← Chapters

အတိတ်ကို ပြန်သွားတာလား?

Vol. 113 Ch. 4.1214

အတိတ်ကို ပြန်သွားတာလား?

Vol. 113 Ch. 4.1214

လုရွှမ် အဖြစ်အပျက်ကို မသိသော်လည်း၊ သူ ဤနေရာတွင် ရှင်သန်လိုပါက သူသည် သူ၏ လက်ရှိကိုယ်ပိုင် လက္ခဏာနှင့် ပေါင်းစည်းရမည် ဖြစ်သည်ကို ယခု သိပါသည်။

သူက ခပ်မြန်မြန်ပြုံးပြီး "ဟုတ်ကဲ့ ဟုတ်ကဲ့ အစ်ကိုအကြီးဆုံး နှစ်ယောက် ကျွန်တော် အဲဒီလို မလုပ်ရဲတော့ပါဘူး"

သို့သော် တစ်ယောက်က သူ့ပါးကို လွှဲရိုက်လိုက်လေသည်။ သူ့စိတ်က ရုတ်တရက် လှုပ်ရှားသွားသည်။ သူ ဘာလုပ်သင့်လဲ။

သူ သည်းမခံနိုင်ဘူး!

ထိုလူရဲ့ လက်ဖဝါးက လုရွှမ်ရဲ့ ခေါင်းနောက်ကို ပုတ်လိုက်ပြီး အပြုံးနဲ့ ကျိန်ဆဲလိုက်သည်။

"သေနာလေး.... မင်းအမြဲတမ်း အဲ့လိုချည်းပဲပြောတာ... သခင်မလေး မင်းကို သဘောကျတာ မင်းကံဆိုးတာပဲ ဒါမှ မဟုတ်ရင် ငါ မင်းကို သတ်ပစ်လိုက်မှာ... "

"ငါ မင်းကို ကိုယ်ခံပညာ သင်ယူခိုင်းတယ်... မင်းအစ်ကို ဟန်ရှန်းနောက်ကို ဘာလို့ မလိုက်တာလဲ"

ဟန်ရှန်းက သူ့ကို ကန်ထုတ်ရင်း ပြုံးပြီး ကျိန်ဆဲလေသည်။

"သွားရအောင် မြန်မြန်!"

လုရွှမ် ကန်ကျောက်ခြင်းကို အသည်းအသန် ခုခံရင်း ကြီးကြီးကျယ်ကျယ် ပြောလိုက်သည်။

"အစ်ကိုဟန်ရှန်း ကျွန်တော် မလုပ်ရဲတော့ပါဘူး"

နှစ်ယောက်သား ကျယ်လောင်စွာ ရယ်မောလိုက်ကြပြီး ဟန်ရှန်းက လုရွှမ်ကို ဆွဲထုတ်သွား​လေသည်။

လုရွှမ်လည်း ဤလူနှစ်ယောက်က သူ့ဆွေမျိုးများကဲ့သို့ပင် သူနှင့် အလွန်နီးကပ်နေကြောင်း ခံစားလိုက်ရသည်။ သူ့ကို ညီအစ်ကိုတွေကို ကြည့်နေသလိုမျိုး နှစ်ယောက်သားက သူ့ကိုကြည့်နေကြောင်း ခံစားရသည်။

"ကောင်လေး အနာဂတ်မှာ မပျင်းနဲ့... မင်းရဲ့ စွမ်းအားက အခုမှ နတ်မီးနယ်ပယ် ဒုတိယအဆင့်မှာပဲ ရှိသေးတယ်.... အစ်ကို ဝမ်ပင်းက သခင်ငယ်လေးရဲ့ရှေ့မှာ ကောင်းတဲ့စကားတွေသာ မပြောထားဘူးဆိုရင် မင်းမှာ အပြင်ထွက်ဆော့ဖို့ အချိန် ရှိမယ်ထင်လား.... နတ်နဂါးမိသားစုရဲ့ အစောင့်အကြပ်အဖွဲ့မှာ ပါဝင်ခွင့်ရဖို့ အခွင့်အလမ်းရှိမှာလား?"

