← Chapters

အလင်းရဲ့ မတည်ရှိမူ

Vol. 2 Ch. 18

အလင်းရဲ့ မတည်ရှိမူ

Vol. 2 Ch. 18

ဆန်နီ ရေနွေးနဲ့ ရေချိုးနေခဲ့တယ်..။စကားအနည်းငယ် ပြောပြီးတဲ့နောက်မှာ မာစတာ ဂျက်က

'အိပ်မက်ဆိုး အနံ့အသက်' တွေ ပျောက်အောင်ဆိုပြီး သူ့ကို ရေချိုး သန့်စင်ခိုင်းခဲ့တာပါ..။ပုံမှန်မဟုတ်တဲ့ အိပ်စက်မူ က ခန္တာကိုယ်ရဲ့ ပြောင်းလဲ မူ ဖြစ်စဥ်တွေကို နှေးကွေးထားခဲ့တာပါ..။ဆေးပညာ ကိရိယာတွေက တစ်ခြားအရာတွေကို တာဝန်ယူနိုင်ပေမယ့်လည်း..သူ့အနေနဲ့ သုံးရက်လောက် အိပ်ထားခဲ့ပါသေးတယ်..။

စိတ်ပညာ အရဆိုရင်တောင် သွေးရနံ့တွေနဲ့ စိတ်ဓာတ်ကျမူတွေက..သူ့ဘေးနားမှာ ဝန်းရံနေပါသေးတယ်..။

'အာ..ငါ နတ်ပြည်များ ရောက်နေတာလား '

ဆန်နီ တွေးလိုက်တာပါ..။အားနည်းချက်ကြောင့် ဖြစ်ပေါ်လာမယ့် ကပ်ဆိုးကိုတော့ တစ်ခနလောက် မေ့နေခဲ့တယ်..။

သူဟာ ရဲဌာနရဲ့ ရေချိုးခန်းထဲမှာ..ရေပူစမ်းနဲ့ ဇိမ်ကျကျ ရေချိုးနေခဲ့တယ်..။အချိန်ခနလောက် ကြာပြီးသွားမှ..ဆန်နီဟာ ရေချိုးဇလုံကနေ ထရပ်လိုက်ပြီး..တာဝါလှန်းထားတဲ့ တန်းဆီကို သွားလိုက်ပါတယ်..။တိုက်ဆိုင်စွာပဲ..သူ့ ပုံရိပ်ကို မှန်ထဲမှာ ပြန်မြင်လိုက်ရတယ်..။

ခန္တာကိုယ် အသားအရည် ပြောင်းလဲမူက နူးညံ့ပြီး သိသာနေခဲ့ပါတယ်..။သူ့ရဲ့ ဖြူဖျောတဲ့ အသားအရည်က ကျန်းမာလာပြီး..ကြွက်သားအနည်းငယ်ကိုပါ မြင်လာခဲ့ရတယ်..။သူ အရင်လို လူမမာ ပုံစံ မဟုတ်တော့ပဲ..အရပ်ရှညိပြီး ကျစ်လစ် လာခဲ့ပါတယ်..။သူ့ရဲ့ အနက်ရောင် ဆံပင်က တောက်ပမူ တစ်ချို့ ရှိနေခဲ့တယ်..။မျက်လုံးကလည်း အရောင် တစ်ချို့ ထွက်နေသလိုပါပဲ..။

သို့ပေမယ့် သူက အတော်သေးငယ် နေတုန်းပါပဲ..။အနည်းဆုံးတော့ ကြွက်သားတွေ အများကြီးနဲ့ ချောမောတဲ့ လူတစ်ယောက် တော့ မဟုတ်သေးပေ..။

"ပန်းပွင့် ကောင်လေး တဲ့လား..huh.."

