ပထမဆုံး လုပ်ဆောင်ချက်
Vol. 2 Ch. 21
သူ့ စကားလုံးတွေကြောင့် တိတ်ဆိတ်သွားခဲ့တယ်..။အိပ်စက်သူတွေဟာ သူ့ကို ..အံ့ဩတဲ့ အမူအရာ တစ်ချို့နဲ့ ကြည့်လိုက်ကြပါတယ်..။ရင်းနှီးတဲ့ မျက်လုံးတွေနဲ့ လူငယ်လေးကတော့ ယဥ်ကျေးစွာပဲ ပြုံးပြနေခဲ့တယ်..။
ရိုးရိုးသားသားပြောရမယ်ဆိုရင်..ပထမအိပ်မက်ဆိုး မှာ တကိရောက်မူ အဆင့် စွမ်းရည်ရတယ် ဆိုတာက အတော်လေးကို ရှားပါးပါတယ်..။ဒီလူငယ်လေးက ထူးချွန်တဲ့ လူတစ်ယောကိ ဆိုတာ သံသယဖြစ်စရာတောငိ မလိုပါဘူး..။အမှန်တကယ်တော့..ဒီလူငယ်လေး ရဲ့ အမူအရာက ဆန်နီအတွက်တော့..သူရဲကောင်းလေးကို အမှတ်ရစေပါတယ်..။
သူတို့ရဲ့ မျက်လုံးထဲမှာတော့..အေးစက်တဲ့ တွက်ချက်မူတွေ..ဖုံးကွယ်နေတယ်ဆိုတာကို တွေ့ရမှာပါ..။များသောအားဖြင့်..ဆန်နီ အနေနဲ့ ဒီလိုလူမျိုးတွေကို မြို့ပြင် လူမိုက်အဖွဲ့တွေထဲမှာ မကြာခန တွေ့နေကြပါ..။
သူတို့က ဒီလို အေးစက်တဲ့ ပုံစံမျိုးကို..လူသတ်တဲ့ တွက်ချက်မူလို့ ခေါ်ကြပါတယ်..။အခြေခံအားဖြင့်..ဒါက အတွေ့အကြုံရှိတဲ့ လူတွေရဲ့ ပြုမူပုံမျိူးပါ..။
သူတို့ဘယ်နေရာမှာပဲ ရောက်နေနေ..ဘယ်လိုခံစားချက်ပဲ ရှိနေနေ..လိုအပ်လာရင် လူသတ်ရဖို့ကို ဝန်လေးတဲ့လူတွေ မဟုတ်ပါဘူး..။
စက္ကန့်အနည်းငယ် ကြာပြီးတဲ့နောက်မှာ..လူငယ်လေးရဲ့ အပေါင်းအပါထဲက တစ်ယောက်ဟာ မျက်တောင်ခတ်ပြီး ပြောလိုက်တယ်..။
"အာ..သူငယ်ချင်း..မင်းက အခိုက်အတန့်အကြောင်း မသိသေးဘူးထင်တယ်..။ကတ်စတာ ရဲ့ ရလာဒ်က တကယ်ကို လေးစားဖို့ကောင်းတယ်.."
ယင်းနောက်...သူ ကတ်စတာ ကို လေးစားမူ အပြည့်နဲ့ ကြည့်ကာ ထပ်ပြောလိုက်တယ်..။
"ဘာပဲဖြစ်ဖြစ် သူက ဆက်ခံသူ တစိယောက်ပဲလေ.."
နိုးထသူ ကလန် တစ်ခုရဲ့.မျိုးဆက် တစ်ယောက်လား..။ကလန်တွေရဲ့ မျိုးဆက် တွေဟာ..လမ်းလျောက်တတ်စ အရွယ်ကတည်းက..အိပ်မက်ဆိုးထဲကို ဝင်ဖို့ လေ့ကျင့်ပေးခြင်း ခံထားရတဲ့ လူတွေပါ..။သူတို့ အတွက်တော့ ကူးစက်ခံရတာက..ဖြစ်နိုင်တာထက် သေချာ ဖြစ်လာတော့မယ့်အရာတစ်ခုလိုပါပဲ..။
သူတို့က အတော်လေးကို အင်အားကောင်းကြတဲ့ လူတွေပါ..။
'ကောင်းသားပဲ.."
