← Chapters

ကြက်သွေးရောင်လ

Vol. 1 Ch. 1

ကြက်သွေးရောင်လ

Vol. 1 Ch. 1

‘ကိုက်တယ်’

‘ကိုက်လိုက်တာ’

‘ခေါင်းကိုက်လိုက်တာ’

ရေရွတ်သံတွေနဲ့ ပြည့်နေတဲ့ အလွန်အကဲ တောက်ပလွန်းတဲ့ အိပ်မက်ကမ္ဘာဟာ ရုတ်ခြည်း ကွဲကြေသွားပါတယ်။ အိပ်မောကျနေတဲ့ ကျိုးမင်ရွေ့ဟာ သူ့ခေါင်းကို တစ်ယောက်ယောက်က တုတ်နဲ့ကိုင်ပြီး ရိုက်နေသလိုမျိုး သာမန်မဟုတ်တဲ့ ကိုက်ခဲမှုကို ခံစားလိုက်ရပါတယ်။ မဟုတ်ပါဘူး။ စူးရှတဲ့ အရာဝတ္ထုတစ်ခုနဲ့ သူ့နားထင်ကို လိမ့်ထိုးနေသလိုပါပဲ။

“အို့...”

မိန်းမောနေတဲ့ ကျိုးမင်ရွေ့ဟာ တစ်ဖက်လှည့်ဖို့ ခေါင်းမော့ဖို့ ထထိုင်ဖို့ ကြိုးစားကြည့်ပါတယ်။ ဒါပေမဲ့ ကျိုးမင်ရွေ့ဟာ သူ့ခြေလက်တွေကို လုံးဝ လှုပ်မရပါဘူး။ သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်လို့ မရတော့တဲ့ အတိုင်းပါပဲ။

‘ကြည့်ရတာ ငါက မနိုးသေးဘဲ အိပ်မက်ထဲမှာပဲ ရှိနေသေးတယ်နဲ့ တူတယ်... ဘယ်သူသိမှာလဲ... နောက်မြင်ကွင်းက ငါက နိုးနေပြီလို့ ထင်ပေမဲ့ အိပ်မက်ထဲမှာပဲ ရှိနေသေးတာ ဖြစ်နိုင်တာပဲ...’

ဒီလိုကိစ္စမျိုးနဲ့ ရင်းနှီးနေတဲ့ ကျိုးမင်ရွေ့ဟာ အမှောင်ထုနဲ့ ရှုပ်ထွေးမှုတွေရဲ့ ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်ဖို့ အကောင်းဆုံးကြိုးစားပြီး အာရုံစိုက်ပါတယ်။

ဒါပေမဲ့ စိတ်ကူးအိပ်မက်ထဲမှာ ရှိနေတဲ့ ကျိုးမင်ရွေ့ ဆင့်ခေါ်တဲ့ အရာမှန်သမျှက လွင့်ပါးနေတဲ့ မြူခိုးတွေလို အရိပ်အယောင်သာသာပဲ ရှိပါတယ်။ ကျိုးမင်ရွေ့ဟာ သူ့အတွေးတွေက ထိန်းချုပ်ဖို့ ခက်ခဲပြီး ဆန်းစစ်ဖို့ မလွယ်တာကို တွေ့လိုက်ရပါတယ်။ သူ ဘယ်လိုပဲ ကြိုးစားကြိုးစား အာရုံစိုက်မှုက ကြာကြာမခံဘဲ ကျပန်း အတွေးတွေ ပေါ်ပေါ်လာပါတယ်။

‘ငါ ညဉ့်နက်သန်းခေါင်ကြီး ဘာဖြစ်လို့ ရုတ်တရက် မချိမဆံ့ ခေါင်းကိုက်နေရတာလဲ’

‘တကယ်ကို ကိုက်တယ်ကွာ’

‘ဦးနှောက် သွေးယိုစိမ့်တာလား’

‘ခွီးတဲ့မှပဲ... ငါက ငယ်ငယ်ရွယ်ရွယ်နဲ့ သေတော့မှာလား’

‘မဖြစ်ဘူး... ငါအခု နိုးဖို့ လိုတယ်’

