အခန်း (၁၅၄)
Vol. 11 Ch. 154
ဖှေး စိတ်လှုပ်ရှားသွားသည်။ “ခင်ဗျား..ဒီချပ်ဝတ်တွေကို စစ်ဆေးလို့ပြီးသွားပြီပေါ့.. “
ကိန်း ချပ်ဝတ်စုံတစ်ခုလုံးနီးပါးအား ဖှေးထံသို့ ပစ်ပေးလိုက်ပြီး ရီမောလိုက်သည်။ “ဟုတ်တယ် ငါစစ်ဆေးပြီးသွားပြီ...နောက်ပြီး ငါဒီဟာတွေပေါ်မှာ ထွင်းထုထားတဲ့ မှော်သင်္ကေတအခင်းကျင်းတွေကိုလဲ နည်းနည်း ပြောင်းလဲမှုတွေ လုပ်ထားသေးတယ်...ဒီချပ်ဝတ်တွေကို ဖန်တီးခဲ့တဲ့လူမြင်ရင်တောင် သူလုပ်ထားတဲ့ ချပ်ဝတ်တွေမှန်း မှတ်မိမှာမဟုတ်လောက်တော့ဘူး...ဒီချပ်ဝတ်တွေက အလွန်ထူးခြားဆန်းပြားတယ်ဆိုတာကိုတော့ ငါပြောရလိမ့်မယ်...မှော် သင်္ကေတတွေ ထွင်းထားတဲ့ ပုံစံနဲ့ မှော်စွမ်းအင်အလုပ်လုပ်ပုံတွေက နှစ်ခုလုံး စိတ်ဝင်စားဖို့အတော်ကောင်းတယ်...ဒီကောင်တွေက ငါ့ကို အမြင်သစ်တွေရသွားစေတယ်...ဒါပေမယ့် ဒီမှော်စွမ်းအင်အလုပ်လုပ်ပုံတွေကလဲ ထူးခြားတယ်ဆိုပေမယ့် ဒီကမ္ဘာက ဟာတွေနဲ့တော့ အတော်လေးဆင်တူပါတယ်...မစ်စတာဖှေး ကျွန်တော်ကတော့ မှော်ပညာရပ်အသစ်တစ်ခုကို မတော်တဆ ရှာတွေ့မိသွားပြီလို့ထင်တယ်...ကျွန်တော်တို့တွေကို ဒါကိုသာ ဆက်လေ့လာမယ်ဆိုရင် နတ်ဘုရားတွေကိုတောင် တုန်လှုပ်စေမယ့် စွမ်းအားတွေရရှိလာနိုင်မလားပဲ....”
အဖိုးကြီး ကိန်း၏ ချဲ့ကားထားသော စကားလုံးများကို ကြားရသောအခါဖှေးတစ်စုံတစ်ခုကိုသတိရသွားသည်။ သူ အာကာရာသို့ ပေးဖို့လုပ်နေသည့် စာလိပ်နှစ်လိပ်အား အဖိုးကြီးကိန်းသို့ပေးကာပြောလိုက်သည်။ “ဒါတွေကိုလေ့လာကြည့်ပါလား...ခင်ဗျားတစ်ခုခု ရှာဖွေမိနိုင်တယ်...”
“ဒါက....”
ကိန်း ဖှေး၏ လက်ထဲမှ စာလိပ်နှစ်လိပ်ကို ယူလိုက်သည်။ စာလိပ်တစ်လိပ်အား ဖွင့်ကြည့်လိုက်သည်။ အနည်းငယ်ခန့် ကြည့်ရှုပြီးသည့်နောက်တွင် သူစိတ်လှုပ်ရှားသွား၏။ ဝဖြိုးသော သိုးတစ်ကောင်အား တွေ့လိုက်ရသည့် ဆာလောင်နေသော ဝံပုလွေတစ်ကောင်ကဲ့သို့ ထအော်လိုက်သည်။ “အဟ...ဘုရားရေ...ဒါက ဒီလိုကိုး...ငါပြောခဲ့သလိုပဲ....အိုးဉာဏ်ကြီးရှင်ရဲ့ ဒီဇိုင်းပဲ...မှော်ရင်းမြစ်နေရာတွေနဲ့ တိုးချဲ့ဖို့အတွက် ဘယ်လောက်တောင် ကောင်းတဲ့ ဒီဇိုင်းလဲ...အော် ဒီလိုကိုး...ငါနားလည်ပြီ....ဒီပစ္စည်းတွေကို လုပ်တဲ့လူကဉာဏ်ကြီးရှင်ပဲ ဖြစ်ရမယ်....”
