← Chapters

ရိုးရှင်းတဲ့ စကားသုံးလုံး

Vol. 2 Ch. 17

ရိုးရှင်းတဲ့ စကားသုံးလုံး

Vol. 2 Ch. 17

စာတန်းတွေ ပျောက်သွားမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ သူ မျက်လုံးကို မှိတ်ပြီး ပြန်ဖွင့်လိုက်တယ်..။

"ကျေးဇူးပြုပြီး..သွားပါ..ကျေးဇူးပြုပြီး.."

သို့ပေမယ့်..စာတန်းတွေဟာ..ရှိနေတုန်းဖြစ်ပြီး တောက်ပစွာပဲ သူ့ကို လှောငိပြောင်နေခဲ့တယ်..။

အားနည်းချက် : [ ရှင်းလင်းတဲ့ အသိစိတ် ]

အားနည်းချက် ဖော်ပြချက် : [ သင် လိမ်ပြောလို့ မရပါ ]

ဆန်နီ ဒီစကားလုံး သုံးလုံးကို ကြောင်အစွာ ကြည့်နေခဲ့တယ်..။များသောအားဖြင့် ဖော်ပြချက်တွေကို..လျို့ဝှက်ပြီး ရေးထားတတ်တဲ့ အခိုက်အတန့်က ဒီအချိန်မှာတော့ ရှငိးရှင်းလင်းလင်းပါပဲ..။ဒီမှာ စကားလုံး သုံးလုံးတည်း ရှိပါတယ်..။

"မလိမ်ရဘူး..မလိမ်ရဘူးလား..။မလိမ်ပဲနဲ့ ငါက ဘယ်လို အသက်ရှင်ရမှာလဲ.."

ဆန်နီ ဒီနေ့အထိ အသက်ရှင်နေရတာက..တစ်ခြားလူတွေ အပေါ်မှာ လိမ်ညာပြီး ကောက်ကျစ်ခဲ့လို့ပါ..။သူ့ ရဲ့ လှည့်စားမူတွေကို..အခိုက်အတန့် ကိုယ်တိုင်တောင်..ဂုဏ်ပြုခဲ့ရပါတယ်..။လိမ်ညာတဲ့ စွမ်းရည် မရှိပဲ နဲ့ သူ ဒီနေရာမှာ ရပ်နေနိုင်မှာမဟုတ်ပေ..။

ပြောစရာ တောင်မလိုတော့ပါဘူး..

သူ့နှလုံး ခုန်သံတွေ ရပ်တန့်သွားမလိုတောင် ခံစားနေရတယ်..။

တကယ်လို့ သူ အမှန်ပဲ..ပြောရတော့မယ်ဆိုရင် သူ့နာမည်အရင်းကို ဘယ်လိုလုပ် ဖုံးကွယ်ထားရတော့မှာလဲ..။မေးခွန်းအနည်းငယ် မေးလိုက်တာနဲ့ လူတိုင်းက သူ့ကို ကျွန်အဖြစ် သိမ်းသွင်းနိုင်တော့မှာ မဟုတ်ဘူးလား..။

"ချီး.."

ဆန်နီ ကျိန်ဆဲ ဖို့ လုပ်လိုက်တဲ့ အချိန်မှာပဲ..အခိုက်အတန့်ရဲ့ အသံဟာ ထပ်ထွက်ပေါ်လာခဲ့တယိ..။

[ အလင်းမှပျောက်ဆုံးသူ...နိုးထတော့...]

အနက်ရောင် လေဟာနယ်ဟာ..ပျောက်ကွယ်သွားခဲ့တယ်..။

***

ဆန်နီ မျက်လုံးပွင့်လာခဲ့တယ်..။

ရဲဌာနအဆောက်အဦး ရဲ့ မျက်နှာကျတ် တွေက သူ့ရဲ့ အပေါ်မှာ ရှိနေခဲ့ပါတယ်..။ဘယ်သူမှ ဒီမြင်ကွင်းကို လှပတယ်လို့ ပြောမှာ မဟုတ်ပေမယ့် သူ့အတွက်တော့ အလှပဆုံး အရာတစ်ခုလိူပါပဲ..။

