← Chapters

သတ်ဖြတ်ရန်အတွက် ထပ်မံဝါးမျိုခြင်း

Vol. 96 Ch. 1343

သတ်ဖြတ်ရန်အတွက် ထပ်မံဝါးမျိုခြင်း

Vol. 96 Ch. 1343

အုပ်ချုပ်သူအရှေ့ပိုင်းဝူက ဒေါသထွက်သွားသည်။ သူက တွေးထားသလောက် မသန်မာသည်ကို သဘောပေါက်သည်။ တစ်ချိန်က သူ့ထက် အများကြီးအားနည်းသည်ဟု တွေးထားသောသူကပင် သူ့ကို အရှက်ရစေသည်။ ချက်ချင်းလျှင်ပင် သူက အနက်ရောင်ဆေးတစ်လုံးကို ယူကာ ဝါးမျိုလိုက်၏။

“ဒါဆိုလဲ မင်းက ဘာလုပ်နိုင်သလဲဆိုတာ ငါ့ကို ပြပါ”

အလင်းစီးကြောင်းများက သူ့အင်မော်တယ်ဓားမှ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ မရေမတွက်နိုင်သောဓားရောင်ခြည်တန်းများက ဓားရောင်ခြည်တန်းတစ်သောင်းအဖြစ်သို့ ပေါင်းစပ်သွားပြီး မိစ္ဆာအိုကြီးရီကျွမ်းထံ ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။ တစ်ချိန်တည်းတွင် သူ့ပုံရိပ်က သုံးပိုင်းကွဲသွားပြီး သူတို့ထဲမှ နှစ်ယောက်က ရီကျွမ်း၏ဘေးနားတွင် ထွက်ပေါ်လာကာ ပြင်းထန်သောထိုးနှက်မှုများကို ထုတ်ဖော်လိုက်၏။

“ကိုယ်ပွားသုံးခုပညာရပ်လား”

မိစ္ဆာအိုကြီးရီကျွမ်းက ရုတ်တရက် သတိကြီးသွားသည်။ သူက အရှေ့ပိုင်းဝူနှင့် အလွန်ရင်းနှီးပြီး ဤအကွက်က ထိုလူ၏အားအကောင်းဆုံးတိုက်ကွက်ဖြစ်သည်ကို သိသည်။ ထို့ကြောင့် သူ့လက်အိတ်မှ လက်သည်းအရွယ်အစားဉီးခေါင်းခွံနက်ကို လျင်မြန်စွာ ယူထုတ်လိုက်၏။ လျှပ်တစ်ပြက်အတွင်း ၎င်း၏အရွယ်အစားက အဆတစ်ထောင်ကြီးမားသွားပြီး ချီတာအရွယ်အစားအနက်ရောင်သားရဲများက ဉီးခေါင်းခွံ၏နား၊ နှာခေါင်းနှင့် လည်ချောင်းတို့မှ ထွက်လာကာ အစွယ်ကို ထုတ်ပြလျက် အုပ်ချုပ်သူအရှေ့ပိုင်းဆီ ပြေးဝင်တိုက်ခိုက်၏။

အနက်ရောင်သားရဲများက ဓားရောင်ခြည်တန်းများအဖြစ်သို့ ပြောင်းလဲထားသည့် အရှေ့ပိုင်းဝူ၏မွေးရာပါအင်မော်တယ်လက်နက်ကို တားဆီးလိုက်သည်။ တခဏအတွင်း ဓားဝင်္ကပါတစ်ခုက လေထဲတွင် ဖွဲ့စည်းသွားကာ ဓားရောင်ခြည်တန်းသုံးခုက ပေါက်ကွဲထွက်သွား၏။

