← Chapters

ထောင့်တစ်နေရာ

Vol. 2 Ch. 22

ထောင့်တစ်နေရာ

Vol. 2 Ch. 22

သူ့ရဲ့ ..လုပ်ဆောင်ချက်တွေကို ကျေနပ်သွားတဲ့ ဆန်နီဟာ ခန်းမရဲ့ ထောင့်တစ်နေရာကို ပြန်သွားလိုက်တယ်..။လူတွေက သူ့ကို လှောင်ပြောင်တဲ့ အကြည့် ၊ သနားတဲ့ အကြည့်တွေ နဲ့ ကြည့်နေကြတာကို သူ ခံစားမိပါတယ်..။ဘယ်သူကမှ သူနဲ့ နီးနီးကပ်ကပ် မနေချင်ကြပေ..။သူက လည်း ဒါမျိုးကို သဘောကျတာပါ..။သူ ဘယ်သူ့ကိုမှ ဂရုစိုက်နေစရာ မလိုတော့ပါဘူး..။

ဒါပေမဲ့..သူတို့ရဲ့ အပြုအမူ တွေက နည်းနည်းတော့ ချဲ့ကား နေတာ မဟုတ်ဘူးလား..။ဘာပဲဖြစ်ဖြစ် သူက ကူးစက်ရောဂါ ရှိနေတဲ့ လူတစ်ယောက် မဟုတ်ပါဘူး..။သူ့မှာ အိပ်မက်ဆိုး ကူးစက် ခံထားရတယ် ဆိုပေမယ့် ဒါကလည်း လူတိုင်းမှာ ရှိနေတဲ့ အရာပါ..။

နောက်ဆုံးမှာတော့ သူ ..အားလုံးနဲ့ဝေးတဲ့ ထောင့်တစ်ထောင့်ကို ရောက်လာခဲ့တယ်..။အကြောင်းပြချက် တစ်ချို့ကြောင့် အိပ်စက်သူတွေဟာဒီနားကို မလာကြပါဘူး..။လတ်တလောမှာတော့..အနားဝန်းကျင်မှာ ထိုင်နေတဲ့ မိန်းကလေးတစ်ယောက်သာ ရှိနေခဲ့တယ်..။

ဆန်နီ သူမကို လှမ်းကြည့်လိုက်ပါတယ်..။

တိတ်ဆိတ်နေတဲ့ မိန်းကလေးဟာ နူးညံ့တဲ့ အသားအရည်ရှိပြီး အတော်လေးကို လှပပါတယ်..။သူမရဲ့ အဝတ်အစား တွေက..သန့်ရှင်းပြီး သေသပ်နေခဲ့တယ်..။စျေးကြီးတဲ့ အဝတ်အစားတွေ မဟုတ်ပေမယ့်..အတော်လေးတော့ ..တောက်ပြောင်နေပါသေးတယ်..။

သူမရဲ့ ငွေရောင်ဆံပင် ၊ အပြာရောင်မျက်လုံး ၊ လှပတဲ့ မျက်နှာတွေကို ပေါင်းစပ်ကြည့်လိုက်မယ် ဆိုရင် အရုပ်ကလေး တစ်ရုပ်နဲ့တောငိ တူနေပါသေးတယ်..။

သူမက အသက်ရူမှားလောက်စရာပါ..။

သို့ပေမယ့် သူမမှာ တစ်ခုခု မှားယွင်းနေခဲ့တယ်..။ဆန်နီ မျက်မှောင်ကျုတ်လိုက်ပြီး..သူမရဲ့ ဘယ်အရာက သူ့ကို သက်သောင့်သက်သာ မဖြစ်စေနေတာလဲ ဆိုတာကို စူးစမ်းလိုက်ပါတယ်..။ခနကြာတဲ့ အချိန်မှာတော့..သူမရဲ့ ခံစားချက်မဲ့နေတဲ့ မျက်လုံးတွေက သူ့ကို တောင်ဘုရင်ကို အမှတ်ရနေစေတာကို သိလိုက်ရတယ်..။

အံ့ဩစွာပဲ..ဒီ မိန်းကလေးက မျက်လုံးမမြင်ဘူးဆိုတာကို ဆန်နီ နားလည်လိုက်ပါတယ်..။

"သနားစရာပဲ.."

