← Chapters

အခန်း (၁၅၆)

Vol. 11 Ch. 156

အခန်း (၁၅၆)

Vol. 11 Ch. 156

ဖှေး သူ၏အရှေ့တွင်ရှိနေသော [စုံလိုက်ပစ္စည်းများ] ကိုလက်ဖြင့် ​ညင်သာစွာထိကြည့်လိုက်သည်။

သူ၏လက်ချောင်းများမှ ခံစားနေရသည့် အေးစက်စက်ခံစားချက်မှာ ထိုပစ္စည်းများသည် အစစ်မှန်ဖြစ်ပြီး ပုံရိပ်​ယောင်များမဟုတ်ကြောင်းကို ဖော်ပြနေ၏။

ဤသည်မှာ ပစ္စည်းလေးခုပါဝင်သည့် စုံလိုက်ပစ္စည်းများဖြစ်သည်။ အရိုးများဖြင့်ပြုလုပ်ထားသည့် အပြာနုရောင်ရှိသော ထိပ်ချွန်မှော်ဆရာဦးထုပ်တစ်ခု၊ သူ၏ ပုခုံးများမှ ဒူးခေါင်းအထိကာကွယ်ပေးထားသည့် အပြာနုရောင် အနုစိတ်ချပ်ဝတ်တစ်ခု၊ ခြောက်ပေခန့်ရှည်လျားသော အပြာနုရောင်မှော်ကြိမ်လုံးတစ်ချောင်း တို့ဖြစ်ကြသည်။ ထိုကြိမ်လုံး၏ ထိပ်တွင် စက်လုံးပုံသဏ္ဍာန်ရှိ မှော်တလင်းကျောက်တစ်ခုပါရှိသည်။ နောက်ဆုံး ပစ္စည်းမှာ မှော်အဆောင်အယောင်တစ်ခုဖြစ်ပုံရသည်။ အနီရောင်ရှိပြီး လက်တဖဝါးစာခန့်အရွယ်အစားရှိပြီး ကြယ်ငါးလုံးအဆင့်ရှိသည့် မှော်သင်္ကေတများကို ထွင်းထုထားသည်။

ပစ္စည်းလေးခုမှာ တစ်ခုနှင့်တစ်ခုတင်းကြပ်စွာ ပူးကပ်တည်ရှိနေကြပြီး မက်တပ်ရပ်နေသော လူတစ်ယောက်၏ ပုံစံကဲ့သို့ဖြစ်နေ၏။ စွမ်းအားမြင့်သော မှော်စွမ်းအင်အရှိန်ဝါများသည် ပစ္စည်းများမှ တရိပ်တရိပ်တောက်ပနေသည်။

ပစ္စည်းများမှာ လက်ရှိတွင် မစစ်ဆေးရသေးချေ။

သို့သော် ဖှေးမှာ ထိုပစ္စည်းများအားအလွန်စိတ်ဝင်စားနေပြီဖြစ်၍ သူပုန်စခန်းသို့ပြန်ကာ အဖိုးကြီးကိန်းအလကားစစ်ဆေးပေးမည့်အချိန်ကို မစောင့်နိုင်တော့ချေ။ [စစ်ဆေးစာလိပ်]လေးခုအား အသုံးပြုလိုက်ပြီး ဤပစ္စည်းများ၏ ပုံးကွယ်နေသော ဂုဏ်သတ္တိများကို ကြည့်ရှုလိုက်တော့သည်။

ကြိမ်လုံး၏ နာမည်မှာ [အာကန်နာ မရဏကြိမ်လုံး]ဖြစ်သည်။

လက်နှစ်ဖက်ဖြင့် ဆွဲကိုင်ကာ အသုံးပြုရသည့် လက်နက်တစ်ခုဖြစ်သည်။

ထိုခိုက်စေနိုင်မှု: 12-18

အကြမ်းခံနိုင်မှု: 50/50

လယ်ဗယ်လိုအပ်ချက်: လယ်ဗယ်15

ထူးခြားဂုဏ်သတ္တိများ: မှော်ဆရာ၏အစွမ်းများအားလုံးအား လယ်ဗယ် +1တိုးမြင့်စေခြင်း၊ တစ်ချ​က်ထဲဖြင့် သေစေနိုင်သည့်အခွင့်ရေး+25%၊ မသေမျိုးမကောင်းဆိုးဝါးများအား ပိုမိုထိခိုက်စေနိုင်မှု+50%၊ မန်နာပြန်လည်ပြည့်ဝနှုန်း+5၊ +50မန်နာ

အရိုးများဖြင့်ပြုလုပ်ထားသည့် အဖျားချွန်မှော်ဦးထုပ်မှာ [အာကန်နာဦးခေါင်း]ဟုခေါ်သည်။

