← Chapters

ခြေရာခံကာ လိုက်ဖမ်းခြင်း

Vol. 96 Ch. 1341

ခြေရာခံကာ လိုက်ဖမ်းခြင်း

Vol. 96 Ch. 1341

မဟာထန်အင်ပါယာ၏စစ်ပွဲပြင်ဆင်မှုနှင့် ကျင့်ကြံသူသန်းချီအတွက် လိုအပ်သော အရင်းအမြစ်က ကိန်းဂဏန်းကြီးမားလှသည်။ အသင်္ချေမိုးကြိုးအန္တိမအရှင်၊ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ခြောက်ယောက်နှင့် ရွှေအင်မော်တယ်ဆယ်ယောက်တို့ကို သတ်ဖြတ်ပြီးနောက် ရရှိခဲ့သောအရင်းအမြစ်က အင်ပါယာ၏အပူတပြင်းလိုအပ်မှုကို ဖြေရှင်းပေးခဲ့သော်လည်း အရေအတွက်က ရေရှည်ကျင့်ကြံခြင်းကုန်ကျစရိတ်အတွက် ကာမိရန် အများကြီးလိုအပ်သေး၏။

လူအများကြီးမခေါ်ဘဲ ကြယ်မျက်ရည်နှင့်စေဘယ်မိစ္ဆာကင်းမြီးကောက်တို့နှစ်ယောက်ဖြင့်သာ ထန်ရှုက မြူနွေဉီးပင်လယ်မှ ထွက်လာခဲ့သည်။ သူက ထွက်ခွာလာချိန်တွင် တံခါးပိတ်ကျင့်ကြံနေသည်ဟု ကြေညာခဲ့၏။

****

ရီနောက်မြို့၊ အင်မော်တယ်လိုင်ဇီယန်။

ထန်ရှုက မြို့အပြင်ဘက်သို့ ဆင်းသက်လာပြီး အင်မော်တယ်စစ်သားတစ်ရာကို မြင်သောအခါ အတွေးပါသောအကြည့်တစ်ခုက သူ့မျက်လုံးများထဲ၌ ထွက်ပေါ်သွား၏။ လက်ရှိတွင် ထိုစစ်သားများက စစ်ဆေးမှုတစ်ခုကို ပြုလုပ်နေပြီး မြို့ထဲသို့ ဝင်ရောက်သည့် လူတစ်ယောက်ချင်းစီကို မေးမြန်းနေသည်။

“မင်းရဲ့ကျောက်စိမ်းဖြတ်သန်းခွင့်ဖြတ်ပိုင်းကို ပြပါ”

ထန်ရှုက မြို့ဂိတ်သို့ ရောက်ရှိလာသောပခါ စစ်သားတစ်ယောက်က မျက်မှောင်ကြုတ်လိုက်ပြီး သူ့မျက်လုံးများက ထန်ရှုပေါ်တွင် ရစ်ဝဲသွား၏။

ထန်ရှုက ကျောက်စိမ်းဖြတ်သန်းခွင့်ဖြတ်ပိုင်းကို ယူထုတ်ကာ သူ့ထံ ကမ်းပေးလိုက်သည်။

“ဘယ်နေရာက လာတာလဲ”စစ်သားက ကျောက်စိမ်းဖြတ်ပိုင်းကို တစ်ချက်ကြည့်ကာ မေးလိုက်၏။

“မြူနွေဉီးပင်လယ်”ထန်ရှုက ဖြေသည်။

စစ်သား၏မျက်လုံးများက ထပ်မံလင်းလက်သွားကာ မေးလိုက်သည် “မင်းက မဟာထန်အင်ပါယာရဲ့အဖွဲ့ဝင်တစ်ယောက်လား”

