← Chapters

ကြယ်မရှိတဲ့ ဟင်းလင်းပြင်

Vol. 2 Ch. 30

ကြယ်မရှိတဲ့ ဟင်းလင်းပြင်

Vol. 2 Ch. 30

ဆန်နီဟာ သူ အိပ်မက်ကမ္ဘာထဲကို ဝင်တဲ့ အချိန်ကျရင် ပထမအိပ်မက်ဆိုး တုန်းက လိုပဲ..အရာရာတိုင်းကို အထက်ဆီးကနေ မြင်နေရမယ်လို့ ထင်ထားခဲ့တာပါ..။ပထမ တစ်ခေါက်တုန်းက ဆိုရင် သူ့အနေနဲ့ အချိန်တွေ ပြောင်းပြန် စီးဆင်းနေတာကို မြင်ခဲ့ရပြီး ဘာတွေဖြစ်လာမလဲ ဆိုတာကို သဲလွန်စ ရခဲ့ပါသေးတယ်..။

အဲဒီအစား..အခိုက်အတန့်ရဲ့ နှုတ်ဆက်မူ အပြီးမှာ ဆန်နီဟာ ဘာမှမမြင်ရတော့ နစ်မြုပ်နေသလို ခံစားလိုက်ရတယ်..။သူ ပါးစပ်ဟပြီး အော်ဟစ်ဖို့ ကြိုးစားလိုက်ပေမယ့်..ဆားငန်ရေ တွေသာ ဝင်လာခဲ့တယ်..။

ထပ်ပြောရရင် သူဘာကိုမှ မမြင်နိုင်ခဲ့ပါဘူး..။မဟုတ်ဘူး..ဒါက သူမမြင်နိုင်တာ မဟုတ်ပဲ..ပတ်ဝန်းကျင်မှာ အလင်းရောင်ကို ရှိမနေခဲ့တာပါ..။ပုံမှန်အားဖြင့် အမှောင်ထုက ဆန်နီ အတွက် ပြသနာ မဟုတ်ပေမယ့်..အကြောင်းပြချက် တစ်ချို့ကြောင့် သူ့အမြင်အာရုံက အလုပ်မလုပ်နိုင်ခဲ့ပေ..။

သူ နစ်မြုပ်နေတဲ့ ပင်လယ်ရေ တွေက သူ့ကို တားဆီးထားတာ ဖြစ်နိုင်ပါတယ်..။

တကယ်လို့ အရိပ်တွေက သူ့ကို ပြသနေတဲ့ အထူး အာရုံတစ်ခုကြောင့် သာ မဟုတ်ရင် သူလုံးဝ ကို လမ်းပျောက်နေတော့မှာပါ..။ဒီအကူအညီကြောင့်ပဲ..ဘယ်ဟာက ရေ အပေါ်ကိုလဲ ရေအောက်ကိုလည်း ဆိုတာ ဝါးတားတား သိမြင်နေခဲ့တယ်..။

ကံကောင်းချင်တော့..ဆရာ ဂျူးလီးယက် ရဲ့ သင်ခန်းစာတွေထဲမှာ..ရေကူးခြင်း ပါဝင်ပါတယ်..။ဒီလူအိုကြီးနဲ့ မာစတာ ဂျက် တို့ရဲ့ ကျေးဇူးကြောင့်ပဲ သူ အပေါ်ကို တည်ငြိမ်စွာ ကူးတက်လာနိုင်ခဲ့တယ်..။

ခက်ခဲလွန်းတဲ့ စက္ကန့်အနည်းငယ် ကျော်လွန်အပြီးမှာတော့..သူ့ရဲ့ ဦးခေါင်းက ရေပေါ်ကို ရောက်လာခဲ့ပါတယ်..။ဆန်နီ နောက်ဆုံးမှာတော့ အသက်ကို ပြင်းပြင်းရူခွင့် ရခဲ့ပါပြီ..။

"အသက်ရူ အသက်ရူ ...မင်း အသက်ရှင်နေသေးတယ်.."

.

