← Chapters

လုံးဝ ယုံကြည်ပါတယ်

Vol. 113 Ch. 4.1206

လုံးဝ ယုံကြည်ပါတယ်

Vol. 113 Ch. 4.1206

"ဒီကလေးရဲ့ ခွန်အားက တော်တော်ကို အားကောင်းနေပြီ မင်း သူ့ကိုယ်ပေါ်က အရာတွေကို မြင်လိုက်တယ်မလား... ကျစ် ကျစ် တကယ်သာ ရန်ဖြစ်ရင်တော့ ဟီးဟီး ဟိုကောင်လေးတွေ မျက်ရည်ကျကုန်လိမ့်မယ်"

ချီးဖုန့်ကျူက သူမအပြုံးကို မျိုသိပ်ထားပြီး မျက်လုံးတွေကို ငြိမ်သက်ထားသည်။

"ဒီကောင်လေး လုရွှမ်နဲ့ဆို အခု နတ်ခန္ဓာ သုံးယောက်ရှိနေပြီ!"

တုံးဖန်းမုသည်လည်း ချီးဖုန့်ကျူ၏ ဆိုလိုရင်းကို သဘာဝကျကျ သိပါသည်။ အသက်အရွယ် ကြီးရင့်လာသောအခါတွင် မရေမတွက်နိုင်သော ပါရမီရှင်များ ကမ္ဘာသို့ ရောက်ရှိလာမည်မှာ သဘာဝအတိုင်းပင် ဖြစ်သော်လည်း ဘေးအန္တရာယ်နှင့် အပြောင်းအလဲ တစ်ခုလည်း ဖြစ်လာလိမ့်မည်။

"အဲဒီကလေး လုရွှမ်က ငါတို့ ဒြပ်စင်ငါးပါး မဟာဂိုဏ်းရဲ့ အနာဂတ်ပဲ ကောင်းကောင်း ကာကွယ်ထားရမယ်"

နှစ်ယောက်သား လေးလေးနက်နက် ခေါင်းညိတ်လိုက်ကြသည်။

အောက်ဖက်တွင်တော့ လုရွှမ်က လူတိုင်းကို ကြည့်လိုက်ပြီး အားလုံးကလည်း သူ့ကို ကြည့်နေကြသည်။ သူ့ကို ယခင်က မနှစ်သက်ခဲ့သော အတွင်းစည်း တပည့်များက ၎င်းတို့သည် ရေတွင်းထဲမှ ဖားများသာဖြစ်ပြီး ဘာမှမသိကြောင်း ရုတ်တရက် သဘောပေါက်သွား၏။

ကျောက်ထောင်းနဲ့ ယွမ်ရှင်းတို့က လုရွှမ်အတွက် အပျော်ဆုံးဖြစ်ပြီး စိတ်လှုပ်ရှားစွာ ခုန်ပေါက်ရင်း တောင်ပေါ်က ခုန်ဆင်းသွားကြသည်။

အမာခံတပည့်များနှင့် တိုက်ရိုက်တပည့် များစွာတို့သည် ပြေးလာကြပြီး 'ဆရာတူညီလေးလု' ဟုပင် တစ်ယောက်ပြီး တစ်ယောက် ချစ်ခင်စွာ အော်ခေါ်ကြသည်။ လုရွှမ်က ကောင်းကင်ကို ပျံတက်ဖို့ ရည်မှန်းထားပြီးသားမို့ ဒီလို ပါရမီရှင်ကို ကပ်ထားရမည်လေ။

သို့သော် တပည့်များစွာသည် လွန်ခဲ့သည့် သုံးနှစ်က လုရွှမ်နဲ့ သခင်လေးချန်ရှီးတို့ကြားမှ ပြဿနာကို သိထားပါသေးသည်။ လုရွှမ်က ရှေးဟောင်းကျမ်းခန်းမနှင့် အခြားနေရာများတွင် ကျင့်ကြံနေခြင်းကြောင့်သာ သခင်လေးချန်ရှီးက ဒေါသထွက်ရန် အခွင့်မရခဲ့ပေ။

ယခုဆိုလျှင် လုရွှမ်၏ ပြင်းထန်သော အုံကြွမှုသည် မလွဲမသွေ အသစ်သော မငြိမ်မသက်မှုကို ဖြစ်စေသည်။ ပြီးတော့ ဒီလူတွေဟာ သဘာဝအတိုင်း နှစ်ဖက်ထဲက တစ်ဖက်ကို ရွေးချယ်ဖို့ လိုပါလိမ့်မည်။

