အခန်း (၁၅၃)
Vol. 11 Ch. 153
ဖှေး အတွင်းအားကျင့်စဥ်စာလိပ်တစ်ခုအား ကိုင်ပြီး ကောင်းကင်ပေါ်သို့မော့ကြည့်လိုက်သည်။
သူ သူ၏ စွမ်းအင်ကိုတိုးမြှင့်ရန်အတွက် အတွင်းအားကျင့်စဥ်စာလိပ်များ၊ မှော်ပညာကျင့်စဥ်စာလိပ်များကို အသုံးပြုကြည့်ခဲ့ဖူးသည်။ စမ်းသပ်မှုများစွာပြုလုပ်ပြီးသည့်နောက်တွင် ရလဒ်မှာ စိတ်ပျက်အားလျှော့ဖွယ်ပင်။ စမ်းသပ်မှုများစွာပြုလုပ်ပြီးနောက်တွင် သူသည်အတွင်းအားကျင့်စဥ်များ၊ မှော်ပညာကျင့်စဥ်များနှင့် ပတ်သက်ပါက ပါရမီအရည်ချင်းမရှိသည်ကိုတွေ့လိုက်ရသည်။ တကယ်တန်းမှာ သူ၏ခန္ဓာကိုယ်သည် အေဇာရုတိုက်မှလူများ၏ ခန္ဓာကိုယ်နှင့််််မတူညီပဲ ကွာခြားနေခြင်းဖြစ်သည်။ အတွင်းအားများ၊ မှော်စွမ်းအားများကို သိုလှောင်ထိန်းသိမ်းနိုင်ခြင်းမရှိပေ။
အေဇာရုတိုက်မှ စွမ်းအားကျင့်စဥ်များမှာ စစ်သည်များသည် လေ့ကျင့်မှုအဆင့်ဆင့်ပြုလုပ်၍သော်လည်းကောင်း မှော်ဆရာများသည် တရားထိုင်ခြင်းဖြင့်သော်လည်းကောင်း စွမ်းအားများရရှိလာမည်ဖြစ်သည်။ သို့သော် ဖှေးအတွက်မှာမူ လေ့ကျင့်ခြင်း၊ တရားထိုင်ခြင်းဖြင့် စွမ်းအားများရရှိလာသော်လည်း ထိုစွမ်းအားများမှာ အချိန်တစ်ခုသို့ရောက်ရှိသည့်အချိန်တွင် ပြန်လည်ပျောက်ကွယ်သွားသည်။ ဖှေးနှင့် တူပုန်းတ်ိုင်းကစားနေသကဲ့သို့ပင်။
ဤအချက်ကြောင့် ဖှေး အေဇာရုတိုက်မှ စွမ်းအားကျင့်စဥ်မျယး လေ့ကျင့်ခြင်းကို စွန့်လွှတ်လိုက်ရသည်။
သူဒိုင်ယာဘလို ကမ္ဘာကိုသာအသုံးပြုပြီး သူ၏စွမ်းအားများကို မြှင့်တင်ရန်ဆုံးဖြတ်လိုက်သည်။
သူအတွင်းအား ကျင့်စဥ်စာလိပ်နှင့် မှော်ကျင့်စဥ်စာလိပ်ကို ပစ္စည်းထားသိုရာအကန့်ထဲသို့ထည့်လိုက်ပြီး ဒိုင်ယာဘလိုကမ္ဘာအတွင်းသို့ ဝင်လာခဲ့သည်။
ထို့နောက်တွင် လူရိုင်းဇာတ်ကောင်အားရွေးချယ်ပြီး သူတော်စဥ် အာကာရာထံသို့ထွက်လာခဲ့သည်။