ဆန်နီ ခါးသက်စွာ တွေးလိုက်ပြီး မျက်မှောင် ပိုကျုတ်ထားလိုက်တယ်..။
"မင်းက ငါ့ကို နောက်ပြောင်ဖို့ လုပ်နေတာလား..။ဒီဟာလောက်နဲ့ လေးစားလောက်တယ်လို့ ပြောနေတာလား.."
အံ့ဩတဲ့ အမူအရာဖြစ်နေတဲ့ အိပ်စက်သူတွေရဲ့ မျက်လုံးထဲမှာတော့ ရန်လိုမူတွေ အစားထိုးလာခဲ့တယ်..။
"နားထောင်..သူငယ်ချင်း..မင်းက တက်ရောက်မူ စွမ်းရည်က အံ့ဩစရာ မကောင်းဘူးလိူ့ ထင်နေရင်လည်း..မင်းရဲ့ ရလာဒ်ကို မျှဝေပေးပါဦး..။မင်းရဲ့ စစ်ဆေးမူ ရလာဒ်က ဘာလဲ.."
ကတ်စတာ ကိုယ်တိုင်ကတော့..တိတ်ဆိတ်ပြီး ပြုံးနေတုန်းပါပဲ..။သို့ပေမယ့်..သူ့ရဲ့ ဘော်ဒါတွေကတော့..မကျေနပ်ကြတော့ပေ..။
ဒါက လည်း ဆန်နီကိုယ်တိုင် ဖြစ်စေချင်တဲ့ အရာတစ်ခုပါ..။သူ အထင်သေးစွာပဲ ပြုံးလိုက်တယ်..။
"ငါပြောပြမယ်..ငါ့ရဲ့ စစ်ဆေးမူရလာဒ်က..အင်..အာ...'ကြီးကျယ်ခမ်းနားမူ ' ဟုတ်တယ် 'ကြီးကျယ် ခမ်းနားမူ' ပဲ..။ငါ့ရဲ့ ကဏ္ဍ စွမ်းရည်က နတ်ဘုရား အဆင့်မှာ ရှိတယ်.."
ဒါကို ပြောပြီးတာနဲ့ သူ့ကို ထူးဆန်းတဲ့ အကြည့်တွေနဲ့ ဝိုင်းကြည့်လိုက်ကြပါတယ်..။အရင်တုန်းက ဘယ်သူမှ နတ်ဘုရား အဆင့် စွမ်းရည်ကို မရဖူးကြပေ..။ဒါပေါ့..သူတို့ ဆန်နီကို အရူးတစ်ယောက်လို စတင်ပြီး ထင်မှတ်လာခဲ့ကြတယ်..။
သို့ပေမယ့်..သံသယဝင်တဲ့ လူအနည်းငယ်လည်း ရှိနေတုန်းပါပဲ..။ဒီကောင်လေးက..အင်အားကြီးတဲ့ ကလန် တစ်ခုကများ ဖြစ်နေမလား..။ထူးချွန်လွန်းတဲ့ဆက်ခံသူ တစ်ယောက်လား..။ဖြစ်နိုင်တာက သူ့ရဲ့ စစ်ဆေးမူ ရလာဒ်က တကယ်ပဲ ကြီးကျယ်ခမ်းနားမူ လား...။
ဆန်နီ ဒီလူတွေရဲ့ သံသယကို ဖြေရှင်းပေးလိုက်တယ်..။
"သတိပေးရဦးမယ်..ငါက ဘာ ဆက်ခံသူမှ မဟုတ်ဘူးနော်..။ဟမ့်...ငါက မြို့ပြင်ကနေ လာတာပဲ..။ငါ ဘယ် ကိုယ်ခံပညာသင်တန်းကိုမှတောငိ တက်ခဲ့တာမဟုတ်ဘူး..။တစ်လောက်..လေ့ကျင်မူတွေ လုပ်လာတာတောင် 'အံ့ဩစရာကောင်းမူ' အဆင့် တဲ့လား..။အိပ်မက်ဆိုး ထဲ ရောက်တဲ့ အချိန်မှာ သူ ဘာတွေ လုပ်နေတာလဲ..။တစ်ချို့လုံး နှာခေါင်းနှိုက်နေတာလား..."
