ကမ္ဘာကြိီးမှာ အဆင့်တက်ခြင်း
Vol. 2 Ch. 24
အိပ်စက်သူနဲ့ ပတ်သက်နဲ့ အရာအားလုံးဟာ တူညီတဲ့ အဆောက်အဦး တစ်ခုတည်းမှာပဲ ရှိနေခဲ့တယ်..။ဆန်နီ ဆက်သွယ်ရေးစက်က ညွှန်ကြားချက်တွေ အတိုင်း လိုက်လုပ်တဲ့ အချိန်မှာတော့..အိပ်ဆောင်ကို အလျင်အမြန်ပဲ တွေ့လိုက်ရပါတယ်..။သူ အံ့ဩမိတာကတော့..သူ့အတွက် သီးသန့် အခန်းတစ်ခန်း ရနေခဲ့တာပါပဲ..။
ဒီမှာ ကုတင်တစ်လုံး..စားပွဲတစ်ခု..အဝတ်ဗီရို နဲ့ သီးသန့် ရေချိုးခန်းတစ်ခုတောင် ရှိနေခဲ့ပါတယ်..။အတွင်းပိုင်းမှာတော့ အတော်လေး နွေးထွေးနေခဲ့တယ်..။
ဒီမှာ အကယ်ဒမီက သူ့ကို အခမဲ့ပေးထားတဲ့အဝတ်အစား တစ်ချို့တောင် ရှိနေခဲ့ပါသေးတယ်..။
'ဘယ်လောက်တောင် ရက်ရောလိုက်လဲ.."
ဆန်နီ အနည်းငယ် အံ့ဩပြီးတွေးလိုက်တာပါ..။
ပုံမှန်အားဖြင့်..ဒီလို စီစဥ်မူတွေက အမှန်တကယ်ပဲ..ဇိမ်ခံပစ္စည်းတွေ မဟုတ်ဘူးဆိုတာ သူ နားလည်ပါတယ်..။သို့ပေမယ့် သူ့လို မြို့ပြင်မှာ ရှင်သန်ခဲ့တဲ့ လူတစ်ယောက် အတွက်တော့ ဒီလို အခန်းက..နန်းတော် တစ်ခုလိုပါပဲ..။
"ကြည့်ရတာတော့ ငါ လုပ်နိုင်ခဲ့ပြီထင်တယ်.."
ဆန်နီ..သူ့ ရဲ့ အရိပ်ကို ကြည့်လိုက်ပြီး ပြုံးလိုက်တယ်..။
"ငါတို့တော့ ကမ္ဘာကြီးထဲမှာ တိုးတက်နေပြီ ထင်တယ်..ဟားဟား.."
အရိပ်ဟာ ဘာမှ မတုန့်ပြန်ခဲ့ပေ..။ဖြစ်နိုင်တာက သူ ဒီလို အရာတွေကို ဂရုမစိူက်တာ ဖြစ်နိုင်ပါတယ်..။
'ဟုတ်သားပဲ..ဒီ တုံးအတဲ့ အရိပ်က ဒါတွေ ဘယ်လိုသိမှာလဲ'
ဆန်နီ အဝတ်အစား အသစ်လဲလိုက်ပြီး သူ့ကိုယ်သူ မှန်ထဲမှာ ကြည့်လိုက်တယ်..။ယင်းနောက် တစ်ခုခုကို သတိရသွားပြီး..ကိုယ်ရေးအချက်အလက် မှတ်တမ်းကို ဖွင့်လိုက်ပါတယ်..။
သူ နောက်ဆုံးတော့ ရုပ်သေးဆရာရဲ့ အဝတ်စကို လေ့လာ ခွင့်ရပါပြီ..။
မှတ်သားမူ : [ ရုပ်သေးဆရာ ၏ အဝတ်စ ]
မှတ်သားမူ အဆင့် : နိုးထမူ
မှတ်သားမူ အမျိုးအစား : အကာကွယ်
မှတ်သားမူ ဖော်ပြချက် : [ သံသယ ကပ်ပါးကောင်တစ်ကောင်ဟာ တစ်ချိန်တုန်းက အမှန်တရား ဘုရင်ကြီးရဲ့ နှလုံးသားကို တွေ့ရှိခဲ့သည်။အချိန်နဲ့ အမျှ ဘုရင်ကြီးဟာ အတွင်းထဲက ဝါးမျိုခြင်းခံခဲ့ရပြီး..ရုပ်သေးရုပ် ဖြစ်လာခဲ့သည်။အချိန်တွေကြာပြီးနောက် ရုပ်သေးဆရာ ကပ်ပါးကောင်ဟာ ဘုရင်ကြီး၏ အသက်မဲ့တဲ့ ခန္တာကိုယ်ကို စွန့်ခွာခဲ့ပြီး အနက်ရောင် ပိုးချည်မျှင် များသာ ချန်ထားခဲ့သည်..။သူ ဘယ်ကို ထွက်သွားလဲ ဘယ်သူမှမသိပေ..။တိတ်ဆိတ်တဲ့ ရဲတိုက်ကို သွားရဲတဲ့ လူတစ်ချို့ဟာ..ပိုးချည်တွေကို တွေ့ခဲ့ကြပြီး..အကာအကွယ် အင်္ကျီအဖြစ် ဝတ်ဆင်ခဲ့ကြသည်..]
