တူနှင့်အဒေါ်တို့ တစ်ယောက်ကိုတစ်ယောက် အသိအမှတ်ပြုခြင်း
Vol. 96 Ch. 1339
အထွတ်အထိပ်အလှလေးက အော်လိုက်ပြီး သူမ၏ပုံရိပ်က ကျန်ရှိသည့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်နှစ်ယောက်ထံ ပြေးသွား၏။ သူမ၏မွေးရာပါအင်မော်တယ်က ဓားကွက်များကို အဆက်မပြတ်ထုတ်လွှတ်ကာ ထိုနှစ်ယောက်ကို လျင်မြန်စွာ ခေါင်းဖြတ်လိုက်ကြသည်။
“အား…”
အော်သံတစ်ခုက တာအိုအရှင်အစိမ်းရောင်မိုးကောင်းကင်ထံမှ ထွက်ပေါ်လာသည်။ သူ၏မျက်နှာက စတင်တွန့်ရှုံ့သွားပြီး သွေးများက ပါးစပ်ထောင့်မှ စီးကျလာ၏။
“ဟမ့်၊ ငါက မင်းရဲ့စီနီယာအကိုနဲ့ ဆရာသခင်ကို သတ်ခဲ့တယ်”ထန်ရှုက နှာခေါင်းရှုံ့လိုက်၏ “ဒါက မင်းနဲ့ငါ့ကြားမှာ ရှိတဲ့ နက်ရှိုင်းတဲ့သွေးကြေးတစ်ခုပဲ။ ဒါပေမယ့် မင်းရဲ့အသက်က ငါ့လက်ထဲမှာ ရှိတယ်၊ ဒါကြောင့် ငါ့အရှေ့မှာ မင်းက သစ္စာရှိခွေးတစ်ကောင်လို နေနေရတယ်။ ဒါပေမယ့် မင်းကို ငါ့ထိန်းချုပ်မှုအောက်ကနေ လွှတ်လိုက်တာနဲ့ ဒီသွေးကြေးက မင်းအတွက် ပိုသန်မာလာစေဖို့ လှုံ့ဆော်မှုတစ်ခုဖြစ်လာမယ်ဆိုတာ သေချာတယ်။ ဒါကြောင့် အနာဂတ်မှာ ပြဿနာတွေ ဖြစ်လာမှာကို ရှောင်ရှားဖို့ မင်းက သေရမယ်”
“မင်း…ကတိမတည်တဲ့ခွေးကောင်ပဲ…ငါ…”တာအိုအရှင်အစိမ်းရောင်မိုးကောင်းကင်က သနားစရာကောင်းစွာ အော်လိုက်သည်။
“ပေါက်ကွဲထွက်စမ်း…”
သူ့ကို စကားပြောရန် အခွင့်အရေးမပေးတော့ဘဲ သူ့အင်မော်တယ်စိတ်ဝိညာဉ်ကို တိုက်ရိုက်ဖောက်ခွဲလိုက်သည်။
ထို့နောက် သူက ကျန်လူများဘက်သို့ လှည့်ကာ နက်ရှိုင်းသောအသံနှင့် အမိန့်ပေး၏ “ကြယ်မျက်ရည်နဲ့စေဘယ်မိစ္ဆာကင်းမြီးကောက်၊ မင်းတို့က ဒီနေရာမှာ နေခဲ့။ ကျန်တဲ့လူတွေက ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းထဲကို ဝင်ကြပါ”
“နားလည်ပါပြီ…”
ထန်ရှု၏ရက်စက်ကြမ်းကြုတ်မှုကို ပထမဆုံးအကြိမ် မြင်ခဲ့ရသောကြောင့် လူတိုင်း၏သဘောထားက ပိုတောင် ပြောင်းလဲလာသည်။ သူတို့က ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်သွားကြသည်။
“ရှု…”
