← Chapters

ပြန်လည် မွေးဖွားမူ

Vol. 2 Ch. 16

ပြန်လည် မွေးဖွားမူ

Vol. 2 Ch. 16

ဆန်နီဟာ သူ့အတွင်းပိုင်းက တစ်ခုခု နိုးထလာသလို ခံစားလိုက်ရတယ်..။သူ ရင်ဘတ်ကို ကိုင်ကာ အမှောင်ထဲကို စိုက်ကြည့်နေပြီး အခြေအနေကို နားလည်ဖို့ ကြိုးစားနေခဲ့ပါတယ်..။ဒီ ခံစားချက်က..နာကျင်တာတို့..မသက်မသာ ဖြစ်တာတို့တော့ မဟုတ်ပါဘူး..။

ဒါက..ထူးဆန်းတဲ့..ခွန်အားအသစ်နဲ့အတူ..သူ့ရဲ့ စိတ်ဝိဥာဥ်ကို လှုပ်နိုးတာနဲ့တောင် ဆင်တူနေပါတယ်..။

သိူ့ပေမယ့်..ခွန်အားတွေက အပြင်ဘက်ကနေ လာတာ မဟုတ်ပေ..။ဒါက အတွင်းထဲကနေ လာတာဖြစ်ပြီး..မသိရင် အထဲမှာ အိပ်ပျော်နေခဲ့တဲ့ အတိုင်းပါပဲ..။

ဆန်နီဟာ သူ့ရဲ့ ခံစားချကိတွေ..ပိုရှင်းလင်းပြီး လှုပ်ရှားလာတာကို သတိထားမိလိုက်တယ်..။ယင်းနောက် သူ့ ခန္တာကိုယ်ပါ ပြောင်းလဲ လာခဲ့ပါတယ်..။သေးငယ်တဲ့ ကြယ်လေးတစ်ပွင့်က သူ့ရင်ဘတ်မှာ လောင်ကျွမ်းနေသလို ခံစားနေရတယ်..။

အပူချိန်က ရင်ဘတ်ကနေ စတင်ဖြစ်ပေါ်ပြီး

တဖြည်းဖြည်း အစာအိမ်ပခုံး..လက်မောင်း..ခြေထောက် နဲ့ ​ခြေဖျားတွေအထိ ရောက်သွားခဲ့ပါတယ်..။

ဒီအပူချိန်အောက်မှာပဲ..သူ့ရဲ့ အရိုးတွေ..ကြွက်သားတွေ..ကိုယ်အင်္ဂါတွေ..နဲ့ သွေးကြောတွေက..ပြန်လည် တည်ဆောက်နေခဲ့တာပါ..။ဆန်နီဟာ ပြန်လည် မွေးဖွားနေရသလို ခံစားနေရတယ်..။သူက ပိုသန်မာ..ပိုမြန်ဆန် ပြီး..ပိုကျန်းမာ လာသလိုပါပဲ..။

ဒါက ကျေနပ်စရာပဲ..

တစ်စက္ကန့်ချင်းစီ တိုင်းမှာ သူ့ရဲ့ ပြောင်းလဲမူက ပိုပိုပြီး ကျစ်လစ်လာနေခဲ့တယ်..။ဆန်နီ ရဲ့ နှလုံးသား ထဲမှာတော့ ယုံကြည်မူ အသစ်တွေ ပေါက်ဖွားလာခဲ့ပါတယ်..။သူက အရင်လို အားနည်းတဲ့ လမ်းဘေးက ကောင်လေး မဟုတ်တော့ပါဘူး..။သူက အရင်လို အနိုင်ကျင့်ရ လွယ်ကူတဲ့ ကောင်လေး မဟုတ်တော့ပေ..။

သူ့ရဲ့ စွမ်းအားတွေ နိုးထမူ နဲ့အတူ..ပထမ အိပ်မက်ဆိုးထဲက စိတ်နေစိတ်ထားတွေကြောင့်..အခုဆိုရင် လာရှုပ်လို့ မရတဲ့လူဖြစ်နေပါပြီ..။

အချိန်တစ်ချို့ကြာပြီးတဲ့နောက်မှာတော့..သူ့ရင်ဘတ်မှာ လောင်ကျွမ်းနေတဲ့..ကြယ်လေးဟာ နောက်ဆုံးမှာ အေးသွားခဲ့တယ်..။အပူချိန် နေရာမှာ အေးစက်မူ တွေ ဝင်ရောက်နေခဲ့ပါပြီ..။