ဆန်နီ သေချာ ဖတ်ကြည့်နေခဲ့တယ်..။
"ဒါက ဒီလောက်ကြီးလဲ မဟုတ်ပါဘူး.."
သေချာပြန်တွေးကြည့်ရင် ပထမဆုံး သူသတ်ခဲ့တာက အသွင်ပြောင်း သားရဲပါ..။တောင်ဘုရင်က ရုပ်သေးဆရာ ကပ်ပါးကောင်ရဲ့..ကြီးပြင်းလာတဲ့ ပုံစံဖြစ်ပြီး နတ်ဘီလူး အဆင့်ကို ရောက်လာတာလား..။
ဒါက ဘယ်သူမှ မသိနိုင်ပါဘူး..
သက်ပြင်းချလိုက်ပြီး သူ ရုပ်သေးဆရာရဲ့ဝတ်ရုံကို အပြင်ကို ထုတ်လိုက်တယ်..။ပါးလွှာတဲ့ အနက်ရောင် ဝတ်ရုံလေးတစ်ခု သူ့ရဲ့ ခန္တာကိုယ်ပေါ်မှာ ပေါ်လာခဲ့ပြီး အကာအကွယ်တစ်ခု ဖြစ်လာခဲ့ပါတယ်..။ဒါက မီးခိုးရောင် ပိုးချည်မျဥ်နဲ့ အတူ တစ်ခြား ပါဝင်ပစ္စည်းတွေနဲ့ ချုပ်လုပ်ထားခဲ့တာပါ..။
ဒီ အကာအကွယ်က အတော်လေး ပေါ့ပါးပြီး..သူ့ရဲ့ လှုပ်ရှားမူတွေကို လုံးဝ အခက်ခဲမဖြစ်စေခဲ့ပေ..။သူ လှုပ်တဲ့ အချိန်မှာလည်း ဘာသံမှ မထွက်စေပါဘူး..။အရိပ်ထဲမှာ သွားလာမယ့်လူ အတွက်တော့ ပြီးပြည့်စုံတဲ့ ဝတ်ရုံတစ်ခုပါ..။
ဆန်နီ ပြုံးလိုက်တယ်..။ဒီ အကာအကွယ်ကို ..နိုးထမူ အဆင့် သားရဲတွေတောင် ထိုးဖောက်ဖို့ ခက်ခဲမယ် ဆိုတာ သူသိထားပါတယ်..။ဒါက ပြောင်းလဲမူအဆင့် သားရဲတွေနဲ့ တိုက်ခိုက်ရင် သူ့အတွက် အားသာ လာစေမှာပါ..။ဒီဝတ်စုံကို ဝတ်လိုက်ရင်..သူ့လည်း ထူးခြားတဲ့ တည်ငြိမ်မူတစ်ချို့ ကို ရပါတယ်..။
"သံသယ ကပ်ပါးကောငိ..ဒါက စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မူတွေကိုရော ကာကွယ်နိုင်လောက်လား.."