‘အင်း... ဘာဖြစ်လို့ အရင်လောက် မကိုက်တော့တာလဲ၊ ဘာဖြစ်လို့ ငါ့ဦးနှောက်ကို ဓားနဲ့ လှီးနေသလိုမျိုး ခံစားနေရတာလဲ’

‘ကြည့်ရတာ ငါ ဒီည အိပ်လို့မရတော့ဘူးနဲ့ တူတယ်၊ မနက်ဖြန် ငါ အလုပ် ဘယ်လိုသွားရပါ့မလဲ’

‘ငါ ဘာဖြစ်လို့ အလုပ်အကြောင်းကို တွေးနေသေးတာလဲ၊ ဒါက တကယ့်ခေါင်းကိုက်တာ၊ မနက်ဖြန် ခွင့်ယူရမယ်၊ ဒါဆို ငါ့မန်နေဂျာရဲ့ တဖျစ်ဖျစ် တတောက်တောက် ပြောတာကို နားထောင်စရာ မလိုတော့ဘူး’

‘ဟေး... ဒီလိုစဉ်းစားကြည့်တော့လည်း မဆိုးဘူးဟ... ဟီးဟီး... ငါ့ကိုယ်ပိုင်အချိန်တောင် ရနိုင်တယ်’

အချိန်ကြာလာတဲ့အခါ ကျိုးမင်ရွေ့ဟာ ခေါင်းကိုက်တာကို နည်းနည်း ခံနိုင်ရည်ရှိသွားပြီး နောက်ဆုံးမှာ မျက်လုံးဖွင့်နိုင်လိုက်ပါတယ်။ နောက်ဆုံးတော့ ကျိုးမင်ရွေ့ဟာ စိတ်ကူးအိပ်မက်ထဲကနေ ထွက်လာနိုင်ခဲ့ပါပြီ။

ပထမတော့ ကျိုးမင်ရွေ့ရဲ့ အမြင်အာရုံဟာ ဝေဝါးနေပြီး ခပ်ဖျော့ဖျော့ ကြက်သွေးရောင်ကို တွေ့လိုက်ရပါတယ်။ အဲဒီနောက် ကျိုမင်းရွေ့ရဲ့ အမြင်အာရုံထဲကို ဝင်လာတာက သစ်သား စားပွဲတစ်လုံးပါ။ စားပွဲရဲ့ အလယ်မှာတော့ ဖွင့်လျက်သား ဝါကျင့်ကျင့် မှတ်စုစာအုပ်တစ်အုပ် ရှိနေပါတယ်။

ဒီမှတ်စုစာအုပ်မှာ ထူးဆန်းပြီး နက်မှောင်တဲ့ စာလုံးတွေ ရေးသားထားတာကြောင့် စူးစမ်းချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။ မှတ်စုစာအုပ်ရဲ့ ဘယ်ဘက်မှာတော့ သေချာစီထားတဲ့ စာအုပ်ရှစ်အုပ်လောက် ရှိပါတယ်။

စားပွဲရဲ့ ညာဘက်က နံရံမှာတော့ အဖြူရောင်မှိုင်းမှိုင်း ပိုက်လေးတွေ ရှိနေပြီး စားပွဲပေါ်က မီးအိမ်တစ်လုံးနဲ့ သွယ်တန်းထားပါတယ်။ ဒီမီးအိမ်က ရှေးအနောက်တိုင်းပုံစံပါ။ မီးအိမ်ရဲ့ အရွယ်အစားက အရွယ်ရောက်ပြီး လူတစ်ယောက်ခေါင်းရဲ့ တစ်ဝက်လောက်ရှိပါတယ်။

မီးအိမ်ရဲ့ အတွင်းပိုင်းက ကြည်လင်ပြတ်သားတဲ့ မှန်ဖြစ်ပြီး အပြင်ပိုင်းမှာတော့ သတ္တုနက်ကို လေးထောင့်ကွက် ကာထားပါတယ်။

မီးအိမ်အောက်က ဓားလွယ်ခုတ်နေရာမှာ အနီရောင်ဖျော့ဖျော့ တောက်နေတဲ့ အနက်ရောင် မင်ဘူးတစ်ဘူး ရှိနေပါတယ်။ မင်ဘူးရဲ့ မျက်နှာပြင်မှာတော့ ဖောင်းကြွ မှုန်ဝါးဝါး တမန်တော်ပုံတစ်ပုံ ရှိနေပါတယ်။

