ရှေးဟောင်းမိသားစုတွေ အားလုံး ဒီမှာ ရှိတယ်
Vol. 113 Ch. 4.1212
"အဲဒါ နဂါးလား?"
တစ်ယောက်ယောက်က ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။
"အရူး မင်းမှာ ဘာဗဟုသုတမှ မရှိဘူး... အဲဒါ သင်္ဘောပဲ ပဲ့ပေါ်မှာ နဂါးပြာလေး တစ်ကောင်နဲ့ ကျားဖြူတစ်ကောင် ရှိနေတာကို မင်း မတွေ့ဘူးလား.... အဲဒါ ထျန်းကျီးသန့်ရှင်းတဲ့မြေက လူတွေ ရောက်လာတာ"
"ထျန်းကျီးသန့်ရှင်းတဲ့မြေက လူတွေလည်း ဒီကိုရောက်နေကြတယ်လား... ထူးဆန်းတယ် အရင်တုန်းကတော့ လူတိုင်းက တစ်ယောက်ပြီးတစ်ယောက် မလာချင်ကြပေမယ့် အခုတော့ တစ်ယောက်ပြီးတစ်ယောက် အပြေးအလွှား ပြန်လာကြပြီ... ကြီးမားတဲ့ အပြောင်းအလဲ တစ်ခုခုတော့ ဖြစ်လာတော့မယ် ထင်တယ်"
လုရွှမ် နောက်ပြန်လှည့်ပြီး ထျန်းကျီးသန့်ရှင်းတဲ့မြေကို ကြည့်လိုက်သည်။ ကြယ်တစ်သောင်းကမ္ဘာမှာတုန်းက ထန်းကျီဂိုဏ်းကို သူ မြင်ဖူးခဲ့သည်။ သေချာတာကတော့ သူတို့နှစ်ဦးကြားက ဆက်ဆံရေး မရှိလောက်ပေမယ့် ဟိုးအကြာကြီးလောက်က ချိတ်ဆက်မှုအချို့ ရှိခဲ့နိုင်သည်။
ဒါပေမဲ့ နှစ်ဖက်စလုံးက ကောင်းကင်အခွင့်အလမ်း လို့ အမည်တပ်ထားတာကြောင့် ကောင်းကင်အခွင့်အလမ်း ဖန်တီးမှုအပေါ် နက်နဲတဲ့ နားလည်မှုနဲ့ ခိုင်မာတဲ့ သုတေသနတွေ ရှိတယ်ဆိုတာ ထင်ရှားပါ၏။
"ချစ်သူငယ်ချင်းတို့ ထျန်းကျီးသန့်ရှင်းတဲ့မြေက ရောက်လာဖို့ နောက်ကျသွားခဲ့ပါတယ်"
နဂါးနှင့်ကျားလှေပေါ်မှ လူငါးဦး ပျံဆင်းလာသောအခါ ၎င်းတို့သည် ပုံစံလေးခု ဖြစ်သွားသည်။
လုရွှမ် အနည်းငယ် စိတ်ပျက်သွားသော်လည်း သူသည် ထျန်းကျီးဂိုဏ်းအတွက် နက်နဲသော ကြောက်ရွံ့မှုကို မခံစားနိုင်ပေ။ နတ်နဂါးကို အသက်ရှင်နေတာနှင့်တူအောင် စွမ်းဆောင်နိုင်ခြင်းကြောင့် ၎င်းသည် အလွန်အစွမ်းထက်သည်ဟု ထင်ယောင်ထင်မှား ဖြစ်စေခဲ့သည်။
"ရှေးဟောင်းမိသားစု လေးခုစလုံး ရောက်နေပြီ... အခု ကြီးကျယ်ခမ်းနားတဲ့ သန့်ရှင်းတဲ့နယ်မြေ နေရာခြောက်ခုလည်း ရောက်နေပါပြီ.... အမြဲတမ်း တိတ်ဆိတ်နေပြီး လောကီရေးရာမှာ မပါဝင်တဲ့ ကျစ်ဝေသန့်ရှင်းတဲ့မြေလည်း လာနေပြီပဲ မဟုတ်လား?"
