← Chapters

စိတ်ဝိညာဉ်ချိတ်ပိတ်မန္တန်

Vol. 96 Ch. 1340

စိတ်ဝိညာဉ်ချိတ်ပိတ်မန္တန်

Vol. 96 Ch. 1340

မြေပြင်ပေါ်တွင် ဒူးထောက်ရင်း ထန်ရှုက ကြယ်မျက်ရည်၏အံ့အားသင့်သောအမူအရာကို ကြည့်ကာ ရှုံ့မဲ့လျက် ပြောလိုက်သည် “ငါက ဒေါ်လေးရဲ့တူရှုအာပါ…၊ ငါ တစ်ခါသေခဲ့ပေမယ့် ပြန်ရှင်လာပါပြီ”

ကြယ်မျက်ရည်က ဓားမြှောင်တစ်လက်ကို ယူထုတ်ကာ သူမ၏ပေါင်ကို ထိုးစိုက်လိုက်သည်။ သွေးများက စီးထွက်လာပြီး ဒဏ်ရာကြောင့် နာကျင်နေသည့်အခိုက်တွင် သူမက ဓားမြှောင်ကို ဆွဲထုတ်ကာ အင်မော်တယ်စွမ်းအားကို အသုံးပြုရန်ပင် မစဉ်းစားဘဲ ပိတ်ဆို့လိုက်သည်။ ထို့နောက် သူမက ထန်ရှုထံ တိုးလာလျက် သူ့လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ အသံတုန်တုန်ယင်ယင်နှင့်‌ မေးလိုက်၏ “မင်း…မင်းက…တကယ်ပဲ ရှုအာလား”

ထန်ရှုက ခေါင်းညိတ်ကာ မျက်ရည်များကျဆင်းခွင့်ပြုလိုက်သည်၊ ထို့နောက် အလေးအနက်ထားလျက် ပြော၏ “လွန်ခဲ့တဲ့နှစ်တစ်သောင်းက ငါ့ကို ကျင့်ကြံခြင်းအခြေခံခိုင်စေဖို့အတွက် ပင်ပန်းဆင်းရဲမှုအပြည့်နဲ့ ဒေါ်လေးပဲ လေ့ကျင့်ခိုင်းခဲ့တယ်လေ။ လွန်ခဲ့တဲ့နှစ်ကိုးထောင်က ငါ့ကို နတ်ဆိုးကမ္ဘာကို ခေါ်သွားပြီး နတ်ဆိုးစွမ်းအားရှင်တွေနဲ့ သုံးနှစ်တိတိ တိုက်ခိုက်စေခဲ့တယ်လေ။ လွန်ခဲ့တဲ့နှစ်ရှစ်ထောင်က ငါ့အတွက် စကြာဝဠာမူလဆေးလုံးကို သန့်စင်ဖို့အတွက် ပစ္စည်းတွေကို ရှာဖို့ အသူရာကမ္ဘာကို ကိုယ်တိုင်သွားခဲ့တယ်လေ။ လွန်ခဲ့တဲ့နှစ်ခုနှစ်ထောင်က ငါ့ကို ကယ်ဖို့အတွက် ဒီလုလျှို့ဝှက်စံအိမ်ကို တစ်ယောက်တည်း လာခဲ့တယ်လေ။ လွန်ခဲ့တဲ့နှစ်ခြောက်ထောင်က လက်သည်းငါးခုရွှေနဂါးကို ငါ သတ်ဖြတ်ခဲ့တာကို ကြည့်နေခဲ့တယ်လေ။ ရွှေနဂါးရဲ့အကြောမျှင်ကို ကိုယ်တိုင်ထုတ်ယူပြီး သက်တန့်ဖီးနစ်ဇီသာကို သန့်စင်ခဲ့တယ်လေ။ လွန်ခဲ့တဲ့နှစ်ငါးထောင်က ငါ့ရဲ့စိတ်ဝိညာဉ်အာရုံကို တိုးတက်စေဖို့အတွက် ပြောင်းလဲမှုကိုးခုစိတ်ပညာရပ်ကို ပေးခဲ့တယ်လေ။ လွန်ခဲ့တဲ့နှစ်လေးထောင်က….”

