အိပ်မက်ကမ္ဘာနှင့် အိပ်မက်ဆိုး
Vol. 2 Ch. 23
ဒါက ဆန်နီ စိတ်ဝင်စားနေတဲ့ အပိုင်းပါ..။
ဒါပေါ့..အခိုက်အတန့်ထဲမှာ ဘာတွေ ရှိလဲ ဆိုတာတော့ သူမှာ အခြေခံ ဗဟုသုတ ရှိပါတယ်..။သို့ပေမယ့်..အပြင်မှာကြားနေရတာတွေနဲ့..လက်တွေ့က ဘယ်လောက်တောင်ကွာခြားလဲ ဆိုတာကို သူ ပထမအိပ်မက်ဆိုးမှာ သိရှိခဲ့ပြီးပါပြီ..။
စိတ်ကူးယဥ်ပြောဆိုမူတွေနဲ့ တကယ့်အစစ်အမှနိကို သူ ခွဲခြားဖို့ လိုပါလိမ့်မယ်..။ဒါပေါ့..အိပ်မက်ကမ္ဘာထဲကို အမှန်တကယ်ရောက်ဖူးတဲ့ လူရဲ့ ပြောစကားတွေကတော့..တကယ်ကို အကျိုးပြုစေမှာပါ..။ဒီတော့ ဆန်နီ နားစိုက်ထောင်နေခဲ့တယ်..။
နိုးထသူ ရော့ခ် စတင်ပြောလိုက်တယ်..။
"လူတွေ အများစုက အိပ်မက်ဆိုးက ဘာလဲဆိုတာကို သိချငိနေကြတယ်..။ဘာလို့လဲဆိုတော့..ဒါက ပြင်ပကမ္ဘာက အသက်တွေကိုပါ သက်ရောက်မူ ရှိနေတယ်လေ..။ပထမ အိပ်မက်ဆိုးထဲ မဝင်ခင်တုန်းကလည်း မင်းတို့ကို သတိပေးမူတွေ ရှိခဲ့မှာပဲ..။တကယ်လို့ အိပ်မက်ဆိုးထဲမှာ သေသွားမယ် ဆိုရင် ပြင်ပကမ္ဘာကို အိပ်မက်ဆိုးသားရဲက ဖြတ်သန်းဝင်ရောက်လာနိုင်လိမ့်မယ် ဆိုတာ.."
အမှန်ပါပဲ...။ဒါကြောင့်ပဲ မာစတာ ဂျက်က သူ့ဘေးနားမှာ တစ်ချိန်လုံး နေပြီး သားရဲကြီး ပေါ်လာရင် ဖြေရှငိးဖို့ စောင့်နေခဲ့တာပါ..။
"ပထမ အိပ်မက်ဆိုးက ထူးခြားတယ်..။ဘာလို့လဲ ဆိုတော့ တစ်ခုချငိးစီတိုင်းက သီးခြားစီ မို့လို့ပဲ..။ဒါကြောင့်ပဲ သားရဲတစ်ကောင်ပဲ ပေါ်လာနိုင်တာလေ..။ဒါပေမဲ့ ဒုတိယ အိပ်မက်ဆိုးကနေ စပြီး အရာရာတိုင်းက ပိုပြီး အန္တရာယ် များလာပြီ..။အိပ်မက်ဆိုးတွေက ကူးစက်ခံရသူတွေနဲ့ ချည်နှောငိထားတာ မဟုတ်တော့ဘူးလေ..။အဲဒီအစား သူတိူ့က အိပ်မက်ကမ္ဘာကြီးထဲမှာ တည်ရှိနေကြတာ..။အိပ်မက်ဆိုးရဲ့ မျိုးစေ့ ကြီးထွားနေတုန်းမှာ..ဘယ်နိုးထသူ ကမဆို ရိတ်သိမ်းနိုင်တယ်.."