သူ ဒါကို သိချင်နေခဲ့တယိ..။
တကယ်ကောင်းမွန်တဲ့အရာပဲ..။နတ်ဘီလူး တစ်ကောင်ရဲ့ မှတ်သားမူက နိမ့်ကျမနေခဲ့ပေ..။
ကျေနပ်စွာပဲ ဆန်နီ ..ပြန်သိမ်းဆည်းကာ အခန်းထဲက ထွက်ပြီး..ကဖေးဆိုင် ရှိရာကို ထွက်လာခဲ့တယ်..။
"မဆိုးဘူး..မဆိုးဘူး.."
ညစာကလည်း...အိပ်ဆောင်လိုမျိုး ရက်ရက်ရောရာ ကျွေးမွေးထားတာပါ..။နောက်ဆုံးမှာတော့ ဆန်နီ မျှော်လင့်ထားတဲ့ အရသာရှိတဲ့ အစားအသောက်တွေက ပြည့်မြောက်လာခဲ့တယ်..။ဒါက လွတ်လွတ်လပ်လပ် စားသုံးနိုင်ယုံတင်မကပဲ..ဘယ်လောက် ပမာဏပဲ စားရမယ်ဆိုတာလည်း မကန့်သတ်ထားပါဘူး..။
ထပ်ပြောရရင် ဒီမှာ..ထမင်း..ပေါင်မုန့် ..အရံဟင်း အမျိုးမျိုး..ဆော့စ်တွေ..လတ်ဆတ်တဲ့ အသီးအရွက်တွေ နဲ့ အရသာရှိတဲ့ သောက်စရာ မျိုးစုံ ထားပေးထားခဲ့ပါတယ်..။
"ရက်ရောလှချည်လား.."
ဆန်နီ တွေးလိုက်တာပါ..။
သူ့ ပါးကန်ပြားထဲ မောက်နေအောင် ထည့်ပြီးတဲ့ အချိန်မှာတော့..ဆန်နီ နေရာလွတ်ထိုင်ခုံမှာ ထိုင်လိုက်ပြီး တစ်လောကလုံးကို ခနလောက် မေ့သွားခဲ့တယ်..။သောက်စရာတွေ..ပြီးပြည့်စုံတဲ့ အသားတွေက ဆန်နီ ရဲ့ ပါးစပ်ထဲ ရောက်လာတဲ့ အချိန်မှာတော့..ရုတ်တရက် နတ်ပြည်ရောက်သွားသလိုပါပဲ..။
ပြီးတော့..သူ ဒီမှာနေရင် နေ့တိုင်း ဒီလို စားရမှာကို တွေးမိလိုက်တယ်..။
"သောက်ချီး အခိုက်အတန့်..ငါ့ကို ဘာလို့ အစောကြီးကတည်းက မကူးစက်တာလဲ.."
သူ အစားအသောက်ကိုသာ အာရုံစိုက်ပြီး ကုန်အောင်စားနေခဲ့တယ်..။ယင်းနောက် ခနလောက်တွေဝေပြီး..နောက်ထပ် စားသင့်လားဆိုတာ စဥ်းစားနေခဲ့တယ်..။သို့ပေမယ့် အကယ်ဒမီ ရဲ့ ပုဂ္ဂိုလ်နဲ့ ချိန်းထားတဲ့ အချိန်က နီးကပ်နေပါပြီ..။
နောင်တရစွာပဲ..သူ မတ်တတ်ထရပ်ကာ ကဖေးဆိုင်ကနေ ထွက်လာခဲ့လိုက်တယ်..။
မကြာခင်မှာတော့..ဆန်နီဟာ..ရုံးခန်းကျဥ်းကျဥ်းလေးမှာ ဝန်ထမ်းတစိယောက်နဲ့ မျက်နှာချင်းဆိုင် ထိုင်နေခဲ့ပါပြီ..။ဝန်ထမ်းဟာ အတော်လေးကို ဖော်ရွေးပြီး ချက်ချင်း အင်တာဗျူး စတင်လိုက်တယ်..။
မာစတာ ဂျက် သူ့ကို သတိပေးထားသလိုပဲ..ဆန်နီကို စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးဖို့ ကမ်းလှမ်းလာခဲ့တယ်..။သူမ ရဲ့ အကြံပေးချက်အတိူင်းပဲ သူ ငြင်းပယ်ခဲ့ပါတယ်..။ပြီးတာနဲ့ အင်တာဗျူးဟာ သူ့ရဲ့ စွမ်းရည် အကြောင်းကို ရောက်လာခဲ့တယိ..။
