← Chapters

အခန်း (၁၅၂)

Vol. 11 Ch. 152

အခန်း (၁၅၂)

Vol. 11 Ch. 152

သူ၏ မျက်စိရှေ့တွင် မြင်နေရာသော ချမ်းဘော့ဒ်တိုင်းပြည်၏ ပြုပြင်ရေးအစီစဥ်များကို မြင်လိုက်ရသည့်အခါတွင် ဘတ်စ် သူ၏သမက်လောင်းအား လျှော့တွက်ခဲ့မိကြောင်း ထက်မံဝန်ခံရပေလိမ့်မည်။ အလတ်ဇန္ဒား၏ စွမ်းရည်မြင့်တက်လာမှုနှုန်းမှာ သမိုင်းတစ်လျှောက် အေဇာရုတိုက်တွင် တည်ရှိခဲ့သည့် ဘုရင်များစွာထက်ပင် သာလွန်နေသည်။ ဤစနစ်သစ်၏ ပြီးပြည့်စုံမှုမှာ ဘတ်စ်မျှော်လင့်ထားသည်ထက် များစွာပင်သာလွန်နေသည်။ ဆွေကြီးမျိုးကြီး ပညာရေးစနစ်အောက်တွင် သင်ကြားခဲ့ရသည့် လူတစ်ယောက်အနေဖြင့် ဘတ်စ်သည် ဤကဲ့သို့ကိစ္စများကို သိမြင်ရာတွင် ဘရွတ်၊ ပီတာ စသည့် သာမန်ပုဂ္ဂိုလ်များထက် ပို၍အမြင်ကျယ်ပြန့်သည်။ ထို့ကြောင့် ဤစနစ်ကြောင့် အနာဂတ်တွင်ရရှိမည့် အကျိုးကျေးဇူး အလားလာများကို ကောင်းစွာသိမြင်သည်။

ဤသည်မှာ တစ်ကိုယ်ရည်စွမ်းရည်ထက်ပိုသော ကြောက်မက်ဖွယ်အင်အားစုတစ်ခုအဖြစ် ချမ်းဘော့ဒ်ရပ်တည်နိုင်မည့် အလားလာရှိသည်။ ကမ္ဘာတစ်ခုလုံးကိုပင် ပြောင်းလဲ ပစ်နိုင်၏။

“ဒါက အပြည့်စုံသေးတဲ့ ပုံစံအကြမ်းပေါ့...တစ်ချို့အရာတွေကတော့ ဖြည့်စွက်ပြင်ဆင်ဖို့လိုသေးတယ်...အန်ကယ်ဘတ်စ် အဲ့တာတွေကို အချိန်မှီပြီးစီးအောင် ပြုပြင်ပေးနိုင်မယ်လို့တော့ မျှော်လင့်ရတာပဲ...ချမ်းဘော့ဒ်မှာ အုပ်ချုပ်ရေးစီမံခန့်ခွဲမှုနဲ့ ပတ်သက်ပြီးတော့ အရည်ချင်းရှိတဲ့လူတွေကို လောလောဆယ်တော့ မရှိသေးဘူး...အဲ့အတွက်ကြောင့် ဝဲဘက်ဝန်ကြီးချုပ်နဲ့ ယာဘက်ဝန်ကြီးချုပ်တာဝန်နှစ်ခုလုံးကိုဦးလေးပဲ လောလောဆယ်တာဝန်ယူထားလိုက်ဦး။ ဝန်ကြီးဌာန ခြောက်ခုနဲ့ပတ်သပ်ပြီးတော့ သင့်လျှော်မယ့်လူတွေကိုတော့ ဦးလေးဘတ်စ်ကပဲခန့်အပ်လိုက်တော့...” ဖှေး ပြောနေရင်းဖြင့် တိုင်းပြည်တစ်ပြည်အား စီမံကွပ်ကဲရခြင်း၏ ခက်ခဲရှုပ်ထွေးပုံကို ထက်မံနားလည်လာသည်။ ပညာရှိတစ်ဦး ပြောခဲ့သည့်အတိုင်း “၂၁ရာစုတွင် အရည်အခြင်းသည် အရေးကြီးဆုံးဖြစ်သည်။” ဆိုသည်မှာ အမှန်တရားပင်။ ချမ်းဘော့ဒ်တိုင်းပြည်၏ စစ်ဘက်ဆိုင်ရာအင်အားမှာ ပြသနာမရှိသော်လည်း စီမံခန့်ခွဲမှုအုပ်ချုပ်ရေးအပိုင်းတွင် အရည်ချင်းရှိသည့်လူများ လိုအပ်နေသေးသည်။