“ဟုတ်တယ်”ထန်ရှုက ပြုံးကာ ပြန်ဖြေသည်။

“ရီနောက်မြို့ထဲမှာ တိုက်ခိုက်ခွင့်မရှိဘူး၊ မမှန်မကန်လုပ်တာတွေလဲ ခွင့်မပြုဘူး”စစ်သားက ပြောသည် “မင်းက ဒီနေရာမှာ မင်းရဲ့ရန်သူတွေနဲ့ တွေ့မယ်ဆိုရင် မင်းတို့ရဲ့ရန်ငြိုးကို ဖြေရှင်းဖို့အတွက် မြို့ကနေ ထွက်သွားပါ ဒါမှမဟုတ် သူတို့ကို တိုက်ခိုက်ဖို့အတွက် အကျဉ်းသားပြိုင်ကွင်းကို သွားပါ။ ဉပဒေကို ချိုးဖောက်တဲ့ ဘယ်သူ့ကိုမဆို အင်မော်တယ်အစောင့်အရှောက်အဖွဲ့က ဖမ်းဆီးရလိမ့်မယ်”

“ဒီမတိုင်ခင်တုန်းက ရီနောက်မြို့မှာ ဒီလိုဉပဒေတွေ မရှိဘူးမလား”ထန်ရှုက မေးလိုက်သည်။

“ဟမ့်”စစ်သားက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည် “ရီနောက်မြို့ရဲ့ဉပဒေတွေကို လွန်ခဲ့တဲ့တစ်နှစ်ကျော်ကမှ စတင်အကောင်အထည်ဖော်ခဲ့တာ၊ လက်ရှိမှာ အင်မော်တယ်လိုင်ဇီယန်ရဲ့လွှမ်းမိုးအောက်မှာရှိတဲ့မြို့တိုင်းမှာ ဒါကို အသုံးချနေပြီ။ ဒီစည်းမျဉ်းတွေက အကျိုးအကြောင်းမညီညွတ်ဘူးလို့ထင်ရင် မင်း မြို့ထဲကို ဝင်ဖို့ မလိုဘူး”

ငါ့အကြံဉာဏ်အတိုင်း အလှလေးက အင်မော်တယ်လိုင်ဇီယန်ရဲ့လွှမ်းမိုးမှုအောက်မှာရှိတဲ့အပြင်လူတွေကို စတင်ရှင်းလင်းခဲ့ပြီးဖြစ်ပုံပဲ။ သူမရဲ့အမိန့်နဲ့ဆိုရင် မကြာခင်မှာ မဟာထန်အင်ပါယာရဲ့စစ်တပ်က အင်မော်တယ်လိုင်ဇီယန်လက်အောက်မှာရှိတဲ့ ပိုင်နက်တွေကို သိမ်းပိုက်လိမ့်မယ်။

ဒါဆို မဟာထန်အင်ပါယာက အင်မော်တယ်လိုင်ဇီယန်ရဲ့ပိုင်နက်တစ်ခုလုံးကို စုပ်ယူခဲ့မယ်ဆိုရင် အင်မော်တယ်စစ်တပ်သိန်းချီကလဲ မဟာထန်အင်ပါယာရဲ့စစ်တပ်ဖြစ်လာလိမ့်မယ်။ နောက်ဆယ်နှစ်မှာ မဟာထန်အင်ပါယာက လက်ရှိအင်မော်တယ်လိုင်ဇီယန်ပိုင်နက်ရဲ့နှစ်ဆလောက်ကို သိမ်းပိုက်ဖို့ များတယ်။ အဲအချိန်ကျရင် ငါတို့စစ်တပ်ရဲ့ခွန်အားက နှစ်ဆဖြစ်လာလိမ့်မယ်။

ထန်ရှုက ကျောက်စိမ်းဖြတ်သန်းခွင့်ဖြတ်ပိုင်းကို ပြန်သိမ်းလိုက်သည်။ မြို့ထဲသို့ ဝင်လာပြီးနောက် သူက အားတင်းပြုံးလိုက်၏။