အထွတ်အထိပ်အလှလေးက ပါးစပ်ဟလိုက်သည်၊ ထို့နောက် အမှားလုပ်မိသည်ကို သတိရလိုက်၏။ သူမက ချက်ချင်းပြောင်းလိုက်၏ “မဟာထန်ကောင်းကင်ဘုံဧကရာဇ်၊ ငါတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုက ပြီးသွားပြီ၊ မြင့်မြတ်ငှက်မွေးဂိုဏ်းရဲ့ဒီလေးယောက်ကို ဂရုစိုက်ဖို့ ရှင်ပဲ တာဝန်ပါ”
ထန်ရှုက အနည်းငယ်ခေါင်းညိတ်ပြကာ ပြောလိုက်သည် “ဒီတစ်ကြိမ် မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်၊ အထွတ်အထိပ်အလှလေး။ သူတို့ရဲ့ဒဏ်ရာတွေ ပိုကောင်းလာတဲ့အထိ ငါ စောင့်နေလိုက်အုံးမယ်၊ မင်း သွားချင်သွားလို့ရပါပြီ။ အနာဂတ်မှာ အချိန်ရှိတဲ့အခါ ကျေးဇူးတင်ကြောင်းပြသဖို့ အင်မော်တယ်လိုင်ဇီယန်ကို သေချာပေါက် လာလည်ပါ့မယ်”
အထွတ်အထိပ်အလှလေးက ထွက်သွားရန် တုံ့ဆိုင်းနေသော်လည်း ထန်ရှု၏သရုပ်မှန်အား ဖော်ပြလို့မရသည်ကို သိသည်။ ထို့ကြောင့် သူမက ခေါင်းညိတ်ကာ ပြောလိုက်၏ “ဒါဆို အင်မော်တယ်လိုင်ဇီယန်ကို ရှင်လာမှာကို စောင့်နေပါ့မယ်။ နှုတ်ဆက်ပါတယ်၊ နောက်မှ ထပ်တွေ့ကြတာပေါ့”
ထိုသို့ပြောပြီးနောက် သူက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်လေးယောက်ကို ဉီးဆောင်ကာ ထွက်ခွာသွား၏။
ထို့နောက် ထန်ရှုက အနီးနားရှိ ကျောက်တုံးကြီးပေါ်သို့ လျှောက်သွားပြီး တင်ပျဉ်ခွေထိုင်ကာ မာယာရှင်ယုတို့အဖွဲ့ကုသနေသည်ကို စောင့်ဆိုင်းနေလိုက်သည်။
အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်း ခြောက်နာရီ ရှိသွားခဲ့ချေပြီ။ အထွတ်အထိပ်အသင်္ချေမှတ်စုက လွင့်မျောလာပြီး အခြားသုံးယောက်ကလည်း သူ့ဘေးနားတွင် ရပ်လိုက်ကြသည်။ ထို့နောက် သူတို့က ထန်ရှုကို ကြည့်လိုက်ကြ၏။ ဤနေရာတွင် အန္တိမအရှင်တစ်ယောက်နှင့်ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်များရှိခဲ့သော်လည်း ထိုလူများထဲတွင် ခေါင်းဆောင်အစစ်အမှန်က ဤလူငယ်ဖြစ်သည်ကို သူတို့က နားလည်သည်။
“စေဘယ်မိစ္ဆာကင်းမြီးကောင်၊ မင်းလဲ ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းထဲကို ဝင်သွားပါ။ ကြယ်မျက်ရည်က ငါ့ကို ကာကွယ်ဖို့ နေခဲ့”ထန်ရှုက မျက်လုံးဖွင့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