သူ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ဘာ အချက််လက်မှ မပေးချငိပေမယ့် ဝန်ထမ်းကိုလည်း တစ်ခုခု ပြောဖို့ လိုအပ်ပါတယ်..။ကံကောင်းချငိတော့ မေးခွန်းတွေက ဆန်နီကို အကြပ်မရိုက်စေခဲ့ပါဘူး..။မေးခွန်းအများစုက ' ငါ့ကို ပြောပြဖို့ ဆန္ဒရှိမလား ' သို့မဟုတ် 'အတွေးအကြုံလေးတွေ မျှဝေပေးမလား ' ဆိုပြီး ယဥ်ကျေးစွာမေးထားခဲ့တာပါ..။ဒါက ဆန်နီ အတွက် သာမှန်အဖြေကို ပေးစေနိုင်ခဲ့တယ်..။
"မင်း အနေနဲ့ ဘယ်လို ကဏ္ဍစွမ်းရည် မျိုးရခဲ့လဲ ဆိုတာ ပြောပြပေးနိုင်မလား..ဥပမာ ကိုယ်ခံပညာ..မှော်ပညာ တွေလိုမျိုးပေါ့..."
သူ စိတ်မရှိပေမယ့် သေချာဂရုစိုက်ဖို့တော့ လိုပါတယ်..။
"အာ..ကျွန်တော်လည်း သိပ်မသေချာဘူး..။သေချာနလည်ဖို့အတွက် အချိန်သိပ်မရသေးဘူးလေ.."
"ကောင်းပြီ..မင်းရဲ့ စွမ်းရည်က တိုက်ရိုက် တိုက်ခိုက်နိုင်လား..."
"မရဘူးလို့တော့ ထင်တာပဲ..။အစောတုန်းက ဆိုရင် အဝတ်လှန်းတဲ့ စင်ကိုတောင် ထိခိုက်အောင် မလုပ်နိုင်ဘူးလေ.."
အခြေအနေတွေက ဒီလိုပဲ သွားနေခဲ့တာပါ..။အဆုံးမတော့ ဆန်နီရဲ့ စွမ်းရည်ကို အားနည်းတယ်လိူ့ ထင်သွားပြီး..ဘက်စုံသုံး စွမ်းရည်ဖြစ်နိုင်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်..။
ပြီးတဲ့ နောက်မှာတော့ ဆန်နီ သူ့ အခန်းထဲ ပြန်ရောက်လာခဲ့တယိ..။သူ အဝတ်အစား လဲပြီးတာနဲ့ အိပ်ဖို့ သွားလိုက်ပါတယ်..။
အိပ်မက်ဆိုး ပြီးတဲ့နောက်မှာ ပထမဆုံး ပြန်လည် အိပ်စက်မူက ထူးဆန်းနေမယ်လို့ ဆန်နီ ထင်ထားခဲ့တာပါ..။သို့ပေမယ့် အံ့ဩစွာပဲ..ဒါက လွယ်ကူနေခဲ့တယ်..။နူးညံ့တဲ့ ကုတင်ပေါ်မှာတော့..သူက ကလေးလေးတစ်ယောကိလိုပဲ..အိပ်ပျော်သွားခဲ့ပါတယ်..။
***
မနက်နိုးလာတဲ့ အချိန်မှာတော့ ဆန်နီ သူ့ရဲ့ သီးသန့် ရေချိုးခန်းမှာ ရေချိုးပြီး..မနက်စာစားဖို့ ခွန်အားတွေ ပြည့်နေခဲ့တယ်..။