အုပ်ချုပ်သူအရှေ့ပိုင်းဝူ၏အမူအရာက အပြင်းအထန် ပြောင်းလဲသွား၏။ အနက်ရောင်သားရဲသုံးကောင်က ဓားဝင်္ကပါသုံးခုကို မဖွဲ့စည်းဘဲ သူ့အား ထူးဆန်းသောလမ်းကြောင်းများဖြင့် တိုက်ခိုက်သည်ကို သူက သိသည်။ သူတို့ကို တားဆီးရန် ဘယ်လောက်ပင် ကြိုးစားသော်လည်း အနက်ရောင်သားရဲများထဲမှတစ်ကောင်က အင်မော်တယ်ဓားဖြင့် သူ့ဘယ်လက်ကို ပိုင်းဖြတ်ပြီး ၎င်း၏လက်သည်းများက သူ့ရင်ဘက်ကို ဆုတ်ဖြဲသွား၏။

ဝီ…

ဤအချိန်တွင် အရှေ့ပိုင်းဝူက မူးဝေသလို ခံစားလာသည်၊ အခြားအနက်ရောင်သားရဲက ဤသည်ကို အခွင့်ကောင်းယူလျက် ၎င်း၏လက်သည်းများဖြင့် သူ့ရင်ဘက်ကို တိုက်ခိုက်လိုက်၏။

ဖောက်…

လျှပ်တစ်ပြက်အတွင်း အုပ်ချုပ်သူအရှေ့ပိုင်းဝူက လွင့်သွားပြီး မြို့နံရံပေါ်သို့ ကျသွား၏။ ထို့နောက် အကာအကွယ်တစ်ခုက မြို့နံရံမှ အသက်ဝင်သွား၏။ သူက မြို့နံရံကို ထိခိုက်မှုမဖြစ်စေခဲ့သော်လည်း ကြီးမားသောသက်ရောက်မှုကြောင့် သူ့ဒဏ်ရာက ပိုပြင်းထန်သွား၏။

သို့သော် ဤအချိန်တွင် မိစ္ဆာအိုကြီးရီကျွမ်း၏ဒဏ်ရာက အရှေ့ပိုင်းဝူထက် မပြင်းထန်သော်လည်း ကိုယ်ပွားသုံးခုပညာရပ်၏ပြင်းထန်သောတိုက်ခိုက်မှုများကြောင့် သူက သွေးအန်လိုက်ရသည်။

“မင်းက အတိအကျဘယ်သူလဲ” မြို့နံရံကို မှီကာ ရပ်ပြီးနောက် အုပ်ချုပ်သူအရှေ့ပိုင်းဝူက ဒေါသတကြီး အော်လိုက်သည်။

မိစ္ဆာအိုကြီးရီကျွမ်းက ပါးစပ်မှ သွေးကို သုတ်ကာ ပြုံးလိုက်သည် “မင်းက ငါ့ကို နာကျင်အောင် လုပ်နိုင်တယ်ဆိုတော့ မင်းမှာ စွမ်းရည်အချို့ ရှိပါတယ်။ ဒီတော့ မင်း မသေခင် မင်းကို အလင်းပြပေးရတာပေါ့။ ငါက အိမ်မြှောင်နတ်ဆိုးအရှင်ပဲ။ အားကောင်းတဲ့ရန်သူတစ်ယောက်က ဖမ်းဆီးတာကို ရှောင်ရှားဖို့အတွက် ငါက အင်မော်တယ်လိုင်ဇီယန်ထဲမှာ ပုန်းနေတာပဲ။ ငါ့သားက မသေသွားရင် အခုလို ငါ့ရဲ့သရုပ်မှန်ကို ဖော်ထုတ်ဖြစ်မှာ မဟုတ်ဘူး။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် မင်းက ငါ့လက်ထဲမှာ သေရဖို့ ထိုက်တန်ပါတယ်၊ အုပ်ချုပ်သူအရှေ့ပိုင်းဝူ”