စေဘယ်မိစ္ဆာကင်းမြီးကောက်က ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူမ၏ပုံရိပ်က အလင်းစီးကြောင်းတစ်ခုအဖြစ်သို့ ပြောင်းသွားပြီး ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းထဲသို့ ဝင်ရောက်သွား၏။
ကြယ်မျက်ရည်လား…
အထွတ်အထိပ်အသင်္ချေမှတ်စု၊ ပျံဝဲပိုက်၊ အင်မော်တယ်လက်ချောင်းကိုးခုနှင့် မာယာရှင်ယုတို့က ကြယ်မျက်ရည်ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
ကြယ်မျက်ရည်၏အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။ သူမ၏မူလမျက်နှာကို ပြန်ပြောင်းပြီးနောက် ရှုံ့မဲ့စွာ ပြုံးလိုက်၏ “မင်းတို့တွေ ဒီနှစ်တွေမှာ တော်တော်လေးနှိပ်စက်ခံခဲ့ရမှာပဲနော်”
“ဒေါ်လေးလား”
အထွတ်အထိပ်အသင်္ချေမှတ်စုတို့လေးယောက်အဖွဲ့က မယုံကြည်နိုင်စွာ ဖြစ်သွားကြပြီး ဝမ်းသာသောအမူအရာက သူတို့၏မျက်နှာပေါ်တွင် ထွက်ပေါ်လာ၏။ မာယာရှင်ယုက မျက်ရည်များပင် စီးကျလာသည်။
ကြယ်မျက်ရည်က သက်ပြင်းချလိုက်သည် “မင်းတို့လေးယောက်က တကယ်ကို တော်တယ်။ မင်းတို့အားလုံးက မြင့်မြတ်ငှက်ဂိုဏ်းရဲ့ဂျူနီယာတွေဖြစ်ဖို့ ထိုက်တန်တယ်၊ ငါ့တူရဲ့တပည့်တွေဖြစ်ဖို့ ထိုက်တန်တယ်”
ခံစားချက်ကို ဖိနှိပ်လျက် အထွတ်အထိပ်အသင်္ချေမှတ်စုက ရိုသေလေးစားစွာ ပြန်ပြောသည် “ငါတို့ကို လာကယ်တဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဒေါ်လေး။ လွန်ခဲ့တဲ့နှစ်တစ်ရာကတည်းက ငါတို့ကြောင့် ဒီနေရာကို ငါတို့ရဲ့လူတွေအများကြီး ရောက်လာပြီး သေသွားခဲ့ကြတယ်။ ငါတို့ကို အဲလိုလုပ်ဖို့ တားဆီးထားတာကြောင့်မဟုတ်ရင် ငါတို့တွေက ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့ ရွေးချယ်ခဲ့ပြီးပြီ”
“မင်းတို့ကို တကယ်ကယ်ခဲ့တဲ့သူက မဟာထန်ကောင်းကင်ဘုံဧကရာဇ်ဖြစ်တဲ့အတွက် ငါ့ကို ကျေးဇူးတင်ဖို့ မလိုဘူး”ကြယ်မျက်ရည်က သက်ပြင်းချလိုက်၏ “သူက ငါ့ကိုလဲ အကျဉ်းသားပြိုင်ကွင်းကနေ ကယ်ထုတ်ပေးခဲ့တာ”
သူတို့လေးယောက်က တုန်လှုပ်သွားကြသည်။ သူတို့က ထန်ရှုဘက်သို့ လှည့်ကာ လက်သီးဆုပ်လျက် ဉီးညွှတ်လိုက်၏ “ငါတို့အားလုံးကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ မဟာထန်ကောင်းကင်ဘုံဧကရာဇ်”
