ဆရာတူအစ်ကိုနဲ့ ဆရာတူအစ်မ
Vol. 113 Ch. 4.1207
အတွင်းစည်း တပည့်များအားလုံး ပြေးတက်လာကာ ဤလူသုံးယောက်ကြားက တိုက်ပွဲကို အဝေးကနေ ကြည့်နေကြသည်။
တိုက်ရိုက်တပည့် အချို့သည် လုရွှမ်၏စစ်မှန်သော ခွန်အားကို တွေ့မြင်ရန် တစ်ဖန် ပြန်ရောက်လာကြပြန်သည်။ အမာခံတပည့်အချို့ပင်လျှင် သူတို့ကြားက တိုက်ပွဲကို အနီးကပ်စောင့်ကြည့်နေ၏။
လေထဲတွင် သခင်အချို့ တိတ်တဆိတ် ဆင်းသက်လာသော်လည်း သူတို့ရဲ့ အရိပ်အယောင်များကို ထုတ်မပြထားပေ။
နှစ်နာရီအကြာတွင် လော့ဟွားနဲ့ ရှောက်လော့တို့ နောက်ဆုံးတွင် မြေပြင်ပေါ်သို့ ဆင်းသက်ကာ မိုးရေကဲ့သို့ ချွေးများ စီးကျလာခဲ့သည်။ လုရွှမ်၏ အသက်ရှူသံ အနည်းငယ် လျင်မြန်သော်လည်း သူ့ခန္ဓာကိုယ်မှာ ခွန်အားများ ရှိနေဆဲဖြစ်သည်။
လော့ဟွား: "ဆရာတူမောင်လေး လုရွှမ်.... ဒီတစ်ခါတော့ ငါ တကယ်ကို ယုံသွားပြီ နင့်ရဲ့ ခွန်အားက ငါတို့နှစ်ယောက်ထက် အများကြီး သာတယ်"
ရှောက်လော့မှာ ခါးကို ဖြောင့်အောင် မထိန်းနိုင်လောက်အောင် ပင်ပန်းနေသော်လည်း သူက ခေါင်းညိတ်ပြနေသေးသည်။
"ညီလေးလုရွှမ် မင်းရဲ့ ခရီးစဉ် ချက်ချင်း အောင်မြင်မယ်လို့ ငါယုံကြည်တယ်"
လုရွှမ် သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ဆေးနှစ်လုံးကို ထုတ်ပေးလိုက်သည်။
"လာ.... အဲဒါတွေက ယွမ်စွမ်းအားကို အားဖြည့်ဖိုပဲ... သက်ရောက်မှုက အရမ်းကောင်းပါတယ်"
နှစ်ယောက်သား လုရွှမ်ကို အံ့အားသင့်စွာ ကြည့်နေကြသည်။
"ငါလုပ်ထားတာ... ငါက အဂ္ဂိရတ်ပညာရှင် တစ်ယောက်ပါ"
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ပြန်သည်။ အဂ္ဂိရတ်ဆေးက အနံ့ခံရုံဖြင့် အလွန်အဖိုးတန်ပြီး အလွန်ပြင်းထန်သော ဆေးဖက်ဝင် ဂုဏ်သတ္တိများ ရှိသည်ကို သိနိုင်ပေသည်။ ယခင်တိုက်ပွဲအပြီးတွင် သူတို့နှစ်ဦးနှင့် လုရွှမ်အကြား ဆက်ဆံရေးသည် အလွန်တိုတောင်းခဲ့ပြီး ယခုတော့ ဟန်ဆောင်မှုမရှိဘဲ ဆေးလုံးကို ပါးစပ်ထဲသို့ မျိုချလိုက်သည်။
ပြင်းထန်သော ဆေးဖက်ဝင် အာနိသင်တစ်ခုသည် ဝမ်းဗိုက်အောက်ပိုင်းမှ အရှိန်ပြင်းပြင်းနှင့် ထိုးတက်လာသည်။ ဆေးစွမ်းအင်က ခြေလက်နှင့် အရိုးများဆီသို့ တခဏချင်း စီးဆင်းသွားကာ ယန်စွမ်းအင် ကဲ့သို့ သန့်စင်သော စွမ်းအားလှိုင်းများက ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပြီး ၎င်းတို့၏ စွမ်းရည်များကို ကုသကာ ချက်ချင်းပင် အလိုအလျောက် လည်ပတ်နေတော့သည်။
တခဏချင်းမှာပဲ အဲဒီစွမ်းအားဟာ သူတို့ကျင့်ကြံမှုရဲ့ အလွန်သန့်စင်တဲ့ ယွမ်စွမ်းအင်အဖြစ် ပြောင်းလဲသွား၏။ ခန္ဓာကိုယ်ပေါ်က ပင်ပန်းနွမ်းနယ်မှုကို အနည်းဆုံး ထက်ဝက်လောက် လျော့သွားလေသည်။
