နောက်တစ်ကြိမ် အပြင်ဘက်
Vol. 2 Ch. 20
အိပ်စက်သူတွေ အတွက်နေရာက..အနည်းငယ် သေးငယ်ပြီး..အကယ်ဒမီ ရဲ့ တောင်ဘက်ခြမ်းမှာ ရှိနေခဲ့တယ်..။ဒီနေရာကိုတော့..လေ့ကျင့်ရေးကွင်းတွေ..ပန်းခြံတွေ နဲ့..ဝန်းရံထားခဲ့ပါတယ်..။
ဒါက စစ်တပ် စတိုင်အတိုင်း ဆောက်လုပ်ထားတဲ့..ခေတ်မှီ အဆောက်အဦးတွေပါ..။အကယ်ဒမီ ရဲ့ အဓိက အဆောက်အဦးတွေ ဖြစ်တာနဲ့အညီ ..အများစုက မြေကြီးထဲမှာ ဆောကိလုပ်ထားပြီး..အပေါ်ယံကို အထပ်အနည်းငယ်သာ ပြသထားခဲ့တယ်..။အဖြူရောင် အုတ်နံရံတွေ..ပြတင်းပေါက် အကျယ်ကြီးတွေကြောင့် ဒီနေရာက နွေရာသီဆိုရင် အတော် လှပမှာ အသေအချာပါပဲ..။
အဆောက်အဦး အထဲမှာလည်း အတော်ကို ကျယ်ဝန်းလှပါတယ်..။ဆန်နီနဲ့ ငွေရောင်ဆံပင် ကောင်မလေးကိုတော့..လူငယ်တွေ ရာနဲ့ချီပြီး ရှိတဲ့ ခန်းမထဲကို ခေါ်သွားခဲ့တယ်..။
ကူးစက်ခံရသူ..အရေအတွက်က အမြဲတမ်း အတိအကျ မရှိတာကြောင့်..အကယ်ဒမီ ရဲ့ စီမံမူကတော့ ဗရမ်းဗတာ ပါပဲ...။သူတို့ထဲက တစ်ချို့ဟာ..အိပ်မက်ကမ္ဘာ ထဲဝင်ဖို့အတွက် ပြင်ဆင်ခွင့် ၁ နှစ်လောက် ရကြပေမယ့် တစ်ချို့ကတော့ ရက်ပိုင်း လပိုင်း လောက်ပဲ ရကြပါတယ်..။
ဒါကြောင့်..သူတို့အနေနဲ့ ဝင်ရောက်ခြင်း အခမ်းအနားကို လစဥ်လတိုင်းမှာ ပြုလုပ်ပေးနေခဲ့တာပါ..။ဆောင်းဦးရာသီကို ရောက်ခါနီးပြီ ဆိုရင်တော့ အပတ်စဥ် တိုင်းမှာ အခမ်းအနား လုပ်ပေးကြပါတယ်..။တစ်ချို့အိပ်စက်သူတွေဟာ ဆိုရင်..ဒီ အခမ်းအနား အတွက် ခန်းမထဲမှာ စောင့်နေကြတာ ရက်အနည်းငယ် ရှိပါပြီ..။ဆန်နီတို့ကတော့..အခမ်းအနားကျင်းပဖို့ နာရီပိုင်းအလိုမှာ ရောက်လာတာကြောင့် ကံကောင်းတယ်လို့ ပြောလို့ရပါတယ်..။
ခန်းမထဲရောက်တဲ့ အချိန်မှာတော့..သူ အရာနှစ်ခုကို နားလည်သွားခဲ့တယ်..။
ပထမ တစ်ချက်က..အားလုံးက ကောင်းမွန်တဲ့ ဝတ်စုံတွေကို ဝတ်ဆင်ထားကြတာပါ..။သူတို့နဲ့အတူ..ပစ္စည်းတွေထည့်ထားတဲ့ ခရီးဆောင်အိတ် လက်ဆွဲအိတ် တွေ သယ်လာကြပြီး..အနည်းဆုံးတော့ ကျောပိုးအိတ် တစ်လုံး သယ်ထားကြပါသေးတယ်..။
သူတို့က အိမ်မှာကတည်းက သေချာ ပြင်ဆင်ထားကြပြီး..မိသားစုတွေက ဒီကိုလိုက်ပို့ပေးကြတယ်ဆိုတာ အသိသာကြီးပါပဲ..။
ဒါကြောင့် လက်ဗလာ နဲ့ပဲ..ဝင်ရောက်လာခဲ့ကြတဲ့ ဆန်နီ နဲ့ ငွေရောင် ဆံပင်ကောင်မလေးတို့ဟာ..လူထူးလူဆန်း ဖြစ်နေခဲ့ကြတယ်..။
"ဟုတ်သားပဲ..ဒါ အဓိပ္ပါယ် ရှိတယ်.."