လွန်ခဲ့သည့် ရက်ပေါင်းအနည်းငယ်ခန့်ကစတင်ပြီး ဖှေး အာကာရာထံသို့သွားပြီး အချိန်နည်းငယ်ကြာ ဆေးဝါးဖော်စပ်နည်းများ၊ စာလိပ်ပြုလုပ်နည်းများကို လေ့လာသင်ကြားလေ့ရှိခဲ့၏။ ဘုရားသခင်ပေးသည့် အစွမ်းသုံးခုထဲမှ တစ်ခုဖြစ်သည့် [သင်ယူခြင်း]သည် စတင်အသက်ဝင်လာသည်။ ဖှေး ထိုအရာများကို သင်ယူသည့်နေရာတွင် အလွန်ပါရမီထူးလှသဖြင့် အာကာရာပင် အံ့သြယူရသည်။ သို့သော် ဘုရင်မင်းမြတ်သည် သူ၏ မေ့တတ်သော အကျင့်အား ဒိုင်ယာဘလို ကမ္ဘာအထိပင် သယ်ဆောင်လာခဲ့သည်။ မကြာခနပင် အရေးကြီးပါဝင်ပစ္စည်းများထည့်ရန် မေ့လျော့နေခဲ့လေ့ရှိသည်။ မှော်စာလိပ်ပြုလုပ်ရာတွင်လည်း တလွဲမှော်စာလုံးများထွင်းထုမိလေ့ရှိပြီး ဖန်တီးမှုတစ်ခုလုံးအား ဖျက်ဆီးပစ်လေ့ရှိသည်။ ထိုလွဲမှားမှုများသည် ကျယ်လောင်သော ပေါက်ကွဲမှုများနှင့်အတူအဆုံးသက်လေ့ရှိပြီး မျက်နှာတွင် မီးခိုးများပေကျံလျှက် ဖှေးအနောက်မှ တံမြတ်စည်းတစ်လက်နှင့် လိုက်ရိုက်နေသော အာကာရာကို သူပုန်အမျိုးသမီးများ မကြာခဏတွေ့မြင်လေ့ရှ်ိသည်။
သို့သော် ဖှေး သိသာထင်ရှားစွာဖြင့် တက်မြောက်လာခဲ့သည်မှာ အမှန်ပင်။
အခုအချိန်တွင် ဖှေးသည် [သွေးပုလင်း]ပြုလုပ်ခြင်းနှင့် [မန်နာပုလင်း](အရင်က ကျွန်တော်အတွင်းအားဆေးပုလင်းလို့ပြန်ခဲ့တဲ့ဟာပါ။ အခုဒီလိုပဲပြောင်းပြန်သွားပါမယ်။) ပြုလုပ်ခြင်းတို့ကို ကျွမ်းကျင်စွာ တက်မြောက်သွားပြီးဖြစ်သည်။
သီအိုရီများလေ့လာသင့်ကြားရသည်မှာ ပျင်းစရာကောင်းလှသဖြင့် အချိန်ကုန်သည်မှာ နှေးကွေးလွန်းလှသည်။
နေ့စဥ်လေ့လာသင်ကြားချိန် နာရီဝက်ပြည့်ခါနီးတွင် ဖှေး ပန်းရောင်ဆေးပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။ ဤဆေးပုလင်းအား [သေဟန်ဆောင် ဆေးပုလင်း]ဟုမေးထားသည်။ ဤဆေးပုလင်းသည် ချမ်းဘော့ဒ်အား ဖြစ်ရပ်ဆိုးကြီးမှ ကယ်တင်သည့်နေရာတွင်အရေးပါခဲ့သည့် ပစ္စည်းတစ်ခုဖြစ်သည်။ ဤဆေးပုလင်းကြောင့် အန်ဂျယ်လာနှင့် လမ်းပါ့ဒ်ကဲ့သို့ကဲ့သို့လူများ သေချင်ဟန်ဆောင်ကာ ပဲရစ်နှင့် မင်းသမီးတို့နှစ်ယောက်လုံးကို အရူးလုပ်လှည့်စားနိုင်ခဲ့ခြင်းဖြစ်သည်။
“အဲ့တာက နင်ပြောတဲ့ သန္ဓေပြောင်းသွားတဲ့ဆေးပုလင်းလား...”
