တံတားကို ဖြတ်ကူးခြင်း
Vol. 2 Ch. 19
ဆန်နီဟာ..နိုးထခြင်း အကယ်ဒမီရဲ့ ဖျက်ဆီးဖို့ မလွယ်ကူတဲ့ အနီရောင် ဂိတ်တံခါးကြီးတွေ ရှေ့မှာဟရပ်နေခဲ့တယ်။အမှန်တကယ်တော့ အကယ်ဒမီက မြို့ထဲမှာ ရှိနေတဲ့ နောက်ထပ်မြို့တစ်မြို့ပါ..။ဒါက မာကျောတဲ့ သတ္တုတွေနဲ့ အတူပဲ..ခံတပ် တစ်ခုလို တည်ဆောက်ထားခဲ့ပါတယ်..။နက်ရှိုင်းတဲ့..ကျုံးတွေ..များပြားလှတဲ့ လက်နက်တွေလည်း..ဆောက်လုပ် တပ်ဆင်ထားပါသေးတယ်..။
အိပ်မက်ဆိုး သားရဲတွေတင်မဟုတ်ပဲ..တိုင်တန် တွေတောင် ဒီအကာအကွယ်ကို ချိုးဖျက်နိုင်လိမ့်မှာမဟုတ်ပေ..။
ဒါက ဒဏ္ဌာရီလာ နေရာတစ်ခုပါ..။တကယ်တော့ များပြားလှတဲ့..ရုပ်ပြကာတွန်း တွေ..ဒရမ်မာ တွေနဲ့
နိုဘယ်လ် တွေဟာ ဒီ နံရံနောက်ကနေ ဖြစ်တည်လာတယ် ဆိုရင်လည်း မမှားပေ..။ဆန်နီရဲ့ ဘဝမှာ သူရဲကောင်းတွေထဲက တစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးမိပါဘူး..။
ဒါပေါ့..အမှန်တကယ် ဖြစ်ပျက်နေတဲ့ အရာတွေက ရုပ်သံတွေမှာ ရိုက်ကူးပြနေတာထက်တော့ အများကြီး ကွာခြားပါတယ်..။ထပ်ပြောရရင်..အိပ်မက်ကမ္ဘာထဲကို ပြန်မဝင်ခင်မှာ..သူ့အတွက် အချိန်
လေးပတ် ပဲ ရရှိတာပါ..။သူ အရှုပ်ထုတ်တွေ လုပ်ချင်ရင်တောက်မှ..သူ့မှာ အချိန်မလုံလောက်ပေ..။
ပြီးတော့..သူကိုယ်တိုင်လည်း ဘာဇယားတွေမှ မရှုပ်ချငိပါဘူး..။
သူ့အနေနဲ့..ဘယ်လို ရှင်သန်ရမလဲ ဆိုတာကို သင်ယူရဦးမှာ ဖြစ်ပြီး..အရေးမပါတာတွေ အတွက် အချိန်ကုန်ခံမှာ မဟုတ်ပေ..။
နှငိးတွေဟာ..ကောင်းကင်ပေါ်ကနေ ဖြည်းညှင်းစွာ ကျနေခဲ့တယ်..။အကယ်ဒမီ ရဲ့ ရှေ့မှာတော့ အေးစက်ပြီး တိတ်ဆိတ်နေခဲ့ပါတယ်..။ဆန်နီ အပြင် ..နောက်ထပ် တစ်ယောက် လည်း ရှိနေခဲ့တယ်..။ခန့်မှန်းကြည့်ရသလောက်တော့..နောက်ထပ် အိပ်စက်သူ တစ်ယောက်ပါ..။
ဒါက..သူ့ အသက်ဝန်းကျင်လောက်ရှိတဲ့ အရပ်ရှည်ရှည် ပိန်ပိန်သွယ်သွယ် မိန်းကလေးတစ်ယောက်ပါ..။သူမ ရဲ့ မျက်နှာပေါ်မှာတော့..ဘယ်သူ့ကိုမှ မဖော်ရွေတတ်တဲ့ အကြည့်တွေ ရှိနေခဲ့တယ်..။သူမဟာငွေရောင် ဆံပင်ကို အတိုညှပ်ထားပြီး..ဘေးဖက်ကို သေသေသပ်သပ် ခွဲထားခဲ့ပါတယ်..။
