← Chapters

ကမ္ဘာမြေပြင်ပေါ်မှာ နောက်ဆုံးနေ့ရက်...

Vol. 2 Ch. 29

ကမ္ဘာမြေပြင်ပေါ်မှာ နောက်ဆုံးနေ့ရက်...

Vol. 2 Ch. 29

ဆောင်းယဥ်စွန်းတန်း ရဲ့ ဒီလို နေ့မျိုးမှာတော့ ဆန်နီ ပင်ပန်းစွာပဲ နိုးထလာခဲ့တယ်..။ဒီလို ပင်ပန်းတဲ့ အခြေအနေကနေ ဘယ်လောက်ပဲ ကြိုးစားပြီး အိပ်ယာထဖို့ ကြိုးစားပါစေ..အဆင်မပြေခဲ့ပါဘူး..။အဆုံးမှာတော့ သူ အိပ်ယာပေါ် ပြန်လှဲလိုက်ပြီး ခနလောက် စောင်ခြုံကာ ကွေးနေခဲ့တယ်..။

သူက အခုလို အဆက်အပြတ် အိပ်ချင်နေတဲ့ ခံစားချက်ကို ရင်းနှီးနေပြီးသားပါ..။သူ ပထမဆုံး အိပ်မက်ဆိုးကို ဝင်ခါနီးတုန်းကလည်း ဒီလို အခြေအနေမျိုးပါပဲ..။ဒါက အဲတုန်းက အခြေအနေ နဲ့ အတော်လေးကို ဆင်တူနေခဲ့ပါတယ်..။

သေလောက်အောင် အေးခဲ ခဲ့ရတဲ့ အခြေအနေကို ပြန်တွေးကြည့်ရင်း ဆန်နီ ဟာ အေးလာသလိုတောငိ ခံစားလိုက်ရတယ်..။

ဒါက သူ့ရဲ့ ကမ္ဘာမြေပေါ်မှာ ရှိနေတဲ့ နောက်ဆုံးနေ့ရက်ပါ..။သူ အိပ်ပျော်သွားတဲ့ အချိန်ကျရင် အခိုက်အတန့်က အိပ်မက်ကမ္ဘာထဲကို သယ်ဆောင်သွားတော့မှာ အသေအချာပါပဲ..။ဒီတစ်ခါမှာတော့ ပိုကျယ်ပြီး..စိန်ခေါ်မူ များတဲ့ အိပ်မက်မ္ဘာလို့ ပြောလို့ရပါတယ်..။

ပျက်ဆီးနေတဲ့ မှော်ကမ္ဘာထဲမှာ သူ ဘယ်လို အရာတွေကို တွေ့ရမှာလဲ..။ဒီတစ်ကြိမ်ရော..သူ ကံဆိုးမူ တွေကို ထပ်ပြီး ကြုံရဦးမှာလား..။

'ဟင်း...'

ခန့်မှန်းကြည့်နေလို့ လည်း ဘာမှထူးခြားမှာ မဟုတ်ပေ..။ဆိုးဝါးတဲ့ အခြေအနေ တွေ အတွက် သူ ပြင်ဆင်နိုင်သလောက် အတတ်နိုင်ဆုံးပြင်ဆင် ပြီးပါပြီ..။သူ ကြိုးစား သင်ယူခဲ့တယ် ၊ ကြိုးစား လေ့ကျင့်ခဲ့တယ် ပြီးတော့ သူ့ ရဲ့ လျို့ဝှက်ချက်ကို လည်း ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်..။

သူ့ရဲ့ စွမ်းရည်ကလည်း တစ်ခြား အိပ်စက်သူ အများစု ထက်သာလွန်ပြီး..အသက်ရှင်သန်ချင်စိတ်ကတော့ ပထမအိပ်မက်ဆိုးထက်တောင် ပိုပြင်းထန်ပါသေးတယ်..။

အကုန်ပြောရရင် သူ အဆငိသင့်ဖြစ်နေပါပြီ..။

သက်ပြင်းချလိုက်ပြီး ဆန်နီ အိပ်ယာ ထဲကနေ ထလိုက်ကာ..လုပ်နေကျ အလုပ်တွေကို စတင်လုပ်လိုက်တယ်..။ဒါက သူ့ရဲ့ နောက်ဆုံးအကြိမ် ရေနွေးနဲ့ ရေချိုးရတာ ဖြစ်နိုင်ပါတယ်..။မနက်စာ ကလည်း ထိုနည်းတူစွာ ပါပဲ..။