အာကာရာသည် ပန်းရောင်ဆေးပုလင်းအား စိတ်ဝင်တစားဖြင့် ဂရုတစိုက်လေ့လာကြည့်နေသည်။ သူမ ပုလင်းအဖုံးကိုဖွင့်လိုက်ပြီး အနည်းငယ်အနံ့ခံကြည့်သည်၊ လှုပ်ခါကြည့်သည်၊ ဆေးစက်အနည်းငယ်အားလက်ဖမိုးပေါ်တင်ကာ ပွတ်ခြေကြည့်သည်။ တစ်ခနအကြာတွက် သူမ ခေါင်းကို ခါရမ်းလိုက်ပြီး “ဒါက ငါတစ်ခါမှ မတွေ့ဖူးသေးတဲ့ဆေးပုလင်းပဲ...မင်းဒီဆေးပုလင်းကို ဘယ်လိုဖော်စပ်လိုက်လဲဆိုတာကို ငါ့ကိုအသေးစိတ်ပြောပြပါလား....”
ဖှေး သူမအား သေဟန်ဆောင်ဆေးပုလင်းရရှိလာပုံကို အသေးစိတ်ပြောပြလိုက်သည်။
“ဒါဆိုမင်းက [သွေးပုလင်း]လုပ်ဖို့ကြိုးစားနေတဲ့အချိန်မှာ တူညီတဲ့ဖော်မြူလာက မင်းရဲ့ကမ္ဘာမှာ လုံးဝမတူညီတဲ့ ဆေးပုလင်းအသစ်ကို ဖန်တီးလိုက်တာပေါ့...” အာကာရာမှာ ယုံကြည်ရန်ခက်ခဲနေသည်။ “မင်း ဖော်မြူလာများမှားသုံးလိုက်မိပြန်တာလား...” အာကာရာ ဖှေး၏ မှတ်ညဏ်အားသိပ်စိတ်မချချေ။
“မဖြစ်နိုင်ဘူး.....”ဖှေး ငြင်းဆန်လိုက်သည်။ “ကျွန်တော် ဆရာမသင်ပေးတဲ့ ဖော်မြူလာကိုပဲသေချာအသုံးပြုပြီး သွေးပုလင်း၂၀ ကျော်လောက်လုပ်ခဲ့တာ...အဲ့၂၀ ကျော်လုံးအခုလို သန္ဓေပြောင်းသွားတာပဲ...” ဖှေး သူ၏ ခေါင်းကိုခါရမ်းကာပြောလိုက်သည်။ “ကျွန်တော်ယူဆတာကတော့ ဖော်မြူလာကအတူတူပဲ အသုံးပြုတဲ့ကုန်ကြမ်းပစ္စည်းခြင်းကွာလို့ထင်တယ်...ကျွန်တော်ဆေးဖော်စပ်တုန်းက ကျွန်တော့ကမ္ဘာက ကုန်ကြမ်းပစ္စည်းတွေကို အသုံးပြုပြီးဖော်ခဲ့တာ...အာနိသင်ပြောင်းသွားခဲ့ရတဲ့ အကြောင်းအရင်းက အဲ့တာကြောင့်ဖြစ်မယ်...”
“ဘာ သုခဘုံမှာလဲ ဆေးပုလင်းလုပ်ဖို့ ကုန်ကြမ်းတွေရှိတယ်လား...” သူပုန်စခန်းမှလူများသည် အေဇာရုတ်ိုက်အား သုခဘုံဟုနာမည်ပေးခေါ်ဝေါ်နေကြသည်။ ဖှေး၏ သုံးသပ်မှုကို ကြားသောအခါ အာကာရာမှာ ထိတ်လန့်အံ့သြသွားသည်။ “မစ်စတာဖှေး ကျွန်မကို အရင်က ဘာလို့မပြောခဲ့တာလဲ....”