အခုအချိန်မှ..သူ အစစ်အမှန် ကမ္ဘာကြီးကို ဘယ်လောက် လွမ်းနေလဲ ဆိုတာကို ခံစားလို့ ရပါတယ်..။

ဒါက လုံခြုံပြီး ရင်းနှီးနေခဲ့တယ်..။ဒီမှာ..မွန်းစတားတွေ..အစေခံတွေ ဆိုတာလည်း မရှိပါဘူး..။နာကျင်လွန်းတဲ့ သေခြင်းတရားကို ကြောက်ရွံ့နေရတာ မျိုးလည်း မရှိပေ..။

ဒါက သူ့ရဲ့ အိမ်ပါ..။

ထပ်ပြောရရင် ဆန်နီ မယုံကြည်နိုင်လောက်အောင် ခံစားနေခဲ့ရတယ်..။အိပ်မက်ဆိုး ကမ္ဘာထဲမှာ နေ့ရက်တိုင်း ခံစားခဲ့ရတဲ့ နာကျင်မူတွေ ဒဏ်ရာတွေ အကုန်လုံးက ပျောက်ကင်းသွားခဲ့ပါပြီ..။သူ့ လက်ကောက်ဝတ် တွေ ခြေကျင်းဝတ် တွေဟာလည်း နာကျင် မနေတော့ပေ..။သူ့ ကျောပြင်မှာလည်း ကြာပွတ် ရာတွေ ရှိမနေတော့ပါဘူး..။

သူ့အဆုပ်ကို ထိခိုက်နေတဲ့ အရိုးတွေ မရှိပဲနဲ့လည်း လေကို ဝဝလင်လင် ရူလို့ ရနေပါပြီ..။

ဘယ်လောက်တောင် ကောင်းလိုက်လဲ...

ရုတ်တရက် ပျောကိကွယ်သွားတဲ့ နာကျင်မူတွေကြောင့်..ဆန်နီ ငိုခါနီးတောင် ဖြစ်နေခဲ့ပါပြီ..။

' ငါ တကယ် အသက်ရှင်ခဲ့တာပဲ.."

သူ ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်တဲ့ အချိန်မှာ အေးခဲသွားခဲ့တယ်..။

သူ လှဲနေတဲ့ ကုတင်ဘေးမှာ..အရမ်းကို လှပတဲ့ အမျိုးသမီးတစ်ယောက် ထိုင်နေခဲ့တာပါ..။

သူမက အနက်ရောင် ဆံပင်အတို နဲ့ အပြာရောင် မျက်လုံးတွေ ရှိနေခဲ့တယ်..။သူမ ရဲ့ အပြစ်ကင်းတဲ့ အသားအရည်က နူးညံ့ပြီး နှင်းလို ဖြူဖွေး နေခဲ့ပါတယ်..။တကယ်တော့ ဆန်နီအနေနဲ့ သူ့ထက် အသားဖြူဖျော့တဲ့ လူကို ပထမဆုံးမြင်ဖူးတာပါ..။

သို့ပေမယ့် ဆန်နီ ရဲ့ ဖြူဖျော့မူ့က ထူးဆန်းတဲ့ အသွင်အပြင်နဲ့ မကျန်းမာမူတွေ ရှိနေခဲ့ပါတယ်..။လှပတဲ့ အမျိုးသမီးကတော့..ဒီလို မဟုတ်ပါဘူး..။

ဒီအမျိုးသမီးက အသက် ၂၀ နောက်ပိုင်း လောက် ဖြစ်ဟန် တူပါတယ်..။သူမက ငွေပန်းတွေ ပါတဲ့နက်ပြာရောင် ယူနီးဖောင်းကို ဝတ်ထားပြီး လည်သာ ဖိနပ်ကို စီးထားခဲ့တယိ..။

လတ်တလောမှာ..သူမက လက်တွေကို ခေါင်းပေါ်

ဆန့်တန်းထားပြီး အတော်ကို ပျင်းနေတဲ့ ပုံပါပဲ..။သူမရဲ့ ခန္တာကိုယ်အမူအရာကြောင့်..သူမရဲ့ ရင်သားတွေကို ပေါ်လွင်နေစေခဲ့တယ်..။

ဒီမြင်ကွင်းကြောင့် ဆန်နီဟာ သူမ လက်မောင်းပေါ်က ရာထူးကိုတောင် မမြင်နိုင်ဖြစ်သွားခဲ့ပါတယ်..။သူမ ဘယ်ဘက် လက်မောင်းပေါ်မှာ ကြယ်သုံးပွင့် ရှိနေခဲ့တာပါ..။

"ကြယ်သုံးပွင့်လား.."