ဒုတိယ အနေနဲ့ မာစတာ ဂျက်က..သူမအနေနဲ့ နိုးထသူတွေ ထဲမှာ သာမန်ရုပ်ရည်ပဲ ရှိတယ်လို့ ပြောတာက နိမ့်ချနေတာ မဟုတ်ပါဘူး..။ဒီမှာရှိတဲ့ လူငယ်လေးတွေက အခုမှ ..သူတို့ရဲ့နိုးထသူ လမ်းကြောင်းကို စတင်ကြပေမယ့်..ရုပ်ရည်တွေက အံ့ဩလောက်စရာပါပဲ..။
လူတိုင်းက လှပ..ခန့်ညားပြီး ကျန်းကျန်းမာမာ ရှိကြပါတယ်..။
သူ တံတွေးမြိုချလိုက်တယ်..။
"ဒါပေမဲ့ ငါကတော့..သူမကို မယှဥ်နိုင်ကြဘူးလို့ ခံစားနေရတုန်းပဲ..။သူမက အရမ်းကြီး မပြီးပြည့်စုံပေမယ့်..တည်ရှိမူ တစ်ခု ရှိနေတယ်..။သူမသာ အခန်းထဲမှာ ရှိနေရင် အပူချိန်တွေ လျော့ကျသွားသလိုပဲ.."
အိပ်စက်သူ တွေနဲ့ မာစတာ တွေကြားမှာ ဘာတွေ ကွာခြားနေတာလဲ...
သို့ပေမယ့် ဒီအတွေးတွေ အကုန်လုံးက သူ့အတွက်တော့..လိမ်ညာလို့ မရတဲ့အရာတွေပါ..။ဆန်နီအနေနဲ့ သူ့ အခြေအနေက သိပ်မကောင်းဘူးဆိုတာ သိထားပါတယ်..။
ဘာလို့လဲ ဆိုတော့ သူ လိမ်လို့ မရပါဘူး..။ပြီးတော့..ဒီစိတ်လှုပ်ရှားနေတဲ့ လူငယ်လေးတွေ လုပ်ချင်နေတာက တစ်ခုတည်းရှိပါတယ်..။
စကားပြောတာ...
ဒီမှာရှိနေတဲ့လူတိုင်းက..တစ်ခြား အိပ်စက်သူတွေနဲ့စကားပြောချင်နေကြတာပါ..။သူတို့က သူတို့ရဲ့ အိပ်မက်ဆိုး တွေ..အနာဂတ် အကြောင်းအရာတွေကို အတူတူ ဆွေးနွေးချင်နေကြတယ်..။သူတိူ့က မေးခွန်းတွေ မေးချင်နေကြတာပါ..။
သူတို့က အရေးကြီးတာတွေ ရော အရေးမပါတာတွေရော..ပြောချင်နေကြတယ် ဆိုတာ အသိသာကြီးပါပဲ..။
လူတိုင်းက မျှဝေချင်နေကြတယ်..။
"ဒါကမှ အိပ်မက်ဆိုးပဲ.."
ဆန်နီ ညဥ်းတွားလိုက်တာပါ..။
ယင်းနောက်..ဆုံးဖြတ်ချက် ပြတ်သားမူနဲ့အတူ အံကိုကြိတ်ကာ အသက်ပြင်းပြင်း ရူလိုက်တယ်..။
"ဒါကို မင်းရဲ့ စမ်းသပ်ချက်လို့သာ တွေးထားလိုက်.။မင်းက အနက်ရောင် တောင်ကုန်းမှာ တောင် အသက်ရှင်နိုင်ခဲ့သေးတာပဲ..။ဒီတော့..ဒီမှာလည်း ရှင်သန် နိုင်ရမယ်.."