ဒါပေမယ့် မဟာထန်အင်ပါယာက သိမ်းပိုက်ထားတဲ့ ပိုင်နက်က ပိုကြီးမားလေ၊ လိုအပ်တဲ့အရင်းအမြစ်က ပိုများလေပဲ။ နောက်ဆယ်စုနှစ်အတွင်းမှာ မဟာထန်အင်ပါယာက အရင်းအမြစ်တွေ ပြတ်လတ်မှာ မဟုတ်ဘူးဆိုပေမယ့် ဒီအချိန်အတောအတွင်း အရင်းအမြစ်တွေကို ထပ်မစုဆောင်းနိုင်ဘူးဆိုရင် ငါတို့က အဆုံးသတ်သွားရလိမ့်မယ်။

အချိန်အတန်ကြာပြီးနောက် အတွေးအားလုံးကို မောင်းထုတ်ကာ ထန်ရှုက မြို့ထဲကို ပတ်ကြည့်လိုက်သည်။ ဤတစ်ကြိမ်တွင် သူနှင့်အတူ အင်မော်တယ်သလင်းကျောက်နှင့်သလင်းကျောက်အဆီအနှစ်တို့ကို မယူလာခဲ့ပေ၊ အားလုံးကို ကူရှောက်ရွှယ်ထံ ပေးခဲ့သည်။

သို့သော် အသင်္ချေမိုးကြိုးအန္တိမအရှင်နှင့် ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်ခြောက်ယောက်ဆီမှ ရထားသော အင်မော်တယ်ရတနာများကိုမူ ယူလာခဲ့သည်။ သူတို့ထဲမှ အချို့ကို အင်မော်တယ်ကမ္ဘာ၏အနက်ရောင်ဈေးကွက်တွင် ရောင်းချရန် စီစဉ်ထားသည်။ တကယ်တော့ အသင်္ချေမိုးကြိုးအန္တိမအရှင်တို့ကို သတ်ဖြတ်ပြီး အထွတ်အထိပ်အသင်္ချေမှတ်စုတို့ကို ကယ်ဆယ်ရာ၌ မဟာထန်အင်ပါယာ၏ပါဝင်မှုက ပေါက်ကြားလို့မရသည့်ကိစ္စတစ်ခုဖြစ်သည်။ ထို့ကြောင့် သူတို့ထံမှရရှိသည့်ပစ္စည်းများကို ပေါ်တင်ရောင်းချလို့မရပေ၊ သို့မဟုတ်လျှင် ဇီသာဗျတ်စောင်းနတ်ဆိုးကျိုးယောင်၏လူများက သိရှိသွားပေလိမ့်မည်။

မြို့၏မြောက်ဘက်ပိုင်းတစ်နေရာတွင် ထန်ရှုက တိမ်နင်းသားရဲတစ်ကောင်ကို စီးလျက် သွားနေသည်၊ တိမ်နင်းသားရဲများကို စီးလျက် ရုပ်ဖျက်ထားသည့်အမျိုးသားနှင့်အမျိုးသမီးများက သူ့နောက်မှ လိုက်ပါလာသည်။

“အဲကို ရောက်ဖို့ ဘယ်လောက်ကြာမှာလဲ”

နဖူးပေါ်တွင် အပြာရင့်ရောင်အကွက်တစ်ခုနှင့် ကျစ်ဆံမြီးကျစ်ထားသည့်လူတစ်ယောက်က ဘေးသို့ ကြည့်ကာ လမ်းညွှန်လူငယ်ကို မေးလိုက်သည်။

“အလျင်မလိုပါနဲ့”လူငယ်က ပြုံးကာ ပြောသည် “အများဆုံး အမွေးတိုင်တစ်တိုင်စာအတွင်းမှာ ညနေချိန်ဈေးကို ရောက်လိမ့်မယ်။ အဲကို ရောက်ရင် မင်းတို့က အင်မော်တယ်ရတနာတွေကို ရောင်းချင်တာပဲဖြစ်ဖြစ် ဝယ်ချင်တာပဲဖြစ်ဖြစ် ကျေနပ်စေရမယ်လို့ အာမခံတယ်”