"မင်းမှာ ငါနဲ့ အစ်ကိုဝမ်ပင်းထက် ပိုကောင်းတဲ့ အရည်အချင်းတွေ ရှိပါတယ်.... ဒါကြောင့် ကြိုးစားပြီး မဖြုန်းတီးစမ်းပါနဲ့ မင်းအဖေက မင်းကို ငါတို့ အမြဲတမ်း အစ်ကိုလို့ ခေါ်ခိုင်းတယ်.... မင်းကို ငါတို့ဆီလာပို့တော့ မင်းက ကလေးလေးပဲ ရှိသေးတာ.. ငါတို့ကို စိတ်ပျက်သွားအောင် မလုပ်နဲ့ သိရဲ့လား"

လုရွှမ့ မကူညီနိုင်ဘဲ မျက်လုံးများ နီရဲလာပြီး ညီအစ်ကိုချင်း ချစ်ခြင်းမေတ္တာက သူ့နှလုံးသားထဲသို့ တိုးဝင်လာသည်။ သိသာထင်ရှားစွာ မသိသော ပါးပြင်များက ရုတ်တရက် အလွန်ရင်းနှီးသည်။

"သိပါတယ် အစ်ကိုဟန်ရှန်း... အစ်ကိုနဲ့ အစ်ကိုဝမ်ပင်းကို စိတ်မပျက်စေရပါဘူး"

"အေးပါကွာ... မြန်မြန်သွားရအောင် သခင်မလေး စိတ်ဆိုးတော့မယ်"

ဟန်ရှန်းက လုရွှမ်ကို တွန်းထုတ်လိုက်သည်။ ဤသေးငယ်သော်လည်း လက်ရာမြောက်သော အိမ်သည် သခင်မလေး၏ လွတ်လပ်သော ခြံဝင်းဖြစ်သင့်သည်။ ကျင့်ကြံသူတစ်ယောက်က ကျောက်ဆောင်တစ်ခုရှေ့တွင် တစ်ယောက်တည်း ရပ်နေပြီး လုရွှမ်အား လှည့်ကြည့်လာသည်ကို တွေ့လိုက်ရသည်။

"​မောင်လေး မတွေ့တာကြာပြီနော်!"

လုရွှမ် ပါးစပ်ထဲက သွေးတွေ ယိုထွက်လုနီးပါး ဖြစ်သွားသည်။ ဘယ်မှာလဲ သခင်မလေး။ ဒါက သေချာပေါက် ကျိုးယန်လေ။ ခဏနေတော့ သူမ ပြုံးနေတာ တွေ့လိုက်ရသည်။

"မင်းကို ငါ့ကိုယ်ရံတော် အဖြစ် မြင်ရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး မောင်လေး... မင်း အလုပ်ကြိုးစားရမယ်နော်!"

လုရွှမ် ဘယ်ညာ လှည့်ကြည့်လိုက်ပြီး "ဘာဖြစ်နေတာလဲ သိလား"

ရှေးဟောင်း မိသားစု၏ သန့်ရှင်းသောမြေအကြောင်း အခြားသူများ မသိလျှင်တောင် ကျိုးယန်ကတော့ တစ်ခုခုကို သိသင့်သည်ဟု လုရွှမ် ယုံသည်။ သူမေးတော့ ကျိုးယန်က သက်ပြင်းချကာ လုရွှမ်ကို ဆွဲကိုင်၍ အဆောက်အဦးငယ်လေးထဲသို့ ပြေးဝင်ကာ တံခါးကို တင်းတင်းစေ့ထားလိုက်သည်။

အထဲမှာ လူတစ်​ယောက် ရှိနေ၏။ နှစ်ယောက်သား ဝင်လာတာကို မြင်တော့ ခေါင်းကို ငုံ့ထားရင်း ရှက်ကိုးရှက်ကန်းနဲ့ ဖြစ်နေသည်။ သူ့အသွင်အပြင်ကို မြင်သောအခါ လုရွှမ် "သီလရှင်ငယ်လေး" ဟု ရုတ်တရက် ခံစားလိုက်ရပြီး ရုတ်တရက် ပြောလိုက်လေသည်။

"လတ်စသတ်တော့ မင်းကိုး..."

ကျိုးယန်က တခစ်ခစ်ရယ်လိုက်ပြီး "အင်း.... မင်းက ငါ့အစောင့်ပဲ... ဆရာလေးဟွေ့လင်က ငါ့အစေခံ ဒီဆက်ဆံရေးကို နားလည်လား"

"ဟွေ့လင်...အင်း ထက်မြက်ပြီး သွက်လက်တယ် မျှော်လင့်ထားသလိုပဲ သူ့နာမည်နဲ့အညီ ရှင်သန်နေတာပဲ"

ဆရာလေးဟွေ့လင်ရဲ့ မျက်နှာက နီရဲလာပြန်သည်။ ကျိုးယန် လုရွှမ်ရဲ့လက်​မောင်းကို လက်သီးနဲ့ တစ်ချက်ထိုးပြီး။

"ညီလေး ရိုးရိုးသားသား ပြောရရင် ဆရာလေးဟွေ့လင်ရဲ့ ဆံပင်တွေကို မကြည့်နဲ့ သူမက သီလရှင်ဆိုတော့ မကောင်းတဲ့ အကြံအစည်တွေ မပေးသင့်ဘူး သိလား?"