တစ်ယောက်တည်း ရူးကြောင်ကြောင်နှင့် မရှင်းမလင်းစကားများပြောအပြီးတွင် ကိန်းသည် ရူးသွပ်နေသော သိပ္ပံပညာရှင်တစ်ယောက်ကဲ့သို့ ဖှေး၏ စာလိပ်များကိုယူဆောင်ပြီး သူ၏ တဲအတွင်းသို့ ပြေးဝင်သွားတော့သည်။ ဖှေး အား စကားတစ်ကြောင်းသာ ပြောကြားခဲ့၏။ “ဒီစာလိပ်တွေနဲ့ဆ်ုရင် ငါ့ရဲ့သီအိုရီအသစ်တွေဖော်လို့ရပြီ။ အဟ ဟိုပစ္စည်းထားသိုတဲ့ လက်စွပ်ကိုဖွင့်ဖို့ ငါမင်းကို ကူညီနိုင်လိမ့်မယ်ထင်တယ်...”
ဤအဖိုးကြီးမှာ လေကဲ့သို့ပင် အမြန်ရောက်လာပြီး အမြန်ထွက်ခွာသွားသည်။
ဖှေး ခေါင်းကိုခါရမ်းပြီး အနောက်မှကြည့်နေရုံသာ တက်နိုင်လိုက်၏။
[သူပုန်စခန်း]တွင် အာကာရာနှင့် ကိန်းတို့နှစ်ဦးလုံးသည် သမိုင်းနှင့် မှော်ပညာတို့နှင့် ပတ်သက်ပါက ကြွယ်ဝသော အသိဉာဏ်၊ဗဟုသုတများရှိကြသည်။ ဒိုင်ယာဘလို ကမ္ဘာနှင့် အေဇာရုတိုက်တို့တွင်အသုံးပြုသော မှော်ပညာစနစ်မှာကွာခြားလှသဖြင့် ဖှေးသူ၏စိတ်ထဲတွင်ရှိနေသော အစီစဥ်တော်တော်များများကို အကောင်ထည်မဖော်နိုင်ဖြစ်နေရ၏။ အကယ်၍ကိန်းသာ အေဇာရုတိုက်မှ မှော်ပညာကို အမှန်တကယ် လေ့လာရှင်းလင်းပေးနိုင်ပါက ဖှေး၏ အစီစဥ်များစွာအသက်ဝင်လာမည်ဖြစ်သည်။
“ငါသုခဘုံကိုသွားပြီး ဆေးပုလင်းအနည်းငယ် သွားလုပ်ကြည့်လို့ရမလား...အယ်လီနာကို ငါနဲ့ထည့်လိုက်လေ....”