“ညနေချိန်ဈေးကွက်က မြို့တစ်မြို့ချင်းစီရဲ့အရွယ်အစားကို လိုက်ပြီး ကွာခြားတယ်”ထန်ရှုက ရုတ်တရက် ကြားဖြတ်ပြောသည် “ရီနောက်မြို့က အင်မော်တယ်လိုင်ဇီယန်ထဲမှာ မြို့ကြီးတစ်မြို့လို့ ဆိုလို့ရပေမယ့် အင်မော်တယ်ကမ္ဘာတစ်ခုလုံးမှာဆိုရင် အလယ်အလတ်မြို့တစ်ခုလို့ပဲ သတ်မှတ်လို့ရမယ်။ ဒီနေရာက ညနေချိန်ဈေးက အခြားမြို့ကြီးအချို့ရဲ့ညနေချိန်ဈေးထက် ပိုကြီးလား”

လူငယ်က ထန်ရှုဘက် လှည့်ကာ သူ့ကို ခဏကြည့်သည်။ ထို့နောက် သူက ပြုံးကာ ပြောလိုက်၏ “ရောင်းရင်းအင်မော်တယ်၊ ခင်ဗျားက အင်မော်တယ်လိုင်ဇီယန်မှာ လှည်လည်သွားလာခဲတယ်မလား”

“ဟုတ်တယ်၊ ဒီနေရာကို တစ်ကြိမ်ပဲ ငါ ရောက်ဖူးတယ်”ထန်ရှုက ပြောသည်။

“ဟုတ်တယ်၊ ခင်ဗျားပြောတာ မှန်တယ်”လူငယ်က ပြုံးကာ ပြောလိုက်သည် “အင်မော်တယ်လိုင်ဇီယန်တစ်ခုလုံးမှာ ညနေချိန်ဈေးရှိတာ သုံးမြို့ပဲ ရှိတယ်၊ ရီနောက်မြို့ထဲကတစ်ခုက အကြီးဆုံးပဲ။ ခင်ဗျားက အင်မော်တယ်လိုင်ဇီယန်နဲ့ ၎င်းရဲ့ပတ်ဝန်းကျင်က အခြားအင်မော်တယ်ပိုင်နက်သုံးခုနဲ့ ရင်းနှီးကျွမ်းဝင်တယ်ဆိုရင် ရီနောက်မြို့က ညနေချိန်ဈေးက ဒီအင်မော်တယ်ပိုင်နက်လေးခုထဲမှာ အကြီးဆုံးဆိုတာ သိလိမ့်မယ်”

ထန်ရှုက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ လူငယ်၏မှတ်ချက်ကြောင့် ရီနောက်မြို့က ပြောင်းလဲမှုအချို့ ရှိသည်ကို ထန်ရှုက သဘောပေါက်လိုက်သည်၊ သူ့ဘေးနားရှိ ကျန်လူများကလည်း အမူအရာအနည်းငယ်ပြောင်းလဲသွားသည်ကို သူက သိ၏။ သူတို့တွင် သတ်ဖြတ်လိုသောရည်ရွယ်ချက်များ ရှိပုံရ၏။

ဒိကောင်က သတ်ဖြတ်လိုစိတ်ကို ဖုံးကွယ်ထားတာပဲ။

လူငယ်က လူကောင်းတစ်ယောက်မဟုတ်သည်ကို ထန်ရှုက ချက်ချင်းသိလိုက်သည်။ သတ်ဖြတ်ခြင်းဆန္ဒတစ်ခုက သူ့နှလုံးသားထဲ၌ ရုတ်တရက် တိုးထွက်လာသည်။ သို့သော် ထိုအကောင်က သူ့ကို မတိုက်ခိုက်သေးပေ၊ ထို့ကြောင့် သူက မစတင်ခဲ့ပေ။ သို့သော် မမြင်ကွယ်ရာနေရာအချို့သို့ ရောက်လျှင် ဤလူငယ်ကို သတ်ရန် သူက စဉ်းစားထားသည်။

