ပြောင်းလဲနေတဲ့ ကြယ်ပွင့်
Vol. 2 Ch. 26
သူ့ရဲ့ အရိပ်က..အခုအခြေအနေထက် အများကြီးပိုပြီး စွမ်းဆောင်နိုင်တယ် ဆိုတာကို ဆန်နီ သိထားပါတယ်..။ဘာပဲဖြစ်ဖြစ်...အခိုက်အတန့်က မယုံနိုင်စရာ ကောင်းတဲ့..အကူအညီလို့တောင် ရည်ညွှန်းထားခဲ့တာပါ..။အခုအချိန်က အရိပ်ထိန်းချုပ်မူ ဘယ်လိုအလုပ်လုပ်လဲ ဆိုတာကို သေချာ ရှာရတော့မယ့် အချိန်ပါပဲ..။
သူ့ရဲ့ မသိစိတ်ထဲမှာလည်း..ဒီစွမ်းရည်က အများကြီး စွမ်းဆောင်နိုင်တယ် ဆိုတာကို ခံစားနေမိပါတယ်..။ဒီခံစားချက်က..အခိုက်အတန့်က သူ့ကို သီးသန့်ပေးထားတာလည်း..နိုးထသူတိုင်း ဒီလို ခံစားကြရတာလား ဆိုတာတော့ သူ မသိပါဘူး..။ဆန်နီ အနေနဲ့ ဒီခံစားချက်ကို ထိတွေ့မိဖို့ကြိုးစားပြီး..ဘယ်လို အသုံးချရမလဲ ဆိုတာကို သင်ယူရမှာပါ..။
နောက်ထပ်တစ်ခါပဲ..ဆန်နီဟာ သူ့ရဲ့ စိတ်နဲ့ ခန္တာကိုအာရုံစိုက် လိုက်တယ်..။ပြီးတာနဲ့..အရိပ်ကို ပုံစံအမျိုးမျိုး ပြောင်းလဲခိုင်းလိုက်ပါတယ်..။တစ်ခုချင်းစီ ပြောင်းလဲပြီးတဲ့နောက်မှာတော့..သူက အရိပ်ကို ထိန်းချုပ်ရာမှာ ပိုပြီး ရင်းနှီးလာသလို ခံစားလိုက်ရတယ်..။
အတော်ကြာပြီးနောက်မှာတော့ ဒါက သူ့အတွက် ထမင်းစား..ရေသောက်လို လွယ်ကူသွားခဲ့တယ်..။ဒီအရိပ်က သူ့ရဲ့ ခန္တာကိုယ် အစိတ်အပိုင်း တစ်ခုလိုပါပဲ..။
ဆန်နီ သူ့ရဲ့ ရလာဒ်ကို ကျေနပ်သွားခဲ့ပြီး နောက်ထပ် အမိန့်အသစ်ကို ထပ်ပေးလိုက်တယ်..။ခနတောင် တုန့်ဆိုင်းမနေပဲ..အရိပ်ဟာ အခန်းရဲ့ အဆုံးနားကို လျောက်သွားပြီး..သူ့ကို လှောင်ပြောင်တဲ့ အကြည့်တစ်ချို့နဲ့ ပြန်လှည့်ကြည့်ကာ ထွက်သွားခဲ့ပါတယ်..။
ဆန်နီဟာ..တစ်ယောက်တည်း ကျန်နေခဲ့တယ်..။
'ဒါက ဒီလောက်လည်း သိပ္ပံနည်း မကျပါဘူး '
သူ ကျေနပ်စွာ ပြုံးပြီး တွေးလိုက်တာပါ..။
သိပ္ပံနည်းလမ်းတွေက..အခိုက်အတန့် အပေါ်မှာတော့ လုံးဝကို အသုံးမဝင်ပါဘူး..။
အရိပ် အပြင်ကို ထွက်သွားပြီးနောက်မှာတော့ သူ့စိတ်ထဲမှာ ထူးဆန်းတဲ့ ခွဲထွက်မူဖြစ်လာခဲ့တယ်..။သူ့ရဲ့ အမြင်အာရုံက အရင်းအမြစ် နှစ်ခု ခွဲထွက်သွားသလို ဖြစ်နေခဲ့ပါတယ်..။တစ်ခုက သူ့ရဲ့ ခန္တာကိုယ်ဖြစ်ပြီး တစ်ခုက အရိပ်ပါ..။
အနည်းငယ် ကြိုးစားကြည့်လိုက်တဲ့ အချိန်မှာတော့.. သူ ဒုတိယ အရင်းအမြစ်ကို..အာရုံစိုက်နိုင်သွားခဲ့တယ်..။ချက်ချင်းဆိုသလိုပဲ..သူ့ အမြင်အာရုံက ပေါ်လာခဲ့ပါတယ်..။
" ဝိုး "
ဆန်နီ အံ့ဩသွားခဲ့တယ်..။
" ဝိုး..."
