← Chapters

တောတွင်း ရှင်သန်မူ

Vol. 2 Ch. 25

တောတွင်း ရှင်သန်မူ

Vol. 2 Ch. 25

ဒီတော့ ငွေရောင်ဆံပင်နဲ့ ကောင်မလေး နစ်ဖီ ကလည်း အစစ်အမှန် နာမည်ကို ရရှိခဲ့တာပေါ့..။ဆန်နီ ကတော့ သူ့ရဲ့ နာမည်အစစ်အမှန်ကို ရရှိဖို့ သူရဲကောင်းလေးနဲ့ တောင်ဘုရင်ကို ရင်ဆိုင်ခဲ့ရတာပါ..။

"သူမ ဘယ်လိုရခဲ့တာလဲ သိချင်မိတယ်.."

ကဖေးဆိုင်ထဲက အိပ်စက်သူ တွေဟာ..ဒီ အဆင့်ဖော်ပြချက် ဇယားကြောင့် အံ့ဩနေခဲ့ကြတယ်..။သူတို့က စခရင်ကို ကြောက်ရွံ့မူ လေးစားမူ တွေနဲ့အတူ ကြည့်နေခဲ့ကြပါတယ်..။သူတို့ရဲ့ စိတ်လှုပ်ရှားပြောဆိုမူ တွေကို ကြည့်ပြီး ဆန်နီတောင် ..ကလေးတွေလို အော်ဟစ်လိုက်ချင်နေမိတယ်..။

'ဒီမှာဟေ့..ငါ့မှာလည်း အစစ်အမှန်နာမည် ရှိတယ်..'

သို့ပေမယ့် ဒါပေါ့..သူ ထုတ်ပြောမှာမဟုတ်ပါဘူး..။

ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ကတ်စတာ ရဲ့ အကြည့်တွေက စခရင်ပေါ်က မရွေ့တာကို တွေ့လိုက်ရတယ်..။ခင်မင်တတ်တဲ့ လူငယ်လေးရဲ့ မျက်နှာမှာ ဝမ်းနည်းနေတဲ့ အမူအရာ ဖြစ်နေခဲ့ပါတယ်..။သို့ပေမယ့် ထူးဆန်းတာ တစ်ခုက ကတ်စတာ

ဟာ အစစ်အမှန် နာမည် ရေးထားတဲ့ စာကြောင်းကို ကြည့်နေခဲ့တာ မဟုတိဘူးဆိုတာကို သူ သတိထားမိလိုက်ပါတယ်..။

အဲဒီအစား သူက နစ်ဖီ ဆိုတဲ့ စာသားကိုသာ စိုက်ကြည့်နေခဲ့တယ်..။ကြည့်ရတာတော့ သူ့အတွက် ဒီမိန်းကလေးရဲ့ နာမည်အရင်းက..အခိုက်အတန့်ပေးထားတဲ့ နာမည်ထက် ပိုအဓိပ္ပါယ် ရှိပုံပါပဲ..။

"စိတ်ဝင်စားစရာပဲ..။သူတို့ အချင်းချင်း သိနေကြတာလား..."

ဆက်ခံသူ တစ်ယောက်က ဘာလို့ ရဲယူနီဖောင်း ဝတ်ပြီး ရောက်လာခဲ့တဲ့ လူတစ်ယောက်ကို သိနေရတာလဲ..။ပြီးတော့..နစ်ဖီက ဘယ်မှာလဲ...။

ဆန်နီ တစ်ဆိုင်လုံး ပတ်ကြည့်လိုက်တဲ့ အချိန်မှာတော့ ထောင့်တစ်ထောင့်မှာ ကော်ဖီခွက် ကိုင်ထားတဲ့ ငွေရောင်ဆံပင်နဲ့ ကောင်မလေးကို တွေ့လိုက်ရတယ်..။သူမက အတွေးထဲမှာ နစ်မြောနေပြီး တစ်ခြားလူတွေ ပြောဆိုနေကြတာကို ဂရုစိုက်တဲ့ ပုံစံ မရှိပါဘူး..။သူမရဲ့ အညိုရောင် မျက်လုံးတွေကတော့ လေးနက် နေခဲ့ပါတယ်..။

"နာမည်အစစ်အမှန်နဲ့ အိပ်စက်သူ..။ဒါက မဖြစ်နိုင်ဘူး.."