ညနေချိန်ဈေး။

ရီနောက်မြို့၏ အနောက်မြောက်ပိုင်းတွင် တည်ရှိကာ ဈေးက မြို့၏ဆယ်ပုံတစ်ပုံကို လွှမ်းခြုံထားသည်။ ဧရိယာက အဆောက်အဉီးများဖြင့် ပြည့်နေပြီး ဆိုင်အရေအတွက် သန်းချီရှိ၏။

တက်လှမ်းခြင်းဒယ်စောက်စံအိမ်။

၎င်းက ထန်ရှု၏ပန်းတိုင်ဖြစ်ပြီး သူနှင့် အလွန်ရင်းနှီးသောအနက်ရောင်ဈေးကွက်၏ဈေးဆိုင်တစ်ခုဖြစ်သည်။ ဆိုင်ကို ကောင်းကင်ဘုံဒယ်စောက်လူအိုကြီးတစ်ယောက်က လွန်ခဲ့သောနှစ်သောင်းချီက တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ယခုဆိုလျှင် အနက်ရောင်ဈေးရှိသည့်မြို့တိုင်းတွင် ဆိုင်ခွဲများရှိသည်။

“ဟမ်”

ထန်ရှုက တက်လှမ်းခြင်းဒယ်စောက်စံအိမ်၏အရှေ့တံခါးသို့ ဝင်သွားသည့်အခိုက်တွင် အလင်းတစ်ခုက သူ့မျက်လုံးများထဲတွင် လက်သွားသည်၊ လမ်းပြလူငယ်က အဝေးရှိ ဆယ်ကီလိုမီတာထောင့်တွင် ထွက်ပေါ်လာသည်ကို သတိထားမိလိုက်သောကြောင့်ပင်။ သို့သော် လက်ရှိတွင် သူနှင့်အတူ အခြားလူရွယ်နှစ်ယောက် ပါလာသည်။

“ကောင်းပြီလေ၊ မင်းက သေဖို့ ရှာနေမှတော့ မင်းကို ငရဲကို ပို့ရတာပေါ့”

ထန်ရှုက စိတ်ထဲ၌ နှာခေါင်းရှုံ့လိုက်သည်။ စံအိမ်ထဲသို့ ဝင်ပြီးနောက် လှပသောအမျိုးသမီးကျင့်ကြံသူတစ်ယောက်က သူ့ကို ကြိုဆိုလာသည်။ သူမ၏ကျင့်ကြံခြင်းက အခြေတည်စိတ်ဝိညာဉ်အဆင့်သာ ရှိသော်လည်း သူမ၏အပြုံးတွင် ညှို့ဓာတ်ပညာရပ်အချို့ကို အသုံးပြုနေသည်၊ သူမက ညှို့ဓာတ်ပညာရပ်အချို့ကို ကျင့်ကြံထားမှန်း ဖော်ပြပေသည်။

“ငါတို့ရဲ့ဆိုင်ကနေ ကြိုဆိုပါတယ်၊ ဧည့်သည်တော်”

အမျိုးသမီးက ထန်ရှုထံ လျှောက်လာကာ ပြုံးလျက် နှုတ်ဆက်သည်။

“မင်းရဲ့ညှို့ဓာတ်ပညာရပ်က ငါ့အပေါ်မှာ အသုံးမဝင်တဲ့အတွက် အဲဒါကို ဖယ်လိုက်ပါ”ထန်ရှုက ပြော၏ “ငါ့ကို အင်မော်တယ်ရတနာတွေဝယ်တဲ့နေရာကို ခေါ်သွားပါ။ ငါ ရောင်းစရာတချို့ရှိတယ်”