သူ့ရဲ့ ကြွားဝါမူတွေကို တစ်ချိန်လုံး နားထောင်နေကြတဲ့ အိပ်စက်သူတွေရဲ့ အမူအရာတွေဟာ ချက်ချင်း ပြောင်းလဲသွားခဲ့တယ်..။ဘာ လေ့ကျင့်မူ မရှိတဲ့ မြို့ပြင်က ကြွက်တစ်ကောင်..။သူက ဘယ်သူ့ကို အရူးလုပ်ချင်နေတာလဲ..။
နောက်ဆုံးမှာတော့..ယဥ်ကျေးတဲ့ အပြုံးနဲ့အတူပဲ ကတ်စတာ ပြောလာခဲ့တယ်..။
"ကြီးကျယ်ခမ်းနားမူလား..စိတ်ဝင်စားစရာပဲ..။အဆင်ပြေရင် အိပ်မက်ဆိုး ထဲမှာ..မင်း ရဲ့ အတွေ့အကြုံတွေကို မျှဝေပေးလို့ ရနိုင်မလား.."
ဆန်နီ ပြုံးလိုက်တယ်..။
"ကောင်းပြီလေ..ပြသနာ မရှိဘူး..။ပထမဆုံး အနေနဲ့..ငါ..ငါ သတ်ခဲ့တာ..က..အာ...နိုးထမူအဆင့် နတ်ဘီလူးတစ်ကောင်ပဲ.."
သူ ..ခနလောက် တွေဝေသွားတဲ့ အချိန်တိုင်းမှာ ခန္တာကိုယ်ထဲ နာကျင်မူ ဖြစ်စေပေမယ့်..မျက်နှာမှာပေါ်အောင် မထားခဲ့ပါဘူး..။သူ့ မျက်နှာအမူအရာဟာ ပုံမှန်အတိုင်းသာ ရှိနေခဲ့တယ်..။
န်ိုးထမူ အဆင့် နတ်ဘီလူးကို သတ်လိုက်တယ်လို့ ကြားတာနဲ့ အိပ်စက်သူတွေဟာ လှောင်ပြောင်စွာ ပြုံးလိုက်ကြတယ်..။
"ဝိုး...တကယ်လား..မင်းဘယ်လိုသတ်လိုက်တာလဲ.."
ဆန်နီ ရဲ့ မျက်နှာပေါ်မှာ..မောက်မာတဲ့ အမူအရာတွေ ပေါ်လာခဲ့ပြီး..
"ဘယ်လိုလဲ ဟုတ်လား..ငါပြောပြမယ်..။ငါ့ အတွက် လက်တစ်ချောင်းတောင် မြှောက်စရာ မလိုဘူး..။ငါ ချောင်းလေးနည်းနည်း ဆိုးလိုက်တာနဲ့..အစိတ်စိတ် အမွှာမွှာဖြစ်သွားတာပဲ.."
ဒါက အမှန်တရားပါ..။ဆန်နီဟာ..ယစ်ပလ္လင်ပေါ်မှာ ချောင်းဆိုးပြိီး သွေးအန်ခဲ့ပါတယ်..။ရလာဒ်အနေနဲ့ တောင်ဘုရင်ကို အရိပ်နတ်ဘုရားက..ရက်စက်စွာ သတ်ဖြတ်ခဲ့တာပါ..။
တစ်စုံတစ်ယောက်ဟာ...ရယ်မောလိုက်ပြီး..
"ဒီကောင်က..ရူးနေတာ မဟုတ်ရင် ..ငါတို့နဲ့ တမင်တကာ လာရှုပ်နေတာပဲ..။နားထောင်ဦး ကောင်လေး..။နည်းနည်းတော့ ယုတ္တိရှိဦး ဟုတ်ပြီလား..။ဒီလိုအလိမ်ညာကို ဘယ်သူက ယုံမှာလဲ.."
ဆန်နီ ဒေါသ ထွက်သွားခဲ့တယ်..။သူက ကောင်လေး မဟုတ်ဘူးလို့ ပြန်ငြင်းခုန်ချင်ပေမယ့် မလုပ်နိုင်ခဲ့ပါဘူး..။ဘာလို့လဲ ဆိုတော့ ဒါက အလိမ်ညာဖြစ်နေလို့ပါ..။
ချီးပဲ...
ဒီတော့ သူ အံကိုကြိတ်ကာ ပြန်ပြောလိုက်တယ်..။
"ဒါက အမှန်တရားပဲ.."
"မင်းက နိုးထမူအဆင့် နတ်ဘီလူးကို သတ်တယ်လို့ ပြောချငိနေသေးတာလား.."
ဆန်နီ မျကိမှောင်ကျုတ်လိုက်ပြီး.
"ဒါက အမှန်တရားပဲလေ.."
