← Chapters

လှုပ်ရှားမှု

Vol. 113 Ch. 4.1201

လှုပ်ရှားမှု

Vol. 113 Ch. 4.1201

ကျောက်ထောင်းသည် စက်ဝိုင်း၏ ဗဟိုချက်တွင် ရပ်ကာ အလွန်ပင် စိတ်လှုပ်ရှားနေသည်။ နတ်မီးနယ်ပယ်ထဲသို့ ဝင်ရောက်ပြီးနောက် ပထမဆုံးသော နတ်အလင်းသည် မိုင်ထောင်ပေါင်းများစွာအထိ တောက်ပနေနိုင်သည်။

ဒါတွေအားလုံးဟာ ဆရာတူအစ်ကို လုရွှမ်ရဲ့ ကျေးဇူးပါပဲ။ သူတို့နှစ်ယောက်လုံး လုရွှမ်နဲ့ သူငယ်ချင်း ဖြစ်ခွင့်ရတာက ရှားပါးတဲ့ အခွင့်အရေးဆိုတာ သိလိုက်ရသည်။

ယွမ်ရှင်းရဲ့ အရည်အချင်းက တော်တော်ကောင်းပေမယ့် သူ့လောက်တော့ မပြင်းထန်ပါဘူး။ မဟာဂိုဏ်း၏ တပည့်များသည် ၎င်းတို့အတွက် နတ်မီးနယ်ပယ်ထဲ ဝင်ရောက်ကာ ပထမဆုံး နတ်မျှော်စင်မီးလုံးကို ထွန်းညှိရန် အလွန်ရိုးရှင်းကြောင်း သိထားရပါမည်။

သို့သော် သင်သည် မိုင်ထောင်ချီ၍ တောက်ပသော နတ်မီးကို လိုချင်လျှင် အုတ်မြစ် တည်ဆောက်ရခြင်းက အလွန်ခက်ခဲသည်။

ကျောက်ထောင်းသည် နတ်မျှော်စင်မီးလုံးကို ထွန်းညှိလိုက်သောအခါ နတ်မီးသည် မိုင်တစ်သောင်းနီးပါး ထွန်းတောက်လာသောကြောင့် အရည်အချင်း သာမက အခွင့်အလမ်းလည်း လိုအပ်ကြောင်း သူသိလာသည်။

ယွမ်ရှင်း၏ အရည်အချင်းသည် သူ့ထက် နိမ့်ကျသော်လည်း ယခု သူမသည် မိုင်တစ်ထောင်ကို ထွန်းတောက် အောင်မြင်ပြီးပြီ ဖြစ်၍ အခွင့်ကောင်းတစ်ခု ရခဲ့သည်မှာ သိသာထင်ရှားလှပြီး ဒါက ဆရာတူအစ်ကို လုရွှမ်နှင့် သုံးလကြာ လေ့ကျင့်ခြင်းကြောင့် ဖြစ်​လေသည်။

ကျောက်ထောင်းသည် လုရွှမ်နှင့် ကျောက်ချွန်ယန်တို့၏ တိုက်ပွဲကို မြင်တွေ့ပြီးနောက် နယ်ပယ်ကို ဖိနှိပ်ထားနိုင်ရန် ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့သည်။ နယ်ပယ်က ဘာမှမဟုတ်ကြောင်း ရုတ်တရက် သဘောပေါက်သွားပြီး ခွန်အားက အမှန်တကယ် အစွမ်းထက်တဲ့ အရာဆိုတာ တွေ့လာခဲ့သည်။

ဆရာတူအစ်ကို လုရွှမ်က နတ်မီးနယ်ပယ် အဆင့်၂ ဆိုပေမယ့် နတ်မီးနယ်ပယ် အဆင့်၁၀ကို ကျော်လွန်ထားသော ဆရာတူအစ်ကို ကျောက်ချွန်ယန်ကို အနိုင်ယူနိုင်ခဲ့သည်။ သို့ဖြစ်လျှင် နတ်မီးနယ်ပယ် ပြီးပြည့်စုံမှုသို့ ရောက်လျှင် မည်သို့သော ခွန်အားဖြစ်မည်နည်း။

အခြေခံအုတ်မြစ် ခိုင်မာလေလေ၊ အနာဂတ် အောင်မြင်မှုတွေ မြင့်မားလေလေပါပဲ။

လုရွှမ်လည်း ကျောက်ထောင်း လုပ်နေတာတွေကို တစ်ချက် ကြည့်လိုက်ပြီး သူ့ရဲ့ အပြုအမူအတွက် ထောက်ခံမှုနဲ့ အားပေးမှုကို ဖော်ပြလိုက်ပါ၏။ အရေးအကြီးဆုံးက အခြေခံအုတ်မြစ် ခိုင်မာမှသာလျှင် အဝေးကို သွားနိုင်မှာပင်။