သူ့လိုပဲ..သူမဟာလည်း..ရဲအရာရှိတွေဝတ်တဲ့ အပေါ်အင်္ကျီကို ဝတ်ထားခဲ့ပါတယ်..။သူမရဲ့ ခေါင်းပေါ်မှာတော့..ခေတ်ဟောင်း နားကြပ်တစ်စုံ ရှိနေခဲ့တယ်..။သူတို့ စောင့်ဆိုင်းနေတုန်းမှာတော့..သူမက တည်တည်ငြိမ်ငြိမ်ပဲ..သီချင်းကို နားထောင်နေခဲ့တာပါ..။
ငွေရောင် ဆံပင်နဲ့ မိန်းကလေးဆီကနေ ခံစားချကိ တစ်ချို့ ရနေခဲ့ပါတယ်..။ဒါက သူမက ကမ္ဘာကြီးကနေ သီးသန့် ခွဲထွက်နေသလိုပါပဲ..။သူမကြည့်ရတာ ကိုယ့်ကိုကို ယုံကြည်မူ အပြည့်ရှိတဲ့ပုံ ပေါ်ပေမယ့် အနည်းငယ် အထီးကျန်နေသလိုပါပဲ..။
ဆန်နီ ကတော့..သူမကို စကား စပြီးပြောလိမ့်မှာမဟုတ်ပေ..။သူ့ရဲ့ သောက်ကျိုးနဲ အားနည်းချက် ကြောင့် ဘယ်လို အခြေအနေကို ရောက်သွားနိုင်လဲ ဆိုတာကို ဘယ်သူ သိမှာလဲ..။ကိုယ့်ဟာကို ပါးစပ် ပိတ်နေတာက ပိုပြီးကောငိးပါတယ်..။
သူ ကောင်မလေးကို ကြည့်ပြီး သက်ပြင်းချလိုက်တယ်..။
"သူမက ဘယ်လို အားနည်းချက် ရှိနေတာလဲ သိချငိမိတယ်..."
နောက်ဆုံးတော့ ဂိတ်တံခါးဟာ ပွင့်သွားခဲ့တယ်..။ထူပြီး ကြီးမားတဲ့ သတ္တုတွေနဲ့ ပြုလုပ်ထားတဲ့ နံရံကြီးဟာ..ဖြည်းဖြည်းချင်း အောက်ကို ဆင်းလာပြီး တံတားကြီး တစ်ခု ဖြစ်သွားခဲ့ပါတယ်..။ဆန်နီဟာ သူ့ရှေ့ကို ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ကြည့်လိုက်တယ်..။
မာစတာ ဂျက် ရဲ့ နှုတ်ဆက်စကားတွေက သူ့စိတ်ထဲကို ဝင်လာခဲ့ပါတယ်..။
***
အကယ်ဒမီကို သွားနေတဲ့ လမ်းတစ်လျောက်မှာတော့..ဆန်နီ အများကြီး မပြောခဲ့ပေ...။ဂျက် ရဲ့ ကားပြတင်းပေါက်ကနေပြီး မြို့ရဲ့ မြင်ကွင်းတွေကိုသာ ကြည့်နေခဲ့ပါတယ်..။
တကယ်တော့ သူ PTV ကားပေါ်မှာ ထိုင်ဖူးတာ ဒါ ပထမဆုံးအကြိမ်ပါ..။လိုင်းကား တိုးစီးနေတဲ့ လူတွေ အနေနဲ့ ဒီလို ကားမျိုးပိုင်ဆိုင်ဖို့ မပြောနဲ့ လိုင်စင်ရဖို့တောင် မလွယ်ကူလှပါဘူး..။
သူအရင်တုန်းက ရဲကားပေါ်ကို တစ်ခေါက်နှစ်ခေါက် လိုက်ဖူးပေမယ့်..ဒါက လုံးဝကို မတူညီတဲ့ ခံစားချကိပါ..။
ခနအကြာမှာ မာစတာ ဂျက်ဟာ..သူ့ကို ကြည့်လိုက်ပြီး ပြောလိုက်တယ်..။
"ငါတို့က မြို့ပြင်ကနေပဲ လာကြတာဆိုတော့..ငါ မင်းကို အကြံဥာဏ် ၃ ခု ပေးလိုက်မယ်..။မင်း နားထောင်တယ် မထောင်ဘူးဆိုတာကတော့ မင်းအလုပ်ပဲ.."