စကားသံက သာယာနာပျော်ဖွယ် ကောင်းလွန်းလှသည်။ သူသည် ခရမ်းရောင် စွမ်းအင် အငွေ့အသက်များဖြင့် ကောင်းကင်ယံတွင် အနည်းငယ် အထီးကျန်ပြီး အမှီအခိုကင်းသော တပည့်တစ်ဦးနှယ် ရပ်တည်နေသည်။
ထိုစဥ် မုယွီအာ၏ အသံသည် ငြူစူခြင်း နှင့် သဘောကျခြင်း အပြည့်ဖြင့် ညင်သာစွာ ထွက်ပေါ်လာသည်။
"အဲဒါက မျိုးဆက်သစ် လူငယ်တွေကြားမှာ ထိပ်တန်းပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်တဲ့ ရှေးဦးမဟာဂိုဏ်းရဲ့ သခင်ငယ်လေး ဟောက်ထျန်း.... သူက တန်ခိုးကြီးပြီး ကျော်ကြားတယ် ဒဏ္ဍာရီအရ သူ့ရဲ့ခွန်အားက သန့်ရှင်းတဲ့မြေက သခင်လေးတွေနဲ့ နတ်သမီးလေးတွေထက် မယုတ်လျော့တော့ဘူးတဲ့"
လုရွှမ်လည်း သခင်လေးဟောက်ထျန်းရဲ့ စွမ်းအင်ကို တွေ့ဖူးပြီမလို့ သူ့ရဲ့ အစွမ်းက သိပ်ကို ရက်စက်လွန်းတယ်လို့ လက်ခံပါသည်။
"သခင်လေးဟောက်ထျန်းတို့တောင် ကျွန်မတို့ ကျစ်ဝေသန့်ရှင်းတဲ့မြေကလည်း တခြားသူတွေနောက်မှာ နောက်ကျ ကျန်နေလို့ ဖြစ်ပါ့မလား သူငယ်ချင်းတို့....နှုတ်ဆက်ပါတယ်"
နတ်သမီးငါးယောက် ပေါ်လာပြီး သားရဲကြီးလေးကောင်နှယ် လေးထောင့်အနေအထားဖြင့် ငြိမ်ငြိမ်လေး စီထားလိုက်သည်။ နတ်သမီးငါးယောက်လုံးက လှပပြီး မွှေးကြိုင်နေတာကြောင့် လူတွေအနား မရောက်ခင်မှာပဲ မွှေးရနံ့က သူတို့ဆီကို ရောက်နေပါပြီ။
ဤအချိန်တွင် သန့်ရှင်းတဲ့နယ်မြေ ခုနစ်ခုရှိလူတိုင်း ရောက်ရှိလာကြပြီး ဤစွန့်စားခန်းသည် ကြီးမားသော အပြောင်းအလဲများ ရှိနိုင်သည်ကို အတုံးဆုံးသူပင် သိသည်။ သူတို့အားလုံး စုရုံးဆက်သွယ် နေကြသော်လည်း လုရွှမ်တို့ဘက်မှ လူသုံးဦးသည် အထီးကျန်နေခဲ့သည်။
ရှက်ကိုးရှက်ကန်းနဲ့ မျက်လုံးတွေကို ပြန်လှည့်မကြည့်ရဲတဲ့ သီလရှင်လေးကို လုရွှမ် မျက်တောင်ခတ်ကာ ကြည့်လိုက်ပါသည်။
"ညီလေး.... ဒီတစ်ခါ ဆိုးသွားမှာကို ငါကြောက်တယ် အဓိက မိသားစုငါးခုနဲ့ သန့်ရှင်းတဲ့နယ်မြေ ခုနစ်ခု လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး.... မင်းရဲ့အဆင့်က အရမ်းနိမ့်ပြီး အန္တရာယ်က အရမ်းကြီးတယ်"
မုယွီအာက သက်ပြင်းကို ထပ်ခါထပ်ခါ ချနေသည်။ ဖေ့ယိုးယွီ၏ မျက်နှာတွင်လည်း စိုးရိမ်မှုအပြည့်ဖြင့်။ သူတို့၏ ဆရာသခင်က ၎င်းတို့အား ပြောခဲ့သည်။ ဘယ်လိုပဲဖြစ်ဖြစ် ဘေးကင်းစွာ ပြန်ခေါ်လာရန်မှာ မဖြစ်မနေ လိုအပ်ချက်တစ်ခုရှိသည်။