နှစ်ယောက်သား အံ့သြတကြီး မတ်တပ်ထရပ်ကာ နှလုံးသားထဲတွင် ခံစားချက်များ ပြည့်နှက်စွာဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။
၎င်းတို့အားလုံးသည် ဒြပ်စင်ငါးပါး မဟာဂိုဏ်း၏ တိုက်ရိုက်တပည့်များ ဖြစ်ကြပြီး သဘာဝအတိုင်း ၎င်းတို့သည် ဂိုဏ်းမှ အဂ္ဂိရတ်ဆေးများကို ရရှိသော်လည်း ဤဆေးနှင့် နှိုင်းယှဉ်နိုင်သော အရေအတွက်မှာ အလွန်တရာ စျေးကြီးပါသည်။
လုရွှမ်သည် ဤအဆင့်၏ အဂ္ဂိရတ်ဆေးကို သန့်စင်ပေးနိုင်သည်မှာ ထင်ရှားပါသည်။
"ဆရာတူမောင်လေး လုရွှမ်.... နင် ဆရာတူညီမလေး ဖေဖေးအတွက် နတ်လက်နက်ကို သန့်စင်ပေးတယ်လို့ ငါကြားတယ် နင်က လက်နက်ကို သန့်စင်တဲ့လူပဲလား"
လုရွှမ်သည် လူနှစ်ယောက်၏ အံ့အားသင့်မှုကို ကြည့်ပြီး အပြုံးမပျက် ပြုံးကာပြောသည်။
"တကယ်တော့ ကျွန်တော်က အဂ္ဂိရတ်ပညာ၊ လက်နက် သန့်စင်မှု၊ အခင်းအကျင်း ဖန်တီးမှုတွေကို သေသေချာချာ သင်ယူခဲ့ပြီးပြီ"
လော့ဟွားနဲ့ ရှောက်လော့ တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်ကြပြီ။ နှစ်ယောက်စလုံး၏ မျက်လုံးများတွင် ထိတ်လန့်မှုနှင့် အကူအညီမဲ့မှုများကို တွေ့လိုက်ရသည်။
ပါရမီရှင်များဟာ သာမန်ကျင့်ကြံသူတွေ မတတ်စွမ်းနိုင်သော အရာများစွာကို အမြဲဆောင်နိုင်ကြပြီး မအောင်မြင်နိုင်သော နယ်ပယ်များကို ရရှိကြသည်။ သာမန်လူများ မြင်သောအခါ ခံစားရသည့် ခံစားချက်ကို သူတို့ နားမလည်ကြပေ။
ဒါပေမဲ့ အခုအချိန်မှာတော့ သူတို့နှစ်ယောက်ဟာ အရပ်ရှည်ရှည်နဲ့ ကူကယ်ရာမဲ့ မတ်တပ်ရပ်နေရတယ်ဆိုတဲ့ ခံစားချက်ကို ရုတ်တရက် နားလည်လိုက်ကြပါ၏။
နောက်တစ်ကြိမ်တွင် လုရွှမ်သည် သူတို့နှစ်ဦးနှင့် သိုင်းကျမ်း နားလည် သဘောပေါက်မှုများကို ဆွေးနွေးခဲ့ပြီး ၎င်းတို့နှစ်ဦးအား နှုတ်ဆက်ခဲ့သည်။ တိုက်ပွဲကို ကြည့်ရှုနေကြသော လူများလည်း တရွေ့ရွေ့နဲ့ ပြန့်ကျဲသွားကြသည်။
"အကြီးတန်း နှစ်ယောက် မင်းတို့ ထွက်လာလို့ရမလား"
လုရွှမ် ရုတ်တရက် ကောင်းကင်တစ်နေရာကို မျက်နှာမူကာ လက်သီးလက်ဝါး ဆုပ်လျက် ပြောလိုက်သည်။ သူပြောပြီးသော် ရုပ်ပုံနှစ်ပုံ ပေါ်လာပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပေါ်လာ၏။
ထိုယောက်ျား၏ တစ်ကိုယ်လုံးသည် တက်ကြွမှုအပြည့်ဖြင့် အသက်စွမ်းအင်ကို ခံစားရစေသည်။ သို့သော် နတ်သမီးသည် ကြည်လင်သော ရေကန်ကဲ့သို့ နူးညံ့သိမ်မွေ့ပြီး ဖြူစင်တည်ငြိမ်လှသည်။ လူနှစ်ဦး၏ တက်ကြွမှုနှင့် ငြိမ်သက်မှုအောက်တွင် သိမ်းဆည်းထားသော်လည်း မထုတ်လွှတ်နိုင်သော စွမ်းအင်များကို ရှိနေတာ ထင်ရှားပါသည်။