အနည်းငယ် စိတ်မကောင်းဖြစ်စွာပဲ..သူ ဆန့်ကျင်ဘက် ခုံမှာဂရုတစိုက် ထိုင်လိုက်တယ်..။

ဒီ မိန်းကလေးက..ပထမအိပ်မက်ဆိုးထဲ စတင်ဝင်ရောက်ကတည်းက မျက်လုံးကန်းနေတာ ဆိုရင် အသက်ရှင်နိုင်မှာ မဟုတ်ပါဘူး..။ဒါက သူမရဲ့ မျက်လုံးတွေကို စစ်ဆေးမူ အချိန်ရောက်မှ ဆုံးရှုံးခဲ့တယ်လို့ ဆိုလိုတာပါပဲ...။

ဒါက သူမရဲ့ အားနည်းချက်ပါ..။

ရုတ်တရက် ဆန်နီ နားလည်သွားခဲ့တယ်..။အေးစက်တဲ့ လေထုက သူ့ တစ်ကိုယ်လုံးကို ဖြတ်သွားခဲ့ပါတယ်..။

"ငါက ငါ့ရဲ့ အားနည်းချက်ကို အတော်ဆိုးပြီ ထင်နေတာ..."

ဒီမိန်းကလေးက..ဘယ်လို စွမ်းရည်မျိုးကို ရရှိထားပါစေ..သေတာနဲ့ ဘာမှ မထူးတော့ပါဘူး..။အိပ်မက်ကမ္ဘာထဲမှာ အသက်ရှင်သန်ဖို့ မျက်လုံးမမြင်တဲ့လူတစ်ယောက်က အခွင့်အရေးမရှိနိုင်ပေ..။

သူမက..ရှင်လျကိနဲ့ သေနေခဲ့ရပါပြီ..။

စိတ်မသက်မသာ ဖြစ်မူတွေနဲ့ အတူပဲ..ဆန်နီ ခေါင်းကို လှည့်ကာ အိပ်စက်သူတွေ ဖက်ကို ကြည့်လိုက်တယ်..။အခုတော့..အိပ်စက်သူတွေ ဘာလို့ ဒီဖက်ထောင့်ကို မလာကြလဲ ဆိုတာကို သူသဘောပေါက်လိုက်ပါပြီ..။

ပုံမှန်အားဖြင့်..အိပ်စက်သူတွေဟာ..စိတ်ဓာတ်မဆိုးဝါးကြပေမယ့်..သူမနဲ့တော့ ဘယ်သူမှ အဖွဲ့ဖွဲ့ချင်မှာ မဟုတ်ပါဘူး..။

ရုတ်တရက် ဆိုသလိုပဲ ဒီခန်းမထဲမှာ လူငယ်လေးတွေ ဘယ်လို အဖွဲ့ဖွဲ့နေတာလဲ ဆိုတာကိုဆန်နီ သဘောပေါက်လိုက်ပါတယ်..။သူတို့က ကိုယ့်အခြေအနေ အလိုက် နီးနီးကပ်ကပ် ရှိနေကြတာပါ..။