သို့သော် လူသားတို့၏ တွက်ချက်မှုသည် ကောင်းကင်၏ တွက်ချက်မှုလောက် မကောင်းနိုင်ပေ။
"လေ့ကျင့်ခန်း လုပ်တယ်လို့ပဲ သဘောထားတာပေါ့.... စိတ်မပူပါနဲ့ ကျွန်တော် အရာရာကို ကောင်းကောင်းသိပါတယ် အန္တရာယ်ရှိရင် သဘာဝအတိုင်း ကြိုပြီး ထွက်ပြေးသွားမှာပါ"
မုယွီအာက ရှိုက်ကြီးတငင် ပြုံးပြီး "ငါ့ညီလေး... ဒါက ဘယ်လိုလုပ် ရိုးရှင်းနိုင်မှာလဲ နောက်ဆုံးမှာ မင်း ကိုယ့်ကိုကိုယ်တောင် မကူညီနိုင်တော့မှာကို ငါကြောက်တာ"
လုရွှမ်လည်း မုယွီအာတွင် ရည်ရွယ်ချက်ကောင်းရှိကြောင်း သိသော်လည်း နှစ်ယောက်စလုံးသည် သူ၏အင်အားကို လျှော့တွက်ခဲ့ကြသည်။ သူတို့ရဲ့ ဆရာသခင်က သူတို့ကို မပြောခဲ့တဲ့အတွက် လုရွှမ်လည်း သူ့ဝှက်ဖဲကို ထုတ်မပြချေ။
သူ့ပတ်ဝန်းကျင်ကို အာရုံစိုက်ပြီး ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကိုပဲ စိတ်ထဲကနေ ဖော်ထုတ်နေခဲ့သည်။ သန့်ရှင်းတဲ့နယ်မြေ ခုနစ်ခုမှ တပည့်တစ်ဦးတစ်ယောက်မျှ ရိုးရှင်းခြင်း မရှိကြောင်း၊ တူညီသော ရှေးဟောင်း မိသားစုကြီး လေးခုမှ လူများသည်လည်း အလွန်အန္တရာယ်များကြောင်း သံသယဖြစ်ဖွယ်မရှိပါ။
တော်ဝင်မင်းဆက် ရှေးဟောင်းမိသားစုတွင် လုရွှမ် သူရင်းနှီးသော အရိပ်တစ်ခုကို မြင်လိုက်ရသည်။ စန်းချိုင်တောင်ထိပ်မှာ တွေ့ခဲ့ရတဲ့ ကျိုးယိနဲ့ ကျိုးယန်တို့ မောင်နှမပါပဲ။
ထိုအချိန်တွင် သူတို့နှစ်ဦးသည် ရှေးဟောင်း မိသားစုမှဖြစ်ကြောင်း လူများပြောကြသည်ကို ယခုတော့ သူနောက်ဆုံး နားလည်သွားခဲ့သည်။ အရင်က လိန်ထုံ သူ့ကိုရိုက်ခါနီးမှာ ကျိုးယိက တစ်ချက်ကြည့်လိုက်ပေမယ့် သိပ်ဂရုမစိုက်တာ ထင်ရှား၏။
တစ်ဖက်တွင် ကျိုးယန်သည် စိတ်ကျဉ်းကျဉ်းနှင့် ခံစားချက် အနည်းငယ်ဖြင့် သူ့ကိုကြည့်လာကယ လုရွှမ်လည်း ပြုံးကာ သူမဘက်သို့ အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။
အောက်ဘက်ရှိ နတ်နဂါး မိသားစုနေရာမှ အလင်းတန်းတစ်ခု ရုတ်တရက် လင်းလက်လာပြီး ကောင်းကင်ကို တည့်တည့် ပစ်ချလိုက်သည်။ သက်တန့်အစီအရင်ကဲ့သို့ အရောင်များ ထွက်ပေါ်လာကာ စုစုပေါင်း အရောင် ကိုးခုခွဲထွက်သွားပုံက အလွန်လှပသည်။
"သက်တံ့တံတား ပွင့်ပြီ မင်းတို့ဝင်လို့ရပြီ!"