ဆန်နီ မျက်တောင် အကြိမ်အနည်းငယ် ခတ်လိုက်တယ်..။သူ့စိတ်ထဲမှာတော့ အခုဆိုရင် ပုံရိပ်နှစ်ခု ရှိနေခဲ့ပါပြီ..။တစ်ခုက ..သူ့ အခန်းတံခါးဝမှာ ရပ်နေတဲ့ အရိပ်တစ်ခုဖြစ်ပြီး နောက်တစ်ခုက..ထိုင်ခုံပေါ်မှာ အံ့ဩစွာ ထိုင်နေခဲ့တဲ့ ကောင်လေးတစိယောက်ပါ..။
"အဲတာ ငါပဲ.."
သူ လက်တစ်ဖက်ကို မြှောက်ပြီး လေပေါ်ကို ဝေ့ယမ်းပြလိုက်တယ်..။သိသာစွာပဲ..ဖြူဖျော့ဖျော့ လူငယ်တစိယောက် လက်ဝေ့ယမ်းတာကို သူ့ တစ်ခြားဖက် အမြင်အာရုံကနေ မြင်နေခဲ့ရပါတယ်..။
"အရိပ်ကနေ တဆငိ့ ကမ္ဘာကြီးကို ကြည့်လို့ ရနေတာလား.."
သူ ခနလောက် ထိုင်ပြီး တွေးနေခဲ့တယ်..။ဒီလို စွမ်းရည်မျိုးဆိုတာက..ဖြစ်နိုင်ချေတွေ အများကြီး ရှိပါတယ်..။သူ့ရဲ့ [ အရိပ်၏ သားတော် ] အရည်အချင်းက အမှောင်ထဲမှာ မြင်နိုင်ပြီး ခိုးကြောင်ခိုးဝှက် သွားလာစေနိုင်ပါတယ်..။တစ်ဖက်မှာ [ အရိပ်ထိန်းချုပ်မူ ] စွမ်းရည်က စုံစမ်း ထောက်လှမ်းမူတွေ အတွက် အသုံးပြုနိုင်ပြီး..လုံးဝပြီးပြည့်စုံတဲ့ စပိုင်တစ်ယောက်လိုပါပဲ..။
စပိုင် တစ်ယောက်ဆိုတာက..စွန့်စားမူ အများကြီး မလုပ်ပဲ အချက်အလက်တွေကို ဖော်ထုတ်တဲ့ လူတစ်ယောက်ပါ..။ဒီလို အခန်း ကဏ္ဍက ဆန်နီ နဲ့ လုံးဝကို သင့်တော်နေတာတော့ အမှန်ပါပဲ..။
ဒါပေါ့ စပိုင်တွေလည်း..အမှောင်ထဲကနေ ထွက်လာပြီး သေစေနိုင်တဲ့ တိုက်ပွဲတွေကို တိုက်ခိုက်ကြရပါတယ်.. ။သူတို့က ချောင်းမြောင်းတိုက်ခိုက်တဲ့နေရာမှာ ကျွမ်းကျင်တဲ့ လူတွေပါ..။တစ်ဖက်လူနဲ့ အားနည်းချက်ကို သိထားတဲ့ သူတို့ရဲ့..တိုက်ခိုက်မူတွေက..ပြင်းထန်ပြီး သေစေနိုင်ပါတယ်...။
သို့ပေမယ့် တိုက်ရိုက်တိုက်ခိုက်မူတိုင်းက အန္တရာယ်များတာကြောင့် ဆန်နီအနေနဲ့..လုပ်ကြံသတ်ဖြတ်သူတော့ မဖြစ်ချင်သေးပါဘူး..။လောလောဆယ် မှာ သူ့ရဲ့ တိုက်ခိုက်ရေး စွမ်းရည်က အတော် အားနည်းနေသေးတာပါ..။
"ငါတို့ စမ်းသပ်လိုက်ကြမလား.."