လက်ရှိအမြင်အရ လုရွှမ်၏ အရည်အချင်းသည် ထူးထူးခြားခြား ဖြစ်သော်လည်း သူသည် ချန်ရှီးထက်တော့ အားနည်းနေသေးသည်။ သို့သော်လည်း လုရွှမ်ဟာ တူညီသော နယ်ပယ်ရှိ လူအားလုံးထက် အားကောင်းနေဆဲဖြစ်သည်။

သို့သော် နောက်ဆုံးတွင် သခင်လေးချန်ရှီး၏ ဖခင်သည် မီးထွက်တောင်ထွတ် သခင် အောင့်ယန် ဖြစ်တာမို့ သူတို့ရဲ့ ကျင့်ကြံမှု ကွာဟချက်က ကြီးမားလာမည် ဖြစ်သည်။

အထူးသဖြင့် လုရွှမ်နဲ့ သခင်လေးချန်ရှီးတို့ကြားက မကျေလည်မှုများကို ဖြေရှင်းရန်အတွက် တောင်ထွတ်သခင် အောင့်ယန်က သူ့အား တပည့်အဖြစ် ခေါ်ဆောင်သွားခဲ့သော်လည်း မမျှော်လင့်ဘဲ လုရွှမ်ဟာ လက်ရှိအခြေအနေကို သတိမပြုမိဘဲ ငြင်းဆန်ခဲ့သည်။

၎င်းသည် သခင်လေးချန်ရှီးကို စော်ကားရုံသာမက တောင်ထွတ်သခင် အောင့်ယန်ကိုလည်း စော်ကားခဲ့သည်။ ဘယ်လိုရှေ့တိုးပြီး ဘယ်လို နောက်ဆုတ်ရမလဲ မသိသော သူသည် သဘာဝအားဖြင့် ၎င်းတို့အား မျက်နှာသာမပေးတတ်ပေ။ ဒီလိုလူတစ်ယောက်နဲ့ ရှိနေတာကို မေ့ထားလိုက်တာက ပိုကောင်းပါ၏။

လုရွှမ်ကတော့ သူနှင့်ရင်းနှီးသည်ဖြစ်စေ မရင်းနှီးသည်ဖြစ်စေ တစ်ယောက်ကိုမှ ဂရုစိုက်မနေချေ။ အချိန်အတော်ကြာ စကားပြောပြီးနောက် မီးထွက်တောင်ထွတ်မှ အကြီးတန်း ညီအကို မောင်နှမများကို အဝေးသို့ နှင်ထုတ်ခဲ့သည်။ မူလတောင်ထိပ်တွင် ပြင်ပလူနှစ်ဦးသာ ကျန်တော့သည်။

၎င်းသည် ရွှေသက်တမ်းတောင်ထွတ်က ရှောက်လော့နဲ့ နက်ရှိုင်းရေတောင်ထွတ်က လော့ဟွားတို့ပဲ ဖြစ်ကာ သူတို့လည်း အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့ကြခြင်း ဖြစ်သည်။

လော့ဟွား လုရွှမ်၏ မျက်လုံးများဖြင့် တင်းတင်းကြပ်ကြပ် စိုက်ကြည့်ကာ သူမ ယခင်က မြင်ခဲ့သော ကပ်ဆိုးကြီးကို သတိရမိသည်။ သူမသည် လုရွှမ်နှင့် မယှဉ်နိုင်မှန်း သိသာနေပြီ ဖြစ်သော်လည်း သူမ၏ ဇွဲလုံ့လကြောင့် သူမသည် တစ်ပွဲလောက် တိုက်ချင်နေပြီ။

တောင်ထွတ်သခင် ချီးဖုန့်ကျူပင်လျှင် အရာအားလုံးကို စွန့်လွှတ်ပြီး ပြိုင်ဆိုင်မှုကောင်းပါက မထင်မှတ်ထားသော အမြတ်အစွန်းများ ရှိလာပေလိမ့်မည်ဟု ပြောခဲ့သည်။

"နတ်သမီးလော့ဟွား မင်းငါ့ကို တိုက်ချင်သေးလား"

လော့ဟွား ခေါင်းညိတ်လိုက်ပြီး "မင်းနဲ့ငါကြားက ကွာဟချက် ဘယ်လောက်ကြီးလဲဆိုတာ ငါကြည့်ချင်တယ်"

"ကောင်းပြီ မင်းဓားကို ဆွဲထုတ်လိုက်!"