“တော်ပြီ…တော်ပြီ…”

သူမ၏ဘဝတွင် မျက်ရည်ကျရသည်ကို ကြယ်မျက်ရည်က အမုန်းဆုံးဖြစ်သည်။ သို့သော် လက်ရှိအချိန်တွင် သူမက မျက်ရည်များ တလဟောစီးကျလျက် ခံစားချက်ကို မထိနးချုပ်နိုင်တော့ဘဲ ထန်ရှုကို ပွေ့ဖက်ရင်း ငိုလိုက်သည်။

အတိတ်တွင် သူမ၏တူက ကပ်ဘေးဒုက္ခကျရှုံးပြီး စိတ်ဝိညာဉ်ပျောက်ကွယ်သွားသည်ကို သိလိုက်ရချိန်တွင် ပုရွက်ဆိတ်သန်းချီက ကိုက်ခဲနေသလို ခံစားခဲ့ရသည်။ သူမက မရေမတွက်နိုင်သောအင်မော်တယ်ပိုင်နက်များကို ဖြတ်ကျော်ကာ သူမ၏တူကပ်ဘေးဖြတ်ကျော်ခဲ့သည့်နေရာသို့ အပြေးသွားခဲ့၏။

ထိုအချိန်တုန်းက ထိုကပ်ဘေးအတိဒုက္ခအတွက် ကာကွယ်သူအဖြစ် မလုပ်ခဲ့သည့်အတွက် သူမကိုယ်သူမ အကြိမ်ပေါင်းမရေမတွက်များစွာ အပြစ်တင်ခဲ့သည်။

လွန်ခဲ့သောရှစ်ရာစုနှစ်အတွင်း သူမက နေ့ရက်တိုင်းကို နာကျင်မှုအပြည့်ဖြင့် ရှင်သန်နေရသော်ငြား သူမ၏တူက အခြားကမ္ဘာတစ်ခု၏ထောင့်တစ်ထောင့်တွင် အသက်ရှင်သန်နေရန် မျှော်လင့်ထားခဲ့သည်။

အခု သူမရဲ့အိပ်မက်က အမှန်တကယ် ဖြစ်လာပြီပေါ့။

ကြယ်မျက်ရည်က ထန်ရှုကို ပွေ့ဖက်ကာ ကလေးတစ်ယောက်လို ငိုလိုက်သည်။

“ဆရာ…ဆရာလား…ဆရာသခင်လား”

အထွတ်အထိပ်အသင်္ချေမှတ်စု၊ ပျံဝဲပိုက်၊ အင်မော်တယ်လက်ချောင်းကိုးခုနှင့် မာယာရှင်ယုတို့က လုံးဝမှင်တက်နေလေသည်။ သူတို့က ထန်ရှု၏သရုပ်မှန်ကို အကြိမ်ပေါင်းမရေမတွက်များစွာ ခန့်မှန်းခဲ့သည်။ သို့သော် သူတို့၏ဆရာသခင်ကြယ်ကျင့်ကြံခြင်းမဟာဧကရာဇ်က အသက်ရှင်နေသေးမည်ဟု သူတို့၏စိတ်ထဲ၌ မပေါ်ထွက်လာခဲ့ပေ။ တကယ်တော့ ၎င်းက သူတို့မစဉ်းစားရဲသည့်အရာလည်းဖြစ်သည်။

အခု သူတို့ရဲ့ဆရာက အသက်ရှင်နေပြီး သူတို့ရဲ့ရှေ့မှာ ပြန်ထွက်ပေါ်လာပြီပေါ့။ ကောင်းကင်ဘုံတောင်ကနေ သူတို့ကို ကယ်ဖို့အတွက်တောင် သူက စွန့်စားခဲ့တာပဲ။