သူ အရိပ်ကို ကြည့်ပြီး အမိန့်တစ်ခု ပေးလိုက်တယ်..။အရိပ်ဟာ ..ကျွမ်းကျင်စွာပဲ..တံခါးကနေ ထွက်ခွာသွားခဲ့ပါတယ်..။
အခုဆိုရင် ဆန်နီ အနေနဲ့ အခန်းထဲကိုရော အပြင်ဘက် အခြေအနေကိုရော မြင်နေရပါပြီ..။ဆန်နီ မျက်လုံးကို မှိတ်ထားပြီး အရိပ်ကြောင့် ဖြစ်ပေါ်လာတဲ့ ပုံရိပ်ကိုသာ အာရုံစိုက်ထားလိုက်ပါတယ်..။
လမ်းတစ်လျောက်လုံးမှာတော့..လူတွေ တစ်ယောက်ပြီး တစ်ယောက်ကို ဖြတ်သန်းသွားနေခဲ့တယ်..။ဆန်နီဟာ..အိပ်စက်သူ တစ်ချို့ကို ဖြတ်သွားရင်း သူတို့ရဲ့ စကားပြောတာတွေကို နားထောင်လိုက်ပါတယ်..။သိပ်ပြီး စိတ်ဝင်စားစရာ မကောင်းတာကြောင့် ရှေ့ကို ဆက်သွားဖို့ ညွှန်ကြားလိုက်တယ်..။
နောက်ဆုံးတော့ အရိပ်ဟာ ထောင့်တစ်ထောင့် မှာ ရပ်သွားခဲ့တယ်..။သူ့ရဲ့ ဘယ်ဘက်မှာ ဓာတ်လှေကားတစ်ခု ရှိပြီး ညာဘက်မှာတော့ မိန်းကလေးတွေရဲ့ အိပ်ဆောင်ရှိပါတယ်..။
မမြင်သင့်တဲ့ ပုံရိပ်တွေ အားလုံး ဆန်နီ ရဲ့ ခေါင်းထဲမှာပေါ်လာခဲ့တယ်..။
" အိုး မိုင်..."
ဟုတ်တယ်..ဒီစွမ်းရည်နဲ့ဆိုရင်..ဒီလို အရာတွေကို ကြည့်ဖို့က အလွယ်ကူဆုံးပါ..။ဒါပေမဲ့..မဟုတ်သေးဘူး..။သူ ဒီလို လုပ်လို့ မရပေ..။ဒါက သူ့ရဲ့ ကိုယ်ကျင့်တရားတွေကြောင့် မဟုတ်ပါဘူး..။
သူ့ရဲ့ တဏှာရူး ဂုဏ်ပုဒ်နဲ့ ဆိုရင် မမျှော်လင့်တဲ့ မေးခွန်းတွေ မေးခံရရင် သူ ရိုးသားစွာ ပြန်ဖြေဖို့ လိုအပ်နေပါသေးတယ်..။
"ဒီတော့..ငါ ဒီလို မလုပ်သင့်ဘူး ဟုတ်တယ်မလား.."
ဟုတ်တယ်မလား..
'ဒါပေါ့ မင်း ဒီအကြောင်းကို တွေးတောင်မ တွေးသင့်ဘူး.."