ဒီအေးစက်မူက..ဆန်နီ ရဲ့ ခန္တာကိုယ်မှာ ရှိတဲ့ နှစ်ပေါင်းများစွာ က အညစ်အကြေးတွေကို ဆေးကြောလိုက်သလိုပါပဲ..။ယင်းနောက် ..ဒါက သူ့ရဲ့ ဦးနှောက်နဲ့ မျကိလုံးတွေကိုပါ ရောက်သွားခဲ့တယ်..။

သူ့ရဲ့ အမြင်အာရုံက ထူးဆန်းစွာပဲ..နှစိဆ မြင်နိုင်ခဲ့ပါပြီ..။

အဆုံးမရှိတဲ့ ကြယ်တွေနဲ့ ပြည့်နှက်နေတဲ့ လေဟာနယ်ကို သူ ရှင်းရှင်းလင်းလင်း မြင်နေရပါတယ်..။သို့ပေမယ့်..မတူညီတာ တစ်ချို့လည်း သူ မြင်နိုင်ပါသေးတယ်..။

တိတ်ဆိတ်ပြီး တည်ငြိမ်တဲ့ အနက်ရောင် ပင်လယ်ကို..အနက်ရောင် နေကြီးက အလင်းပေးထားခဲ့တယ်..။

သူ့ရဲ့ အရင် အသိဥာဏ်တွေအရ ..ဒါက စိတ်ဝဥာဥ် ပင်လယ် လို့ ခေါ်တယ် ဆိုတာကို ဆန်နီသိထားပါတယ်..။သို့ပေမယ့် ဒါက နည်းနည်းကွာခြားနေသလို ခံစားနေရတယ်..။

စတင်သူတွေ အတွက်..အခြေအနေက အခုထက်ပိုပြီး အသက်ဝင်နေသင့်တာပါ..။သူ့ရဲ့ စိတ်ဝိဥာဥ် အမြုတေကို ပြသပေးထားတဲ့ ကြယ်တွေဟာ..အလင်းရောင်တွေနဲ့ တောကိပနေပြီး..စိတ်ဝိဥာဥ်ပင်လယ်ကို နွေးထွေးစေနေသင့်တာပါ..။

သို့ပေမယ့် ဆန်နီရဲ့ စိတ်ဝိဥာဥ်ဟာ..မှောင်မဲပြီး အသက်မဲ့နေခဲ့တယ်..။

'ဒါထူးဆန်းတယ်'

သူ အနက်ရောင် နေကိုကြည့်လိုက်တယ်..။ဒီမှာလည်း..အလင်းရောင် ရဲ့ အရင်းအမြစ်ကို မတွေ့ရပါဘူး..။ကြယ်တွေကလည်း..အနက်ရောင်တွေအတိုင်း ဝန်းရံနေခဲ့ပါတယ်..။

ပတ်ဝန်းကျင်မှာလည်း သူကလွဲပြီး ဘယ်သူမှ ရှိမနေခဲ့ပေ..။ဘာပဲဖြစ်ဖြစ်..ဒါက သူ့ရဲ့ စိတ်ဝိဥာဥ် ပင်လယ်ကြီးပါ..။သို့ပေမယ့် ဆန်နီဟာ သူ့ရဲ့ အမြင်အာရုံထက် အလွန်မှာ ..ပုံသဏ္ဌာန်မဲ့အရာတစ်ခုက ရွေ့လျားနေတယ်လို့ ခံစားနေခဲ့ရပါတယ်..။သူ ဘယ်လောက်ပဲ ကြည့်ကြည့်..ဒီအရာကို သေချာ မမြင်ရပါဘူး..။

အချိန်မဖြုန်းချင်တာကြောင့်..ဆန်နီဟာ အနက်ရောင် နေ ဆီကိုပဲ ပြန်အာရုံစိုက်လိုက်ပါတယ်..။ယင်းနောက် သူ နေရဲ့ ပတ်လည်မှာ ရှိနေတဲ့ အစက်ကလေး နှစ်ခုကို သတိထားမိသွားခဲ့တယ်..။သူ့မျက်နှာပေါ်မှာ အပြုံး တစ်ခု ပေါ်လာခဲ့ပါတယ်..။