အိပ်မက်ဆိုးတွေကို အမဲလိုက်ဖို့ဆိုတာက နိုးထသူတိုင်းရဲ့ အဓိကတာဝန်ပါပဲ..။ဆန်နီ အဲလောက်အထိတော့ သိထားပါတယ်..။
"မျိုးစေ့ ရင့်မှည့်လာတဲ့ အချိန်အထိ ..အကုန်လုံးသေသွားတာပဲ ဖြစ်ဖြစ် ..မရှာနိုင်တာပဲဖြစ်ဖြစ်..အဲလိုဆိုရင်..ကမ္ဘာကြိီးဆီကို ဂိတ်တစ်ဂိတ် ပွင့်လာလိမ့်မယ်..။ဒီဂိတ်ကနေ မွန်းစတားတွေ မရေမတွက်နိုင်အောင် ဝင်ရောက်လာနိုင်တယ်လေ..။တစ်ခြား နိုးထသူတွေက..ဒီဘက်ခြမ်းကနေ ..အင်အားသုံးပြီး ကာကွယ်ထားနိုင်တယ် ဆိုပေမယ့်..ပျက်ဆီး ဆုံးရှုံးမူတွေ အများကြီး ဖြစ်လာလိမ့်မယ်.."
ဂိတ်တွေ ပွင့်သွားမယ် ဆိုတဲ့အရာက ဒီကမ္ဘာပေါ်က လူတိုင်း ကြောက်ရွံ့တဲ့ ကိစ္စတစ်ခုပါပဲ..။ဒါက အိပ်မက်ဆိုး သားရဲတွေ ပေါ်လာပြီးနောက်ပိုင်း အခိုက်အတန့်က ခေါ်ဆောင်လာတဲ့ ဒုတိယ ကပ်ဆိုး တစ်ခုပါ..။အဓိက ကွာခြားမူက ပထမ ကပ်ဆိုးမှာ အသွင်ပြောင်း သားရဲ တွေပဲ ဝင်ရောက်လာနိုင်ပါတယ်..။
သို့ပေမယ့် ဂိတ်တွေမှာလည်း သူ့ရဲ့ အဆင့်အလိုက် ရှိနေပြီး..ဘယ်လိုသားရဲ အမျိုးအစားမဆို ဝငိရောက်လို့ပါတယ်..။
ဆန်နီ မွေးပြီးသိပ်မကြာခင်အချိန်မှာ အဆင့် ၅ ဂိတ်တစ်ခု ပွင့်လာပြီး တိုက်တစ်ခုလုံးကို ဗရမ်းဗတာ ဖြစ်စေခဲ့ပါတယိ..။ကံကောင်းခြင်းတော့ အဆင့်မြင့် ဂိတ်တွေက တွေ့ရဖို့ မလွယ်ကူလှပေ..။
နိုးထသူ ရော့ခ်ရဲ့ အသံက ပိုပြီးလေးနက်လာခဲ့တယိ..။
"ဒီတော့ နိုးထသူတွေ အိပ်မက်ကမ္ဘာထဲ ဝငိရောက်နေကြတာက..အိပ်မက်ဆိုး မျိုးစေတွေ ရင့်မှည့်နေတုန်းမှာ ရိတ်သိမ်းပြီး ကမ္ဘာကြီးဆီလာမယ့် ဂိတ်တွေကို ပိတ်ဖို့ လို့ပြောရင် မမှားဘူး..။ဒီကနေပြီး..အိပ်မက်ကမ္ဘာနဲ့ အိပ်မက်ဆိုးတွေက ဆက်စပ်နေတယ် ဆိုတာ သိနိုင်တယ်..။ဒါပေမဲ့ သူတို့က အတူတူတော့ မဟုတ်ဘူး..။တကယ်လို့ အိပ်မက်ဆိုး မျိုးစေ့ တွေက ပန်းတိုင်တစ်ခု ဆိုရင် အိပ်မက်ကမ္ဘာက ငါတို့အတွက် လမ်းကြောင်းပဲ..။ဒါပေမဲ့ ဒီထက်ပိုတဲ့ အရာတွေလည်း ရှိသေးတယ်.."
