လေ့ကျင့်နည်း
Vol. 2 Ch. 28
ရက်တွေကြာသွားခဲ့တယ်..။
ဆန်နီဟာ အိပ်မက်ကမ္ဘာအတွက် ပြင်ဆင်ဖို့ အချိန် လေးပတ် သာရရှိပါတယ်..။ဒါကြောင့် သူ လုံးဝ အချိန် ဖြုန်းမနေခဲ့ပေ..။သူက စိတ်ရော
ခန္တာကိုယ်ကိုပါ အကောင်းဆုံး တွန်းအားပေးပြီး အသိပညာတွေကို သင်ယူနေခဲ့တာပါ..။
ဒီရကိတွေမှာတော့..သူဟာ ဆရာ ဂျူးလီးယက် နဲ့အတူ အသက်ရှင်သန်နိုင်မယ့် နည်းလမ်းတွေကို သင်ကြားနေခဲ့တယ်..။သူတို့ သင်ကြားခဲ့တဲ့ နည်းလမ်းတွေက အတော်လေး များပြားလှပါတယ်..။မီးကို ပြုလုပ်တဲ့ နည်းလမ်းတွေတောင်မှ အဆင့်ဆင့်ပါပဲ..။ဒီမှာ အာကာသ လမ်းကြောင်းတွေကို ကြည့်တာတွေပါ ပါဝင်နေခဲ့တယ်..။
အာကာသ လမ်းကြောင်းတွေကို ကြည့်တာက ဘာတွေများ ခက်ခဲနေလို့လဲ...
အိပ်ကမ္ဘာထဲမှာလည်း ကြယ်လမ်းကြောင်းတွေ ဆိုတာက ပြောင်းလဲနေတာပါ..။မတူညီတဲ့ အရပ်တွေနဲ့ မတူညီတဲ့ ကြယ်တွေနဲ့ လတွေ ရှိပါတယ်..။နေကတော့ အတူတူပဲ ဆိုပေမယ့်လည်း..သူ့ရဲ့ ဖြစ်စဥ်တွေကတော့..ကြိုတင်မခန့်မှန်းနိုင်ပါဘူး..။
ဒါတောင်မှ လုံလောက်တဲ့ အသိပညာတွေ ရှိမယ်ဆိုရင် တစ်စုံတစ်ယောက်က ကောင်းကင်နဲ့ အာကာသ လမ်းကြောင်းတွေကို လေ့လာနိုငိပါလိမ့်မယ်..။
ဒီ သင်ခန်းစာတွေ အများစုက ကျောင်းသင်ရိုးထဲမှာ ပါဝင်ပြီး..အိပ်စက်သူ တော်တော်များများက သိထားကြပါတယ်..။သို့ပေမယ့် ကျောင်းစာအုပ် ထဲက လေ့လာတာနဲ့ နိုးထသူ တစ်ယောက် ဆီက သင်ယူတာက လုံးဝ မတူပါဘူး..။
ဆရာ ဂျူးလီးယက်ဟာ..တစ်ခုခုကို ရှင်းပြတဲ့ နေရာမှာ အရမ်းကို ကြိုးစားအားထုတ်တဲ့ လူတစ်ယောက်ပါ..။သူ့ရဲ့ အားထုတ်မူတွေကြောင့် ဆန်နီဟာ...'ဘာလဲ' ဆိုတဲ့ အရာကို သင်ယူနိုင်ရုံတင်မကဲ ' ဘာလို့လဲ ' ဆိုတာကိုပါ သိရှိနားလည်ခဲ့ရပါတယ်..။အိပ်မက်ကမ္ဘာထဲက ပတ်ဝန်းကျင် အခြေအနေ အမျိုးမျိုးတွေ ၊ ဘယ်လို ဖိအား အောက်မှာမဆို အန္တရာယ်ကို ရင်ဆိုင်နိုင်ဖို့ စွမ်းရည် တွေကိုပါ နားလည်နိုင်ခဲ့တယ်..။
ဆန်နီ အသုံးမဝင်ဘူးလို့ ထင်ထားခဲ့တဲ့ ဘာသာစကား အဟောင်းတွေကလည်း..သေချာ လေ့လာကြည့်မှ စိတ်ဝင်စားဖို့ ကောင်းနေတာကို တွေ့ရပါတယ်..။အခိုက်အတန့်ကလည်း လူသားတွေ နဲ့ ဆက်သွယ်ဖို့ ဒီဘာသာစကား တွေထဲက တစ်ခုကို အသုံးပြုနေခဲ့တာပါ..။