သူက သူရဲကောင်းတွေ..ဗီလိန် တွေ...မွန်းစတားတွေနဲ့ နတ်ဘုရားတွေကိုတောင် တွေ့ခဲ့တဲ့လူတစ်ယောက်ပါ..။သူက..ဒီ ဆယ်ကျော်သက် ကလေးတွေကို ကြောက်နေရဦးမှာလား...။
နာရီဝက်လောက် ကြာပြီးတဲ့နောက်မှာတော့ အခန်းထဲက လူတိုင်းဟာ..ဆန်နီရဲ့..မြောက်ကြွားကြွား ပုံစံကို ကြည့်မရဖြစ်လာကြတယ်..။
စကားအနည်းငယ်လောက် ပြောပြီးတာနဲ့ ဆန်နီနဲ့ ဘယ်သူမှ မပြောချင်ကြတော့ပါဘူး..။အခုဆိုရင် သူက မဟုတ်တာတွေ လျောက်ပြောတဲ့ လူတစ်ယောက် အဖြစ်နာမည်ကြီးနေခဲ့ပါပြီ..။
သူက အကြိမ်အနည်းငယ် ပါးရိုက်ခံထားရပြီး..တစ်ကြိမ် အထိုးခံထားခဲ့ရတယ်..။သူ့ကို တစ်ချို့လူတွေက..မောက်မာတယ်..ရိုင်းစိူင်းတယိ..တဏှာကြီးတယ် ဆိုပြီးတောင်..နာမည်တပ်ထားကြပါသေးတယ်..။
ဆန်နီ ပြောခဲ့တာတွေကတော့ :
အိပ်စက်သူ : "ဒီ လူတွေ အကုန်လုံးကို ကြည့်လိုက်..။ဘယ်နှစ်ယောက်ကများ အိပ်မက်ကမ္ဘာထဲကနေ ပြန်လာနိုင်မလဲ..။ဘယ်နှစိယောက်လောက် သေကြမလဲ..။ငါတို့ရဲ့ အသက်ရှင်နိုင်ချေကရော ဘယ်လောက် ရှိနိုင်မယ်ထင်လဲ.."
ဆန်နီ : "ငါ ဘယ်လိုလုပ် သိမှာလဲ..။ဒါပေမဲ့ ..မင်းလို ဟန်များ နေတဲ့အရူးကတော့ အရင်သေမှာပဲ..."
သိူ့မဟုတ်...
အိပ်စက်သူ : "ငါ အိပ်မက် ကမ္ဘာထဲမှာ အကာအကွယ် မှတိသားမူတစ်ခု ရခဲ့တယ်..။ဒါက အံ့ဩစရာ ဝတ်ရုံ တစ်ခုပဲ..။နင်ကြည့်ကြည့်ချင်လား.."
ဆန်နီ : "တကယ်လား..ငါကတော့..နင့်ကို ဘာအဝတ်မှ မပါပဲ ကြည့်ချင်မိတာ..."
သို့မဟုတ်..
အိပ်စက်သူ : " နိမ့်ကျတဲ့ လူတွေကပဲ..သေဆုံးတဲ့ လူတွေရဲ့ ပစ္စည်းကို ယူကြတာလဲ..။ဒါက တကယ်ရွံစရာပဲ..။သူတို့က ဖိနပ်တွေကိုတောင် ယူကြတယ်..။လူသေတစ်ယောက်ရဲ့ ဖိနပ်က ဘယ်လို ကံဆိုးမူတွေကိုတောင် ယူလာလိမ့်မလဲ.."
ဆန်နီ : " ငါ တစ်ခါတုန်းက..လူတစ်ယောက်ကို သတ်ပြီး သူ့ ဖိနပ်တွေကို ..ယူဖူးတယ်..။တကယ်ကို ကောင်းတဲ့ ဖိနပ်တွေပဲ.."
"ဘာ..မင်းက ဖိနပ်တစ်စုံကို ယူဖို့ လူသတ်လိုက်တာလား.."
"ဒါပေါ့ ဒီလိုဘယ်ဟုတ်မလဲ..။နောက်ထပ် အကြောင်းပြချက်တော့ ရှိပါသေးတယ်..။ငါက သူ့ရဲ့ ရေအိတ်ကိုပါ ယူခဲ့တာလေ..."