"စိတ်ကူးယဥ် ဆန်တာပဲ..။နိုးထသူ ရော့ခ်က ကဗျာဆရာ တစ်ယောက်များ ဖြစ်နေမလား "
"အိပ်မက်ကမ္ဘာဆိုတာက ကမ္ဘာကြီးတစ်ခုပဲ..။ဒါက ကျယ်ပြန့်တယ်..ဆန်းကျယ်တယ်..ဘယ်သူမှ မရောက်ဖူးသေးတဲ့ နေရာတွေ ရှိတယ်..။အိပ်မက်ဆိုး သားရဲတွေ..ပျက်ဆီးနေတဲ့ ပတ်ဝန်းကျင်တွေ..ပြီးတော့ ငါတို့တွေကလွဲပြီး တစ်ခြား ဘာသက်ရှိမှ မရှိဘူး..။ဒါပေမဲ့ အမြဲတမ်း ပျက်ဆီးနေတာတော့ မဟုတ်ဘူး..။ငါတို့ ပြောနိုင်တာကတော့ တစ်ခါတုန်းက ဒီ အိပ်မက်ကမ္ဘာကြီးက ရှေးကျတဲ့ လူမျိုးစု တစ်ခုရဲ့ အိမ်ပဲ..။မြေဆီလွှာတွေရဲ့ အောက်မှာ အခုထိ အရိုးစုတွေ မြုပ်နှံထားတာ ရှိသေးတယ်.."
ဆန်နီ သိသလောကိ ဒီလူတွေက အတော်ကို ရှေးကျပြိး..သူတို့ရဲ့ တိုးတက်မူတွေကလည်း..စိတ်ဝိဥာဥ် အမြုတေကို အမှီပြုထားတာပါ..။ဒီတော့..အခြေခံအားဖြင့်..ဆန်းကျယ်မူနဲ့ မှော်ပညာတွေပါ..။သူတို့ရဲ့ နာမည်တွေက ဘယ်လိုတွေလဲ..။သူတို့က ဘယ်လို ကျရှုံးသွားတာလဲ ဆိုတာတော့ ဘယ်သူမှ မသိပေ..။
အခိုက်အတန့်က ဖျက်ဆီးပစ်လိုက်တာလဲ ဖြစ်နိုင်ပါတယ်..။
"အိပ်မက်ကမ္ဘာကြီးက အခိုက်အတန့်ထဲမှာ ပုံရိပ်ယောင် အဖြစ်ရှိနေတာလား..အစစ်အမှန်အဖြစ် ရှိနေတာလား ဆိုတာတော့ ငါတို့လည်း သေချာမသိဘူး..။ဒါပေမဲ့ အိပ်မက်ဆိုးထဲမှာရှိနေတဲ့..ပုံရိပ်ယောင်တွေကတော့..သမိုင်းကြောင်းကို အခြေခံပြီး ဖြစ်ပေါ်နေတာလို့ ငါတို့ သံသယရှိတယ်..။ဒါက အရင်အချိန်တွေတုန်းက ဖြစ်ပေါ်ခဲ့တဲ့ အရာတွေကို ထပ်တူညီအောင် ဖန်တီးထားတာပဲ.."
ဒီတော့ အစေခံ ခရီးသည်တန်းက အရင်တုန်းက ရှိခဲ့ဖူးတယ်ပေါ့..။ဆန်နီ ပထမအိပ်မက်ဆိုးကို ဝင်တုန်းက အချိန်တွေ ပြောင်းပြန် စီးဆင်းနေတာကို ပြန်မှတ်မိလိုက်တယ်..။သူသာ ဝင်မပါဘူးဆိုရင် အခြေအနေတွေက ဘယ်လို အဆုံးသတ်မလဲ ဆိုတာကို သိချင်သွားခဲ့ပါတယ်..။အမည်မသ်ိ အစေခံနဲ့ ကျန်တဲ့လူတွေက တောင်ဘုရင်ရဲ့ စားသောက်ခြင်းကို ခံကြရမှာလား .။
ထပ်ပြောရရင် အမည်မသိ အစေခံက သိပ်တော့ မရိုးရှင်းဘူးလို့ သူခံစားရပါတယ်..။မဟုတ်ရင် အခိုက်အတန့်က ဘာလို့ သူ့ကိုမှတ်မိနေမှာလဲ..။ပြီးတော့ သူရဲကောင်းလေးကရော..။သူရော လွတ်မြောက်နိုင်မှာလား..။
'ငါ တကယ် သိချင်မိတယ်..'