သူတို့ကို ကြည့်ရင်း အတွေးမရေမတွက်များစွာက သူ့စိတ်ထဲ၌ ထွက်ပေါ်လာသည်။ သူက သူတို့ကို သရုပ်မှန်ပြောပြချင်သည်၊ သို့သော် သူတို့ကို ပြောပြပြီးနောက် သူတို့ထဲမှတစ်ယောက်ကို ဖမ်းမိခဲ့လျှင် သူ၏သရုပ်မှန်ကို ပေါက်ကြားသွားစေနိုင်သည်။
ခဏကြာပြီးနောက် သူက သက်ပြင်းချကာ ပြောလိုက်၏ “ငါ့ကို ကျေးဇူးတင်တယ်ဆိုရင် မင်းတို့ကောင်တွေ ငါ့ကို နှစ်ငါးထောင် ခစားဖို့ပဲ လိုတယ်။ လက်ရှိအချိန်မှာ မြင့်မြတ်ငှက်ဂိုဏ်းနဲ့ ပတ်သက်ပြီး မင်းတို့တွေ စိုးရိမ်စရာမလိုဘူး”
လူလေးယောက်၏အမူအရာက ပြောင်းလဲသွားသည်။ ထို့နောက် ချက်ချင်းလျှင်ပင် အထွတ်အထိပ်အသင်္ချေမှတ်စုက ရှေ့ကို တက်ကာ လက်သီးဆုပ်လိုက်၏ “ငါတို့ရဲ့အသက်သခင်ကျေးဇူးရှင်ဖြစ်တဲ့အတွက် နှစ်ငါးထောင်ခစားဖို့ ငါတို့မှာ တာဝန်ရှိပါတယ်၊ မဟာထန်ကောင်းကင်ဘုံဧကရာဇ်။ ဒါပေမယ့် ငါတို့ရဲ့ဂိုဏ်းက ဘေးအန္တရာယ်ထဲ ကျရောက်နေတယ်။ ငါတို့က မြင့်မြတ်ငှက်ဂိုဏ်းကို ပြန်ရမှာဖြစ်တဲ့အတွက် မဟာထန်ကောင်းကင်ဘုံဧကရာဇ်က ငါတို့ကို ခွင့်လွှတ်ဖို့ မျှော်လင့်တယ်။ ငါတို့က ဂိုဏ်းကို ကာကွယ်ပြီး ရန်သူတွေကို တိုက်ခိုက်ရမယ်”
“ငါနဲ့ အတူနေရင်း မင်းတို့လဲ တူညီတဲ့ရန်သူတွေကို တိုက်ခိုက်နိုင်မှာပဲလေ”ထန်ရှုက ပြော၏ “ဇီသာဗျတ်စောင်းနတ်ဆိုးကျိူးယောင်ရဲ့ဆရာဉီးလေးအသင်္ချေမိုးကြိုးအန္တိမအရှင်နဲ့ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ခြောက်ယောက်ကို သတ်ခဲ့တဲ့အချိန်မှာ ငါက မြင့်မြတ်ငှက်ဂိုဏ်းကို ကူညီနေတယ်လို့ ပြောရင် မမှန်ဘူးလား”
“ဒါက…”
သူတို့လေးယောက်က အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ထို့နောက် ချက်ချင်းလျှင်ပင် အထွတ်အထိပ်အသင်္ချေမှတ်စုက ပြောသည် “မင်းပြောတာ မှန်တယ်။ မင်းလုပ်ခဲ့တာက မြင့်မြတ်ငှက်ဂိုဏ်းကို ကူညီခဲ့တာပဲ။ ဒါပေမယ့် ငါတို့က ဂိုဏ်းကို မပြန်ရရင် စိတ်အေးလက်အေးဖြစ်မှာ မဟုတ်ဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါတို့ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်”
ရုတ်တရက် ကြယ်မျက်ရည်က ထန်ရှုကို ကြည့်ကာ ကြားဖြတ်ပြောလိုက်၏ “အရှင်၊ ငါ မှတ်မိတာ မှန်ရင် ဒီလေးယောက်ကို ကယ်ပြီးရင် ငါ့ကို ရှင်းပြချက်တစ်ခုပေးမယ်လို့ ကတိပေးခဲ့တယ်မလား”