“မင်းက အဲဒီနတ်ဆိုးမိစ္ဆာလား”အုပ်ချုပ်သူအရှေ့ပိုင်းဝူက မယုံကြည်နိုင်စွာ အော်လိုက်၏ “လွန်ခဲ့တဲ့နှစ်ထောင်အနည်းငယ်က မင်းက အန္တိမအဆင့်စွမ်းအားရှင်တစ်ယောက်ကို ရန်စခဲ့အတွက် သနားစရာကောင်းလှအောင် ထွက်ပြေးနေခဲ့ရတယ်။ မင်းက မိစ္ဆာအိုကြီးရီကျွမ်းအဖြစ် အင်မော်တယ်လိုင်ဇီယန်ထဲမှာ ပုန်းနေမယ်လို့ ငါ မထင်ထားဘူး။ ဒီတစ်ချိန်လုံး မင်းရဲ့ကျင့်ကြံခြင်းနဲ့သရုပ်မှန်ကို ဖုံးကွယ်ထားတာ အံဩစရာမရှိဘူးပဲ။ ဒါပေမယ့် ငါ့ကို သတ်ချင်တယ်ဆိုရင် မင်းက ကြီးမားတဲ့တန်ဖိုးတစ်ခုကို ပေးချေရစေဖို့ ငါ အာမခံတယ်”

ဝှစ်…ဝှစ်…

ပုံရိပ်နှစ်ခုက လျှပ်စစ်အလား ရွေ့လျားလာပြီး မိစ္ဆာအိုကြီးရီကျွမ်း၏အရှေ့၌ ထွက်ပေါ်လာသည်။ အဆင့်မြင့်ရှေးစုန်းလက်နက်နှစ်ခုက သူ့ကို ချက်ချင်း တိုက်ခိုက်လိုက်သည်၊ ထို့နောက် နောက်ထပ်ပုံရိပ်တစ်ခုက ရီကျွမ်း၏အရှေ့၌ ထွက်ပေါ်လာကာ သူ့ထံ အားကောင်းသောထိုးချက်များကို ထုတ်လွှတ်လိုက်၏။ ကြီးမားသောသက်ရောက်မှုအားကြောင့် ရီကျွမ်းပင် ထိတ်လန့်သွားသည်။

“သူ့မှာ အရမ်းမာကျောတဲ့ခန္ဓာကိုယ်ရှိတယ်”

ထန်ရှုက ကြယ်မျက်ရည်နှင့်စေဘယ်မိစ္ဆာကင်းမြီးကောက်တို့ထံ အမိန့်ပေးလိုက်သည်။ မိစ္ဆာအိုကြီးရီကျွမ်းက နောက်သို့ ဆုတ်နေစဉ် ထန်ရှုကလည်း သူ၏ဝါးမျိုခြင်းတန်ခိုးစွမ်းရည်ကို ထုတ်ဖော်လိုက်၏။

“ဘာဖြစ်နေတာလဲ”

သူက အရှေ့ပိုင်းဝူကို သတ်ဖြတ်ရန် အသင့်ဖြစ်နေချိန်တွင် စွမ်းအားရှင်အချို့က ရောက်လာလိမ့်မည်ဟု မိစ္ဆာအိုကြီးရီကျွမ်းက မထင်ထားခဲ့ပေ။ ထို့ပြေင် ဤစွမ်းအားရှင်သုံးယောက်က အနည်းဆုံးပြီးပြည့်စုံခြင်းရွှေအင်မော်တယ်များဖြစ်ကြသည်။ ရုတ်တရက် တိုက်ခိုက်မှုများကြောင့် သူ့ကို အလန့်တကြားဖြစ်စေသော်လည်း သူ့နောက်မှ ပိုတောင်ရက်စက်ကြမ်းကြုတ်သောအားကောင်းသည့်ရန်သူတစ်ယောက်ကြောင့် သူက ခိုင်မြဲစွာ မရပ်နိုင်တော့ပေ။ လက်သီးစွမ်းအားက သူ့ကို ထိမှန်ပြီး သူ၏ခံနိုင်ရည်ပင် ကျော်လွန်သည်။ သူ၏အကြေးခွံချပ်ဝတ်ပင် ပျက်ဆီးသွား၏။

“ငရဲကို သွားလိုက်တော့”