မင်ဘူးရဲ့ရှေ့ဘက် မှတ်စုစာအုပ်ရဲ့ ညာဘက်မှာ နက်မှောင်ပြီး လုံးဝန်းတဲ့ ဖော့ပင်တစ်ချောင်း ရှိနေပါတယ်။ ဖော့ပင်ထိပ်ဖျားဟာ တလက်လက် တောက်ပနေပြီး တခြားတစ်ဖက်ကတော့ ကြွေးဝါ ခြောက်လုံးပြူးဘေးမှာ ရှိနေပါတယ်။

‘သေနတ်... ခြောက်လုံးပြူးလား’

ကျိုးမင်ရွေ့ဟာ လုံးဝ လန့်သွားပါတယ်။ သူ့ရှေ့မှာ ရှိနေတဲ့ ဒီအရာတွေက သူနဲ့ လားလားမှ မဆိုင်ပါဘူး။ ဒီအခန်းကလည်း သူ့အခန်းနဲ့ လုံးဝ မတူပါဘူး။

ထိတ်လန့်မှုနဲ့ ဝေခွဲမရမှုတွေကြားမှာ ကျိုးမင်ရွေ့ဟာ စားပွဲ၊ မှတ်စုစာအုပ်၊ မှင်ဘူးနဲ့ ခြောက်လုံးပြူး သေနတ်ကို ကြက်သွေးရောင်က လွှမ်းမိုးထားတာ သတိထားမိသွားပါတယ်။ ဒီလိုဖြစ်ရတာက ပြတင်းပေါက်ကနေ ဝင်လာတဲ့ အလင်းရောင်ကြောင့်ပါ။

ကျိုးမင်ရွေ့လည်း ပြတင်းပေါက် အပြင်ဘက်ကို ဖြည်းဖြည်းချင်း မော့ကြည့်မိလိုက်တဲ့အခါ နက်မှောင်တဲ့ ကောင်းကင်ယံမှာ တိတ်တဆိတ်သာနေတဲ့ ကြက်သွေးရောင် လမင်းကို တွေ့လိုက်ရပါတယ်။

‘ဒါ...’

ကျိုးမင်ရွေ့ဟာ တုန်လှုပ်ချောက်ချားသွားပြီး ဆတ်ခနဲ မတ်တတ် ကောက်ရပ်လိုက်ပါတယ်။ ဒါပေမဲ့ ကျိုးမင်ရွေ့ မတ်မတ် မရပ်နိုင်ခင်မှာပဲ သူ့ဦးနှောက်က တဆစ်ဆစ် ကိုက်ခဲလာတာကြောင့် ကျိုးမင်ရွေ့လည်း အားမရှိတော့ဘဲ သစ်သားကုလားထိုင်ပေါ်ကို ဖတ်ခနဲ ပြန်ပြုတ်ကျသွားပါတယ်။

ရုတ်တရမလို့ ကျိုးမင်ရွေ့ဟာ နည်းနည်း နာသွားပါတယ်။ အဲဒီနောက် ကျိုးမင်ရွေ့ဟာ စားပွဲကို လက်နှစ်ဖက်နဲ့ အားပြုပြီး မတ်တတ် ပြန်ရပ်လိုက်ပါတယ်။ အဲဒီနောက် ကျိုးမင်ရွေ့ဟာ ဟိုဘက်ဒီဘက် လှည့်ကြည့်ပြီး သူရောက်နေတဲ့ နေရာကို စအကဲခတ်ပါတယ်။

မျက်နှာချင်းဆိုင် နံရံနှစ်ဖက်မှာ အညိုရောင်တံခါးတစ်ချပ်ဆီ ရှိပေမဲ့ အခန်းက သိပ်အကျယ်ကြီးတော့ မဟုတ်ပါဘူး။ ပြတင်းပေါက်နဲ့ မျက်နှာချင်းဆိုင် နံရံဘေးမှာတော့ နှစ်ဆင့် သစ်သားခုတင်တစ်လုံး ရှိနေပါတယ်။