ရှေးဟောင်း မိသားစုနှင့် သန့်ရှင်းတဲ့နယ်မြေမှ ဘုန်းကြီးများသည် သက်တံ့တံတားဆီသို့ တစ်ယောက်ပြီးတစ်ယောက် ပျံသန်းလာကာ သူတို့၏ လက်ဖဝါးများက သက်တံ့တံတားကို ထိလိုက်သည်နှင့် ချက်ချင်း ပျောက်ကွယ်သွားကြသည်။
လုရွှမ့၏ မျက်လုံးများသည် နတ်အလင်းရောင်များဖြင့် လင်းလက်သွားသော်လည်း သူ လုံးဝ ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ ထို့နောက်တွင် မဟာဂိုဏ်းများ ဝင်သွားကာ သခင်လေးဟောက်ထျန်းကိုတော့ ဘယ်သူမှ ယှဉ်ပြိုင်ဝံ့ခြင်း မရှိပါ။
သို့သော် သက်တံ့တံတားထဲ ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်လာသည်နှင့်အမျှ သက်တံ့တံတားရဲ့ မျက်လုံးများလည်း မှိန်သွားကာ ပျောက်ကွယ်သွားခဲ့သည်။
မုယွီအာက သက်ပြင်းချပြီး "မင်းအခု စောစောဝင်လေလေ ပိုကောင်းလေဆိုတာ နားလည်ပြီမလား... ဒါပေမဲ့ မင်းဝင်လိုက်တာနဲ့ ဟူး... မင်းဝင်ဖို့ အခွင့်အရေးတောင် မရှိတော့ဘူး"
လုရွှမ် ပတ်ပတ်လည်ကို တစ်ချက်ကြည့်လိုက်သည်။ သူ့ပတ်ဝန်းကျင်တွင် ဖော်မပြနိုင်သော မျက်လုံးများကို အကြာကြီး ခံစားခဲ့ရပြီး ၎င်းတို့ထဲက လူသတ်ရန် ရည်ရွယ်ချက်နှင့် သတိပေးချက်များကို ဖုံးကွယ်ထားကြလေသည်။
"ဘာလို့လဲ... သူတို့က ဒီနေရာကို ဝင်ဖို့ကြိုးစားနေတာကြောင့် တိုက်ပွဲဖြစ်နိုင်လို့လား?"
"မှန်တယ်" မုယွီအာနဲ့ ဖေ့ယိုးယွီက တစ်ခဲနက်ပြောသည်။
သူတို့သုံးယောက် စကားပြောနေကြစဉ်တွင် ကျင့်ကြံသူတွေက သက်တံ့တံတား အတွင်းသို့ လျင်မြန်စွာ ပြေးဝင်လာကြပြီး သက်တံ့တံတားသည်လည်း လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။
"သက်တံ့တံတားက အရောင်နှစ်ရောင်ပဲ ကျန်တော့ရင် ကန့်သတ်ချက် မရှိတော့ဘူး ဘယ်သူမဆို အပြေးအလွှား ဝင်လို့ရတယ်..."