"ဒါက ဖြစ်နိုင်တယ်လေ..။ကောင်းကင် ရဲ့ အပြုံးကလည်း ပထမအိပ်မက်ဆိုး ပြီးတော့ အစစ်အမှန် နာမည်ကို ရဖူးတယ်..။ဒါပေမဲ့ ငါ သံသယတော့ ဖြစ်မိတယ်.."

"သူမ အင်တာဗျူးမှာ လိမ်ထားတာ မဖြစ်နိုင်ဘူးလား.."

"မင်း ငတုံးလား..။ဒီက လူတွေကို အလွယ်တကူ လိမ်လို့ ရမယ်ဆိုရင် မနေ့က အရူးက ပထမနေရာမှာ ရောက်နေမှာပေါ့.."

ဆန်နီ မျက်မှာ ပျက်သွားခဲ့တယ်..။အရူး တဲ့လား..

"ကောင်းပြီ..ငါတို့ သူမကို မေးကြည့်ကြရင်ရော.."

ရုတ်တရက် ကဖေးဆိုင် တစ်ခုလုံး အသံတိတ်သွားခဲ့တယ်..။အကြံပေးချက်အတိုင်းပဲ အကုန်လုံးက နောက်လှည့်ပြီး နစ်ဖီ ကို စိုက်ကြည့်လိုက်ကြပါတယ်..။သို့ပေမယ့် သူမနားကို ကပ်ဖို့ ဘယ်သူမှ သတ္တိမရှိကြပေ..။

နောက်ဆုံးတော့ တစ်ခုခု ခံစားမိသွားပြီး သူမ မျက်လုံးကို ပင့်ကာ သူတို့ကို အံ့ဩစွာ ကြည့်လိုက်တယ်..။

"ဟင်..ဘာလဲ.."

မျက်လုံးမမြင်တဲ့ မိန်းကလေး ကတ်စီယာ တောင် အသံလာရာဘက်ကို လှည့်ကြည့်လိုက်ပါတယ်..။

အချိန်ခနကြာပြီးတဲ့နောကိမှာတော့..ကတ်စတာ ဟာ ရှေ့ကို လျောက်သွားပြီး အနည်းငယ် အရိုအသေ ပေးလိုက်တယ်..။

"မိန်းကလေး နစ်ဖီ..။ငါက ဟန်လီ ကလန်က ကတ်စတာ ပါ..။မင်းရဲ့ စမ်းသပ်ချက်က တကယ်ကို ကောင်းမွန်ခဲ့ပုံပဲ.."

မိန်းကလေးလား..။သူက ဘာလို့ ဒီလို ခေါ်နေတာလဲ..။ပြီးတော့ သူက ကိုယ့်ကိုကို မိတ်ဆက်နေတယ် ဆိုတော့.. အချင်းချင်း မသိထားကြဘူးလား..။

စိတ်ဝင်စားစရာပဲ..

နစ်ဖီဟာ ဒီမေးခွန်းကြောင့် အနည်းငယ် ခေါင်းခြောက်သွားသလိုပါပဲ..။ခနလောက်တွေးပြီးတဲ့ နောက်မှာတော့ သူမ ပုခုံးတွန့်ကာ ပြုံးလိုက်တယ်..။

"ဒီလိုပါပဲ.."

ကတ်စတာ ရှက်ရွံ့စွာပဲ ပြန်ပြုံးပြလိုက်တယ်..။

"သိပါပြီ..။မင်း မထိခိုက်ပဲ ပြန်လာလို့ ဝမ်းသာမိပါတယ်..။ဒါ..က...ငါက မင်းရဲ့ စွမ်းဆောင်ရည်ကို သံသယဖြစ်လို့ မဟုတ်ပါဘူး.."

နစ်ဖိီ ခေါင်းညိမ့်လိုက်တယ်။

"ကျေးဇူးပါ.."

