြာ၏၊ ထန်ရှုက ပေါင်းစပ်ခြင်းသဘာဝလွန်စွမ်းရည်၏နောက်ဆုံးအဆင့်ကို အပြည့်အဝဖော်ထုတ်ခဲ့ပြီဖြစ်သည်။ ဆံနီပြီးပြည့်စုံခြင်းရွှေအင်မော်တယ်က အသည်းအသန်ရုန်းကန်နေစဉ် ပုံရိပ်ရှစ်ခုက နောက်ဆုံးတွင် ပေါင်းစပ်သွားပြီး ဆံနီလူ၏ရင်ဘက်ရှိ သူ့လက်နှင့် ပေါင်းစည်းသွား၏၊ သူ့ညာခြေထောက်က ဆံနီလူ၏ညာခြေထောက်မှ ဆန့်ထွက်လာ၏၊ သူ့ဉီးခေါင်းက…
မြင်ကွင်းက ထန်ရှုက ဆံနီပြီးပြည့်စုံခြင်းရွှေအင်မော်တယ်၏ခန္ဓာကိုယ်ထဲမှ တူးထွက်လာသကဲ့သို့ပင်၊ ထိုလူက သွေးမြူတစ်ခုအဖြစ်သို့ ပေါက်ကွဲသွားပြီး အင်မော်တယ်စိတ်ဝိညာဉ်က ကြွေမွသွား၏။ ကြောက်စရာကောင်းသောဝါးမျိုခြင်းစွမ်းအားက စွမ်းအင်အားလုံးကို ထန်ရှု၏ခန္ဓာကိုယ်ထဲသို့ ဝါးမျိုခဲ့ပြီး သူ့ဒန်တျန်ထဲရှိ စကြာဝဠာက စုပ်ယူကာ ဂြိုလ်များနှင့် ပေါင်းစည်းသွား၏။
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ကြယ်မျက်ရည်၏မျက်ခုံးများက ကျုံ့သွားပြီး မယုံကြည်နိုင်မှုက မျက်လုံးများထဲတွင် စီးဆင်းသွား၏။ ခဏကတော့ အလျင်စလို လုပ်လွန်းသည့်အတွက် သူမက ထန်ရှုကို အပြစ်တင်နေခဲ့သည်။
သို့သော် ယခု ထန်ရှုပြသခဲ့သည့်နည်းလမ်းများကြောင့် သူမက လုံးဝထိတ်လန့်သွား၏။
ရန်သူဘက်ရှိ အခြားပြီးပြည့်စုံခြင်းရွှေအင်မော်တယ်များကို တိုက်ခိုက်နေသော အထွတ်အထိပ်အလှလေးနှင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်များကလွဲပြီး ပတ်ဝန်းကျင်ရှိလူတိုင်းက ထန်ရှုနှင့်ဆံနီပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တို့၏တိုက်ပွဲသို့ အာရုံစိုက်လိုက်ကြ၏။
သို့သော် ထိုတိုက်ပွဲက ရုတ်ချည်ပြီးဆုံးသွားပြီး သူတို့၏စိတ်က မုန်တိုင်ခတ်သွားသလို တုန်လှုပ်နေလျက်ရှိတော့သည်။
လေထဲရှိ မီတာတစ်ရာအကွာတွင် ရပ်နေလျက် စေဘယ်မိစ္ဆာကင်းမြီးကောက်က ဆံနီပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အား ထန်ရှုက သတ်ခဲ့သည်ကို ကြည့်နေခဲ့၏။ မြင်ခဲ့သည်အား မယုံကြည်နိုင်သည့်အလား သူမက ပါးစပ်ဟောင်းလောင်းပွင့်လျက် မျက်လုံးက ပန်းကန်ပြားအဖြစ်သို့ ပြောင်းလဲသွား၏။ လက်ကို မြှောက်ကာ မျက်လုံးကိုပင် ပွတ်ကြည့်လိုက်သည်။
“ဒါက အမြင်မှားတာတော့ မဟုတ်ဘူးမလား…။ ငါ့မျက်လုံးက မလိမ်ပါဘူး…”
“သခင်…သူ…သူက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ကို သတ်ခဲ့တာလား”
