← Chapters

အင်အား စမ်းသပ်မူ

Vol. 2 Ch. 27

အင်အား စမ်းသပ်မူ

Vol. 2 Ch. 27

ကြည့်ရတာတော့..ကတ်စတာဟာ..ရုတ်တရက် တည်ရှိမူ ပျောက်ကွယ်သွားသလိုပါပဲ..။

သို့ပေမယ့် ဒါက ပုံရိပ်ယောင် တစ်ခုသာပါ..။အမှန်တရားက သူ့ရဲ့ လှုပ်ရှားမူက အရမ်းကို မြန်လွန်းတာကြောင့် သာမန်မျက်လုံးနဲ့ မြင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး..။တကယ်လိူ့ ဒါက အရိပ်ရဲ့ ထူးခြားတဲ့ မြင်နိုင်စွမ်းတွေ ကြောင့်သာ မဟုတ်ရင် ဆန်နီကိုယ်တိုင်လည်း မြင်နိုင်မှာမဟုတ်ပေ..။

ဒါတောင်မှ..သူ လေထဲမှာ စီးဆငိးနေတဲ့ အလင်းတန်း တစ်ခုကိုသာ မြင်နိုင်ခဲ့တယ်..။

တစ်စက္ကန့်အတွင်းမှာပဲ..ကတ်စတာဟာ နစ်ဖီ ရဲ့ အနားကို ရောက်သွားပြီး ပြင်းထန်စွာ တိုက်ခိုက်လိုက်တယ်..။သို့ပေမယ့်..သူ ဒီလောက် လျင်မြန်နေတာတောင် ..သူမက အချိန်မှီ တုန့်ပြန်နိုင်ပါသေးတယ်..။

သူမက ခန္တာကိုယ်ကို လှည့်ပြီး ရှောင်ဖို့ ကြိုးစားလိုက်တာပါ..။

သိူ့ပေမယ့် ဒါက မလုံလောက်ပါဘူး..။နစ်ဖီဟာ ရှောင်ထွက်ဖို့ ကြိုးစားလိုက်ပေမယ့် မလွတ်တော့ပဲ..ကတ်စတာ ရဲ့ လက်သီးက သူမရဲ့ ပုခုံးကို ထိမှန်သွားကာ ခန္တာကိုယ် လည်ထွက်သွားခဲ့တယ်..။

အချိန် လုံးဝ မဖြုန်းပဲ..ကတ်စတာဟာ သူ ရှိနေတဲ့ နေရာကနေ ထပ်ပြီး ပျောက်ကွယ်သွားခဲ့တယ်..။သူ့ရဲ့ အစီစဥ်က အရမ်းကို ရိုးရှင်းပါတယ်..။နစ်ဖီက သူမရဲ့ ရန်သူက ရှေ့မှာလို့ ထင်နေတဲ့ အချိန်မှာ သူက အနောက်ကနေ ရုတ်တရက်ပေါ်လာပြီး တိုက်ခိုက်မှာပါ..။

လူငယ်လေးဟာ..မိန်းကလေး သတိမထားမိခင်မှာပဲ..နောက်ဘက်ကနေ ပြင်းထန်တဲ့ တိုက်ခိုက်မူနဲ့ အဆုံးသတ်ဖို့ အဆင်သင့်ဖြစ်နေခဲ့တယ်..။

သူ တွေးထားသလိုပဲ..နစ်ဖီဟာ အစောက ကတ်စတာ ရှိနေတဲ့ နေရာကနေ ထပ်မံတိုက်ခိုက်လာမှာကိုပဲ အာရုံစိုက်နေခဲ့တာပါ..။ကတ်စတာ သူ့ရဲ့ခွန်အားတွေ အကုန်လုံးကို လက်သီး ထဲကို စုစည်းလိုက်တယ်..။