ဆန်နီ ခါးသက်စွာ တွေးလိုက်တာပါ..။

ယင်းနောက် သူ တစ်ခုခု ထူးဆန်းတာကို သတိထားမိသွားပြီး အေးခဲသွားခဲ့တယ်..။သူ မှန်ထဲမှာ ကိုယ့်ကိုကို ကြည့်နေတုန်း..အထဲက ပုံရိပ်က လှုပ်သွားသလို ပါပဲ..။အတိအကျ ပြောရရင် သူ့ရဲ့ မှန်ထဲက ပုံရိပ်က ခေါင်းငုံ့ သွားခဲ့တာပါ..။

ဆန်နီ အမြန်ပြန်လှည့်ပြီး ထိပ်လန့်တဲ့ အမူအရာနဲ့ သေချာကြည့်လိုက်တယ်..။သို့ပေမယ့် အရာရာတိုင်းက ပုံမှန်ပါပဲ..။မှန်ထဲက အရိပ်က သူ လှုပ်စေချင်တဲ့ အတိုင်း လိုက်လှုပ် နေခဲ့တာပါ..။

"မင်း လှုပ်သွားတာ ငါ ရှင်းရှင်းလင်းလင်း မြင်လိုက်တယ်.."

သူ ထူးဆန်းနဲ့ အမူအရာနဲ ပြောလိုက်တယ်..။

"မင်း ကိုယ့်ဟာကို လှုပ်လိုက်တာ ဟုတ်တယ်မလား.."

ဆန်နီ အရိပ်ကို စိုက်ကြည့်နေတဲ့ အချိန်မှာ..အရိပ်ကလည်း သူ့ကို ပြန်စိုက်ကြည့်နေခဲ့ပါတယ်..။

"မင်း လှုပ်လိုက်လား မလှုပ်ဘူးလား.."

ပုံရိပ်ဟာ..ထက်သန်စွာပဲ ခေါင်းခါယမ်းပြ နေခဲ့တယ်..။

"သောက် ကျိုး....နဲ..."

"မလှုပ်ဘူး ဆိုတာ ဘာပြောတာလဲ..။မင်း အခုပဲ..ခေါင်းကို လှုပ်နေတယ်လေ..။မင်း ငါ့ကို အရူး ထင်နေတာလား.."

အရိပ်ဟာ အနည်းငယ် တွေးနေတဲ့ ပုံပေါ်ပြီးမှ ပုခုံးတွန့်ပြလိုက်ပါတယ်..။

ဆန်နီကတော့ ပါးစပ် အဟောင်းသား ဖြစ်နေခဲ့ပါပြီ..။

"သင့်ရဲ့ အရိပ်ဟာ..အလွတ်လပ်ဆုံး ဖြစ်သည်..။ဒါက သင့်အတွက် တန်ဖိုးဖြတ်မရတဲ့ ကူညီသူ ဖြစ်လာလိမ့်မည် "

သူ ပြန်တွေးမိလိုက်တာပါ..။

အမှန်ပဲ..။ဒါက အခိုက်အတန့်က သူ့ရဲ့ ဂဏ္ဍ စွမ်းရည် ကို ဖော်ပြထားခဲ့တာပါ..။

ဒါပေမဲ့ အမှန်တကယ်ပဲ သူ့ အရိပ်က ဘာတွေ လုပ်နိုင်တာလဲ...

သူ နည်းနည်းလောက်..လေ့လာကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်..။

"ဟေး..မင်း...မင်းဘာလုပ် နိုင်လဲ ငါ့က်ို ပြောပါဦး.."

အရိပ်ဟာ တိတ်ဆိတ်ပြီး ခံစားချက်မဲ့ နေခဲ့ပါတယ်..။

"အမှန်ပဲ..သူက အသံအိမ်မှ မရှိတာ.."

တွေးကြည့်ရင် ဒါက အဓိပ္ပါယ် ရှိပါတယ်..။အရိပ်က ကြွက်သားတွေလည်း ရှိမှာမဟုတ်ပါဘူး..။ဒါတောင်မှ သူက ဘယ်လိုလှုပ်ရမလဲ ဆိုတာကို သိနေပါသေးတယ်..။

"အာ..ငါ့ကို ပြပါဦး.."

ဘာ တုန့်ပြန်မူမှ မရှိပေ .။ကြည့်ရတာတော့..အရိပ်က..သာမန်လိုမျိုး ဟန်ဆောင်နေတဲ့ ပုံပါပဲ..။

ဆန်နီ သက်ပြင်းချလိုက်တယ်..။

'ငါ လုပ်တာ မှားနေပြီထင်တယ်.."

လွတ် လပ်လပ်..မလပ်လပ်..အရိပ်ဆိုတာက သူ့ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်နေတုန်းပါပဲ..။ဒီတော့ အရိပ်ကို မေးနေတာထက်..ကိုယ့်ကိုကိုပဲ သေချာ ပြန်မေးသင့်ပါတယ်..။

" မင်း စကားမပြောတော့ဘူးမလား.."