"မင်းတို့တွေ နောက်ဆုတ်လိုက်... ငါလည်း အတိဒုက္ခ ကျော်ဖြတ်တော့မယ်"

ဆရာတူအစ်ကို လုရွှမ်၏ အတိဒုက္ခမိုးကြိုးသည် မည်မျှ အစွမ်းထက်သည်ကို မသိသော်လည်း လူနှစ်ယောက်လုံးက လျင်မြန်စွာ လူစုခွဲလိုက်ကြသည်။

လုရွှမ်သာ်သည် ပွင့်လင်းသော နေရာကို ရောက်လာပြီး သူ့နောက်ကျောကို လက်နှစ်ဖက်ပစ်လျက် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ အပေါ်မှ မိုးကြိုးတိမ်များ ဖြည်းညှင်းစွာ ပြောင်းလဲသွားကာ ၎င်းတို့သည် ယွမ်ရှင်း၏ အတိဒုက္ခအပြီးတွင် ကျန်နေခဲ့သည့် အရာများ ဖြစ်လေ၏။

စက်ဝိုင်းအလယ်ခေါင်မှ မိုးကြိုးဘေးဒဏ်ကြောင့် တိုက်ပွဲကို ကြည့်ဖို့ အနီးနားတစ်ဝိုက်မှာ ဂိုဏ်းပေါင်းစုံက တပည့်များစွာ ထွက်လာကြသည်။ စက်ဝိုင်းအလယ်မှာ ဖြတ်သွားပြီးနောက် ၂​ယောက်က နတ်မီးနယ်ပယ်ကို သုံးလအတွင်း ဝင်သွားတာကို တွေ့လိုက်ရသည်။

ပြီးတော့ အဲဒါက နတ်မီးကို မိုင်ထောင်ချီပြီး တောက်စေသေးသည်။ သူတို့ရဲ့ ငတုံးခေါင်းနဲ့ တွေးရင်တောင် အကြောင်းပြချက်က လုရွှမ် နဲ့ ပတ်သက်​နေတာ ဖြစ်ရမယ်လို့ သိနိုင်၏။

"မင်းတို့တွေ ဝေးဝေးရှောင်ကြ.... ငါအတိဒုက္ခကို ဖြတ်သန်းတော့မယ်.....မဆိုင်တဲ့လူတွေ ဒဏ်ခံရနိုင်တယ်... "

တချို့လူတွေက လမ်းကနေ ထွက်သွားပေမယ့် တချို့လူတွေကတော့ အဝေးမှာ နေကြတုန်းဘဲ။ သူ့စကားတွေက လူတိုင်းကို ဆွဲဆောင်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် လုရွှမ် ဂရုမစိုက်တော့ပေ။ လုံ့လစိုက်ထုတ်ပြီး ကိုယ်လုပ်ချင်တာကို လုပ်သင့်တယ် မဟုတ်လား။

အဲဒီနောက် လုရွှမ်ခန္ဓာကိုယ်မှ အလွန်အားကောင်းသော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။ ပြင်းထန်သော စွမ်းအားသည် အခြားလူများကို လွှမ်းလုနီးပါး ဖြစ်လာလေရာ တစ်နေရာတည်းမှာ မနေနိုင်​ကြတော့ပေ။

ထိုနေရာတွင် ရပ်ဆဲနေသော အတွင်းစည်း တပည့် အနည်းငယ်သည် ထိတ်လန့်တုန်လှုပ်သွားကာ မျက်နှာများ နီရဲသွား၏။ သူတို့ဘာသာ အရှက်ကွဲကာ အခြားတပည့်များကို မကြည့်ဝံ့ကြပေ။

သူတို့ကို ကြည့်နေတဲ့ လူတွေရဲ့ မျက်လုံးတွေဟာ ရှုတ်ချမှုတွေ ပြည့်နှက်နေမှာ အသေအချာပင်။ မိုးကြိုးတိမ်များသည် မိုးကုပ်စက်ဝိုင်းမှ တစ်ခုပြီးတစ်ခု ရွေ့လျားကာ မီးထွက်တောင်ထွတ်သို့ တိုးဝင်လာသည်။

လေနှင့် တိမ်မျာက လှိုင်းထန်ကာ၊ နတ်မိုးခြိမ်းသံများ ပေါက်ကွဲနေသည်။ ကောင်းကင်ယံ၌ မိုးကြိုးများ ဟောက်ကာ မီးထွက်တောင်ထွတ် တစ်လျှောက် မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။

ဝုန်း!