သူတို့နှစ်ဦးစလုံးသည် မျှော်စင်နယ်ပယ် အဆင့်၅ တွင်ရှိပြီး သခင်လေးချန်ရှီးကလည်း ထိုအဆင့်တွင် ရှိသည်။
နှစ်ယောက်သား ပြေးဆင်းလာကြသည်။
"မင်္ဂလာပါ ဆရာတူညီလေး လုရွှမ်... ငါက အရှေ့ပိုင်း ယွိသစ်သားတောင်ထွတ်က မုယွီအာပါ... မင်းက တကယ်ကို ထက်မြက်လွန်းတယ် ဆရာက မင်းကို ချီးကျူးစကား ပြောနေလိုက်တာ ဒီက လူအဆတစ်ရာ လှမ်းအော်တာကို မြင်ရတာထက်တောင် ပိုဆိုးတယ်"
လုရွှမ် အနည်းငယ် ထိတ်လန့်သွားသည်။ တစ်စုံတစ်ယောက်ကို ဘယ်လိုလုပ် မုယွီအာ (သစ်သားငါး) လို့ ခေါ်နိုင်တာလဲ။ မုယွီအာကတော့ သူ့ဆရာ တုံးဖန်းမုအတိုင်း သူ့ပုခုံးကို တွန့်ကာ။
"ငါလည်း မတတ်နိုင်ဘူး ငါက မိဘမဲ့လေ... သခင်တစ်ယောက်အနေနဲ့ ငါဘယ်လိုလုပ်ရမှာလဲ"
လုရွှမ် မရယ်ဘဲ မနေနိုင်တော့ပေ။ မုယွီအာလည်း သူ့မျက်လုံးများတွင် ကြင်နာမှုအရိပ်အမြွက်ပြကာ ရယ်မောခဲ့သည်။
"မင်း ငါ့နာမည်ကြားပြီ အကျယ်ကြီး ရယ်ရတာ ပထမဆုံးပဲကွ တခြားလူတိုင်း ရယ်ချင်ပေမယ့် တောင့်တောင့်ကြီး ထိန်းထားရတယ်လေ... မင်းကတော့ ရယ်ချင်ရင် ရယ်... ငိုချင်ရင် ငိုချလိုက်တာပဲ"
နတ်သမီးက နူးညံ့စွာပြုံးသည်။
"ဆရာတူမောင်လေး လုရွှမ်... ငါက နက်ရှိုင်းရေတောင်ထွတ်က ဖေ့ယိုးယွီပါ"
"ဖေ့ရန်မှာ မိုးရွာနေတုန်း နဂါးခြောက်ကောင်က မိုးစက်တွေကို စီးနေတယ်....ဆရာတူအစ်မက နတ်နဂါးနဲ့ တစ်ခုခု ပတ်သက်နေပုံရတယ်"
လုရွှမ် ပြုံး၍ ပြောပြသည်။ ဖေ့ယိုးယွီရဲ့ မျက်လုံးများမှာလည်း တောက်ပလာသည်။
"ဆရာပြောတာ မှန်ပုံရတယ်.... ဆရာတူမောင်လေးက တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့ လူတစ်ယောက်ပဲ"
ဒါက တတ်သိနားလည်မှုလို့ ယူဆထားပြီး လုရွှမ် မေးခွန်းတွေ ထပ်မမေးတော့ပေ။ တချို့အရာတွေကို သိဖို့ လုံလောက်ပြီလေ။
"ဆရာတူအစ်ကိုနဲ့ အစ်မ ရောက်လာတာ ဟိုကိစ္စအတွက်ပဲလား"
"မှန်တယ်.... အဲ့ကိစ္စအတွက်ပဲလေ အချိန်က အတူတူပါပဲ မင်းကို ငါတို့ တိုက်တွန်းချင်နေတာ... ဒါပေမဲ့ မင်းက အတိဒုက္ခကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်ခဲ့တယ် ဒါကြောင့် ငါတို့ တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာနိုင်ပြီ"
ဒီကိစ္စက အရေးကြီးမှန်းသိတော့ လုရွှမ် အမြန်သဘောတူလိုက်သည်။
"လမ်းမှာ သီးခြားကိစ္စတွေကို ဆွေးနွေးမယ်.... မင်း ကောင်းကောင်း အနားယူမယ် မနက်ဖြန် မနက်ကျရင် တောင်တံခါးအပြင်မှာ တွေ့ပြီး အတူတူ ထွက်ကြမယ်"
"ဟုတ်ကဲ့!"