အမှန်တော့ သူ့မှာ စားချင်စိတ်မရှိပေ..။

ကဖေးဆိုင်ထဲမှာ အိပ်စက်သူတွေ အများကြီးရှိနေပေမယ့် ဘယ်သူမှ စကားမပြောကြပေ..။လူတိုင်းက စိတ်အားငယ်နေပြီး ကိုယ့်ကိုကို ပြန်ဆန်းစစ် နေကြသလိုပါပဲ..။ပုံမှန်အတိုင်း ရယ်မောသံ တွေ စကားပြောဆိုနေကြတဲ့ အသံတွေ ရှိမနေခဲ့တော့ပါဘူး..။

ဆက်ခံသူတွေသာ တည်တည်ငြိမ်ငြိမ်နဲ့ ရှိနေနိုင်ကြတာပါ..။သို့ပေမယ့် သူတို့တောင်မှ ပါးစပ်တွေ ပိတ်ထားကြပါသေးတယ်..။

ဆန်နီ သူ အရင်တစ်ခေါက် အခိုက်အတန့် ထဲ ဝင်ခါနီး အချိန်ကို ပြန်သတိရသွားပြီး ကော်ဖီစက်နားကို သွားလိုက်ပါတယ်..။ဒီအတောအတွင်း အများစုက ကော်ဖီထဲကို သကြားတွေ နို့တွေ ထည့်နေတာကို သူ အမြဲတမ်း မြင်နေခဲ့ရတာပါ..။ဒါကြောင့် သူ့ရဲ့ နောက်ဆုံးနေ့မှာ စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်..။

မိနစ် အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့..သူ ထိုင်နေကြ ကတ်စီယာ နားက ထိုင်ခုံလေးမှာ ဝင်ထိုင်လိုက်တယ်..။သူတို့က နီးနီးကပ်ကပ် တစ်ချိန်လုံး နေနေကြပေမယ့် စကားတော့ တစ်ခွန်းမှ မပြောခဲ့ကြပါဘူး..။ဒါက သူစိမ်းနှစ်ယောက်ကို အတင်းအကြပ် နီးနီးကပ်ကပ် နေခိုင်းထားတာ နဲ့တောငိ ဆင်တူနေပါသေးတယ်..။

ဒီနေ့မှာလည်း ဆန်နီ အတွက် ပြောစရာ စကားရှိမနေခဲ့ပေ..။

သို့ပေမယ့် သူ ပထမတစ်ငုံ သောက်ပြီးတဲ့ အချိန်မှာပဲ ကတ်စီယာ ဟာ ရုတ်တရက် သူမရဲ့ ခေါင်းကို လှည့်ပြီး လှပတဲ့ အပြာရောင်မျက်လုံးတွေနဲ့ စိုက်ကြည့်နေခဲ့တယ်..။

ဆန်နီ ဘေးပတ်ဝန်းကျင်ကို ကြည့်ပြီး သူမ ဘယ်သူ့ကို ကြည့်နေတာလဲ ဆိုတာကို အတည်ပြုလိုက်ပါတယ်..။သူ့ဘေးနားမှာ ဘယ်သူမှ မရှိဘူးဆိုတာ သေချာမှ သူ မေးလိုက်တယ်..။

"ဘာ...ဘာလို့လဲ.."

ကတ်စီယာ ကတော့ တိတ်ဆိတ်နေပြီး..ပြောသင့် မပြောသင့်ကို တွေဝေနေခဲ့တယ်..။ပြီးကာမှ...

"ပျော်ရွှင်စရာ မွေးနေ့ဖြစ်ပါစေ.."

"ဟင်.."

ဆန်နီ မျက်မှောင်ကျုတ်ပြီး သူမရဲ့ စကားလုံးတွေကို နားလည်ဖို့ ကြိုးစားလိုက်ပါတယ်..။ယင်းနောက် သူ့ မျက်နှာပေါ်မှာ အံ့ဩမူ တစ်ချို့ ပေါ်လာခဲ့တယ်..။

'ဟုတ်သားပဲ..ဒီနေ့က ငါ့ရဲ့ မွေးနေ့ပဲ..'

သူ ဒါကို လုံးဝကို မေ့နေခဲ့တာပါ..။သူက ဒီနေ့ ဆိုရင် ၁၇ နှစ် ပြည့်ပါပြီ..။

'ခနလေး..သူမက ဒါကို ဘယ်လိုသိတာလဲ..'