“ငါဘယ်သူလဲဆိုတာ သိဖို့ မင်းအတွက် တကယ်လိုအပ်လို့လား”ထန်ရှုက ရှုံ့မဲ့ပြုံး၏။
“လိုတယ်”ကြယ်မျက်ရည်က ပြန်ဖြေသည်။
“ဘာလို့ ဒီကိစ္စကို ဒီလောက်ထိ စွဲလမ်းနေရတာလဲ”ထန်ရှုက အကူအညီမဲ့စွာဖြင့် မေးလိုက်သည်။
“ငါ့ရဲ့အသက်ကို ရှင်ကယ်ခဲ့တယ်၊ ငါ့ကို ရှင့်ရဲ့အမှုထမ်းအဖြစ် နှစ်ငါးထောင်တာဝန်ထမ်းဆောင်ဖို့ မေးခဲ့တယ်”ကြယ်မျက်ရည်က ပြောသည် “ဒါနဲ့ ပတ်သက်ပြီး ငါ့အတွက် ပြဿနာမရှိပေမယ့် သူတို့ကို မင်းအပေါ် သစ္စာရှိစေချင်တယ်ဆိုရင် မင်းက ရှင်းပြချက်တစ်ခုပေးရမယ်”
ခဏနှုတ်ဆိတ်သွားပြီးနောက် ထန်ရှုက ပြောလိုက်၏ “မြူနွေဉီးပင်လယ်ကို အရင်ပြန်ကြတာပေါ့။ အဲကို ရောက်ရင် ငါ့ရဲ့သရုပ်မှန်ကို ပြောပြမယ်။ ဒါမေပယ့် မင်းတို့က ငါ့ကို ကတိပေးရမယ့် အခြေအနေတစ်ခုရှိတယ်”
အထွတ်အထိပ်အသင်္ချေမှတ်စု၏အမူအရာက ပြောင်းလဲသွားကာ ချက်ချင်းမေးလိုက်၏ “ဘာအခြေအနေလဲ”
“မင်းတို့ရဲ့ဒဏ်ရာအများစုကို ကုသပြီးသွားပြီမလား”ထန်ရှုက ပြောသည် “ဒါပေမယ့် ငါ့ရဲ့သရုပ်မှန်ကို မပြောခင် မင်းတို့ရဲ့အသိအကျွမ်းတစ်ယောက်နဲ့မှ အဆက်အသွယ်မလုပ်ရဘူး။ မင်းတို့လဲ ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းထဲမှာ နေရမယ်”
“ဒါကတော့…”အထွတ်အထိပ်အသင်္ချေမှတ်စုက တုံ့ဆိုင်းသွား၏။
ကြယ်မျက်ရည်က သက်ပြင်းတစ်ချက်ရှိုက်ကာ ကြားဖြတ်ပြောလိုက်သည် “သူတို့ကိုယ်စား ငါ ကတိပေးတယ်”
ထန်ရှုက ခေါင်းညိတ်လိုက်သည် “ဒါဆို မင်းတို့တွေ ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းထဲကို ဝင်လိုက်တော့။ အခုလောက်ဆို အသင်္ချေမိုးကြိုးအန္တိမအရှင်သေသွားတာကို ဇီသာဗျတ်စောင်းနတ်ဆိုးကျိုးယောင်က သိသွားလောက်ပြီ။ မကြာခင် သူ လိုက်လာလောက်တယ်၊ ဒါကြောင့် ငါတို့တွေ အရင်ဆုံးထွက်သွားဖို့ လိုမယ်”
“ဒါဆို ငါတို့ရဲ့ခြေရာလက်ရာတွေကို ဖျောက်ချင်တယ်ဆိုရင် နေရာလပ်တည်နေရာရွှေ့ပြောင်းရေးအစီအရင်ကို အသုံးပြုလို့မရဘူး”ကြယ်မျက်ရည်က ပြောသည် “အနည်းဆုံးတော့ အနီးနားက အင်မော်တယ်ပိုင်နက်သုံးခုထဲမှာ အသုံးပြုလို့မရနိုင်ဘူး”