“ကျွန်တော်လဲ အဲ့တာကို မတော်တဆရှာဖွေတွေ့ရှိမိခဲ့တာပဲ...” ဖှေး သူ၏ နှာခေါင်းကို ပွတ်ကာပြောလိုက်သည်။ “လွန်ခဲ့တဲ့ရက်ပိုင်းမှာ ကိစ္စတွေတော်တော်များများဖြစ်ပျက်ခဲ့လို့ ဆရာမကိုပြောဖို့အချိန်မရဘူး ဖြစ်နေခဲ့တာ...” ထိုကဲ့သို့ပြောပြီးနောက်တွင် သူ ထားသိုရာအကန့်ထဲမှ အတွင်းအားကျင့်စဥ်စာလိပ်နှင့် မှော်စာလိပ်တ်ို့အား ထုတ်ယူပြီး အာကာရာအား ပေးလိုက်သည်။ “ဒီစာလိပ်က သုခဘုံက လူတွေ သူတို့စွမ်းအားတွေကို တိုးမြှင့်ဖို့ အသုံးပြုနဲ့စာလိပ်တွေပဲ..သူတို့ကတော့ စစ်သည်အတွင်းအားနဲ့ မှော်စွမ်းအင်လို့ခေါ်ကြတယ်...ဒါတွေကိုလေ့လာကြည့်ရင် ဆရာမသဲလွန်စတစ်ခုခုရမလားပဲ....”
ထိုအခိုက်တန့်တွင်...
“အဟားဟားဟား...ငါရပြီကွ နောက်ဆုံးတော့ရသွားပြီ...ဟားဟား ဒါက ဒီလိုကိုး...အတော်စိတ်ဝင်စားဖို့ကောင်းတာပဲ..” အဝေးမှ ရယ်မောသံတစ်ခုကြားလိုက်ရသဖြင့် အာကာရာနှင့် ဖှေးသို့ ခေါင်းလှည့်ကြည့်လိုက်ရာတွင် မုတ်ဆိတ်ဖြူနှင့်အဖိုးကြီးကိန်းတစ်ယောက် သူတို့နှစ်ဦးထံသို့ အူယားဖားယားဖြင့် ပြေးလာသည်က်ိုတွေ့ရသည်။ ဖှေး အားတွေ့သည့်အချိန်တွင် ဖှေးလက်အား ဆွဲယူလိုက်ပြီး မှော်ချပ်ဝတ်တချို့ကို ထုတ်ပြကာရယ်မောလိုက်သည်။ “ဟားဟား မစ်စတာဖှေး ကျွန်တော် နောက်ဆုံးတော့နားလည်သွားပြီး ထွင်းထားတဲ့မှော်စာလုံးတွေ၊ မှော်သင်္ကေတတွေက ဒီလိုအလုပ်လုပ်တာပဲ...”
ဖှေး သေချာကြည့်လိုက်သည်။
ထိုချပ်ဝတ်များသည် အမဲရောင်ချပ်ဝတ်များနှင့်စစ်သည်များတပ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်သည့် ငွေရောင်မျက်နှာဖုံးရှင် ထံမှ ဖှေးခွာယူထားသည့် ချပ်ဝတ်များနှင့် ဆင်တူသည်။ သို့သော် အရောင်အသွေးနှင့်မှော်စွမ်းအင်အမျိုးစားမှာ မတူညီကြချေ။ အေဇာရုတိုက်မှ မှော်စွမ်းအင်မျိုးမဟုတ်ပဲ ဒိုင်ယာဘလို ကမ္ဘာမှ မှော်စွမ်းအင်ကဲ့သို့ပင်...”
[broတို့အချိန်ရရင် ဝင်clickသွားပြီး ကျွန်တော့ကိုsupportလို့ရပါတယ်ဗျ။
https://ouo.io/Y31lvP]