“ဒီလိုမှ အဆင်မပြေဘူးဆ်ုရင် ကျွန်တော်တို့ ချမ်းဘော့ဒ်မြို့ပြသင်တန်းကျောင်းမှာ စီမံခန့်ခွဲခြင်းနှင့် နိုင်ငံရေး အတန်းတစ်ခု ထပ်ဖွင့်ပြီး အရည်ခြင်းရှိတဲ့ လူငယ်တွေ ရှာဖွေမွေးထုတ်ပေးကြတာပေါ့....”

ဆွေကြီးမျိုးကြီးများ မျိုးရိုးအမွေဖြင့် ရာထူးတစ်ခုအား ချုပ်ကိုင်ထားခြင်းဓလေ့ကို ဖှေးစွန့်ပစ်လိုက်သည်။ အရည်ခြင်းရှိပါက မည်သည့် မိသားစုမှ ပေါက်ဖွားလာသည့်လူမဆို ရာထူးနေရာ ခန့်အပ်နိုင်သည်ဟူသော စနစ်သစ်ကို ဖြည့်ဆည်းလိုက်၏။

အရှေ့ဘက်တောင်ထိပ်မှ တိုက်ပွဲအပြီး တတိယမြောက်နေ့တွင် ဘုရင်အလတ်ဇန္ဒား မည်သူမှ ထင်မထားသည့်အရာတစ်ခုအား ထက်မံလုပ်ဆောင်လိုက်ပြန်သည်။

၆မီတာခန့်အမြင့်ရှိသော့ ကြေးစစ်သည်ရုပ်ကြီး၁၂ရုပ်အား ချမ်းဘော့ဒ်ဘုရားကျောင်းရှေ့တွင်ချထားလိုက်ခြင်းပင်။ ထိုကြေးရုပ်ထုကြီးများ၏ ခန္ဓာကိုယ်များပေါ်တွင် စာလုံးများထွင်းထုထား၏။ ဤအရာများမှာ တိုင်းပြည်တစ်ခုလုံးအတွက် ဖှေးချမှတ်ထားသည့် ဥပဒေအသစ်များပင်။ ကြေးရုပ်တစ်ရုပ်စီတိုင်းတွင် ဥပဒေရှုထောင့်တစ်ခု ပါဝင်သည်။ ပထမကြေးရုပ်ကိုးခုတွင် ဆင့်ခေါ်ခြင်း၊ အမှုစစ်ဆေးခြင်း၊ ကွပ်မျက်ခြင်း၊ ဘုရင်ရာထူး၊ အမွေပေးဆက်ခံမှုဆိုင်ရာများ၊ အချုပ်ချထားခြင်း၊ ပိုင်ဆိုင်မှုဆိုင်ရာ၊ အိမ်ခြံမြေဆိုင်ရာ၊ တစ်သီးပုဂ္ဂလဥပဒေနှင့် အများဆိုင်ရာဥပဒေတို့ ဖြစ်ကြသည်။ ကျန်ရှိနေသော ကြေးရုပ်သုံးခုတွင် မည်သည့်စာမှ မပါရှိသေးချေ။

