← Chapters

အခန်း (၁၅၁)

Vol. 11 Ch. 151

အခန်း (၁၅၁)

Vol. 11 Ch. 151

ဒုတိယမြောက်နေ့တွင် ဇီးနစ်အင်ပါယာမှ သံတမန်အဖွဲ့များသည် ချမ်းဘော့ဒ်မြို့မှ ပြန်သွားကြပြီဖြစ်သည်။

ဇီးနစ်စစ်ပွဲနတ်ဘုရား အာရှဗင်မှာ အိမ်ရှင်ဖှေးကိုပင် နှုတ်ဆက်စကားမပြောတော့ပဲ ကျွမ်းကျင်တပ်ဖွဲ့တစ်ခုနှင့်အတူ ချမ်းဘော့ဒ်မှ အလျှင်စလိုပြန်လည်ထွက်ခွာသွားပြီးဖြစ်သည်။ အင်ပါယာသို့ အပြန်လမ်းမှာ အန္တရာယ်ရှိလာနိုင်သော်လည်း သူမြို့တော် စိန့်ပီတာစဘာ့မှ ထွက်လာသည့် လျို့ဝှက်သတင်းမှာ ပေါက်ကြားသွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် အချိန်မှာ အလွန်အရေးကြီးနေ၏။ အင်ပါယာအရှင်သခင် ယရှင်း၏ ကျန်းမာရေးမှာ တစ်နေ့တခြားစိုးဝါးနေပြီဖြစ်ရာ မြို့တော်တွင် နိုင်ငံရေးအခြေအနေများသည်လည်း တည်ငြိမ်ခြင်းမရှိတော့ပေ။ အာရှဗင် ချမ်းဘော့ဒ်တွင် အားပြန်ပြည့်ချိန်ထိ ဆက်လက်စောင့်ဆိုင်းနေပါက ဒိုမင်ဂူသည် ဤအခွင့်ရေးကို အသုံးချပြီး သူ့အား အင်ပါယာအတွင်း အားနည်းသွားအောင် ပြုလုပ်လိမ့်မည်ကို စိုးရိမ်နေသည်။ ထို့ကြောင့် အန္တရာယ်များသည့်တိုင်အောင် အာရှဗင်အသတ်နှင့်ရင်းကာ အမြန်ပြန်ရမည်ဖြစ်သည်။

ကံကောင်းထောက်မစွာပင် ဖှေးပေးလိုက်သည့် [ပြန်လည်သစ်လွင်ဆေးပုလင်း]တစ်ဝက်ခန့်မှာ သူ၏ ဒဏ်ရာတော်တော်များများကို ပျောက်ကင်းစေပြီဖြစ်သည်။

အံ့သြဖွယ်ပင် အာရှဗင်၏ အယုံကြည်ရဆုံး အကြံပေးဖြစ်သည့် မင်းသမီးတာနာရှာမှာ ချမ်းဘော့ဒ်တွင် ရက်အနည်းငယ်ခန့်နေခဲ့ရန်ဆုံးဖြတ်လိုက်သည်။

သို့သော် ထိုအရာများသည် ဖှေးအတွက် စိုးရိမ်စရာမဟုတ်ပေ။

ချမ်းဘော့ဒ်တိုင်းပြည်၏ ပြုပြင်ပြောင်းလဲခြင်းများမှာ စတင်နေပြီဖြစ်သည်။ စစ်ဘက်ဆိုင်ရာနှင့် နိုင်ငံရေးဆိုင်ရာ ပြောင်းလဲမှုအစီစဥ်များကိုလည်း စတင်နိုင်နေပြီဖြစ်သည်။

အလတ်ဇန္ဒားတရားဝင်နန်းတက်ပြီးနောက်တွင် ဘုရင်၏အမိန့်များသည် လူတိုင်းမျှော်လင့်ထားသကဲ့သို့ပင် စတင်သက်ရောက်နေပြီဖြစ်သည်။

စစ်ဘက်ဆိုင်ရာနှင့် ပတ်သက်၍ ချမ်းဘော့ဒ်တိုင်းပြည်တွင် ကြီးမားသည့်တပ်ဖွဲ့နှစ်ခုကို ဖွဲ့စည်းလိုက်သည်။