“အဲဒါကို ငါ သိတယ်”ထန်ရှုက ပြုံးကာ ပြောသည်။
ကြယ်မျက်ရည်တို့ငါးယောက်က ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းထဲသို့ ဝင်သွားပြီးနောက် ထန်ရှုက စေဘယ်မိစ္ဆာကင်းမြီးကောက်ကို ဆင့်ခေါ်ကာ သူနှင့်အတူ ပျံသန်းရန် အမိန့်ပေးလိုက်၏။
တစ်နှစ်ကြာပြီးနောက် ထန်ရှုက မြူနွေဉီးပင်လယ်သို့ ပြန်ရောက်လာသည်။ ငြိမ်းအေးကျောက်ကမ်းပါးတွင် တင်ပျဉ်ခွေထိုင်နေသော ကူးယန်အာကို မြင်သောအခါ အပြုံးတစ်ခုက သူ၏ချောမောခန့်ညားသောမျက်နှာပေါ်တွင် ထွက်ပေါ်လာ၏။
“ယန်အာ”သူ၏ခေါ်သံကြောင့် ကူးယန်အာက ကျင့်ကြံရာမှ နိုးထလာသည်။
ထို့နောက် ချက်ချင်းလျှင်ပင် စိတ်လှုပ်ရှားသောအမူအရာတစ်ခုက ကူးယန်အာ၏မျက်နှာပေါ်တွင် ထွက်ပေါ်သွား၏၊ သူမက ထန်ရှုထံ ပြေးလာ၏။ ထို့နောက် ထန်ရှု၏ရင်ခွင်ထဲသို့ ဝင်ကာ အနည်းငယ်စိုးရိမ်သောမျက်နှာဖြင့် ပြောလိုက်သည် “နောက်ဆုံးတော့ ပြန်လာပြီပေါ့၊ ဆရာ။ ဒီတစ်ခေါက် သွားတာ တစ်နှစ်တောင် ကျော်တယ်။ တစ်ချိန်လုံး ဆရာ့ကို သတိရပြီး စိုးရိမ်နေတာ”
ထန်ရှုက သူမ၏နောက်ကျောကို ညင်သာစွာ ပွတ်ပေးကာ ပြုံးလျက် ပြောလိုက်သည် “မစိုးရိမ်ပါနဲ့၊ ယန်အာ…လက်ရှိအချိန်မှာ အင်မော်တယ်ကမ္ဘာတစ်ခုလုံးမှာ ငါ့ကို သတ်နိုင်တာ လူအနည်းငယ်ပဲ ရှိတော့တယ်”
ကူးယန်အာက ခေါင်းညိတ်ပြီး ထန်ရှုကို လွှတ်ပြီးနောက် ကမန်းကတန်း မေးလိုက်သည် “သူတို့လေးယောက်ကိုရော ကယ်ခဲ့လား”
“ဟုတ်တယ်၊ သူတို့ကို ကယ်ပြီးပြီ”ထန်ရှုက ပြုံးကာ ပြောလိုက်သည်။
“ဒါ အရမ်းကောင်းတယ်…”ကူးယန်အာက စိတ်လှုပ်ရှားသွားသည် “အခု ငါ သူတို့ကို တွေ့လို့ရလား၊ ဆရာ”
ထန်ရှုက စေဘယ်မိစ္ဆာကင်းမြီးကောက်ဘက်သို့ လှည့်ကာ ပြောလိုက်သည် “ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ပစ္စည်းထဲကို အရင်ဝင်လိုက်။ နောက်မှ ငါ မင်းကို ဆင့်ခေါ်လိုက်မယ်”
“နားလည်ပါပြီ၊ သခင်…”
စေဘယ်မိစ္ဆာကင်းမြီးကောက်က ကောင်းကင်ဘုံစံအိမ်အသုံးအဆောင်ထဲသို့ ဝင်သွားပြီးနောက် ထန်ရှုက ကြယ်မျက်ရည်၊ အထွတ်အထိပ်အသင်္ချေမှတ်စု၊ ပျံဝဲပိုက်၊ အင်မော်တယ်လက်ချောင်းကိုးခုနှင့် မာယာရှင်ယုတို့ကို ကောင်းကင်ဘုံစံအိမ်ထဲမှ ဆင့်ခေါ်လိုက်၏။ သူတို့ကို ဉီးဆောင်ကာ သူက ငြိမ်းချမ်းချောက်ကမ်းပါးထဲရှိ လိုဏ်ဂူထဲသို့ ဝင်သွားပြီး နံရံပေါ်တွင် ချိတ်ဆွဲထားသောစာလိပ်ပေါ်သို့ အကြည့်ပြောင်းလိုက်၏။