သူတို့လေးယောက်က ထန်ရှုအနောက်၌ ဒူးထောက်ကာ ကလေးများလို ငိုကြွေးလိုက်ကြသည်။

အချိန်အတန်ကြာပြီးနောက် ထန်ရှုက ကြယ်မျက်ရည်၏လက်ကို ဖြေလွှတ်ကာ သူမကို ဆွဲထူလိုက်သည်။ ထို့နောက် သူက အထွတ်အထိပ်အသင်္ချေမှတ်စုတို့အား တစ်ယောက်ပြီးတစ်ယောက် ဆွဲထူလိုက်သည်။ သူကိုယ်တိုင်လေ့ကျင့်ပေးထားသည့်တပည့်များကို ကြည့်ရင်း သူက ခါးသီးစွာ ပြောလိုက်၏ “ဒီနှစ်တွေမှာ မင်းတို့တွေ တော်တော်လေးဒုက္ခရောက်ခဲ့ရမှာပဲ”

“ငါတို့တွေ ဘာမှ မဖြစ်ပါဘူး၊ ဆရာသခင်”ခေါင်းခါယမ်းလျက် အထွတ်အထိပ်အသင်္ချေမှတ်စုက ပြန်ဖြေသည်။

ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်ကာ ကြယ်မျက်ရည်ဘက်သို့ လှည့်လျက် ပြောလိုက်သည် “ဒေါ်လေးကြယ်မျက်ရည်၊ စိတ်ဝိညာဉ်ချပ်ပြားကို ယူလိုက်ပါ၊ ဒါပေမယ့် ဒေါ်လေးဆီမှာ စိတ်ဝိညာဉ်ချိတ်ပိတ်မန္တန်ကို ငါ ဖော်ထုတ်ရမယ်”

စိတ်ဝိညာဉ်ချိတ်ပိတ်မန္တန်လား။

အချိန်အတန်ကြာ စဉ်းစားပြီးနောက် ကြယ်မျက်ရည်က ထန်ရှု၏ရည်ရွယ်ချက်ကို နားလည်ကာ နက်ရှိုင်းသောအသံနှင့် ပြောလိုက်သည် “မင်း မပြောရင်တောင် နောက်ကျရင် ငါ မင်းကို ပြောဖြစ်မှာပဲ။ မင်းအသက်ရှင်နေသေးတဲ့သတင်းကို ဖုံးကွယ်ထားရမယ်။ ငါ့ကြောင့် မင်းရဲ့သရုပ်မှန်ကို မပေါက်ကြားစေချင်ဘူး။ ဒါကြောင့် ငါ့ကို စိတ်ဝိညာဉ်ချိတ်ပိတ်မန္တန်ကို လွတ်လွတ်လပ်လပ်သာ ဖော်ထုတ်လိုက်ပါ။ အနာဂတ်မှာ ငါတို့ကို ရန်သူတွေက ဖမ်းမိပြီး စိတ်ဝိညာဉ်ရှာဖွေပညာရပ်နဲ့ ငါတို့ရဲ့မှတ်ဉာဏ်ကို ရှာဖွေမယ်ဆိုရင် သူတို့က စိတ်ဝိညာဉ်ချိတ်ပိတ်ကျိန်စာကို အရင် ထိတွေ့ပြီး ငါတို့ရဲ့မှတ်ဉာဏ်က ပျက်သွားလိမ့်မယ်”

အထွတ်အထိပ်အသင်္ချေမှတ်စုက ခေါင်းညိတ်လိုက်သည် “ဟုတ်တယ်၊ ဆရာသခင်။ ကျေးဇူးပြုပြီး ဒါကို လုပ်ပါ။ အန္တိမအရှင်အဆင့်ကို မရောက်သရွေ့ ငါတို့ရဲ့စိတ်ဝိညာဉ်က အဲဒီစိတ်ဝိညာဉ်ပညာရပ်ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေလိမ့်မယ်။ စိတ်ဝိညာဉ်ချိတ်ပိတ်မန္တန်ကို ဖော်ထုတ်မှပဲ ဆရာ့ရဲ့သရုပ်မှန်ကို ထိန်းသိမ်းနိုင်လိမ့်မယ်”

“ဟုတ်တယ်”

“ကျေးဇူးပြုပြီး လုပ်ပါ၊ ဆရာသခင်…”