ဆန်နီ ခေါင်းကို လှည့်ပြီး နားထောင်လိုက်တယ်..။
"ပထမဆုံးအနေနဲ့ မင်း အကယ်ဒမီမှာ စာရင်းသွင်းပြီးတာနဲ့..သူတို့က မင်းကို စိတ်ပိုင်းဆိုင်ရာ..အကူညီပေးဖို့ ကမ်းလှမ်းလိမ့်မယ်..။မင်းရဲ့ အိပ်မက်ဆိုးအခိုက်အတန့် ထဲက အတွေ့အကြုံတွေ ..စစ်ဆေးမူ အသေးစိတ် တွေကို မျှဝေဖို့အတွက် အဖိုးတန်တဲ့ ဆုတွေ ရှိနေလိမ့်မယ်..။မင်းအနေနဲ့ စိတ်ဝိဥာဥ် အပိုင်းအစ တစ်ခု..ဒါမှမဟုတ် အနည်းငယ်ကိုတောငိ ရနိုင်တယ်လေ.."
သူ မျကိမှောငိကျုတ်လိုက်တယ်..။
"ကျွန်တော်ကို စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးဖို့ ထပ်ပြီး ဆွဲဆောင်နေတာလား.."
ဂျက်ဟာ ခေါင်းခါယမ်းလိုက်တယ်..။
"မဟုတ်ဘူး..ငါ မင်းကို ငြင်းဖို့အတွက် ပြောနေတာ.."
အံ့ဩစွာပဲ..ဆန်နီ မျက်ခုံးတွေ မြင့်တက်သွားခဲ့တယ်..။
"ဘာလို့လဲ.."
သူမ ခနလောက် ရပ်တန့်လိုက်ပြီးမှ..
"မင်းက နားလည်ဖို့ စောလွန်းသေးတယ်..။ဒါပေမဲ့ အိပ်မက်ကမ္ဘာထဲမှာ အိပ်မက်ဆိုး သားရဲတွေက တစ်ခုတည်းသော အန္တရာယ်မဟုတ်ဘူးလေ.. ။မင်းရဲ့ အင်အားတွေ ကြီးလာတာနဲ့ အမျှ လူသားတွေကပါ အန္တရာယ် ဖြစ်လာလိမ့်မယ်..။မင်းရဲ့ စွမ်းရည်အကြောင်း သူတို့သိထားတာ နည်းလေလေ..ပိုကောင်းလေလေပဲ.."
ဒီတော့ ဒီလိုပေါ့..
"အရမ်း အင်အားကြီးတဲ့ နိုးထသူကို အနိုင်ယူဖို့အလွယ်ဆုံးနည်းလမ်းက သူ့ရဲ့ အားနည်းချက်ပဲ..။ဒါပေမဲ့ ရူးမိုက်တဲ့ လူငယ်လေးတွေက..အကယ်ဒမီ ရောက်ရင် သူတို့ရဲ့ စွမ်းရည်အသေးစိတ် တွေကို မျှဝေတတ်ကြတယ်လေ..။အစိုးရက မင်းရဲ့ အချက်အလက်တွေကို ပေါက်ကြားစေလိမ့်မယ်လို့ ငါပြောနေတာ မဟုတ်ဘူးနော်..။ဒါပေမဲ့ လျို့ဝှက်ချက် တစ်ခုကို လူ နှစ်ယောက် သိသွားပြီး ဆိုရင်..အဲတာက လျို့ဝှက်ချက်တစ်ခု မဟုတ်တော့ဘူး..။ပြီးတော့ အစိုးရအတွက် အလုပ်လုပ်ပေးနေတဲ့လူတွေက အများကြီးရှိတယ်.."
ဒါက အမှန်ပဲ အဓိပ္ပါယ် ရှိပါတယ်..။
"ကျေးဇူးပါ မာစတာ ဂျက်.."
သူ ခေါင်းညိမ့်ပြလိုက်တယ်..။
"ဒုတိယ အချက်က အဲ့မှာ ရွေးချယ်စရာ သင်တနိးတွေ အများကြီး ရှိလိမ့်မယ်..။ကိုယ်ခံပညာ သင်တန်းတွေ..အိပ်မက်ဆိုးသားရဲ အမျိုးအစား တွေကို လေ့လာတဲ့ သင်တန်းတွေ..သားရဲတွေရဲ့ အားနည်းချက်ကို လေ့လာတဲ့ သင်တန်းတွေ..အခြေခံ မှော်ပညာ အတတ်တွေ..နဲ့ တစ်ခြားဟာတွေ အများကြီးပဲ.."
ဆန်နီ တံတွေးမြိုချလိုက်တယ်..။အမှန်တကယ်တော့ သူ ဘယ်လို လက်နက်မျိုးကို လေ့ကျင့်ရမလဲ ဆိုတာကို စဥ်းစားနေတာပါ..။ရက်သတ္တပတ် ၄ ခု ဆိုတာက..လက်နက်တစ်ခုကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ဖို့အတွက် အချိန်တိုတောင်းလှပါတယ်..။သို့ပေမယ့်..ဒါက သူ့ကို အခြေခံ တတ်ကျွမ်းမူတော့ ဖြစ်စေမှာပါ..။
"အဲတာတွေ အကုန်လုံးထဲမှာမှ..မင်းတက်ရမယ့် တစ်ခုတည်းသော သင်တနိးက..တောထဲမှာ ရှင်သန်နိုင်မူ သင်တန်းပဲ.."