နောကိထပ် ရယ်မောသံတွေ ထွက်လာခဲ့ပါတယ်..။
"တကယ့် ခွေးသားလေး.."
"သူက ကိုယ်အလိမ်ညာကို ပြန်ယုံကြည်နေတာပဲ.."
"ရူးနေပြီ..သူက ရူးနေပြီ.."
မထင်မှတိစွာပဲ..ကတ်စတာဟာ သူ့လူတွေကို တားလိုက်တယ်..။
"တော်လောက်ပြီ.."
ရယ်သံတွေ တိတ်ဆိတ်သွားတဲ့ အချိန်ရောက်မှ သူက ရင်းနှီးတဲ့ အသံနဲ့ မေးလိုက်တယ်..။
"ဘာတွေများ ထပ်ပြီး အောင်မြင်ခဲ့သေးလဲ..
ဟငိ...ဒါက မလုံလောကိသေးဘူးလား..။ဆန်နီ မေးစေ့ကို ပွတ်လိုက်တယ်..။
"ငါ စဥ်းစားလိုက်ဦးမယ်..အိုး..ငါ နိုးထမူအဆင့် ဓားသမားကိုလည်း သတ်ခဲ့သေးတာပဲ.."
"တကယ်လား..ဘယ်လို သတ်ခဲ့တာလဲ.."
ဆန်နီ အနည်းငယ် ရှက်ရွံ့တဲ့ ပုံစံ သရုပ်ဆောငိလိုက်ပြီး..
"တကယ်တော့..ဒီတစ်ကြိမ် ငါ့လက်ချောင်းတွေ လှုပ်လိုက်ရတယိ..။ငါ့လက်အနည်းငယ် လှုပ်တာနဲ့တင် သူ့ကို သတ်ဖို့ လုံလောက်ခဲ့တယ်လေ.."
သူက ငွေရောင်ခေါင်းလောင်းကို လှုပ်ရင်း ..နတ်ဘီလူးကြီးကို သူရဲကောငိးလေးဆီ ခေါ်ခဲ့တာပါ..။ဒီတော့ စနစ်တကျကြည့်မယ် ဆိုရင် သူပြောတာက အမှန်တရားပါပဲ..။
"ဘယ်လို ပေါကြောင်ကြောင်ကောင်လဲ.."
"ဟားဟား ဒီငနဲကို ယုံကြည်ကြလား.."
"သနားစရာ ခွေးသားလေး..။သူက အားနည်းယုံတင်မကဘူး..အသိစိတ်ပါ လွတ်သွားပြီပဲ.."
ကတ်စတာ သူ့လူကို သေချာစိုက်ကြည့်လိုက်ပြီးမှ ဆန်နီ ဘက်ကိုကြည့်လိုက်တယ်..။
"ထပ်ပြီး ရှိသေးလား.."
ဆန်နီ မျက်တောင်ခတ်လိုက်တယ်..။အဆုံးသတ်ဖို့ အချိန် ရောက်ပါပြီ...။
"နောက်ထပ်လား..။အာ..ကောင်းပြီ..ငါက နတ်ဘုရားတွေနဲ့တောင် ဆက်သွယ်ခဲ့သေးတယ်..။သူတို့က သေနေပြီဆိုပေမယ့် ငါ နတ်ဘုရားတစ်ပါးကို နိုးထစေခဲ့တယိလေ..။သူက ငါ့ကို ကောင်းချီ ပေးခဲ့တယ်..။ဒီတော့ ငါက နတ်ဘုရားရဲ့ ကောင်းချီးပေးခြင်းကို ခံထားရတဲ့ လူတစ်ယောက်ပဲ..။မင်းတို့ အကုန် နားလည်ကြပြီလား.."
အိပ်စက်သူတွေဟာ သူတို့ခေါင်းတွေကို ခါယမ်းပြီး သနားစွာ ကြည့်လိုက်ကြပါတယ်..။ကတ်စတာ သက်ပြင်းချလိုက်တယ်..။
"ငါ သိပါပြီ..။ကောင်းပြီ မင်းရဲ့ အောင်မြင်မူနဲ့ယှဥ်ရင် ငါ့ဟာက ဘာမှမဟုတ်ပါဘူး..။အခုလို ဝေမျှပေးလို့ ကျေးဇူးပါပဲ..။အိပ်မက်ကမ္ဘာကို ဝင်ရောက်တဲ့ အချိန်မှာလည်း အောင်မြင်ပါစေလိူ့ မျှော်လင့်ပါတယ်.."