ခန်းမရဲ့ အဆုံး စတိတ်စင် ရဲ့ အနီးမှာတော့..အဖွဲ့ငယ် တစ်ဖွဲ့ နှစိဖွဲ့ ရှိနေခဲ့တယ်..။ဒီအဖွဲ့က လူတွေဟာ တစ်ခြား အိပ်စက်သူတွေနဲ့ မတူညီကြပါဘူး..။သူတို့က ယုံကြည်မူ အပြည့်နဲ့ တည်ငြိမ်နေကြပါတယ်..။သူတို့တွေက..ဆက်ခံသူတွေပါ..။သူတို့က မွေးကတည်းက လေ့ကျင့်လာကြတဲ့ လူတွေ ဖြစ်တာကြောင့်..အသက်ရှင်နိုင်ဖို့ အခွင့်အရေးက..အတော်လေးကို မြင့်ပါတယ်..။အထူးသဖြင့် ကတ်စတာဟာ..တစ်ခြားလူတွေနဲ့စာရင် သိသာနေခဲ့တယ်..။

သူတို့ရဲ့ ဘေးနားမှာတော့..စျေးကြီးတဲ့ အဝတ်အစားတွေ ဝတ်ထားတဲ့ လူငယ်လေးတွေ အဖွဲ့ပါ..။သူတို့က စိတ်လှုပ်ရှားနေကြပြီး အနည်းငယ် ကြောက်ရွံ့နေခဲ့ကြတယ်..။သူတို့က ချမ်းသာပြီး အဆင့်တန်းမြင့်တဲ့ လူငယ်တွေပါ..။သူတို့ရဲ့ မိဘတွေက သီးသန့်ဆရာတွေ ငှားပေးထားတာကြောင့် သူတို့ရဲ့ လေ့ကျင့်မူတွေကလည်း မဆိုးဘူးလိူ့ ပြောလိူ့ရပါတယ်..။သူတို့လည်း အသက်ရှင်ကျန်နိုင်တဲ့ လူတွေပါ..။

အဲဲဒီနောက်မှာတော့ သာမန်မိသားစုကနေ လာတဲ့ လူငယ်တွေ အများကြီး အဖွဲ့ ရှိနေခဲ့တယ်..။သူတို့က နိုးထမူအဆင့် ဆရာတွေနဲ့ သင်ကြားခွင့်မရကြပေမယ့်..သူတို့ရဲ့ ကျောင်းတွေက သိပ်မဆိုးပါဘူး..။အစိုးရက အိပ်စက်သူတွေအတွက် သိသင့်သိထိုက်တာတွေ သိရဖို့ အများကြီး အားထုတ်ပေးထားပါတယ်..။

သူတို့ထဲက အချို့ဆိုရင် သီးသန့် လေ့ကျင့်မူတွေတောငိ ရခဲ့ကြမှာပါ..။အသက်ရှင်သန်ဖို့အတွက် ဆိုရင် အိပ်စက်သူတွေ အနေနဲ့..ကြိုးစားမူသာ မကပဲ ကံကောင်းဖို့လည်း လိုအပ်ပါသေးတယ်..။

နောက်ဆုံးနေရာမှာတော့..ဆန်နီ နဲ့ မျက်လုံးမမြင်တဲ့ မိန်းကလေးသာ ရှိနေခဲ့တယ်..။ခန်းမထဲက တစ်ခြား အိပ်စက်သူတွေရဲ့ အမြင်မှာတော့..သူတို့ရဲ့ အသက်ရှင်သန်နိုင်မယ့် ရာခိုင်နှုန်းက သုည မှာပါ..။

"ဘယ်လောက် အစီစဥ် တကျရှိလိုက်လဲ.."

ဒါက အိပ်စက်သူ တွေကိုယ်တိုင် မသိလိုက်ပဲ..အဖွဲ့ဖွဲ့ မိနေကြတဲ့ ပုံစံမျိုးပါ..။သူတို့ အကုန်လုံးနဲ့ကွဲထွက်နေတဲ့ တစ်ယောက်တည်းသော သူကတော့ ငွေရောင်ဆံပင်နဲ့ မိန်းကလေးပါပဲ..။သူမက မျက်လုံးကို ပိတ်ကာ နံရံကို မှီထားပြီး အခုထိ သီချင်းနားထောင်နေဆဲပါ..။

သို့ပေမယ့် သူတို့ အဖွဲ့တွေရဲ့ အုပ်စုက ဘာပဲဖြစ်ဖြစ်..အကုန်လုံးက စောင့်နေရတာကို စိတ်ကုန်နေကြပါပြီ..။

"အဲဲဒီ သောက်ကျိုးနဲ အခမ်းအနားက ဘယ်တော့စမှာလဲ.."