မီးထွက်တောင်ထွတ်၏ တိုက်ရိုက်တပည့်များလည်း နေထိုင်ရာ ဂူထဲမှ တစ်ယောက်ပြီး တစ်ယောက် ထွက်လာကြသည်။ တောင်ထိပ်ကို ထူးထူးခြားခြား ကြည့်နေကြပြီး တိမ်တိုက်များ စုပုံနေသေးသည်ကို သူတို့ နားမလည်နိုင်လောက်အောင် ခံစားခဲ့ရသည်။

ဒြပ်စင်ငါးပါး မဟာဂိုဏ်းက အလွန်ကြီးမားသော မဟာဂိုဏ်းတစ်ခု ဖြစ်သည်။ တောင်ထွတ်ငါးတောင်သည် အလွန်အစွမ်းထက်လှပြီး ၎င်းတို့၏ ဂူများက ရာနှင့်ချီ၍ အားကောင်း​ကြသည်။

တောင်ထွတ် ထိပ်တိုင်းတွင် အခင်းအကျင်း ကန့်သတ်ချက်များ ရှိထားပါသည်။ တောင်ပေါ်တွင် တပည့်ထောင်ပေါင်းများစွာ ရှိနေပါက ဘေးဒဏ်မှ မလွတ်မြောက်ပါက မိုးခြိမ်းသံများ ထွက်ပေါ်လာမည် ဖြစ်သည်။

ထို့ကြောင့် တစ်စုံတစ်ဦးသည် အတိဒုက္ခကို ကျော်လွှားရန် ပေါ်လာခဲ့လျှင် အခြားလူများကို ထိခိုက်မည့်အစား အတိဒုက္ခ၏ တန်ခိုးနှင့် အသံကို တောင်ထိပ်ရှိ အခင်းအကျင်း ကန့်သတ်ချက်များရဲ့ ထိန်းချုပ်မှုက ပေါ်လာလိမ့်မည်။

ဤအခိုက်အတန့်တွင် ဤတိုက်ရိုက် တပည့်များသည် တောင်ထိပ်ပေါ်ရှိ မိုးခြိမ်းသံကို ကြီးစွာသော စိတ်ရှုပ်ထွေးမှုဖြင့် ကြည့်နေကြသည်။

သူတို့သည် အထွတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သောကြောင့် အတိဒုက္ခကို ကျော်လွှားနေသော လူဟာ အတွင်းစည်း တပည့်များ ဖြစ်မည်ဟု ခန့်မှန်းမိကြသည်။ အရှိန်အဟုန်မြှင့်ဖို့ ဘယ်လောက်​တောင် ကြာမလဲ။

လက်ရှိ မိုးကြိုးတိမ်တိုက်တွေရဲ့ လှိုင်းထန်မှုကို ကြည့်ပြီး ထိုသူကတော့ နတ်မီးနယ်ပယ်မှာ ရှိနေသော်လည်း အတိဒုက္ခကို ဖြတ်သန်းနေတဲ့ အရှိန်အဝါက မျှော်စင်နယ်ပယ် တပည့်တစ်ယောက် ဖြစ်နေပါသေးသည်။

တစ်ယောက်ပြီး တစ်ယောက် ကြည့်ရင်း ဘာတွေဖြစ်နေတာလဲ ရှင်းရှင်းလင်းလင်း သိချင်တာကြောင့် အတူတူ တောင်ထိပ်ဆီသို့ အသီးသီး ပြေးတက်သွားကြသည်။

တောင်၏အစွန်းတွင် ပုန်းအောင်းနေသော အတွင်းစည်း တပည့်များသည် တိုက်ရိုက်တပည့်များ၏ အသွင်အပြင်ကို သဘာဝအတိုင်း သတိပြုမိကာ တစ်ယောက်ပြီး တစ်ယောက် အလျင်အမြန် နှုတ်ဆက်ကြသည်။

"ဘာဖြစ်နေတာလဲ.... ဘယ်သူက အတိဒုက္ခကို ဖြတ်သန်းနေတာလဲ ဒီလို ကြီးမားတဲ့ လှုပ်ရှားမှုကြီးက ဘယ်လိုလုပ် ဖြစ်လာနိုင်တာလဲ"

"အစ်ကိုချီ.... အဲဒါက ဆရာတူအစ်ကို လုရွှမ်ပါ!"

