← Chapters

အခန်း (၁၅၇)

Vol. 11 Ch. 157

အခန်း (၁၅၇)

Vol. 11 Ch. 157

ဖှေး သူ၏ အာရုံငါးပါးမှာ ပို၍အားကောင်းလာသကဲ့သို့ ခံစားလိုက်ရ၏။ သူယခင်က မမြင်နိုင်သည်များကိုမြင်နိုင်လာသည်။ ယခင်က မကြားနိုင်သည်များကို ကြားလိုက်လာသည်။ ယခင်က အနံ့မရသည်များကို အနံ့ရလာတော့သည်။

ဖှေး မျက်နှာဖုံးအား ချွတ်လိုက်သည့်အခါတွင် ထိုခံစားမှုသည် ပျောက်ကွယ်သွားသည်။

အကြိမ်ပေါင်းအနည်းငယ် စမ်းသပ်ပြီးချိန်တွင် ဖှေးသေချာသွားပြီဖြစ်သည်။

အာရုံများတိုးမြှင့်ပေးခြင်းမှာ ဤမျက်နှာဖုံး၏ တစ်ခုတည်းသော အစွမ်းဖြစ်ပုံရသည်။ “စစ်ဆေးခြင်းစာလိပ်နဲ့တောင် စစ်ဆေးလို့မရဘူးဆ်ုတာ တော်တော်ထူးဆန်းတာပဲ...ငါသိသလောက်ဆိုရင်လယ်ဗယ်8 [ထူးခြားပစ္စည်း]တွေကိုတောင် စစ်ဆေးစာလိပ်နဲ့စစ်ကြည့်လို့ရတယ်...နေပါဦး ဒါဆိုဒီအမြဲရောင်မျက်နှာဖုံးက လယ်ဗယ်8ထက်တောင် သာလွန်တဲ့ ပစ္စည်းများဖြစ်နေမလား...ဒါပေမယ့် ငါဒိုင်ယာဘလိုဂိမ်းထဲမှာလယ်ဗယ်9 ပစ္စည်းရှိတယ်ဆိုတာကိုတော့ မကြားဖူးပါဘူးး”

ဖှေး သူ၏ခေါင်းကို ခါရမ်းလိုက်သည်။ ဘာတွေဖြစ်နေသည်ကို သူနားမလည်နိုင်တော့ချေ။ သို့သော် ဤမျက်နှာဖုံးသည် လျို့ဝှက်ထူးဆန်းကာ သူမမြင်နိုင်သေးသည့် အစွမ်းများရှိသေးကြောင်း သူရိပ်စားမိသည်။ ထို့ကြောင့် မျက်နှာဖုံးကို ထားသို့ရာအကန့်ထဲတွင် သိမ်းထားလိုက်၏။

အချိန်အား ဖြတ်သန်းခရီးသွားလိုက်သကဲ့သို့ပင် ဖှေး အေဒရီရယ်အား သတ်ဖြတ်ခဲ့သည့် သွေးသံရဲရဲနှင့် မြေအောက်ခန်းအတွင်းသို့ ချက်ချင်း ပြန်ရောက်လာခဲ့သည်။ မကောင်းဆိုးဝါးများအားလုံးလဲ သေဆုံးသွားပြီဖြစ်ပြီး ဖှေး၏ မှော်ဆရာဇာတ်ကောင်သည်လည်း [သူပုန်စခန်း]မြေပုံရှိ အလုပ်များအားလုံးကိုပြီးမြောက်သွားပြီ ဖြစ်သည်။

သူ၏ ဇာတ်ကောင်၇ကောင်လုံးသည် ဒိုင်ယာဘလိုကမ္ဘာ၏ အခန်း၁ဖြစ်သည့် [သူပုန်စခန်း]မြေပုံအား ပြီးမြောက်သွားပြီဖြစ်သည်။

ဖှေး ဇာတ်ကောင်ရွေးချယ်သည့် ဖန်သားပြင်အရှေ့သို့ ပြန်ရောက်လာခဲ့သည်။

ထို့နောက်တွင် တစ်စုံတစ်ခု ဖြစ်ပျက်သွားခဲ့၏။ ထိုအရာသည် ဖှေးအား အံ့သြသွားစေခဲ့သလို ပျော်လဲ ပျော်ရွှင်သွားစေခဲ့သည်။