ဘာသာစကား တစ်ခုကို သိရှိထားပြီ ဆိုရင်..သူ့ရဲ့ ဖော်ညွှန်းချက်တွေကိုလည်း နားလည် နိုင်ပါလိမ့်မယ်..။အရိုးရှင်းဆုံး ဥပမာကတော့ နစ်ဖီ နဲ့ သူရဲ့ အစစ်အမှန်နာမည် 'ပြောင်းလဲနေတဲ့ ကြယ်ပွင့်' ပါပဲ..။ပုံမှန်အားဖြင့် ဒီနာမည်ကို နာလည်နိုင်ပေမယ့်.တိကျတဲ့ ဘာသာပြန်မူကို တော့သိနိုင်ကြမှာ မဟုတ်ပါဘူး..။
ရှေးဟောင်း ဘာသာစကားကို နားလည် သွားတဲ့ အချိန်မှာတော့ သူမ နာမည်ရဲ့ အမှန်တကယ် အဓိပ္ပါယ်က 'ကြယ်ပွင့်ရဲ့ ပြောင်းလဲမူ ' လိူ့ ပြောချင်တာကို သဘောပေါက်ခဲ့ပါတယ်..။'ပြောင်းလဲမူ ' ဆိုတဲ့ စကားလုံးကိုလည်း နောက်ထပ် ဘာသာစကား နဲ့ဆိုရင် အဓိပ္ပါယ် တစ်မျိုး ထွက်နေပါသေးတယ်..။ဒါက ပျက်ဆီးတဲ့ ကြယ်ပွင့် ဒါမှမဟုတ် ကံဆိုးတဲ့ ကြယ်ပွင့် လို့ အဓိပ္ပါယ် ရပါတယ်..။
စကားလုံးပြောင်းလဲမူ သေးသေးလေးက..အပြင် ဘက်မှာ ကြီးမားတဲ့ ပြောင်းလဲမူတွေ ဖြစ်သွားစေနိုင်တာပါ..။
တစ်ခါမှာ စာသေချာ မလုပ်ဘူးတဲ့ ဆန်နီဟာ..ကျယ်ပြန့်လှတဲ့ သီအိုရီ တွေ အသိပညာ တွေကြောင့်..အတော်ကို ပင်ပန်းနေခဲ့တယ်..။
သို့ပေမယ့် သူ ကျေနပ်တဲ့ စိတ်လည်း ဖြစ်မိပါတယ်..။ဘာပဲဖြစ်ဖြစ် အသိပညာ ဆိုတာက အထူးအခွင့်အရေး တစ်ခုပါပဲ..။အသိပညာ ရှိတဲ့ လူတွေကပဲ..လုပ်ပိုင်ခွင့်ရှိတဲ့ နေရာတွေကို ရကြတာပါ..။
ဆင်းရဲတဲ့ လူက ပညာကို သင်ယူဖို့ အခွင့်အရေးမရကြပေ..။ကောင်းမွန်တဲ့ ပညာရေး မရှိရင်တော့ သူတို့ရဲ့ ဆင်းရဲမူကို ရပ်တန့်နိုင်ဖို့ အခွင့်အရေး ရှိမှာ မဟုတ်ပါဘူး..။
အထူးဆန်းဆုံး အရာက ဆန်နီဟာ အခုဆိုရင် အခွင့်ထူးခံ လူတစ်ယောက်ဖြစ်နေခဲ့ပါပြီ..။ထပ်ပြောရရင် သူက နိုင်ငံရဲ့ ရာထူးစက်ဝန်း ထဲမှာ ရောက်နေပြီဆိုရင်လည်း မမှားပါဘူး..။သူက များပြားလှတဲ့ အသိပညာတွေကို လေ့လာနိုင်ယုံတင် မကပဲ အခြေခံ လိုအပ်ချက်တွေ ဖြစ်တဲ့ နေစရာ နဲ့ အစားအသောက် တွေကိုတောင် အစိုးရက တာဝန်ယူပေးထားတာပါ..။သူလုပ်ရမှာတစ်ခုက နိုးထသူ တစ်ယောက်ဖြစ်လာဖို့အတွက် အာရုံစိုက်ထားရမှာပါပဲ..။
ဒီရုတ်တရက် ပြောင်းလဲမူက သူ့ကို စိတ်ပညာ ဆိုင်ရာ ဝဲဂယက်ထဲကို ရောက်သွားသလိုပါပဲ..။
သို့ပေမယ့် ဆရာဂျူးလီယက်ကတော့ တစ်ရက်ခြားစီတိုင်းမှာ သူ့ကို လက်တွေ့ သင်ခန်းစာတွေကို သင်ကြားပေးပါတယ်..။ရလာဒ် အနေနဲ့ကတော့ ဆန်နီ အတော်လေးကို ပင်ပန်းနေခဲ့တယ်..။