သူ မျက်တောင်ခတ်လိုက်တယ်..။
"ဘာလို့လဲ..."
ဂျက် သူ့ကို ကြည့်လိုက်တယ်..။
"ကျောင်းတွေမှာကတည်းက..သင်ယူစရာတွေကို အကုန်သင်ကြားခဲ့ရတဲ့ ကလေးတွေ..ကိုယ်ပိုင်ဆရာတွေနဲ့ သင်ယူခဲ့ရတဲ့ ကလေးတွေနဲ့တော့ မတူဘူးလေ..။ငါတို့မှာက ဒီလို အားသာချက်တွေ ရှိမနေဘူးမလား..။အိပ်မက်ဆိုးအတွင်းမှာ မင်းအတွက် အကြီးမားဆုံး ခြိမ်းခြောက်မူက ဘာဖြစ်မလဲ.."
ဆန်နီတွေးကြည့်လိုက်တယ်..။အပေါ်ယံ အမြင်မှာတော့ သူ့အတွက် အန္တရာယ်အများဆုံးက နတ်ဘီလူးကြီး..ပြီးတော့ သူရဲကောင်းလေးပါ..။သို့ပေမယ့်..အမှန်တကယ် သူ့ကို မကြာခန သတ်ဖို့ လုပ်နေတာက..
"အေးစက်တဲ့ ရာသီဥတု.."
ဂျက် ပြုံးလိုက်တယ်..။
"ဥာဏ်ကောင်းတယ်..။မင်းက မြို့ထဲမှာ ဘယ်လို ရှင်သန်ရမလဲ ဆိုတာပဲ သိထားတာလေ..။မီးကို ဘယ်လို ပြုလုပ်ရမလဲ ဆိုတာ မင်း သိရဲ့လား..။အစားအသောက်တွေ ဘယ်လိုရှာရမလဲ..။လုံခြုံတဲ့ အကာအကွယ်ကို ဘယ်လိုရှာရမလဲ..။မသိဘူးမလား..။သားရဲ တွေနဲ့ တိုက်ခိုက်တာကလည်း အရေးကြီးတယ် ဆိုပေမယ့်..ဆာလောင်မူ..ဒါမှ မဟုတ် ရာသီဥတု ကြောင့် သေသွားမယ် ဆိုရင်တော့ အလကားပဲလေ..။ငါ့ကို ယုံကြည်လိုက်..။ငါ ဒီအရာကို အခက်အခဲတွေကို ရင်ဆိုင်ပြီး သိခဲ့ရတာ.."
ဆန်နီ ခေါင်းညိမ့်လိုက်တယ်..။ဒါက အရမ်းကို သိသာနေတာတောငိ..သူ မြင်အောင် မကြည့်နိုင်ခဲ့ပါဘူး..။သူ့ရဲ့ အတွေ့အကြုံတွေကနေ မသင်ယူနိုင်လောက်အောင် သူက ကန်းနေခဲ့တာပါ..။
လူသားတွေရဲ့ ဦးနှောက်က ဒီလိုပါပဲ..။အရေးအကြောင်းဆိုရင် ပုံမှန်လုပ်နေကြ အလုပ်တွေကိုတောင် သေချာ မြင်နိုင်ဖို့ ခက်ခဲနေကြတာပါ..။
အဲ့အချိန်မှာပဲ..မာစတာ ဂျက် ဟာ ကားကို ရပ်လိုက်ပြီး တံခါးဖွင့်ကာ အပြင်ကို ထွက်လိုက်တယ်..။ဆန်နီ ကားပေါ်ကနေ လိုက်ဆင်းလိုက်ပါတယ်..။အပြင်ရောက်တာနဲ့ ရှေ့မှာ မြင်လိုက်ရတဲ့ သတ္တုဂိတ်တံခါးကြီးကြောင့် အံ့ဩသင့်သွားခဲ့တယ်..။
ဒါက..အကျော်ကြားဆုံး နိုးထခြင်း အကယ်ဒမီပါပဲ..။
စက္ကန့်အနည်းငယ်ကြာပြီးမှ အံ့ဩမူကနေ အသိစိတ်ပြန်ဝင်လာပြီး သူ့ စီနီယာကို ကြည့်လိုက်တယ်..။
"ငါ ဒီနေရာအထိပဲ လိုက်ပို့လို့ရတယ်.."