သူ့အခန်းထဲမှာတော့ ဆန်နီနောင်တရစွာ သက်ပြင်းချလိုက်ပါတယ်..။ယင်းနောက် သူ့ရဲ့ စုံစမ်းသူကို ခန ပုန်းနေပြီး..ဖြတ်သွားတဲ့ အိပ်စင်သူနဲ့ ဓာတ်လှေကားထဲ လိုက်သွားဖို့ ပြောလိုက်ပါတယ်..။
***
ခနကြာပြီးနောက် မှာတော့ ဆန်နီရဲ့ အရိပ်ဟာ..ကြီးမားတဲ့ ဒိုဂျို တစ်ခုရဲ့ ထောင့်မှာ ပုန်းနေခဲ့တယ်..။သူက နည်းပြ ရော့ခ်ရဲ့ ညွှန်ကြားမူအောက်မှာ ကိုယ်ခံပညာ လေ့ကျင့်နေကြတဲ့..အိပ်စက်သူတွေကို ကြည့်နေခဲ့တာပါ..။
ဒီနေ့က သူတို့ရဲ့ အရည်အချင်း အကြမ်းဖျငိးကို စမ်းသပ်နေကြတာပါ..။ပြီးတဲ့နောက်မှာ အိပ်စက်သူ တွေကို ..အခြေခံအဆင့်..ပုံမှန်အဆင့်..ကျွမ်းကျင် အဆင့် ဆိုပြီး အဖွဲ့တွေ ခွဲပေးပါလိမ့်မယ်..။
လတ်တလောမှာတော့ အိပ်စက်သူတွေဟာ..သူတို့ရဲ့ လက်သီးတွေနဲ့ တိုင်းတာနဲ့ စက်တစ်ခုကို ထိုးနေကြတယ်..။တစ်ချက်ထိုးပြီးတိုင်းမှာ
စက်က အိပ်စက်သူတွေရဲ့ ခွန်အားကို နံပါတ်တွေနဲ့ ဖော်ပြပေးပါတယ်..။
လူ အများစုကတော့..နံပါတ် ၁၀ နဲ့ ၁၄ ကြားမှာ ရကြပါတယ်..။ဒါက ကောင်းမွန်တဲ့ ရလာဒ်တစ်ခုဖြစ်ပြီး..လေ့ကျင့်ထားတဲ့လူတွေပဲ ရနိုင်တာပါ..။သို့ပေမယ့်..တိုးမြင့်ထားတဲ့ စွမ်းရည်အချို့ ရှိတဲ့ အိပ်စက်သူတွေကတော့..အမှတ် ၁၅ ၁၆ လောက် အထိရောက်အောင်တောင် ထိုးနိုင်ကြပါတယ်..။
"ငါဆိုရင် ၁၀ ၊ ၁၁ လောက်တော့ ရနိုင်မှာပါ.."
ဆန်နီတွေးလိုက်ပြီး အနည်းငယ် ပျင်းလာခဲ့ပါတယ်..။
ယင်းနောက် ရုတ်တရက် ဒါက နက်ဖီရဲ့ အလှည့်ဆိုတာကို သူ သတိထားမိလိုက်ပါတယ်..။
သွယ်လျတဲ့ မိန်းကလေးဟာ..စက်ရှေ့ကို လျောက်လာခဲ့ပြီး ဘာမှပြင်ဆင်မူမှ မရှိပဲ..ပြင်းထန်စွာ ထိုးလိုက်ပါတယ်..။ဆန်နီဟာ ကိုယ်ခံပညာနဲ့ပတ်သက်ပြီး သိပ်မသိပေမယ့်..သူမ ရဲ့ ပြီးပြည့်စုံတဲ့လျင်မြန်က လေးစရာစရာကောင်းတယ်လို့ တွေးလိုက်မိတယ်..။
'သူမက အတော်လေ့ကျင့်ထားတာပဲ.."
နစ်ဖီက ပိုပိုပြီးတာ့ စိတ်ဝင်စားဖို့ ကောင်းလာပါပြီ..။သူမရဲ့ နောက်ခံ အမှန်က ဘာလဲ..။
ခနလောက်အကြာမှာတော့ စက်ဟာ..နံပါတ် တွေကို ဖော်ပြလာခဲ့တယ်..။
၁၆ မှတ်
"ဒီလောက်လည်း မဟုတ်ပါဘူး..ငါက ပိုပြီးမျှော်လင့်ထားတာ.."