ပျံဝဲပိုက်နှင့်ကျန်လူများကလည်း သူတို့၏ထင်မြင်ချက်ကို ပြောလိုက်ကြသည်။

ထန်ရှုက နောက်ထပ်သက်ပြင်းရှိုက်လိုက်သည်။ သူက ကြယ်မျက်ရည်တွင်သာမကာ အထွတ်အထိပ်အသင်္ချေမှတ်စုတို့ငါးယောက်၊ အထွတ်အထိပ်မူနှင့် ကူးယန်အာတို့တွင်ပါ စိတ်ဝိညာဉ်ချိတ်ပိတ်မန္တန်ကို ဖော်ထုတ်လိုက်လေ၏။

ပြီးဆုံးသွားပြီးနောက် ထန်ရှုက ပြောလိုက်သည် “ဒေါ်လေးကြယ်မျက်ရည်၊ အဲတုန်းက ငါက ကပ်ဘေးအတိဒုက္ခကနေ အသက်ရှင်နိုင်ခဲ့တယ်။ အဲဒါက…”

အတိတ်တွင် ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ်ရှင်းပြပြီးနောက် နောက်ဆုံးတွင် သူက ပြောလိုက်သည် “တစ်ချိန်က ငါ ယုံကြည်ခဲ့တဲ့ညီအကိုနှစ်ယောက်က စိတ်ထဲမှာ ဒီလိုယုတ်မာတဲ့ရည်ရွယ်ချက်တွေ ရှိနေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး။ သူတို့က မြင့်မြတ်ငှက်ဂိုဏ်းကိုပါ သုတ်သင်ဖို့ ကြိုးစားခဲ့တာပဲ။ ဒါပေမယ့် ငါက အသက်ရှင်နေသေးတယ်၊ အခု ပြန်လဲ ရောက်လာပြီ၊ ဒါကြောင့် အနာဂတ်မှာ သူတို့ရဲ့အဆုံးသတ်က ရှောင်လွှဲလို့မရဘူး။ ဒါပေမယ့် အင်မော်တယ်စစ်တပ်တစ်ခုကို လေ့ကျင်ပေးဖို့နဲ့ ကျွမ်းကျင်သူတွေကို ထိန်းကျောင်းဖို့အတွက် မင်းတို့ရဲ့အကူအညီကို ငါ လိုအပ်တယ်”

“ဒီကိစ္စက မင်းရဲ့တာဝန်တစ်ခုတည်း မဟုတ်ပါဘူး။ အဲဒါက ငါတို့အားလုံးရဲ့ဘုံရည်ရွယ်ချက်ပဲ”ကြယ်မျက်ရည်က ပြောလိုက်သည် “မင်းက မဟာထန်အင်ပါယာရဲ့ဧကရာဇ်ဖြစ်ပြီး ငါတို့အားလုံးက အင်ပါယာရဲ့အရာရှိတွေ ဖြစ်လာလိမ့်မယ်။ မင်းရဲ့ဉီးဆောင်မှုအောက်မှာ အင်ပါယာက အဆက်မပြတ် ကြီးထွားလာလိမ့်မယ်လို့ ငါ ယုံကြည်တယ်၊ ပြိုင်ဘက်ကင်းပါရမီရှင်တွေနဲ့စစ်မှန်တဲ့စွမ်းအားရှင်တွေက အဆက်မပြတ် ထွက်ပေါ်လာလိမ့်မယ်။ အဲအခါကျရင် ငါတို့က ရန်သူတွေအားလုံးကို အပြီးတိုင်သုတ်သင်ကြရတာပေါ့”

****

အချိန်က တရွေ့ရွေ့နှင့် လျှပ်တစ်ပြက်အတွင်း နှစ်များစွာ ကုန်ဆုံးသွားသည်။

လျှပ်တစ်ပြက်သလို ထင်ရသော်လည်း အင်မော်တယ်ကမ္ဘာသို့ ထန်ရှု ပြန်ရောက်လာသည်မှာ ဆယ်နှစ်ရှိပြီ။ ဤဆယ်စုနှစ်အတွင်း အစောပိုင်းကာလများက လှည့်လည်သွားလာခဲ့သည်ကလွဲ၍ သူက မြူနွေဉီးပင်လယ်ထဲတွင်သာ နေကာ ကျင့်ကြံခြင်းတွင် နှစ်မြုပ်ခဲ့ပြီး မြူနွေဉီးပင်လယ်၏အအနေအထားကလည်း အဆက်မပြတ် ပြောင်းလဲလာ၏။