ဆန်နီ မျကိလုံးကို မှိတ်လိုက်ပြီး သူ့ရဲ့ စိတ်ကို အတွင်းပိုင်းကို အာရုံပြုကာ ပြန်သုံးသပ်နေခဲ့တယ်..။အစစ်အမှန် ကမ္ဘာကို ပြန်ရောက်ကတည်းက ဒါက သူ့ရဲ့ ပထမဆုံး ဆန်းစစ်မူပါပဲ..။

ခုန်နေတဲ့ နှလုံးသား..နိမ့်လိုက် မြင့်လိုက်ဖြစ်နေတဲ့ ရင်ဘတ်..အအေးဓာတ်ရနေတဲ့ ရေချိုးခန်း..သူဒါတွေကို ခံစားနေမိခဲ့တယ်..။ကြမ်းပြင်ပေါ်ကို ရေစက်တွေ ကျနေတာကိုလည်း သူ ကြားနေရပါသေးတယ်..။လေထုက သူ့အရည်ပြားကို ထိတွေ့နေတာကိုလည်း ခံစားနေရတယ်..။

အဲဒီမှာပဲ..သူ့ရဲ့ မသိစိတ်မှာ..တစ်ခုခု ရှိနေခဲ့တယ် ။

ဒါက လုံးဝကို အသစ်ဖြစ်တဲ့ ခံစားမူပါ..။

ဆန်နီ ဒီအပေါ်မှာ ဆက်ပြီး အာရုံစိုက်ထားရင်း ရုတ်တရက် သူ့ရှေ့မှာ..ကမ္ဘာသစ်တစ်ခု ပွင့်လာခဲ့တယ်..။ဒီအရာက စကားလုံးတွေနဲ့ ဖော်ပြဖို့ ခက်ခဲလှပါတယ် .။ဘာတွေကြားနေရတယ် ဘာတွေခံစားနေရလဲ ဆိုတာကို ရှင်းပြဖို့ မလွယ်ကူလှပါဘူး..။

သူ့အနေနဲ့ ဘေးနားမှာ ဝန်းရံနေတဲ့ ကြီးမားတဲ့ ပုံသဏ္ဌာန် တွေနဲ့ လေဟာနယ်ကို ဆက်သွယ်လို့ ရနေသလိုပါပဲ..။ဒီနားလည်မူက သဘာဝ အတိုင်းပဲ ဖြစ်ပေါ်လာခဲ့တာပါ..။

ဒီ ပုံသဏ္ဌာန်တွေက အရိပ်တွေပါပဲ..။သူတို့ထဲက..အနက်ရောင် အရိပ်တစ်ခုကို ကြည့်ပြီး..တစ်ခြားနေရာက မဟုတ်ဘူးဆိုတာ ခံစားနေရပါတယ်..။ဒါက သူ့ရဲ့ ..စိတ်ဝိဥာဥ် အစိတ်အပိုင်း နဲ့ တူနေခဲ့တာပါ..။

ဆန်နီ ဒီခံစားချက်ကို ဆုပ်ကိုင်မိတာနဲ့..အရိပ်ကို သူ့ရဲ့ ​ခြေလက်တွေကို ခံစားမိသလို ခံစားလိုက်ရတယ်..။ကွာခြားချက်ကတော့..သူ့ရဲ့ ခြေလက်တွေက အသွေးအသားတွေနဲ့ တည်ဆောက်ထားပြီး..အရိပ်တွေကတော့ အလင်းရဲ့ မတည်ရှိမူကနေ တည်ဆောက်ထားပါတယ်..။

ဆန်နီ မျက်လုံးကို ဖွင့်ပြီး အရိပ်ကို ကြည့်လိုက်တယ်..။ယင်းနောက် အတွေးနဲ့တင် ..သူ လက်တစ်ဖက် မြှောက်ခိုင်းလိုက်ပါတယ်..။