လုရွှမ်လည်း ကျောက်ထောင်းနဲ့ ယွမ်ရှင်းတို့နှစ်ဦးကို နှုတ်ဆက်လိုက်ပြီး သူတို့သည်လည်း ယနေ့ သင်ယူခဲ့ရသည့် အရာများကို ပြန်လည်တွေးတောရန် ခြံဝင်းထဲသို့ ပြန်သွားကြသည်။
တစ်ညက မြန်မြန်ပဲ ကုန်သွားသည်။
နောက်တစ်နေ့ မနက်စောစောတွင် လုရွှမ် တောင်တံခါးဝသို့ ရောက်လာပြီး ၎င်းတို့အနက်မှ တစ်ယောက်က သူယူလာသည့် တိမ်ပြေးငှက်ကို ကိုင်ဆောင်ထား၏။ ထိုရက်များတွင် တိမ်ပြေးငှက် ပျောက်ဆုံးသွားခဲ့ရာ အခုတော့ ၎င်းက အလေးချိန်အများကြီး တိုးလာပြီ။
လုရွှမ် သူတို့နှစ်ယောက်ကို နှုတ်ဆက်နေတာ မြင်တော့ နှုတ်သီးရှည်ကြီးက လုရွှမ်ဘက်ကို တဖြည်းဖြည်း ညွှန်ပြသည်။ လုရွှမ် သူ့ကို ဂရုမစိုက်ဘဲ ဒီမှာထားခဲ့တာ သုံးနှစ်ရှိပြီဆိုတာကို ရှင်းရှင်းလင်းလင်း ညည်းညူနေတာပဲ။
လုရွှမ်လည်း အနည်းငယ် တောင်းပန်သင့်သလို ခံစားရတာကြောင့် ဆေးအချို့ကို အမြန်ထုတ်လိုက်သည်။ တိမ်ပြေးငှက်က ဤဆေးများ၏ အကျိုးကျေးဇူးကို သိတာမို့ လုရွှမ်အား ညည်းညူခြင်းကို ရပ်လိုက်ပြီး လည်ပင်းကို ကိုင်းချလိုက်သည်။
သူတို့၏မျက်လုံးများတွင် မနာလိုသည့်အကြည့်များကို မြင်လိုက်ရတော့ လုရွှမ် သူတို့ကိုလည်း ဆေးနှစ်ပုလင်း ပေးလိုက်သည်။ သူတို့နှစ်ဦးသည် အပြင်စည်း တပည့်များသာ ဖြစ်ကြသော်လည်း မနေ့ညက ကပ်ဆိုးကြီး အကြောင်း ကြားသိခဲ့ရပြီးပါပြီ။ ယခု သူတို့နှင့် အတူ တောင်တံခါးသို့ ဝင်သော ကောင်လေးသည် တိုက်ရိုက် တပည့်ဖြစ်လာပြီး သူသည် အဂ္ဂိရတ်ပညာလည်း ထက်မြက်သည်။
သူတို့နှစ်ယောက်က ကျေးဇူးတင်စွာဖြင့် ဦးညွတ်လိုက်ပါသည်။ ဒီပုလင်းက သူတို့ရဲ့ လေ့ကျင့်မှုအပေါ် သက်ရောက်မှုရှိခဲ့ပြီး သူတို့ရဲ့ အဆင့်အတန်းကို ပြောင်းလဲသွားစေနိုင်ပါသည်။ ထိုစဥ် ကောင်းကင်မှ လင်းယုန်ငှက်နှစ်ကောင် တေးဆိုသံ ထွက်ပေါ်လာသည်။
လုရွှမ် မော့ကြည့်လိုက်တော့ မုယွီအာနဲ့ ဖေ့ယိုးယွီကို တွေ့လိုက်ရသည်။ သို့နှင့် သူလည်း တိမ်ပြေးငှက်ကိုစီးပြီး ကောင်းကင်သို့ ပျံတက်သွားလိုက်သည်။