လုရွှမ် ပြုံးလိုက်ပြီး သူ့အပြုံးကို ထိန်းကာ နှုတ်ဆက်လိုက်သည်။

"ဆရာလေးဟွေ့လင်ကို နှုတ်ဆက်ပါတယ်"

"ကျွန်မ သခင်လေးလုရွှမ်ကိုလည်း နှုတ်ဆက်ပါတယ်"

"ကောင်းပြီ အပိုစကားတွေကို ရပ်လိုက်ပြီး ဘယ်လိုရှင်သန်ရမလဲဆိုတာ တွေးကြည့်ပါဦး... ဆရာလေးက အရင်ပြောပါ..."

ခေါင်းညိတ်ပြီးနောက် ဟွေ့လင်က ပြောသည်။

"ဘာဖြစ်သွားမှန်းတောင် ကျွန်မတို့လည်း သေချာ မသိပါဘူး... ဒါပေမဲ့ ဆရာသခင်က ကျွန်မတို့ကို ဒီမှာ အထူး သတိထားဖို့ ပြောနေတာပဲ ရှိတယ်.... ဖြစ်ကောင်းဖြစ်နိုင်တာက ထျန်းကျီးသန့်ရှင်းတဲ့မြေဘက်က တစ်ခုခု သိထားနိုင်တယ် ဒါပေမဲ့ ကျွန်မက ဒီအကြောင်းကို အများကြီး မသိပါဘူး"

လုရွှမ် ရုတ်တရက် ဝင်ပြောလိုက်သည်။

"ကျိုးယန်... မင်းရဲ့ကိုယ်ရံတော် ဝမ်ပင်းနဲ့ ဟန်ရှန်းတို့လို လူတွေကို မင်းမြင်ဖူးမယ်ထင်တယ်..

သူတို့က ငါ့အစ်ကိုအရင်းတွေလို့ ခံစားချက်ပေးကြတယ် သူတို့က တကယ့်အစစ် မဟုတ်ဘူးမလား... ဒီထဲကို ခြေချပြီဆိုတာနဲ့ ဒီမှာ ဖြစ်ပျက်ခဲ့တာတွေကို ခံစားခဲ့ရတယ်"

ကျိုးယန်နဲ့ ဟွေ့လင်တို့က ထက်မြတ်သူတွေမလို့ တစ်ပြိုင်နက်တည်းမှာပင် နားလည်ကြသည်။

"ဒါဆို အဲဒါကို ထပ်ပြီး ဖြတ်ကျော်ရမှာပေါ့...နတ်နဂါးမိသားစုက တစ်ညတည်းနဲ့ ရုတ်တရက် ပျောက်ကွယ်သွားတော့ ငါတို့ရော??"

လုရွှမ် အသက်ရှုကြပ်ပြီး "ငါတို့ရဲ့တာဝန်က ရှင်သန်ဖို့ပဲ"

အမျိုးသမီးနှစ်ဦးသည် အချင်းချင်း ထိတ်လန့်တကြား ကြည့်ကာ ဤအရာသည် အများအားဖြင့် မှန်သည်ဟု ယုံကြည်နေကြသော်လည်း လက်ခံရန် ခက်ခဲနေကြဆဲဖြစ်သည်။

"ဒါဆို သဘာဝဘေးအန္တရာယ်က ဘယ်တော့ဖြစ်မှာလဲ"

ဤစကားသည် လူတိုင်း၏ နှလုံးသားထဲရ အကြီးမားဆုံးသော ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေသည်။ လမ်းပေါ်တွင် ရှိစဉ်တုန်းက လုရွှမ်သည် မျှော်စင်နယ်ပယ်ကို ကျော်လွန်ခဲ့သော ကျင့်ကြံသူတစ်ယောက်ရဲ့ တန်ခိုးကြီးသော အရိပ်အယောင်ကို ခံစားရပြီး​ပြီ ဖြစ်သည်။