သို့ပေမယ့် အဲ့အချိန်မှာပဲ နစ်ဖီဟာ မထင်မှတ်ထားစွာ ..ဦးတည်ချက်ပြောင်းလဲ လိုက်ပါတယ်..။သူ့မက အရှေ့ကို အာရုံစိူက်ထားရင်းကနေ နောက်ကျောဘက်ကို ပြင်းထန် အားပါတဲ့ တံတောင်ချက် ထုတ်လိုက်တယ်..။

ကတ်စတာ ရဲ့ မျက်လုံးတွေဟာ ပြူးကျယ်သွားခဲ့ပါပြီ..။

သူ့အနေနဲ့..ဒီ တံတောင်ချက်ကို ..လက်နဲ့ ပြန်ပြီး တားဆီးနိုင်ဖို့ဆိုတာ မဖြစ်နိင်ပါဘူး..။သူ ဘယ်လောက်ပြန် မြန်မြန်..လောကရဲ့ နိယာမ တရားတွေကို ဆန့်ကျင်ပြီးတော့ မမြန်နိုင်ပေ..။တံတောင်က သူ့ မျက်နှာ အနား နီးလာတဲ့ အချိန်မှာတော့..သူ လုပ်နိုင်တာ ဘာမှမရှိတော့ပါဘူး.။

ဒါတောင်မှ..သူ နောကိကို အမြန်ဆုတ်ကာ ရှောင်တိမ်းနိုင်ခဲ့ပါသေးတယ်..။သူ့ရဲ့ လျင်မြန်မူ အားသားချက်က အရမ်းကို သိသာလှပါတယ်..။

ယင်းနောက် သူ့ပြိုင်ဘက် ဟန်ချက်ပျက်သွားတာကို အခွင့်ကောင်းယူပြီး..နောက်ကနေ တွန်းထုတ်လိုက်တယ်..။သူမဟာ ချက်ချင်းလွင့်စင်သွား ခဲ့ပါတယ်..။သူမ ကြမ်းပြင်နဲ့ ထိခါနီး အချိန်မှာပဲ..ကတ်စတာဟာ ချက်ချင်းအနားကို ရောက်သွားပြီး သူမရဲ့ အင်္ကျီကော်လံကို ဆွဲကာ ဖြည်းညှင်းစွာ ကျစေခဲ့ပါတယ်..။

မိန်းကလေးဟာ ..လဲကျနေရင်းနဲ့ပဲ.. မျက်တောင် အကြိမ်အနည်းငယ် ခတ်ကာ သူ့ကို ကြည့်နေခဲ့တယ်..။အဖြစ်အပျက်တစ်ခုလုံးက စက္ကန့်အနည်းငယ် လောက်သာ ကြာသွားခဲ့တာပါ.။

အခန်းထဲမှာတော့ ဆန်နီဟာ မျက်လုံးကို ဖွင့်ပြီး အံ့ဩသင့်နေခဲ့တယ်..။

"ဒီတော့ ဒါက တက်ရောက်မူ စွမ်းရည်လား..။ဒါက..လိမ်ညာထားတာပဲ..."

အိပ်စက်သူ တစ်ယေက်က ဒီလောက်အထိ မြန်ဖို့ဆိုတာက မဖြစ်နိူင်ပါဘူး..။အခိုက်အတန်ကြ သူတို့ကို ပေးထားတဲ့ စွမ်းအားတွေက အခုချိန်မှာ ကနဦး အဆင့်ပဲ ရှိဦးမှာပါ.။

သို့ပေမယ့် ကတ်စတာ က ဆက်ခံသူ တစ်ယောက် ဆိုတာကိုလည်း မေ့ထားလို့ မရပါဘူး..။

သူ အကယ်ဒမီကို မလာခင်မှာ စိတ်ဝိဥာဥ် အပိုင်းအစ တွေ ဘယ်လောက်တောက် ..စားသုံးခဲ့ရလဲ ဆိုတာကို ဘယ်သူသိမှာလဲ..။