နောက်ထပ်တစ်ကြိမ်ပဲ..ဆန်နီဟာ အပယ်ခံအဖြစ် တစ်ယောက်တည်း ဖြစ်သွားခဲ့ပါပြီ..။လူတွေဟာ သူ့ကိုဆိုရင် ရှောင်ကြဥ်လာခဲ့ကြတယ်..။ဆန်နီကတော့ လူရှင်းတဲ့ ထောင့်နေရာလေးမှာသာ ထိုင်နေခဲ့ပြီး..ဘယ်သူမှ စကားလာမပြောလို့ ကျေနပ်နေခဲ့ပါတယ်..။
သူ့ မျက်နှာနဲ့ နှာခေါင်းတွေမှာတော့..သွေးအနည်းငယ် ထွက်နေခဲ့တယ်..။တစ်ခြားလူတွေရဲ့ စွန့်ပစ်မူ ခံရတာက သူ့အတွက် အထူးအဆန်းမဟုတ်ပေမယ့်..ရင်ထဲမှာတော့ အနည်းငယ် နာကျင်မိတာ အမှန်ပါပဲ..။
သို့ပေမယ့် သူ ပြုံးနေခဲ့ပါသေးတယ်..။
ဘာလို့လဲ ဆိုတော့..အခုလို အိပ်စက်သူတွေကို ဘုကလန့် လိုက်ပြောပြီးနောက်မှာ ဆန်နီ တစ်ခုခု ထူးခြားတာကို သတိထားမိလို့ပါ..။
သူ့ရဲ့ ပြစ်ချက်ကို ဘယ်လို ထိန်းချုပ်ရမလဲဆိုတာကို သန်ယူနိုင်ခဲ့ပါတယ်..။
မေးခွန်း မေးခံရပြီဆိုရင်..သူ ငြိမ်ပြီးနေလို့ မရသလို ..လိမ်ညာလို့လည်း မရပါဘူး..။သို့ပေမယ့် အကြိမ်အနည်းငယ် အတွေ့အကြုံယူပြီးနောက်မှာ အမှန်တရားကို ဘယ်လိုပြောရမလဲ ဆိုတာကို သူသိသွားခဲ့တယ်..။
မေးခွန်းမေးခံရပြီးဆိုရင် သူ့စိတ်ထဲမှာ အဖြေမှန်က သူ့အလိုလိုပေါ်လာပါတယ်..။ပြီးတဲ့နောက်မှာတော့ အားနည်းချက်က ဒီအဖြေမှန်ကို ထုတ်ပြောလိုက်ဖို့ တွန်းအားပေးတာပါ..။တကယ်လို့ သူသာမပြောပဲ တောင့်ခံနေမယ်ဆိုရင် ဖိအားနဲ့အတူ ခန္တာကိုယ်ထဲမှာ နာကျင်မူ တစ်ခုပေါ်လာခဲ့တယ်..။
သူ ကြာကြာ တောင့်ခံထားလေ..ပိုပိုပြီး နာကျင်လာလေပါပဲ..။နောက်ဆုံးမှာတော့..သူ..အရှုံးပေးပြီး အမှန်တရားကို ဝန်ခံလိုက်ရတော့တာပါ..။
သို့ပေမယ့်..ဒီ မေးခွန်းမေးခံတာနဲ့ နာကျင်မူ ခံစားရတဲ့ အချိန်ကြားထဲမှာ အဖြေမှန်ကို သူ ပြောင်းလဲလို့ ရပါတယ်..။နာကျင်မူကြောင့် သူ အမှန်တရားကို ပြောဖို့ လိုအပ်ပေမယ့်..အတိအကျကြီးဖြစ်နေဖို့တော့ မလိုအပ်ပါဘူး..။
ဥပမာအနေနဲ့ မာစတာဂျက်က သူ ခိုးကြည့်နေတာကို မိသွားပြီး..ဘာကြည့်နေတာလဲလို့ မေးခံရရင်..ရင်သားတွေကိုကြည့်နေတာ ဆိုပြီး အရှက်ရစေတဲ့ အဖြေကို ပေးစရာ မလိုပါဘူး..။အဲဒီအစား နာကျင်မူကို အချိန်အနည်းငယ် တောင့်ခံပြီး ' အစ်မ ကို ကြည့်နေတာ လို့ ' ပြန်ဖြေလို့ရပါတယ်..။
ဒါက အမှန်တရား ဖြစ်နေတုန်းပဲ ဆိုပေမယ့် ရလာဒ်တစ်ခုလုံးကတော့ ပြောင်းလဲ သွားခဲ့ပါပြီ..။
ဆန်နီ ထောင့်တစ်ထောင့်မှာ ထိုင်နေရင်း အိပ်စက်သူ တွေကို ကြည့်ကာ ပြုံးလိုက်တယ်..။
"ဒါကောင်းတယ်..မဆိုးဘူး..။ဒါက ငါ အလုပ်ဖြစ်မယ့် အရာပဲ.."
