အခန်း (၁၅၅)
Vol. 11 Ch. 155
ကောင်မလေးမှာ ထိတ်လန့်အံ့သြသွားသည်။ ဒဏ္ဍာရီများထဲတွင်သာ ကြားခဲ့ဖူးသည့် ဒိုင်ယာဘလိုနှင့် တွေ့လိုက်ရသည့်အချိန်တွင် သူမတဖြည်းဖြည်း တည်ငြိမ်စပြုလာသည်။
ထို့နောက်တွင် သူမ၏ အလှတရားများကို ပြန်လည်ရရှိခဲ့သည်။ သူမသည် သန်မာသည့် နတ်ဆ်ုးစွမ်းအားတစ်ခုကိုပါ ရရှိခဲ့သည်။ သူမ၏ အလှတရားနှင့် စွမ်းအားကို အသုံးချပြီး သူမနေတိုင်ခဲ့သည့် ဘုရားကျောင်းအား သိမ်းပိုက်ထိန်းချုပ်ကာ မကောင်းဆိုးဝါးများပျော်ရွှင်ရာနေရာနှင့် ငရဲပြည်၏ ရှေ့တန်းစစ်မျက်နှာပြင်အဖြစ် ပြောင်းလဲ ပစ်လိုက်သည်။ သူမ ဆုံးရှူံးခဲ့ရသည့် အရာမှန်သမျှကို ပြန်လည်ရရှိခဲ့ပြီး လူတိုင်းကြောင်ရွံ့ရသည့် နတ်ဆိုးတစ်ဦးဖြစ်လာခဲ့သည်။
သူမသည် ဒိုင်ယာဘလိုကိုလဲ ချစ်ကြိုက်ခဲ့သည်။
သိုသော် ထိုလူမှာ သူမအား ပြန်လည်ချစ်ကြိုက်ခဲ့ခြင်းမရှိချေ။ သူ၏ ဆုံးပါးသွားခဲ့သည့် ဇနီးကိုသာ ချစ်နေခဲ့သည်။
သူ့အတွက် အလှတရားကိုပြန်လည်ရရှိသော ကောင်မလေးသည် အပြစ်တင်မှုများ၊ သွေးများကိုပါ ပြန်လည်ယူဆောင်ခဲ့သည်။ ထိုယောက်ျား ကောင်းကင်ဘုံနှင့် စစ်ခင်းနေခြင်းကို ကူညီနိုင်ရန်အတွက် ရက်စက်ကြမ်းကြုတ်သည့် ပညာတစ်ခုကိုလဲ ကျင့်ကြံသင်ကြားခဲ့သည်။
ထိုကောင်မလေး၏ နာမည်မှာ အေဒရီရယ်ပင်။
အယ်လီနာမတိုင်ခင်က [သူပုန်ပန်း]တစ်ယောက်ပင်။
ဖှေး အေဒရီရယ်၏ ဘဝတစ်ခုလုံးကို ဘေးလူတစ်ယောက်အနေဖြင့် မြင်တွေ့လိုက်ရခြင်းဖြစ်သည်။ ဤသည်မှာ အလွန်ထူးခြားပြီး ဝိဉာဉ်ပိုင်းဆ်ိုင်ရာ စီးနှင်းမှုတစ်ခုပင်။ အချိန်ခဏတာခန့် ဖှေးသည် အေဒရီရယ်နှင့် ဆက်နွယ်နေသကဲ့သို့ပင်။ အေဒရီရယ်ခံစားခဲ့ရသည့် ခံစားချက်များကို တိုက်ရိုက်ခံစားလိုက်ရ၏။ အကူညီကင်းမဲ့ခြင်း၊ စွမ်းအားကင်းမဲ့ခြင်း၊ဒေါသ၊ အမုန်၊ ဝမ်းနည်းခြင်း....နောက်ဆုံးတွင် နောင်တတရားတ်ို့ဖြစ်သည်။ ဖှေး သက်ပြင်းချကာ တွေးလိုက်မိသည်။ “သူမ မှားခဲ့လ်ို့လား...ဒီလောက်ဖြစ်ရပ်ဆိုးတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ သူမက ဘယ်နေရာမှာ မှားခဲ့လို့လဲ...”