ဒိုဂျိုမှာတော့ နည်းပြ ရော့ခ်ဟာ ကတ်စတာကို ခေါင်းညိမ့်ပြလိုက်တယ်..။နစ်ဖီဟာ ဖြည်းညှင်းစွာပဲ ပြန်ထလိုက်ပါတယ်..။

ကျန်တဲ့ အိပ်စက်သူတွေကတော့ ကတ်စတာကို လေးစားအားကျစွာပဲ တီးတိုးပြောနေခဲ့ကြတယ်..။ကြည့်ရတာတော့ သူ့ရဲ့ စွမ်းဆောင်ရည်က သူတို့ စိတ်ထဲမှာ ထင်ကျန်ရစ်ခဲ့တဲ့ ပုံပါပဲ..။

သိူ့ပေမယ့် ကတ်စတာ ကိုယ်တိုင်ကတော့ သိပ်ပြီး ကျေနပ်နေတဲ့ အမူအရာ မရှိပေ..။သူ နစ်ဖီကိုသာ..မခန့်မှန်းနိုင်တဲ့ အမူအရာနဲ့ ကြည့်နေခဲ့ပါတယ်..။

ဒါက ဘာလို့လဲ ဆိုတာတော့..တစ်ခြားလူတွေလိုမဟုတ်ပဲ..သူက အခြေအနေမှန်ကို သိထားပါတယ်..။ဘာတွေဖြစ်ပျက်သွားလဲဆိုတာ ကို သိတဲ့လူက..သူ ၊ နစ်ဖီ ၊ နည်းပြရော့ခ် နဲ့ ဆန်နီ တို့ပဲ ရှိတယ် ဆိုရင်လည်း မမှားပါဘူး..။

တစ်ခြား အိပ်စက်သူတွေ မသိတာက နစ်ဖီဟာ တိုက်ခိုက်နေတဲ့ အချိန်တစ်လျောက်လုံး..သူမရဲ့ကဏ္ဍစွမ်းရည်ကို အသုံးမပြုခဲ့ဘူး ဆိုတာပါပဲ..။တကယ်တော့ ဒီနေ့ စမ်းသပ်တဲ့ တစ်နေ့လုံး သူမက အသုံးမပြုခဲ့တာပါ...။သူမရဲ့ စွမ်းရည်က ဘာလဲ ဆိုတာကို ဘယ်သူမှ မသိကြပေ..။

တစ်ဖက်မှာ ကတ်စတာက သူ့ရဲ့ စွမ်းရည်ကို အသုံးပြုခဲ့တာတောင်..အနိုင်ရဖို့ အနည်းငယ် ကြိုးစားခဲ့ရပါသေးတယ်..။

'ဘယ်လို မွန်းစတား မျိုးလဲ.."

ဆန်နီ ..အသက်သာစွာ တွေးလိုက်တာပါ..။

ထောင့်နားမှာ ပုန်းနေတဲ့ အရိပ်ဟာလည်း သူ ရဲ့ ခံစားချက်ကို သဘောတူနေတဲ့ပုံပါပဲ..။

***

ပြီးတဲ့ နောက်မှာတော့..ကိုယ်ခံပညာ သင်တန်းက ပြီးဆုံးသွားခဲ့တယ်..။အိပ်စက်သူ တွေကတော့..သူတို့ အရိုက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့အတူပဲ..ရေချိုးဖို့ ပြန်သွားခဲ့ကြပါတယ်..။

ဆန်နီဟာ ခနလောက် စောင့်နေပြီးမှ..ယောကျ်ားလေး အဝတ်လဲခန်းထဲကို လိုက်ဝင်သွားဖို့ အရိပ်ကို ညွှန်ကြားလိုက်တယ်..။