သူတော်စဥ်စစ်သည်တပ်ဖွဲ့နှင့် ဥပဒေပြုထိန်းရေးအဖွဲ့ဟူ၍ပင်။

ဖှေး ဤကမ္ဘာသို့ မရောက်ရှိစဥ်က သူသည် သာမန် တက္ကသိုလ်ကျောင်းသားတစ်ဦးသာဖြစ်သည်။ ထို့ကြောင့် ချမ်းဘော့ဒ်တိုင်းပြည် ပြန်လည်တည်ဆောက်ရေးနှင့် ပတ်သက်ပြီး အကျိုးပြုအကြံများ သိပ်မရှိဖြစ်နေသည်။ သူတော်စဥ်တပ်ဖွဲ့ ၊ ဥပဒေပြုထိန်းရေးတပ်ဖွဲ့ စသည်တို့မှာ သူ၏ ကြားဖူးနားဝများကိုသာ အခြေခံထားခြင်းဖြစ်သည်။ ဤသည်မှာ ချမ်းဘော့ဒ်တိုင်းပြည်၏ တရားဝင်ထင်သာမြင်သာ စစ်ဘက်ဆိုင်ရာအင်အားစုအဖွဲ့နှစ်ခုဖြစ်သည်။ သူတော်စဥ်တပ်ဖွဲ့ဆိုသည်မှာ ယခင်မင်းဆက်များလက်ထက်က နန်းတွင်းတပ်ဖွဲ့များကဲ့သ်ို့ပင် ဘုရင်၏ သက်တော်စောင့်များဖြစ်ကြသည်။ နန်းတော်အား ကာကွယ်စောင့်ရှောက်ရန်နှင့် ဘုရင်၏အမိန့်များကို ထမ်းဆောင်ရန်တာဝန်ရှိသည်။ ဥပဒေပြုထိန်းရေးတပ်ဖွဲ့မှာ သာမန်တပ်ဖွဲ့တစ်ခုပင်။ နိုင်ငံရေးရာကိစ္စများနှင့် စစ်ဘက်ဆိုင်ရာ ကိစ္စများအတွင် မြို့တွင်းဆိုင်ရာ ကိစ္စများအတွက်ပါ တာဝန်ရှိသည်။ လက်ရှိအနေထားအရ ချမ်းဘော့ဒ်တိုင်းပြည်မှာ သေးငယ်သေးသောကြောင့် ပို၍အသေးစိတ်အုပ်ချုပ်ရေးစနစ်များ ထူထောင်ရန်အတွက် မလ်ိုအပ်သေးချေ။

လူအများမသိသေးသည်မှာ ဖှေးသည် အမှောင်ထဲမှ ကိစ္စများအတွက်ဆောင်ရွက်ရန်အတွက် လျို့ဝှက်တပ်ဖွဲ့တစ်ခု တည်ထောင်ရန်ပါ အကြံစည်ရှိနေခြင်းပင်။ ဤကဲ့သို့ အဖွဲ့တစ်ခုရှိရန်မှာလဲလိုအပ်လှသည်။ ပဲရစ်၏ မြို့တွင်းတွင် စေခိုင်းထားခဲ့သည့် လုယက်သူများအဖွဲ့ကဲ့သို့ပင်။ သို့သော် လက်ရှိချမ်းဘော့ဒ်တွင် ထိုကိစ္စနှင့်ပတ်သက်ပြီး ကိုက်ညီကာအရည်ခြင်းရှိသူမတွေ့သေးသဖြင့် ထိုအစီစဥ်ကို ဖှေးယာယီရပ်ဆိုင်းထားလိုက်သည်။

သို့သော် ဖှေးသည် ဒိုင်ယာဘလိုကမ္ဘာ၏ လုပ်ကြံသတ်ဖြတ်သူဇာတ်ကောက်အား ကျွမ်းကျင်ပြီးဖြစ်သဖြင့် ကိုယ်ယောင်ဖျောက်ခြင်း၊ ဖောက်ထွင်းဝင်ရောက်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း၊ အဆိပ်ပညာ၊ ထောင်ချောက်များ စသည်တို့တွက် ကျွမ်းကျင်နေပြီဖြစ်သည်။ အနာဂတ်တွင် သင့်လျှော်သည့်လူများက်ိုတွေ့ပါက ဤတပ်ဖွဲ့အားဖွဲ့စည်းရန်မှာ ရှည်ကြာခက်ခဲမည်မဟုတ်ပေ။

ဤနည်းအားဖြင့် လျို့ဝှက်တပ်ဖွဲ့အပါအဝင် ချမ်းဘော့ဒ်တိုင်းပြည်၏ စစ်ဘက်ဆိုင်ရာအင်အားစုအား အဖွဲ့သုံးခုခွဲလိုက်သည်။