ဘာပဲဖြစ်ဖြစ် သူမက နာမည် အစစ်အမှန်ကိုတောင် ရထားတဲ့ လူတစ်ယောက်ပါ..။
ပြီးတဲ့နောက်မှာတော့ ကတ်စတာ တစ်ယောက်သာ ကျန်ပါတော့တယ်..။ဒီတစ်ကြိမ်မှာတော့ ဆန်နီဟာ ထိုးလိုက်တဲ့ လက်သီးကိုတောင် မမြင်လိုက်ပေ..။ဒါက အရမ်းကို မြန်လွန်းလှပါတယ်..။စက် ဟာ တုန်လှုပ်သွားပြီး တွက်ချက်ဖို့တောင် အချိန်ယူနေခဲ့ရတယ်..။နောကိဆုံးမှာတော့ နံပါတ် နှစ်ခု ပေါ်လာခဲ့ပါတယ်..။
၂၁ မှတ်
လူတိုင်းဟာ စခရင် ကို ကြည့်ပြီး ကြောင်အသွားခဲ့ကြပါတယ်..။လေးစားနေကြတဲ့ အကြည့်တွေအောက်မှာပဲ ကတ်စတာဟာ ရိုးရှင်းစွာ အရိုအသေပေးပြီး နောက်ကို တစ်လှမ်းပြန်ဆုတ်လိုက်တယ်..။
နည်းပြ ရောခ့် ပြုံးလိုက်ပြီး..
"မဆိုးဘူး..အခုမင်းတို့ရဲ့ ကျွမ်းကျင်မူ အဆင့်ကို ကြည့်ဖို့ တိုက်ခိုက်ပြဖို့ လိုအပ်တယ်..။နှစ်ယောက်နဲ့ အရင်စလိုက်ကြရအောင်.."
နက်ဖီဟာ..စည်းဝိုင်းရဲ့ အလည်ကို အရင်လျောက်လာခဲ့ပါတယ်..။စက္ကန့်အနည်းငယ် ကြာပြီးနောကိမှာတော့ အရပ်ရှည်ပြီး ကြွက်သားတွေ ရှိတဲ့ အိပ်စက်သူဟာ ထွက်လာခဲ့တယ်..။
"စည်းကမ်းက ရိုးရှင်းတယ်..။မင်းရဲ့ ပြိုင်ဖက် နောက်ကျောကို ကြမ်းပြင်နဲ့ ထိအောင်လုပ်..ဒါမှမဟုတ် စည်းဝိုင်းအပြင်ကို ရောက်အောင်လုပ်..။သင့်တော်မယ်ထင်တယ် ဘယ်လို စွမ်းရည် ၊ နည်းစနစ် မဆိုကို သုံးလို့ရတယ်.."
"ဝိုး..ရှိုးကတော့ စပြီ.."
သူတို့ တိုက်ခိုက်တာကို ကြည့်ရတာက ပျော်ဖို့ကောင်းရုံတင်မကပဲ..သူတို့ရဲ့ အရည်အချင်းကိုလည်း သိရပါတယ်..။အခန်းထဲမှာတော့..ဆန်နီ ထိုင်နေရင်းနဲ့ မေးစေ့ကို လက်နဲ့ ထောက်ထားခဲ့တယ်..။
"လုပ်လိုက်တော့ နစ်ဖီ ရေ.."
အရပ်ရှည်ရှည် နဲ့ လူဟာ လုံးဝ အချိန်ဖြုန် မနေခဲ့ပါဘူး..။သူ့ရဲ့ ကြွက်သားတွေ ဖောင်းကလာပြီး အရာအားလုံးကို ဆုပ်ဖြဲပစ်မယ်လို့တောင် ထင်နေခဲ့ရတယ်..။သူ့ ပုံစံက ရပ်တန့်လိူ့ မရတဲ့ ပုံစံမျိုးဖြစ်ပြီး..ပြင်းထန်တဲ့ ကန်ချက်တစ်ခုကို ထုတ်လိုက်တယ်..။
စက္ကန့်အနည်းငယ် ကြာပြီးနောက်မှာတော့ သူက ကြောင်တောင်တောင် အမူအရာနဲ့ ကြမ်းပြင်မှာ လဲ နေခဲ့ပါတယ်..။နစ်ဖီကတော့..သူမရဲ့ ကိုယ်ဟန်အနေအထားတောင် မပြောင်းခဲ့ပေ..။