ဆန်နီ..ဂုဏ်ယူနေတဲ့ အမူအရာနဲ့ ပြုံးလိုက်တယ်..။
"မင်း ယုံကြည်တာ ကောင်းတယ်.."
ဒီလို ပြောပြီးတာနဲ့ သူ လှည့်ထွက်ခဲ့လိုက်ပါတယ်..။
"အာ..ဒါက တကယ်ကို ကောင်းမွန်တာပဲ.."
ဒီကိစ္စအပြီးမှာ ဘယ်သူကမှ သူ့မှာ အင်အားကြီးတဲ့ စွမ်းရည် ရထားတာကို ယုံကြည်ကြတော့မှာ မဟုတ်ဘူးဆိုတာကို ဆန်နီ သေချာသိပါတယ်..။သူက အကုန်လုံးကို အမှန်တရားပဲ ပြောခဲ့ပေမယ့် အားလုံးရဲ့ ယုံကြည်မူကိုတော့ ပြောင်းပြန်ဖြစ်အောင် လုပ်နိုင်ခဲ့ပါတယ်..။
ဘယ်လို ကောင်းမွန်တဲ့ ခံစားချက်မျိုးလဲ...
သူ့တို့က အခု သူ့ကို ဘယ်လိုထင်ကြမလဲ..။သူတို့က ဆန်နီကို..ဘာလေ့ကျင့်မူမှ မရှိတဲ့ မြို့ပြင်က အားနည်းတဲ့ လူတစ်ယောက်လို့ပဲ ထင်နေကြတော့မှာပါ..။ထပ်ပြောရရင် သူက တော်တော်ကြီးကို ကြောင်တောင်တောငိနိုင်တဲ့ လူတစ်ယောက်အဖြစ် ဟန်ဆောင်ထားပါသေးတယ်..။သူ့ရဲ့ ဒေါသစိတ်က တကယ်ကို ဆိုးဝါးတာပါ..။
အမှန်တကယ်ပဲ သနားစရာ ငနဲ တစ်ယောက်..
အခု ဘယ်သူပဲ လာမေးမေး..သူက နတ်ဘုရား အဆင့် စွမ်းရည်လို့ ပြောပြီး လှောင်ပြောင်ခံလိုက်ယုံပါပဲ..။သူ့ရဲ့..အချက်အလက်တွေကို ခေါင်းမိုးပေါ်တက်ပြီး အော်ပြောနေမယ်ဆိုရင်တောင်..ဘယ်သူမှ ယုံကြည်ကြတော့မှာ မဟုတ်ပေ..။
သေချာစွာပဲ..သူ့မှာ အစစ်အမှန် နာမည်တစ်ခု ရှိနေတယ် ဆိုတာကိုတော့..ဘယ်သူမှတောင် သံသယမဝင်ခဲ့ပါဘူး..။
"စောင့်နေလိုက် အရူးတွေ..။တစ်နေ့ ငါမင်းတို့ကို ပြန်လှောင်ရယ်ပြမယ်.."
ဆန်နီ လမ်းလျောက်နေတုန်းမှာပဲ အိပ်စက်သူ တစ်ယောက်ဟာ..ကတ်စတာကို တစ်ခုခု ပြောနေတာ ကြားလိုက်ရတယ်..။
"ဒီငကြောင်ကောင်ကို ဘာလို့ မဆုံးမလိုက်တာလဲ..။သူက မင်းကို အထင်သေးနေတာလေ.."
ခနလောက် ငြိမ်နေပြီးမှ ကတ်စတာဟာ ဖြေလိုက်တယ်..။သူ့အသံကတော့ အနည်းငယ် တိုးပြီး..ညှင်သာ နေခဲ့ပါတယ်..။
"သနားစရာ ကောင်လေးက..အိပ်မက်ဆိုးထဲမှာ ဦးနှောက်လွတ်သွားတာ ဖြစ်ရမယ်..။ဒါက မကြာခနဖြစ်နေကြလေ..။သူက မကြာခင် သေသွားနိုင်တယ်ဆိုတော့..သူ့အပေါ်မှာ ကြင်နာပေးတာက ငါလုပ်နိုင်တဲ့ တစ်ခုတည်းသော အရာပဲ.."
ဒါကိုကြားပြီး ဆန်နီ ရဲ့ နှုတ်ခမ်းထောင့်စွန်းဟာ တွန့်ကွေးသွားခဲ့တယ်..။
'ဘယ်လို လူကောင်းလေးလဲ.."