သူက ကောင်လေးတွေ အဝတ်အစားလဲတာကို စိတ်ဝင်စားနေလို့ လိူက်ကြည့်တာ မဟုတ်ပါဘူး..။ဒီနေ့ တိုက်ပွဲနဲ့ပတ်သက်ပြီး ကတ်စတာက နစ်ဖီ အကြောင်း ဘာပြောမလဲ ဆိုတာကို သိချင်ခဲ့တာပါ..။ဒါမှမဟုတ်..သူ့ရဲ့ ကဏ္ဍ စွမ်းရည် အကြောင်းလည်း ပြောနိုင်ပါတယ်..။

သူထင်ထားသလိုပဲ..ကောင်လေးတွေဟာ သူတို့ရဲ့ အိုင်ဒေါကို တွေ့နေရသလို ဝန်းရံနေကြတယ်..။သူတိူ့က ကတ်စတာ ရဲ့ အောင်မြင်မူကို စိတ်လှုပ်ရှားစွာ..ဂုဏ်ပြုနေကြတာပါ..။သို့ပေမယ့် ကတ်စတာကိုယ်တိုင်ကတော့ သိပ်ပြီး မျက်နှာမကောင်းလှပေ..။

အမှန်တော့..ချီးကျူးမူ တစ်ကြိမ်ကြားရတိုင်းမှာ မျက်နှာ မဲမှောင်နေခဲ့တယ်..။

"ကတ်စတာ..ဒါက တကယ်မယုံနိုင်စရာပဲ.."

"မင်းရဲ့ စွမ်းရည်က တကယ် ကြမ်းလွန်းတယ်နော် ဟုတ်တယ်မလား.."

"မိန်းကလေး နစ်ဖီကတော့ လုံးဝကို အခွင့်အရေး မရှိဘူး.."

"နာမည် အစစ်အမှန်လား..။မလိုပါဘူးကွာ...။သူမက တစ်ခြားလူတွေလိုပါပဲ.."

နောက်ဆုံးမှာတော့..ကတ်စတာ ခေါင်းကိုမော့ပြီး ပြောလိုက်တဲ့ ကောင်လေးကို အေးစက်တဲ့ အကြည့်တွေနဲ့ ကြည့်လိုက်တယ်..။ဒီ ကောင်လေးကလည်း သူ့လိုပဲ..ဆက်ခံသူတွေထဲက တစ်ယောက်ပါ.။သူ ကတ်စတာရဲ့ တုန့်ပြန်မူကြောင့် မျက်မှောင်ကျုတ်လိုက်တယ်..။

"ဘာဖြစ်လို့လဲ.."

ကတ်စတာ အံကြိတ်လိုက်ပြီး.

"တစ်ခြားလူတွေ ဒီလိုပြောတာ လက်ခံနိုင်ပေမယ့် မင်းကတော့ ကောင်းကောင်း သိသင့်တယ်.."

တစ်ခြား ဆက်ခံသူတွေဟာလည်း မျက်ခုံးပင့်တင်သွားခဲ့တယ်..။

"ဘာလို့လဲ..။အဲ့တောသူ ပုံစံ မိန်းကလေးက ဘာတွေ ထူးခြားနေလို့လဲ.. "

ကတ်စတာ မျက်လုံးပြူးကျယ်သွားခဲ့တယ်..။

"တောသူ..တောသူ ပုံစံတဲ့လား..။သူမက ဘယ်သူလဲ ဆိုတာရော မင်းသိလား..."

'မသိဘူးလေ..'

ဆန်နီ စိတ်မရှည်စွာ ပြောလိုက်တာပါ..။

ကံကောင်းစွာပဲ မောက်မာတဲ့ အိပ်စက်သူကလည်း သူ့လို အခြေအနေပဲ ဖြစ်နေခဲ့ပါတယ်..။

ကတ်စတာ ပါးစပ်ကို အကြိမ်အနည်းငယ် ဖွင့်ပြီး ဘာပြောရမလဲ မသိဖြစ်နေခဲ့တယ်..။နောက်ဆုံးမှ သူ ခေါင်းခါယမ်းပြီး ဖြေလိုက်ပါတယ်..။

"သူမက အင်မော်တယ် မီးတောက် ကလန်ရဲ့

နစ်ဖီ ပဲ.."