ဆန်နီ ..မျက်မမြင် မိန်းကလေးကို ကြည့်ပြီး တစ်ခုခု ပြောဖို့လုပ်လိုက်ပေမယ့် ထားလိုက်ဖို့သာ ဆုံးဖြတ်လိုက်တယ်..။သူမက နည်းနည်း ကျောချမ်းဖို့ ကောင်းပါတယ်..။

"အာ..ကျေးဇူးပါ.."

ကတ်စီယာ ဟာ ခေါင်းညိမ့်ပြလိုက်ပြီး စကားထပ်ပြောဖို့ စိတ်မဝင်စားတဲ့ အလား တစ်ဖက်ကို ပြန်လှည့်သွားခဲ့တယ်..။

ဒါကပဲ ပိုပြီး ကောင်းပါတယ်..။

ဆန်နီ ကော်ဖီ ကို ပြန်ကြည့်လိူက်ပြီး ဒီတစ်ကြိမ်တော့ သိပ်မဆိုးဘူးလို့ ခံစားလိုက်ရတယ်..။ဒါပေါ့ သကြား နဲ့ ခရင်ကပဲ ကော်ဖီကို ထိန်းပေးထားတာပါ..။သို့ပေမယ့် ဒါကို သောက်ပြီးနောက်မှာ နည်းနည်းလေး လန်းဆန်းလာတာကို ခံစားလိုက်ရတယ်..။

' ၁၇ နှစ်တဲ့လား...'

သူ ဒီအသက်အရွယ် အထိ အသက်ရှင်အောင် နေနိုင်လိမ့်မယ်လို့တောင် မထင်ထားခဲ့ပေ..။ဒါတောင်မှ သူ အကောင်းဆုံး ကြိုးစား ရှင်သန် နိုင်ခဲ့ ပါသေးတယ်..။တစ်ခါတစ်လေမှာ လူ့ဘဝက ကြိုတင်ပြီးတော့ ခန့်မှန်းလို့ မရပါဘူး..။

တကယ်လို့ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကသာ ..သူ့ရဲ့ အသက် ၁၇ နှစ်မွေးနေ့မှာ ကော်ဖီအစစ်ကို ဇိမ်ကျကျ သောက်နေနိုင်မယ်လို့ လာ​ပြောခဲ့ရင် ရယ်မောခဲ့မိမှာ အမှန်ပါပဲ..။သို့ပေမယ့် အခုတော့ တကယ်ဖြစ်နေခဲ့ပါပြီ..။

မထင်မှတ်စွာပဲ..ဆန်နီ အရင်တုန်းက သူ့မွေးနေ့မှာ ဆုတောငိးပေးနေကြ လူတွေကို ပြန်သတိရသွားခဲ့တယ်..။သူ့ ခံစားချက်တွေ ပွင့်ထွက် မလာခဲ့ခင်မှာပဲ အမြန်မေ့ဖျောက်ကာ ကြိုးစားပြုံးလိုက်ပါတယ်..။

'အခုလည်း သိပ်တော့ မဆိုးပါဘူး..။နောက်တစ်နှစ်် ငါ နိုးထသူ ဖြစ်ပြီးတဲ့ အချိန်ကျမှ လုပ်ကြတာပေါ့..'

သူ့ကိုယ်သူ အားပေးရင်း ကော်ဖီကို ကုန်အောင်သောက်ကာ..ကဖေးဆိုင်ကနေ ထွက်လာခဲ့တယ် .။

ဒီနေ့ ဘာသင်တန်းမှ မရှိပေ..။သို့ပေမယ့် သူ တောတွင်းရှင်သန်မူ စာသင်ခန်းကို သွားပြီး ဆရာ ဂျူးလီးယက်ကို နှုတ်ဆက်ခဲ့ပါသေးတယ်..။လူအိုကြီးဟာ သူ့ကို လိုက်ပို့တဲ့ အချိန်မှာတောင် စိတ်ခံစားချက်ဖြစ်နေခဲ့တယ်..။

လူအိုကြီးက သူ နိုးထသူ အမှန်တကယ်ဖြစ်လာခဲ့ရင် သူ့ဆီမှာ..စမ်းသပ်မူ ကူညီသူ အဖြစ် အလုပ်လာလုပ်ဖို့တောငိ ပြောနေခဲ့တယ်..။