ဤသည်မှာ ကံကြမ္မာပင်။
ဖှေး သူ၇ကြိမ်တိုင်အောင် သတ်ခဲ့သည့် အေဒရီရယ်ပေါ်တွင် အနည်းငယ်စာနာသနားစိတ်ဝင်နေသည်။ ဖှေး စဥ်းစားကြည့်နေဆဲမှာပင် လျို့ဝှက်ထူးဆန်းသည့် တစ်စုံတစ်ခု ထက်မံဖြစ်ပျက်သွားသည်။ သူ၏ မျက်စိရှေ့တွင် မြင်နေရသော မြင်ကွင်းများမှာ ဖန်သားပြင်ကဲ့သို့ အစိတ်စိတ်အမွာမွာ ကွဲအက်သွားပြီး အလွန်လှပသည့် အမျိုးသမီးတစ်ဦး၏ ပုံရိပ်တစ်ခုအဖြစ်သို့ပြောင်းလဲသွားသည်။ နတ်ဘုရားမတစ်ယောက်ကဲ့သို့ သူမဖှေးအရှေ့တွင် ပေါ်လာခဲ့သည်။ ဖှေး သူမအား မှတ်မိသည်။ သူမသည် အေဒရီရယ်ဖြစ်သည် သူမ၏ အလှတရားများပြန်လည်ရရှိလာပြီး ရက်စက်ကြမ်းကြုတ်သည့် ပညာကိုမလေ့ကျင့်ရသေးခင်အချိန်က ပုံဖြစ်သည်။ ထိုအခါက သူမသည်အလွန်လှပနေပြီး သူမအား ဘယ်သူမှ တိုက်ရိုက်ပင်မကြည့်ရဲ့ကြချေ။ ဖှေး မြင်တွေ့ခဲ့ရသည့် အမျိုးသမီးများထဲတွင် အလှဆုံးပင်။
“ကျွန်မရဲ့ လက်ဆောင်ကို လက်ခံပြီး မင်းရဲ့ချစ်သူကိုကာကွယ်ပေးပါ...သူပုန်ပန်းတိုင်းက တစ်ခါမှမကြုံဖူးတဲ့ နာကျင်မှုကို ခံစားရလိမ့်မယ်...ငယ်ရွယ်တဲ့စစ်သည်...ကြီးမားတဲ့ ဘေးအန္တရာယ်ကြီးတစ်ခုက ချည်းကပ်လာနေပြီ...မင်းချစ်ခြင်းတရားကိုယုံကြည်တယ်ဆိုရင် ကျေးဇူးပြုပြီး သူမကို ကာကွယ်ပေးပါ ကျွန်မကြုံတွေ့ခဲ့ရတဲ့ အဖြစ်မျိုးကို ကျေးဇူးပြုပြီး သူမကို မကြုံတွေ့စေပါနဲ့...”
သူမ ထိုကဲ့သို့ပြောပြီးနောက်တွင် လက်ကိုဝှေ့ရမ်းလိုက်သည်။ အမဲရောင် အလင်းတစ်ခုသည် သူမ၏ခန္ဓာကိုယ်အား လွှမ်းခြုံပြီး သူမထိုနေရာမှ ပျောက်ကွယ်သွားတော့၏။ သူမရှိနေခဲ့သည့်နေရာတွင် မယုံနိုင်စရာကောင်းသောမှော်စွမ်းအားများရှိသော မှော်ချပ်ဝတ်စုံတွဲတစ်ခု ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။
ဖှေး ထိတ်လန့်အံ့သြသွားသည်။
ဤသည်မှာ မှော်ပစ္စည်းစုံတွဲအပြည့်စုံပင်။
မှော်ပစ္စည်း စုံလိုက်ဖြစ်ပြီး ပျောက်ဆုံးနေသည့်ပစ္စည်းတစ်ခုမှ မပါရှိပေ။ မှော်ချပ်ဝတ်၏ ဘေးတွင် အမဲရောင် သံမဏိမျက်နှာဖုံးတစ်ခုလဲရှိနေသည်။ ဤမျက်နှာဖုံးမှာ အေဒရီရယ်သူမ၏ အကျည်းထံသောမျက်နှာကို ဖုံးကွယ်ရန်အတွက် အသုံးပြုခဲ့သော မျက်နှာဖုံးပင်။
ဒိုင်ယာဘလိုကမ္ဘာရှိ ပစ္စည်းများကို အဆင့်၈ဆင့် ခွဲခြားထားသည်။