သူတော်စဥ် အာကာရာမှာ အေဇာရုတိုက်တွင် ဆေးပုလင်းများ သန္ဓေပြောင်းလဲသွားသည့် ကိစ္စနှင့် ပတ်သက်၍ အလွန်စိတ်ဝင်စားနေသည်။ ကိန်းကဲ့သို့ပင် ဆေးဖော်ရာနှင့် မှော်စာလိပ်ပြုလုပ်ရာတွင် ဆရာတစ်ဆူဖြစ်သည့် အာကာရာသည်လည်း ဆေးပုလင်းအသစ်များ ပြုလုပ်နိုင်မည့်နည်းလမ်းကို တွေ့ရှိသွားပြီဖြစ်သည်။ သူမကံကောင်းပါက ဆေးပုလင်းအသစ်များစွာကိုပင် ဖန်တီးထုတ်လုပ်နိုင်တော့မည်ဖြစ်သည်။
ဖှေး လုံးဝဆိုင်းငံ့မနေခဲ့ချေ။
ချပ်ဝတ်အား သူ၏ ထားသိုရာအကန့်ထဲသို့ပစ်ထည့်လိုက်ပြီး ဘုရားသခင်ပေးသည့်အစွမ်းဆင့်ခေါ်ခြင်းကို အသုံးပြုကာ ပေါ်တယ်တစ်ခုကို ဖွင့်လိုက်သည်။ အာကာရာနှင့် အယ်လီနာတို့မှာ ချမ်းဘော့တိုင်းပြည်သို့ ရောက်ရှိသွားကြပြီဖြစ်သည်။ အန်ဂျယ်လာ၊ ခွေးနက်ကြီးနှင့် ချမ်းဘော့ဒ်သင်တန်းကျောင်းမှ ဉာဏ်ကောင်းသော ကလေးတစ်ချို့၏ အကူအညီဖြင့် သူတို့ချမ်းဘော့ဒ်ပတ်ပတ်လည်ရှိ တောင်များပေါ်သို့တက်သွားကြသည်။ ထိုတောင်တန်းများပေါ်တွင် အပင်အမျိုးမျိုး၊ ဆေးမြစ်အမျိုးမျိုးရှိသောကြောင့်ပင်။ အာကာရာမှာ အပင်အမျိုးမျိုးနှင့် ပေါင်းစပ်ကာ ဆေးပုလင်းဖော်စပ်ခြင်း စမ်းသပ်မှုကို စတင်တော့သည်။
တစ်ဖက်တွင် ဖှေးသည်လည်း ဒိုင်ယာဘလိုကမ္ဘာအတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။
သူ လူရိုင်းဇာတ်ကောင်အဖြစ်မှ ထွက်လိုက်ပြီး မှော်ဆရာဇာတ်ကောင်အားရွေးချယ်လိုက်သည်။ သူ၏ ဇာတ်ကောင်များထဲတွင် မှော်ဆရာဇာတ်ကောင်သည် [သူပုန်စခန်း]မှ အလုပ်များအားလုံးမပြီးမြောက်သေးပဲ ကျန်ရှိနေသေးသည့် တစ်ခုတည်းသောဇာတ်ကောင်ဖြစ်သည်။ အယသို့သော် အကုန်ပြီးမြောက်ရန်မှာ အလုပ်နှစ်ခုခန့်သာကျန်ရှိတော့သည်။ လာမည့် သုံးနာရီအတွင်းတွင်းတွင် ဖှေးထိုအလုပ်နှစ်ခုအား ပြီးမြောက်အောင်ဆောင်ရွက်နိုင်ပါက သူပုန်စခန်းတွင် ရှိသမျှအလုပ်အားလုံးအား ရှိသမျှဇာတ်ကောင်အားလုံးဖြင့် ပြီးမြောက်ပြီးဖြစ်သွားပြီဖြစ်၍ လျို့ဝှက်ထူးဆန်းသည့် ဆုလာဘ်တစ်ခုလဲ စောင့်ကြိုနေမည်ဖြစ်သည်။
သတ်ဖြတ်ခြင်းနှင့် လယ်ဗယ်မြှင့်တင်ခြင်းတို့မှာ စတင်ပြီဖြစ်သည်။
......
နှစ်နာရီခန့် အကြာတွင်...
“အား......”