ဆန်နီဟာ သူ့ရဲ့ အချိန်နဲ့ စိတ်ရှည်မူတွေ အတွက် ကျေးဇူးတင်ကာ ထွက်သွားခဲ့တယ်..။

ပြီးတဲ့နောက်မှာတော့ သူ လုပ်စရာ ဘာမှ မရှိတော့ပါဘူး..။

နေဝင်ခါနီး အချိန်မှာတော့ နည်းပြ ရော့ခ်ဟာ သူတို့ အားလုံးကို အိပ်စက်သူ စင်တာမှာ စုဝေးပြီး အပြင်ကို ခေါ်သွားခဲ့တယ်..။

နှင်းတွေကျဆင်းနေတဲ့ အဖြူရောင် အဆောက်အဦးတွေ ကြားထဲမှာတော့ အိပ်စက်သူတွေဟာ နေရာတစ်ခုဆီကို ခေါ်ဆောင်သွားခံနေကြရတယ်..။ဒါက အကယ်ဒမီရဲ့ ဆေးဝါး စင်တာ ပါ..။

စင်တာဟာ ဆေးရုံတစ်ခုနဲ့ မတူပဲ ဗိမာန်တစ်ခုနဲ့တောင် တူနေပါသေးတယ်..။ဒီထဲမှာတော့ အဆင့်မြင့် နည်းပညာတွေနဲ့ အတူ နိုးထသူတွေထဲက အတော်ဆုံး ကုသသူ တွေပါ ရှိနေခဲ့တယ်..။သူတို့ အိပ်မက်ကမ္ဘာထဲကို ခရီးသွားနေတဲ့ အတောအတွင်းမှာတော့ အိပ်စက်သူတွေရဲ့ ခန္တာကိုယ်တွေဟာ ဒီက အထူးပြုလုပ်ထားတဲ့ ဖန်ပြောင်းငယ် ထဲမှာ ထိန်းသိမ်းခြင်းခံထားရမှာပါ..။

ဒီမှာဆိုရင် နိုးထမူအဆင့် ကုသသူ တွေလည်း အဆင်သင့် ရှိနေကြပါတယ်..။

ဒါပေါ့ ပြန်နိုးထတာ မထတာ ကတော့ အိပ်စက်သူတွေ ကိုယ်တိုင်နဲ့ပဲ သက်ဆိုင်ပါတယ်..။

အံ့ဩစွာပဲ သူတို့ ဆေးဝါး စင်တာကို ရောက်တဲ့ အချိန်မှာ နည်းပြ ရော့ခ်ဟာ ဖန်ပြောင်းငယ် လေးတွေ ရှိရာဆီကို တန်းပြီး ခေါ်မသွားခဲ့ပေ..။အဲဒီအစား တံခါးတစ်ခုကို ဖွင့်ပြီး နေရောင် အလင်းတန်းတွေ ဝင်နေတဲ့ အခန်းတစ်ခုစီ ခေါ်သွားခဲ့ပါတယ်..။

ဒီမှာတော့ ဝှီးချဲတွေ အတန်းလိုက် အတန်းလိုက် ရှိနေခဲ့တယ်..။ဝှီးချဲတစ်ခုစီမှာတော့ ငြိမ်းချမ်းတဲ့ မျက်နှာအမူအရာ နဲ့ လူတွေ ရှိနေခဲ့ပါတယ်..။ဒီလူတွေ အကုန်လုံးက တိတ်ဆိတ်ပြီး ခံစားချက် မဲ့နေကြတာပါ..။

တိတ်ဆိတ်ငြိမ်သက်မူ အောက်မှာပဲ ဆန်နီဟာ ကြက်သီးမွေးညှင်းတွေ ထလာပြီး ထိပ်လန့်သလို ခံစားလိုက်ရတယ်..။

နည်းပြ ရော့ခ် ဟာ ဒီလူတွေကို ဝမ်းနည်းစွာ ကြည့်လိုက်ပြီး...

"မင်းတို့ကို ဒီကိုခေါ်လာတာ အကြောင်းပြချက် ရှိတယ်..။သေချာကြည့်ပြီး မှတ်ထားကြ..။ဒီလူတွေ ဘယ်သူတွေလဲ ဆိုတာ တစ်ချို့ကတော့ သိကြလိမ့်မယ်..။သူတို့က မေ့မျောနေတဲ့ လူတွေပဲ.."

သူ အံကိုကြိတ်လိုက်ပြီး..

"သူတို့တစ်ယောက်ချင်းစီတိုင်းက နိုးထသူတွေ ဒါမှမဟုတ် အိပ်စက်သူတွေပဲ.။တစ်ချို့က အားနည်းကြတယိ တစ်ချို့က သန်မာကြတယ်..။တစ်ချို့ဆိုရင် အရမ်းကို အားကောင်းကြတဲ့လူတွေပဲ..။သူတို့ အကုန်လုံး အိပ်မက်ကမ္ဘာထဲမှာ ပျက်ဆီးသွားခဲ့ကြတာ.."