နတ်သမီးလော့ဟွား သူမ၏ လက်ဖဝါးကို ပွတ်လိုက်ပြီး လျင်မြန်သော မိုးဖြတ်ဓားကို သူမလက်ထဲတွင် ကိုင်ထားလိုက်သည်။ ထို့နောက် ထွက်လာသော ဓားတစ်လက်နှင့် လုရွှမ်ဆီသို့ ပြေးဝင်သွားလေသည်။

လွန်ခဲ့သော သုံးလနှင့် နှိုင်းယှဉ်ပါက သူမ၏ အရှိန်နှင့် ခွန်အား နှစ်ခုစလုံးသည် ပိုမိုအားကောင်းလာသည်။

သူမမျက်လုံးနဲ့ စိတ်ထဲတွင် ထူးထူးခြားခြား ငြိမ်သက်နေသည်။ မျက်လုံးထဲတွင် ဓားတစ်လက်သာ ကျန်ခဲ့ပုံရပြီး ဓားဖျားက တောက်ပလျက် ရှိသည်။ တန်ခိုးနှင့်ပြည့်နေသော အေးခဲနေသော ရောင်ဝါအစင်းကြောင်းများကို ဆွဲထုတ်လိုက်သည်။

လုရွှမ်၏ မျက်လုံးများလည်း တောက်ပလာသည်။ ဤဓားသည် အေးစက်နေရုံသာမက အအေးဓာတ်အထိပါ ကျဆင်းသွားသည်။ ဓားတွင် စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓား၏ ခံစားချက်ရှိနေ၏။ ဘာမှမထူးခြားဘဲ ရိုးရှင်းသော်လည်း ထူးထူးခြားခြား ခြိမ်းခြောက်မှုကို ထုတ်ဖော်သည်။

"ဒီဓားက အရမ်းကောင်းတယ်"

လုရွှမ် ပြုံးပြီး ပြောလိုက်သည်။ စကား အသွားအလာက နှိမ်နေသယောင် ရှိသော်လည်း သူ့လေသံက နတ်သမီးလော့ဟွားကို ညွှန်ကြားချက်ပေးနေသလိုပဲ။

ဒါပေမဲ့ တိုက်ပွဲကို စောင့်ကြည့်နေတဲ့ နတ်သမီးလော့ဟွားနဲ့ ရှောက်လော့တို့ နှစ်ယောက်စလုံးက အဲဒါကို ပေါ့ပေါ့တန်တန်ပဲ သဘောထားကြပါသည်။ လုရွှမ်သည် ဤလှုပ်ရှားမှုနှင့် အလွန်ဆင်တူသော စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားဖြင့် ခုတ်ချလိုက်သည်။

လော့ဟွား၏ မျက်လုံးများ တောက်ပလာပြီး ဓားစွမ်းအင်ကို သူမ ရှင်းရှင်းလင်းလင်း သဘောပေါက်သွားသည်။

လွန်ခဲ့သော သုံးလနှင့် နှိုင်းယှဉ်ပါက လော့ဟွား သို့မဟုတ် ရှောက်လော့တို့က မျှော်မှန်းထားသည်ထက် ပိုမိုတိုးတက် ကောင်းမွန်လာခဲ့သည်။ နယ်ပယ်တိုးတက်ခြင်းထက် အမြော်အမြင် တိုးပွားခြင်းနှင့် နားလည်မှု ကျယ်ပြန့်လာခြင်းဟု ဆိုရမည်။

တူညီသော လှုပ်ရှားမှုသည် ထိုအချိန်ကထက် လုံးဝ ကွဲပြားသော အကျိုးသက်ရောက်မှုများ ရှိခဲ့သည်။ လော့ဟွား တိုးတက်နေသော်လည်း တိုးတက်မှု အရှိန်နှင့် နှိုင်းယှဉ်ပါက လုရွှမ်နောက်တွင် များစွာ နောက်ကျ ကျန်နေပါသေးသည်။

"လူက မြေကြီးကိုလိုက်... မြေက ကောင်းကင်နောက်ကလိုက်... ကောင်းကင်က ကျင့်စဥ်နောက်လိုက်ပြီး ကျင့်စဥ်က သဘာဝအတိုင်း လိုက်လာလိမ့်မယ်"

လုရွှမ် နောက်ထပ် ဓားတစ်ချောင်းကို လွှင့်ပစ်လိုက်ပေမယ့် ဒါက ယွမ်ယန်ဓားကိုးစင်း၏ ဒုတိယဓားပဲ ဖြစ်သည်။ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး တောင်ထိပ် တစ်ခုလုံးရှိ ဓားရှည်များသည် လေထဲသို့ ချက်ချင်း ပျံတက်သွားသည်။