ပြီးတဲ့နောက်မှာတော့..သူမ ကော်ဖီကို ပြန်သောက်နေပြီး စကားပြောဆိုမူ ပြီးဆုံးသွားပြီ ဆိုတာ ညွှန်ပြနေခဲ့ပါတယ်..။

ဆန်နီ သက်ပြင်းချလိုက်တယ်..။

'ဘယ်လောကိ ဆနိးကျယ်လိုက်လဲ..'

သူ့စိတ်ထဲမှာတော့ အတွေးတွေ အများကြီးပါပဲ..။သို့ပေမယ့် ဘယ်အရာကမှ သူ့ရဲ့ မနက်စာကို မတားဆိီး နိုင်ခဲ့ပေ..။စက္ကန့်အနည်းငယ် ကြာပြီးတဲ့ အခါမှာတော့ သူ ကတ်စတာကိုရော နစ်ဖီကိုရော မေ့သွားပြီး အစားကိုသာ ပျော်ရွှင်စွာ စားလိုက်ပါတယ်..။

***

တောတွင်း ရှင်သန်နိုင်မူ စာသင်ခန်းကို သေချာ ပြင်ဆင်ထားခဲ့ပေမယ့် ဘယ်သူမှ ရှိမနေခဲ့ပေ..။ဆန်နီ သူ အခန်းမှားလာ တာလားလို့ တွေးနေတဲ့ အချိန်မှာပဲ သင်ကြားရေးဆရာ တစ်ယောက်က သစ်သားခုံတစ်ခုံမှာ ထိုင်နေတာ သတိထားမိလိုက်ပါတယ်..။

သူ့ကို သတိထားမိသွားတဲ့ သင်ကြားရေးဆရာ ဟာ လှမ်းခေါ်လိုက်တယ်..။

"ဝင်လာခဲ့ လူငယ်လေး.."

သူက ရှုပ်ပွနေတဲ့ အညိုရောင်ဆံပင်နဲ့ လူအိုကြီး တစ်ယောကိပါ..။

"ငါ နိုးထသူ ဂျူးလီယက် ပဲ..။မင်း ငါ့ကို ဆရာ ဂျူးလီယက် လို့ ခေါ်လို့ရတယ်..။ထိုင်...ထိုင်..မင်းနာမည် ဘယ်လိုခေါ်လဲ.."

ဆန်နီ လိုက်နာစွာပဲ ထိုင်လိုက်တယ်..။

"ဆန်းလပ်စ် ပါ.."

ဂျူးလီယက် မျက်ခုံးပင့်တင်လိုက်ပြီး..

"အာ..နိမိတ်မကောင်းတဲ့ နာမည်ပါလား..။ဒါပေမဲ့ ကောင်းပါတယိ..တကယ်ကောင်းတယ်..။ဘာပဲဖြစ်ဖြစ် ငါတို့လည်း နိမိတ်မကောင်းတဲ့ အရာတွေနဲ့ ရင်ဆိုင်နေကြရတာလေ.."

ဆန်နီ ပတ်ဝန်းကျင်ကို ဂရုတစိုက်ကြည့်လိုက်တယ်..။

"ဟိုလေ...ဆရာ..ကျွန်တော် အစောကြီး ရောက်နေတာလား.."

"နိုး နိုး...မင်းက အချိနိမှန်ပဲ.."

"တစ်ခြား ကျောငိးသားတွေ နောက်ကျနေတာလား.."

သင်ကြားရေးဆရာ ဟာ မကျေမနပ်ဖြစ်သွားခဲ့တယ်..။

"ဘယ်သူမှ မလာကြဘူး..။ဒီ ကောင်လေးတွေက လက်သီးတွေ ဝှေ့ယမ်းပြီး ဓားတွေ ကိုင်ဆွဲဖို့ပဲ သိကြတာ..။မင်းလို့ ဥာဏ်ကောင်းတဲ့ ကောင်လေးတွေကပဲ..အသိဥာဏ်ပညာရဲ့ တန်ဖိုးကို နားလည်ကြတယ်.."