ဝိညာဥ်ကျင့်စဥ် လောက၏ သွားရာလမ်းတွင် ၎င်း၏ အဆင့်သည် အလွန်မြင့်မားသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ နောက်ဆုံးတော့ ဒါက ရှေးဟောင်း မိသားစုတစ်ခုဖြစ်လို့ အကြီးအကဲရဲ့ ခွန်အားဟာ သာမန်လူတွေရဲ့ နားလည်မှုထက် သာလွန်လွန်းတာက ဖြစ်သင့်ပါ၏။

ထိုသခင်များပင်လျှင် လျှို့ဝှက်ဆန်းကြယ်ပြီး နားမလည်နိုင်သော ဘေးဥပဒ်များဖြင့် သုတ်သင်ခံခဲ့ရတယ် ဆိုလျှင် သူတို့က ဘယ်လိုလုပ် ရှောင်ရှားနိုင်မှာလဲ။

“ဒေါင်ဒေါင်!"

"ဒီအသံက ဘာအဓိပ္ပာယ်လဲ"

ကျိုးယန်တို့ လူသုံးယောက်၏ မျက်နှာများ ပြောင်းလဲသွားကာ မေးလိုက်သည်။

"ဒါက လူတိုင်း လာရတဲ့ ရည်ရွယ်ချက်ဖြစ်သင့်တယ် အပြင်ထွက်ကြည့်ရအောင်"

သူတို့သုံးယောက် ထွက်သွားပြီးတာနဲ့ ဝမ်ပင်းနဲ့ ဟန်ရှန်းက အပြင်မှာ စောင့်နေတာကို တွေ့လိုက်ရသည်။ လူသုံးယောက် ထွက်လာတာကို မြင်တော့ ဝမ်ပင်းက အလျင်အမြန် ပြော၏။

"သခင်မလေး၁၃... ဝိညာဥ်ခေါင်းလောင်းက အသံ မြည်နေတယ် တစ်မိသားစုလုံးကို ခြိမ်းခြောက်နိုင်တဲ့ အန္တရာယ်မျိုး ရှိ​နေတာ ​ဖြစ်ရမယ်.... ကျေးဇူးပြုပြီး ကျုံးကျီခန်းမကို မြန်မြန်သွားပါ!"

လုရွှမ် နှင့် အခြားသူများသည် ခန်းမထဲသို့ ဝင်ရန် အရည်အချင်း မပြည့်မီသောကြောင့် အပြင်မှာသာ စောင့်နေခဲ့ရသည်။ လုရွှမ်လည်း ဟန်ရှန်းနဲ့ ဝမ်ပင်းထံသို့ ချဉ်းကပ်လာပြီး။

"အစ်ကိုကြီးတို့နှစ်ယောက် ဘာဖြစ်တာလဲ... ဝိညာဥ်ခေါင်းလောင်းက ဘယ်လိုဖြစ်တာလဲ ?”

ဟန်ရှန်းနှင့် ဝမ်ပင်းတို့ နှစ်ယောက်လုံးက စိုးရိမ်တကြီးနှင့် အဝေးကို လှမ်းကြည့်ကြသည်။

ဝမ်ပင်း: "ဘယ်သူသိမှာလဲ ဒါပေမဲ့ နတ်နဂါး မိသားစုက ဘေးကင်းစွာ ရှင်သန်နိုင်မယ်လို့ ငါယုံကြည်ပါတယ်"

ဟန်ရှန်းသည်လည်း လေးနက်စွာ ခေါင်းညိတ်သည်။

"ငါတို့က နတ်နဂါးမိသားစုကပဲလေ... အန္တရာယ်မှန်သမျှကို ဖယ်ရှားနိုင်မှာပါ"

လုရွှမ့သည် သူတို့၏မျက်လုံးများတွင် အနီရောင်အရိပ့်တွေကို ကြည့်ပြီး နှလုံးသားထဲတွင် ဝမ်းနည်းမှု အရိပ်အယောင်တွေ ရှိနေတာကို ခံစားလိုက်ရသည်။

နတ်နဂါး မိသားစုသည် ဤဘေးဒုက္ခမှ မလွတ်မြောက်ခဲ့ဘဲ သူ့ကို အလွန်ကောင်းမွန်စွာ ဆက်ဆံခဲ့သော ထိုညီအစ်ကိုနှစ်ဦးသည်လည်း ဤဘေးအန္တရာယ်ထဲတွင် သေဆုံးသွားခဲ့သည်ကို လုရွှမ် ရိပ်မိပါသည်။

All Chapters