ခုခံကာကွယ်နိုင်မှု: 237

အကြမ်းခံနိုင်မှု: 18/18

လိုအပ်သော လယ်ဗယ်: လယ်ဗယ်15

လိုအပ်သော ခွန်အား: 15

ထူးခြားဂုဏ်သတ္တိများ: သွေးပြန်လည်ပြည့်ဝမှု+4 တိုက်ခိုက်သူအား ထိခိုက်စေနိုင်မှု2 လျှပ်စီးဒဏ်ခံနိုင်မှု +25% +228ခုခံကာကွယ်နိုင်မှု(ကစားသူ၏ လယ်ဗယ်အပေါ်တွင် မူတည်၍ပြောင်းလဲမှုရှိနိုင်သည်။

ပေါ့ပါးသော ချပ်ဝတ်မှာ [အာကန်နာ၏ အသွေးသား]ဟုခေါ်သည်။

ခုခံကာကွယ်နိုင်မှု: 195

အကြမ်းခံနိုင်မှု: 60/60

လိုအပ်သော လယ်ဗယ်: လယ်ဗယ်15

လိုအပ်သော ခွန်အား: 41

ထူးခြား ဂုဏ်သတ္တိများ: ထိခိုက်မှုလျှော့ချခြင်း+3 မြင်နိုင်စွမ်း+2 သက်လုံ+10 ခုခံကာကွယ်နိုင်မှု+100

အဆောင်ယောင်မှာ [အာကန်နာ၏ သင်္ကေတ]ဟုခေါ်သည်။

လိုအပ်သော လယ်ဗယ်: လယ်ဗယ်15

ထူးခြားဂုဏ်သတ္တ်ိများ: မန်နာပြန်လည်ပြည့်ဝမှု+25% မန်နာ+15 မီးဒဏ်ခံနိုင်မှု+20% မှော်ပစ္စည်းများရှာဖွေတွေ့ရှိနိုင်ချေ+50%

ဤသည်မှာ ပစ္စည်းတစ်ခုခြင်းစီတိုင်း၏ ဂုဏ်သတ္တိများနှင့် စွမ်းရည်များပင်။

[အာကန်နာ၏ ပစ္စည်းများ]

ဖှေး ဤစုံလိုက်ပစ္စည်း၏ နာမည်က်ို ချက်ချင်းမှတ်မိလိုက်သည်။

ဖှေး၏ ယခင်ဘဝက ဂိမ်းကစားခဲ့သော မှတ်ဉာဏ်များအရ မှော်ဆရာဇာတ်ကောင်အတွက် ဤကဲ့သို့စုံလိုက်ပစ္စည်းရှိသည်က်ို မှတ်မိသည်။ အဆင့်မြင့် စုံလိုက်ပစ္စည်းများလောက်မကောင်းမွန်လှသော်လည်း လယ်ဗယ်နှိမ့်နေသေးသော မှော်ဆရာဇာတ်ကောင်အတွက်ဆိုပါက အတော်ပြည့်စုံသည့် စုံလိုက်ပစ္စည်းဖြစ်သည်။ ဤပစ္စည်းစုံတွဲအား ဝတ်ဆင်ရန်အတွက် လိုအပ်သော လယ်ဗယ်သက်မှတ်ချက်မှာ လယ်ဗယ်15ဖြစ်သည်။ ဖှေး၏ မှော်ဆရာဇာတ်ကောင်မှာ လယ်ဗယ်19ဖြစ်သဖြင့် ယခုလက်ရှိတွင် ဝတ်ဆင်နိုင်နေပြီဖြစ်၏။

တွံ့ဆုတ်မနေတော့ပဲ ဖှေးအဝတ်စားများချွတ်ချလိုက်ပြီး ချက်ခြင်းပင် အာကန်နာ၏ ပစ္စည်းများကို တပ်ဆင်လိုက်သည်။

အပြာနုရောင်ရှိ အလင်းရောင်သည် ဖှေးအားလွှမ်းခြုံသွားသည်။ သူ၏ ခန္ဓာကိုယ်တွင် စွမ်းအင်များမြင့်တက်လာသည်ကို ဆဲလ်တစ်ခုစီတိုင်းမှ ခံစားလိုက်ရသည်။ သူ၏တိုက်ခိုက်နိုင်စွမ်းနှင့် ခုခံကာကွယ်နိုင်စွမ်းတို့မှာ ချက်ချင်းပင် နှစ်ဆသုံးဆခန့် မြင့်တက်သွားသည်ကို ဖှေးခံစားလိုက်ရသည်။ ဤစုံလိုက်ပစ္စည်းက်ုဝတ်ဆင်လိုက်သည့်အတွက်ကြောင့်သူ၏ မှော်ဆရာဇာတ်ကောင်မှာ လယ်ဗယ်၁၉သာရှိသေးသော်လည်း လယ်ဗယ်၂၅နှင့်ညီမျှသည့် အစွမ်းကိုပင်ရရှိနေပြီဖြစ်သည်။