3D ဖန်သားပြင်ပေါ်တွင် ပြောင်းလဲမှုများစွာဖြစ်ပေါ်နေသည်။

လူရိုင်း၊ မှော်ဆရာ၊ ပါလာဒင်၊ လုပ်ကြံသူ၊ အမေဇုန်၊ ဒရူး၊ အောက်လမ်းဆရာ စသည့်ဇာတ်ကောင်များကို ကိုယ်စားပြုသော ဇာတ်ကောင်ရုပ်ပုံများမှာ ဖန်သားပြင်ပေါ်တွင် ထင်ရှားစွာရပ်နေကြသည်။ သူတို့ပေါ်တွင်ရှိသော ပြောင်းလဲမှုများမှာမထင်ရှားလှပေ။ အားအနည်းဆုံးဇာတ်ကောင်မှာ အောက်လမ်းဆရာဇာတ်ကောင်ဖြစ်ပြီး လယ်ဗယ်၁၉သာရှိသေးသည်။ ဇာတ်ကောင်တစ်ကောင်စီတိုင်းတွင်အနည်းဆုံး အဆင့်၅ရှိသော [မှော်ပစ္စည်း]များတပ်ဆင်ထား၏။ ထိုဇာတ်ကောင်များထဲတွင် မှော်ဆရာဇာတ်ကောင်မှာ အစိမ်းရောင်စုံလိုက်ပစ္စည်းကို တပ်ဆင်ထားသဖြင့် ကျန်ဇာတ်ကောင်များထက် တောက်ပနေ၏။

စုံလိုက်ပစ္စည်းများမှာ ကောင်းမွန်လှသည်။ အစွမ်းထက်ရုံသာမက ပုံပန်းသဏ္ဍန်မှာလဲပိုမိုတောက်ပပြီး ကြည့်ရကောင်းသည်။

ဖှေးအား အံ့သြစေသည်မှာ သူ၏ဇာတ်ကောင်များ၏ ပုံပန်းသွင်ပြင်မဟုတ်ချေ။ ထို3Dဖန်သားပြငိပေါ်တွင် ပေါ်နေသည့် ရှေးကျသည့်သင်္ကေတများဖြင့် ရေးထိုးထားသည့် အနီရောင်စာတန်းတစ်ခုပင်။ ထိုစာလုံးများကို ဖှေးထင်ရှားစွာမြင်တွေ့နေရသည်။

“ဂုဏ်ယူပါတယ် ကစားသူဖှေး သင်ဟာဒိုင်ယာဘလိုကမ္ဘာရဲ့ အခန်း၁မှာရှိတဲ့ အလုပ်တွေအားလုံးကို အောင်မြင်စွာပြီးမြောက်သွားပါပြီ သင့်ရဲ့ ထူးခြားတဲ့အစွမ်းတွေဖြစ်တဲ့ [ဆင့်ခေါ်ခြင်း]နဲ့ [ပေးဝေခြင်း]ကိုလဲ အဆင့်မြှင့်တင်ပေးပါမယ်...သင့်ရဲ့ ပစ္စည်းလွဲပြောင်းတဲ့နှုန်းကိုလဲ အဆင့်မြှင့်ပေးပါမယ်၊ သင့်ရဲ့ အပြိုင်စကြဝဋ္ဌာတွေကိုလဲ အဆင့်မြှင့်တင်ပေးပါမယ်...သင့်ရဲ့ ကိုယ်ရံတော်တွေရဲ့စွမ်းအားတွေကိုလည်း တိုးမြှင့်ပေးပါမယ်...သင် လျို့ဝှက်တဲ့ ဆုအနေနဲ့ရရှိမယ့် အဆင့်မြှင့်တင်မှုတွေက စုစုပေါင်း၁၁ ခုရှိပါတယ်..ဖြေးဖြေးချင်းနဲ့ ဒိုင်ယာဘလိုကမ္ဘာရဲ့ လျို့ဝှက်ချက်တွေကိုရှာဖွေမှာ သင့်ကိုအနာဂတ်မှာ စွန့်စားမှု အသစ်ဆန်းတွေစောင့်ကြိုနေပါတယ်...သင့်လက်ထဲမှာရှိတဲ့ ဓားလက်နက်တွေနဲ့ ရဲရဲဝင့်ဝင့်တိုက်ခိုက်ပြီး ဘုရားသခင်ရဲ့ချစ်ခင်မှုနဲ့ ထိုက်တန်​ကြောင်းကို သက်သေပြလိုက်ပါ...”