ထိုအဖွဲ့စည်းသုံးခုအား အထိက ကိုင်တွယ်အမိန့်ပေးမည့်သူမှာ ဘုရင်ကိုယ်တိုင်သာဖြစ်သည်။

လူအများသည် ချမ်းဘော့ဒ်တိုင်းပြည်၏ စနစ်အသစ်မှာ အနည်းငယ်ထူးဆန်းသလို ခံစားရသည်။ သို့သော် ဘုရင်အလတ်ဇန္ဒားအား ယုံကြည်သဖြင့် အပြည့်အဝ သဘောတူကာလိုက်နာကြ၏။

စစ်ဘက်ဆိုင်ရာအပြင် အုပ်ချုပ်ရေးဆိုင်ရာစီမံခန့်ခွဲရေးအတွက် လွန်ခဲ့သည့်တစ်လအတွင်း ဖှေးအကြံပြုချက်များစွာရရှိခဲ့သော်လည်း ဖှေးမျက်စိကျသည့် အစီစဥ်တစ်ခုမှ မရှိခဲ့ပေ။ ဘတ်စ်လဲ ကြံရာမရဖြစ်နေသဖြင့် ဖှေး မိမိကိုယ်တိုင်စီစဥ်ရန်သာ ဆုံးဖြတ်လိုက်သည်။ ဖှေး ယခင်ကမ္ဘာမှာရှိစဥ်က ကြားဖူးခဲ့သည့် စနစ်တစ်ခုကိုသာ အရှက်မရှိထက်မံကူးချလိုက်သည်။ တရုတ်သမိုင်းမှ ထန်းမင်းဆက်၏ ဌာန၃ခု ဝန်ကြီး၆ယောက်စနစ်အား အေဇာရုတိုက်သို့ ယူဆောင်လိုက်၏။

ဘုရင်တစ်ပါးအနေဖြင့် ဖှေးယခင်က စနစ်ဖြစ်သည့် ဝန်ကြီးချုပ်တစ်ယောက်သည် စီမံခန့်ခွဲမှု အရာအားလုံးအား ချုပ်ကိုင်ထားသည့်စနစ်ကို ပယ်ဖြတ်လိုက်သည်။ ထိုအစား ဝန်ကြီးများစွာခန့်အပ်ပြီး ယခင်ဝန်ကြီးချုပ်၏ အုပ်ချုပ်မှုအာဏာများကို ခွဲဝေပေးအပ်လိုက်ခြင်းပင်။ တိုင်းပြည်၏ အခမ်းနားများနှင့် ရိုးရာများနှင့် ပတ်သက်၍ တာဝန်ရှိသော အခမ်းနားဆိုင်ရာဝန်ကြီးဌာန၊ အမှုထမ်းများနှင့် ပတ်သက်ရာတွင်တာဝန်ရှ်သည့် အမှုထမ်းဝန်ကြီးဌာန၊ ဥပဒေဆ်ိုင်ရာကိစ္စများ အကျဥ်းထောင်ဆိုင်ရာကိစ္စများနှင့် ပတ်သက်ပြီး တာဝန်ရှိသည့် တရားမျှတမှု ဝန်ကြီးဌာန၊ စစ်ဘက်ဆိုင်ရာ စီမံမှုနှင့် ပတ်သက်သော ကာကွယ်ရေးဝန်ကြီးဌာန၊ ပြုပြင်တည်ဆောက်ရေးများနှင့် ပတ်သက်သည့် အလုပ်သမားရေးရာဝန်ကြီးဌာန၊ တိုင်းပြည် ဘဏ္ဍာနှင့် ပတ်သက်သည့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ဖြစ်သည်။

ဤသည်မှာ ချမ်းဘော့ဒ်တိုင်းပြည်၏ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာစနစ်သစ်ဖြစ်သည်။