လက်ရှိတွင် မြူနွေဉီးပင်လယ်တစ်ခုလုံးက ထန်ရှု၏ထိန်းချုပ်မှုအောက်တွင် ရှိသည်။ ကြီးမာသောကြယ်ပိုင်နက်တစ်ခုမဟုတ်သော်ငြား ဤနေရာတွင် သူက ကြီးမားသောစစ်တပ်တစ်ခုကို တည်ဆောက်ခဲ့၏။

ယခု စစ်တပ်လေးခုဖြစ်သည့် နဂါးစစ်တပ်၊ ကျားစစ်တပ်၊ ဖီးနစ်စစ်တပ်နှင့် သိုင်းစစ်တပ်တို့တွင် လူငါးသိန်းစီ ပါဝင်သည်။

ထို့ပြင် ဤဆယ်နှစ်အတွင်း စစ်တပ်လေးခု၏ကွန်မန်ဒါများဖြစ်ကြသည့် ထန်ကွမ်း၊ မိုအားဝူ၊ ဟောင်လဲ့နှင့် ချန်ရှောင်ဟွာတို့က သူတို့၏သက်ဆိုင်ရာစစ်တပ်ကို ဉီးဆောင်ကာ ပတ်ဝန်းကျင်ကြယ်ပိုင်နက်များဆီသို့ အဆက်မပြတ် သွားလာလှုပ်ရှားခဲ့သည်။ ထိုသို့သေခြင်းရှင်ခြင်းတိုက်ပွဲများနှင့် မကြာခဏတွေ့ကြုံရခြင်းကြောင့် သူတို့က တိုက်ပွဲအတွေ့အကြုံများ ကြွယ်ဝလာကြ၏။

ငြိမ်းအေးချောက်ကမ်းပါးတွင်။

ထန်ရှုက ချောက်ကမ်းပါးအစွန်းတွင် ရပ်ကာ သူ့ရှေ့တွင် ရပ်နေသော မဟာထန်အင်ပါယာ၏စစ်တပ်အရာရှိများကို ကြည့်လိုက်သည်။ ထို့နောက် သူက နက်ရှိုင်းသောအသံနှင့် ပြော၏ “ပိုင်နက်ချဲ့ထွင်ခြင်းစစ်ဆင်ရေးက အခု စတင်ပြီးလို့ ငါ ကြေညာတယ်…”

“သိပါပြီ၊ အရှင်…”

စစ်တပ်လေးခု၏ဗိုလ်ချုပ်နှင့်ကွန်မန်ဒါများက ဒူးထောက်ကာ ကျယ်လောင်စွာ အော်လိုက်ကြ၏။

နောက်အခိုက်အတန့်တွင် သူတို့က ထွက်သွားပြီးနောက် ကူးယန်အာက ထန်ရှုဘေးနားတွင် ထွက်ပေါ်လာ၏။ အပြုံးတစ်ခုက သူမ၏လှပသောမျက်နှာကို တန်ဆာဆင်သွားပြီး သူမက စပြောသည် “အခုပဲ ကျင်းရှီဆီကနေ သတင်းရတယ်။ အရက်မူးအင်မော်တယ်အန္တိမအရှင်ရဲ့နန်းတော်ကို သူ့ရဲ့ထောက်လှမ်းရေးတွေက ရှာတွေ့ခဲ့တယ်။ အဲဒီနန်းတော်ဖွင့်ဖို့ နှစ်နှစ်ကျန်သေးတယ်၊ ဒါပေမယ့် ကျွမ်းကျင်သူတွေများစွာက အင်မော်တယ်စံအိမ်ပိုင်နက်ဆီကို အပြေးအလွှား သွားနေကြတယ်။ ငါတို့ရော ဒီအဖြစ်အပျက်မှာ ပါဝင်မှာလား”