၁အဆင့်ပစ္စည်းများမှာ [နှိမ့်ကျပစ္စည်း]များဖြစ်သည်။ ထို ပစ္စည်းများ၏ အရောင်မှာအမဲရောင်ဖြစ်သည်။ များသောအားဖြင့် အသုံးပြု၍မရသည်က များပြီး အဆင့်နှိမ့်ဆုံးမကောင်းဆိုးဝါးများထံက ရရှိလေ့ရှိသည်။
နံပါတ်၂အဆင့်ပစ္စည်းများမှာ [သာမန်ပစ္စည်း]များဖြစ်သည်။ အဖြူရောင်ရှိ၏။ တစ်ချို့ပစ္စည်းများတွင် မှော်သလင်းကျောက်များ ထည့်သွင်းအသုံးပြုနိုင်သည့် သဘာဝအတိုင်းအပေါက်များပါရှိသည်။ ထိုပစ္စည်းများသည် အလွန်တွေ့ရများလေ့ရှိပြီး ဂိမ်း၏ ဖောင်ဒေးရှင်းတစ်ခုပင်။ ရရှိရန်မှာလွယ်ကူလှသဖြင့် သာမန်မကောင်းဆိုးဝါး၁၀ ကောင်ခန့်သတ်ဖြတ်ပါက ထိုပစ္စည်း ကိုးခုခန့်ရရှိနိုင်သည်။ စွမ်းရည်ဂုဏ်သတ္တိများမှာလည်း သာမန်မျှသာဖြစ်သည်။
နံပါတ်၃အဆင့်မှာ [သာလွန်ပစ္စည်း]ဖြစ်သည်။ အဖြူရောင်ပင်ဖြစ်ပြီး ဒိုင်ယာဘလိုကမ္ဘာတွင် လက်နက်များနှင့် ချပ်ဝတ်များသာ ဤအဆင့်ရှနိုင်သည်။ ထိခိုက်စေနှိုန်မှုနှုန်း၊ အကြမ်းခံမှုနှုန်းအနည်းငယ်မြင့်မားသော်လည်း အရမ်းမကောင်းလှချေ။ [သာမန်ပစ္စည်း]များထက် အနည်းငယ်သာရုံမျှသာဖြစ်သည်။
နံပါတ်၄အဆင့်မှာ [မှော်ပစ္စည်း]များဖြစ်ကြသည်။ အပြာရောင်အရောင်သွေးတောက်ပတတ်ပြီး ပို၍သန်မာသော ဂုဏ်သတ္တိများနှင့်၊ သက်ရောက်မှုများရှိကြ၏။ တိုက်ခိုက်မှု၊ ခုခံမှုနှင့် အပိုသက်ရောက်မှုတို့တွင် ယခင်ဖော်ပြခဲ့သည့် ပစ္စည်း၃ခုလုံးထင် များစွာသာလွန်၏။ မှော်ပစ္စည်းများ၏ အရည်အသွေးကို အပိုပါရှိသည့် ဂုဏ်သတ္တိများအပေါ်မူတည်ပြီး ဆုံးဖြတ်ကြသည်။ အရည်သွေးကွာခြားမှုရှိသော်လည်း မှော်ပစ္စည်းဟုဆိုပါက အစွမ်းထက်သည်မှာမလွဲပေ။
ဖှေး လက်ရှိတပ်ဆင်ထားသည့် လူရိုင်းဇာတ်ကောင်၏ ချပ်ဝတ်နှင့် ခါးပတ်မှာလည်း မှော်ပစ္စည်းများဖြစ်၏။
နံပါတ်၅အဆင့် ပစ္စည်းများမှာ [တီထွင်ပစ္စည်း]ဖြစ်သည်။ လိမ္မော်ရောက်အရောင်သွေးတောက်ပလေ့ရှိသော ထိုပစ္စည်းများမှာ ပါဝင်ပစ္စည်းအမျိုးမျိုးအားစုစည်းကာ ဖော်မြူလာအတိုင်း ထုတ်လုပ်ရာမှ ရရှိလာသည့်ပစ္စည်းများဖြစ်သည်။ လက်ရှိဖှေးထံတွင် ထိုကဲ့သို့ပစ္စည်းတစ်ခုမှ ပိုင်ဆိုင်ထားခြင်းမရှိပေ။