ကြယ်မျက်ရည်၏အမူအရာက ပြောင်းလဲသွားကာ သူက ပြောလိုက်၏ “ငါတို့တွေ ပြန်ရောက်လာပြီပဲ။ အခု မင်းရဲ့ရှင်းပြချက်ကို ငါတို့အားလုံး စောင့်နေတယ်”
ထန်ရှုက လှည့်လိုက်သည်၊ မျက်ရည်စီးကြောင်းနှစ်ခုက သူ့ပါးထက်ပေါ်သို့ ကျဆင်းလာ၏။ အကျဉ်းသားပြိုင်ကွင်း၌ ပထမဆုံးအကြိမ်တွေ့ချိန်တွင် ကြယ်မျက်ရည်၏သနားစရာကောင်းသောအသွင်အပြင်ကို သူက သတိရလိုက်သည်။ ကောင်းကင်ဘုံတောင်တွင် ချုပ်နှောင်ခံထားရသော သူ့တပည့်လေးယောက်၏ဝမ်းနည်းစရာကောင်းသောမြင်ကွင်းကိုလည်း မှတ်မိသည်။ လူတိုင်း၏အကြည့်အောက်တွင် သူက ကြယ်မျက်ရည်အရှေ့၌ ဒူးထောက်ချပြီး သူမ၏စိတ်ဝိညာဉ်ချပ်ပြားကို ယူထုတ်ကာ ကမ်းပေးလိုက်၏။
“မင်း…”
မယုံကြည်နိုင်သောအကြည့်တစ်ခုက ကြယ်မျက်ရည်၏မျက်နှာပေါ်တွင် ထွက်ပေါ်လာသည်။ သူမ၏အသက်ကို ထိန်းချုပ်ထားသည့် ဤမဟာထန်ကောင်းကင်ဘုံဧကရာဇ်က သူမအား ဒူးထောက်လိမ့်မည်ဟု ဘယ်တော့မှ မမျှော်လင့်ထားပေ။ ဤဆန်းကြယ်သောမဟာထန်ကောင်းကင်ဘုံဧကရာဇ်က သူမကို သူမ၏စိတ်ဝိညာဉ်ချပ်ပြားကို ပေးလိမ့်မည်ဟု ဘယ်တော့မှ မတွေးမိပေ။
“ဘာလို့လဲ”ကြယ်မျက်ရည်က စိတ်ဝိညာဉ်ချပ်ပြားကို မလက်ခံဘဲ ထန်ရှုကို စိုက်ကြည့်ကာ မေးလိုက်သည်။
ထန်ရှု၏မျက်နှာက အတိတ်က မျက်နှာအဖြစ်သို့ ဖြည်းဖြည်းချင်း ပြောင်းလဲသွားကာ ရေရွတ်လိုက်၏ “ဒေါ်လေးကြယ်မျက်ရည်၊ ရှုအာက မင်းကို အများကြီးထိခိုက်စေခဲ့တယ်။ ငါ့ရဲ့အပြစ်တွေက များလွန်းပါတယ်၊ ငါ့ရဲ့သရုပ်မှန်ကို ဖုံးကွယ်ဖို့အတွက် ငါ့ကိုယ်ငါ အလွယ်တကူ မထုတ်ဖော်ပြရဲခဲ့ဘူး”
ဘန်း…
ထန်ရှုနောက်တွင် ရပ်နေသော ကူးယန်အာနှင့်အထွတ်အထိပ်မူတို့ကလည်း ကြယ်မျက်ရည်ထံ ဒူးထောက်ချလိုက်သည်။
လျှပ်စီးများ ထိမှန်သလို ကြယ်မျက်ရည်၏ခန္ဓာကိုယ်က တုန်ယင်လာသည်။ သူမက ခြေလှမ်းအနည်းငယ် နောက်ဆုတ်လျက် ရင်းနှီးနေသောမျက်နှာကို မှင်တက်စွာ ကြည့်၏။ သူမ၏လက်သည်းများက လက်ဖဝါးထဲသို့ ထိုးစိုက်ပြီး သွေးက လက်ချောင်းများမှတစ်ဆင့် စီးကျနေသည်ကိုပင် သတိမထားမိတော့ပေ။