ကြေးရုပ်၁၂ခုထွက်ပေါ်လာသည့်အခါတွင် တိုင်းပြည်တစ်ခုလုံး ထိတ်လန့်အံ့သြသွားခဲ့ရသည်။

အေဇာရုတိုက်၏ သမိုင်းတစ်လျှောက်တွင် မည်သည့်ဘုရင်ကမှ သူတို့၏ မြို့သူမြို့သားများအား တိုင်းပြည်၏ ဥပဒေများကို ထုတ်ပြန်ကြေငြာခြင်းမပြုခဲ့ချေ။

အချိန်အတော်ကြာ ဆွေကြီးမျိုးကြီးများကပင် ဥပဒေများက်ို သိရှိခွင့်ရှိသည်။ ရေးထိုးထားသော ဥပဒေများကို လူထုအား ချပြခြင်းမပြုခဲ့ပေ။ တော်ဝင်မျိုးနွယ်များနှင့် ဆွေကြီးမျိုးကြီးများသည် လူထုသည် ဥပဒေကို မသိရှိမှသာ ကြောက်လန့်စေသော သက်ရောက်မှုရှိမည်ဟု ယူဆထားခဲ့ကြသည်။ အကယ်၍ မြို့သူမြို့သားများသည် ဥပဒေအား သိရှိပါက ကြောက်လန့်ခြင်းမရှိတော့ပဲ အဖျက်မှောင့်များပြုလုပ်ကာ ပရမ်းပတာ အခြေအနေများဖြစ်ပေါ်လာနိုင်သည်ဟု ယူဆကြ၏။ အများအားဖြင့် ပြည်သူများသည် တစ်စုံတစ်ခုကိုလုပ်ပြီးသည့် အချိန်တွင်မှသာတရားမဝင်ကြောင်း သိရှိရပြီး အပစ်ပေးခြင်းခံရမည်ဖြစ်သည်။ ဤကဲ့သို့ စနစ်မှာ ဆွေကြီးမျိုးကြီးများအတွက် သူတို့၏အာဏာကို ချုပ်ကိုင်ထားရန်နှင့် ဥပဒေအားလက်တလုံးခြားပြုလုပ်ရန်အတွက် အခွင့်အရေးပင်။

ဖှေး ဤကဲ့သို့ ဥပဒေများကိုရေးထိုးကာ လူထုအား ချပြထားခြင်းမှာ အေဇာရုတိုက်တွင် ပထမဆုံးဖြစ်သည်။

ရက်အတန်ကြာ ကြေးရုပ်များ၏ ပတ်ပတ်လည်တွင် လူများဝိုင်းအုံနေကြသည်။ လူတိုင်းသည် ရေထိုးထားသည့် ဥပဒေများကိုအသေချာ ဂရုတစိုက်ဖတ်ရှုနေကြသည်။ တချို့ စာမဖတ်တတ်သောမိဘများသည် ချမ်းဘော့ဒ်သင်တန်းကျောင်းတွင် တက်ရောက်နေသည့် သူတို့၏ ကလေးများကို ဂုဏ်ယူစွာခေါ်လာပြီး ဖတ်ခိုင်းကြသည်။ ကလေးများက သူတို့အား တစ်ခုခြင်းစီပြန်လည်ပြောပြကြသည်။

ရီမောခြင်းများနှင့် အံဩစွာစကားပြောဆိုသံများဖြင့် လူအုပ်ထဲတွင်ပြည့်နှက်နေသည်။

တရားဝင်စနစ်နှင့် ဥပဒေများမှာအတော်ပြည့်ပြည့်စုံစုံရှိလှပြီး အကြောင်းအရာများစွာပါဝင်သည်။ လူများ စိတ်ကူးနိုင်သည့်ထက်ပင် ကျော်လွန်နေ၏။ တိုင်းပြည်အတွင်း ဖြစ်ပျက်နိုင်သည့်ကိစ္စအကုန်အတွက်လုံလောက်လုနီးပါးပင်။ အကြောင်းပြချက်တစ်စုံတစ်ရာကြောင့် ချမ်းဘော့ဒ်တွင် ရက်အနည်းငယ်ကြာနေခဲ့ရန်ဆုံးဖြတ်ခဲ့သည့် မင်းသမီးတာနာရှင် ထိုရုပ်ထုများထံသို့ လာရောက်ပြီး ရေးထိုးထားသည့်ဥပဒေများကို စိတ်ဝင်တစားဖြင့် ဂရုတစိုက်ဖတ်ရှုခဲ့ပြီး သူ့လူများကိုကူးရေးကာ မှတ်သားထားစေခဲ့သည်။