ဝမ်းနည်းကာ လိုအင်ဆန္ဒမပြည့်ဝလိုက်သည့် နက်ရှိုင်းသော အော်ဟစ်ငိုကြွေးသံကြီးတစ်ခု သူပုန်စခန်းတစ်ခုလုံးတွင် မြည်ဟီးသွားသည်။ ငိုကြွေးအပြီးတွင် နတ်ဆိုးမ အေဒရီရယ်သည် ဖှေး၏ ခြေရင်းတွင်၇ကြိမ်မြောက် လဲကျသေဆုံးသွားပြီဖြစ်သည်။ အနီရောင်သွေးများသည် မြေအောက်ခန်းအတွင်းရှိ ကျောက်တုံးများပေါ်တွင် ပေကျံနေသည်။ အေဒရီရယ်၏ အလောင်းအား မီးတောက်များဖုံးလွှမ်းကာ လောင်ကျွမ်းသွားပြီး ဘေးပတ်လည်ရှိ မကောင်ဆိုဝါးများလည်း လောင်ကျွမ်းပြာကျကာ နာကျင်စွာအော်ဟစ်ရင် သေဆုံးကုန်ကြတော့သည်။
ဤသည်မှာ အေဒရီရယ်၏ လှပသောမျက်နှာမှ မျက်ရည်များစီးကျလာသည်ကို ဖှေးကြိမ်မြောက်မြင်တွေ့ရခြင်းဖြစ်သည်။
ဒါဘယ်လို မျက်ရည်မျိုးပါလိမ့်...
ဂုဏ်ကျက်သရေရှိမှုနှင့် ရှုံးနှိမ့်ကျဆင်းခြင်း၊ အလှတရားနှင့် ကြံမိကြံရာကြံစည်ခြင်း၊ သစ္စာတရားနှင့် သစ္စာဖောက်ခံရခြင်း၊ ပေးခြင်းနှင့် ယူခြင်း၊ သွေးများနှင့် မျက်ရည်များ၊ မီးတောက်များနှင့် ဓားများ၊ မနာလိုမှုများနှင့် အမုန်းတရားများ ထို့အပြင် ဤကမ္ဘာပေါ်တွင် လုံးဝလက်ခံနိုင်ခြင်းမရှိသည့် အဖြစ်ဆိုးသည့် ချစ်ခြင်းတရားတ်ု့သည့် ထိုမျက်ရည်ကြည်များထဲတွင် ထင်ဟပ်နေသည်။ ရုတ်တရက် ထိုမျက်ရည်များထဲမှ ခံစားချက်ဝိဉာဥ်များခုန်ထွက်လာသကဲ့သို့ ထွက်ပေါ်လာပြီး ဖှေး၏ အသိစိတ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားတော့သည်။
ဖှေး၏ မျက်နှာအမူရာပြောင်းလဲသွားသည်။ ဤသည်က်ို သူမျှော်လင့်မထားချေ။
အေဒရီရယ်ကို သတ်ခဲ့သည့် လွန်ခဲ့သည့် ၆ကြိမ်စလုံးတွင် ဤကဲ့သို့တစ်ခါမှ မဖြစ်ဖူးသေးချေ။ ဖှေးဤဖြစ်စဥ်အား ရှောင်နိုင်ခြင်းမရှိသလိုခုခဲနိုင်ခြင်းလဲမရှိချေ။ ထိုအရာသည် ဖှေး၏ အသိဉာဏ်တစ်ခုလုံးအား ထိုးဖောက်ဝင်ရောက်သွားပြီး မှော်ဆန်သည့်အခါတစ်ခု စတင်ဖြစ်ပျက်တော့သည်။
ဖြစ်ရပ်ပေါင်းများစွာသည် ဖှေး၏အရှေ့တွင် 3Dဇာတ်လမ်းတစ်ခုကို ကြည့်နေရသကဲ့သို့တစ်ခုပြီးတစ်ခုပေါ်လာတော့သည်။