'အိပ်မက်ကမ္ဘာနဲ့ အိပ်မက်ဆိုး ကြားထဲမှာ အဓိက ကွာခြားချက် ၄ ခု ရှိတယ်..။ပထမအနေနဲ့ အိပ်မက်ကမ္ဘာထဲမှာ ဘာ ဇာတ်လမ်းကြောင်းမှ မရှိဘူး..။မင်းအတွက် ဖြေရှင်းရမယ့် အခက်အခဲ ဆိုတာမျိုးလည်း ရှိမနေဘူး..။မင်းအနေနဲ့ တောထဲမှာ ကိုယ်စွမ်း ဥာဏ်စွမ်းရှိသလို လွတ်လွတ်လပ်လပ် သွားလာ နေထိုင်နိုင်တယ်..။လူအများစုကတော့..လူသားခံတပ် တစ်ချို့ရဲ့ အနားမှာပဲ ရှိနေချင်ကြတယ်လေ.."
'ဒါက သိထားတာ ကောင်းတယ်..'
ဆန်နီ တွေးလိုက်တာပါ..။
အဲ့အချိန်မှာပဲ သင်တန်းနည်းပြဟာ ထပ်ပြောလိုက်တယ်..။
"ဒုတိယ အနေနဲ့..အိပ်မက်မ္ဘာထဲမှာ ငါတို့ကမ္ဘာက လာတဲ့လူကလွဲလို့ တစ်ခြား လူသား မရှိဘူးဆိုတာ ပြောပြီးသွားပြီ..။အဲ့မှာ မွန်းစတား တွေပဲ ရှိတယ်..။သူတို့ထဲက တစ်ချို့တွေက လူသားအသွင်ပြောင်းနိုင်တယ် ဆိုတာကိုတော့ မင်းတို့ မှတိထားရမယ်.."
ဆန်နီ ..ချွေးစေးတွေ ထွက်လာသလိုတောင် ခံစားလိုက်ရတယိ..။အိပ်မက်ဆိုး သားရဲတွေက လူသားအဖြစ် ပြောင်းနိုင်တာလား..။သူ ဒါကို ဘာလို့ မကြားဖူးတာလဲ..။
သူ ပထမတန်းက ဆက်ခံသူတွေကို လှမ်းကြည့်လိုက်တဲ့ အချိန်မှာတော့ ဘာအံ့ဩမူမှ ရှိမနေခဲ့ပါဘူး..။ဒီတော့ သူတို့က သိထားပြီးသားပေါ့..။
"တတိယ အချက်က..ပထမအိပ်မက်ဆိုးနဲ့မတူပဲ..မင်းတို့ အိပ်မက်ကမ္ဘာထဲမှာ သေသွားလည်း အစစ်အမှန်ကမ္ဘာထဲမှာ လာ သားရဲမှ ပေါ်လာမှာ မဟုတ်ဘူး..။ဒါက အနည်းငယ် ရက်စက်ပေမယ့် ကောင်းမွန်တဲ့ အရာတစ်ခုပဲ..။နိုးထသူ အရေအတွက်က တဖြည်းဖြည်း နည်းလာပြီ..။တကယ်လို့ ငါတို့က အိပ်စက်သူတိုင်းကို လိုက်စောင့်ပေးနေရမယ် ဆိုရင် ဘယ်လိုလုပ် အရေးကြီးတာတွေကို လုပ်နိုင်တော့မှာလဲ.."