ဖှေး တစ်ဝက်တစ်ပြက်သာ နားလည်နိုင်သည်။

ဖှေး စာများဖတ်နေရင်းဖြင့်ပင် လူကြီးတစ်ယောက်သည် သူ၏အရှေ့တွင်ရပ်နေကာ သူ့အားဆုချနေသကဲ့သို့ အရှိန်အဝါကိုခံစားနေရသည်။ ဖှေး စာလုံးများကို ဖတ်ပြီးပြီးချင်းတွင် စာကြောင်းများမှာ စတင်ပြောင်းလဲစပြုလာသည်။ ထို့နောက်တွင် စာလုံးများမှာ ဝေဝါးစပြုလာပြီး အနီရောင်အစက်ပျောက်လေးများအဖြစ်သို့​ ပြောင်းလဲသွားတော့သည်။ အမှောင်ထဲမှ ပိုးစုန်းကြူးကောင်လေးများကဲ့သို့ ဖှေးထံသို့ပျံသန်းလာတော့သည်။

ဖှေး မရှောင်နိုင်လိုက်ချေ အနီရောင်အလင်းစက်များသည် ဖှေးခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားတော့၏။

ဤသည်မှာအလွန်ထူးဆန်းသည့် ခံစားချက်ပင်။

တခြား ဝိဉာဉ်တစ်ခုအား ပွေ့ဖက်ထားရသကဲ့သို့ပင်။

ထို့နောက်တွင် ဖှေး သူ၏ခန္ဓာကိုယ်အတွင်းသို့ တစုံတစ်ခုရောက်ရှိလာသလို ခံစားလိုက်ရသည်။ ထူးဆန်းစွာပင် ထိုအရာသည် အရင်ကတည်းက သူ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေခဲ့သကဲ့သို့ခံစားနေရသည်။ ဤသည်မှာအချက်လက်များ စုစည်းထားသကဲ့သို့ အားတစ်ခုပင်။ ရှေးကျပြီး၊ လျို့ဝှက်ကာထူးဆန်းသလို ခံစားရ၏။

ဖှေး သူ၏မျက်လုံးများကို မှိတ်ကာ ဝင်ရောက်လာသည့် အချက်လက်များကို ဖတ်ကြည့်လိုက်သည်။

“သေစမ်း....စွမ်းအားတွေ ပေါင်းစပ်နေတယ်ဆိုပါလား...ဒီလိုကိုး...”သူ့ထံသို့ စီးဝင်လာသော အချက်လက်များထဲမှ စာကြောင်းတစ်ခုသည် ဖှေးကို အံ့သြသွားစေသည်။ သူကျန်ရှိနေသေးသည့် အချက်လက်များကိုဆက်လက် မဖတ်ရှူတော့ချေ။ ဇာတ်ကောင်ရွေးချယ်သည့် မျက်နှာပြင်ရှေ့မှ ချက်ချင်းပင်ထွက်ခွာလိုက်တော့သည်။

အချိန်မရတော့၍ ဖြစ်သည်။

.........

.........

ချမ်းဘော့ဒ် အနောက်ဘက်တောင်တန်းများပေါ်တွင် ဖြစ်သည်။

ဆောင်းဦးလေသည် နွေးထွေးပြီး ရာသီဥတုမှာလည်း အလွန်သာယာလှ၏။

ကောင်းကင်ရံတွင် တိမ်တိုက်တစ်ခုမှ မရှိချေ။ ကောင်းကင်ကြီးမှာ ကမ္ဘာလုံးကြီးအား ပတ်ပတ်လည်ဝန်းရံထားသည့် အပြာရောင်ကျောက်မြတ်ရတနာကြီး တစ်ခုကဲ့သို့ပင်။ တောင်နက်ပိုင်းအတွင်းမှ သားရဲများ၏ ဟိန်းဟောက်သံကို မကြာခဏကြားနေရသည်။ သစ်ကိုင်းများမှ အဝါရောင်သစ်ရွက်ခြော​​က်များ ကြွေကျပြီး မြေပြင်ပေါ်ရှိများစွာသောလျို့ဝှက်ချက်များကို ဖုံးလွှမ်သွားကြသည်။