မိဘနှစ်ပါးလုံးကို ဆုံးရှုံးလိုက်ရသည့် သနားစဖွယ် ကလေးမလေးတစ်ယောက်သည် မြေရိုင်းလွင်ပြင်တွင် တစ်ယောက်ထဲလျှောက်သွားနေ၏။ သူမ ဆာလောင်မောပန်းခါ သေခါနီးဆဲဆဲတွင် ကြင်နာတတ်သည့် သူတော်စဥ်တစ်ပါးသည် သူမအား ခေါ်ယူစောင့်ရှောက်လိုက်၏။ ဤအချိန်မှစ၍ ထိုသနားစဖွယ်မိန်းကလေးသည် တာမိုးကုန်းမြင့်ပေါ်ရှိ ဘုရားကျောင်းတစ်ခုပေါ်တွင် နေထိုင်ခဲ့သည်။ သူမသည် ညစ်ပတ်ပေတူးနေသော ဘဲပေါက်လေးတစ်ကောင်ကဲ့သို့ပင် စားစရာရရှိရေးအတွက် အညစ်ပတ်ဆုံး၊ အပင်ပန်းဆုံးအလုပ်မှန်သမျှကို လုပ်သည်။ အချိန်များတရွေ့ရွေ့ကုန်ဆုံးသွားပြီးချိန်တွင် ထိုညစ်ပတ်ပေတူးနေသော ဘဲပေါက်လေးသည် လှပသော အဖြူရောင်ကြိုးကြာတစ်ကောင်အဖြစ်သို့ ထင်မက်မထားဖွယ်ပင် ပြောင်းလဲသွားခဲ့သည်။ သီလအကောင်းဆုံးသူတော်စဥ်ပင်လျှင် သူမ၏ အပြုံးကိုမြင်တွေ့ရပါက တစ်ခဏယိမ်းယိုင်သွားမိမည်ဖြစ်သည်။ မကြာမှီတွင် မိန်းကလေး၏ ဂုဏ်သတင်းသည် တိုက်တစ်ခုလုံးတွင် ပြန့်နှံ့သွားသည်။ သူမသည် ယောက်ျားတိုင်း၏ စိတ်ထဲတွင် နတ်သမီးလေးတစ်ပါးကဲ့သို့ ဖြစ်ခဲ့ပြီး၊ အမျိုးသမီးတိုင်း၏ စိတ်ထဲတွင် မနာလိုစရာပစ်မှတ်တစ်ခုအဖြစ်ဖြစ်ခဲ့သည်။
ဘုရားကျောင်းသည် သူမ၏ အလှတရားကို အသုံးပြုပြီး အထောက်ပံ့များရယူကာ အင်အားဖြည့်တင်းခဲ့သည်။ မကြာမှီတွင် ငရဲပြည်နှင့်တိုက်ပွဲတွင် အရေးပါသော ကောင်းကင်ဘုံမှ အင်အားစုတစ်ခုဖြစ်လာတော့သည်။
ဘုရားကျောင်းမှ ပြုလုပ်သည့်အရေးကြီး အခမ်းနားတစ်ခုတွင် ယောက်ျားသန်းပေါင်းများစွာ သူမ၏ မျက်နှာကို တွေ့လိုကြသဖြင့် တာမိုးကုန်းမြင့်ပေါ်သို့ရောက်လာခဲ့ကြသည်။ သူမစင်မြင့်ပေါ်တွင် ပေါ်လာသည့်အခါ ယောက်ျားပေါင်းများစွာအော်ဟစ်အားပေးကြသည်။ သို့သော် အနီရောင်ဝတ်ရုံနှင့် ယောက်ျားတစ်ယောက်မှာမူ တစ်ဖက်သို့လှည့်ကာ ထွက်သွားခဲ့သည်။ သူမထိုယောက်ျားအား သတိထားမိသည်။
ထို့နောက်တွင် ကံဆိုးသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပျက်ခဲ့သည်။
ဆုတောင်းပွဲတစ်ခုတွင် အပေါ်တွင် ချိတ်ဆွဲထားသော မီးအိမ်တစ်လုံးသည်ပြုတ်ကျကာ သူမ၏ မျက်နှာအား ထိမှန်ခဲ့သည်။ ဆီပူများမှာ သူမ၏ မျက်နှာအား လောင်ကျွမ်းသွားခဲ့သည်။ သူတော်စဥ် အမျိုးသမီးများ၏ မနာလိုမှုများကြောင့် သူမအားကုသရန်မှာ နှောင့်နှေးခဲ့ရပြီး သူ၏ မျက်နှာမှာပုံပျက်သွားတောသည်။ သူမ၏ အလှတရားအား