ထန်ရှုက နတ်ဘုရားဓားကို ထုတ်လွှတ်ကာ ရီကျွမ်း၏ခန္ဓာကိုယ်ကို ခုတ်ပိုင်းချပြီး မူလဖရိုဖရဲစွမ်းအားကို အသုံးပြုကာ သူ၏အတွင်းအင်္ဂါများကို ဖျက်ဆီးလိုက်သည်။ တစ်ချိန်တည်းတွင် သူက ပေါင်းစပ်ခြင်းတန်ခိုးစွမ်းရည်ကို အသုံးပြုကာ ထိုလူ၏အင်မော်တယ်စိတ်ဝိညာဉ်ကို အရည်ဖျော်ပြီး သန့်စင်သောစွမ်းအင်အဖြစ်သို့ ပြောင်းကာ သူ့ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်လိုက်သည်။

ပေါက်ကွဲစမ်း…”

ထန်ရှုက လက်သီးထဲသို့ မူလဖရိုဖရဲစွမ်းအားကို ထည့်သွင်းကာ ရီကျွမ်း၏ခန္ဓာကိုယ်ကို ထိုးချလိုက်သည်။ ပြင်းထန်သောထိုးချက်က ရီကျွမ်း၏ခန္ဓာကိုယ်ကို ထိုးဖောက်သွားပြီး သူက နောက်သို့ မီတာထောင်ချီ လွင့်ထွက်ကာ လေထဲ၌ပင် ပေါက်ကွဲသွား၏။

“ဒီစွမ်းအင်က…အရမ်းသန့်စင်တာပဲ”

ကောင်းကင်ဘုံတောင်တွင် အန္တိမအရှင်တစ်ယောက်အား သတ်ဖြတ်ခဲ့သည့်အခိုက်အတန့်ကို ထန်ရှုက သတိရလိုက်သည်။ သူက တစ်စုံတစ်ယောက်၏အင်မော်တယ်စိတ်ဝိညာဉ်နှင့်ခွန်အားကို ဝါးမျိုခဲ့ပြီး သူ့ခွန်အားက ခုန်ပေါက်သို တိုးတက်သွားခဲ့သည်။ ဤအချိန်တွင် လူအိုကြီးရီကျွမ်းသန့်စင်ထားသောစွမ်းအင်က ပိုသန့်စင်ပြီး ပိုကြီးမားသည့်အတွက် သူက ကျေးဇူးတင်နေလေသည်။

ဤမတိုင်ခင်တုန်းက သူက ဝါးမျိုခြင်းနှင့်ပေါင်းစပ်ခြင်းတန်ခိုးစွမ်းရည်တို့နှင့်ပတ်သက်၍ နားမလည်သေးပေ။ ယခု သူက သူတို့ကို မဖော်ထုတ်နိုင်လျှင် သူက ရူးနေသည်သာ ဖြစ်ပေလိမ့်မည်။ ဖြစ်စဉ်ကတော့ အခြားသူများ၏အင်မော်တယ်စိတ်ဝိညာဉ်ကို ဝါးမျိုကာ သန့်စင်ပြီးနောက် သူ့ကိုယ်ပိုင်စွမ်းအင်ထဲသို့ ပေါင်းစပ်ခြင်းဖြစ်သည်။ နောက်ဆုံးတော့ သူက‌ ကောင်းကင်ဘုံစကြာဝဠာကျင့်စဉ်၏ဆန်းကြယ်မှုအချို့ကို ဖော်ထုတ်နိုင်ခဲ့ချေပြီ။

ကောင်းကင်ဘုံစကြာဝဠာကျင့်စဉ်က ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်နှင့်ခွန်အားကို တိုးတက်စေသည့် ကျင့်ကြံခြင်းနည်းစနစ်တစ်ခုဖြစ်ရုံသာမက ရန်သူများကို သတ်ဖြတ်ပြီး သူတို့၏ခွန်အားရင်းမြစ်ကို စုပ်ယူရန်အတွက်လည်း အသုံးပြုနိုင်သည်။ ပြီးခဲ့သောအကြိမ်တွင် သူက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်၏အင်မော်တယ်စိတ်ဝိညာဉ်စွမ်းအင်ကို ပေါင်းစည်းခဲ့ပြီး သူ့ကျင့်ကြံခြင်းက နှစ်တစ်ရာကျင့်ကြံခြင်းနှင့် ယှဉ်နိုင်လောက်သည့်အထိ ချက်ချင်း မြင့်တက်သွားသည်။ သို့သော် ဤအကြိမ်တွင် ၎င်းက ပိုတောင် တိုးတက်လာသည်။ သူက နှစ်နှစ်ရာကျင့်ကြံခြင်းနှင့်ညီမျှသောစွမ်းအင်ကို ရရှိခဲ့သည်ဟု ခန့်မှန်းထားသည်။