ဒီလို လေ့ကျင့်မူတွေရဲ့ ကောင်းမွန်တဲ့ အချက်ကတော့..ဆန်နီ ရဲ့ ခန္တာကိုယ် အချိုးအစားက ကောင်းမွန်လာခဲ့တာပါပဲ..။သူက ကိုယ်ခံပညာ လေ့ကျင့်ခန်းတွေကို လုပ်တာ မဟုတ်ပေမယ့်လည်း သူ့ရဲ့ ခွန်အား ၊ သက်လုံ နဲ့ ဖြတ်လတ်မူ တွေက ဖြည်းဖြည်းချင်းတိုးတက်လာတာကို ခံစားမိပါတယ်..။
အခြေခံအားဖြင့်..သူ ပထမအိပ်မက်ဆိူးပြီးတုန်းက ပြောင်းလဲမူတွေကလည်း..သူ့ ခန္တာကိုယ်ကို အကောင်းဆုံး အနေအထားမှာ ရှိနေစေပါတယ်..။သို့ပေမယ့် ဒါကပဲ အနာဂတ်မှာ ချွေးတွေ၊ လုံ့လ စိုက်ထုတ်မူတွေ ၊ ကြိုးစားမူတွေ အတွက် အလားအလာတစ်ခုဆိုတာ နားလည်ထားခဲ့ပါတယ်..။
တောထဲမှာ ရှင်သန်နိုင်မယ့် နည်းလမ်းတွေကို လေ့ကျင့်ရတာနဲ့တင် သူအတော်လေးကို ခက်ခဲနေခဲ့ပါပြီ..။
ဒါနဲ့တင် မလုံလောက်စွာပဲ..ဆန်နီဟာ တစ်ခြား အိပ်စက်သူ တွေရဲ့ အချက်အလက်တွေကိုလည်း အရိပ်ထိန်းချုပ်သူ စွမ်းရည်နဲ့ ညတိုင်း လေ့လာနေပါသေးတယ်..။
သူ့ရဲ့ အရိပ်က လွတ်လပ်နေပြီဖြစ်ပြီး..ထောက်လှမ်းရေး တွေလုပ်တဲ့ အချိန်မှာ ..သူ ကိုယ်တိုင် ညွှန်ကြားချက်တွေ ပေးနေစရာ တောင် မလိုတော့ပေ..။သူက ဟိုဟိုဒီဒီ ပုန်းကွယ် သွားလာရင်..အိပ်စက်သူတွေရဲ့ ကဏ္ဍ စွမ်းရည် တွေကို လိုက်နားထောင်နေခဲ့တာပါ...။
ပြီးတဲ့နောက်မှာ ဆန်နီ ညစာစားပြီးလို့ အခန်းထဲပြန်ရောက်တဲ့အချိန်ဆိုရင်..သူ တစ်နေ့တာလုံး ကြားခဲ့ မြင်ခဲ့ ရတာတွေကို ပြန်လည်မျှဝေပါတယ်..။
ဒီလို လုပ်တာရဲ့ တစ်ခုတည်းသော ပြသနာက သူ့ရဲ့ အရိပ်က အတော်လေး တုံးအနေတာပါပဲ..။သူက လူသားကမ္ဘာကြီး ဘယ်လို အလုပ်လုပ်နေလဲ ဆိုတာကို မသိပေ..။သူက အသုံးဝင်တဲ့ အချက်အလက်တွေကို ပြောနေတာလား သာမန် အလာဘ သလာဘ စကားတွေ ပြောနေတာလား ဆိုတာကို မခွဲခြားနိုင်ပါဘူး...။
ဒါကြောင့် ဆန်နီဟာ အချိန်အများစုကို အရေးမပါ တဲ့ အတင်းပြောတဲ့ အချက်အလက်တွေကိုပဲ သိရလေ့ ရှိပါတယ်..။
ဒါက အိပ်စက်သူ စင်တာမှာ..ရိုမန်တစ် ဆန်မူတွေ ဘယ်လိုရှိနေလဲ ဆိုတာကို သူ သင်ကြားနိုင်ခဲ့တဲ့ ပုံပါ..။ဘာပဲဖြစ်ဖြစ် ဒီနေရာမှာ ချောမောတဲ့ လူငယ်လေးတွေ ရာနဲ့ချီပြီး ရှိနေခဲ့ပါတယ်..။အများစုက ဘဝဟာ တိုတိုလေးဖြစ်တာကြောင့် နေ့ရက်တွေကို ဖမ်းဆုပ်ချင်နေခဲ့ကြတယ်..။အန္တရာယ်က နီးကပ်လာတဲ့ အချိန်မှာတော့ စိတ်ဆန္ဒတွေဟာလည်း ပေါက်ကွဲ ထွက်ကုန်ကြပါပြီ.။