သူ ဒါကို ပြောတာနဲ့ မောက်မာတဲ့ ဆက်ခံသူဟာ ဖြူဖျော့သွားခဲ့တယ်..။သူ့ကို ဂရုမစိုက်ပဲ ကတ်စတာ ဟာ ထပ်ပြောလိုက်ပါတယ်..။

"သူ့ အဖိုးက ဘယ်သူလဲ ဆိုတာ ငါထပ်ပြောဖို့ မလိုတော့ဘူးမလား..။သူမရဲ့ မိဘတွေက ကောင်းကင် အပြုံး နဲ့ ကျိုးပဲနေတဲ့ ဓား ပဲ..."

အခန်းထဲမှာတော့ ဆန်နီ ထိူင်ခုံပေါ်က ပြုတ်ကျမလိုတောင် ဖြစ်နေခဲ့တယ်..။

သူတောင်မှ အင်မော်တယ် မီးတောက် နဲ့ ကျိုးပဲ့နေသော ဓားက ဘယ်သူလဲ ဆိုတာကို သိထားပါတယ်..။သူတို့က ဒုတိယအိပ်မက်ဆိုးကို ပထမဆုံးဝင်ရောက်ပြီး မာစတာဖြစ်လာကြတဲ့ လူတွေပါ..။ပြီးတဲ့နောက်မှာတော့..တတိယ အိပ်မက်ဆိုးကို ဝင်ရောက်ပြီး သူတော်စင်ဖြစ်လာခဲ့ကြတယ်..။

သူတို့က..လူသားမျိုးနွယ်ထဲမှာ..အကျော်ကြားဆုံး သူရဲကောင်းတွေပါ..။တစ်နည်းအားဖြင့် သမိုင်းကြောင်းကို လက်နှစ်ဖက်နဲ့ ပြောင်းလဲ ခဲ့ကြတဲ့လူတွေ ဆိုရင်လည်း မမှားပါဘူး..။ကတ်စတာ ပြောတာသာ မှန်တယ်ဆိုရင်..နစ်ဖီဟာ ဒီတိုင်း ထူးခြားတဲ့လူတစ်ယောက် မဟုတ်ပဲ ' သခင်မလေး ' တစ်ယောက် ဖြစ်နေခဲ့ပါပြီ..။

ကတ်စတာက ' မိန်းကလေး ' လို့ သုံးနှုန်းပြီး ခေါ်နေတာ အံ့ဩစရာ မရှိတော့ပေ..။အမှန်ဆိုရင် ' သခင်မလေး ' လို့ပဲ ခေါ်လိုက်သင့်တာပါ..။

အတွေးတွေ များစွာ နဲ့ အတူပဲ ဖြူဖျော့နေတဲ့ အိပ်စက်သူဟာ တုန်ရီစွာ ပြောလိုက်တယ်..။

"ဒီလိုဆို ..ဘာလို့...သူမက ဘာလို့..."

ကတ်စတာ သက်ပြင်းချလိုက်တယ်..။

"ဘာလို့လဲ ဆိုတော့ သူတို့ အကုန်သေသွားပြီ..။အင်မော်တယ် မီးတောက် ကလန်က မရှိတော့ဘူး.."

အချိန်ခနကြာအောင် အဝတ်လဲခန်းဟာ တိတ်ဆိတ်သွားခဲ့တယ်..။ကတ်စတာ ခေါင်းကို ငုံ့ထားလိုက်ပြီး..

"သူမက တစ်ယောက်တည်းသော ကျန်ခဲ့တဲ့ လူပဲ.."