သတ်ဖြတ်ပြီးနောက် ဝါးမျိုကာ ပေါင်းစပ်ခြင်း။

ထန်ရှုက သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။ ကောင်းကင်ဘုံစကြာဝဠာကျင့်စဉ်၏ဤသဘောတရားကို နားလည်ပြီးနောက် သူ့မျက်လုံးက တောက်ပသွားသည်။ ယခု သူ့ကျင့်ကြံခြင်းက လျင်မြန်စွာ တိုးတက်နိုင်မည်ဟု သူက ယုံကြည်ချက်ရှိသည်။ မဝေးတော့သောအနာဂတ်တွင် သူက လက်စားချေနိုင်ပေလိမ့်မည်။

ထန်ရှုက မိစ္ဆာအိုကြီးရီကျွမ်းအား အလွယ်တကူ သတ်ဖြတ်ခဲ့သည်ကို မြင်ပြီးနောက် ကြယ်မျက်ရည်နှင့်စေဘယ်မိစ္ဆာကင်းမြီးကောက်တို့က အမူအရာ ပြောင်းလဲသွားသည်။ ထန်ရှုက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်အား တစ်ကြိမ် သတ်ဖြတ်ခဲ့သည်ကို သူတို့က မြင်ဖူးသည်။ သို့သော် ထိုအချိန်က ရန်သူက ထန်ရှုအား အထင်သေးကာ ပေါ့ပေါ့လျော့လျော့နေခဲ့ခြင်းပင်။

သို့သော် ဤအကြိမ်တွင် ထန်ရှုက လျှို့ဝှက်တိုက်ခိုက်ခဲ့ပြီး သူတို့နှစ်ယောက်၏တိုက်ခိုက်မှုများကို အသုံးပြုခဲ့သော်လည်း နောက်ဆုံးတိုက်ကွက်ကို ထုတ်ဖော်ခဲ့သည့် ထန်ရှု၏စွမ်းအားအရ သူက ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်တစ်ယောက်နှင့် ယှဉ်နိုင်သည်ကို သူတို့က သဘောပေါက်သွားကြသည်။

အနီးနားရှိ အုပ်ချုပ်သူအရှေ့ပိုင်းဝူက လူသုံးယောက်ကို မှင်တက်စွာ ကြည့်လိုက်သည်။ သို့သော် သူ့အမြင်အာရုံက ထန်ရှုပေါ်သို့ ကျရောက်သွားပြီးနောက် သူက ချက်ချင်းစိတ်သက်သာရာရသွား၏။ အပြင်လူများက ထန်ရှု၊ ကြယ်မျက်ရည်နှင့် စေဘယ်မိစ္ဆာကင်းမြီးကောက်တို့၏သရုပ်မှန်များကို မသိနိုင်သော်လည်း သူက အနည်းငယ် သိသည်။ တကယ်တော့ ကောင်းကင်ဘုံတောင်တွင် သူတို့က စုပေါင်းပြီး ရန်သူများကို သတ်ဖြတ်ခဲ့သည့် မြင်ကွင်းက သူ့စိတ်ထဲတွင် တဝဲဝဲတလည်လည်ဖြစ်နေတုန်းပင်။

ဤလူသုံးယောက်ကြောင့်မဟုတ်လျှင် သူ့အား ထိုမိစ္ဆာအိုကြီးက သတ်ဖြတ်သွားမည်ကို သူက သဘောပေါက်သည်။ သူတို့သုံးယောက်က သူ၏အသက်သခင်ကျေးဇူးရှင်များဟုပင် ပြောနိုင်ပေ၏။

“အသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ကောင်းကင်ဘုံအင်ပါယာ”