အရိပ်ဟာ လက်တစ်ဖက် မြှောက်လိုက်တယ်..။

သူ ..ထိုင်တာ..ထတာ..လှည့်တာနဲ့ ကန်တာ တွေကိုပါ.. စိတ်နဲ့ ခိုင်းလိုက်တယ်..။ယင်းနောက် စိတ်ဆန္ဒနဲ့ပဲ အဝိုင်း..လေးထောင် ..မျဥ်းကြောင်း..မွန်းစတား ပုံသဏ္ဌာန် အမျိုးမျိုး ပြောင်းခိုင်းလိုက်ပါတယ်..။အရိပ်ဟာ ရေလိုပဲ အမျိုးမျိုး ပြောင်းလဲနေခဲ့တာပါ..။တစ်ခုတည်းသော မပြောင်းလဲတဲ့ အရာက သူ့ရဲ့..အရွယ်အစားပါပဲ..။

"ဟမ့်..ဘယ်လိုလဲ.."

အရိပ်ဟာ နှုတ်ခမ်းမဲ့ပြီး လက်မထောင်ပြလိုက်တယ်..။

"ဒါပေမဲ့ မင်းက ဘယ်လိုအသုံးဝင်တာလဲ.."

ဆန်နီ ..အရိပ်ကို..မျက်နှာသုတ်ပုဝါ လှမ်းထားတဲ့

စင်တန်းကို ကန်ခိုင်းလိုက်တယ်..။အရိပ်ဟာ နာခံစွာပဲ..စင် ဆီကိုသွားပြီး..အားပြင်းတဲ့ ကန်ချက်တစ်ခု ထုတ်လိုက်ပါတယ်..။ဒါပေါ့..ဒါက အရိပ်ဖြစ်တာကြောင့်..ခြေထောက်က စင်ကို ပျက်ဆီးသွားဖို့ မပြောနဲ့ အနည်းငယ်တောင် မလှုပ်စေခဲ့ပါဘူး..။

"ဒါပဲလား..မင်း လုပ်နိုင်တာက.."

သူ့စိတ်ထဲမှာတော့..အရိပ်တွေ နတ်ဘီလူးကြီးကို

တစ်စစီ ဆုပ်ဖြဲလိုက်တဲ့ ပုံရိပ်တွေ မြင်ယောင်နေခဲ့တာပါ..။ကြည့်ရတာတော့..သူအရိပ်က

အရိပ်နတ်ဘုရား နဲ့တော့ နှိုင်းယှဥ်လို့ ရမှာမဟုတ်ပါဘူး..။

ဘယ်လောက် စိတ်ပျက်စရာလဲ...

အရိပ်ကတော့ သူ့ကို အထင်သေးစွာပဲ ကြည့်နေခဲ့ပါတယ်..။ယင်းနောက် ပုခုံးကို တွန့်ပြီး..လုံးမ မလှုပ်တော့ပဲ..မနာခံစွာ နေနေခဲ့တယ်..။

ဆန်နီ သက်ပြင်းချပြီး..စင်ပေါ်က မျက်နှာသုတ် ပုဝါကိုသာ ယူလိုက်တယ်..။

"ကောင်းပြီလေ..နောက်မှ လေ့လာကြတာပေါ့.."

***

မိနစ် အနည်းငယ် ကြာပြီးတဲ့ နောက်မှာတော့..သူက ရဲအရာရှိတွေ ဝတ်တဲ့..အပေါ်အင်္ကျီကို ဝတ်ထားခဲ့တယ်..။သူ..ကော်ဖီဆိုင် ဆီကို ဦးတည်သွားလိုက်ပါတယ်..။

မာစတာ ဂျက် ကတော့..စားပွဲတစ်ခုမှာ အစားအသောက်တွေ နဲ့..သူ့ကို စောင့်နေခဲ့တယ်..။

"ယူလိုက်..."

ဆန်နီ ..စားပွဲပေါ်မှာ ရှိတဲ့..စျေးပေါတဲ့ ဆန်ပြုတ်ကို ကြည့်လိုက်တယ်..။ဒါက မြို့ပြင်မှာတုန်းက သူသောက်နေကြနဲ့ ဘာမှတောင် သိပ်မကွာပါဘူး..။

ထပ်ပြောရရင် အိပ်စက်သူ ဖြစ်လာပြီးနောက်မှာ..စားရတဲ့ ပထမဆုံး အစားအစာကို သူ အများကြီး မျှော်လင့်ထားခဲ့တာပါ..။

ဒီ အစားအသောက်ပဲ လား...