"လုရွှမ်?? အဲ့ဒါဘယ်သူလဲ"

"ဒီလိုပါ အစ်ကို... အကြီးတန်းအစ်ကို လုရွှမ်က လွန်ခဲ့တဲ့ ၃ နှစ်လောက်က တောင်ဂိုဏ်း တံခါးဖွင့်တုန်းက ဝင်ခွင့်ရတဲ့ တပည့်ပါ... အတွင်းစည်းထဲကို တိုက်ရိုက် ဝင်ခွင့်ရပြီး သခင်​လေးချန်ရှီနဲ့လည်း ရန်ငြိုး ရှိထားတယ်လို့ ကြားမိတယ်"

"အိုး အဲဒီကောင်လေးလား.... သူက နတ်မီးနယ်ပယ် မဟုတ်ဘူးလား"

"ဆရာတူအစ်ကိုချီ... သူ နတ်မီးနယ်ပယ် အဆင့်မှာ ရှိနေတာတော့ အမှန်ပါပဲ"

"ထူးဆန်းတယ်"

ဒီစကားတွေကို ခဏခဏ ကြားလာရတော့ တိုက်ရိုက်တပည့်တွေ အားလုံးလည်း အံ့ဩသွားကြသည်။

ဤသည်မှာ နတ်မီးနယ်ပယ် ဒုတိယအဆင့်ရှိ လူတစ်ယောက်၏ အတိဒုက္ခပင်။ မျှော်စင်နယ်ပယ်က လူတစ်ဦးဆိုလျှင်တောင် ဤကြီးစွာသော ဘေးဆိုးကြီးမှ လွတ်မြောက်ခဲ့လျှင် ကြောက်စရာကောင်းပုံ မပေါ်ပေ။

၎င်းက​တော့ အခုထိ အရှိန်မြှင့်နေဆဲ။

ပြင်းထန်သော ဖိအားများ တဖြည်းဖြည်း ကျလာပြီး ရက်စက် ကြမ်းကြုတ်သော အင်အားကို ကောင်းကင်ဘုံသခင် နယ်ပယ်ရှိ လူများ လုံးဝ မခုခံနိုင်တော့ဘဲ တောင်ထိပ်ပေါ်မှ တစ်ယောက်ပြီး တစ်ယောက် ပျံဆင်းသွားကြသည်။

တိုက်ရိုက် တပည့်များသည် လုရွှမ်၏ အတိဒုက္ခကို အနီးကပ်ကြည့်ရှုရန် မီးထွက်တောင်ထွတ်ထိပ်တွင် အသီးသီး တက်လာကြသည်။ ဤအခိုက်အတန့်တွင် သူတို့သည် လုရွှမ် ကျော်ဖြတ်နိုင်မလား အလွန်သိချင်နေခဲ့၏။

အနည်းငယ်မျှ အမည်တပ်ရလျှင် သူတို့၏ နှလုံးသားထဲတွင် ချီးမွမ်းခြင်း၊ အံ့ဩခြင်း၊ အထင်အမြင်သေးခြင်းနှင့် ရှုတ်ချခြင်းများ အစုံအလင် ရှိ​နေပါသည်။

အတိဒုက္ခကို ဖြတ်သန်းပြီးမှသာ အရာအားလုံးသည် သဘာဝအတိုင်း ရှင်းလင်းလာလိမ့်မည်။

နောက်ဆုံးတွင် မိုးကြိုးတိမ်များသည် အရှိန်အဟုန်ဖြင့် စုစည်းမှု ပြီးဆုံးသွားသောအခါ မိုးကြိုးတိမ်များသည် ကောင်းကင်နှင့် နေကို ဖုံးလွှမ်းသွားသည်။ ၎င်းသည် တောင်ထိပ် တစ်ခုလုံးနီးပါးကို ဖုံးလွှမ်းသွားသည့် အလွန်ကြီးမားသော မိုးကြိုးတိမ်လွှာ တစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။

အခြားတောင်ထိပ်များမှ လူများကိုပင် ဤနေရာက မိုးတိမ်တောင်များက ဆွဲဆောင်သွားခဲ့သည်။ သူတို့ရှိရာ တောင်ပေါ်သို့ ပျံတက်သွားကာ ဘယ်အမာခံ တပည့်က အတိဒုက္ခ ကြုံတွေ့နေရသလဲ တွေးတောနေကြပါသည်။

All Chapters