ဆန်နီ သူ့ခန္တာကိုယ်တည်ငြိမ်သွားတဲ့ အထိ အသက်ကို လုံလောက်အောင် ရူပြီးမှ ဘေးပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပါတယ်..။

သူတွေ့နေရတာ ဆိုလို့ အဆုံးမရှိတဲ့ အနက်ရောင် လှိုင်းလုံးတွေပါ ပဲ..။သူ့ရဲ့ အပေါ်မှာ ရှိနေတာကတော့..ဘာမှ မရှိတဲ့ အနက်ရောင် ကောင်းကင်ကြီးပါ..။ဒီမှာ ကြယ်လည်းမရှိ လလည်း မရှိသလို အဆုံးမဲ့တဲ့ ဘာမှမရှိမူ တွေသာ တည်ရှိနေခဲ့တယ်..။ဆန်နီ မျက်တောင် အကြိမ်အနည်းငယ် ခတ်လိုက်တယ်..။အသဲခိုက်လောက်တဲ့ အေးစက်မူကို စတင်ပြီး ခံစားလာ နေခဲ့ရပါပြီ..။

"ဒါက..ပင်လယ်တစ်ခုလား..။သမုဒ္ဒရာ တစ်ခု လား..။ငါ သမုဒ္ဒရာ ရဲ့ အလယ်ကို ပြုတ်ကျသွားတာလား.."

ဒါတော့ မဖြစ်နိုင်ပါဘူး..။အနီးနားက တစ်နေရာရာမှာ..ကုန်းမြေတစ်ခု တော့ ရှိနေလောက်မှာပါ..။

သူ ထိပ်လန့်နေတုန်းမှာပဲ..ခပ်ဝေးဝေးက အသံတစ်ခုက သူ့အာရုံကို ဖမ်းစားသွားခဲ့တယ်..။ဆန်နီ လှည့်ကြည့်လိုက်တဲ့ အချိန်မှာတော့..တြိဂံ ပုံစံ ဆူးတောင် တစ်ခုက သူ့ဆီကို ရွေ့လျားလာနေတာကို တွေ့လိုက်ရပါတယ်..။ကံကောင်းချင်တော့ ဒါက ..မီတာ တစ်ရာကျော်လောက် ဝေးနေပါသေးတယ်..။

"ခနလေး..တကယ်လို့ ဒီလောက် ဝေးနေသေးတယ်ဆိုရင်..ငါက ဘယ်လိုလုပ် မြင်နေရတာလဲ.."

ရေထဲမှာ နစ်မြုပ်နေသေးပေမယ့်..ဆန်နီဟာ ရုတ်တရက် ချွေးစေးတွေ ထွက်လာသလိုတောင် ခံစားလိုက်ရပါတယ်..။သူ့ ခန့်မှန်းချက်အရတော့ ဒီ ဆူးတောင်က အနည်းဆုံး ငါးမီတာလောက်

မြင့်မှာပါ..။ဒါက သူ့ဆီကို လျင်မြန်စွာ နီးကပ်လာနေပြီး..တစ်စက္ကန့်စီတိုင်းမှာ ပိုပိုပြီး ကြီးလာခဲ့တယ်..။

"ချီးပဲ..ငါ ***အခိုက်အတန့် "

သူ့မျက်လုံးထဲမှာ ထိပ်လန့်မူတွေ အပြည့်နဲ့ ဆန်နီဟာ တစ်ခုခုကို အလျင်အမြန် ရှာဖွေလိုက်တယ်..။အဲဒီအချိန်မှာပဲ သိပ်မဝေးတဲ့ နေရာတစ်ခုမှာ အနက်ရောင် အရာတစ်ခုဟာ ရေပေါ်မှာ ပေါ်နေတာကို တွေ့လိုက်ရပါတယ်..။

သူ နှစ်ခါတောင် မစဥ်းစားတော့ပဲ..အဲဒီအရာ ရှိနေတဲ့ နေရာဆီကို အလျင်အမြန်ကူးလိုက်တယ်..။သို့ပေမယ့် သူ ဘယ်လောက်ပဲ မြန်အောင် ကူးခတ်နေပါစေ ဘာမှန်းမသိတဲ့ သတ္တဝါက ပိုပြီးတော့ မြန်နေတာကို သတိထားမိလိုက်တယ်..။သူတို့ကြားထဲက အကွာအဝေးက ပိုပိုပြီး နီးကပ်လာခဲ့ပါပြီ..။

ဆန်နီ ရဲ့ စိတ်ဝိဥာဥ်ထဲက အစိတ်အပိုင်းတစ်ချို့ကတော့ ဒီလို ထိပ်လန့်စရာ အခြေအနေနဲ့ တွေ့နေတာတောင် သတိမလွတ်သွားအောင် တွန်းအားပေးနေခဲ့တယ် ..။ဆန်နီ စိတ်အေးအေးထားကာ