သူ ထိုင်ချလိုက်ပြီး..စျေးပေါတဲ့ ဆန်ပြုတ်ကိုပဲအားရပါးရ စားလိုက်တယ်..။သူတကယ်ကို အတော်လေး ဗိုက်ဆာ နေခဲ့တယ်..။

အတွေးတစ်ချို့ကြောင့် ဆန်နီ ..ဂျက် ကို တစ်ချက် ခိုးကြည့်လိုက်ပြီး သိချင်သွားခဲ့တယ်..။အခိုက်အတန့်က သူ့ကို သခင် တစ်ယောက် ရှာခိုင်းထားတယ်..။

ဒီအမျိုးသမီးကလည်း သူ့ရှေ့မှာ သူမကိုယ်သူမ

မာစတာ မာစတာ နဲ့ ပြောနေခဲ့ပါတယ်..။

ထူးဆန်းတဲ့ အတွေးတွေ သူ့စိတ်ထဲ ပေါ်လာခဲ့တယ်...

"သူမသာ..ဒီအချိန်မှာ မေးလာခဲ့ရင် ဘယ်လိုလုပ်မလဲ.."

ဆန်နီ တွေးလိုက်တာပါ..။

"မင်း ဘာတွေ တွေးနေတာလဲ..."

ဆန်နီ ဆန်ပြုတ်ကို မော့သောက်လိုက်တယ်..။သူ့ ပါးစပ်က..အလိုလျောက်ဖြေတော့မလို ခံစားလိုက်ရတာကြောင့် အမြန် ပြန်ပိတ်ထားပြီး တိတ်ဆိတ်နေခဲ့ပါတယ်..။ဘာမှ မပြောပဲ တစ်စက္ကန့်လောက် ကြာသွားခဲ့တယိ..။ယင်းနောက် ထူးဆန်းတဲ့ ဖိအား တစ်ခု သူ့စိတ်ထဲမှာ ပေါ်လာပြီး..နာကျင်မူ ဖြစ်ပေါ်လာခဲ့ပါတယ်..။

သူ ပြန်မဖြေခင် နောက်ထပ် စက္ကန့်အနည်းငယ်လောက် နာကျင်မူကို တောင့်ခံလိုက်ပါသေးတယ်..။

"မာစတာ ဂျက် အနေနဲ့ ကျွန်တော် ဘာတွေးနေလဲ မေးလာ မလားလို့ တွေးနေတာ.."

သူ နောက်ဆုံးတော့ ဖြေလိုက်တာပါ..။

ဂျက် သူ့ကို ထူးဆန်းစွာ ကြည့်လိုက်တယ်..။

"ကောင်းပြီ ..မင်း စားလို့ပြီးပြီလား.."

ဆန်နီ ခေါင်းညိမ့်လိုက်တယ်..။

"ဒါဆို ငါ စ ပြောမယ်..။လုပ်ထုံးလုပ်နည်းတွေအရ ..ငါ မင်းကို နည်းနည်းတော့..ပြောပြထားဖို့လိုတယ်..။ဒါက လုပ်နေကြအတိုင်းပဲ..။ပထမဆုံး အနေနဲ့..မင်းရဲ့ အိပ်မက်ဆိုးအပေါ် ပူပန်မူတွေ.."

သူမ သူ့ကို ကြည့်ပြီး သက်ပြင်းချလိုက်တယ်..။

"မင်းအနေနဲ့ စိတ်ပညာရှင်နဲ့..အခမဲ့..တွေ့ဆုံကုသလို့ ရတယ်..။မင်း ဘယ်လိုဆိုးဝါးတဲ့ အရာနဲ့ပဲ ကြုံတွေ့ခဲ့ တွေ့ခဲ့ အကူညီတောင်းဖို့ကို ရှက်မနေနဲ့..။မင်းရဲ့ စိတ်က မင်းရဲ့ ခန္တာကိုယ်လိုပဲ အရေးပါတယ်လေ..။မင်း..တွေ့ဆုံ ဆွေးနွေးဖို့ စိတ်ဝင်စားလား.."

ဆန်နီ ခေါင်းခါယမ်းလိုက်တယ်..။ဂျက်ဟာ ဆက်ပြောလိုက်ပါတယ်..။

"မင်း ဆန္ဒအတိုင်းပဲ..။ငါ့က်ိုလည်း ပြောပြလို့ရတယ်..။ဒါက အရမ်းဆိုးဝါး လား.."