ဖှေး ဤစနစ်အား မိမိအလိုကျ ရိုးရှင်းသည့်ပြောင်းလဲမှုများပြုလုပ်ထားသည်။ ဥပမာအားဖြင့် ထန်းမင်းဆက်၏ ကာကွယ်ရေးဝန်ကြီးဌာနသည် စစ်သည်တော်များတပ်ဖွဲ့များကို တိုက်ရိုက်ထိန်းချုပ်နိုင်သည့် အာဏာရှိသည်။ သို့သော် ဖှေး၏စနစ်တွင်မှု ကာကွယ်ရေးဝန်ကြီးဌာနသည် စစ်ဘက်ဆိုင်ရာ စီမံခန့်ခွဲမှုများကိုသာ ပြုလုပ်နိုင်သည့် အာဏာရှိ၏။ မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ ရှင်းလင်းပြီး အသေးစိတ်ဖော်ဆောင်ထားသည့် စနစ်တစ်ခုဖြစ်သည်။ ဤစနစ်မှာ ထန်းမင်းဆက်ပေါင်းများစွာ အောင်မြင်စွာကျင့်သုံးနိုင်ခဲ့သည့် အုပ်ချုပ်ရေးစနစ်ဖြစ်သောကြောင့် ချမ်းဘော့ဒ်ကဲ့သို့နိုင်ငံငယ်လေးတစ်ခုအား စီမံရန်မှာကောင်းမွန်သင့်လျှော်သည်ဟု ယူဆရသည်။

ဖှေး အုပ်ချုပ်ရေးဆိုင်ရာစီမံခန့်ခွဲမှု စနစ်သစ်အား အဆ်ိုပြုလာသည့်အချိန်တွင် ဘတ်စ်အချိန်အတော်ကြာခန့် တိတ်ဆိတ်သွားသည်။

အရှေ့ဘက်တောင်ထိပ်မှ တိုက်ပွဲအပြီးတွင် ဘတ်စ်သူ၏ သမက်လောင်း၏ လုပ်ရည်ကိုင်ရည်နှင့် အစွမ်းအစများကို နားလည်သိရှိပြီးသည်ဟု ယူဆထားသော်လည်း ယခုအချိန်တွင် ဘတ်စ်ထက်မံ အံဩရပြန်သည်။

ဘတ်စ်သည် ယခင်က ချမ်းသာကြွယ်ဝသော ဆွေကြီးမျိုးကြီးမိသားစုတစ်ခုတွင် မွေးဖွားလာခဲ့ပြီး တင်းကြပ်အဆင့်မြင့်သော ဆွေကြီးမျိုးကြီးပညာရေးစနစ်တစ်ခုအောက်တွင် လေ့လာသင်ကြားခဲ့သူဖြစ်၏။ ထို့ကြောင့် ဤအဖိုးကြီးမှာ မည်သည့်အ​ခြေအနေတွင် မဆို ဂုဏ်ကျက်သရေရှိကာ ခန့်ညားသည့်အမူအယာဖြင့် နေန်ိုင်ခြင်းပင်။ သို့သော် အမျိုးမျိုးသောအကြောင်းရင်းများကြောင့် သူတို့မိသားစုမှာ ချမ်းသာကြွယ်ဝမှုများနှင့် ရာထူးအာဏာများဆုံးရှူံးသွားခဲ့ရသည်။ ထို့ကြောင့် ဘတ်စ်သည် မွေးကင်းစအရွယ်အန်ဂျယ်လာလေးနှင့်အတူ ရက်စက်သည့်ကမ္ဘာထဲတွင်လှည့်လည်သွားလာနေခဲ့ရုံမှတပါး ရွေးချယ်စရာမရှိခဲ့ချေ။ သူတို့သားဖနှစ်ယောက် ချမ်းဘော့ဒ်သို့ရောက်ရှိလာသောအချိန်တွင် ချမ်းဘော့ဒ်တိုင်းပြည် အရင်ဘုရင်က ခေါ်ယူမွေးစားကာ စောင့်ရှောက်ထားခဲ့သည်။ ထို့ကြောင့် ကျေးဇူတင်ကြောင်းကိုပြသရန်နှင့် သူ့သမီး၏အနာဂတ်လှရန်အတွက် အလတ်ဇန္ဒားနှင့် သူ့သမီး အန်ဂျယ်လာကို စေ့စပ်ပေးခဲ့သည်။ ထိုစဥ်က အလတ်ဇန္ဒားလဲ မွေးကင်းစသာရှိသေးသဖြင့် အရာအားလုံးသည် ပုံမှန်ကဲ့သို့ပင်။ သို့သော် အလတ်ဇန္ဒားသည် ဉာဏ်စဥ်မမှီကျပ်မပြည့်သော လူတယ်ယောက်အဖြစ် ​ကြီးပြင်းလာခဲ့သည်။