ကဖေးဆိုင်မှာတော့ အနည်းငယ် လူများနေခဲ့ပါတယ်..။သူ့ ပန်းကန်ကို အရသာရှိတဲ့ အစားအသောက်တွေ ဖြည့်ပြီးတဲ့နောက်မှာတော့..သူထိုင်လို့ ရတဲ့နေရာက..မျက်မမြင်ကောင်မလေးရဲ့ ဘေးနားပဲ ရှိနေတာကို တွေ့လိုက်တယ်..။သူမနဲ့ ဘယ်သူမှ အနီးကပ်မနေချင်တာကြောင့် သူမ စားပွဲက ဘာမှ မရှိပါဘူး..။
ဆန်နီ မချိပြုံး ပြုံးလိုက်တယ်..။ကြည့်ရတာတော့ ဒီ ၄ ပတ်လုံး သူတို့နှစိယောက်က အပယ်ခံ ဖြစ်တော့မယ့် ပုံပါပဲ..။သူကိုယ်တိုင်လည်း..ဘာအဓိပ္ပါယ်မှ မရှိတော့တဲ့ လူတစ်ယောက်နဲ့ တူတူထိုင်ရတာ သက်သောင့်သက်သာ မရှိပေမယ့် ရွေးချယ်စရာမရှိပေ..။
ခံစားချက် ပျောက်ဆုံးစွာပဲ..သူ မျက်မမြင်ကောင်မလေးရဲ့ စားပွဲမှာ ဝင်ထိုင်လိုက်ပါတယ်..။ပြီးတဲ့ နောက်မှာတော့..အနားမှာ ဘယ်သူမှ မရှိတော့သလိုပဲ အစားအသောက်ကိုသာ အာရုံစိုက်လိုက်တယ်..။
သို့ပေမယ့် သူစားလို့ မပြီးခင်မှာပဲ ရုတ်တရက် အသံတွေကို ကြားလိုက်ရပါတယ်..။
'ဘာတွေဖြစ်နေတာလဲ.."
သူ ကြည့်လိုက်တဲ့အချိန်မှာတော့ အိပ်စက်သူတွေဟာ ကဖေးဆိုင်ရဲ့ နံရံမှာ ဖော်ပြထားတဲ့ စခရင်ကို ကြည့်ပြီး စိတ်လှုပ်ရှားနေကြတာ တွေ့လိုက်ရတယ်..။စခရင်ပေါ်မှာတော့..အိပ်စက်သူတွေကို အားအနည်းဆုံးကနေ အသန်မာဆုံးအလိုက် အစဥ်လိုက် ဖော်ပြပေးထားခဲ့တယ်..။ဒါက မနေ့က အင်တာဗျူး အပေါ်မှာ အခြေခံထားခဲ့တာပါ..။
သိပ်စိတ်မဝင်စားပေမယ့် သူ့ နာမည်ကို စာရင်းရဲ့ အောက်ဆုံးနားမှာ အလျင်အမြန်တွေ့လိုက်ရတယ်..။သူ့ အောက်မှာ ရှိနေတဲ့ တစ်ယောက်တည်းသော သူက မျက်မမြင်ကောင်မလေးပါ..။သူမရဲ့ နာမည်ကိုတော့ ကတ်ဆီယာ လို့ ရေးထားခဲ့တယ်..။
သို့ပေမယ့် ရလာဒ်ကြောင့် ပြောဆိုနေကြတဲ့ အသံတွေက အတော်ကျယ်လွန်းပါတယ်..။သိချင်စွာပဲ..ဆန်နီ လှမ်းကြည့်လိုက်တယ်..။
"ဘယ်...ဘယ်လိုဖြစ်နိုင်မှာလဲ.."
"ဒါက မဟုတ်သေးဘူးလေ..."
"သူမက ဘယ်လို မွန်းစတားမျိုး လဲ..."
ကတ်စတာက ဒုတိယ နေရာမှာသာ ရှိနေခဲ့တာပါ..။သူ့ရဲ့ အထက်မှာတော့..ငွေရောင်ဆံပင်နဲ့ ကောင်မလေးရဲ့ ရုပ်ပုံကို ရှငိးရှင်းလင်းလင်း မြင်နေရပါတယ်..။
ပုံရဲ့ ညာဘက်ခြမ်း မှာတော့ ရိုးရှင်းတဲ့ စာကြောင်းတစ်ကြောင်းကို ရေးထားခဲ့တယ်..။
"အမည် : နစ်ဖ်ီ "
( Nephis နာမည်ကို မြန်မာမူ ပြုထားတာပါ )
"နာမည် အစစ်အမှန် : ပြောင်းလဲနေတဲ့ ကြယ်ပွင့် "