ခုတင်နဲ့ ဘယ်ဘက်တံခါးကြားမှာတော့ ဗီရိုတစ်လုံး ရှိပါတယ်။ ဗီရိုရဲ့ တံခါးနှစ်ချပ်က ဟာလာဟင်းလင်း ပွင့်နေပြီး ဒီတံခါးနှစ်ချပ်ရဲ့ အောက်မှာတော့ အံ့ဆွဲငါးခု ရှိပါတယ်။

ဗီရိုရဲ့ဘေးမှာတော့ လူတစ်ရပ်စာ အဖြူရောင်မှိုင်းမှိုင်း ပိုက်တွေ ရှိနေပြန်ပါတယ်။ ဒါပေမဲ့ ဒီပိုက်တွေက ဂီယာတွေ ဘောတွေ တစ်စိတ်တစ်ပိုင်း ပေါ်နေတဲ့ ထူးဆန်းတဲ့စက်တစ်မျိုးနဲ့ သွယ်တန်းထားပါတယ်။

မီးသွေးမီးဖို၊ စွပ်ပြုတ်အိုး၊ ဒယ်အိုး စတဲ့ မီးဖိုချောင်း အသုံးအဆောင်ပစ္စည်းတွေကတော့ အခန်းရဲ့ ညာဘက်ထောင့် စားပွဲနားမှာ ရှိနေပါတယ်။

ညာဘက်တံခါးရဲ့ မျက်နှာချင်းဆိုင်မှာတော့ အက်ရာနှစ်ကြောင်းရှိတဲ့ ကိုယ်လုံးပေါ် မှန်ရှိပါတယ်။ မှန်အောက်ခြေကို သစ်သားနဲ့ ပြုလုပ်ထားတဲ့ပြီး သင်္ကေတတွေက ရိုးစင်းလွန်းပါတယ်။

ကျိုးမင်ရွေ့ဟာ တစ်ချက်လှမ်းကကြည့်လိုက်တဲ့အခါ မှန်ထဲက လက်ရှိသူ့ကို တွေ့မြင်လိုက်ရပါတယ်။

အနက်ရောင် ဆံပင်၊ အညိုရောင် မျက်ဆံ၊ ရိုးရှင်းတဲ့ ရှပ်အင်္ကျီရှည်၊ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်နဲ့ သာမန်မျက်နှာ အသွင်အပြင်တွေရှိပေမဲ့ အကုန်လုံးပေါင်းလိုက်ရင် လူကြားထဲမှာတော့ နည်းနည်းထင်ပေါ်နိုင်ပါတယ်။

‘ဒါ...’

ကျိုးမင်ရွေ့ဟာ ပင့်သက်ရှိုက်လိုက်ပြီး စိတ်ထဲမှာလည်း မရေရာတဲ့ ခန့်မှန်းချက်မျိုးစုံ ပေါ်လာပါတယ်။

ရှေးဥရောပစတိုင် ခြောက်လုံးပြူး၊ ကမ္ဘာမြေက လနဲ့ မတူတဲ့ ကြက်သွေးရောင်လ... ဒါတွေက အရာတစ်ခုကို ညွှန်ပြနေပါတယ်။

‘ငါ... ငါ ဘဝ ကူးပြောင်းလာတာလား’ ကျိုးမင်ရွေ့ဟာ မဆိုစလောက် ပါးစပ် အဟောင်းသား ဖြစ်သွားပါတယ်။

ကျိုးမင်ရွေ့ဟာ အွန်လိုင်းဝတ္ထုတွေ ဖတ်ပြီး ကြီးပြင်းလာသူမလို့ ဒီလိုအဖြစ်အပျက်မျိုးကို မကြာခဏ စိတ်ကူးယဉ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ တကယ် ကြုံလာရတဲ့အခါမှာတော့ ကျိုးမင်ရွေ့ဟာ လက်ရှိအခြေအနေကို လက်ခံဖို့ ခက်ခဲ့တယ်ဆိုတာ ရှာတွေ့သွားပါတယ်။

တစ်မိနစ်အတွင်းမှာပဲ ကျိုးမင်ရွေ့ဟာ သူ့ကိုယ်သူ ကျိန်ဆဲပြီး ဒီယုတ္တိမရှိတဲ့ အခြေအနေကနေ ရုန်းထွက်ဖို့ အကောင်းဆုံး ကြိုးစားပါတယ်။

ကိုက်ခဲလွန်းတဲ့ ခေါင်းကိုက်ဝေဒနာက သူ့အတွေးတွေကို ကြည်လင်အောင် လုပ်မထားရင် ကျိုးမင်ရွေ့ဟာ သူ အိပ်မက်မက်နေတာလို့ သေချာပေါက် သံသယဝင်မိမှာပါ။

‘စိတ်ငြိမ်အောင်ထား... စိတ်ငြိမ်အောင်ထား...’