'သူတို့...သူတို့ရဲ့ စိတ်ဝိဥာဥ်တွေက ပျက်ဆီးသွားကြပြီလား..'

ဆန်နီ ကြောက်လန့်သွားခဲ့တယ်..။

'တကယ်လို့ မင်းသာ ကံကောင်းမယ် ဆိုရင် မင်းရဲ့ စိတ်ဝိဥာဥ်သေဆုံးသွားတာနဲ့ ခန္တာကိုယ်ပါ သေသွားလိမ့်မယ်..။ဒါပေမဲ့ မဟုတ်ရင်တော့ မင်းတို့လည်း သူတို့လို ဖြစ်လာလိမ့်မယ်.."

နည်းပြ ရောခ့် ကတ်စတာ နဲ့ နစ်ဖီ တို့ ရပ်နေတဲ့ နေရာကို ကြည့်ပြီး ထပ်ပြောလိုက်တယ်..။

"ဒီတော့..မသေကြစေနဲ့..."

***

နာရီဝက်ကြာပြီးတဲ့ နောက်မှာတော့ အိပ်စက်သူတွေကို သီးသန့်အခန်းထဲ ခေါ်သွားပြီး ဖန်ပြောင်းငယ် ထဲဝင်ဖို့ ပြင်ဆင်ကြရပါတယ်..။

အခန်းတွေထဲက တစ်ခုမှာတော့ မျက်မမြင် မိန်းကလေး ကတ်စီယာ ဟာ မရင်းနှီးတဲ့ နေရာမှာ အသားကျဖို့ ကြိုးစားနေခဲ့တယ်..။နံရံတွေကို သူမရဲ့ လက်နဲ့ လိုက်ပြီး ထိကြည့်နေခဲ့ပါတယ်..။သူမရဲ့ လှပတဲ့ မျက်နှာပေါ်မှာတော့ မျက်ရည်တွေ ဆက်တိုက် စီးကျနေခဲ့တယ်..။

တစ်ခြားအခန်းမှာတော့ ဆက်ခံသူ ကတ်စတာ ဟာ ကြမ်းပြင်ကို စိုက်ကြည့်နေခဲ့တယ်..။သူ့ ပါးစပ်ကတော့ ထူးဆန်းတဲ့ စာသားတစ်ချို့ကို ထပ်ကာ ထပ်ကာ ရွတ်နေခဲ့ပါတယ်..။သူ

တောင်မှ တုန်ရီ နေခဲ့ပါတယ်..။

တစ်ခြားတစ်ဖက်မှာတော့ အင်မော်တယ် မီးတောက် ကလန်ရဲ့ နောက်ဆုံးကျန်ရစ်သူ နစ်ဖီ

ဟာ သူမရဲ့ လက်တွေကို ကြည့်နေခဲ့တယ်..။သူမရဲ့ အရည်ပြားအောက်မှာတော့ အဖြူရောင် အလင်းတန်းတွေဟာ ပိုပိုပြီး တောက်ပလာခဲ့ပါတယ်..။

နောက်ဆုံး အရိပ် အစေခံ ဆန်းလပ်စ် ရှိနေတဲ့ အခန်းမှာတော့..သူ ဟာ ဖန်ပြောင်းငယ်ကနေ အကြည့်ကိုလွှဲကာ အရိပ်ကို ကြည့်ပြီး ပြောလိုက်တယ်..။

"ကောင်းပြီလေ..မင်း အဆင်သင့်ဖြစ်ပြီလား "

အရိပ်ဟာ ပုခုံးသာ တွန့်ပြလိုက်ပြီး ပြန်မဖြေ ခဲ့ပေ..။

ဆန်နီ သက်ပြင်းချလိုက်တယ်..။

"ငါကတော့ အဆင်သင့်ပဲ.."

ပြောပြီးတာနဲ့ သူ ဖန်ပြောင်းငယ် ရှိရာကို တက်သွားပြီး အထဲကို ဝင်လိုက်တယ်..။

***

ကျယ်ပြန့်တဲ့ အမှောင်ထုကြီးထဲမှာတော့ သူ ရင်းနှီးတဲ့ အသံတစ်ခုကို ကြားလိုက်ရတယ်..။

[ အိပ်မက်ကမ္ဘာထဲကနေ ကြိုဆိုပါတယ် , ဆန်းလပ်စ် ]

All Chapters