ခနလောက် တွေးလိုက်တယ်..။ယင်းနောက် သူ့ရဲ့ အရိပ်ကို သူ့ခန္တာကိုယ် ဝန်းကျင်မှာ လှည့်ပတ်ထားပြီး အရှိန်ကို မြင့်တင်စေလိုက်ပါတယ်..။

ဘာမှန်းမသိတဲ့ အရာ သူ့ဆီ မရောက်ခင်မှာပဲ ဆန်နီဟာ အနက်ရောင် တုံးကြီးဆီကို ရောက်လာခဲ့ပြီး လက်နဲ့လှမ်းဆွဲကာ ​ရေထဲကနေ တက်လိုက်တယ်..။သူ အပေါ်ကို တက်နေစဥ်မှာတော့ ကျောက်တုန်းရဲ့ အစွန်းတွေကြောင့် ခန္တာကိုယ်ပေါ်မှာ ခြစ်ရာတွေ ပေါ်လာခဲ့တယ်..။

သူ အပေါ်ကို ရောက်တဲ့ အချိန်မှာပဲ ကျောက်တုံးကြီးကို တစ်ခုခုက အရှိန်ပြင်းစွာ ဝင်တိုက်တဲ့အလား သိမ့်ခနဲ လှုပ်သွားခဲ့ပါတယ်..။

ဆန်နီရဲ့ မျက်စိရှေ့မှာပဲ ရေထဲကနေ ထိပ်လန့်စရာ ပါးစပ်ကြီး ထွက်ပေါ်လာခဲ့တယ်..။ဒီအကောင်ကြီးက အတော်ကို ရှည်လျားပြီး ချွန်ထက် ကြီးမားတဲ့ သွားတွေ ရှိနေခဲ့တယ်..။

ဆန်နီ မျက်လုံးပြူးကျယ်သွားခဲ့ပါတယ်..။သူ တွယ်တက်လာခဲ့တဲ့ ကျောက်တုန်းက သားရဲ လက်ထဲကနေ သူ့ကို ကယ်တင်ဖို့အတွက် လုံလောက်မူ မရှိပါဘူး..။

'ဘာလို့ ငါ့ကို စားဖို့ကြိုးစားနေတာလဲ..။မင်းရဲ့ အစာအနေနဲ့ သတ်မှတ်ဖို့တောင်..ငါက အရမ်း အကောင်သေး နေတယ်လေ..'

သို့ပေမယ့် သားရဲကြီး တိုက်ခိုက်ဖို့ အခွင့်အရေး မရခင်မှာပဲ..ဧရာမကြီးမားတဲ့ လက်ကြီးတစ်ခုဟာ ရေထဲကနေ အပေါ်ကို ထိုးထွက်လာခဲ့တယ်..။သိပ်မကြာခင်မှာပဲ ဒီလက်ကြီးဟာ ကြီးမားတဲ့ ပါးစပ်ကြီးရှိတဲ့ သားရဲရဲ့ ခန္တာကိုယ်ကို ရေအောက်ဆီ ဆွဲခေါ်သွားခဲ့ပါတယ်..။

ဆန်နီ ခြေထောက်တွေ မခိုင်တော့ပဲ..ပါးစပ်အဟောင်းသား ဖြစ်နေခဲ့တယ်..။သူ့ ခန္တာကိုယ် တစ်ခုလုံးကတော့ တုန်ရီနေခဲ့ပါပြီ..။

စက္ကန့် အနည်းငယ်ကြာပြီးတဲ့ နောက်မှာတော့ အနက်ရောင် ပင်လယ်ကြီးဟာ ဘာမှမဖြစ်ခဲ့သလို ပြန်ငြိမ်သက်သွား ခဲ့တယ်..။မတူညီတဲ့ လှိုင်း တွေဟာ..အလင်းမရှိတဲ့ ကောင်းကင်ကြီးအောက်မှာ ဆက်တိုက် ရွေ့လျားနေခဲ့ပါတယ်..။

'ဒီတော့ ဒီသတ္တဝါကြီးက ငါ့ကို စားဖို့ ကြိုးစားနေတာ မဟုတ်ဘူးပေါ့.."

သူ နားလည်သွားခဲ့တယ်..။

'သူလည်း ထွက်ပြေးဖို့ ကြိုးစားနေတာပဲ.."