မုယွီအာက သက်တံ့တံတားရဲ့ အရောင်တွေကို စူးစူးရဲရဲ စိုက်ကြည့်ရင်း ပြောလိုက်သည်။
သန့်ရှင်းတဲ့နယ်မြေ၌ ရှေးဟောင်းမိသားစု စုစုပေါင်း ၁၂ စုရှိသော်လည်း မဟာဂိုဏ်းကြီး၏ ဂိုဏ်းခွဲများမှာ အလွန်များပြားသည်။ လက်ရှိတွင် လူတစ်ရာနီးပါး ကျန်နေသေးပြီး သက်တံ့တံတား ပျောက်ကွယ်သွားသည့် အရှိန်ဖြင့် လူငါးဆယ်အထိ ထားရှိနိုင်သည်မှာ မှတ်သားဖွယ်ကောင်းနေပြီ ဖြစ်သည်။
လုရွှမ်က အတော်လေး လွတ်လပ်နေပြီး သူ့မျက်နှာပေါ်တွင် စိုးရိမ်တကြီး အရိပ်အယောင် မရှိပေ။ တတိယအရောင် ပျောက်သွားသောအခါ လုရွှမ်မှလွဲ၍ လူအားလုံးကို စေလွှတ်လိုက်သည် ။
"ဆရာတူညီလေး လုရွှမ် မင်းဘာလို့ မလှုပ်သေးတာလဲ"
လုရွှမ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး "အလျင်မလိုပါဘူး"
သူက အလျင်စလို မရှိသော်လည်း သက်တံ့တံတားသည် ယခင်ကထက် အရှိန်အဟုန်ဖြင့် ပျောက်ကွယ်သွားခဲ့ပြီး လူသုံးဆယ်ကျော်သည် လျင်မြန်စွာ ပြေးဝင်ကာ တစ်ချိန်တည်းမှာပင် လူတစ်ဒါဇင်ကျော်၏ ရုပ်အလောင်းများ လဲကျသွားသည်။ အားလုံး ဒဏ်ရာအပြင်းအထန် ရသွားခဲ့သည်။
"ညီလေး မင်းဒီမှာရှိသေး....."
မုယွီအာ နောက်ပြန် ကြည့်လိုက်တော့ လုရွှမ်ရဲ့ ခန္ဓာကိုယ်က ပျောက်သွားပြီ။
ခရမ်းရောင် အလင်းတန်းတစ်ခု လင်းလက်လာပြီး လူတိုင်း ထိတ်လန့်စွာ ကြည့်လိုက်တော့ မိုးကြိုးတွေ ပစ်ချလာလေသည်။
၎င်းတို့အားလုံးသည် ခရမ်းရောင် မိုးခြိမ်းသံနှင့် လျှပ်စီးကြောင်းများကို သဘာဝအတိုင်း မကြာခဏ ကြုံတွေ့ဖူးတာမို့ လူတိုင်းကို တုန်လှုပ်စေမည် မဟုတ်ပါ။ သို့သော် မီးခိုးရောင် ကောင်းကင်ကြီးသည် အမှန်တကယ်တွင် မီးတောက်အလွှာများဖြင့် ဝန်းရံထားသည်။
ပါရမီရှင်တွေဖြစ်လို့ အဲဒါကို မကြောက်ပေမယ့် သူတို့က ဉာဏ်ကြီးရှင်တွေဖြစ်ပြီး အဲဒါက မြေကြီးမီးတောက် ဆိုတာကို တစ်ချက်လောက် ကြည့်ရုံနဲ့ ပြောနိုင်သေးသည်။
ကောင်းကင်မှ မိုးခြိမ်းသံသည် မြေကြီးပေါ်က မီးကို တောက်လောင်စေရာ သက်တံ့တံတားဆီ ပြေးသွားသည့် မည်သူ့ကိုမဆို ရပ်တန့်ခိုင်းရန် ကြီးမားသော အပြောင်းအလဲကို လုပ်ပစ်နိုင်သည်။