နတ်သမီးလော့ဟွားရဲ့ လက်ထဲက နတ်လက်နက်နဲ့ ရှောက်လော့လက်ထဲက ဓားရှည်တွေတောင် တုန်နေသည်။ ဓားစွမ်းအင်တွေက ပြိုင်ဘက်တွေရဲ့ ဓားသွားတွေကို ပြင်းပြင်းထန်ထန် ထိခိုက်စေပေ၏။

"ဓားပညာကို ပိုနက်ရှိုင်းစွာ နားလည်လေလေ၊ ဓားလမ်းကို လိုက်နိုင်လေလေပဲ... မင်းတို့နှစ်ယောက်လုံး ဓားရှည်ကို အခုလေးတင်ကမှ ရခဲ့တာမလား.... မင်းတို့ရဲ့ ဓားပညာက အရင်ဓားထက်​တော့ မ​ကောင်းဘူး"

လုရွှမ် ပြောတဲ့စကားက အမှန်တွေပါကဲ။ သူတို့နှစ်ယောက်ရဲ့ ဒီဓားရှည်တွေကို မကြာသေးမီကမှ ရရှိခဲ့တာ။

အခုပဲ လုရွှမ်ရဲ့ ဓားရည်ရွယ်ချက်က ချုပ်ငြိမ်းသွားပြီ။ တိုက်ပွဲအတွင်းမှာ သူတို့ဟာ နတ်လက်နက်ကိုတောင် ခဏလောက် မထိန်းချုပ်နိုင်ခဲ့ပါဘူး။ ခဏတာအမှားက သူတို့ကို ထာဝရအမှား ဖြစ်သွားစေနိုင်သည်။

"လုရွှမ် လော့ဟွား မင်းတို့ စိတ်မရှိရင် ငါလည်း တိုက်ပွဲအဖွဲ့ထဲ ပါဝင်မယ်"

ရှောက်လော့က ရုတ်တရက် ဝင်ပြောလိုက်သည်။

လော့ဟွား မျက်နှာက နီရဲသွားသော်လည်း ရှောက်လော့ရဲ့ ဆိုလိုရင်းကို သူမ နားလည်သည်။ သူမအစွမ်းကုန် ကြိုးစားခဲ့ပေမဲ့ လုရွှမ်က အမြင့်ဆုံးခွန်အားကို မထုတ်သေးပါဘူး။ အဲဒီလို ပြိုင်ဆိုင်မှုမျိုးကို ဘယ်လိုလုပ် အနိုင်ယူနိုင်ပါ့မလဲ။

နည်းနည်းရှက်စရာ ကောင်းပေမယ့် ဒါက အမှန်တရားလည်း ဖြစ်နေသည်။

လုရွှမ်၏ မျက်လုံးများတွင် မျှော်လင့်ချက် အရိပ်အယောင် ပေါ်လာသည်။ သူတို့ နှစ်ယောက် အတူတူ အလုပ်လုပ်ရင်း သူ့အပေါ် ကြီးမားသော ဖိအားများ ပေးလာခဲ့သည်။ ၎င်းသည် သူ၏ခွန်အားကို အပြည့်အဝ ပြသရန်လည်း ကူညီပေးနိုင်ပြီ အနာဂတ်တွင် ဝိုင်းထားခံရသးမည့် ခံစားချက်အချို့ကို ကြိုတင်သိရှိနိုင်သည့် နည်းလမ်းတစ်ခုလည်း ဖြစ်သည်။

လော့ဟွားရ ခေါင်းညိတ်ပြပြီး ရှောက်လော့နဲ့ အတူ ဓားရှည်များဖြင့် လက်တွဲ တိုက်ခိုက်ခဲ့သည်။

ထန်းထန်းထန်း!

ဓားသံများက အဆက်မပြတ် တုန်ခါနေသည်။

အမွှေးတိုင်တစ်ချောင်း၊ အမွှေးတိုင်နှစ်ချောင်းနဲ့ တစ်နာရီလောက် ကုန်သွား၏။ သုံးယောက်သား မြေပြင်ပေါ်တွင် တလှိမ့်လှိမ့် တဝှစ်ဝှစ်ဖြင့် ပြေးလွှားနေရာ စိတ်လှုပ်ရှားစွာ ဝိုင်းရံနေသော ရဟန်းတော်များလည်း မူးဝေသွားကြသည်။

မသိစိတ်ဖြင့် ကြည့်ရှုသူ အရေအတွက်သည်လည်း သောင်းနှင့်ချီ ကျော်လွန်သွားခဲ့သည်။

All Chapters