***

မိနစ် အနည်းငယ် ကြာပြီးတဲ့ နောက်မှာတော့

ဆန်နီဟာ ဘယ်အရာကမှ သူ့ကို အန္တရာယ် မပြုတော့ဘူး ဆိုတာ နားလည်လိုက်တယ်..။အနည်းဆုံးတော့ အခုချက်ချင်း..မဟုတ်သေးပါဘူး..။ဒီလို သေချာသွားတာနဲ့ သူ နည်းနည်း စိတ်သက်သာရာရသွားပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပါတယ်..။

သူ တက်လာခဲ့တဲ့ အရာကတော့ ၁၂ မီတာ ပတ်လည်လောက် ကျယ်တဲ့ ကျောက်တုံးကြီး တစ်ခုပါ..။သူ့ရဲ့ မျက်နှာပြင်ကတော့ အနည်းငယ် ပြားပြီး အက်ကြောင်းတွေ ရှိနေခဲ့တယ်..။သူ့ရဲ့ အစွန်းတွေက..သဘာဝအတိူင်းဖြစ်နေတာထက် တစ်ယောက်ယောက် ဖန်တီးထားတာနဲ့တောင် တူနေခဲ့ပါသေးတယ်..။

ဒါပေမဲ့ အိပ်မက်ကမ္ဘာထဲမှာ တစ်ယောက်ယောက် လုပ်ထားတယ်ဆိုရင်..ဒါက လူသား တစ်ယောက် လုပ်ထားတယ်လို့ ပြောနိုင်ပါ့မလား..။မဟုတ်ရင်...။

အခုချိန်မှာ ဒါတွေကို မတွေးသေးတာက အကောင်းဆုံးပါပဲ..။

ဒီ နေရာက ပင်လယ်ထဲမှာ ဘယ်နေရာကိုမှ ဆက်သွယ် မထားပဲ..သီးသန့်ရှိနေခဲ့တာပါ..။ဆန်နီ မြင်နေရသလောက် ပြောရရင်တော့ ပင်လယ်မျက်နှာပြင်ပေါ်မှာ တစ်ခြား ဘယ်အရာမှ ရှိမနေခဲ့ပါဘူး..။

သေချာ လေ့လာပြီးတဲ့ နောက်မှာတော့ သူ နောက်ထပ် တစ်ခုခုကို တွေ့ရှိသွားခဲ့တယ်..။

ဒါက သူ့အနေနဲ့ ရေတွေ စိုရွှဲ နေပြီး..ကိုယ်တုံးလုံး ဖြစ်နေတယ် ဆိုတာပါပဲ..။

'ဟင် '

သားရဲကြီး လိုက်နေပြီဆိုရင်တော့ ဘယ်သူကမှ အဝတ်အစား ပါမပါကို တွေးနိုင်မှာ မဟုတ်ပါဘူး..။ပြီးတော့ ဒီနေရာမှာ ဘယ်သူမှ သူ့ရဲ့ အဓိက အစိတ်အပိုင်းတွေကို မြင်နိုင်မှာ မဟုတ်ပေ..။

သို့ပေမယ့် အတော်လေး အေးစက်နေခဲ့တယ်..။

ဆန်နီ ရုပ်သေးဆရာရဲ့ ဝတ်ရုံတော် ကို ထုတ်ပြီး သူ့ ခန္တာကိုယ်မှာ ဝတ်ကြည့်လိုက်ပါတယ်..။ဒီဟာနဲ့ အတူ ညှင်သာတဲ့ လည်သာ ဖိနပ်တွေပါ ပါဝင်နေခဲ့တယ်..။မီးခိုးရောင် အင်္ကျီနဲ့ ဖိနပ်တွေကြောင့် ဆန်နီ ပိုပြီး လုံခြုံသလို ခံစားလိုက်ရပါတယ်..။

နွေးထွေးတာကတော့ ပြောနေစရာတောငိ မလိုပါဘူး..။

ဆန်နီကတော့ ကျောက်တုံးကြီးရဲ့ အလယ်မှာထိုင်ပြီး ရေနဲ့ ဝေးနိုင်သမျှ ဝေးဝေးဖြစ်အောင် နေနေခဲ့တယ်..။ယင်းနောက် သူ အိပ်မက်ကမ္ဘာထဲက နယ်မြေတွေကို ပြန်မှတ်မိအောင် လုပ်နေခဲ့ပါတယ်..။

ကံဆိုးစွာပဲ ဘယ်တစ်ခုကမှ ဒီ ကြယ်မရှိတဲ့ အနက်ရောင် ဟင်းလင်းပြင်ကြီးနဲ့ ကိုက်ညီမူ မရှိခဲ့ပေ..။

' ဒါတော့ မဟုတ်သေးဘူး..'