သူ ဘယ်လိုပြန်ဖြေရမှာလဲ....

"ဒါက ကျွန်တော် မျှော်လင့်ထားတာထက် ပိုဆိုးတယ်..။တတိအကျ ပြောရရင် မျှော်လင့်ထားတာထက် အများကြီး ပိုဆိုးတယ်.."

သူမ ဒီရှင်းပြချက်ကို ကျေနပ်တဲ့ အမူအရာနဲ့ ခေါင်းညိမ့်ပြလိုက်ပါတယ်..။

"ဒါက ကောင်းမွန်တဲ့ အနေအထားပဲ..။ငါကတော့ ဆုတောင်းတာမျိုးတွေ ထပ်မလုပ်တော့ဘူး..။ငါတို့လို မြို့ပြင်က ကြွက်တွေက လူတွေထင်ထားတာထက် ပိုပြီး ခံနိုင်ရည်ရှိတယ်.."

ဆန်နီ သူမကို အံ့ဩသင့်စွာ ကြည့်လိုက်တယ်..။

"မာစတာ ဂျက် ..ကလည်း မြို့ပြင်မှာ ကြီးတာပဲလား.."

သူမ ပြုံးလိုက်တယ်..။

"ဘာလို့လဲ..ငါ့ရဲ့ သိမ်မွေ့တဲ့ အပြုအမူတွေကြောင့်

မင်း မထင်ထားဘူးမလား.."

သူ အကြိမ်အနည်းငယ် မျက်တောင်ခတ်လိုက်တယိ..။

"တကယ် မ​ထင်ရဘူး.."

ခနလောက် တွေးပြီးမှ သူ ထပ်ပြောလိုက်တယ်..။

"နိုးထသူတွေထဲမှာ..ကျွန်တော်တို့လို အများကြီး ရှိနေတာလား.."

ဂျက် ရဲ့ အပြုံးတွေဟာ ပျောက်ကွယ်သွားခဲ့တယ်..။

"မရှိဘူး..။တကယ်တော့ ..လက်တစ်ဖက်တည်း နဲ့တောင် ရေတွက်လို့ ရတယ်.."

ထင်ထားသလိုပဲ...။သူတို့လို လူတွေအတွက်..အခွင့်အရေးတွေက သိပ်ပြီး မများပါဘူး..။ဒါက ဂျက် ရဲ့ ပုခုံးပေါ်က ကြယ်သုံးပွင့်က ဘယ်လောက် ထူးခြားလည်း ဆိုတာကို သိသာစေပါတယ်..။

တစ်နေ့ ငါလည်း မာစတာ တစိယောက် ဖြစ်လာရမယ်...

သူမ တောင်လုပ်နိုင်ရင်..ငါက ဘာလို့ မလုပ်နိုင်ရမှာလဲ...။

"ဒီတော့..အခုကရော..။ကျွန်တော့်ကို ဘာပြောဖို့ တာဝန်ရှိနေသေးလဲ..."

ဆန်နီဟာ..သူ ရဲဌာနကနေ ထွက်သွားပြီးရင် ဘာလုပ်ရမလဲ ဆိုတာကို မသိပေ..။ဆောင်းဦးရာသီ ရောက်ဖို့လည်း ရက်သတ္တပတ် အနည်းငယ်သာ လိုတော့တာပါ..။

ဂျက် ဟာ နောက်ပြန်မှီနေရင်း ပြန်ဖြေလိုက်တယ်..။

"ဒါက အခြေခံ အချက်ပဲ..။မိသားစုနဲ့ အတူ အချိန်ကို ကုန်ဆုံးချင်လည်း ရတယ်လေ..။ဒါပေမဲ့ ငါ မင်းရဲ့ ဖိုင်ကို ဖတ်ထားပြီးပြီ..။ဒီတော့ ဒါက အလုပ်မဖြစ်ဘူး..။ဆုံးဖြတ်ဖို့ ကျန်တဲ့ တစ်ခုတည်းသောအရာက.အိပ်မက်ကမ္ဘာထဲကို ပြန်ဝင်ဖို့ မင်း ဘယ်လိုပြင်ဆင်မလဲ ဆိုတာပဲ.."