ဘာပဲဖြစ်ဖြစ် တစ်စုံတစ်ယောက်ဟာ လူတစ်ယောက်ကို လှည့်စားနိုင်ဖို့ လိမ်ပြောနေစရာလည်း မလိုပါဘူး..။တစ်ခါတစ်လေမှာ အမှန်တရားကလည်း လှည့်စားနိုင်ဖို့အတွက် အကောင်းဆုံး လက်နက်ပါ..။
***
တကယ်လို့သာ ဥာဏ်ရှိရှိ အသုံးချနိုင်ရင်..အမှန်တရားကလဲ..လွဲမှားတဲ့ နားလည်မူ တွေကို ပို့ဆောင်နိုင်ပါသေးတယ်..။
ဥပမာအနေန့ အစောပိုင်းက ပြောစကားတွေကို ပြန်ကြည့်မယ် ဆိုရင် ဆန်နီဟာ လူသေဆီက ဖိနပ်တွေယူခဲ့တယ်လို့ ပြောခဲ့ပါတယ်..။တစ်ဖက်ကောင်လေးဟာ ကြောက်ရွံ့သွားပြီး..ဖိနပ်တစ်စုံအတွက် နဲ့ လူသတ်ခဲ့တာလားလို့ မေးခဲ့တယ်..။ဒီအခြေအနေမှာ အားနည်းချက်က တစ်ခြားအကြောင်းပြချက်ကို အဖြေပြန်ပေးဖို့ တွန်းအားပေးနေတာကြောငိ့..သူက ရေအိတ်ကိုလည်း ယူခဲ့တယ်လို့ ဖြေခဲ့ပါတယ်..။
ဒီ စစ်သည်ကို သတ်ခဲ့တဲ့ အစစ်အမှန် အကြောင်းပြချက်က ဒီလူက ဆန်နီရဲ့ ကျောပြင်ကို ကြာပွတ်နဲ့ ရိုက်ခဲ့လို့ပါ..။ထပ်ပြောရရင် သူက သေအံ့ဆဲဆဲ ဖြစ်နေပါပြီ..။ရေအိတ်က သူ့ကို သတ်တာနဲ့ ဘာမှမသက်ဆိုင်ပေ..။သို့ပေမယ့် စကားလုံးတွေကို လှည့်ပြောလိုက်တဲ့ အချိန်မှာသူ ရေအိတ်ယူခဲ့တာကလည်း အမှန်တရားပါပဲ..။
ဒါကြောင့် အမှန်တရား စာကြောင်းနှစ်ကြောင်းကို အတူတူ ပေါင်းပေးလိုက်တဲ့ အချိနိမှာ အလိမ်အညာတစိခုဖြစ်လာခဲ့တယ်..။
ဒါက ဒီတိုင်း ရိုးရှင်းတဲ့ ဥပမာတစ်ခုပါ..။အနည်းငယ် ကြိုးစားပြီး တွေးလိုက်မယ် ဆိုရင် ဆန်နီအနေနဲ့ ဒီလို ခွဲထွကိနေတဲ့ အမှန်တရားတွေ အများကြီးကို တွေးနိုင်ပါလိမ့်မယ်..။ဒါက အတော်ခက်ခဲပြီး စွန်းစားရာကျပေမယ့် လုပ်လို့ရတဲ့ အရာတစ်ခုပါပဲ..။
သူက အနည်းငယ် ကံကောင်းဖို့ပဲ လိုအပ်တာပါ..။
အခုတော့ သူ့ရဲ့ သီအိုရီကို အသုံးပြုဖို့အချိန်ကျပါပြီ..။