နံပါတ်၆အဆင့် ပစ္စည်းမှာ [ရှားပါးပစ္စည်း]ဖြစ်သည်။ ထိုပစ္စည်းများမှာ အဝါရောင်တောက်ပပြီး ဂုဏ်သတ္တိနှင့် အာနိသင်များမှာ ပ်ု၍ပင်စွမ်းအင်မြင့်မားသည်။ ဖှေးတွင် [ရှားပါးပစ္စည်း]အနည်းငယ် ပိုင်ဆိုင်ထားသည်။ သူ အယ်လီနာအား လက်ဆောင်ပေးထားသည့် ရွှေရောင်လေးရှည်မှာ ရှားပါးပစ္စည်းဖြစ်သည်။
နံပါတ်၇အဆင့် ပစ္စည်းမှာ [စုံလိုက်ပစ္စည်း]များဖြစ်သည်။ ထိုပစ္စည်းများ၏ အရောင်မှာ အစိမ်းရောင်ဖြစ်သည်။ ဒဏ္ဍာရီများအရ ထိုပစ္စည်းများမှာ ဒဏ္ဍာရီလာစစ်သည်ကြီးများ တပ်ဆင်အသုံးပြုခဲ့သည့် ပစ္စည်းများဖြစ်ကြသည်ဟု ဆိုကြသည်။ ထို[စုံတွဲပစ္စည်းများ]တွင်ပါဝင်သော ပစ္စည်းအားလုံးကို စုဆောင်းတပ်ဆင်ပြီးပါက ပစ္စည်းတစ်ခုခြင်းစီတိုင်း၏ များစွာသာလွန်သောမှော်စွမ်းအား အာနိသင်ကို ရရှိမည်ဖြစ်သည်။ [စုံလိုက်ပစ္စည်းများ]မှာ ရှာဖွေရန်ခက်ခဲသည်။ အစုံတစ်ခုတွင် ပစ္စည်းအနည်းငယ်သာ ပါရှိသော်လည်း ပစ္စည်းစုံအောင်လိုက်လံရှာဖွေရန်မှာ အချိန်အတော်ကြာမည်ဖြစ်သည်။ ဖှေး လူရိုင်းဇာတ်ကောင် အနေဖြင့် ကံကောင်းစွာပင် [အာတိတ် ပစ္စည်းများ]အစုံထဲမှ [အာတိတ်သားမွေး] ချပ်ဝတ်ကို ရရှ်ိခဲ့ဖူးသည်။ သို့သော်အစုံလိုက် တပ်ဆင်အသုံးပြုရန်အတွက် ကျန်ရှိနေသေးသည် အာတိတ်ပစ္စည်းများကို ဖှေးရှာမတွေ့သေးချေ။
နံပါတ်၈အဆင့် ပစ္စည်းမှာ [ထူးခြား ပစ္စည်း]များဖြစ်သည်။ ထိုပစ္စည်းများမှာ ရွှေရောင်မြင့်မြတ်သည့် ပစ္စည်းများဖြစ်ကြသည်။ ပစ္စည်းတစ်ခုစီတိုင်းတွင် ထူးခြားဆန်းပြားသော အစွမ်းတစ်ခုစီရှိကြသည်။ ထို ပစ္စည်းများတွင် သူတို့၏ မတူညီသော ကိုယ်ပိုင်ပုံသဏ္ဍာန်၊ ဂုဏ်သတ္တိ၊ အမည်နှင့် အရောင်အမျိုးမျိုးပင်ရှိကြ၏။ [ထူးခြားပစ္စည်း]များထဲမှာပင် လျှင် အဆင့်၃ဆင့် ထက်မံခွဲဝေထားသည်။ ပုံမှန်အဆင့်၊ သူမတူအဆင့်နှင့်၊ ကျွမ်းကျင်အဆင့်တို့ပင်။
ဤပစ္စည်းများ၏ အဆင့်ခွဲခြားပုံကို သိရှိပြီးပါက ဖှေး မည်သည့်အတွက်ကြောင့် စိတ်လှုပ်ရှားနေသည်ဆိုသည်က်ို သိရှိနိုင်သည်။
သူ၏ အရှေ့တွင်ရှိသော ပစ္စည်းများမှာ အစိမ်းရောင် [စုံလိုက်ပစ္စည်း]များ အပြည့်စုံဖြစ်သည်။ စုံလိုက်ပစ္စည်းများအားလုံး အပြည့်စုံတစ်ခါတည်းရရှိခြင်းမှာ မူရင်းဂိမ်းထဲတွင် တစ်ခါမှ ဖြစ်လေ့ဖြစ်ထမရှိသည့်အရာပင်။ အေဒရီရယ်၏ နောက်ကြောင်းကိုလဲ မူရင်းဒိုင်ယာဘလိုဂိမ်းထဲတွင် ဖော်ပြခြင်းမရှိခဲ့ချေ။