ဆုံးရှုံးပြီးနောက်တွင် သူမသည်တိုက်ပေါ်တွင် လှောင်ပြောင်ရယ်မောစရာတစ်ခုဖြစ်ခဲ့၏။ ဘုရားကျောင်းတွင်လည်း တန်ဖိုးကင်းမဲ့သွားပြီး အညစ်ပတ်ဆုံး၊ အပင်ပန်းဆုံး၊ အရှက်ရဆုံးအလုပ်များကိုပင် ပြန်လည်လုပ်ကိုင်ရသည်။ သူမ၏ ဘဝအား အရှက်တရားဖြင့်သာနေထိုင်ခဲ့ရသည်။ အညစ်ပတ်ဆုံးလူတစ်ဦးကပင် သူမအား “ဒီရုပ်ဆိုးမကို ကြည့်ပါဦး သူကတစ်ခါတုန်းကတော့ တိုက်ပေါ်မှာ အလှဆုံးလေ...”ဟု လှောင်ပြောင်ကာ ရယ်မောမည်ဖြစ်သည်။
လူများ သူမ၏ မျက်နှာပေါ်မှ အရုပ်ဆိုးသော အမာရွတ်အား မမြင်နိုင်စေရန်အတွက် သူမ ပန်းပဲဆရာတစ်ယောက်အား သံမဏိမျက်နှာဖုံးတစ်ခုပြုလုပ်ပေးရန် အကူညီတောင်းခဲ့သည်။
ထိုအချိန်မှစ၍ ယခင်က အလှပဆုံးအမျိုးသမီးမှာ မျက်နှာဖုံးတစ်ခုဖြင့်လူမမြင်အောင် ရှက်ရွံ့စွာနေထိုင်ခဲ့ရသည်။ တစ်နေ့တွင် အနီရောင်ဝတ်ရုံနှင့် လူတစ်ယောက် သူမအရှေ့သို့ရောက်မလာခင်အထိပင်။
“မင်းက အေဒရီရယ်လား....” ထိုယောက်ျားမှာ အံ့သြစွာဖြင့် မေးလိုက်သည်။
သူမ အံ့သြသွားသည်။ “ဒီလူက ငါမျက်နှာဖုံးဝတ်ထားတာတောင် ငါဘယ်သူလဲ သိနေသေးတာလား...” သူမ တွေးလိုက်မိ၏။
“မင်းရဲ့မျက်လုံးတွေက အရင်လိုလှပနေတုန်းပါလား....”
ရိုးရှင်းသော အဖြေတစ်ခုတည်းဖြင့် ကောင်မလေး၏ နှလုံးသားထဲတွင် မျက်ရည်များဖြင့် ပြည့်နှက်သွားသည်။ “လှပခြင်း” ဘယ်လောက်တောင်ရင်းနှီးနေပေမယ့် ထူးဆန်းနေသေးတဲ့စကားပါလိမ့်။ သူမအား တစ်စုံတစ်ယောက်မှ ထိုကဲ့သို့ မချီးမွမ်းတော့သည်မှာ အလွန်ကြာပြီဖြစ်သည်။ “ဒါဆို ကျွန်မရဲ့ မျက်လုံးတွေက လှပနေတုန်းပဲပေါ့.....”
“မင်းရဲ့ အလှတရားတွေကို ပြန်မလိုချင်ဘူးလား...” ဝတ်ရုံအနီနှင့် ယောက်ျားမှ မေးလိုက်သည်။
“လိုချင်တာပေါ့...ဒါပေမယ့် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...ရှင်လုပ်နိုင်လို့လား...” ကောင်မလေး၏ မျက်နှာတွင် နာကျင်သည့်အပြုံးတစ်ခုရှိနေသည်။
“ဟုတ်တာပေါ့....ငါလုပ်နိုင်တာပေါ့...” ထိုယောက်ျားမှာ ခေါင်းတွင်ခြုံထားသော ဝတ်ရုံအနီအားဖယ်လိုက်သည်။ ထို့နောက်တွင် သူ၏ အားအနည်းငယ်ခန့်ကို ထုတ်လွှတ်လိုက်ရာ မြေပြင်ပါတုန်ခါလာသည်။ “ငါက အကြောက်တရားတွေရဲ့အရှင်သခင် ဒိုင်ယာဘလိုဖြစ်တာကြောင့်ပဲ....”