ဒါက သူ့ရဲ့ မှတ်သားမူ တွေဖြစ်တဲ့ ငွေရောင်ဘဲလ် နဲ့ ရုပ်သေးဆရာရဲ့ အဝတ်စ ပါ..။နောက်ပိုင်းဆိုရင်..ဒီလို ဂြိုလ်လုံးလေးတွေ အများကြီး ပေါ်လာနိုင်ပါတယ်..။

အခိုက်အတန့် ရဲ့ အသံက..သူ့ကို စိတ်ဝိဥာဥ် ပင်လယ်ထဲကနေ ဆွဲထုတ်လိုက်တယ်..။

[ သင့်တော်သူရဲ့ စွမ်းရည်များ နိုးထနေသည် ]

'ဒါက..အမှန်တရားရဲ့ အခိုက်အတန့်ပဲ '

ဆန်နီ တွေးလိုက်တာပါ..။

နတ်ဘုရား အဆင့် စွမ်းရည်ဖြစ်ဖြစ် ဘာဖြစ်ဖြစ့်..သူ့ရဲ့ အနာဂတ်က..အရည်အချင်း ပေါ်မှာလည်း မူတည်နေပါသေးတယ်..။သူ့ရဲ့ အိပ်မက်ကမ္ဘာထဲက အခန်းကဏ္ဍက အချက်အလက် တွေမှာ မူတည်ပါတယ်..။တကယ်လို့ သူ့ရဲ့ အရည်အချင်းကသာ..ကိုယ်ခံပညာဆိုရငိ..အိပ်မက်ဆိုးသားရဲကြီးတွေနဲ့..တိုက်ပွဲမှာ ထိပ်ဆုံးကနေ ဝင်တိုက်ခိုက်ရပါလိမ့်မယ်..။တကယ်လို့ သူသာ..မှော်ဆရာ အတတ်ကို ရမယ်ဆိုရင်..စွမ်းအားကြီးတဲ့ လူတစ်ယောက် ဖြစ်လာမှာပါ..။

တကယ်လို့ သူသာ ကံကောင်းမယ်ဆိုရင်..ကုသသူ တောင်ဖြစ်လာနိုင်တာပါ..။ကုသသူ တွေက အရမ်းရှားပါးပြီး ..တကယ်ကို စပါယ်ရှယ်လစ် တွေပါပဲ..။

[ စွမ်းရည် အရည်အချင်း ချမှတ်နေသည် ]

[ အရည်အချင်းနာမည် - အရိပ် ထိန်းချုပ်သူ ]

ဆန်နီ အမြန်ပဲ..သူ့ရှေ့က ဇယားကို ဖွင့်လိုက်တယ်..။သူ့ အရည်အချင်းရဲ့ ဖော်ပြချက်ကို ကြည့်ချင်ပေမယ့်လည်း..အကြမ်းဖျင်း အချက်အလက်ကိုသာ အရင်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်..။

အမည် : ဆန်းလပ်စ်

နာမည် အစစ်အမှန် : အလင်းမှ ပျောက်ဆုံးသူ

အဆင့် : အိပ်မက်မက်သူ

အရိပ် အမြုတေ : ပြေင်းလဲမူ အဆင့်

အရိပ် အပိုင်းအစများ : [ 12/ 1000 ]

"ဟင်..ဘာကြီးလဲ.."

သူ့ရဲ့ စိတ်ဝိဥာဥ် အမြုတေ နေရာမှာ ဘာလို့ ထူးထူးဆန်းဆန်း အရိပ် အမြုတေလို့ ရေးထားတာလဲ..။ဆန်နီ မျက်တောင် အနည်းငယ် ခတ်ပြီး ကြည့်လိုက်တယ်..။တစ်စုံတစ်ယောက်က မတူညီတဲ့ အမြုတေ ရတယ်လို့ သူတစ်ခါမှ မကြားဖူးပါဘူး..။

ငါက ဒီလောက်တောင် ထူးချွန်တာလား..။

ပဟေဠိ ဆန်တဲ့ အရိပ်အမြုတေ ကြောင့်ပဲ..သူ့ရဲ့ စိတ်ဝိဥာဥ် ပင်လယ်က ဆန်းကျယ်နေတာဖြစ်နိုင်ပါတယ်..။ယင်းနောက် သူ အရိပ်အပိုင်းအစ ဆိုတဲ့ နေရာကို ကြည့်လိုက်တယ်..။ပုံမှန်အားဖြင့် ဒီနေရာမှာ စိတ်ဝိဥာဥ် အပိုင်းအစတွေ စုပ်ယူထားတဲ့ အရေအတွက်ကို ပြရမှာပါ..။သို့ပေမယ့် ဒါကို မတွေ့ခဲ့ရပေ..။

"ငါ...ငါက တကယ်ပဲ..တစ်ခြား နိုးထသူတွေနဲ့ ကွဲပြားတဲ့ ..အဆင့်တက်မူ လမ်းကြောင်းတွေ ရှိနေတာလား.."