သူ တွေးလိုက်တာပါ..။

"ကြယ်သုံးပွင့်က တက်ရောက်သူ မဟုတ်ဘူးလား..။ဟင်..ခနလေး..တက်ရောက်သူလား..."

သို့ပေမယ့် ဆန်နီ တွေးတော နေတုန်းမှာပဲ..အမျိူးသမီးက သူ့ကို စိုက်ကြည့်နေတယ်ဆိုတာ နားလည်လိုက်ပါတယ်..။

"မင်း ဘာကို ကြည့်နေတာလဲ.."

သူမ ဘာမှ စိတ်မဆိုးတဲ့ အမူအရာနဲ့ ပြောလိုက်တာပါ..။

ဆန်နီ မျက်တောင် အနည်းငယ်ခတ်ပြီး ရှက်ရွံ့စွာပဲ..အမြန်ပဲ အကြောင်းပြချက်တစ်ခု ရှာလိုက်တယ်..။ယင်းနောက် သူ ပြန်ဖြေလိုက်ပါတယ်..။

"ရင်သား တွေကို.."

စက္ကန့်အနည်းငယ် ကြာပြီးနောက်မှာ သူ ထိပ်လန့်မးကြောင့် မျကိလုံးပြူးသွားခဲ့တယ်..။

ဘာလို့လဲ ဆိုတော့ သူ ဒီစကားကို ပြောဖို့ လုံးဝ စိတ်ကူးမရှိလို့ ပါပဲ..။သူ့ပါးစပ်က အလိုလျောက် ထွက်သွားတာပါ..။

သူ့စိတ်ထဲကနေ ..ထိပ်လန့်မူက အလိပ်လိုက် တက်လာခဲ့တယ်..။

အမျိုးသမီးဟာ..​အန္တရာယ်များတဲ့ မျက်လုံးအကြည့်တွေနဲ့ ဖြည်းညှင်းစွာ ပြုံးလိုက်ပါတယ်..။ယင်းနောက်သတိပေးမူ မရှိပဲ..ဆန်နီးရဲ့ ပါးကို ဖြတ်ရိုက်လိုက်တယ်..။

ဆန်နီ ရဲ့ တစ်ကိုယ်လုံး လည်ထွက်သွားခဲ့တယ်..။သူ့ရဲ့ ခန္တာကိုယ်ကို တုတ်နှောင်ထားတာကြောင့်သာ မဟုတ်ရင်..သူ ကုတင်ပေါ်ကနေ လွင့်ထွက် သွားလောက်ပါတယ်..။ခနအကြာလောက် သူ ကြယ်တွေ မြင်နေခဲ့တယ်..။

သို့ပေမယ့် ဒါက လျော့ပေါ့ပေးထားတာလို့ ပြောလို့ရပါတယ်..။တက်ရောက်သူ...ဒီ အမျိုးသမီးက တက်ရောက်သူ ပါ..။သူမရဲ့ လက်တစ်ချောင်းနဲ့တင် သူ့ရဲ့ခေါင်းကို တွန့်ကြေသွားအောင် လုပ်လို့ ရပါတယ်..။

သူဘာလို့ ဒီလောက် အင်အားကြီးတဲ့လူကို အပြစ်ပြုမ်ိရတာလဲ...

အဲ့အချိန်မှာပဲ အမျိုးသမီးဟာ လည်ချောင်းကို ရှင်းလိုက်ပြီး လက်ပိုက်ထားခဲ့တယ်..။

"မင်း အခု နိုးလာပြီလား.."