ပစ္စည်းအားလုံးကို တပ်ဆင်ပြီးသောအခါ အပိုရရှိသည့် ဂုဏ်သတ္တိများစတင်ဝင်ရောက်လာသည်။

မှော်အစွမ်းအသုံးပြုမှုအမြန်နှုန်း: +20% တစ်ခါထိတိုင်း မန်နာခိုးယူမှု5% သွေး+50 မန်နာ+50တို့ဖြစ်သည်။

ဖှေး သူ၏ မျက်လုံးများကို ပိတ်လိုက်ပြီ စွမ်းအားများမြင့်တက်လာမှု၏ ကျေနပ်အားရမှုကိုခံစားလိုက်သည်။

ထို့နောက်တွင် လေပေါ်တွင် မြောက်တက်နေသည့် အမဲရောင်သံမဏိမျက်နှာဖုံးတစ်ခုကို မြင်လိုက်မိသည်။

ထိုမျက်နှာဖုံး၏ ပုံစံမှာ ဖှေး၏ အာကန်နာစုံတွဲပစ္စည်းများနှင့် ယှဥ်ပါက အလွန်စိုးဝါးလှသည်။ သူသေချာ သတိမထားပါက အလည်တွင်အပေါက်နှစ်ခုပါရှိသည့် သစ်ခေါက်တစ်ခုဟုသာထင်မိမည်ဖြစ်သည်။ မျက်နှာဖုံးမှာ အသက်ဝိညင်ကင်းမဲ့နေသည်။ သို့သော်လည်း မြေဆွဲအားကင်းမဲ့နေသကဲ့သို့ပင် လေပေါ်တွင်မြောက်တက်နေ၏။ မျက်နှာဖုံးမျက်နှာပြင်မှ ထူခြားသည့်စွမ်းအားတစ်ခုကို ဝေဝေဝါးဝါးခံစားနေရသည်။ ထိုစွမ်းအားတွင် ရှေးကျသော၊ လျို့ဝှက်ထူးဆန်းသော အဖြစ်ဆိုးသောခံစားချက်ရှိ၏။

“မဟုတ်မှလွဲရော ဒါက ဒဏ္ဍာရီလာ [အေဒရီရယ်၏ မျက်နှာဖုံး]များလား....”

ဖှေး ကြက်သေသေသွား၏။ [အေဒရီရယ်၏ မျက်နှာဖုံး]သည် အေဒရီရယ် သူ၏ အရုပ်ဆိုးသွားသော မျက်နှာအား ဖုံးကွယ်ရန်အတွက် ပန်းပဲဆရာထံတွင် တောင်းဆိုခဲ့သည့် မျက်နှာဖုံးဖြစ်သည်။ ဤသည်မှာ ကောင်းမွန်သောပစ္စည်းဖြစ်သော်လည်း ဘုရားကျောင်းမြေပုံမှ ရရှိရန်မှာ အလွန်ရှားပါးသည့် ပစ္စည်းဖြစ်သည်။ မူရင်းဂိမ်းအရဆိုပါက ဤနေရာတွင် ရရှိမည့်ပစ္စည်းမဟုတ်သေးပေ။

ဖှေး မျက်နှာဖုံးအား လှမ်းယူလိုက်သည်။ မျက်နှာဖုံးမှာ ငှက်မွေးတစ်ချောင်းကဲ့သို့ပင် ပေါ့ပါးနေ၏။

မစစ်ဆေးရသေးခင် ဖှေး ဤမျက်နှာဖုံး၏ နာမည်နှင့် ဂုဏ်သတ္တိစွမ်းရည်များကို သိရှိရလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် စစ်ဆေးခြင်းစာလိပ်တစ်ခုကို ထုတ်ယူပြီး စစ်ဆေးကြည့်လိုက်သည်။

ဖှေး ထိတ်လန့်အံ့သြသွားရသည်။ သူ၏ လက်ထဲတွင်ရှိနေသောမျက်နှာဖုံးမှာ စစ်ဆေးခြင်းစာလိပ်နှင့် စစ်ဆေးရာတွင် ဂုဏ်သတ္တိတစ်စုံတစ်ကိုမျှ ဖော်ပြခြင်းမရှိသောကြောင့်ပင်။

“ဒါက ဘာဖြစ်ရတာလိမ့်....ဒါက ဘာအစွမ်းမှမရှိတဲ့ ရိုးရိုးမျက်နှာဖုံးတစ်ခုမို့လို့များ ဖော်ပြစရာဂုဏ်သတ္တိမရှိတာများလား...” ဖှေးတွေးလိုက်မိသည်။ “ဒါပေမယ့် အဲ့လိုတော့မဟုတ်လောက်ပါဘူး ရိုးရိုးမျက်နှာဖုံးဆိုရင် ဘယ်လိုလုပ်ပြီးလေပေါ်မှာ ပျံနိုင်နေမှာလဲ...”