သစ်ပင်များ၏ အရွက်များအားလုံးသည် အညိုရောက်အဝါရောင်များ အရောင်သွေးရှိကြပြီး ဆောင်းဦးရာသီ၏ အလှအပကိုဖော်ကြူးနေကြသည်။

အနီးအနားရှိ ကုန်းပြင်မြင့်တစ်ခုပေါ်တွင် အာကာသည် အန်ဂျယ်လာနှင့် ကလေးများအား ဆေးပင်များ၏ အာနိသင်နှင့် ဆေးဖော်စပ်ရာတွင် မည်ကဲ့သို့အသုံးဝင်ပုံကို ပြုံးရွှင်စွာဖြင့် သင်ကြားပေနေ၏။ လေထုမှာ အလွန်ငြိမ်းချမ်းပြီး ပျော်ရွှင်ဖွယ်ပင်။ အန်ဂျယ်လာနှင့် ကလေးများသည် သူတို့ယခင်က မသိခဲ့ကြသည့် အပင်များ၏ ဆေးစွမ်းများ၊ အသုံးဝင်ပုံများကို အာကာရာပြောပြသည့်အချိန်တိုင်းတွင် စိတ်ဝင်တစားဖြင့်အာမေဋိတ်သံများ ပြုလုပ်ကာ ပျော်ရွှင်နေကြသည်။

အာကာရာလည်း လက်ရှိအခိုက်တံ့လေးအား ကျေနပ်သဘောကျမိနေ၏။

သိပ်မဝေးသောနေရာတွင် အယ်လီနာသည် စစ်နတ်သမီးတပါးကဲ့သို့ ကျောက်တုံးတစ်ခုပေါ်တွင် သူ၏လေးအား တင်းကြပ်စွာ ဆုပ်ကိုင်ရင်း ရပ်နေ၏။ သူမ၏ အနီရောင်ဆံနွယ်များသည် လေထဲတွင် လွင့်လျှက်ရှိပြီး လောင်ကျွမ်းနေသော မီးတောက်များကဲ့သို့ပင်။ အနောက်ဘက်တောင်တန်းများထဲတွင် ကြီးမားသောသားရဲကောင်ကြီးများမရှိသော်လည်း ဒိုင်ယာဘလိုကမ္ဘာမှ အန္တရာယ်များသော ပတ်ဝန်းကျင်ကြောင့် သူမသည် နေရာတိုင်းအချိန်တိုင်းတွင် သတိရှိနေတတ်၏။ သူမ အာကာရာ အန်ဂျယ်လာ နှင့် ကလေးများကို ဂရုတစိုက်ကာကွယ်ပေးလျှက်ရှိသည်။

[မဟူရာမုန်တိုင်း]သည် အယ်လီနာ၏ ခြေရင်းတွင် ပျင်းရိစွာဖြင့် ဝပ်လျှက်ရှိသည်။ သူ၏ မျက်လုံးများမှာ ပျင်းရိနေသည့်ပုံရှိပြီး ပါးစပ်ဟကာ တဝါးဝါးသမ်းလျှက်ရှိ၏။ ဤဉာဏ်ကောင်းသည့် ခွေးနက်ကြီးမှာ နွေးနွေးသည့် ဆောင်းဦးနေရောင်ခြည်၏ အောက်တွင် ဇိမ်ယူနေ၏။

မြင်ကွင်းမှာ လှပသည်။

ရုတ်တရက် ဘလက်ကီ၏ နှာခေါင်းမှာတရှုံ့ရှုံ့ဖြစ်လာသည်။

ရှုပ်ထွေးသွားသောဟန်ဖြင့် ခေါင်းထောင်လာပြီး သူ၏ မျက်လုံးများသည် မူမမှန်မှု၏ လားရာဖြစ်သော အယ်လီနာထံသို့ကျရောက်သွားသည်။ ဆောင်းဦးနေရောင်ခြည်မှာ မပူပြင်းလှသော်လည်း အယ်လီနာ၏ နဖူးမှ ချွေးများစီးကျနေ၏။

“ဖောက် ဖောက်”

ချွေးများမှာ ကျောက်တုံးပေါ်သို့ပင် ကျကုန်သည်။

“ဝုတ် ဝုတ် ဝုတ်....”ဘလက်ကီမှာ ထလာပြီး စတင်ဟောင်တော့သည်။

All Chapters