အိုး..။ဒီတော့ ပေါ်ပြူလာ မဖြစ်ဘူးပေါ့..။ဆန်နီ သက်ပြင်းချလိုက်တယ်..။သူ ကိုယ်ခံပညာသင်တန်းကို စွန့်လွှတ်ပြီး ဒီကိုလာခဲ့တာ နောင်တမရဖို့ပဲ မျှော်လင့်မိပါတယ် .။

"ပြောပါဦး လူငယ်လေး..။မင်းကရော ဘာလို့ တောတွင်း ရှင်သန်မူကို ရွေးချယ်ခဲ့တာလဲ.."

အမှန်တရားကို မုန်းကွယ်ထားစရာ အကြောင်းမရှိပါဘူး..။ဒါက ဆန်နီ လိမ်လို့ ရတဲ့အရာမဟုတ်ပေ..။

"နိုးထသူ မာစတာ ဂျက်က ကျွန်တော့်ကို အကြံဥာဏ်ပေးသွားလို့ပါ.."

"အရမ်းကို ဥာဏ်ပညာရှိတဲ့ အကြံဥာဏ်ပဲ..။ဒီ မာစတာက ဘာက အရေးကြီးလဲ ဆိုတာကို တကယ်သိ..နေပါဦး..။မင်း ဂျက်လို့ ပြောလိုက်တာလား.."

သူ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်..။

"စိတ်ဝိဥာဏ် ရိတ်သိမ်းသူ ဂျက်..။ရက်စက်တဲ့ လူသတ်သမား..။အာ..သူ့လို ရိုင်းစိုင်းတဲ့လူက..အသိပညာနဲ့ ပတ်သက်ပြီး သိနေမယ်လို့ ဘယ်သူထင်ထားမှာလဲ.."

စိတ်ဝိဥာဥ် ရိတ်သိမ်းသူ လား..။ဆန်နီ သိချင်သွားခဲ့တယ်..။

"ဆရာက..မာစတာ ဂျက်ကို သိတာလား.."

ဂျူးလီယက်ဟာ အဖြေခင်မှာ သူ့ရဲ့ နောက်ကျောဘက်ကို ကြည့်လိုက်ပြီး...

"စိတ်ဝိဥာဥ် ရိတ်သိမ်းသူကို ဘယ်သူက မသိပဲနေမှာလဲ..။သူမက အင်အားအကြီးဆုံး နိုးထသူ မဟုတ်ပေမယ့်..ကြောက်စရာ အကောင်းဆုံးလူတွေထဲက တစ်ယောက်ပဲ..။ဘာလို့လဲ ဆိုတော့ သူမရဲ့ ကဏ္ဍ စွမ်းရည်က အသွေးအသားတွေကို ဂရုမစိုက်ပဲ..စိတ်ဝိဥာဥ်ကိုပဲ တိုက်ရိုက် တိုက်ခိုက်တာ..။ဒါက ဘယ် အကာအကွယ်တွေ..ခုခံရေး ချပ်ဝတ်အင်္ကျီ တွေကမှ မကာကွယ်နိုင်ဘူးလို့ ဆိုလိုတာပဲ.."

သူ ရှေ့ကို တိုးလာခဲ့တယိ .။

"ကောင်းမွန်တဲ့ တစ်ခုတည်းသော အချက်က သူမက ငယ်ရွယ်ပြီးတော့..သူတော်စင် တစ်ယောက် ဖြစ်မလာချင်သေးဘူးလေ..။ကံကောင်းချင်တော့ သူမ အဆင့်တက်ဖို့ ဖြစ်နိုင်ချေကလည်း အရမ်းကိုဟနည်းတယ်.."

ဆန်နီ မျကိတော်ခတ်လိုက်တယ်..။

"ဘာလို့လဲ.."