သူ စိတ်လှုပ်ရှားသလို ကြောက်လည်း ကြောက်နေခဲ့တယ်..။အရင်းအမြစ်အတွက် တစ်ခြားလူတွေနဲ့ တိုက်ခိုက်စရာ မလိုဘူးဆိုတာက အားသာချက်တစ်ခုပါပဲ..။အိပ်မက် ကမ္ဘာထဲမှာ ရှိတဲ့ လူသား အများစုက ရရှိလာတဲ့ စိတ်ဝိဥာဥ် တွေကို အခြေခံပြီး အဆင့်တက်ကြရတာပါ..။

တကယ်လို့ သူ ဒါတွေကို စုဆောင်းဖို့ မလိူဘူးဆိုရင် သူ့ရဲ့ အဆင့်တက်မူက သူများတွေထက် မြန်နေမှာ အသေအချာပါပဲ..။

တစ်ဖက်မှာတော့ ဒီ အရိပ်အပိုင်းအစ တွေကို ဘယ်လို ရအောင် လုပ်ရမလဲ သူ မသိပေ..။သို့ပေမယ့် ဒီမှာတော့ ၁၂ ခု ရှိနေပြီးပါတယ်..။ဒါကြောင့်..အရိပ် အပိုင်းအစ ရဖို့ ဘာပဲလုပ်ရ လုပ်ရ..သူ ပထမအိပ်မက်ဆိုးမှာ လုပ်ခဲ့ပြီးပြီလိူ့ ဆိုလိုတာပါပဲ..။

"ငါ ဒါကို ဂရုတစိုက်ဖော်ထုတ်ရမယ်.."

ဆန်နီ ဒီ ဆုံးဖြတ်ကို ကျေနပ်စွာပဲ ဆက်ပြီး လေ့လာနေခဲ့တယ်..။

မှတ်သားမူ : [ ငွေရောင်ခေါင်းလောင်း ] [ ရုပ်သေးဆရာ ၏ အဝတ်စ ]

ပင်ကိုယ် အရည်အသွေး : [ ကံစီမံရာ ] [ နတ်ဘုရား အမှတ်အသား ] [ အရိပ်၏ သားတော် ]

အခန်း ကဏ္ဍ : [ အရိပ် ကျွန် ]

ကဏ္ဍ အဆင့် : [ နတ်ဘုရား ]

ကဏ္ဍ အရည်အချင်း : [ အရိပ် ထိန်းချုပ်မူ ]

ကဏ္ဍ စွမ်းရည် ဖော်ပြချက် : [ သင့်ရဲ့ အရိပ်ဟာ အလွတ်လပ်ဆုံး ဖြစ်သည်..။ဒါက သင်၏ တန်ဖိုး

မဖြတ်နိုင်သည့် ကူညီသူ ဖြစ်သည် ]

"ဒါက ဘာပြောချင်တာလဲ.."

ဆန်နီ အသက်တောင် မရူပဲ..ဖော်ပြချက်တွေကို ဆက်တိုက် ဖတ်နေခဲ့ပါတယ်..။သို့ပေမယ့် အဲ့အချိန်မှာပဲ..စာကြောင်း အသစ်က အောက်ဘက်မှာ..ပေါ်လာခဲ့တယ်..။

[ စွမ်းအား တိုင်းတွင် တန်ကြေး ရှိသည် ]

[ သင်ဟာ..အားနည်းချက်တစ်ခု လက်ခံရရှိသည် ]

[သင့်ရဲ့ အားနည်းချက်က...]

ဆန်နီ ဆက်ဖတ်ကြည့်လိုက်တဲ့ အချိန်မှာ မျက်လုံး ပြူးကျယ်သွားခဲ့တယ်..။

"မ မ မဟုတ်...ဘူး...လေ.."

All Chapters