ဆန်နီ သူ့ရဲ့ ထူပူနေတဲ့ ပါးပြင်ကို ကိုင်ကာ ဂရုတစိုက် ခေါင်းညိမ့်လိုက်ပါတယ်..။

"ကောင်းတယ်..ငါ မင်းကို အကြံဥာဏ်တစ်ချို့ ပေးရဦးမယ်..။မင်း စိတ်ထဲမှာ ရှိတဲ့အတိုင်း ပါးစပ်ကနေ လျောက်မပြောနဲ့..။အထူးသဖြင့် မိန်းကလေး တွေကိုပေါ့..။မင်း အရင်က မိန်းကလေး မမြင်ဖူးတာတော့ မဟုတ်ဘူးမလား.."

"ကျေးဇူးပါ..နောက်တစ်ခါ မပြောတော့ပါဘူး လို့ ပြောလိုက်.."

ဆန်နီ တွေးလိုက်တာပါ..။

သို့ပေမယ့် ပါးစပ်က သူ့ဟာ သူ လှုပ်ပြီး ပြောသွားခဲ့တယ်..။

"ကျွန်တော် အများကြီး မြင်ဖူးပါတယ်..ဒါပေမဲ့ အစ်မလောက် လှတဲ့လူကိုတော့ မမြင်ဖူးဘူး.."

ယင်းနောက် သူ့ ရှက်ရွံ့မူကြောင့် မျက်နှာတစ်ခုလုံး နီရဲပြီး တွန့်ဆုတ်သွားခဲ့ပါတယ်..။

အမျိုးသမီးဟာ သူ့ကို စက္ကန့်အနည်းငယ်လောက် စိုက်ကြည့်ပြီးမှ ရယ်မောလိုက်တယ်..။

"မင်း နိုးထသူတွေ အများကြီး မမြင်ဖူးဘူးဆိုတာ ငါ သိပြီ..။နိုးထသူတွေထဲမှာတော့..ငါက သာမန်လောက်ပဲ ရှိတယ်.."

ဆန်နီ သူမကို သံသယဖြစ်စွာ ကြည့်လိုက်တယ်..။

အမျိုးသမီးဟာ ခေါင်းခါယမ်းလိုက်ပြီး..

"မင်းရဲ့ စိတ်ဝိဥာဥ် အမြုတေ မြင့်တက်လာလေ..ခန္တာကိုယ်က အညစ်အကြေးတွေကို စွန့်ထုတ်ပစ်လေပဲ..။ဒီတော့..ဆွဲဆောငိမူ မရှိတဲ့ နိုးထသူကို ရှာဖို့ဆိုတာ တကယ် ခက်ခဲတယ်..။အထူးသဖြင့် သန်မာ တဲ့ နိုးထသူတွေ ထဲမှာပေါ့..။အသက်သာ ရှည်အောင်နေ..မင်းကိုယ်တိုင်လည်း..လှပတဲ့ ကောင်လေးတစ်ယောက် ဖြစ်လာလိမ့်မယ်.."

ယင်းနောက် သူမ ဆန်နီကို သေချာကြည့်ကာ ထပ်ပြောလိုက်တယ်..။

"ကောင်းပြီလေ..မင်း နိုးလာပြီဆိုမှတော့..သက်ရှိ ကုန်းမြေကြီးကနေ ပြန်လည်ကြိုဆိုပါတယ်..။ပထမ အိပ်မက်ဆိုးကိူ ကျော်ဖြတ်နိုင်လို့ ဂုဏ်ယူပါတယ် အိပ်စက်သူ ဆန်းလပ်စ် .."

***

အိပ်စက်သူ ဆန်းလပ်စ်..

အခုလူတွေက သူ့ကို ဒီီလို ခေါ်ကြတော့မှာလား..။သူ့နာမည်ရှေ့ကနေ..ဘွဲ့တစ်ခု တပ်ပြီး ခေါ်ခံရက ထူးဆန်းပါတယ်..။

အရင်တုန်းကဆိုရင် သူ့ကို နာမည်ခေါ်တဲ့ လူတောင် သိပ်မရှိပါဘူး..။အများစုက သူ့ကို 'ကောင်လေး..ခွေးသားလေး ...ဟေး မင်း...' အဲလိုပဲ ခေါ်ကြနာပါ..။အခုတော့ သူ့မှာ ဘွဲ့တစ်ခုပါ ရှိနေခဲ့ပါပြီ..။