ဆန်နီ အနေနဲ့ သူ့ရဲ့ နာမည်အမှန်ကို ဘယ်သူမှ မသိသင့်ဘူးဆိုတဲ့ အမှန်တရားကို ဘယ်တော့မှ မမေ့ထားပေ..။ဒါကို အောင်မြင်ဖို့အတွက် ..သူ့ကို ဒီလူတွေထဲမှာ အားအနည်းဆုံးလူတစ်ယောက် အဖြစ် မြင်အောင် လုပ်ရမှာပါ..။
နတ်ဘုရား စွမ်းရည် နဲ့ နာမည်အစစ်အမှန် မပြောနဲ့ ကောင်းမွန်တဲ့ အကဲဖြတ်မူ မရဘူးတဲ့လူတစ်ယောက် အဖြစ် သူ့ကိုသူ ဖန်တီးရပါလိမ့်မယ်..။
သို့ပေမယ့်..ဒါက အလိမ်အညာဖြစ်နေတာကြောင့် ဒီတိုင်းတော့ သွားပြောလိုက်လို့မရပေ..။
ဒါကြောင့် တစ်ခြားလူတွေအနေနဲ့ သူ့ကို အားနည်းတဲ့လူတစ်ယောက်အနေနဲ့ သူတို့ဟာသူတို့ ထင်မြင်အောင် လုပ်ရမှာပါ..။
သူ့ မျက်လုံးက အိပ်စက်သူ တစ်ချို့ဆီကို ရောက်သွားခဲ့တယိ..။အဲဒီမှာ ယုံကြည်မူရှိတဲ့ လူငယ် ငါးယောက် ခြောက်ယောက်လောက် စုစည်းနေခဲ့ပါတယ်..။
အဖွဲ့ထဲက လူငယိလေး တစ်ယောက်ဟာ အညိုရောင် ဆံပင် နဲ့ ခန့်ညားတဲ့ ရုပ်ရည်ရှိနေခဲ့တယ်..။သူ့ မျက်လုံးတွေကတော့ စိမ်းနေပြီး..ရင်းနှီးခင်မင်တတ်တဲ့ အငွေ့အသက်တွေ ရှိနေခဲ့ပါတယ်..။သူ့ရဲ့ အမူအရာ ..ဟန်ပန် နဲ့အကြည့်တွေက..လေ့ကျင်ရေး အတွက် ရောက်လာတဲ့ လူတစ်ယောက် နဲ့တောင် မတူပါဘူး..။
အဲ့အချိန်မှာတော့..သူ့အပေါင်းအပါတစ်ယောက်ဟာ အံ့ဩနေတဲ့ အမူအရာနဲ့ပြောနေခဲ့တယ်..။
"တက်ရောက်သူ..အဆင့်လား..။မင်းက တက်ရောက်သူ အဆင့် စွမ်းရည်ကို ရတာလား..။မင်း..မင်းရဲ့ အကဲဖြတ်မူ အဆင့်က..ဘာလဲ"
လူငယ်လေးဟာ နိမ့်ချစွာပြုံးလိုက်ပြီး..
"အိုး..ဒါက 'အံ့ဩစရာကောင်း' တဲ့ အဆင့်ပါ.."
ဆန်နီဟာ သူတို့အဖွဲ့ဘေးနားမှာ မတော်တဆ ပုံစံ ရပ်လိုက်တယိ..။လူငယ်လေးရဲ့ အဖြေကို ကြားတဲ့ အချိန်မှာ သူ မျက်မှောင်ကျုတ်ပြီး အထင်သေးတဲ့ အကြည့်တွေနဲ့ ကြည့်လိုက်ပါတယ်..။
ယင်းနောက် စိတ်ရှုပ်ထွေးမူ အပြည့်ဖြစ်နေတဲ့ လေသံနဲ့..
"တက်ရောက်မူ အဆင့်...အံ့ဩစရာကောင်းမူ အဆင့်လား..။ဒါပဲလား..။အဲတာက ဘာတွေများ စိတ်ဝင်စားစရာ ကောင်းနေလို့လဲ.."