သူမ ..သူ့ကို ကြည့်ပြီး ဆက်ပြောလိုက်တယ်..။​ြ

"ငါ ပြောချင်တာက..မင်းရဲ့ ကံက အတော်လေး ဆိုးတယိ ဆိုတာပဲ..။အချိန်က သိပ်ပြီး ကျန်တော့တာ မဟုတ်ဘူး..။ပထမဆုံးအနေနဲ့ မင်း လုပ်ချင်တာကို လုပ်လို့ ရတယ်..။ဘယ်သူကမှ မင်းရဲ့ ဆုံးဖြတ်ချက်အတွက် တွန်းအား ပေးမှာမဟုတ်ဘူး..။မင်းအနေနဲ့ ကို ကိုယ့်ဟာကို ပြင်ဆင်ချင်လည်း ရတယ်..။ဒါမှမဟုတ် လုံးဝ မပြင်ဆင်ချင်ဘူး ဆိုရင်လည်း ရတယ်..။အိပ်မက်ကမ္ဘာထဲ မဝင်ခင် နောက်ဆုံးညအထိ ပါတီ လုပ်ပေါ့.."

ဆန်နီ ကတော့..ပါတီ လုပ်နေဖို့ စိတ်ဆန္ဒမရှိပါဘူး..။

"ဒါပေမဲ့ ငါ အကြံတစ်ခုတော့ ပေးချင်တယ်..။အိပ်စက်သူ အနေနဲ့ မင်းက နိုးထခြင်း အကယ်ဒမီမှာ စာရင်းဝင်သွားပြီလေ..။သူတို့က မင်းကို စားစရာ ..နေစရာ နဲ့ ပြင်ဆင်မူ သင်တန်းတွေ ပေးလိမ့်မယ်..။နှစ်ကုန်နှောင်းပိုင်းကို ရောက်နေပြီ ဆိုတော့ မင်း အများကြီး..သင်ယူ နိုင်မှာတော့ မဟုတ်ဘူး..။ဒါပေမဲ့..ဘာမှ မသင်တာထက်စာရင်တော့ကောင်းသေးတယ်လေ.."

သူမ စက္ကန့် အနည်းငယ်လောက် တိတ်ဆိတ်နေပြီးမှ ထပ်ပြောလိုက်တယ်..။

"ပိုပြီးအရေးကြီးတာက..အိပ်မက်ကမ္ဘာထဲကို မင်းနဲ့အတူဝင်မယ့် လူတွေနဲ့ တွေ့ရနိုင်တာပဲ..။သူတို့ထဲက အချို့က မင်းရဲ့ ဘဝ အပေါင်းအဖော် တွေ ဖြစ်လာနိုင်တယ်လေ.."

'အိပ်မက်ဆိုး အခိုက်အတန့်ထဲ ရောက်တာနဲ့ အဲ့အပေါင်းအဖော် တွေလည်း မယုံရတော့ဘူး..'

ဆန်နီ စိတ်ထဲကနေ ပြောလိုက်တာပါ..။

"ဒီတော့..မင်း ဘယ်လိုပြောချင်လဲ..။မင်းကို အကယ်ဒမီကို လိုက်ပို့ပေးစေချင်လား.."

ဆန်နီတွေးကြည့်လိုက်တယ်..။ထူးခြားစွာပဲ..သူ့ရဲ့ အားနည်းချက်က ဒီတစ်ကြိမ်တော့ တိတ်ဆိတ်နေခဲ့ပါတယ်..။တိကျတဲ့ မေးခွန်းတွေ မဟုတ်ရင် ပြန်ဖြေဖို့ တွန်းအား မပေးတဲ့ ပုံပါပဲ..။

'ဒါက ..ငါ့စိတ်က မဆုံးဖြတ်ရသေးလို့ များလား.."

နောက်ဆုံးတော့..သူ့ရဲ့ ကုန်နေတဲ့..ပန်ကန် ကို ကြည့်ကာ ဆုံးဖြတ်ချက် ချလိုက်တယ်..။

နေစရာ နဲ့ စားစရာ အခမဲ့လို့ ပြောလိုက်တာမလား..

"ကောင်းပြီ..ကျွန်တော် အကယ်ဒမီကို သွားချင်တယ်.."

All Chapters