အိပ်စက်သူ ဆန်းလပ်စ်

အမှန်တကယ် တော့ နာမည်အမှန်က ' အိပ်မက်မက်သူ' ပါ..။သို့ပေမယ့် လူသားတွေက..သူတို့ရဲ့ နည်းဟန် အတိုင်း ခေါ်ဝေါ်သုံးစွဲ လေ့ရှိကြပါတယ်..။ပထမဆုံး အိပ်မက်ဆိုးကို ဖြတ်ကျော်နိုင်တဲ့လူတိုင်းကို အိပ်စက်သူလို့ပဲ ခေါ်ကြတာပါ..။

အခြေခံအားဖြင့်..တစ်စုံတစ်ယောက်က အိပ်မက်ဆိုးထဲ ဝငိသွားရင်..သူ့ ခန္တာကိုယ်က မိန်းမော သွားပါလိမ့်မယ်..။ဒီမိန်းမောမူက ရက်တွေ..လတွေ အထိ ကြာသွားနိုင်တာပါ..။

တစ်ကယ်လို့ လွတ်မြောက်ပြီး နိုးထသူ ဖြစ်လာရင် တော့ သူ့ဘဝက သာမန်နေ့ရက်တွေ အတိူင်း ပြန်ဖြစ်သွားပါပြီ..။နိုးထသူ ဆိုတာကတော့ အခိုက်အတန့်နဲ့လူသားတွေ အခေါ်အဝေါခြင်း တူတူပါပဲ..။ယေဘုယျအာဖြင့်တော့.. စကားလုံးတွေက တူညီတာများပါတယ်..။

ပြီးတဲ့နောက်မှာ..နိုးထသူ ဟာ ဒုတိယ အိပ်မက်ဆိုးထဲပြန်ဝင်ပြီး ရှင်သန်နိုင်မယ်ဆိုရင်..တက်ရောက်သူ ဖြစ်လာပြီး..လူသားတွေကတော့ မာစတာ လို့ ခေါ်ကြပါတယ်..။မာစတာတွေကတော့ အိပ်မက်ကမ္ဘာထဲကို ဆန္ဒရှိသလို ဝင်ထွက် နိုင်ကြပါတယ်..။

တစ်ချို့ဆိုရင် ဘယ်တော့မှ ပြန်မလာဖို့တောင် ရွေးချယ်သွားကြပါသေးတယ်..။ဒီထက်ပိုတာကတော့ သူတို့က ကမ္ဘာတွေကြားထဲကို စိတ်ဝိဥာဥ် နဲ့တင် မဟုတ်ပဲ..ခန္တာကိုယ်နဲ့ပါ သွားလာကြတာပါ..။

မာစတာ ရဲ့ အထက်မှာတော့..တတိယ အိပ်မက်ဆိုးကို အောင်မြင်ပြီးတဲ့..သူတော်စင် ဒါမှမဟုတ် ကြီးမြတ်သူ လို့ ခေါင်းစဥ်တတ်နိုင်တဲ့ အဆင့်ရှိတယ်..။သူတိူ့က နတ်ဘုရား တစ်ပိုင်းလောက်ကို အစွမ်းထက်ကြတာပါ..။ဒီအဆင့်က အတော်လေး ရှားပါလှတယ်လို့တောင် ပြောလို့ရပါတယ်..။

သူတိူ့က အိပ်မက်ကမ္ဘာထဲကို သွားလာနိုင်ရုံတင်မက သူတို့နဲ့အတူ တစ်ခြားလူတွေကိုပါ ခေါ်ဆောင်သွားနိုင်ပါသေးတယ်..။

လှပတဲ့ အမျိုးသမီးဟာ မတ်တတ်ရပ်နေရင်းကနေ ကုတင်ဆီကို လျောက်လာခဲ့တယ်..။ကျွမ်းကျင်တဲ့ လှုပ်ရှားမူတွေနဲ့ပဲ ဆန်နီကို ချည်နှောင်ထားတဲ့ အရာတွေကို ဖြုတ်ပေးလိုက်ပါတယ်..။

"ငါက တက်ရောက်သူ ဂျက် ပဲ..။မင်းအနေနဲ့

မာစတာ ဂျက် လို့ ခေါ်လို့ရတယ်..။ဒီသုံးရက်လုံး..မင်းရဲ့ အိပ်မက်ဆိုးကို စောင့်ကြည့်ဖို့ တာဝန်ပေးခြင်းခံထားရတာ.."