ဘတ်စ် နောင်တရခဲ့သည်။ သို့သော် အရင်ဘုရင်၏ သူတို့သားအဖပေါ်တွင်ထားရှိသည့်ကျေးဇူး၊ ကြီးမြတ်မှု ကြင်နှာသနားမှုတို့ကြောင့် နောက်တရသည့် စကားလုံးများကို သူ၏ပါးစပ်မှ ပြောမထွက်ခဲ့ချေ။ ထို့ကြောင့် ဘုရင်ဟောင်းနတ်ရွာစံသွားသည့်အချိန်တွင် ဘတ်စ်အလတ်ဇန္ဒား၏ ထီးနန်းခိုင်မြဲစေရန်အတွက် ဒုက္ခများစွာခံကာ ကြိုးစားခဲ့သည်။ လွန်ခဲ့သည့် ၂လခန့်က သူဘဏ္ဍာတိုက်ထဲမှ ပိုင်ဆိုင်မှုရတနာအားလုံးကို ယူဆောင်ကာ ထွက်ပြေးသွားခဲ့သည်။ လူတိုင်းသည် သူ့အား ရတနာများယူဆောင်ပြီး သမီးအားစွန့်ခွာသွားခဲ့သူဟု ထင်မှတ်ခဲ့သည်။ သို့သော် သူဇီးနစ်အင်ပါယာသို့ သွားပြီး ထီးနန်းတင်မြှောက်ပေးရန်အောက်ကျခံပြီး အသနားခံခဲ့ခြင်းဖြစ်ကြောင်း လမ်းပါ့ဒ်တစ်ယောက်သာသိသည်။ ပိုင်ဆိုင်မှုအားလုံးကုန်ခမ်းကာ အရှက်ပေါင်းများစွာရရှိပြီးသည့်အချိန်မှ ဇီးနစ်အင်ပါယာရှိ စိုးမိုးနိုင်သော လူများအား ဇီးနစ်အင်ပါယာ၏ အစွန်းအဖျားနိုင်ငံငယ်လေးတစ်ခုတွင် တရားဝင်နန်းတက်ခြင်းမပြုရသေးသည့် ဘုရင်ငယ်တစ်ပါးရှိသေးကြောင်း အသိပေးနိုင်ခဲ့သည်။

ဇီးနစ်အင်ပါယာမှ တရားဝင်နန်းတင်ပေးပြီးပါက ဝန်ကြီးချုပ်ဘစ်ဇား မည်မျှစိုးမိုးနိုင်စေကာမူ အလတ်ဇန္ဒား၏ ထီးနန်းကို လုယူနိုင်တော့မည်မဟုတ်သောကြောင့်ပင်။

ဤသည်မှာ ဘတ်စ်၏ ရည်ရွယ်ချက်ပင်။ သို့သော် သူမသိလိုက်သည်မှာ အင်ပါယာရှိကြောက်စရာအကောင်းဆုံးအမျိုးသမီးနှစ်ယောက်ဖြစ်သည့် မင်းသမီးတာနာရှာနှင့် ပဲရစ်တို့မှာ ချမ်းဘော့ဒ်တိုင်းပြည်အား သူတို့နှစ်ယောက်၏ သတ်ကွင်းအဖြစ် အသုံးချလိုသည့်အတွက် သူ၏ တောင်းဆိုမှုကို လက်ခံလိုက်သည်ဟူသည့်အချက်ပင်။ ဇီးနစ်အင်ပါယာမှ အပြန်လမ်းတွင် ချမ်းဘော့ဒ်သည် ကျူးကျော်တိုက်ခိုက်ခြင်းခံနေရသည်ဟူသည့် သတင်းကိုကြားလိုက်သောအခါတွင် ဘတ်စ်၏နှလုံးသားအား မီးကင်လိုက်သကဲ့သို့ပင်။ ပြန်ရောက်သောအခါတွင် သူ၏ သမီးနှင့် သမက်လောင်းတို့၏ အလောင်းများကို တွေ့ရမည်ကို အလွန်စိုးရိမ်ပူပန်နေခဲ့သည်။ သို့သော် သူပြန်တွေ့ရသည့်အချိန်တွင် အလတ်ဇန္ဒားတစ်ယောက်သည် ပုံမှန်ပြန်ဖြစ်နေရုံသာမက အရည်အခြင်းရှိသည့်ဘုရင်တစ်ပါးဖြစ်နေမည်ဖြစ်ကြောင်းကို ဘတ်စ်အိမ်မက်ပင် မမက်ဖူးခဲ့ချေ။

All Chapters