“ဒါတွေက သူတော်စဥ် ဥပဒေတွေပဲ....ဒီဥပဒေတွေနဲ့တင် ဘုရင်အလတ်ဇန္ဒားကို သူတော်စဥ်တစ်ပါးလို့ သက်မှတ်လို့ရနေပြီ...”

မင်းသမီး အံ့သြသွားသဖြင့် အမှတ်မထင်ရေရွတ်လိုက်မိသည့် စကားအား တစ်စုံတစ်ယောက်မှ ကြားသွားပြီး ချမ်းဘော့ဒ်တိုင်းပြည်တစ်ခုလုံးတွင် ပြန့်နှံ့သွားတော့သည်။ လူအများစုသည် ဤဥပဒေ၏ နောက်ကွယ်မှ အဓိပ္ပါယ်ကိုမသိကြသော်လည်း အင်ပါယာ၏ ဉာဏ်ပညာနတ်ဘုရားမဟုတင်စားကြသော မင်းသမီးမှပြောလိုက်သည့်အတွက် ဘုရင်အလတ်ဇန္ဒား၏ ဂုဏ်သရေမှာ မြို့သူမြို့သားများကြားတွင် ပိုမိူ၍မြင့်တက်သွားတော့သည်။ လူအများစုမှာ သူတို့၏ ဘုရင်အား သူတော်ကောင်းဘုရင်အလတ်ဇန္ဒားဟုပင် စတင်ခေါ်ဆ်ုနေကြပြီဖြစ်သည်။

ဖှေး အတွက် ဤသည်မှာ အစမျှသာရှိသေးသည်။ယခင်ကမ္ဘာ၌ ရှိစဥ်က လေ့လာဖတ်ရှုဖူးသည့် စနစ်များကိုအသုံးပြုကာ ချမ်းဘော့ဒ်အား ပြုပြင်တည်ထောင်ထားခြင်းဖြစ်သည်။ ဖွဲ့စည်းပုံနှင့် အုပ်ချုပ်မှု စနစ်အရဆိုပါက ချမ်းဘော့ဒ်သည် စွမ်းအားကြီးအင်ပါယာများထက်ပင် ခေတ်ရှေ့ပြေးကာသာလွန်နေပြီဖြစ်သည်။

ချမ်းဘော့ဒ်တိုင်းပြည်မှာ သေးငယ်ပြီး စက္ကူအဖြူတစ်ရွက်ကဲ့သို့ရိုးရှင်းသောကြောင့် ဖှေး အနည်းငယ်ဝမ်းသာမိသည်။ အကယ်၍သူသာ ကြီးမားရှုပ်ထွေးသော အင်ပါယာကြီးတစ်ခုအတွင်းတွင်ဆိုပါက ဆန့်ကျင်မှုအမြောက်မြားနှင့် ကြုံတွေ့နေရဦးမည်ဖြစ်သည်။ ဤကဲ့သို့ အချိန်တိုတိုအတွင်းပြောင်းလဲမှု အမြောက်အမြားပြုလုပ်နိုင်မည်မဟုတ်။ အချိန်ကာလရှည်ကြာသော်လည်း အကောင်ထည်မဖော်နိုင်ပင် ဖြစ်နေနိုင်၏။