ဂျူးလီယက်က သူ့ကို ကြည့်နေရငိး တစိစုံတစ်ယောက်က ဘာလို့ဒီလောက် ဂရုမစိုက်တတ်တာလဲ ဆိုတာကို နားလည်အောငိ လုပ်နေခဲ့တယိ..။

"ဘာလို့လဲ ဆိုတော့ သူမရဲ့ ပြသနာရှိတဲ့ အကျင့်စရိုက်ကြောင့်ပေါ့..။ဘယ်သူက စိတ္တဇ လူသတ်သမားကို သူတောင်စင် အဆင့်ရောက်အောင် ကူညီပေးချင်မှာလဲ..။မင်း တတိယ အိပ်မက်ဆိုးကို ရောက်ချင်တယ် ဆိုရင် ထူးချွန်တဲ့ လူတွေနဲ့ မိတ်ဆွေဖွဲ့ဖို့ လိုအပ်တယ်..။စိတ်ဝိဥာဥ် ရိတ်သိမ်းသူ ဂျက်က.. ခနလေး.."

ရုတ်တရက် ဂျူးလီယက် မျက်မှောင်ကျုတ်ပြီး နောက်ပြန်မှီလိုက်တယ်..။

"ငါ ဘာလို့ မင်းနဲ့ အတင်းတုတ်နေတာလဲ..။မင်းက ဒါတွေကို နားလည်ဖို့ ငယ်သေးတယ်..။ထပ်ပြောရရင် တစ်ခြားလူရဲ့ နောက်မှာ မကောင်းကြောင်းပြောနေတာက..ငါ့ရဲ့ အကျင့်စရိုကိမဟုတ်ဘူးလေ..!

'​အဲလို မထင်ပါဘူး.."

ဆနိနီ တွေးလိုက်ပေမယ့်ဘာမှတော့ ထုတ်​မပြောခဲ့ပေ..။

သူ ဆရာ ဂျူးလီယက် ဆီက အချက်အလက်တွေ အများကြီးကို သိလိုက်ရပြီးပါပြီ..။

'ဖြစ်နိုင်တာက တောတွင်းရှင်သန်မူကို ရွေးလိုက်တာ မှန်ကန်သွားတဲ့ ပုံပါပဲ..'

"မင်းရဲ့ သင်ရိုးညွှန်းတနိးကို ပြန်သွားရအောင်..။မင်း တစ်ခြားဘာ သင်ခန်းစာတွေ ယူထားသေးလဲ.."

ဆန်နီ သက်ပြင်းချလိုက်တယ်..။

"မရှိဘူး..။နောက် လေးပတ်အတွင်းမှာ ကျွန်တော် တောတွင်းရှင်သန်မူကိုပဲ အာရုံစိုက်ထားမှာလေ.."

ဂျူးလီယက်ဟာ ..အံ့ဩတဲ့ မျက်နှာ အမူအရာနဲ့ အချိန်အတော်ကြာအောင် စိုက်ကြည့်နေခဲ့တယ်..။ယင်းနောက် သူ့မျက်လုံးမှာ စိတ်လှုပ်ရှားတဲ့ အရောင်တွေ ပေါ်လာခဲ့ပါတယိ..။နောကိဆုံးမှာတော့ သူ ပြုံးလိုက်ပြီး..

"အံ့ဩစရာပဲ..တကယ် အံ့ဩစရာပဲ..။မင်းက လာဘ်မြင်တတ်တဲ့ ကောင်လေးပဲ..။စိတ်မပူနဲ့..နောက်လေးပတ်အတွင်း..မင်းကို အကောင်းဆုံးဖြစ်အောင် ဖန်တီးပေးမယ်.."

***

ဆန်နီ ရဲ့ ပထမဆုံး သင်ခန်းစာဟာ..အခက်ခဲမရှိပဲ အေးဆေးလေး စတင်နိုင်ခဲ့ပါတယ်..။သို့ပေမယ့် တစ်နာရီ လောက်ကြာပြီးမှာတော့ သူ့ ခေါင်းက ပေါက်ကွဲထွက်တော့မလို ခံစားနေခဲ့ရတယ်..။ဒီမှာ အချက်အလက် အသစ်တွေက အများကြီးပါပဲ..။ဆန်နီ လို ဘာမှ မသိတဲ့လူတစ်ယောက်အတွက်တော့ အထူးအဆန်းတွေ ချည်းပါ..။