အင်မော်တယ်စံအိမ်ပိုင်နက်လား။ အရက်မူးအင်မော်တယ်အန္တိမအရှင်လား။

အံ့အားသင့်သောအကြည့်နှင့်အတူ ထန်ရှုက ပြောလိုက်သည် “လွန်ခဲ့တဲ့နှစ်ရှစ်သောင်းခန့်လောက်က အရက်မူးအင်မော်တယ်အန္တိမအရှင်က အင်မော်တယ်ကမ္ဘာတစ်ခုလုံးမှာ ပြိုင်ဘက်အနည်းငယ်ပဲ ရှိခဲ့တဲ့ အရမ်းအားကောင်းတဲ့ကျွမ်းကျင်သူတစ်ယောက်ပဲ။ နတ်ဘုရားကမ္ဘာကို တက်လှမ်းတဲ့အချိန်မှာ အင်မော်တယ်ကမ္ဘာမှာ သူ့ရဲ့အမွေအနှစ်ကို ချန်ထားခဲ့တယ်လို့ ကောလဟာလရှိတယ်။ အဲဒါကို အခု ရှာတွေ့သွားလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူးပဲ”

“လွန်ခဲ့တဲ့နှစ်သိန်းချီမှာ အင်မော်တယ်ကမ္ဘာတစ်ခုလုံးမှာ နတ်ဘုရားကမ္ဘာကို တက်လှမ်းခဲ့တဲ့စွမ်းအားရှင်တွေရဲ့အရေအတွက်က တစ်ရာအောက်ပဲ ရှိတယ်”ကူးယန်အာက သက်ပြင်းချလိုက်သည် “ဒီတစ်ရာထဲမှာ အရက်မူးအင်မော်တယ်အန္တိမအရှင်က ထင်ရှားတဲ့သူတွေထဲမှာ ပါတယ်။ သူချန်ထားခဲ့တဲ့အမွေအနှစ်က စွမ်းအားရှင်တွေအမြောက်အများကို အရူးအမူးဖြစ်စေမှာ သေချာတယ်”

“ရှေးဟောင်းမှတ်တမ်းတွေအရ သူချန်ထားခဲ့တဲ့လျှို့ဝှက်နန်းတော်က အန္တိမအဆင့်စွမ်းအားရှင်တွေဝင်ရောက်တာကို တားမြစ်ထားတယ်လို့ အရက်မူးအင်မော်တယ်အန္တိမအရှင်က ပြောခဲ့တယ်။ သူ့ရဲ့အမွေအနှစ်ကို ရယူဖို့ဆိုရင် အများဆုံးပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်ရှိရမယ်။ ဒါ့အပြင် ကျင့်ကြံခြင်းအဆင့်က ပိုမြင့်မားလေလေ၊ လျှို့ဝှက်နန်းတော်ထဲမှာ ရင်ဆိုင်ရမယ့် အန္တရာယ်က ပိုများလေလေပဲ”

“ဒါဆို ဒါက ငါတို့အတွက် အတော်လေးသင့်တော်တဲ့နေရာတစ်ခုလို့ ငါ ထင်တယ်၊ မဟုတ်ဘူးလား”ကူးယန်အာက ပြုံးလိုက်သည်။

ထန်ရှုက ခေါင်းညိတ်ပြကာ ခဏစဉ်းစားလိုက်သည်။ ထို့နောက် သူက ပြော၏ “ဒါက ကြီးမားတဲ့အခွင့်အလမ်းတစ်ခုပဲ၊ ဒါကြောင့် ငါတို့သွားရမယ်။ အရိုးသားဆုံးပြောရရင် အရက်မူးအင်မော်တယ်အန္တိမအရှင်ချန်ထားခဲ့တဲ့အမွေအနှစ်ကို ငါ အများကြီး စိတ်မဝင်စားပေမယ့် သူချန်ထားခဲ့တဲ့အင်မော်တယ်ရတနာတွေကို ငါတို့ လိုအပ်တယ်။ လွန်ခဲ့တဲ့နှစ်ရှစ်သောင်းခန့်က အရက်မူးအင်မော်တယ်အန္တိမအရှင်က အချမ်းသာဆုံးအင်မော်တယ်ဖြစ်ခဲ့တယ်”