'ဟုတ်သားပဲ..ငါ အိပ်မပျော်ခင် ရဲအရာရှိတစ်ယောက်က အနီးဆုံး နိုးထသူ ရောက်လာဖို့ နာရီပိုင်းကြာမယ်လို့ ပြောခဲ့တာပဲ..။ငါ..ငါ သေသွားရင်..အိပ်မက်ဆိုး သားရဲကို သတ်ဖို့.."

ဆန်နီကတော့ အမှန်တရားတစ်ချို့ ထွက်လာမှာကြောင့် သူ့ပါးစပ်ကို မဖွင့်ချင်ပါဘူး..။သို့ပေမယ့် သူသိထားရမယ့် အရာတစ်ချို့လည်း ရှိနေပါသေးတယ်..။

"မာစတာ ဂျက်..ကျွန်တော့်မှာ မေးခွန်းတစ်ခုရှိတယ်.."

"မေး ပါ.."

"ဘာလို့ မာစတာတစ်ယောက်က ဂျူတီ လာစောင့်ပေးနေရတာလဲ...။ဒါက ပေးထားတဲ့ ရာထူးထက် နိမ့်ကျစေတာ မဟုတ်ဘူးလား.."

ဂျက်ဟာ သူ့ကို ကြည့်လိုက်တယ်..။

"မင်းက ထင်ထားတာထက်တော့ ဥာဏ်ကောင်းသားပဲ..။လတ်တလောမှာ ဂိတ်တွေ အများကြီး ပွင့်နေတယ်..။ဒီနိုင်ငံထဲက နိုးထသူ တွေက ဒဏ်ရာရတဲ့လူတွေ ..ရှင်းလင်းရေး လုပ်နေတဲ့ လူတွေရှိပြီး သေတဲ့လူတွေလည်း ရှိတယ်လေ.."

သူမ နောကိဆုံး အချုပ်အနှောင်ကို ဖြည်ပြီး နောက်ပြန်ဆုပ်လိုက်တယ်..။

"ထပ်ပြောရရင် ..ငါ့လိုမျိူး အစိုးရလက်အောက်မှာ အလုပ်လုပ်နေတဲ့ န်ိုးထသူက သိပ်မများဘူး..။ဒါက ငါတို့ အတွက် အကျိုးအမြတ်များပြီး ဂုဏ်သိက္ခာရှိတဲ့ အလုပ်တစ်ခု မဟုတ်ဘူးလေ..။မင်းအနေနဲ့ ချမ်းသာမူ နဲ့ ကျော်ကြားမူကို စွန့်လွှတ်ပြီး အခုလို အများအကျိုးအတွက် အလုပ်လုပ်နိုင်ပါ့မလား..။တာဝန် ဝတ္တရား အရ မင်းရဲ့ အသက်နဲ့ ရင်းပြီး နာရီပေါင်းများစွာကြာအောင် စောင့်ပေးနိုင်ပါ့မလား.."

ဆန်နီ တစ်ခုခု ကောင်းမွန်တဲ့ အရာကို ပြောချင်ခဲ့တာပါ..။သို့ပေမယ့် အဲဒီအစား မာစတာ ဂျက် ရဲ့ မျက်လုံးကို ကြည့်ပြီး ပြုံးကာ ပြောမိလိုက်တယ်..။

"ဒါပေါ့ ဘယ်လုပ်မလဲ ကျွန်တော်က အရူးမှ မဟုတ်တာ.."

' ချီးပဲ...ချီး..ဒီ အားနည်းချက်က ချီးလိုပဲ..'

သူမ ဟာ ဘယ်လိုမှ မနေတဲ့ အမူအရာနဲ့ စိုက်ကြည့်နေခဲ့တယိ..။ဆန်နီကတော့ သူ ထပ်ပြီး ပါးရိုက်ခံရတော့မယ်လို့ ထင်ထားခဲ့တာပါ..။

အဲဲဒီအစား ဂျက် ဟာ ပြုံးလိုက်ပြီး

"တွေ့လား..ငါပြောတာ မှန်နေတာပဲ..။မင်းက တကယ်ပဲ ပါးနပ်တယ်.."

All Chapters