အိပ်စက်သူတွေက..ရက်တွေ လတွေ အများကြီး ကြာနိုင်တာကြောင့်..သူတို့ကို လိုက်စောင့်ပေးနေဖို့က မဖြစ်နိုင်ပါဘူး..။
"ပြီးတော့ နောက်ဆုံးနဲ့ အရေးကြီးဆုံး တစ်ခုပဲ..။စည်းမျဥ်းတွေ ချမှတ်ထားတဲ့ အိပ်မက်ဆိုးနဲ့ မတူပဲ..အိပ်မက်ကမ္ဘာထဲမှာက မင်းဘယ်လို သားရဲမျိုးနဲ့ တွေ့ရမလဲ ဆိုတာ..အကန့်သတ်ထားဘူး..။စမ်းသပ်ချိန်မှာ အခိုက်အတန့်က သာမန်လူသားကို အဆင့်အများကြီး ပိုမြင့်တဲ့ သားရဲနဲ့ မတွေ့ခိုင်းထားဘူးလေ..."
"အိုး တကယ်လား.."
ဆန်နီ နှာခေါင်းရှုတ်လိုက်တယ်..။
သို့ပေမယ့် သူ့အနေနဲ့ နိုးထသူ ရော့ခ်ပြောတာကို သဘောတူလိုက်ပါသေးတယ်..။သူရဲကောင်းလေးနဲ့ တောင်ဘုရင်က သူထိန်းချုပ်နိုင်တဲ့ အထဲမှာ မပါပေမယ့်လည်း.သူ့ထက် တစ်ဆင့်ပဲ မြင့်ကြတာပါ..။
"ဒါပေမဲ့ အိပ်မက်ကမ္ဘာထဲမှာ ဒီီလို တားဆီးမူမျိုး မရှိဘူး..။သီအိုရီ အရဆိုရင် မင်းက မစင်ကြယ်ခြင်း အဆင့် တိုက်တန် ရှေ့ကို ရောက်သွားပြီး ဘာမှမသိလိုက်ခငိမှာပဲ သေသွားနိုင်တယ်..။ဒါကြောင့် မင်းတို့နဲ့ အဆင့်တူလောက်မယ့် ရန်သူရှိတဲ့ နေရာတစ်ဝိုက်မှာပဲ သတိထားပြီးနေကြ..။ဒါက အာမမခံနိုင်ပေမယ့်..မင်းတို့ ခွန်အားနဲ့ကိုယ်တွယ်နိုင်တဲ့ အနေအထားမှာ ရှိနေသေးတယ်လေ.."
နိုးထသူ ရော့ခ်ဟာ ခနလောက်ရပ်ပြီး အိပ်စက်သူတွေရဲ့ မျက်နှာကို ကြည့်လိုက်ပါတယ်..။ယင်းနောက်သူ ပြောလိုက်တယ်..။
"အချိန်ကျလာပြီဆိုရင် မင်းတို့ကို အိပ်မက်ကမ္ဘာထဲဆီကို ဆွဲခေါ်သွားလိမ့်မယ်..။မင်းတို့ ဘယ်နားမှာ ပေါ်လာမလဲ ဆိုတာ အတိအကျမသိပေမယ့် တစ်ယောက်နဲ့တစ်ယောက် မနီးမဝေးမှာ ပေါ်လာကြလိမ့်မယ်..။အတူတကွ အဖွဲ့ဖွဲ့ပြီး အနီးဆုံး လူသား ခံတပ်ဆီကို ရောက်အောင်သွားကြ..။ခံတပ်တစ်ခုချင်းစီတိုင်းက ဂိတ်တွေရဲ့ အနားမှာ တည်ဆောက်ထားကြတာ..။မင်းတို့ အဲ့ကို ရောက်ပြီဆိုတာနဲ့ ဒီကို ပြန်လာနိုင်ပြီ.."