ဒါပေါ့ ဒီအခြေအနေတွေ တစ်ခုလုံးမှာတော့ ဆန်နီ မပါဝင်ခဲ့ပါဘူး..။ပထမဆုံးအနေနဲ့..သူ့က ကိုယ့်ကိုကို ဘယ်သူမှ သဘောမကျတဲ့ ငတုံးအဖြစ် ပုံသွင်းထားပြီးပါပြီ..။ဒုတိယ အနေနဲ့ သူ့မှာ သင်ခန်းစာတွေ လေ့ကျင့်ခန်း တွေကလွဲလို့ တစ်ခြား အချိန်တွေ မရှိပါဘူး..။ပြီးတော့ နောက်ဆုံးအနေနဲ့ သူက တစ်ခြားလူတွေနဲ့ ပူးပူးကပ်ကပ် နေရမှာကို စိုးရိမ်ပါတယ်..။ရွေးချယ်စရာ မရှိပဲ သူ့ရဲ့ နာမည်အစစ်အမှန်ကို ထုတ်ပြောမိမှာကို သူ အကြောက်ဆုံးပါပဲ..။
အချက်အလက် တွေ ၊ ကဏ္ဍ စွမ်းရည်တွေ ၊ အားနည်းချက်တွေကို ထောက်လှမ်းနိုင်တာအပြင် ဆန်နီဟာ အရိပ်ထိန်းချုပ်မူ နဲ့ပိုပြီးတော့ ရင်းနှီးကျွမ်းဝင်လာခဲ့ပါပြီ..။
ရလာဒိ အနေနဲ့ သူ ပိုပြီး နားလည်လာခဲ့တယ်..။သူ့ရဲ့ အရိပ်က သူ့ကိုယ်တိုင် အပြင် များပြားလှတဲ့ ပုံစံတွေကိုလည်း ပြောင်းလဲ နိုင်တယ် ဆိုတာ သူ တွေ့ခဲ့ရပါတယ်..။တကယ်လို့ ဒါက လက်နက် တွေမှာ အငွေ့အဖြစ် ဝန်းရံမယ် ဆိုရင် လက်နက်က ပိုပြီး ထက်ရှလာကာ ၊ ဖျက်ဆီးနိုင်မူလည်း မြင့်တက်လာပါလိမ့်မယ်..။တကယ်လို့ ဒါက အကာအကွယ်အပေါ်မှာ ဝန်းရံမယ်ဆိုရင် ပိုပြီးတော့ မာကျောပြီး ထိုးဖောက်ရ ခက်ခဲသွားမှာပါ..။
ဒီလို တိုးတက် ပြောင်းလဲနိုင်မူက အတော်လေးကို သက်ရောက်မူ များ ပါတယ်..။ဒါက ပုံမှန် အခြေအနေထက် နှစ်ဆလောက် ပိုပြီး တန်ဖိုး ရှိလှတာပါ..။
ဒီ အရည်အသွေးကိုသာ သေချာ အသုံးပြုနိုင်မယ် ဆိုရင် သူက အိပ်စက်သူတွေ ကြားထဲမှာ ခေါင်းတစ်လုံး သာနေမှာ အသေအချာပါပဲ..။ကိုယ်ခံပညာ စွမ်းရည် အများစုက အမြန်နှုန်း တွေ ဖျက်ဆီးနိုင်မူ တွေကို ရရှိစေကာ တစ်ချို့ဆိုရင် ကာကွယ်မူတွေကို ရရှိစေပါတယ် ။သို့ပေမယ့် ဘယ်အရာမှတော့ အရိပ် အစေခံလို အမျိုးမျိုး အသုံးချနိုင်မှာ မဟုတ်ပေ..။
ထပ်ပြီးတိုးလာတဲ့ အရိပ်မြင်ကွင်း ၊ အရိပ်ခြေလှမ်း နဲ့ အရိပ်နဲ့ ထောက်လှမ်းခြင်း တွေကလည်း တကယ်ကို မယုံနိုင်စရာပါပဲ..။
ဒီလိုနဲ့ပဲ ရက်တွေ တစ်ရက်ပြီးတစ်ရက် ကျော်လွန်သွားကာ..ရက်သတ္တပတ် တွေကို ရောက်ရှိသွားခဲ့တယ်..။
ဆန်နီတောင် မသိလိုက်ခင်မှာပဲ..ဆောင်းယဥ်စွန်းချိန် က ရောက်ရှိလာခဲ့ပါပြီ..။
[ note - ဆောင်းယဥ်စွန်းချိန် ဆိုတာက ဒီဇင်ဘာ ၂၂ ရက် ခန့်တွင် ကျရောက်သည် ]