“အခုကနေစပြီး သုံးနှစ်လောက်ကျမှ လျှို့ဝှက်နန်းတော်က ဖွင့်လိမ့်မယ်”ကူးယန်အာက ပြောသည် “ဒီနေရာကနေ အဲကို သွားဖို့ နှစ်နှစ်နီးပါး ကြာလိမ့်မယ်။ လမ်းမှာ ပြဿနာတွေနဲ့ ရင်ဆိုင်ရရင် ငါတို့က ပိုကြာမှာကို စိုးရိမ်တယ်”

“ယန်အာ၊ မင်းက ဒီနေရာမှာ နေပြီး ငါ့အတွက် မဟာထန်အင်ပါယာကို စောင့်ရှောက်ရမယ်”ထန်ရှုက ပြောလိုက်သည်။

“မရဘူး။ ငါ မနေချင်ဘူး၊ ဆရာ”ကူးယန်အာက အားတင်းပြုံးလျက် ငြင်းပယ်လိုက်သည် “မဟာထန်အင်ပါယာကို စီမံခန့်ခွဲပေးဖို့ ဒေါ်လေးကြယ်မျက်ရည်ကို ငါ မေးပြီးပြီ”

“အဲလို လုပ်လို့မရဘူး”ထန်ရှုက ခေါင်းခါယမ်းကာ ပြောလိုက်သည် “အန်တီကြယ်မျက်ရည်ရဲ့စရိုက်လက္ခဏာက ဒီအလုပ်အတွက် မသင့်တော်ဘူး”

“ဒါပေမယ့်….”ကူးယန်အာ၏နှုတ်ခမ်းများက လှုပ်ရှားသွားလျက် သူမက ထပ်ငြင်းချင်သည်။

ထန်ရှုက လက်မြှောက်ကာ တားလျက် လေးနက်စွာ ပြောလိုက်သည် “မင်းရဲ့စိတ်ထဲမှာ ဘာရှိတယ်ဆိုတာ ငါ နားလည်တယ်၊ ယန်အာ။ မဟာထန်အင်ပါယာကို စီမံခန့်ခွဲဖို့အတွက် မင်းကပဲ ငါ့ကို စိတ်အေးစေနိုင်မှာ”

“ဒါပေမယ့် ငါ…”

“ကျေးဇူးပြုပြီး ငါ့ကို ကတိပေးပါ၊ ယန်အာ”

ထန်ရှုက သူမကို ပွေ့ဖက်ကာ ပြောလိုက်သည် “ယန်အာ၊ အရက်မူးအင်မော်တယ်အန္တိမအရှင်ရဲ့လျှို့ဝှက်နန်းတော်က အန္တရာယ်အရမ်းများတယ်။ မင်းက မတော်တဆတစ်ခုခုဖြစ်သွားမှာကို ငါ စိုးရိမ်တယ်။ မင်း ဒီနေရာမှာ နေမှပဲ ငါ စိတ်အေးမှာ။ မင်းဆရာရဲ့စွမ်းရည်နဲ့ ပတ်သက်ပြီး မင်းက ရှင်းရှင်းလင်းလင်းသိမယ်ဆိုတာ သေချာတယ်။ ငါ့ရဲ့ပခုံးအထက်မှာ လေးလံတဲ့အရာတစ်ခုမှ မရှိဘူးဆိုရင် လျှို့ဝှက်နန်းတော်ထဲမှာ ရတနာတွေရဖို့ အခွင့်အရေးက အများကြီး တိုးလာလိမ့်မယ်။ ငါပြန်လာတာကိုပဲ စောင့်နေပါ”

ကူးယန်အာက အလွန်ဆန္ဒမရှိသော်လည်း ထန်ရှုက သူမကို အရင်ပွေ့ဖက်ကာ ယခုလို ပြောလာသောကြောင့် သူမက ဘာမှမပြောနိုင်ပေ။ သူမက တိတ်တဆိတ်ခေါင်းညိတ်လျက် ပြော၏ “ဒါပေမယ့် မင်း ဂရုစိုက်ရမယ်နော်၊ ဆရာသခင်။ အဲကနေ ဘာတစ်ခုမှ မရရင်တောင် ဘေးကင်းကင်းနဲ့ ပြန်လာရမယ်”

All Chapters