နည်းပြ ရောခ့်ဟာ..အသိအမှတ်ပြုတဲ့ အကြည့်နဲ့ကြည့်ပြီး ပြုံးလိုက်တယ်..။
'နောက်တစ်ယောက်'
ကျန်တဲ့လူတွေလည်း ခွက်ခွက်လန်အောင် ရှုံးကြတာပါပဲ..။နစ်ဖီဟာ ဒိုဂျိုမှာ ရှိနေတဲ့ အိပ်စက်သူ အားလုံးနီးပါးကို အနိုင်ယူနေခဲ့တယ်..။သူမက သူတို့ထက် သန်မာပုံမရပေမယ့်..သူမနဲ့ တိုက်ခိုက်ဖို့ ရောက်လာတိုင်း အရိုက်ခံကြရတာ ချည်းပါပဲ..။
ဆန်နီကတော့ မြင်ကွင်းကို သဘောကျစွာကြည့်နေခဲ့တယ်..။သို့ပေမယ့် အနည်းငယ် မသက်မသာတော့ဖြစ်မိပါတယ်..။
နစ်ဖီ ရဲ့ လှုပ်ရှားမူတွေဟာ တည်ငြိမ်နေခဲ့တယ်..။သူမရဲ့ နည်းစနစ်တွေက ရှင်းလင်းပြီး ရက်စက်ပါတယ်..။သူမဆီကို ဘယ်လိုတိုက်ခိုက်မူပဲလာလာ သူမက ကြိုတင်ခန့်မှန်းနိုင်ပြီး ပြန်တုန်ပြန်နိုင်ခဲ့တာပါ..။
သူမရဲ့ ပြိုင်ဖက်က ဆင်းရဲတာ ချမ်းသာတာ ဆက်ခံသူ ဖြစ်တာနဲ့ မဆိုင်ပါဘူး..။အားလုံးက
စက္ကန့်အနည်းငယ်တောင် တောင့်မခံနိုင်ကြပေ..။
ထပ်ပြောရရင် တိုက်ခိုက်နေတဲ့ တစ်ချိန်လုံး သူမ အမူအရာက လုံးဝ မပြောင်းလဲသွားခဲ့ပေ..။
သူမကြည့်ရတာ သတ္တုနဲ့ တည်ဆောက်ထား သလိုပါပဲ..။
"သူမက လူရော ဟုတ်သေးရဲ့လား.."
ဆန်နီ တွေးလိုက်တာပါ..။
ဒီ ပြောင်းလဲနေတဲ့ ကြယ်ပွင့်က သူ့ရဲ့ ရန်သူ ဖြစ်လာရင် ဘယ်လိုလုပ်မလဲ...
အကောင်းဆုံး ရွေးချယ်စရာကတော့ ထွက်ပြေးတာပါပဲ..။ဒါမှမဟုတ်..ဘယ်တော့မှ သူမနဲ့ ရန်သူအဖြစ် မနေတာပါ..။ဘာပဲဖြစ်ဖြစ် နေဆိုတာကလည်း ကြယ်တစ်စင်းဖြစ်ပြီး..အရိပ်နဲ့ ရောနှောလို့ မရပါဘူး..။
နောက်ဆုံးမှာတော့ နောက်တစ်ခါ ကတ်စတာ တစ်ယောက်တည်းသာ ကျန်နေခဲ့တယ်..။သို့ပေမယ့် သူ့ပုံစံက သူ့ရှေ့က ဆိုးဆိုးဝါးဝါး ကျရှုံးခဲ့တဲ့ အိပ်စက်သူတွေရဲ့ သက်ရောက်မူကို ခံစားရတဲ့ပုံ မရှိပါဘူး..။အပြုံးတစ်ခုနဲ့အတူပဲ လူငယ်လေးဟာ စည်းဝိုင်းထဲ ဝင်လာခဲ့တယ်..။
ကတ်စတာ နဲ့ နက်ဖီဟာ မျက်နှာချင်းဆိုင်လိုက်ကြပါပြီ..။သူတို့ရဲ့ မျက်လုံးတွေဟာ စက္ကန့် အနည်းငယ် ကြာအောင် စိုက်ကြည့်ပြီးမှ
ကတ်စတာဟာ ဖြည်းညှင်းစွာ အရိုအသေ ပေးလိုက်တယ်..။
"မိန်းကလေး နစ်ဖီ...။ကျေးဇူးပြုပြီး သင်ပြပေးပါဦး..."
"သူ က....."
ခနအကြာမှာတော့ ဆန်နီ ရဲ့ မျက်လုံးတွေဟာ အံ့ဩသင့်စွာ ပြန်ပွင့်လာခဲ့ပါတယ်..။