***

ညဘက်..။

အကုန်အိပ်သွားတဲ့ အချိန်မှာတော့ ဆန်နီဟာ

ဒိုဂျို ထဲကို တိတ်တဆိတ် ဝင်လာခဲ့တယ်..။ဘေးပတ်လည်ကို ကြည့်ပြီး ဘယ်သူမှ မရှိတာ သေချာမှ အစောက နစ်ဖီ နဲ့ ကတ်စတာ တို့ တိုက်ခိုက်ခဲ့ကြတဲ့ နေရာကို လျောက်လာလိုက်ပါတယ်..။

နစ်ဖီဟာ..အကုန်လုံးကို တိုက်ခိုက်အနိုင်ယူနိုင်ခဲ့ပြီး..ကတ်စတာ နဲ့တွေ့မှသာ ရှုံးနိမ့်သွားခဲ့တာပါ..။

"မွန်းစတားတွေ..နှစ်ယောက်လုံးက မွန်းစတား တွေပဲ..!

သူ ခါးသက်စွာ ရေရွတ်လိုက်တယ်..။

ခေါင်းခါယမ်းလိုက်ပြီး ဆန်နီ သူ့အရိပ်ကို လှမ်းကြည့်လိုက်ပါတယ်..။

"မင်းရော သဘောတူလား.."

အရိပ်ဟာ ခနလောက် တွေဝေသွားခဲ့ပြီး မောက်မာမူ အပြည့်နဲ့ သူ့လက်ကို ရင်ဘတ်ပေါ်မှာ ကြက်ခြေခတ်ပြလိုက်တယ်..။

"ဟုတ်တယ်..မင်းမှန်တယ်..။တကယ်တော့ ဘာတွေများ ထူးခြားနေလို့လဲ.."

နစ်ဖီရဲ့ အဖိုး အင်မော်တယ် မီးတောက် နဲ့ အဖေ ကျိုးပဲသော ဓား တို့ ရောက်ခဲ့တဲ့ အဆင့်ကိုလည်း ငါတို့ ရောက်အောင် ကြိုးစားလိူ့ရတာပဲလေ..။သူတို့ရဲ့ အံ့ဩလောက်စရာ စွမ်းအားတွေ နဲ့တောင်မှပဲ မိသားစုကို မကာကွယ်နိုင်ခဲ့ဘူးမလား..။ဒီတော့ အဆုံးသတ်မှာ ခွန်အားက အရေးကြီးဆုံး မဟုတ်ဘူး..။

တော်ဝင်မျိုးနွယ်တွေတောင်..ကမ္ဘာကြီးရဲ့ ရက်စက်မူ အောက်ကနေ မလုံခြုံနိုင်ဘူးလေ..။

ဆန်နီ သက်ပြင်းချပြီး တိုင်းတာတဲ့ စက်ဆီကို လျောက်သွားလိုက်တယ်..။လက်သီးကို ဆုပ်ပြီး သူ ပြင်းထန်စွာ ထိုးလိုက်ပါတယ်..။စက်ဟာ အနည်းငယ် တုန်ခါသွားပြီး နံပါတ် တစ်ခုတည်းသာ ပေါ်လာခဲ့တယ်..။

၉ မှတ်

"အိုး..ချီး...ငါ အနည်းဆုံးတော့ ၁၀ လောက် ရသင့်တာ မဟုတ်ဘူးလား.."

သူ စခရခင်ကို အကြိမ်အနည်းငယ် ပုတ်ကြည့်ပေမယ့်လည်း ရလာဒ်ကတော့ မပြောင်းလဲ ခဲ့ပါဘူး..။

" ချီးပဲ.."