အမျိုးသမီး၏အသားအရောင်က အနည်းငယ်ပြောင်းလဲသွားပြီး သူမ၏အမူအရာက ပိုရိုသေလေးစားသွားသည်။ ညှို့ဓာတ်ပညာရပ်ကို ရုပ်သိမ်းပြီးနောက် သူမက ထန်ရှုကို အင်မော်တယ်ရတနာများဝယ်ယူသည့်လျှို့ဝှက်ခန်းတစ်ခုသို့ ခေါ်သွား၏။

“ကြိုဆိုပါတယ်”

မီးခိုးရောင်ဝတ်ရုံနှင့် လူအိုကြီးတစ်ယောက်က နှုတ်ဆက်လာသည်။ သူ၏အိပ်ချင်သောမျက်နှာက ရုတ်တရက် ပြောင်းလဲသွားပြီး အပြုံးတစ်ခုက သူ၏အသက်ရလာသောမျက်နှာပေါ်တွင် ထွက်ပေါ်လာ၏။

ထန်ရှုက စိတ်ထဲ၌ တုန်လှုပ်သွား၏။ သူက ဤလူအိုကြီးကို မြင်ဖူးသည်။ ထိုအချိန်က လွန်ခဲ့သောနှစ်လေးထောင်ကဖြစ်ပြီး အခြားမြို့တစ်ခုရှိ တက်လှမ်းခြင်းဒယ်စောက်စံအိမ်၏ဆိုင်ခွဲတစ်ခုတွင် ဖြစ်၏။ ထိုအချိန်က ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်အဆင့်ရှိသည့်တူညီသောလူတစ်ယောက်ကပင် သူ့ကို ကြိုဆိုခဲ့သည်ကို မှတ်မိသည်။ အခုဆိုရင် သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က ဘယ်အထိ ရောက်သွားပြီလဲ။ သူက အန္တိမအဆင့်ကို ချိုးဖြတ်သွားပြီလား။

“နှုတ်ဆက်ပါတယ်၊ ရောင်းရင်းအင်မော်တယ်”ထန်ရှုက အနည်းငယ်ခေါင်းညိတ်ကာ ပြောသည်။

လူအိုကြီးက ပြုံးကာ ပြော၏ “မင်းက အင်မော်တယ်ရတနာအချို့ကို ရောင်းဖို့ လာတာမလား၊ မိတ်ဆွေလေး။ မစိုးရိမ်ပါနဲ့၊ ငါ့ရဲ့တက်လှမ်းခြင်းဒယ်စောက်စံအိမ်က မျှတတဲ့ဈေးနှုန်းကို ပေးပြီး ယုံကြည်စိတ်ချဖို့ကိုလဲ အာမခံတယ်။ ရောင်းသူက အင်မော်တယ်ရတနာတွေကို ဘယ်လိုရခဲ့သလဲ ဒါမှမဟုတ် ဇစ်မြစ်တွေကို မမေးဘူး။ ငါတို့က ရတနာတွေကိုပဲ ဝယ်ယူစုဆောင်းတယ်”

“ဒါကြောင့် ကျုပ်က ခင်ဗျားတို့ရဲ့ဆိုင်ကို ဝင်လာခဲ့တာပေါ့”ထန်ရှုက ပြုံးကာ ပြန်ဖြေ၏။

ထိုသို့ပြောပြီးနောက် သူ့ကို ခေါ်လာသည့်အမျိုးသမီးက လျှို့ဝှက်ခန်းတံခါးကို အပြင်မှ ပိတ်လိုက်သည်ကို မြင်၏။ ထို့နောက် ထန်ရှုက သိုလှောင်လက်စွပ်တစ်ကွင်းကို ယူထုတ်ကာ ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည် “အထဲမှာ အင်မော်တယ်ရတနာတွေ ၁၇၂ခုရှိတယ်။ ကျေးဇူးပြုပြီး သူတို့ကို အကဲဖြတ်ပြီး ခင်ဗျားရဲ့ကမ်းလှမ်းမှုကို ပြောပါ၊ ရောင်းရင်းအင်မော်တယ်။ ခင်ဗျားရဲ့ဈေးကို ကြိုက်ရင် ကျုပ်တို့တွေ ချက်ချင်းအရောင်းအဝယ်လုပ်ကြတာပေါ့”