ဤသည်မှာ အလွန်ထူးဆန်းသည်။

ဖှေး ကစားဖူးခဲ့သည့် ဒိုင်ယာဘလိုဂိမ်းထဲတွင် ဤကဲ့သို့အ​ခြေအနေနှင့် တွေ့ကြုံရခြင်းမရှိခဲ့ချေ။

ဖှေး အေဒရီရယ်ပြောခဲ့သည့် စကားလုံးများကို ရုတ်တရက်ပြန်လည်သတိရသွားခဲ့သည်။

“ကျွန်မရဲ့ လက်ဆောင်ကို လက်ခံပြီး မင်းရဲ့ချစ်သူကိုကာကွယ်ပေးပါ...သူပုန်ပန်းတိုင်းက တစ်ခါမှမကြုံဖူးတဲ့ နာကျင်မှုကို ခံစားရလိမ့်မယ်...ငယ်ရွယ်တဲ့စစ်သည်...ကြီးမားတဲ့ ဘေးအန္တရာယ်ကြီးတစ်ခုက ချည်းကပ်လာနေပြီ...မင်းချစ်ခြင်းတရားကိုယုံကြည်တယ်ဆိုရင် ကျေးဇူးပြုပြီး သူမကို ကာကွယ်ပေးပါ ကျွန်မကြုံတွေ့ခဲ့ရတဲ့ အဖြစ်မျိုးကို ကျေးဇူးပြုပြီး သူမကို မကြုံတွေ့စေပါနဲ့...”

သူ၏ စိတ်ထဲတွင် လက်ထဲတွင်ရှိနေသည့် ဤမျက်နှာဖုံးသည် အေဒရီရယ်ပြောခဲ့သည့် ရှေ့ဖြစ်​ဟောနှင့် တစ်စုံတစ်ရာပတ်သက်နေသည်ဟု ခံစားနေရသည်။

ဖှေး အနည်းငယ်စဥ်းစားပြီး ဤလျို့ဝှက်ထူးဆန်းသည့် မျက်နှာဖုံးအား ဝတ်ဆင်ကြည့်လိုက်၏။

ဖှေး နွေးထွေးသည့် အထိတွေ့ခံစားမှုတစ်ခုအား ခံစားလိုက်ရသည်။ သူ၏ ချစ်သူမှာ သူ့အား ညင်သာစွာထိကိုင်နေသကဲ့သို့ပင်။

မျက်နှာဖုံးမှာ မကြီးမားလှပေ။ အရိုးများဖြင့်ပြုလုပ်ထားသည့် ဦးထုပ်ချွန်အောက်ရှိ မျက်နှာကို အပြည့်ဝဖုံးအုပ်ထားသည်။ မျက်လုံးပေါက်နှစ်ခုမှ ကောင်းမွန်စွာမြင်နေရပြီး နှာခေါင်းပေါက်မှာလဲ ဖှေး မျက်နှာနှင့် ကွက်တိပင်ဖြစ်ပြီး အသက်ရှူရအဆင်ပြေနေသည်။ သို့သော် ဖှေးထံတွင် ထူးဆန်းသည့် ခံစားချက်တစ်ခုရှိနေ၏။ ဤမျက်နှာဖုံးတွင် ကိုယ်ပိုင်အသက်ဝိညင်တစ်ခုရှိနေသကဲ့သို့ပင် သူ၏ မျက်နှာအချိုးစားပေါ်မူတည်ပြီး ပုံသဏ္ဍန်ပြောင်းလဲနေသကဲ့သို့ ခံစားနေရသည်။ နောက်ဆုံး ရလဒ်မှာ ဖှေးမျက်နှာနှင့် ကွက်တိဖြစ်သွားပြီး ထိုမျက်နှာဖုံးသည်ဖှေးအတွက် အထူးသီးသန့်ထုတ်လုပ်ပေးထားသကဲ့သို့ပင်။

ထို့နောက်တွင် နောက်ထပ်ထူးဆန်းသည့် ခံစားချက်တစ်ခု ထက်မံဝင်ရောက်လာခဲ့သည်။

All Chapters