ကမ္ဘာကြီးအပေါ် သူမ၏အမြင်က ပြောင်းလဲသွားသလို ခံစားရသည်။ သူမ၏သခင်က အင်မော်တယ်အဆင့်သို့ ချိုးဖြတ်ကာစမှန်း သိသာသည်၊ ဒါပေမယ့် သာမန်အင်မော်တယ်တစ်ယောက်က ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်ကို သူ့လက်နဲ့ ကိုယ်တိုင်သတ်ခဲ့တာလား။
အာရုံများကို လျစ်လျူရှုလျက် ထန်ရှုက လက်ပေါ်ရှိ သွေးကိုပင် မသုတ်ဘဲ မာယာရှင်ယုဆီသို့ တစ်လှမ်းချင်းစီ လျှောက်သွား၏။ သူက သိုလှောင်လက်စွပ်မှ ကုသဆေးတစ်လုံးကို ယူထုတ်ကာ ပါးစပ်ထဲသို့ ထည့်ပေးပြီးနောက် နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “ဒါကို သောက်ပြီး ကုသလိုက်ပါ”
မာယာရှင်ယုက ထန်ရှုကို မှင်တက်စွာ စိုက်ကြည့်သည်၊ ယခင်က မြင်ဖူးသလို သူမအရှေ့ရှိလူငယ်က ရင်းနှီးသလို ရှိသည်ဟု ခံစားရသည်။ သို့သော် သူမက မှတ်မိရန် ဘယ်လောက်ပင် ကြိုးစားခဲ့သော်လည်း မပေါ်လာခဲ့ပေ။
“ရှင်က ဘယ်သူလဲ”
ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်ကာ ပြောသည် “မင်းကို ကယ်ခဲ့တဲ့သူပဲ။ မစိုးရိမ်ပါနဲ့၊ ငါက မင်းတို့ရဲ့ရန်သူမဟုတ်ပါဘူး”
မာယာရှင်ယုက ခဏနှုတ်ဆိတ်သွားသည်။ ထန်ရှုက သူမ၏ခြေလက်များကို ချည်နှောင်ထားသည့် သံကြိုးများကို ဖြတ်ပစ်လိုက်သည်။ ထို့နောက် သူမက ထန်ရှုကို ကျေးဇူးတင်စွာ ကြည့်လျက် ပြော၏ “ဒီအသက်ကယ်တဲ့ကျေးဇူးတရားအတွက် ကျေးဇူးတင်တယ်လို့ မပြောတော့ပါဘူး၊ ဒါပေမယ့် မာယာရှင်ယုက ဒါကို ထာဝရမှတ်ထားပါ့မယ်”
သူမကို ဘာမှ ထပ်မပြောဘဲ ထန်ရှုက အထွတ်အထိပ်အသင်္ချေမှတ်စု၊ ပျံဝဲပိုက်နှင့် အင်မော်တယ်လက်ချောင်းကိုးခုတို့၏အရှေ့၌ လျှပ်တစ်ပြက်အတွင်း ထွက်ပေါ်လာသည်။ သူ၏နတ်ဘုရားဓားကို အသုံးပြုလျက် သူတို့ကို ချည်နှောင်ထားသည့် သံကြိုးများကို ဖြတ်ပြီးနောက် ကုသဆေးလုံးသုံးလုံးကို ယူကာ ပေးရင်း ပြောလိုက်၏ “ဘာမှမပြောနဲ့၊ ဘာမှ မမေးနဲ့။ မင်းတို့ရောက်တဲ့နေရာမှာပဲ ချက်ချင်း ကုသပါ။ ကြယ်မျက်ရည်၊ စေဘယ်မိစ္ဆာကင်းမြီးကောက်၊ မင်းတို့နှစ်ယောက်က သူတို့ကို ကာကွယ်ဖို့ တာဝန်ရှိတယ်…”
ကြယ်မျက်ရည်နှင့်စေဘယ်မိစ္ဆာကင်းမြီးကောက်တို့က သူတို့လေးယောက်ထံ ရောက်လာပြီး ကာကွယ်ပေးလိုက်သည်။
ဤအချိန်တွင် ရွှေအင်မော်တယ်အားလုံးက သေဆုံးသွားပြီဖြစ်ကြသည်။ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်သုံးယောက်ထဲမှတစ်ယောက်ကို အထွတ်အထိပ်အလှလေးက သတ်ဖြတ်ခဲ့ပြီး အခြားနှစ်ယောက်ကို ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အချို့က ဝိုင်းရံထားကြ၏။
“အချိန်ဖြုန်းမနေဘဲ သူတို့ကို သတ်လိုက်…”ထန်ရှုက အော်လိုက်သည်။