အရာအားလုံးစီစဥ်ပြီးသွားသောအခါ ဖှေးချမ်းဘော့ဒ်တိုင်းပြည်အား အင်အားတိုးချဲ့ရန်အတွက်ကိုသာ အာရုံစိုက်တော့သည်။

အရှေ့ဘက်တောင်ထိပ် တိုက်ပွဲအပြီး ငါးရက်မြောက်နေ့တွက်ဖြစ်သည်။ သူတော်စဥ်ဇိုလာနှင့် မြင့်မြတ်သောသူရဲကောင်းလူစီယာနိုတို့ ဘုရင့်နန်းတော်သို့ ဖှေးနှင့်တွေ့ဆုံရန် လာရောက်ရင်း အတွင်းအားလေ့ကျင့်ရေးစာလိပ်များနှင့် မှော်ပညာလေ့ကျင့်ရေးစာလိပ်တစ်ချို့ကို ယူဆောင်လာခဲ့ကြသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းက အရှေ့ဘက်​တောင်ထိပ်တွင် ဖြစ်ပျက်ခဲ့သည့်အကြောင်းအရာများကို သူတို့နှစ်ယောက် ကြားသိလိုက်ရသောအခါ နှစ်ယောက်လုံးအလွန်ထိတ်လန့် သွားခဲ့ရသည်။ အကယ်၍ ဖှေးသာသူတ်ို့နှစ်ယောက်အား မလာရောက်ရန်မှာကြားသတိပေးခြင်း မပြုခဲ့ပါက သူတို့နှစ်ယောက်လဲ မြေအောက်တွင် အလောင်းများနှင့်အတူ မြုပ်နှံခြင်းခံခဲ့ရနိုင်၏။ ယခုတွင် သူတို့သည် ဖှေးအားကြောက်ရွံ့မှုအပြင်၊ ကျေးဇူးတင်ခြင်းကိုပါ ခံစားနေရသဖြင့် ပို၍မြန်မြန်ဆန်ဆန် အလုပ်လုပ်ဆောင်ရွက်ပေးလိုက်ခြင်းဖြစ်သည်။ ဆယ်ရက်အတွင်းမှာပင် သူတို့ အတွင်းအားကျင့်စဥ်စာလိပ်များနှင့် မှော်ပညာကျင့်စဥ်စာလိပ်များကို ဖှေးအရှေ့သို့ အရောက်ယူလာခဲ့၏။

ဖှေး ဤလူနှစ်ယောက်၏ လုပ်ငန်းမြန်မြန်ဆောင်ရွက်မှုနှင့် ပက်သက်ပြီး စိတ်ကျေနပ်သဖြင့် ဆုငွေအနည်းငယ်ပေးကာ ပြန်လွှတ်လိုက်သည်။

အတွင်းအား ကျင့်စဥ်စာလိပ်၁၀ခုခန့်ပါရှိသည်။ ထိုအရာများမှာ ကြယ်နှစ်လုံးအောက်အဆင့်သာရှိသော်လည်း အတွင်းအားဂုဏ်သတ္တိအမျိုးအမျိုးပါရှိသည်။ မှော်ကျင့်စဥ်စာလိပ်မှာ ငါးခုသာပါရှိပြီး ဂုဏ်သတ္တ်ိအစုံမပါရှိပေ။ သို့သော် ဤအရာများမှာ ချမ်းဘော့ဒ်သင်တန်းကျောင်း လက်ရှိတွင် အသုံးပြုရန်အတွက် လုံလောက်ပြီဖြစ်သည်။ ဖှေး မင်တံတစ်ချောင်းကိုကောက်ကိုင်ကာ စာလိပ်တစ်ခုခြင်းစီအတွက် ညွှန်ကြားချက်များကိုရေးပြီး ချမ်းဘော့ဒ်သင်တန်းကျောင်းရှိ ဆရာများနှင့် ကျောင်းသားများလိုအပ်သလိုအသုံးပြုရန်အတွက် တိုးရီစ်အား သွားပို့စေလိုက်သည်။

All Chapters