လူအိုကြီးက ခေါင်းညိတ်ကာ ပြောလိုက်သည်။ သူက လက်စွပ်ကို ယူကာ အထဲသို့ စိတ်ဝိညာဉ်အာရုံနှင့် စစ်ဆေးလိုက်သည်၊ သူ့အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး နက်ရှိုင်းသောအကြည့်နှင့် ထန်ရှုကို မော့ကြည့်လိုက်သည်။

နှစ်နာရီကြာပြီးနောက် လူအိုကြီးက ခေါင်းထပ်မော့ကာ ထန်ရှုကို ပြုံးလျက် ကြည့်သည် “အင်မော်တယ်ရတနာ၁၇၂ခု၊ စုစုပေါင်းတန်ဖိုးက သလင်းကျောက်အဆီအနှစ်၂၈သန်း။ ဒါက မင်းကို ပေးနိုင်တဲ့ အမြင်ဆုံးဈေးပဲ။ ဒီမိတ်ဆွေလေးက သဘောတူတယ်ဆိုရင် အခုပဲ အရောင်းအဝယ်လုပ်ကြတာပေါ့”

“ကောင်းပြီလေ၊ ဈေးက အတော်လေးမျှတပါတယ်၊ လဲလှယ်ကြတာပေါ့”ထန်ရှုက ရယ်လိုက်သည်။

လူအိုကြီးက ပြုံးပြလိုက်သည်။ အင်မော်တယ်ရတနာ၁၇၂ခုကို ယူထုတ်ပြီးနောက် လက်စွပ်ထဲသို့ သလင်းကျောက်အဆီအနှစ်၂၈သန်းကို ပြန်ထည့်ကာ ထန်ရှုထံ ကမ်းပေးလိုက်၏ “မင်းနဲ့ အရောင်းအဝယ်လုပ်ရတာ တကယ် ပျော်ဖို့ကောင်းတယ်၊ မိတ်ဆွေလေး။ မင်းလို ဈေးမဆစ်တဲ့ဖောက်သည်တွေကို ငါ သဘောကျတယ်။ နောက်ကျလို့ မင်းမှာ ရောင်းစရာတစ်ခုခုရှိရင် ငါ့ရဲ့တက်လှမ်းခြင်းဒယ်စောက်စံအိမ်ကို လာပါ။ ညနေချိန်ဈေးထဲက အခြားဆိုင်တွေထက် ငါတို့ပေးမယ့်ဈေးက သေချာပေါက် ပိုမြင့်စေရမယ်”

“သေချာတာပေါ့”ထန်ရှုက ပြုံးကာ ပြောလိုက်သည်။

ထိုသို့ပြောပြီးနောက် သူက နှုတ်ဆက်ကာ ထွက်ခွာလာသည်။ တက်လှမ်းခြင်းဒယ်စောက်စံအိမ်မှ ထွက်လာပြီးနောက် ထိုသုံးယောက်က ရှိနေသေးသည်ကို တွေ့ရှိလိုက်သည်။ သူ့ကို မြင်သည့အခိုက်တွင် သူတို့၏အမူအရာက တင်းမာသွား၏။

ရုတ်တရက် ထန်ရှု၏အမူအရာက ပြောင်းလဲသွားသည်။ အဝေးရှိ မီတာတစ်သောင်းအကွာတွင် တိုက်ပွဲချပ်ဝတ်များနှင့် အင်မော်တယ်စစ်သားများက အင်မော်တယ်လေးယောက်အား လိုက်လံသတ်ဖြတ်နေသည်ကို သတိထားမိလိုက်သည်။

All Chapters