ဆန်နီ ရေရွတ်လိုက်တာပါ..။

သူပြောတာကို ကြားသွားသလိုပဲ..နက်ပြာရောင် ယူနီဖောင်းနဲ့ လူတစ်ယောက်ဟာ စင်ပေါ်မှာ ပေါ်လာခဲ့တယ်..။သူက အရပ်ရှည်ပြီး..လူကောင်က အတော်ကြီးမားပါတယ်..။ဒီ လူရဲ့အမေက ဝက်ဝံ တစ်ကောင်နဲ့ မျိုးစပ် လာတာလားလို့တောငိ ဆန်နီ တွေးမိလိုက်တယ်..။

"ဝက်ဝံပုံစံ အိပ်မက်ဆိုး သားရဲလား..."

ခန္တာကိုယ်ကြီးကြီးနဲ့ လူကြီးဟာ..လှပတဲ့ အညိုရောင် မုတ်ဆိတ်မွှေးတွေ ရှိနေခဲ့တယ်..။သူ့မျက်လုံးတွေကတော့ တည်ငြိမ်ပြီး လေးနက်နေခဲ့ပါတယ်..။စင်ရဲ့ အလယ်ကို ရောက်တဲ့အချိန်မှာတော့ သူ အိပ်စက်သူတွေကို အချိန်အတော်ကြာအောင် စိုက်ကြည့်လိုက်တယ်..။ဒီလူ့ အကြည့်ကာ ဆန်နီ ရှိတဲ့ ထောင့်ကို ရောက်လာတဲ့ အချိန်မှာတော့ ဆန်နီ ကြောက်ရွံ့သလို ဖြစ်သွားခဲ့တယ်..။

"အာ...သူ့မှာ စိတ်ကို ဖတ်နိုင်တဲ့ စွမ်းရည် မရှိဖို့ မျှော်လင့်ရတာပဲ. ။မဟုတ်ရင် သူ့အမေအတွက် ငါ့ ခန္တာကိုယ်ကို တစ်စစီ ဆုပ်ဖြဲလိမ့်မယ်.."

လူကြီးဟာ ဆန်နီကို သိပ်ဂရုမစိုက်ပဲ..လူအုပ်ရဲ့ ပထမတန်းကိုသာ အကြည့်ပြန်လွှဲလိုက်ပါတယ်..။

"ငါက နိုးထသူ ရော့ခ် ပဲ..။အိပ်စက်သူတို့ကို အကယ်ဒမီကနေ ကြိုဆိုပါတယ်.."

လူတိုင်းဟာ ဘာအသံမှ မထွက်ပဲ နားထောင်နေခဲ့တယ်..။

"ဒီတစ်လထဲမှာ..မင်းတို့က အိပ်မက်ကမ္ဘာထဲကို ပို့ဆောငိခြင်းခံကြရလိမ့်မယ်..။မင်းတို့ထဲက တစ်ချို့ကတော့ အကောင်းဆုံးပြင်ဆင်ပြီးပြီီလို့ ကိုယ့်ကိုကို ထင်နေကြမှာပဲ..။မှားတယ်..။အခိုက်အတန့်က ရက်စက်ပြီး တွကိချက်တတ်တယ်..။နိုးထသူတွေက ကိုယ့်ကိုကို အထင်ကြီးပြီဆိုတာနဲ့ သေကြရတာပဲ..။မရေမတွက် နိုင်တဲ့ အိပ်စက်သူတွေ သေကြရတာကို ငါအမြဲတမ်း မြင်နေရတယ်..။မာစတာ တွေ အသက်ဆုံးရှုံးရတာလည်း ငါ မြင်နေရတယ်..။သူတော်စင် အဆင့်တွေတောငိ အသက်ရှင်ဖို့ အာမခံချက် မရှိဘူး.."