အုပ်ချုပ်သူအရှေ့ပိုင်းဝူက ထန်ရှုတို့ထံ လျှောက်လာကာ လက်သီးဆုပ်လိုက်သည်။

ထန်ရှုက အနည်းငယ် ပြုံးပြပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်၏ “ငါတို့က ဒီနေရာမှာ လာတွေ့ဆုံတော့လဲ ငါက နည်းနည်းပါးပါးကူညီပေးလိုက်ရုံပါပဲ။ ပြီးတော့ အထွတ်အထိပ်အလှလေးနှင့်ငါက တစ်ဖက်တည်းပဲလေ။ မင်းက သူမရဲ့နောက်လိုက်ပဲ။ မင်းကို ငါ ပြောချင်တာ တစ်ခုရှိတယ်၊ အုပ်ချုပ်သူအရှေ့ပိုင်းဝူက အဲဒါကို ကြားချင်သလားတော့မသိဘူး”

“ကျေးဇူးပြုပြီး ငါ့ကို ညွှန်ကြားပေးပါ၊ ကောင်းကင်ဘုံဧကရာဇ်။ ငါ နားထောင်နေပါ့မယ်”အုပ်ချုပ်သူအရှေ့ပိုင်းဝူက ကမန်းကတန်း ပြန်ဖြေသည်။

“မင်းက ရေနောက်မြို့ရဲ့မြို့အရှင်ပဲ၊ ဒီနေရာက လူတိုင်းကို ကာကွယ်ဖို့ မင်းမှာ တာဝန်ရှိတယ်”ထန်ရှုက စပြောသည် “မင်းက မိစ္ဆာအိုကြီးရီကျွမ်းနဲ့ မိတ်ဆွေဖွဲ့လို့ရပေမယ့် သူ့ရဲ့သားကို သတ်ခဲ့တဲ့လူလေးယောက်ကို ဖမ်းဖို့ မင်းရဲ့လူတွေကို မစေလွှတ်သင့်ဘူး။ ဒီလူတွေက အင်မော်တယ်လိုင်ဇီယန်ရဲ့ရန်သူတွေမဟုတ်သရွေ့၊ အင်မော်တယ်လိုင်ဇီယန်အောက်မှာရှိတဲ့မြို့ထဲမှာ ရှိနေသေးသရွေ့ သူတို့က အင်မော်တယ်လိုင်ဇီယန်ရဲ့ပြည်သူတွေပဲ။ မင်းက ဒီစည်းမျဉ်းတွေကို ဖန်တီးခဲ့သူဆိုပေမယ့် မင်းမှတ်ထားရမယ့်တစ်ခုက အောက်ဆုံးစည်းကို အလွယ်တကူ မဖြတ်ကျော်ဖို့ပဲ”

အုပ်ချုပ်သူအရှေ့ပိုင်းဝူက အနည်းငယ် မျက်မှောင်ကြုတ်ကာ မေးလိုက်သည် “မင်း ဘာဆိုလိုသလဲဆိုတာ ငါ နားလည်ပါတယ်။ ဒါပေမယ့် အဲဒါက အသေးအဖွဲ့ကိစ္စတွေကို မလိုအပ်ဘဲ ဇာချဲ့တာနဲ့ မတူဘူးလား။ တကယ်တော့ အဲဒီအားနည်းတဲ့လေးယောက်က…”