ကျိုးမင်ရွေ့ဟာ အသက်အရှည်ကြီး ရှူကာ ထိတ်လန့် တုန်လှုပ်နေတဲ့စိတ်ကို ငြိမ်သက်အောင် ကြိုးစားပါတယ်။ သူ့စိတ်နဲ့ ခန္ဓာကိုယ် ငြိမ်သက်သွားတဲ့အခါမှာတော့ ကျိုးမင်ရွေ့ရဲ့ ‌ခေါင်းထဲမှာ မှတ်ဉာဏ်တချို့ စပေါ်လာပါတယ်။

မြောက်ပိုင်းတိုက် လိုအင်နိုင်ငံ၊ အော့ဝါခရိုင်၊ ထင်းဂန်မြို့။

ကလိုင်းမိုရက်တီက ခွိုင်းတက္ကသိုလ် သမိုင်းဋ္ဌာနကနေ မကြာသေးခင်ကမှ ဘွဲ့ရထားတဲ့ ဘွဲ့ရတစ်ယောက်ပါ။

သူ့အဖေက တောင်ပိုင်းတိုက်နဲ့ ကိုလိုနီစစ်ပွဲမှာ အသက်စတေးခဲ့တဲ့ တော်ဝင်စစ်တပ်ရဲ့ တပ်ကြပ်ကြီးပါ။ ဒီရဲဝံ့စွာသေဆုံးမှုက ကလိုင်းမိုရက်တီကို ကိုယ်ပိုင် ဘာသာရပ်ကျောင်းမှာ ပညာသင်ကြားခွင့် ရစေခဲ့ပြီး တက္ကသိုလ်ဝင်ခွင့်ရအောင် အုတ်မြစ်ချပေးခဲ့ပါတယ်။

သူ့အမေကတော့ ထာဝရည နတ်ဘုရားမကို ကိုးကွယ်ဆည်းကပ်သူပါ။ ခွိုင်းတက္ကသိုလ်ရဲ့ ဝင်ခွင့်စာမေးပွဲကို ကလိုင်း အောင်မြင်တဲ့ နှစ်မှာပဲ သူ့အမေ ဆုံးပါးသွားခဲ့ပါတယ်။

ကလိုင်းမှာ အစ်ကိုတစ်ယောက်နဲ့ ညီမတစ်ယောက်လည်း ရှိပါတယ်။ သူတို့မောင်နှမ သုံးယောက်က အိပ်ခန်းနှစ်ခန်းပါတဲ့ တိုက်ခန်းမှာ အတူနေကြပါတယ်။

သူတို့မိသားစုက မချမ်းသာပါဘူး။ စားနိုင်သောက်နိုင်ရုံပဲ ရှိပါတယ်။ လက်ရှိမှာတော့ သူတို့မိသားစုကို ကလိုင်းရဲ့အစ်ကို တစ်ယောက်တည်းက ထောက်ပံ့ထားပါတယ်။ ကလိုင်းအစ်ကိုက သွင်းကုန်ပို့ကုန် ကုမ္ပဏီတစ်ခုမှာ စာရေးအနေနဲ့ အလုပ်လုပ်ပါတယ်။

သမိုင်းဘွဲ့ရဖြစ်တဲ့ ကလိုင်းဟာ မြောက်ပိုင်းတိုက်မှာရှိတဲ့ ဘာသာစကားအားလုံးရဲ့ ရင်းမြစ်လို့ ယူဆကြတဲ့ ရှေးဟောင်း ဘာသာစကား ဖေးဆက်နဲ့ ရှေးဟောင်း အုတ်ဂူတွေမှာ မကြာခဏ တွေ့ရတတ်တဲ့ ယဇ်ပူဇော်တဲ့နေရာ အစီအရင်လုပ်တဲ့ နေရာမှာ သုံးလေ့ရှိတယ်လို့ လက်ခံထားတဲ့ ဟာမစ်ဘာသာစကားကို ကျွမ်းကျင်နားလည်ပါတယ်။