ဆန်နီ သူ့ဟာသူ ဖြည့်ပြီး တွေးလိုက်တယ်..။

"ကံဆိုးတဲ့ လူသားတွေ ဒီကိုရောက်လာမယ် ဆိုရင်တောင် သူတို့က ကမ္ဘာမြေပေါ်ကိုအသက်ရှင်လျက် ပြန်နိုင်ကြဦးမှာပဲ.."

ရေအောက်ထဲမှာ တည်ရှိနေတဲ့ အရာကြီးကလည်း ဘာမှန်း မသိပါဘူး..။

အခုချိန်မှာတော့ ဆန်နီ ကျောက်တုံးကြီးကို စွန့်ခွာပြီး ရေကူးသွားဖို့ ဆန္ဒမရှိပေ..။ဒီတော့ သူ စောင့်ကြည့်နေဖို့သာ ဆုံးဖြတ်လိုက်တယ်..။အချိန်တစ်ချို့ကြာသွားရင် ပြောင်းလဲမူတွေလည်း ဖြစ်လာနိုင်လောက်ပါတယ်..။

ဆန်နီ သက်ပြင်း အနည်းငယ်ချပြီး သူ့ရဲ့ အရိပ်ကို ကြည့်လိုက်ပါတယ်..။သို့ပေမယ့် အဆုံးမရှိတဲ့ အမှောင်ထုကြီး ဝန်းရံနေခဲ့တာ ကြောင့် သေချာတော့ မမြင်ရပါဘူး..။သူ ဒီအရိပ်ရဲ့ တည်ရှိနေမူကိုပဲ ခံစားရတာပါ..။

'ဒါက မင်းအတွက် တော့ နိဗ္ဗာန်ဘုံ ဖြစ်လိမ့်မယ်..ဟုတ်တယ်မလား .။ဒီမှာက မှောင်မဲနေပြီး ကြယ်တစ်ပွင့်တောင် ရှိမနေဘူး.."

ဒါပေါ့ အရိပ်ဟာ သူ့ကို ပြန်မဖြေခဲ့ပေ..။

"ဘာပဲဖြစ်ဖြစ် ..အစောတုန်းက တကယ်တော်တယ်.."

ဆန်နီ ခေါင်းညိမ့်ပြလိုက်ပြီး..လက်ကို ခေါငိးအုံးအဖြစ် အသုံးပြုကာ လဲလျောင်းလိုက်ပါတယ်..။သူ ဘာမှ တွေးမနေပဲ..အနက်ရောင် ကောင်းကင်ကြီး ကိုသာ စိုက်ကြည့်နေခဲ့တယ်..။လှိုင်းလုံးတွေရဲ့ ရိုက်ခတ်သံကလည်း အမှန်တကယ်ပဲ စိတ်ကို အေးချမ်းနေစေခဲ့တာပါ..။

ခနကြာပြီးတဲ့ နောက်မှာတော့ သူ မျက်လုံးကို မှိတ်ထားပြီး နားထောင်နေခဲ့တယ်..။အချိန်တွေ တဖြည်းဖြည်း ချင်းရွေ့လျားပြီး နာရီပိုင်းလောက် ကြာလာခဲ့ပါပြီ..။

ရုတ်တရက် ဆန်နီဟာ ပင်လယ် လှိုင်းတွေရဲ့ ရိုက်ခတ်သံ ပြောင်းလဲ သွားတာကို သတိထားမိလိုက်တယ်..။ဒါက တစ်ခုခု အချိန်းအပြောင်း လုပ်နေသလိုပါပဲ..။သူ မျက်လုံးဖွင့်ကြည့်လိုက်တဲ့ အချိန်မှာတော့ ကောင်းကင်ကြီးရဲ့ ထောင့်တစ်နေရာဟာ ဖြည်းဖြည်းချင်း အညိုရောင်ကို ​ပြောင်းနေခဲ့ပါပြီ..။

မကြာခင်မှာပဲ နေ ရဲ့ အလင်းရောင် မှိန်ဖျော့ဖျော့ဟာ ..ကောင်းကင်ကို ထိုးတက်လာတာကို မြင်နေခဲ့ရပါတယ်..။

ကြယ်မရှိတဲ့ ဟင်းလင်းပြင်ကြီးမှာ နေ့ရက်အသစ် ကတော့ စတင်လာခဲ့ပါပြီ..။

ပြီးတော့ အနက်ရောင် ပင်လယ်ဟာလည်း ရုတ်တရက် ပိုမိုပြီး လှိုင်းထန် လာခဲ့ပါတယ်..။

All Chapters