ထန်ရှုက လက်ဝှေ့ယမ်းကာ ကြားဖြတ်ပြောလိုက်သည် “ဒါတွေအားလုံးက လုံခြုံမှုရှိတယ်ဆိုတဲ့အသိနဲ့ ပတ်သက်တယ်၊ ဒါကြောင့် အင်မော်တယ်လိုင်ဇီယန်ရဲ့ပိုင်နက်ထဲမှာ ရှိတဲ့ လူတိုင်းက သာမန်အင်မော်တယ်ပဲဖြစ်ဖြစ်၊ ကျင့်ကြံသူတွေပဲဖြစ်ဖြစ်၊ သူတို့အားလုံးက အတူတူပဲ။ သူတို့က သန်မာသလား ဒါမှမဟုတ် အားနည်းသလားဆိုတာကို မခွဲခြားပါနဲ့၊ မင်း လုပ်ရမှာက သူတိုက ရန်သူတွေလား ဒါမှမဟုတ် ငါတို့ရဲ့လူတွေလားဆိုတာ ခွဲခြားဖို့ပဲ။ မင်းက သူတို့ကို လုံခြုံမှုပေးနိုင်မှ သူတို့က မင်းကို အားကိုးပြီး မင်းကို ကူညီထောက်ပံ့ပေးလိမ့်မယ်။ ပြီးတော့ အဲဒီလေးယောက်က မင်းရဲ့မျက်လုံးထဲမှာ အားနည်းတယ်ဆိုပေမယ့် အနာဂတ်မှာ သူတို့ရဲ့ကျင့်ကြံခြင်းက မြင့်တက်လာမယ်ဆိုရင် သူတို့က အင်မော်တယ်လိုင်ဇီယန်ရဲ့ခွန်အားတစ်စုံတစ်ရာဖြစ်လာမှာပေါ့”

ဤအထိ ပြောပြီးနောက် သူက အင်မော်တယ်စစ်သားတစ်ထောင်ဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်၏ “လူတိုင်းကို ကောင်းကောင်းဆက်ဆံပါ၊ သူတို့နဲ့အတူ ကြိုးတွေလို ပူးပေါင်းပါ။ တိုက်ပွဲတစ်ခုမှာ သာမန်လူတစ်ယောက်ကတောင် ရလဒ်ကို သက်ရောက်နိုင်တယ်။ ပြီးပြည့်စုံခြင်းရွှေအင်မော်တယ်နှစ်ဘောက်ကြား တိုက်ပွဲတစ်ခုကို ငါ မြင်ဖူးတယ်၊ ဒါပေမယ့် တိုက်ပွဲအဆုံးမှာတော့ သူတို့နှစ်ယောက်လုံးက ဒဏ်ရာအပြင်းအထန်ရသွားကြပြီး တိုက်ခိုက်ဖို့စွမ်းရည်ဘာတစ်ခုမှ မကျန်တော့ဘူး။ အဲဒီအချိန်မျာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်က ရောက်လာခဲ့မယ်ဆိုရင် ဘာဖြစ်သွားမှာလဲ။ ဒါနဲ့ပတ်သက်ပြီး ထပ်ပြောဖို့ လိုမယ်လို့ ငါ မထင်ဘူး၊ ဟုတ်လား”

အုပ်ချုပ်သူအရှေ့ပိုင်းဝူက ချက်ချင်းအလင်းရသွားလေသည်။

ကြိုးတွေလို ပူးပေါင်းခြင်းလား။

ထိုသာမန်ဆန်သောစကားလုံးများက သူ့စိတ်အခြေအနေထဲတွင် ဆန်းကြယ်သောပြောင်းလဲမှုတစ်ခုကို မွေးဖွားစေခဲ့ပြီး သူက ခေါင်းမော့လျက် ကောင်းကင်ကို ကြည့်လိုက်သည်။

“ကမ္ဘာမှာ ရှိသမျှ သက်ရှိတိုင်းက ခွန်အားတွေ ရှိကြတာပဲ”

“သဲတစ်ပွင့်က အလွန်တရာသေးငယ်ပေမယ့် သဲတွေသန်းရာချီ ပေါင်းလိုက်မယ်ဆိုရင် တောင်တစ်ခုတောင် ဖြစ်လာနိုင်တယ်”

“ရေတစ်စက်က မသိသာပေမယ့် ရေစက်သန်းရာချီက ပင်လယ်တစ်ခုကို ဖြစ်စေနိုင်တယ်”

“လူတစ်ယောက်တည်းက သေးငယ်တဲ့အရေအတွက်တစ်ခုဆိုပေမယ့် လူသန်းရာချီက ကြောက်စရာကောင်းတဲ့တပ်ဖွဲ့တွေကို ဖွဲ့စည်းနိုင်တယ်”

All Chapters