‘ဟာမစ် ဘာသာစကားလား’

ကျိုးမင်ရွေ့ရဲ့ စိတ်ဟာ ဂယက်ထသွားပြီး တဆစ်ဆစ်ကိုက်နေတဲ့ နားထင်ကို လက်နဲ့ ပွတ်လိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကျိုးမင်ရွေ့ရဲ့ အကြည့်ဟာ ပွင့်နေတဲ့ မှတ်စုစာအုပ်ဆီ ရောက်သွားပါတယ်။ မှတ်စုစာအုပ်ရဲ့ ဝါကျင့်ကျင့်စာရွက်ပေါ်က စာလုံးတွေဟာ ထူးဆန်းတာကနေ ဘာသာခြားစကား၊ ဘာသာခြားစကားကနေ ကျိုးမင်ရွေ့ ရင်းနှီးတဲ့ စကားလုံးတွေအဖြစ် ပြောင်းလဲလာပါတယ်။ အဲဒီနောက် ကျိုးမင်ရွေ့ ဖတ်လို့နားလည်တဲ့ စာလုံးတွေ ဖြစ်သွားပါတယ်။

ဒီစာလုံးတွေက ဟာမစ်ဘာသာစကားနဲ့ ရေးသားထားတာပါ။

မှင်နက်တွေနဲ့ ဒီလိုရေးထားတာပါ။

“လူတိုင်း သေလိမ့်မယ်၊ ငါလည်း သေလိမ့်မယ်”

“ဟစ်စ်...”

ကျိုးမင်ရွေ့ဟာ တုန်လှုပ်ချောက်ချားသွားပါတယ်။ ကျိုးမင်ရွေ့ဟာ မှတ်စုစာအုပ်နဲ့ ဝေးဝေးမှာ နေချင်တဲ့အတွက် အလိုလို နောက်ဆုတ်မိလျက်သား ဖြစ်သွားပါတယ်။

ဒါပေမဲ့ အားနည်းလွန်းတဲ့ ခန္ဓာကိုယ်ကြောင့် ကျိုးမင်ရွေ့ဟာ လဲကျလုနီး ဖြစ်သွားပါတယ်။ ကံကောင်းချင်တော့ ကျိုးမင်ရွေ့ဟာ စားပွဲစွန်းကို လက်နှစ်ဖက်နဲ့ အချိန်မီ အားပြုလိုက်နိုင်ပါတယ်။ ကျိုးမင်ရွေ့ဟာ နားထဲမှာ ခပ်ယဲ့ယဲ့ ရေရွတ်သံတွေကို ကြားနေရတယ်လို့ ခံစားလိုက်ရပါတယ်။

ဒီခံစားချက်က သူ ငယ်ငယ်တုန်းက လူကြီးတွေ ပြောပြတဲ့ သရဲပုံပြင်တွေကို နားထောင်နေရသလိုပါပဲ။

ကျိုးမင်ရွေ့ဟာ ခေါင်းခါလိုက်ပြီး အကုန်လုံးက ပုံရိပ်ယောင်တွေလို့ မှတ်ယူလိုက်ပါတယ်။ ကျိုးမင်ရွေ့ဟာ ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် ထိန်းပြီး သူ့အကြည့်ကို မှတ်စုစာအုပ်ဆီက ရွှေ့ကာ အသက်ဝအောင် ရှူလိုက်ပါတယ်။

ဒီတစ်ကြိမ်မှာတော့ ကျိုးမင်ရွေ့ရဲ့ အကြည့်ဟာ ဝင်းလဲ့နေတဲ့ ကြေးဝါ ခြောက်လုံးပြူးဆီ ရောက်သွားပါတယ်။ ကျိုးမင်ရွေ့ဟာ ခြောက်လုံးပြူးကို ကြည့်ပြီး ခေါင်းထဲမှာ မေးခွန်းတစ်ခု ရုတ်တရက် ပေါ်လာပါတယ်။