အချိန်ကြာလာတာနဲ့အမျှ ဂျူးလီယက်ဟာ ဆန်နီ ရဲ့ အသိပညာ ခေါင်းပါးမူကို အံ့ဩသင့်လာခဲ့တယ်..။သို့ပေမယ့် သူက ကောင်းမွန်တဲ့ စိတ်ထားရှိပြီး သင်ကြားလိုစိတ်ပြင်းပြတဲ့ လူတစ်ယောက်ပါ..။ဆန်နီ နားမလည်တဲ့ အချိန်တိုင်း ဖြည်းဖြည်းချင်းစီ ရှင်းပြကာ သူ့ တပည့်ကို နားလည်စေခဲ့ပါတယ်..။

ဂျူးလီယက် စီစဥ်ထားတဲ့ သင်ရိုးက တကယ်ကို ဆန်းကျယ်ပါတယ်..။ဒီမှာက အဆုံးမရှိတဲ့ သီအိုရီတွေ..ကမ္ဘာနှစိခုကြားက..အရေးပါတဲ့ လက်တွေ့ သင်ခန်းစာတွေလည်း ပါဝငိနေခဲ့တယ်..။အိပ်မက်ကမ္ဘာထဲမှာ အသုံးမပြုတော့တဲ့ ဘာသာစကား အချို့ အတွက် သင်ခန်းစာလည်း ထည့်ထားခဲ့ပါသေးတယ်..။

'ငါက ဘာလို့ ဘာသာစကား အသစ်တွေ သင်နေရဦးမှာလဲ.."

ဆန်နီ ကိုယ့်ကိုကို သနားစွာတွေးလိုက်တယ်..။အခိုက်အတန့်က အလိုလျောက် ဘာသာပြန်ပေးမှာ မဟုတ်ဘူးလား...။

"အခိုက်အတန့်က ဘာသာပြန်သူ မဟုတ်ဘူး..။ဒါက လူသားတွေ ပြောတာကို ဘာသာပြန်ပြီး ဖြေပေးမယ်လို့ ထင်နေတာလား..။မင်းက ပျက်စီးနေတဲ့ နေရာမှာ နေစရာ ရှာနေတယ် ဆိုပါတော့..အဲ့မှာ ' ရှေ့မှာ သေနိုင်တယ် ' ဆိုတဲ့ စာတန်းချိတ်ထားရင် မင်းနားလည်နိုင်ပါ့မလား..။မင်းက ဒီစာသားကို နားလည်မယ်ဆိုရငိ အန္တရာယ်ဖြစ်စေမယ့် အရာကို လျော့ချနိုင်တယ်လေ.."

ပထမနေ့မှာတော့ သူတို့ နေဝင်သွားတဲ့အထိ သင်ယူနေခဲ့ကြတယ်..။ဂျူးလီယက်က ဆန်နီ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနေပြီီလို့ သတ်မှတ်လိုက်တဲ့ အချိန်မှ အနားယူခဲ့ကြပါတယ်..။ဆန်နီကတော့ သူ့ရဲ့ နေ့လည်စာ နဲ့ ညစာ လွတ်သွားလို့ စိတ်ပျက်နေခဲ့တယ်..။မနက်ဖြန်ကျရင်တော့..အစားအသောက်က အာရုံစူးစိုက်မူအတွက် ဘယ်လောက်အရေးကြီးကြောင်း သူ့ဆရာကို မသိမသာ သတိပေးမှ ဖြစ်မှာပါ..။

အခန်းထဲကို ပြန်ရောက်တာနဲ့ ဆန်နီ ထိုင်ခုံမှာ ထိုင်ပြီး သိပ်မဝေးတဲ့နေရာကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေခဲ့တယ်..။ယင်းနောက် တစ်ခုခု သတိရသွားပြီး အရိပ်ကို လှည့်ကြည့်လိုက်ပါတယ်..။

ဟုတ်သားပဲ..။သူ ညနက်စာ မစားခင်မှာ လုပ်စရာတွေ ရှိပါသေးတယ်..။

သူ အရိပ်ကို စက္ကန့်အတော်ကြာအောင် ကြည့်ပြီး ပြုံးလိုက်တယ်..။

'မင်း တကယ်ဘာလုပ်နိုင်မလဲ ဆိုတာ ကြည့်ကြတာပေါ့'

All Chapters