ဂိတ်တွေဆိုတာက အိပ်မက်ကမ္ဘာထဲနေ ထွက်သွားနိုင်တဲ့ တံခါးပေါက်တွေပါ..။အိပ်စက်သူတွေ ပေါ်တယ် တွေကို တွေ့ပြီဆိုတာနဲ့ အစစ်အမှန်ကမ္ဘာဆီကို ပြန်လာနိုင်ပြီး နိုးထသူ တွေဖြစ်လာပါလိမ့်မယ်..။သူတို့ရဲ့ အမြုတေ အဆင့်တက်မှာဖြစ်ပြီး ဒုတိယ ကဏ္ဍစွမ်းရည်ကို ရရှိကြမှာပါ..။ပြီးတဲ့ နောက်မှာတော့ သူတို့ အိပ်မက်ကမ္ဘာထဲကို နောက်တစ်ကြိမ် ပြန်သွားကြရပါလိမ့်မယ်..။
"တကယ်လို့ မင်းတို့အနေနဲ့ အနီးဆုံး လူသား ခံတပ်တွေကို မရှာနိုင်ဘူးဆိုရင်..ဂိတ်အသစ်တွေကို လိုက်ရှာကြ..။ဒါတွေက အများအားမြင့် အတွင်းပိုင်း အရေးပါတဲ့ ကုန်းမြေတွေမှာ ရှိနေတတ်တယ်..။အဲ့က အစောင့်အကြပ်ကို အတူတကွ အနိုင်ယူပြီး ပြန်လာခဲ့ကြ.."
သူ လူငယ်လေးတွေကို တစ်ချက်ကြည့်လိုက်တယ်..။
"ဒီနေ့ အတွက်တော့ ဒီလောက်ပဲ..။ညွှန်ကြားချက်တွေ အတိုင်း လုပ်နာပြီး..မင်းတို့ရဲ့ အိပ်ဆောင်ကို လိုက်ရှာကြ..။ပြီးသွားပြီဆိုရင် မင်းတို့ရဲ့ ညစာအတွက် စားသောက်မယ့်နေရာ ကို သွားလို့ရတယ်..။ပြီးသွားရင် မင်းတို့ရဲ့ သင်ရိုးညွှန်းတန်း ကိုပြင်ဆင်ဖို့အတွက် မေးခွန်းတွေ မေးလိမ့်မယ်..။ဒီည ကောင်းကောင်း အနားယူထားကြပါ..။မနက်ဖြန်ကျရင်..လေ့ကျင့်မူတွေ စလိမ့်မယ်.."
ယင်းနောက် သူ အကုန်လုံးကို ခေါင်းညိမ့်ပြပြီး ထွက်သွားခဲ့ပါတယိ..။
ဆန်နီ သက်ပြင်းချလိုက်တယ်..။
"ကြိုပြီး မပြောနိုင်ဘူးတဲ့လား.."
သူရဲ့ ကံတရားနဲ့ဆိုရင်..လူသား ခံတပ်အနားကို ချက်ချင်းရောက်သွားပြီး ဂိတ်ကနေ ပြန်ရောက်လာတာလည်း ဖြစ်နိုင်ပါတယ် ။ဒါမှ မဟုတ် အိပ်မက်ကမ္ဘာထဲက ဘယ်သူမှ မသိတဲ့ ကြမ်းတမ်းတဲ့ နေရာကိုလည်း ရောက်သွားနိုင်တာပါပဲ..။
'ကောင်းတာကိုပဲ တွေးထားရမှာပေါ့..'
သူ ဘာမှ မတတ်နိုင်ဘူးဆိုမှတော့ ဆန်နီ တွေးပြီး စိတ်ပူမနေတော့ပေ..။အခုချိန်မှာတော့ သူ့ စိတ်ထဲမှာ ပိုပြီး အရေးကြီးတဲ့ ရှိနေခဲ့ပါတယ်..။
'ညစာ အတွက် ..သူတို့တွေ ဘာကျွေးနိုင်လောက်လဲ.."