'အားပေးစကားအတွက် ကျေးဇူးပဲ.."

ဆန်နီ တွေးလိုက်တာပါ..။

"လေးပတ် စလုံးမှာ ငါတို့က စွမ်းရည်တွေကို အကောင်းဆုံးမြင့်တင်ရမယ်..။ကမ္ဘာ့အတော်ဆုံး သင်ကြားသူတွေရဲ့ လမ်းညွှန်မူတွေကို မင်းတို့ ရကြလိမ့်မယ်..။ဒါပေမဲ့ သူတို့ရဲ့ ကျော်ကြားမူကြောင့် အတွေး မမှားစေနဲ့..။အဆုံးမှာ အိပ်မက်ကမ္ဘာထဲက အသက်ရှငိ ပြန်လာနိုင်ဖို့က မင်းတို့ အပေါ်မှာပဲ မူတည်တယ်..။မင်းတို့ အသက်ရှင်ဖို့ တာဝန်ရှိတဲ့လူက မင်းတို့ကိုယ်တိုင်ပဲ.."

ဆက်ခံသူတွေကလွဲပြီး ကျန်တဲ့ အိပ်စက်သူတွေရဲ့ မျက်လုံးထဲမှာ ကြောက်ရွံ့မူတွေ မြင်နေကြရပါတယ်..။

နိုးထသူ ရော့ခ် ဆက်ပြောလိုက်တယ်..။

"မင်းတို့က ကလေးတွေ မဟုတ်ကြတော့ဘူး..။အခုထိ ကိုယ့်ကိုကို ကလေးလို့ ထင်နေသေးရင်တော့ ဒါက ရှက်စရာပဲ..။မင်းတို့ ပထမ အိပ်မက်ဆိုးကို ရောက်ဖူးပြီးပြီ ဆိုတော့ ဘယ်လိုလဲ ဆိုတာကို သိထားပြီးကြလောကိပြီ..။မင်းတို့ရဲ့ မိဘတွေ..ဆရာတွေ..မိတ်ဆွေတွေက မင်းတို့ကို ကယ်ပေးနိုင်မှာမဟုတ်ဘူး.."

"ဒါတွေက သိပြီးသားတွေ မဟုတ်ဘူးလား.."

နိုးထသူ ရော့ခ် ပြောနေတာတွေကို နားထောင်ရင်း ဆန်နီ အနည်းငယ် ပျင်းလာခဲ့တယ်..။ဒါတွေက အကုန်သိထားပြီးသားတွေပါ..။သို့ပေမယ့် သူ သင်ကြားသူတွေရဲ့ ရည်ရွယ်ချက်ကို သိထားပါတယ်..။သူတို့အနေနဲ့ အိပ်စက်သူတွေကို ကြောက်အောင် ပြောနေတာက အသက်ရှင်သန် စေချင်လို့ပါပဲ..။

နောက်ဆုံးတော့ ပြောဆိုမူက အရေးကြီးတဲ့ နေရာကို ရောက်လာခဲ့တယ်..။နိုးထသူ ရော့ခ်ဟာ ကလေးတွေ သူပြောခဲ့တာတွေကို စဥ်းစားဖို့ အချိန်ရအောင် ခနလောက် ရပ်လိုက်ပါတယ်..။ယင်းနောက် ခေါင်းတစ်ချက်ညိမ့်ကာ ဆက်ပြောလိုက်တယ်..။

"အခု ငါတို့ အိပ်မက်ဆိုး နဲ့ အိပ်မက်ကမ္ဘာရဲ့ ကွာခြားချက်ကို ပြောကြမယ်.."

All Chapters