မာစတာ ဂျက်ဟာ အကယ်ဒမီရဲ့ နံရံကြီးတွေကို ကြည့်ပြီး ပြောလိုက်တာပါ..။
"ငါ သူတို့ကို အကြောင်းကြားထားပြီးပြီ..။မင်းကိုတစ်ယောက်ယောက်က..မကြာခင်လာကြိုလိမ့်မယ်.."
သူမရဲ့ အေးစက်တဲ့ အပြာရောင် မျက်လုံးတွေထဲမှာ..အနက်ရောင် အရိပ်တစ်ချို့ ဖြတိပြေးသွားတာ တွေ့လိုက်ရပါတယိ..။ဆန်နီ ရုတ်တရက် သူ့ခန္တာကိုယ် တစ်ခုလုံး အေးစက်သွားသလိုတောင် ခံစားလိုက်ရတယ်..။
"တတိယမြောက် အကြံပေးချင် တာကရော.."
မာစတာ ဂျက် ..သူ့ ကိုကြည့်ပြီး သက်ပြင်းချလိုက်ပါတယ်..။
"မှတ်ထားပါ..။အိပ်မက် ကမ္ဘာထဲမှာ ဘယ်သူမှ တစ်ယောက်တည်း အသက်မရှင်သန် နိုင်ဘူး..။ဒါကခန့်မှန်းချေ နဲ့ ပြောနေတာမဟုတ်ဘူး..သေချာတဲ့ အချက်အလက် တစ်ခုပဲ..။သူတို့က မင်းကို ကောင်းကောင်း မဆက်ဆံဘူးဆိုရင် တောင် သူတို့နဲ့ အတူ ရှိနေနိုင်အောင် ကြိုးစားပါ..။ဒါက မင်းအသက်ကို ကယ်တင်နိုင်လိမ့်မယ်.."
ယင်းနောက် သူမ ဟာ ရုတ်တရက် ပြုံးပြီး ..သူ့ ပုခုံးကို ပုတ်လိုက်ပါတယ်..။
"မင်းက အခုချိန်အထိ ကောင်းကောင်း ရှင်သန်နိုင်ခဲ့တာပဲ..။အနာဂတ်မှာလည်း ဆက်ပြီး အသက်ရှင်နိုင်အောင် ကြိုးစားပါ.."
ယင်းနောက် သူမ ရဲ့ PTV ကားပေါ်ကို တက်ပြီး မောင်းထွက်သွားခဲ့တယ်..။ဒီလိုနဲ့ပဲ မာစတာ ဂျက် ကတော့ ထွက်သွားခဲ့ပါပြီ..။
***
သတ္တုတံတားကြီးဟာ..ရေမြောင်း ကြီးနဲ့ ထိပြီးနောက် အသံ အနည်းငယ် မြည်ပြီး ရပ်တန့်သွားခဲ့တယိ..။ဆန်နီ ကတော့ ရှေ့ကိုကြည့်နေရင်း လာမယ့်ရက်သတ္တပတ် ၄ ခုကို ဘယ်လိုဖြတ်ကျော်ရမလဲ ဆိုတာကို စိတ်ဝင်စားနေခဲ့ပါတယ်..။
မင်းရဲ့ အားနည်းချက်နဲ့ စွမ်းရည်ကို လျို့ဝှက်ထား ၊ တောထဲမှာ ရှင်သန်နိုင်အောင် သင်ယူ ၊ တစ်ခြား အိပ်မက်မက်သူ တွေကို ကောင်းကောင်းဆက်ဆံ..။
ဒါတွေက အဲလောက်ကြီးလဲ ခက်ခဲနေတာ မဟုတ်ပါဘူး..။
သို့ပေမယ့် အခြေအနေ တစ်ချို့ကြောင့် ဒီရက်တွေက အတော်လေး ကြမ်းတမ်းတော့မယ်လို့ ခံစားနေရပါတယ်..။ဒါက ပထမ အိပ်မက်ဆိုး ထက်တောင် ပိုပြီး ဆိုးဝါးနိုင်တာပါ..။
ဒီလို စိုးရိမ်စိတ်တွေ မရှိတဲ့လူတစ်ယောက်လိုပဲ..ငွေရောင်ဆံပင် နဲ့ ကောင်မလေးဟာ ရှေ့ကိုတက်ပြီး တံတားကနေ ဖြတ်လျောက်သွားခဲ့တယ်..။
ဆန်နီ သက်ပြင်းချလိုက်ပြီး နောက်ကနေ လိုက်သွားလိုက်ပါတယ်..။