ဆန်နီ ဒေါသထွက် နေတဲ့ စိတ်ကို မနည်းထိန်းနေရတယ်..။ကြည့်ရတာတော့ သူ့ဘဝက အတော်လေး အားနည်းဖို့ ကံပါလာတဲ့ ပုံပါပဲ..။ဘာပဲဖြစ်ဖြစ် ထိုးချက်တစ်ချက်ရဲ့ ခွန်အားက အလေးချိန်နဲ့ အမြန်နှုန်း ပေါ်မှာ မူတည်တာပါ..။အမြန် နှုန်းက နည်းစနစ်တွေနဲ့ လေ့ကျင့်လိူ့ ရပေမယ့် အလေးချိန်ကတော့ ထိန်းချုပ်လို့ လွယ်ကူတဲ့ အရာမဟုတ်ပါဘူး..။

သူကကြီးထွားမူ ရပ်တန့်သွားပြီးဖြစ်တာကြောင့် အရပ်ကလည်း ထပ်ရှည်လာတော့မယ့်ပုံ မရှိပါဘူး..။ဆန်နီ ဘယ်လောက်ပဲ ကြိုးစားကြိုးစား..ပျှမ်းမျှ အလေးချိန်လောက်ပဲ ရှိတော့မှာပါ..။

'ဒါက ဘယ်လိုလုပ် မျှတမှာလဲ.."

ရုတ်တရက် သူ ဒေါသထွက်စွာ ပဲ ရှိသမျှ ခွန်အား အကုန်သုံးကာ..စက်က်ို ထပ်ပြီး ထိုးလိုက်တယ်..။

အဲ့အချိန်မှာပဲ..ထူးဆန်းတဲ့ ခံစားချက်တစ်ချို့က ဆန်နီ ရဲ့ စိတ်ထဲမှာ ပေါ်လာခဲ့ပါတယ်..။

ခံးစားချက်အတိုင်း လွှတ်ပေးလိုက်တဲ့ အချိန်မှာတော့..အရိပ်တွေဟာ..ပုံသဏ္ဍာန်ပြောင်းကာ သူ့ရဲ့ လက် ဝန်းကျင်ကို စီးဆင်းလာပြီး. အနက်ရောင် လက်အိပ်တစ်ခုလိုဖြစ်လာခဲ့တယ်..။

ပြီးတဲ့ နောက်မှာတော့ ပြင်းထန်စွာ ထိုးလိုက်ပါတယ်..။

စက်ဟာ ပြင်းထန်လွန်းတဲ့ အားကြောင့် တုန်ရီသွားခဲ့တယ်..။ဆန်နီကတော့ နာကျင်စွာ အော်လိုက်ပြီး..နောက်ကို ခြေတစ်လှမ်းဆုတ်ကာ လက်ကို ဆုပ်ကိုထားခဲ့ပါတယ်..။

ခနအကြာမှာတော့ ရလာဒ် ထွက်လာခဲ့ပါပြီ..။သို့ပေမယ့် သူ့ ရမှတ်က ၉ မှတ် မဟုတ်တော့ပါဘူး..။

ဒါက ၁၀ မှတ်တောင် မဟုတ်ပေ..။

ဒါက ၁၈ မှတ်ပါ..။

သူ ပြသနေတဲ့ နံပါတ်တွေကို ခံစားချက်မဲ့စွာ ကြည့်နေခဲ့တယ်..။

ယင်းနောက် အပြုံးတစ်ခုက ဆန်နီ ရဲ့ မျက်နှာပေါ်မှာ ပေါ်လာခဲ့ပါတယ်..။

"ငါ သိပြီ..။ဒီတော့..ဒါက ဒီလိုပေါ့...

သူ လက်သိီးကို ပြန်ဆုပ်လိုက်ပြီး အနက်ရောင် အရိပ် လက်အိပ်ကို ကြည့်လိုက်တယ်..။

အာ..ဘယ်လောက်တောင် အဖိုးတန်လိုက်တဲ့ အကူအညီလဲ..။

' အခု..ငါတို့ စကားပြောကြရတော့မယ်."

All Chapters