‘ကလိုင်း မိသားစုရဲ့ အခြေအနေနဲ့ ဒီခြောက်လုံးပြူးကို ဝယ်ဖို့ ပိုက်ဆံ ဘယယ်လိုလုပ် ရှိမှာလဲ၊ အဆက်အသွယ်ကရော ဘယ်က ရတာလဲ’

ကျိုးမင်ရွေ့ဟာ မျက်မှောင်မကြုတ်ဘဲ မနေနိုင်ပါဘူး။

အတွေးနက်နေတဲ့ ကျိုးမင်ရွေ့ဟာ စားပွဲဘေးက အနီရောင် လက်ဝါးရာကို ရုတ်တရက် ရှာတွေ့သွားပါတယ်။ ဒီအနီရောင်က လရောင်ထက် ပိုရင့်နေပါတယ်။

သွေးလက်ဝါးရာပါ။

‘သွေးလက်ဝါးရာ...’ ကျိုးမင်ရွေ့ဟာ စားပွဲစွန်းကို ကိုင်ထားတဲ့ သူ့ညာလက်ဝါးကို အလိုလို လှန်ကြည့်မိလိုက်တဲ့အခါ သူ့လက်ဝါးနဲ့ လက်ချောင်းတွေက သွေးတွေ ပေကျံနေတာကို တွေ့လိုက်ရပါတယ်။

တစ်ချိန်တည်းမှာပဲ ခေါင်းထဲမှာလည်း တဆစ်ဆစ် ကိုက်နေပါတယ်။ ခေါင်းကိုက်တာက နည်းနည်း အားပျော့သွားပေမဲ့ ပျောက်သွားမဲ့ပုံ မရှိသေးပါဘူး.

‘ငါ ဒီခေါင်းကို ရိုက်ခွဲချင်လာပြီ’

ကျိုးမင်ရွေ့ဟာ တစ်ဖက်လှည့်ပြီး အက်ရာထင်နေတဲ့ ကိုယ်လုံးပေါ်မှန်ဆီ လျှောက်သွားပါတယ်။

ခြေလှမ်း လေးငါးဆယ်လှမ်း လှမ်းပြီးတဲ့ အခါမှာတော့ ကျိုးမင်ရွေ့ရဲ့ ရှေ့မှာ အနက်ရောင်ဆံပင်၊ အညိုရောင်မျက်လုံးတွေနဲ့ မပိန်မပါး လူငယ်တစ်ယောက် ပေါ်လာပါတယ်။ ဒီလူငယ်က တစ်ချက်ကြည့်ရုံနဲ့ စာကြမ်းပိုးဆိုတာ သိနိုင်ပါတယ်။

‘ဒါက လက်ရှိငါ... ကလိုင်းမိုရက်တီလား’

ကျိုးမင်ရွေ့ဟာ တဒင်္ဂ မှင်တက်သွားပါတယ်။ ညအမှောင်ဆိုတော့ အလင်းရောင် မလုံလောက်တဲ့အတွက် ကျိုးမင်ရွေ့ဟာ သူ မြင်ချင်တာကို သဲသဲကွဲကွဲ မမြင်ရပါဘူး။ အဲဒါကြောင့် ကျိုးမင်ရွေ့ဟာ ကိုယ်လုံးပေါ်မှန်နဲ့ ထိခါနီးအထိ ရှေ့တိုးလိုက်ပါတယ်။

ကြက်သွေးရောင်နဲ့တူတဲ့ လရောင်အောက်မှာ ကျိုးမင်ရွေ့ဟာ ခေါင်းကို နည်းနည်းလှည့်ပြီး သူ့နားထင်ကို ကြည့်လိုက်ပါတယ်။

မှန်ထဲမှာ ထင်ထင်ရှားရှား မြင်လိုက်ရတာက သူ့နားထင်မှာ တော်တော်လေးနက်တဲ့ ဒဏ်ရာတစ်ခု ရှိနေပြီး ဒီဒဏ်ရာပတ်လည်မှာ တစ်ခုခုလောင်ထားသလို ဖြစ်နေပါတယ်။ ဒီဒဏ်ရာရဲ့ ပတ်ပတ်လည်မှာ သွေးတွေ စွန်းထင်းနေပြီး ဒဏ်ရာထဲမှာတော့ ဦးနှောက်ရည်တွေ ဖြည်းဖြည်းချင်း ပြည့်လာနေပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters